ကယ်တင်ခြင်း
Vol. 79 Ch. 1071
ကောင်းကင်ဘေးဒဏ်မှာ အလွယ်တကူပင် ပျောက်ကွယ်သွားခဲ့သည်။ မြေကမ္ဘာအရှင်ယီထျန်းယွမ် ထုတ်ဖော်လိုက်သော စွမ်းအားမှာ အလွန်ပင် စုစည်းမှုအားကောင်းလှသဖြင့် ဤ ကောင်းကင်ဘေးဒဏ်ကို လွယ်ကူစွာ ရိုက်ခွဲနိုင်ခဲ့သည်။
အထူးသဖြင့် သူသည် ကောင်းကင်ဘေးဒဏ်ကို အကြိမ်ကြိမ် ခုခံထားပြီး ဖြစ်ရာ အစောပိုင်းကကဲ့သို့ ပြင်းထန်သော စွမ်းအားမျိုး မရှိတော့ချေ။ သို့သော်လည်း ရလဒ်မှာမူ အတူတူပင် ဖြစ်သည်။ ကောင်းကင်ဘေးဒဏ်ကို ဖျက်ဆီးပြီးနောက် ကြယ်တာရာစွမ်းအားများမှာ သူ့ထံသို့ ဆင်းသက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်အား လွှမ်းမိုးကာ ပိုမိုသန်မာလာစေရန် အားဖြည့်ပေးနေခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူသည် အရင်ကကဲ့သို့ပင် ဤကောင်းကင်ဘေးဒဏ်ကို အဆက်မပြတ် ရိုက်ခွဲပြီး အကျိုးကျေးဇူးများကို အမြင့်ဆုံးအထိ ရယူရပေလိမ့်မည်။
“ပြီးဆုံးသွားပြီ...”
ယီထျန်းယွမ်က သက်ပြင်းချလိုက်ပြီးနောက် ကြယ်တာရာအရှင်သခင်ကို အိမ်မွေးတိစ္ဆာန်သိုလှောင်ရာ ဟင်းလင်းပြင်ထဲသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။ သူသည် ကြယ်တာရာအရှင်သခင်ကို အခြားသူများအား အမြင်မခံနိုင်ချေ၊ မဟုတ်ပါက ဤသားရဲမှာ သူနှင့် တစ်ဖွဲ့တည်း ဖြစ်နေသည်ဟု သံသယဝင်သွားကြပေလိမ့်မည်။ သူသည် အခြားသူများ၏ အမြင်ကို ဂရုမစိုက်သော်လည်း မလိုအပ်ဘဲ ပြဿနာမဖြစ်လိုပေ။
လျင်မြန်စွာ ထွက်ပြေးသွားကြသော ကြယ်တာရာပင်လယ်မိစ္ဆာများကို ကြည့်ရင်း သူသည် နှမြောမိသွားခဲ့သည်။ အကယ်၍ သူတို့သာ သူ၏ရှေ့တွင် တန်းစီ၍ အသတ်ခံမည်ဆိုပါက သူ၏ အဆင့်မှာ တဟုန်ထိုး မြင့်တက်သွားမည်မှာ သေချာလှသည်။ အခြေခံအားဖြင့် ကျင့်ကြံခြင်းအဆင့်မှာ သိပ်မကွာခြားသဖြင့် အတွေ့အကြုံမှတ် အမြောက်အများကို ရရှိနိုင်ပေသည်။
အကယ်၍ ကြယ်တာရာအရှင် ကဲ့သို့သော အဆင့်နိမ့် မိစ္ဆာများကို သတ်ဖြတ်မည်ဆိုပါက လက်ညောင်းအောင် သတ်သော်လည်း အဆင့်တက်ရန် ခက်ခဲပေလိမ့်မည်။ အကယ်၍ သူသာ ကောင်းကင်အရှင်နယ်ပယ်သို့ တက်လှမ်းသွားပါက ဤမြေကမ္ဘာအရှင်အဆင့် မိစ္ဆာများကို သတ်ဖြတ်ခြင်းမှာ များစွာ အဓိပ္ပာယ်ရှိတော့မည် မဟုတ်ဘဲ အမြောက်အများကို သတ်ဖြတ်နိုင်မှသာ အကျိုးရှိပေလိမ့်မည်။
ကောင်းကင်အရှင်ကို မဆိုထားနှင့် ယခုပင် ယီထျန်းယွမ်သည် များပြားလှသော အတွေ့အကြုံမှတ်စာရင်းကို ကြည့်ရင်း ခေါင်းခဲနေပြီဖြစ်သည်။ တစ်ကောင်ကို သတ်လျှင် ဘီလီယံနှင့်ချီသော အတွေ့အကြုံမှတ်များ ရရှိသော်လည်း အဆင့်တက်ရန်အတွက် အကောင်ပေါင်း သောင်းနှင့်ချီ၍ သတ်ဖြတ်ရန် လိုအပ်နေသည်။ ယခု မြေကမ္ဘာအရှင်အဆင့်မှာပင် ဤမျှခက်ခဲနေပါက ကောင်းကင်အရှင်အဆင့်သို့ ရောက်သည့်အခါ သိန်းနှင့်ချီ၊ သန်းနှင့်ချီ၍ သတ်ဖြတ်ရပေလိမ့်မည်။
ကျင့်ကြံခြင်း အဆင့် မြင့်မားလာလေ၊ အဆင့်တက်ရန် ပိုမို ခက်ခဲလာလေပင် ဖြစ်သည်။
ယီထျန်းယွမ်သည် ကိုယ်ကို လှည့်၍ ဝိညာဉ်သင်္ဘောဆီသို့ ပျံသန်းသွားခဲ့သည်။ ကြယ်တာရာပင်လယ်မိစ္ဆာများ မရှိတော့သဖြင့် ဤဝိညာဉ်သင်္ဘောကြီးမှာ ပျက်စီးယိုယွင်းနေသည်ကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ နေရာအမြောက်အများမှာ ပေါက်ပြဲနေပြီး ဖောက်ထွက်လုနီးပါး ဖြစ်နေခဲ့သည်။ တော်သေးသည်မှာ သူ အချိန်မီ ရှေ့သို့ ထွက်လာခဲ့သဖြင့်သာ၊ မဟုတ်ပါက အရာအားလုံး ပျက်စီးသွားပေလိမ့်မည်။
ဝိညာဉ်သင်္ဘော၏ ကာကွယ်မှု မရှိပါက ဤကျင့်ကြံသူအားလုံး သေဆုံးသွားကြမည်မှာ သေချာလှသည်။ သူ့တွင် ကိုယ်ပိုင် ဝိညာဉ်သင်္ဘော ရှိသော်လည်း သစ်မျိုးနွယ်သားကပ္ပတိန်၏ ဝိညာဉ်သင်္ဘောလောက် ကောင်းမွန်လိမ့်မည် မဟုတ်ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖျက်ဆီးခံရနိုင်ပြီး မည်သည့် ကာကွယ်ရေးစွမ်းအားမျှ ရှိမည်မဟုတ်ချေ။
ထိုအချိန်တွင် ဝိညာဉ်သင်္ဘောအတွင်း၌ ကြယ်တာရာပင်လယ်မိစ္ဆာများကို အကုန် မသတ်ရသေးသော်လည်း သူတို့မှာ ဟိုဟိုဒီဒီ ရူးသွပ်စွာ ပြေးလွှားနေကြသည်။ ကြယ်တာရာအရှင်သခင်၏ ထိန်းချုပ်မှု မရှိတော့သဖြင့် သူတို့မှာ ဦးတည်ချက်မရှိသော ယင်ကောင်များကဲ့သို့ ဖြစ်သွားခဲ့ကြသည်။ ယခုအခါ သူတို့မှာ အသတ်ခံရရန်သာ ရှိတော့ပြီး မည်သည့် တိုက်ခိုက်ရေးစွမ်းအားမျှ မရှိတော့ချေ။
အကယ်၍ သူတို့ကို အတင်းအကျပ် ဖိအားပေးမည်ဆိုပါက ပြန်လည်၍ တိုက်ခိုက်လာနိုင်ခြေကမူ ရှိနေဆဲပင်။
“အကာအကွယ် အလွှာကို ဖွင့်လိုက်ပါ... သူတို့တွေ အကုန် ထွက်ပြေးကုန်ကြပြီ...”
ယီထျန်းယွမ်က အပြင်ဘက်မှ အချက်ပြလိုက်သည်။
သစ်မျိုးနွယ်သားကပ္ပတိန်တို့သည် အပြင်ဘက် အခြေအနေကို မြင်လိုက်ရသည့်အခါ စိတ်ထဲမှ ဝမ်းသာသွားကြပြီး အကာအကွယ် အလွှာကို လျင်မြန်စွာ ဖွင့်ပေးလိုက်သည်။ ချက်ချင်းပင် ကျန်ရှိနေသော ကြယ်တာရာပင်လယ်မိစ္ဆာများမှာ လျင်မြန်စွာ ထွက်ပြေးသွားကြပြီး ဤနေရာ၌ ဆက်လက် မနေဝံ့ကြတော့ချေ။
ကြယ်တာရာပင်လယ်မိစ္ဆာများ ထွက်ပြေးသွားပြီးနောက် လူအုပ်ကြီးမှာ မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားကြပြီး အချို့မှာ ငိုကြွေးကာ အချို့မှာမူ ရယ်မောနေကြသည်။ ဤသည်မှာ သေတွင်းမှ ပြန်လည် လွတ်မြောက်လာခြင်းပင် ဖြစ်သည်။
“ပြီးဆုံးသွားပြီ... နောက်ဆုံးတော့ ပြီးဆုံးသွားပြီ... ငါတော့ သေပြီလို့ ထင်နေတာ...”
“ဟုတ်တယ်... ငါလည်း ဒီမှာ သေရတော့မယ်လို့ ထင်နေတာ... အဆင့် ၂ နတ်ဘုရားနယ်မြေ ဆီကိုတောင် သတင်းမပို့ရသေးဘဲ ဒီမှာ သေရမယ်ဆိုရင်တော့ တကယ်ကို နစ်နာလွန်းတယ်...”
“ဒါနဲ့... သူ ကူညီပေးလို့ပဲ... သူသာ မကူညီရင် ငါတို့အားလုံး သေမှာ ကျိန်းသေပဲ...”
လူတိုင်း၏ အကြည့်များမှာ မြေကမ္ဘာအရှင်ယီထျန်းယွမ်ထံသို့ စုစည်းရောက်ရှိသွားခဲ့သည်။ အကယ်၍ သူသာ ကောင်းကင်ဘေးဒဏ်ကို ဆွဲဆောင်ပြီး ဤ ကြယ်တာရာပင်လယ်မိစ္ဆာများကို မောင်းထုတ်မပေးခဲ့ပါက သူတို့အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ အမြောက်အများ သေဆုံးဒဏ်ရာရခဲ့သော်လည်း အားလုံး အမြစ်ပြတ်သွားခြင်းမျိုး မဟုတ်ဘဲ အသက်ရှင်ကျန်ရစ်သူ ရှိနေသေးသည်။
“တကယ်ကို ရှက်ဖို့ကောင်းပါတယ်... ငါတို့ရဲ့ ကျင့်ကြံခြင်းနယ်ပယ်တွေက ပိုမြင့်နေပေမဲ့ နောက်ဆုံးတော့ မျိုးဆက်သစ် တစ်ယောက်ရဲ့ ကယ်တင်မှုကို ခံလိုက်ရတာပဲ...”
သစ်မျိုးနွယ်သားကပ္ပတိန်က ခေါင်းခါယမ်းလိုက်သည်။ သူသည် မတတ်သာသလို ခံစားနေရသော်လည်း ပိုမို၍ ဝမ်းမြောက်နေခဲ့သည်။
အကယ်၍ မြေကမ္ဘာအရှင်ယီထျန်းယွမ်ကိုသာ ခေါ်မလာခဲ့ပါက သူတို့အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူတို့ထဲတွင် မည်သူမျှ ကောင်းကင်ဘေးဒဏ်ကို မဆွဲဆောင်နိုင်သလို ဆွဲဆောင်နိုင်လျှင်ပင် ဤမျှ ပြင်းထန်လှသော ဘေးဒဏ်ကို တောင့်ခံနိုင်စွမ်း ရှိပါမည်လော။
ကောင်းကင်ဘေးဒဏ်က အဓိက မဟုတ်ဘဲ၊ ယီထျန်းယွမ်က ပြင်းထန်လှသော ဘေးဒဏ်ကို တောင့်ခံနိုင်စွမ်း ရှိနေခြင်းကသာ အဓိကပင် ဖြစ်သည်။ မဟုတ်ပါက မည်သည့် အစီအစဉ်မျှ အောင်မြင်လိမ့်မည် မဟုတ်ချေ။
“မှန်တယ်... ဒါကတော့ လူငယ်သူရဲကောင်းပါပဲ...”
ဝက်ဝံကပ္ပတိန်တို့သည် မြေကမ္ဘာအရှင်ယီထျန်းယွမ်၏ ရှေ့သို့ ရောက်လာပြီး အသီးသီး ကျေးဇူးတင်စကား ဆိုကြတော့သည်။
ဘေးမှ ကောင်းကင်အရှင်ရန်လုံ၏ မျက်နှာမှာ ရှက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။ သူသည် ခဏတာ စဉ်းစားပြီးနောက် သွားကို တင်းတင်းကြိတ်ကာ ရှေ့သို့ လျှောက်လာပြီး ခေါင်းငုံ့လျက် ဆိုလိုက်သည်။
“မြေကမ္ဘာအရှင်ယီထျန်းယွမ်... ကျွန်တော့်ကို ခွင့်လွှတ်ပါ... ခုနက ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုတွေအတွက် အနူးအညွတ် တောင်းပန်ပါတယ်... ကျွန်တော် ကောင်းကင်အရှင်ရန်လုံဟာ အမှားအမှန်ကို သိတဲ့သူပါ... အခု ခင်ဗျားက ကျွန်တော့်အသက်ကို ကယ်ခဲ့တာမို့လို့ နောင်မှာ ဘာကိစ္စပဲရှိရှိ ကျွန်တော့်ကို ပြောပါ... ကျွန်တော် တတ်နိုင်သမျှ အကုန် ကူညီပေးပါ့မယ်...”
ကောင်းကင်အရှင်ရန်လုံက မိမိအမှားကို ဝန်ခံလိုက်သဖြင့် မြေကမ္ဘာအရှင်ယီထျန်းယွမ် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဤမျှအထိ မောက်မာသော ကျင့်ကြံသူတစ်ဦးက ခေါင်းငုံ့ဝန်ခံလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ ကြည့်ရသည်မှာ ဤလူမှာ ခွဲခြားဆက်ဆံမှု ပြင်းထန်သော်လည်း အစွမ်းထက်သူများအပေါ်တွင်မူ ရိုသေလေးစားမှု ရှိပုံရသည်။
“ဟုတ်တယ်... ကျွန်တော်တို့ရဲ့ အသက်တွေကို မင်း ကယ်ခဲ့တာမို့လို့ မင်းကို အကြွေးတင်သွားပြီ... ဘာကိစ္စပဲရှိရှိ ပြောပါ... အလွန်အမင်း ခက်ခဲတာမျိုး မဟုတ်ရင် ကျွန်တော် သေချာပေါက် လုပ်ပေးပါ့မယ်...”
“မှန်တယ်... ကျွန်တော်လည်း မင်းအပေါ်မှာ ကျေးဇူးကြွေး တင်သွားပြီ...”
တစ်ဦးပြီးတစ်ဦး မိမိတို့၏ ကျေးဇူးတင်မှုကို ထုတ်ဖော်ပြသကြသည်။ ဤသည်မှာ ကြီးမားသော ကျေးဇူးကြွေးပင် ဖြစ်သည်။ ကျင့်ကြံသူများအတွက် အသက်ကယ်ခဲ့သော ကျေးဇူးကို ပြန်မဆပ်နိုင်ပါက စိတ်ထဲတွင် စွဲထင်နေတတ်ပြီး တစ်ခါတစ်ရံတွင် စိတ်ဒဏ်ရာပင် ဖြစ်ပေါ်စေနိုင်သည်။
သို့သော်လည်း အချို့သော လူဆိုးများအတွက်မူ သူတို့ကို ကယ်တင်ခြင်းမှာ ကိုယ်တိုင် လူသတ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ သူတို့သည် ကျေးဇူးတင်ခြင်းမျိုး မရှိဘဲ ကယ်တင်သူကို လူအအဖြစ်သာ သတ်မှတ်တတ်ကြသည်။
“ညီလေး... ငါတို့ နှစ်ယောက်ကတော့ အများကြီး မပြောတော့ပါဘူး... ငါတို့က ဒီကြယ်တာရာနယ်မြေ မှာပဲ အမြဲတမ်း သွားလာနေကြတာလေ... မင်း ဒီကြယ်တာရာနယ်မြေကို ဖြတ်ကျော်ချင်တယ်ဆိုရင် ငါတို့ကိုသာ ပြောလိုက်... ဘယ်သူ့ကိုပဲ ခေါ်လာခေါ်လာ ငါတို့ အခမဲ့ ပို့ဆောင်ပေးမယ်...”
“ဟုတ်တယ်... ဒါ့အပြင် တခြားကိစ္စရှိရင်လည်း ငါတို့ကို ပြောပါ... ငါတို့ ကူညီနိုင်တာမှန်သမျှ လုံးဝ ငြင်းဆိုမှာ မဟုတ်ပါဘူး...”
တစ်ယောက်ထက်တစ်ယောက် ပိုမို ရဲရင့်စွာ ကတိပေးနေကြသည်။ သေဘေးမှ လွတ်မြောက်လာသော ခံစားချက်မှာ အလွန်ပင် ကောင်းမွန်လှသည်။ ဤနေရာ၌ သေဆုံးလုနီးပါး ဖြစ်ခဲ့ရသဖြင့် ဤကျေးဇူးကို မည်သို့ပင်ဖြစ်စေ ပြန်ဆပ်လိုကြသည်။
“ဟုတ်ကဲ့ပါ... ကျွန်တော် အကူအညီ လိုအပ်လာရင်တော့ အားလုံးကို အကူအညီ တောင်းပါ့မယ်...”
ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။ လူတိုင်းမှာ ရိုးသားကြသည်ကို သူ မြင်တွေ့ရပြီး သူတို့၏ ရင်းနှီးမှုမှာလည်း တဟုန်ထိုး မြင့်တက်လာခဲ့သည်။
အသက်ရှင်သန်ရန်အတွက်သာဆိုလျှင် သူတို့မှာ မည်သည့်အရာကိုမဆို လုပ်ဆောင်ပေးမည့် ပုံစံမျိုးပင်။
- လူကယ်တင်ခြင်း ဘေးထွက်တာဝန်ကို အောင်မြင်စွာ ပြီးဆုံးခဲ့သဖြင့် အတွေ့အကြုံမှတ် ၁၀၀ ဘီလီယံ၊ ဆန်းကြယ်မှတ် ၁၀ သန်း၊ ကျွမ်းကျင်မှုအမှတ် ၅ သန်း၊ ကံကောင်းခြင်းမှတ် ၁၀၀၀ ရရှိပြီး နတ်ဘုရားနယ်မြေ ကံစမ်းမဲ လှည့်ခွင့် တစ်ကြိမ် ရရှိပါသည် -
တစ်ချိန်တည်းမှာပင် တာဝန်အသေးစားလေး တစ်ခုကိုလည်း ပြီးမြောက်ခဲ့သဖြင့် မမျှော်လင့်ထားသော ဆုလာဘ်များကို ရရှိလိုက်သည်။
ထို့နောက် အားလုံးမှာ ဒဏ်ရာများကို စတင် ကုသကြတော့သည်။ စွမ်းအင် သုံးစွဲမှုမှာ အလွန်ပင် များပြားလှသဖြင့် အချို့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားကြရာ လျင်မြန်စွာ ပြန်လည် ကုသရန် လိုအပ်သည်။ တစ်ချိန်တည်းမှာပင် သစ်မျိုးနွယ်ကပ္ပတိန်တို့သည် ဝိညာဉ်သင်္ဘောကို စတင် ပြုပြင်ကြတော့သည်။ ပြင်းထန်စွာ ထိခိုက်ထားသဖြင့် ပြန်လည် မပြုပြင်ပါက ဤကြယ်တာရာနယ်မြေကို ဖြတ်ကျော်ရန်မှာ လွယ်ကူမည် မဟုတ်ချေ။
“မင်းက လူကောင်းတစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး...”
နတ်ဘုရားအရှင်ယွီချင်းသည် မြေကမ္ဘာအရှင်ယီထျန်းယွမ်၏ ဘေးသို့ လျှောက်လာကာ ပြုံးလျက် ဆိုလိုက်သည်။
ယီထျန်းယွမ်သည် သူ ပြုံးသည်ကို မြင်လိုက်ရသည့်အခါ ဤသည်မှာ ထိုသူ ပထမဆုံးအကြိမ် ပြုံးခြင်းဖြစ်ကြောင်း သတိရသွားပြီး ထူးဆန်းစွာ မေးမြန်းလိုက်သည်။
“ဘာလို့လဲ... ငါ့ကို ရက်စက်တဲ့ လူယုတ်မာတစ်ယောက်လို့ ထင်နေလို့လား...”
“ဟုတ်တယ်...”
နတ်ဘုရားအရှင်ယွီချင်းက အလွန်ပင် ပွင့်လင်းစွာ ပြန်လည် ဖြေကြားလိုက်သည်။
ယီထျန်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် တကယ်ကို ချစ်စရာ မကောင်းချေ။
အခန်း ၁၀၇၁ ပြီးပါပြီ။