← Chapters

သဘောတူလိုက်ကြပြီ

Vol. 7 Ch. 67

သဘောတူလိုက်ကြပြီ

Vol. 7 Ch. 67

အောက်ခြေတွင် အကြီးအကဲများ အပြင်းအထန် ငြင်းခုံနေကြသည်ကို ကြည့်ကာ လျူယွီတုန်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသော်လည်း သူ ဝင်ရောက် မတားဆီးခဲ့ပေ။ အမှန်စင်စစ် ကုမ္ပဏီတစ်ခု၏ ထိပ်တန်းခေါင်းဆောင်များကြားတွင် အမြင်မတူဘဲ သဘောထားကွဲလွဲမှုများ ရှိနေခြင်းမှာ ရှောင်လွှဲမရနိုင်သော ကိစ္စပင် မဟုတ်ပါလား။

အကယ်၍ လူတိုင်းတွင် ကိုယ်ပိုင်အမြင် မရှိကြဘဲ အားလုံးက ခေါင်းငြိမ့်နေကြမည်ဆိုလျှင် တစ်နေ့တွင် ဆုံးဖြတ်ချက်တစ်ခု မှားယွင်းသွားသည်နှင့် တစ်ကုမ္ပဏီလုံး ပေါက်ကွဲပျက်စီးသွားနိုင်ပေသည်။

"အားလုံးပဲ ခဏလောက် နားထောင်ပေးကြပါဦး"

ရုတ်တရက် AI ပလက်ဖောင်းနှင့် သုတေသနဌာန အကြီးအကဲ ကျိုးပေါ်ဝမ်က တိတ်ဆိတ်နေရာမှ စကားပြောလာသည်။

"အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဆိုတာ ကျွန်တော်တို့ဂရု အထွတ်အထိပ်ရောက်နေတဲ့ အချိန်တုန်းကဆိုရင်တော့ နည်းနည်းတော့ ရှက်ဖို့ကောင်းတဲ့ ပမာဏပေါ့ ဒါပေမဲ့ အခုက အရင်လို မဟုတ်တော့ပါဘူး၊ စီးပွားရေးဆိုတာ အတက်အကျ ရှိစမြဲပါ ဒီရင်းနှီးငွေ ရောက်လာတာဟာ ဂရုရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးနိုင်မယ်ဆိုတာကိုတော့ ကျွန်တော်တို့ ငြင်းလို့မရပါဘူး"

သူ့စကားအဆုံးတွင် အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လက်ရှိ အခြေအနေမျိုးတွင် မည်သည့်ရင်းနှီးမြှုပ်နှံမှု၊ မည်သည့်ဈေးနှုန်းဆိုသည်မှာ အပိုစကားများသာ ဖြစ်သည်။

ကျင်းတုန်ဂရုတွင် ရွေးချယ်ပိုင်ခွင့် ရှိနေပါသလား မရှိချေ။အဘယ်ကြောင့်ဆိုသော် ယခုအခါ သူတို့သည် ဦးဆောင်နိုင်စွမ်းကို ဆုံးရှုံးထားရပြီး ရှယ်ယာဈေးနှုန်းများ တက်ခြင်း၊ ကျခြင်းမှာ ရင်းနှီးမြှုပ်နှံသူများက ကျင်းတုန်အပေါ် မည်မျှ ယုံကြည်မှု ရှိသလဲဆိုသည့် အချက်ပေါ်တွင်သာ မူတည်နေသောကြောင့် ဖြစ်သည်။

အမှန်တကယ်တွင် ရင်းနှီးမြှုပ်နှံသူ အများစုက ကျင်းတုန်းအပေါ် မယုံကြည်တော့သောကြောင့်သာ ခြောက်လအတွင်း ကျင်းတုန်၏ ဈေးကွက်တန်ဖိုးမှာ ယွမ်ဘီလီယံ ရာနှင့်ချီ၍ ပျောက်ကွယ်သွားခဲ့ရပြီး ယခုကဲ့သို့ သနားစရာကောင်းသော အခြေအနေသို့ ဆိုက်ရောက်ခဲ့ရခြင်း ဖြစ်သည်။

"ဂရုအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေက အချက်တစ်ခုကို မီးမောင်းထိုးပြနေတယ်၊ အဲဒါကတော့ နိုင်ငံခြားသားပိုင်ဆိုင်မှု အချိုးအစား များလွန်းတာပဲ ဒါက ဂရုရဲ့ နေ့စဉ် လုပ်ငန်းလည်ပတ်မှုတွေကို ထိခိုက်စေပါတယ်"

ဟု ကျင်းတုန်ဒုတိယဥက္ကဋ္ဌနှင့် စီးပွားရေးဌာန ဥက္ကဋ္ဌ ရှောင်ကျန်းက ဆက်ပြောသည်။

"ဒီလို အဖြစ်ဆိုးမျိုး ထပ်မဖြစ်အောင် တားဆီးရပါမယ်"

လက်ရှိတွင် ကျင်းတုန်းဂရု၌ အကြီးဆုံး ရှယ်ယာရှင် ပင်ဂွင်းနှင့် ဒုတိယအကြီးဆုံး လျူယွီတုန်မှလွဲ၍ ကျန်ရှိသော တတိယနှင့် စတုတ္ထ အကြီးဆုံး ရှယ်ယာရှင်များမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြသည်။

နိုင်ငံခြားသားများ၏ အမြင်တွင် "ခင်မင်ရင်းနှီးမှု" ဟူသည်မှာ ဘာမှန်းမသိ၊ သူတို့ သိသည်မှာ စီးပွားရေးအရ အရှုံးပေါ်နေလျှင် အချိန်မီ ဖြတ်တောက်ရန်သာ ဖြစ်သည်။ ထို့ကြောင့် ကျင်းတုန်၏ ရှယ်ယာဈေးနှုန်းများ ယနေ့တိုင် ကျဆင်းနေရခြင်း ဖြစ်ပြီး ဝေါလ်မတ်နှင့် Hillhouse Capital တို့မှာလည်း လက်လွှဲယူမည့်သူကိုသာ လိုက်ရှာနေကြခြင်း ဖြစ်သည်။

ဤကဲ့သို့သော ရှယ်ယာ အရောင်းအဝယ်များသည် မှေးမှိန်နေပြီဖြစ်သော ကျင်းတုန်၏ အနာဂတ်ကို ထပ်မံ ထိုးနှက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ကျင်းတုန်၏ ဥက္ကဋ္ဌ လျူယွီတုန်ဖြစ်စေ၊ အခြားသော ဒုတိယဥက္ကဋ္ဌများဖြစ်စေ သူတို့၏ ကြိုးစားအားထုတ်မှုများကို နိုင်ငံခြား အရင်းအနှီးများက ထိန်းချုပ်ထားပြီး ရှယ်ယာများ ထုတ်ရောင်းနေကြခြင်းကို မည်သို့မျှ သည်းမခံနိုင်ကြတော့ပေ။

"ဖန်ထန်းက လူတော်တွေကို ခွဲခြားသိမြင်တတ်တဲ့ မျက်စိရှိသလား၊ မရှိဘူးလားဆိုတာ ကျွန်တော် မသိဘူး ဒါပေမဲ့ ကျွန်တော် သိတာကတော့ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုက ပြည်တွင်းကုမ္ပဏီတွေထဲမှာ လုံထန်တစ်ခုတည်းကိုပဲ ရင်းနှီးမြှုပ်နှံပြီး ဝယ်ယူခဲ့တာပဲ"

ဟု အထက်တွင် ထိုင်နေသော လျူယွီတုန်းက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ထရပ်ကာ ပြောလိုက်သည်။

"လုံထန်ဂရုဆိုတာ ပထမဆုံးသော ပြည်တွင်းဖြစ် စမတ်စနစ်ကို ကိုယ်တိုင် ထုတ်လုပ်နိုင်ခဲ့ရုံတင်မကဘူး၊ အဲဒီစနစ်နဲ့ အတူ ပြည်တွင်းဖြစ် စမတ်ဖုန်းတွေကိုပါ ထုတ်လုပ်နိုင်ခဲ့ပါတယ် လုံထန်ဂရုက တရုတ်နိုင်ငံရဲ့ ဖုန်းလောကမှာ ထိပ်သီးကုမ္ပဏီသစ်ကြီး ဖြစ်လာမှာ သံသယဖြစ်စရာ မလိုသလို၊ ဖုန်းလောကတစ်ခုလုံးကို ပြောင်းလဲပစ်ပြီး ကြီးမားတဲ့ သက်ရောက်မှုတွေ သယ်ဆောင်လာမှာပါ"

"ဒါကြောင့် ဖန်ထန်းရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်တာဟာ ကျွန်တော်တို့ဂရုအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

အပေါ်ယံတွင် ဖန်ထန်းက ကျင်းတုန်၏ ရှယ်ယာ ၃၆ ရာခိုင်နှုန်းကို ဝယ်ယူခြင်းဟု ဆိုသော်လည်း သီးသန့်အားဖြင့် သူတို့သည် လုံထန်နှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိထားပြီး ဖြစ်သည်။ ကျင်းတုန်၏ အရောင်းဌာနသည် လုံထန်၏ အသစ်ထွက်ရှိထားသော နီဗားနား အိတ်ဖုန်းများအတွက် အထူးအရောင်းချန်နယ်တစ်ခုကို ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။

တက်သစ်စ ဖုန်းလောက၏ ကုမ္ပဏီကြီးဖြစ်သော လုံထန်အပေါ် ကျင်းတုန်၏ ထိပ်တန်းအရာရှိများက များစွာ မျှော်လင့်ထားကြသည်။ ထို့ကြောင့် ဤဥပမာ တစ်ခုတည်းနှင့်ပင် အားလုံးကို နားဝင်သွားစေခဲ့ပြီး ဖုန်းထိန်နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူလိုက်ကြတော့သည်။

ည ၈ နာရီ ၃၀ မိနစ်တွင် လျူယွီတုန်က သူ့ရဲ့ အတွင်းရေးမှူးကို ခေါ်ဆောင်ကာ ကျင်းတုန်ရုံးချုပ်အနီးရှိ ဟိုတယ်သို့ တန်းသွားခဲ့သည်။ ထိုနေရာ၌ လင်းဖန် တည်းခိုရန် စီစဉ်ပေးထားလေသည်။

လာသမျှလူတိုင်းမှာ ဧည့်သည်များသာ ဖြစ်သည်။ တရုတ်နိုင်ငံ၏ အကြီးဆုံး ကိုယ်ပိုင်အီးကောမတ်စ်ဂရု၏ အကြီးအကဲဖြစ်ပြီး သန်းပေါင်းများစွာသော ချမ်းသာကြွယ်ဝမှုများကို ပိုင်ဆိုင်ထားသော်လည်း သူသည် ငွေကြေးအနည်းငယ်အတွက်ကြောင့်နှင့် သူတစ်ပါးအပေါ် ရိုင်းစိုင်းမည့်သူ မဟုတ်ပေ။

အမှန်စင်စစ် လျူယွီတုန်း ယခုတစ်ခေါက် အပြေးအလွှား လာရခြင်းမှာ လင်းဖန်နှင့် ပဏာမ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် ဖြစ်သည်။

ကျင်းတုန်ဂရု၏ ရှယ်ယာ ၃၆ ရာခိုင်နှုန်းကို ဖန်ထန်းသို့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖြင့် ရောင်းချရန် အဖြူအမည်း သေချာစွာ ရေးသားထားခြင်း ဖြစ်သည်။

ဤသဘောတူညီချက်မှာ စာချုပ်အစစ် မဟုတ်သေးဘဲ နားလည်မှုစာချွန်လွှာမျှသာ ဖြစ်သဖြင့် ဥပဒေအရ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသေးသော်လည်း လင်းဖန်နှင့် ဖန်ထန်းတို့ကို စိတ်အေးသွားစေရန် ကြိုတင်လုပ်ဆောင်ခြင်းသာ ဖြစ်သည်။

ခဏအကြာတွင်...

"ဟားဟားဟား၊ ညနက်သန်းခေါင်မှာ မဖိတ်ဘဲ လာရောက်နှောင့်ယှက်မိတာ ခွင့်လွှတ်ပါ ဒါရိုက်တာလင်း ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုကောင်းသွားအောင်လို့ အချိန်အနည်းငယ် လာဖြုန်းမိတာပါ"

ဟု လျူယွီတုန်က ရိုးသားသော မျက်နှာဖြင့် ဆိုသည်။

လင်းဖန်က ပြုံးလျက် ခေါင်းငြိမ့်ပြကာ ဧည့်သည်များကို အခန်းထဲသို့ အလျင်အမြန် ဖိတ်ခေါ်လိုက်သည်။ ဟိုတယ်၏ သမ္မတခန်းမဆောင်ရှိ ဧည့်ခန်းမသည် ဧည့်တွေ့ရန် အကောင်းဆုံးနေရာ ဖြစ်သည်။

လျူယွီတုန်က ဖန်ထန်းနှင့် ပူးပေါင်းရန် သဘောတူပြီးဖြစ်ကြောင်း သူ ရိပ်မိသဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ခြင်း ဖြစ်သည်။

"ရှင်းယာ... လက်ဆောင်ကို ထုတ်ပေးလိုက်ပါဦး"

"ဟင်"

လင်းဖန်၏ စကားကို ကြားလျင် လျူယွီတုန်က မျက်မှောင်ကြုတ်သွားပြီး တွေးတောမိသည်။ လုံထန်ဂရုက သူ့အတွက် လက်ဆောင် ပြင်ဆင်ထားသည်တဲ့လား၊ အစောပိုင်းက ဘာလို့ မပေးဘဲ အခုမှ ထုတ်ပေးရတာလဲ။

သူ့ကို စမ်းသပ်ချင်နေတာများလား။

တစ်မိနစ်ပင် မပြည့်မီတွင် လင်းဖန်က သူ့ထံသို့ အသစ်စက်စက် ဖုန်းတစ်လုံးကို ကမ်းပေးလိုက်သည်။ ထူးခြားလှသော ဤဖုန်းကို မြင်လိုက်ရသည့်အခါမှာတော့ လျူအော်တုန်းမှာ အံ့အားသင့်သွားရသည်။ ငွေမှင်ရောင် အသွင်အပြင်မှာ ပြိုင်ကားတစ်စီးကဲ့သို့ လှပနေပြီး အေးစက်စက် အထိအတွေ့ကလည်း ဤဖုန်းသည် သတ္တုကိုယ်ထည် အပြည့်ဖြင့် ပြုလုပ်ထားသော စမတ်ဖုန်းဖြစ်ကြောင်း သက်သေပြနေသည်။ ၎င်းမှာ 'နိဗားနား အိတ် ဖုန်းပင် ဖြစ်သည်။

လင်းဖန်ပြောသည့် လက်ဆောင်မှာ ဤဖုန်းဖြစ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

"ဘယ်လိုလဲ မစ္စတာလျူ၊ ဒီလက်ဆောင်က စိတ်ဝင်စားဖို့ ကောင်းရဲ့လား"

ဟု လင်းဖန်က ပြုံးလျက် မေးလိုက်သည်။

"ကျွန်တော် ပြောရမှာကတော့... လုံထန်က တကယ်ကို အံ့ဩစရာကောင်းတာပဲ"

ဤစကားမှလွဲ၍ လျူယွီတုန်က ထိုဖုန်းကို မည်သို့ ဖော်ပြရမှန်း မသိတော့ပေ။ နီဗားနား အိတ်၏ အတွင်းပိုင်း စွမ်းဆောင်ရည်များကို လူတိုင်း မြင်တွေ့ရလျှင်လည်း သူ့နည်းတူ အံ့သြသွားကြမည်မှာ အမှန်ပင်။

"ဒီဖုန်းရဲ့ အသွင်အပြင်ကနေ စွမ်းဆောင်ရည်တွေအထိ မူပိုင်ခွင့်လျှောက်ထားပြီးပါပြီ မရိုးသားတဲ့ ကုမ္ပဏီအချို့က လိုက်တုမှာကို ကာကွယ်ဖို့ပါ"

ဟု လင်းဖန်က ပြုံးလျက် ဆိုသည်။

"ဒီဖုန်းကို မစ္စတာလျူအတွက် အမှတ်တရ လက်ဆောင်အဖြစ် ပေးတာပါ"

လျူယွီတုန်မှာ သာမန် စီးပွားရေးသမား မဟုတ်ပေ။ လင်းဖန်၏ ရည်ရွယ်ချက်ကို သူ ချက်ချင်းပင် သိရှိလိုက်သည်။ သူက လင်းဖန်ကို လက်ညှိုးထိုးကာ ရယ်မောလျက် ပြောလိုက်သည်။

"ခင်ဗျား......."

"ဒါရိုက်တာလင်း... ကျွန်တော့်ကို ကြော်ငြာမော်ဒယ်အဖြစ် သုံးဖို့ ကြံနေတာကိုး"

"ဟားဟား"

လင်းဖန်က ပွင့်ပွင့်လင်းလင်းပင် ရယ်မောလိုက်ပြီး

"မစ္စတာလျူ ညကြီးမင်းကြီး လာလည်တယ်ဆိုတော့ ရင်းနှီးမြှုပ်နှံမှု ကိစ္စကိုလည်း ဆုံးဖြတ်ပြီးပြီ ထင်တယ် ဘယ်လို စည်းမျဉ်းသတ်မှတ်ချက်တွေ ရှိမလဲဆိုတာ သိပါရစေ"

ထိုစကားကို ကြားသည့်အခါမှာတော့ လျူအော်တုန်း၏ မျက်နှာမှာ အနည်းငယ် တည်ကြည်သွားပြီး လေးလေးနက်နက် ပြောလိုက်သည်။

"ကျွန်တော်တို့ အားလုံး တညီတညွတ်တည်း သဘောတူပြီးနောက်မှာ ဖန်ထန်)ရဲ့ ရင်းနှီးမြှုပ်နှံမှုကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါပြီ"

ခန့်မှန်းထားသည့်အတိုင်းပင် လင်းဖန်၏ မျက်နှာပေါ်၌ ပြုံးပန်းများ ဝေဆာသွားတော့သည်။ သူတို့ နှစ်ဦးသည် သမ္မတခန်းမဆောင်အတွင်း စီစဉ်ထားသော ညစာကို အတူတူ သုံးဆောင်ရင်း ရင်းနှီးစွာ စကားပြောခဲ့ကြသည်။

ည ၉ နာရီအထိ ကြာမြင့်ပြီးနောက် လျူယွီတုန်က သူ့ရဲ့ အတွင်းရေးမှူးနှင့်အတူ လင်းဖန်ကို နှုတ်ဆက်ကာ ကျင်းတုန်ရုံးချုပ် အဆောက်အအုံသို့ ပြန်သွားလေတော့သည်။

All Chapters