အကြောင်းရင်း
Vol. 79 Ch. 1074
ယွီချင်းသည် သေချာပေါက် အကွက်ထဲသို့ ဆင်းလာလိမ့်မည်မဟုတ်ပေ။ ယီထျန်းယွမ်က သူ၏နည်းလမ်းကို ထုတ်မပြောသဖြင့် သူသည်လည်း အပိုများစွာ မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။ ယီထျန်းယွမ်၏ ထွက်ပြေးသည့်နည်းလမ်းထက် သူသည် မိမိ၏အခြေအနေကို ပြောပြရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။
နောက်ဆုံးတွင် ယီထျန်းယွမ်၏ နည်းလမ်းမှာ အသေးစိတ်ပြောပြလိမ့်မည်မဟုတ်သည်ကို သိရှိသွားလျှင်ပင် သင်ယူနိုင်လိမ့်မည်ဟု မသေချာပေ။ ဥပမာအားဖြင့် အကယ်၍ ထူးခြားသော ရတနာတစ်ခုခုကို အသုံးပြုရခြင်းမျိုးဖြစ်ပြီး သူသည် ထိုရတနာကို ပိုင်ဆိုင်ထားခြင်းမရှိပါက သိရှိသွားလျှင်ပင် အသုံးဝင်မည်မဟုတ်ပေ။
“မပြောချင်လည်း ထားလိုက်ပါတော့...”
သူသည် သူ့အား ဆက်လက်ဂရုမစိုက်တော့ဘဲ မျက်စိမှိတ်ကာ အနားယူနေတော့သည်။
ယီထျန်းယွမ်သည်လည်း တစ်ခွန်းမျှ ထပ်မပြောတော့ချေ။ စိတ်သဘောထားချင်း မတိုက်ဆိုင်သူများ စကားပြောရသည်မှာ စကတစ်ခွန်း ပြောရသည်မှာပင် အလွန်များလှသည် မဟုတ်ပါလော။
သစ်ပင်ကပ္ပတိန်သည် ဝိညာဉ်သင်္ဘောကို ထိန်းချုပ်ကာ တည်ငြိမ်စွာဖြင့် ရှေ့သို့ ပျံသန်းနေခဲ့သည်။ အရှိန်မှာ မမြန်သလို မနှေးလှသော်လည်း လက်ရှိအခြေအနေအရ ဤအတိုင်း သွားလာနိုင်ခြင်းမှာပင် မဆိုးလှဟု ဆိုရပေမည်။ သူတို့အနေဖြင့်လည်း အလွန်မြန်သော အရှိန်ဖြင့် ရောက်ရှိရန် မမျှော်လင့်ထားကြပေ။
“နောက်ထပ် ရက်အနည်းငယ်ကြာရင်တော့ ဒီနေရာကနေ ထွက်သွားနိုင်ပါပြီ... အားလုံးပဲ အလွန်အမင်း မစိုးရိမ်ကြပါနဲ့... ကြည့်ရတာတော့ ကြယ်တာရာပင်လယ်မိစ္ဆာတွေ ထပ်ပြီး ပေါ်မလာတော့ဘူး ထင်တယ်... ဒါကြောင့် အားလုံးပဲ စိတ်အေးအေးထားကြပါ...”
သစ်ပင်ကပ္ပတိန်၏ အသံ ပေါ်ထွက်လာခဲ့သည်။
ထိုအခါမှသာ လူတိုင်းမှာ သက်ပြင်းချနိုင်ကြတော့ပြီး အရင်ကကဲ့သို့ သတိကြီးစွာထား၍ စိုးရိမ်ပူပန်ခြင်းမျိုး မရှိတော့ပေ။
ယီထျန်းယွမ်သည် အစကတည်းက ကြယ်တာရာပင်လယ်မိစ္ဆာများ ထပ်မံရောက်ရှိလာမည်ကို စိုးရိမ်ခြင်းမရှိခဲ့ပေ။ ကြယ်တာရာအရှင်သခင်အသစ် ထပ်မံပေါ်မလာသရွေ့ ကြယ်တာရာပင်လယ်မိစ္ဆာ အုပ်စုကြီး လာရောက်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ကြယ်တာရာအရှင်သခင်က တိုက်ခိုက်လာခြင်းမှာလည်း တကယ်တမ်းတွင် ဘာကိစ္စမျှမရှိဘဲ သူ၏ ကစားလိုစိတ် ပြင်းထန်နေသောကြောင့်သာ ကြယ်တာရာပင်လယ်မိစ္ဆာ အမြောက်အများကို စေလွှတ်၍ တိုက်ခိုက်ခိုင်းခဲ့ခြင်းဖြစ်သည်။
ဤသည်မှာ ယီထျန်းယွမ်က ကြယ်တာရာအရှင်သခင်နှင့် စကားပြောဆိုရာမှ သိရှိခဲ့ရသော အမှန်တရားပင် ဖြစ်သည်။ ဤအကြောင်းကို ကြားသိရသည့်အခါ သူသည် ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့ရသည်။ ပျော်စရာကောင်းသည်ဟု ထင်မှတ်ကာ လာရောက် သတ်ဖြတ်ကစားခဲ့လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
အမှန်စင်စစ် ဤသည်မှာ ကျင့်ကြံသူများက မိစ္ဆာသားရဲများကို အမဲလိုက်ခြင်းနှင့် သဘောတရားချင်း အတူတူပင် ဖြစ်သည်။ ကျင့်ကြံရန်အတွက် သတ်ဖြတ်ခြင်းမှာ ကစားရန် သတ်ဖြတ်ခြင်းနှင့် များစွာ ကွာခြားမှု မရှိပေ။ ဤကိစ္စမှာ ပြောစရာမရှိလှဘဲ မျိုးနွယ်စုချင်း မတူညီသဖြင့် အခြေအနေမှာလည်း သဘာဝအတိုင်း ကွဲပြားခြားနားနေခြင်းသာ ဖြစ်သည်။
ရက်အနည်းငယ်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး အမှန်တကယ်ပင် ကြယ်တာရာပင်လယ်မိစ္ဆာများ ထပ်မံပေါ်မလာတော့ချေ။ အချို့သော လူများမှာမူ ထိုအခါမှသာ လုံးဝ စိတ်အေးသွားကြတော့သည်။ ရှေ့တွင် ကျောက်တုံးများ မရှိတော့သည်ကို မြင်တွေ့ရသည်ဖြစ်ရာ ဤကြယ်တာရာနယ်မြေမှ ပျံသန်းထွက်ခွာလာနိုင်ပြီ ဖြစ်ကြောင်း သိရှိလိုက်ကြသည်။
လမ်းခရီးတစ်လျှောက်တွင် အဆက်မပြတ် တုန်ခါနေခဲ့ပြီး ကျောက်တုံးမျိုးစုံ၏ ရိုက်ခတ်မှုကိုလည်း ခံခဲ့ရသည်။ သစ်ပင်ကပ္ပတိန်သည် ဤနေရာကို ရင်းနှီးကျွမ်းကျင်နေလျှင်ပင် ရှောင်တိမ်းရန်မှာ အလွယ်တကူ မဟုတ်ပေ။
“ထွက်လာနိုင်ပြီ... ရှေ့မှာရှိတဲ့ ရောက်ရှိရမယ့် နေရာကတော့ ယွီဖန်ဂြိုဟ် ပဲ...”
သစ်ပင်ကပ္ပတိန်သည် ထိုအချိန်တွင် အရှိန်မြှင့်တင်လိုက်ရာ မကြာမီမှာပင် ကျောက်စိမ်းများစွာ စီခြယ်ထားသော ဂြိုဟ်တစ်လုံးကို မြင်တွေ့လိုက်ရသည်။
သူတို့မှာ ဂြိုဟ်ပေါ်သို့ မဆင်းသက်ရသေးသော်လည်း ယွီဖန်ဂြိုဟ်ပေါ်တွင် ကျောက်စိမ်းအမြောက်အများ ပြည့်နှက်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ ကျောက်စိမ်းများဖြင့် တည်ဆောက်ထားသော အဆောက်အအုံများမှာ အလွန်ပင် ခမ်းနားထည်ဝါလှသည်။
အမှန်စင်စစ် ဤကျောက်စိမ်းများမှာ အနည်းငယ်မျှ တန်ဖိုးမရှိပေ။ သူတို့တွင် ကြယ်တာရာစွမ်းအား အနည်းငယ်မျှ ကိန်းအောင်းနေခြင်း မရှိဘဲ အလှဆင်ရန်အတွက်သာ ဖြစ်သည်။ လူသားလောကနယ်ပယ်တွင် အလွန်တန်ဖိုးကြီးလှသော ဤအရာများသည် ဤနေရာတွင်မူ ရွှံ့မြေများကဲ့သို့ပင် ဖြစ်ရာ နေရာတိုင်း၌ စိတ်ကြိုက် ယူဆောင်နိုင်ပေသည်။
“အဆင့် ၂ နတ်ဘုရားနယ်မြေရဲ့ ဒေသကတော့ ကြယ်တာရာစွမ်းအားတွေ တကယ်ကို ပိုပြီး သိပ်သည်းတာပဲ...”
ယီထျန်းယွမ်သည် ဤဒေသသို့ ရောက်ရှိလာပြီးနောက် အကြီးမားဆုံး ခံစားချက်မှာ ကြယ်တာရာစွမ်းအားများ ပိုမိုသိပ်သည်းလာခြင်းပင် ဖြစ်သည်။ အနည်းဆုံး အဆင့် ၁ နတ်ဘုရားနယ်မြေထက် အဆပေါင်းများစွာ ပိုမို အကျိုးသက်ရောက်မှု ရှိသည်။ လူတိုင်းက ဤနေရာသို့ လာရောက်ကျင့်ကြံလိုကြခြင်းမှာ မဆန်းပေ။ ဤမျှ သိပ်သည်းလှသော ကြယ်တာရာစွမ်းအားများ ရှိနေသဖြင့် ကျင့်ကြံရန်အတွက် အလွန်ကောင်းမွန်သော နေရာတစ်ခုပင် ဖြစ်သည်။
ဤနေရာသို့ လာရောက်ရန် အခြေအနေမှာ အလွန်ခက်ခဲလှသဖြင့် လူအုပ်စုကြီးကို တားဆီးထားနိုင်ခြင်း ဖြစ်သည်။ သံသရာအဆင့် အခြေခံလက်နက် ၃၀ ပေးဆောင်ရခြင်းကပင် လူအမြောက်အများကို တားဆီးထားရန် လုံလောက်နေပြီ ဖြစ်သည်။ သစ်ပင်ကပ္ပတိန်၏ ဈေးနှုန်းမှာ အတော်လေး သက်သာနေသေးခြင်း ဖြစ်ပြီး အခြားသူများမှာမူ ၃၅ ခု အထက် မပေးနိုင်ပါက ချက်ချင်းပင် မောင်းထုတ်ခံရပေလိမ့်မည်။
ဤသည်ကို ပေးဆောင်နိုင်ရန် အချိန်အတော်ကြာ စုဆောင်းရမည် ဖြစ်ပြီး အနည်းဆုံး မြေကမ္ဘာအရှင် အဆင့် ရှိမှသာ ဤဝိညာဉ်သင်္ဘောကို စီးနင်း၍ အဆင့် ၂ နတ်ဘုရားနယ်မြေသို့ သွားရန် အရည်အချင်း ပြည့်မီပေလိမ့်မည်။ ချမ်းသာသော အချို့သောသူများမှာမူ အဆင့် ၂ နတ်ဘုရားနယ်မြေသို့ သွားရန် အစီအစဉ် မရှိကြပေ။
အဘယ်ကြောင့်ဆိုသော် အဆင့် ၂ နတ်ဘုရားနယ်မြေသို့ ရောက်သည့်အခါ နေရာသစ်တွင် သူစိမ်းများ ဖြစ်သွားကြမည်ဖြစ်ရာ အဆင့် ၁ နတ်ဘုရားနယ်မြေ၌ အစွမ်းထက်သူတစ်ဦးအဖြစ် နေထိုင်ရသည်က ပို၍ ကောင်းမွန်သည် မဟုတ်ပါလော။ အဆင့် ၂ နတ်ဘုရားနယ်မြေသို့ ရောက်သည့်အခါတွင်မူ မြေကမ္ဘာအရှင်များမှာ နေရာတိုင်းတွင် ရှိနေကြသဖြင့် သာမန်မျှသာ ဖြစ်သွားပေလိမ့်မည်။
အဆင့် ၁ နတ်ဘုရားနယ်မြေတွင်ဆိုပါက နေရာတစ်ခု ရရှိနိုင်သော်လည်း အဆင့် ၂ နတ်ဘုရားနယ်မြေတွင်မူ ထိုသို့ မဟုတ်ပေ။ ဤသို့သော အတွေးမျိုး ရှိသူများသည် အများအားဖြင့် အားနည်းသူများနှင့် တိုးတက်လိုစိတ် မရှိသူများသာ ဖြစ်ကြသည်။
“အဆင့် ၂ နတ်ဘုရားနယ်မြေရဲ့ ကြယ်တာရာစွမ်းအားတွေက မဆိုးလှပါဘူး... ဒါပေမဲ့ အဆင့် ၃ နတ်ဘုရားနယ်မြေ ကတော့ ပိုပြီး ထိတ်လန့်စရာ ကောင်းတယ်...”
ယွီချင်းက ဘေးမှနေ၍ ဆိုလိုက်သည်။
“ပိုမိုမြင့်မားတဲ့ အဆင့်ကို ရောက်တဲ့အခါ အရင်က ဂုဏ်ယူခဲ့တဲ့ အရာတွေက သာမန်မျှသာ ဖြစ်တယ်ဆိုတာကို မင်း သိလာလိမ့်မယ်... မင်း ငါ့ကို အနိုင်ရခဲ့လို့ ဒါပဲ ရှိသေးတယ်လို့ ထင်နေလိမ့်မယ်... အမှန်တကယ်တော့ မင်းရဲ့ စွမ်းအားက အဆင့် ၃ နတ်ဘုရားနယ်မြေ မှာဆိုရင် အလယ်အလတ်လောက်ပဲ ရှိသေးတယ်...”
“ငါက အဆင့် ၃ နတ်ဘုရားနယ်မြေ ကိုတောင် မရောက်သေးဘူး... မင်းက ငါ့ကို အဲဒီလောက်တောင် စိတ်ဓာတ်ကျအောင် လုပ်နေတာလား...”
ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။
“ဟွန်း... တကယ်လို့ အလွန်အမင်း မောက်မာနေမယ်ဆိုရင်တော့ ငါက အခုလို ပြောလိုက်တာက မင်းအတွက် အကျိုးရှိစေမှာပါ...”
ယွီချင်းက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ဆိုလိုက်သည်။
“ထွက်ခွာတော့မှာမို့ သေချာ ပုန်းနေပါဦး...”
သူသည် ထွက်ခွာရန်အတွက် အဆင်သင့် ဖြစ်နေခဲ့ပြီဖြစ်ပြီး ယွီဖန်ဂြိုဟ် ထဲသို့ပင် ဝင်ရောက်ရန် အစီအစဉ် မရှိပေ။
“ခဏနေဦး...”
ယီထျန်းယွမ်က သူ့အား လှမ်းခေါ်လိုက်သည်။
“မင်းရဲ့ တကယ့် အတွေးကို ငါ မသိပေမဲ့ ကြည့်ရတာ မင်းမှာ ငါ့ကို ရန်မူချင်တဲ့ စိတ်မရှိဘူးလို့ ထင်ရတယ်... ငါ့ကိုလည်း သတိပေးခဲ့သေးတယ်လေ... ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ်...”
ယွီချင်းမှာ ခေတ္တမျှ မှင်တက်မိသွားခဲ့ပြီး သူ၏ လှပသော မျက်ဝန်းများဖြင့် သူ့အား ခဏတာ စိုက်ကြည့်နေခဲ့ကာ သက်ပြင်းချလျက် ဆိုလိုက်သည်။
“တကယ်တော့ ပုံမှန်အတိုင်းဆိုရင် မင်းကို ငါ ဖမ်းသွားရမှာပဲ... နောက်ပြီး မင်းက ငါ့ကို အနိုင်ရခဲ့တာမို့လို့ ငါ နည်းနည်းတော့ မကျေမနပ် ဖြစ်နေမိသေးတယ်... ဒါပေမဲ့ မင်းကို ကြည့်ရတာ ငါ့ရဲ့ အရင်က ပုံစံလေးကို မြင်နေရသလိုပဲ... အေးစက်မနေတဲ့ စိတ်နှလုံး ရှိနေတာကတော့ ရက်စက်တဲ့ သူတွေထက် အများကြီး ပိုကောင်းပါတယ်...”
“တကယ်လို့ ဒီအချက်သာ မရှိရင်တော့ ငါ မင်းကို တကယ်ပဲ ဖမ်းသွားမှာ... ငါ မင်းကို မဖမ်းနိုင်ဘူးလို့ မထင်နဲ့... အဆင့် ၃ နတ်ဘုရားနယ်မြေ ဆိုတာက သာမန်လူတွေ ခန့်မှန်းနိုင်တဲ့ အရာမျိုး မဟုတ်ဘူး...”
သူ၏ အသံမှာ ပြတ်သားနေခဲ့ပြီး အဆင့် ၃ နတ်ဘုရားနယ်မြေ၏ ထိတ်လန့်ဖွယ်ကောင်းမှုကို ယီထျန်းယွမ်အား သတိပေးလိုခြင်း ဖြစ်သည်။
“အဲဒီလိုကိုး... မဟုတ်ရင်တော့ ငါ တကယ်ပဲ အဖမ်းခံလိုက်ရမှာပေါ့...”
ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။ ထို ထူးခြားသော အရာများက သူ့အား မည်သို့မျှ ဖမ်းနိုင်လိမ့်မည် မဟုတ်ကြောင်း သူ ယုံကြည်ထားသည်။
တစ်ဖက်လူက သူ ခန့်မှန်း၍ မရနိုင်ဟု ထင်နေသော်လည်း သူ ပိုင်ဆိုင်ထားသော ထွက်ပြေးသည့် စွမ်းရည်များမှာလည်း တစ်ဖက်လူ ခန့်မှန်း၍ မရနိုင်သော အရာများ ဖြစ်ပေသည်။
“ကောင်းမွန်တဲ့ စိတ်နှလုံးကို သေချာ ထိန်းသိမ်းထားပါ... ပိုမိုမြင့်မားတဲ့ ကမ္ဘာတွေကို ရောက်လေ၊ အဲဒီလိုလူတွေ မရှိလေပဲ... ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပါ... နောက်တစ်ခါ မင်းကို လာဖမ်းတဲ့သူက ငါ ဖြစ်ချင်မှ ဖြစ်တော့မှာပါ... ဒါမှမဟုတ် မင်းကို လာဖမ်းတော့မှာ မဟုတ်တာလည်း ဖြစ်နိုင်တာပါပဲ...”
သူသည် ဤစကားများကို ပြောကြားပြီးနောက် ကိုယ်ကိုလှည့်၍ ဤနေရာမှ တိုက်ရိုက် ပျံသန်းထွက်ခွာသွားခဲ့သည်။ ခရီးစရိတ် ပေးဆောင်ပြီး ဖြစ်သဖြင့် သူသည် နှုတ်ဆက်နေရန် မလိုတော့ဘဲ တိုက်ရိုက် ထွက်ခွာသွားနိုင်ပြီ ဖြစ်သည်။
သစ်ပင်ကပ္ပတိန်သည် သူ ထွက်ခွာသွားသည်ကို မြင်သောအခါ ဘာမျှ ထပ်မပြောတော့ဘဲ ယွီဖန်ဂြိုဟ် ဆီသို့ ဆက်လက် ပျံသန်းသွားခဲ့သည်။ ဤသို့သော ကိစ္စမျိုးမှာ အဆန်းမဟုတ်ပေ။ ဤသို့ လုပ်ဆောင်သူများသည် အများအားဖြင့် ဤနေရာကို ရင်းနှီးကျွမ်းကျင်သူများ ဖြစ်ကြသဖြင့် ယွီဖန်ဂြိုဟ်သို့ သွားရောက်ရန် မလိုအပ်ခြင်း ဖြစ်သည်။
မကြာမီမှာပင် ယွီချင်း သာမက အခြားသော ကျင့်ကြံသူများသည်လည်း တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြပြီး ဤနေရာ၌ ဆက်လက် မနေကြတော့ပေ။ အနည်းဆုံး လူဦးရေ၏ ထက်ဝက်ခန့်မှာ ထွက်ခွာသွားကြခြင်း ဖြစ်ပြီး သူတို့မှာ ကောင်းကင်အရှင်များ၏ ခေါ်ဆောင်မှုဖြင့် ထွက်ခွာသွားကြသဖြင့် တစ်ဖွဲ့တည်း ဖြစ်ကြောင်း သိသာလှသည်။
ကျန်ရှိနေသော ထက်ဝက်မှာမူ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာကြသူများ ဖြစ်ကြသဖြင့် ယွီဖန်ဂြိုဟ်၌ ခေတ္တမျှ နေထိုင်ကြပေလိမ့်မည်။
“သစ်ပင်ကပ္ပတိန်... ကျွန်တော်လည်း ထွက်ခွာရတော့မယ်... ကံမကုန်ရင် ပြန်ဆုံကြတာပေါ့...”
ယီထျန်းယွမ်သည်လည်း ယွီဖန်ဂြိုဟ်သို့ သွားရန် အစီအစဉ် မရှိပေ။ သူသည် ထျန်းချွမ်နတ်ဘုရားနယ်မြေ ဆီသို့ တိုက်ရိုက် သွားရောက်လိုနေခြင်း ဖြစ်သည်။
“ကံမကုန်ရင် ပြန်ဆုံကြတာပေါ့...”
သစ်ပင်ကပ္ပတိန်က ခေါင်းညိတ်ပြလိုက်သည်။ ကံရှိပါက သေချာပေါက် ပြန်လည် ဆုံတွေ့ကြပေလိမ့်မည်။
သူ ထွက်ခွာသွားသည့်အခါ လူအမြောက်အများက သူ့အား လာရောက် ပို့ဆောင်ပေးကြသော်လည်း မည်သူမျှ တားဆီးခြင်း မရှိကြပေ။ သူတို့သည် ယီထျန်းယွမ်မှာ မိမိတို့နှင့် မတူညီဘဲ ကောင်းကင်ယံသို့ ပျံတက်မည့် နဂါးတစ်ကောင် ဖြစ်ကြောင်း သိရှိထားကြသည်။ သူတို့မှာမူ ခရုများကဲ့သို့ ဖြည်းဖြည်းချင်းသာ တက်လှမ်းနေရသူများ ဖြစ်သဖြင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
အခန်း ၁၀၇၄ ပြီးပါပြီ။