လောကရှိ အမျိုးသမီးတိုင်းအတွက် အကောင်းဆုံးသော လက်တွဲဖော်မွန်၊ မြူနှင်းနန်းတော်မှ အမျိုးသမီးကျင့်ကြံသူများ အလွန်ဖော်ရွေနေခြင်း။
Vol. 49 Ch. 531
"ဟုတ်သားပဲ... အကြီးအကဲကျိုး ဘယ်နေရာမှာ ရှိမလဲမသိဘူးနော်..."
မြူနှင်းနန်းတော်မှ အမျိုးသမီးကျင့်ကြံသူတစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်လေသည်။ သူမသည် တစ်ဖက်လူနှင့် မတော်တဆ ဆုံတွေ့ချင်နေခြင်းပင် ဖြစ်၏။
အကယ်၍ သူမသာ တစ်ဖက်လူ၏ သဘောကျမှုကို ခံခဲ့ရပါက၊ သူမ၏ ဘဝသည် အကြီးအကျယ် ပြောင်းလဲသွားပေလိမ့်မည်။
အနာဂတ်တွင် ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးများစွာပင် ရှိလာနိုင်သည် မဟုတ်ပါလော။
အဆိုးဆုံး အခြေအနေတွင်ပင် စားဝတ်နေရေးအတွက် ပူပန်စရာမလိုဘဲ နေနိုင်ပေလိမ့်မည်။
"နန်းတော်သခင်နဲ့ ကိစ္စအချို့ ဆွေးနွေးနေတယ် ထင်တယ်..."
တစ်ယောက်က ပြန်ဖြေလိုက်လေသည်။
"မဟုတ်မှလွဲရော... ဒါဆို နန်းတော်သခင်နဲ့ နှစ်ယောက်တည်း ရှိနေတာပေါ့..."
"ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အခန်းထဲမှာ အတူရှိနေမှတော့... ပြဿနာ တစ်စုံတစ်ရာ မဖြစ်နိုင်ဘူးလား..."
ဝတ်ရုံဖြူဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူတစ်ဦးက မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြောလိုက်သည်။
"ဘယ်လိုလုပ် ပြဿနာ ဖြစ်နိုင်မှာလဲ..."
"နန်းတော်သခင်က တာအိုလမ်းစဉ်ကိုပဲ တစ်စိုက်မတ်မတ် စိတ်ဝင်စားခဲ့တာ... ငယ်ရွယ်စဉ်တုန်းက လူငယ်သူရဲကောင်း ဘယ်နှယောက်လောက်ရဲ့ လိုက်လံပိုးပန်းမှုကို ကြုံတွေ့ခဲ့ရလဲဆိုတာ မသိတာမှတ်လို့..."
"ဒါပေမဲ့ အားလုံးကို နန်းတော်သခင်က လျစ်လျူရှုခဲ့တာပဲ... စိတ်အာရုံကြည်လင်ပြီး ရမ္မက်ကင်းစင်တယ်... တာအိုနှလုံးသား ခိုင်မာတယ်..."
"နန်းတော်သခင်က အကြီးအကဲကျိုးကို ကြိုက်သွားလိမ့်မယ်လို့တော့ နင် ထင်နေတာ မဟုတ်ပါဘူးနော်..."
မြူနှင်းနန်းတော်မှ အမျိုးသမီးကျင့်ကြံသူ အများအပြားက ခေါင်းခါလိုက်ကြလေသည်။
ဤသည်မှာ ပြဿနာရှိသည်ဟု သူမတို့ မထင်ကြပေ။ မည်သို့ပင်ဖြစ်စေ နန်းတော်သခင် ယဲ့ဖေးရိုသည် တစ်ကိုယ်တည်းနေထိုင်သော အမျိုးသမီးကျင့်ကြံသူအဖြစ် နာမည်ကြီးပေသည်။
လွန်ခဲ့သော နှစ်ရာချီကာလအတွင်း ရုပ်ရည်ချောမောသော အမျိုးသားမည်မျှနှင့် ကြုံတွေ့ခဲ့ရသည်ကို မသိနိုင်သော်လည်း၊ နန်းတော်သခင်ကမူ လုံးဝ ဂရုမစိုက်ခဲ့ချေ။
မှန်ပေသည်၊ ဤအကြီးအကဲကျိုးသည် အမှန်တကယ်ကို အလွန်ပင် ထူးချွန်ထက်မြက်လှသည်။
သို့သော် နန်းတော်သခင်၏ နှလုံးသားကို လှုပ်ခတ်စေရန်မှာမူ အလွန်ခက်ခဲသောကိစ္စ ဖြစ်နေဆဲပင်။
"ဒါက မဖြစ်နိုင်တဲ့ကိစ္စလို့ နင် ဘယ်လိုလုပ် သိနိုင်မှာလဲ..."
"နန်းတော်သခင်ရဲ့ တာအိုနှလုံးသားက တကယ်ကို ခိုင်မာပါတယ်... သာမန်ယောက်ျားတွေက သူမရဲ့ နှလုံးသားကို မလှုပ်ရှားစေနိုင်ဘူး..."
"ဒါပေမဲ့ ဒီလူက အကြီးအကဲကျိုးလေ... ပြိုင်ဘက်ကင်းအောင် ရုပ်ရည်ချောမောသလို... နတ်ဘုရားအသွင်ပြောင်းအဆင့် ပါရမီတောင် ပိုင်ဆိုင်ထားသေးတယ်..."
"ဘယ်လိုပဲကြည့်ကြည့်... လောကမှာရှိသမျှ အမျိုးသမီးတိုင်းအတွက် အသင့်တော်ဆုံး လက်တွဲဖော်မွန်ပဲ..."
"သူ့မှာ ဇနီးမယား ဆယ်ယောက်ကျော် ရှိတယ်ဆိုပေမယ့်... ဝိညာဉ်သန္ဓေသား ဘိုးဘေးတစ်ယောက်အတွက်က ဒါက ဘာမှမဟုတ်ဘူး..."
"ငါ ကြားတာတော့ အကြီးအကဲကျိုးရဲ့ တာအိုလက်တွဲဖော် ဆယ်ယောက်ကျော်လုံး ဝိညာဉ်သန္ဓေသားအဆင့်ကို ရောက်နေကြပြီတဲ့..."
"ဒါပေမဲ့ အဲဒီ တာအိုလက်တွဲဖော်တွေက နည်းနည်းမှ ဝန်တိုခြင်း မရှိကြဘဲ... အကြီးအကဲကျိုးနောက်ကို တကောက်ကောက် လိုက်နေကြတုန်းပဲ..."
"အကြီးအကဲကျိုးရဲ့ ဆွဲဆောင်မှုက ဘယ်လောက်ကြီးလဲဆိုတာ စဉ်းစားကြည့်လို့ ရတယ်..."
"အရေးအကြီးဆုံးက... နင်တို့တွေ မေ့မထားနဲ့ဦး... ငါတို့ နန်းတော်သခင်က ဘယ်တုန်းကများ ယောက်ျားတစ်ယောက်ကို မြူနှင်းကျွန်းပေါ် လာဖို့ တက်တက်ကြွကြွ ဖိတ်ခေါ်ဖူးလို့လဲ... ဒါက နှစ်ရာချီအတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်လောက်တယ်..."
"အရင်တုန်းက ကောင်းကင်ဓားဂိုဏ်း၊ ဆည်းဆာဂိုဏ်း၊ ရွှမ်ပေါင်မျှော်စင် စတဲ့နေရာတွေက ဝိညာဉ်သန္ဓေသား ဘိုးဘေးတွေ မြူနှင်းကျွန်းကို လာချင်ခဲ့ကြပေမယ့်... နန်းတော်သခင်က ငြင်းပယ်ခဲ့တာချည်းပဲ... အခု ဖြစ်ပျက်နေတဲ့ လက္ခဏာတွေအရ နန်းတော်သခင်က မေတ္တာစိတ်ဝင်နေတာ ဖြစ်နိုင်တယ်..."
ဝတ်ရုံဝါ ဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူတစ်ဦးက အကြောင်းအကျိုး ခိုင်လုံစွာဖြင့် သုံးသပ်ပြလိုက်ပြန်သည်။
လက်ရှိ ဖြစ်ပျက်နေသော လက္ခဏာများအရ နန်းတော်သခင်သည် ထိုအကြီးအကဲကျိုးအပေါ် ကောင်းမွန်သော သဘောထားရှိနေသည်ဟု သူမ ထင်မြင်မိ၏။
သို့မဟုတ်ပါက ဤအရာများကို တက်ကြွစွာ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။
အမျိုးသမီးကျင့်ကြံသူ အများအပြား၏ မျက်လုံးများ အရောင်လက်သွားကြလေသည်။ ဤသုံးသပ်ချက်သည် အလွန်တရာ ကျိုးကြောင်းဆီလျော်သည်ဟု သူမတို့ ခံစားလိုက်ရသည်။
အကယ်၍သာ အမှန်ဖြစ်ခဲ့ပါက ဤကိစ္စသည် သာမန်မဟုတ်တော့ဘဲ ချန်လန်ပင်လယ်ဒေသ တစ်ခုလုံးကို တုန်လှုပ်သွားစေမည်မှာ သေချာပေသည်။
"အမှန်အတိုင်း ပြောရရင်... မဖြစ်နိုင်တာတော့ မဟုတ်ဘူး..."
"အရင်တုန်းက ငါတို့ မြူနှင်းနန်းတော်မှာလည်း တချို့ အမျိုးသမီးကျင့်ကြံသူတွေက တစ်သက်လုံး အိမ်ထောင်မပြုဘူး... လောကမှာ ယောက်ျားကောင်းမရှိဘူးလို့ ပြောခဲ့ကြဖူးတယ်..."
"ဒါပေမဲ့ ဘယ်သူထင်မှာလဲ... သူတို့ရဲ့ ဖူးစာရှင်နဲ့ တွေ့တဲ့အခါကျတော့လည်း တက်တက်ကြွကြွ လက်ထပ်လိုက်ကြတာပဲလေ..."
"အဲဒါကလည်း မိုးကြိုးပစ်သလိုကို မြန်မြန်ဆန်ဆန်ကြီး လက်ထပ်လိုက်ကြတာ... ဘာမှ တွေဝေနေတာမျိုး မရှိဘူး..."
"’အရင်တုန်းက အိမ်ထောင်မပြုတာက လူမှန်နဲ့ မတွေ့သေးလို့ပါ’ လို့ပဲ ပြောရမယ်..."
"လူမှန်နဲ့ တွေ့လိုက်တာနဲ့... အရင်တုန်းက ခံယူထားတဲ့ မူဝါဒတွေက ဘာမှ အသုံးမဝင်တော့ဘူး..."
မြူနှင်းနန်းတော်မှ အမျိုးသမီးကျင့်ကြံသူ အများအပြားက ဆွေးနွေးငြင်းခုံနေကြပြန်သည်။
သူမတို့ ဆွေးနွေးလေလေ၊ ဤကဲ့သို့ ဖြစ်လာနိုင်ခြေ များလေလေဟု ခံစားလာရသည်။
အဘယ်ကြောင့်ဆိုသော် နန်းတော်သခင် ယဲ့ဖေးရို၏ အပြုအမူများသည် ယခင်နှင့် လုံးဝ မတူကွဲပြားနေသောကြောင့် ဖြစ်ပေသည်။
မည်သို့ပင် ကြည့်သည်ဖြစ်စေ၊ ဤအကြီးအကဲကျိုးအပေါ် အလွန်တရာ ကောင်းမွန်သော သဘောထား ရှိနေပုံရသည်။
"တကယ်လို့ ဒီလိုသာဆိုရင်... ငါကတော့ ဖြစ်မြောက်သွားဖို့ မျှော်လင့်တယ်... တကယ်လို့ နန်းတော်သခင်သာ အကြီးအကဲကျိုးနဲ့ လက်ထပ်လိုက်ရင်... အဲဒါက အင်အားကြီးနှစ်ခု ပေါင်းစည်းလိုက်တာပဲ... ဒါဆိုရင် ငါတို့ မြူနှင်းနန်းတော်ရဲ့ လုံခြုံရေးကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်မှာ..."
"ကမ္ဘာပေါင်းစပ်ခြင်းဖြစ်စဉ် ဖြစ်ပွားပြီးကတည်းက... ငါတို့ မြူနှင်းနန်းတော်ရဲ့ အခြေအနေက အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ..."
"အချိန်မရွေး ပျက်စီးသွားနိုင်တဲ့ အန္တရာယ် ရှိနေတယ်..."
"တကယ်လို့ အကြီးအကဲကျိုးရဲ့ အကူအညီကိုသာ ရမယ်ဆိုရင်... ငါတို့ မြူနှင်းနန်းတော်အနေနဲ့ ဟိုမိစ္ဆာသားရဲတွေကို ကြောက်စရာ မလိုတော့ဘူး..."
ဝတ်ရုံပြာ ဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူတစ်ဦးက လေးနက်စွာ ပြောလိုက်ပြန်သည်။
သူမသည် ယောက်ျားနှင့် မိန်းမကြားက ကိစ္စအနေဖြင့် သုံးသပ်ခြင်း မဟုတ်ဘဲ၊ အကျိုးစီးပွားရှုထောင့်မှနေ၍ သုံးသပ်လိုက်ခြင်း ဖြစ်သည်။
မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊ အကြီးအကဲကျိုးနှင့် နန်းတော်သခင်တို့ ပေါင်းစည်းခြင်းသည် ကောင်းကျိုးများစွာ ရှိပေသည်။
"ဟုတ်တယ်... အဲဒီ မိစ္ဆာသားရဲတွေက အရမ်း သန်မာလွန်းပြီး ကြောက်စရာကောင်းတယ်..."
"ငါတို့ မြူနှင်းနန်းတော်တစ်ခုတည်းဆိုရင် ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး... အားကိုးရမယ့် မဟာမိတ်ကို ရှာရမယ်..."
"ပြဿနာက တခြား ဝိညာဉ်သန္ဓေသား အင်အားစုတွေလည်း ဒီလိုပဲ ဖြစ်နေတာ..."
"သူတို့ဂိုဏ်းရဲ့ လုံခြုံရေးအတွက်ကို ကာကွယ်ဖို့တောင် အနိုင်နိုင် ဖြစ်နေကြတာ..."
"အကြီးအကဲကျိုး တစ်ယောက်တည်းပဲ တခြားအင်အားစုတွေကို ကူညီဖို့ အင်အားပိုနေတာ..."
"ဒါပေမဲ့ နန်းတော်သခင်ရဲ့ သဘောထားကို ကြည့်ရဦးမယ်..."
"တကယ်လို့ နန်းတော်သခင်က ဆန္ဒမရှိဘူးဆိုရင်... ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး..."
"ငါကတော့ နန်းတော်သခင် သဘောကျနေတယ်လို့ ထင်တယ်... ဖြစ်နိုင်ရင် ငါတို့က ကြားထဲကနေ ကူညီပေးပြီး သူတို့နှစ်ယောက်ကို အောင်သွယ်ပေးသင့်တယ်..."
မြူနှင်းနန်းတော်မှ အမျိုးသမီးကျင့်ကြံသူ အများအပြားမှာ တီးတိုးပြောဆိုနေကြလေသည်။
သူမတို့၏ ဆွေးနွေးချက်အရ ကျိုးစွေ့နှင့် ယဲ့ဖေးရိုကိုသာ အောင်သွယ်ပေးနိုင်ပါက မြူနှင်းနန်းတော်အတွက် ကြီးမားသော အကျိုးကျေးဇူး ရှိလိမ့်မည်ဖြစ်ပြီး၊ ဤကဲ့သို့သော ကပ်ဘေးကာလကြီးတွင် မြူနှင်းနန်းတော် ရှင်သန်ရပ်တည်နိုင်မည်ဟု သူမတို့ ထင်မြင်ကြသည်။
…………
ဤအခိုက်အတန့်တွင် မြူနှင်းနန်းတော်၏ နန်းဆောင်တစ်ခု၌...။
ကျယ်ဝန်းလှသော နန်းဆောင်ကြီးတစ်ခုလုံးတွင် ကျိုးစွေ့နှင့် ယဲ့ဖေးရို နှစ်ဦးတည်းသာ ရှိနေသည်။
ပတ်ဝန်းကျင်တွင် သိပ်သည်းသော တားမြစ်အစီအရင်များ ဖုံးလွှမ်းထားပြီး အကာအရံတစ်ခု ဖြစ်ပေါ်နေကာ၊ ပြင်ပမှ စူးစမ်းထောက်လှမ်းမှုမှန်သမျှကို ဖြတ်တောက်ထားလေသည်။
"တာအိုရောင်းရင်းကျိုး... တကယ်ပဲ တောင်းပန်ပါတယ်..."
"ကျွန်မ မြူနှင်းနန်းတော် အမျိုးသမီးကျင့်ကြံသူတွေက အလွန်အမင်း ဖော်ရွေလွန်းနေလို့... ရောင်းရင်းကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီ..."
ယဲ့ဖေးရိုသည် ကျိုးစွေ့ကို အားနာသောအကြည့်ဖြင့် ကြည့်လိုက်လေသည်။
ကျိုးစွေ့ မြူနှင်းကျွန်းသို့ ရောက်ရှိလာပြီးကတည်းက ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။
ကျိုးစွေ့သည် ထိပ်တန်းကြယ်ပွင့်တစ်ဦးကဲ့သို့ ဖြစ်နေပြီး၊ မရေမတွက်နိုင်သော အမျိုးသမီးကျင့်ကြံသူများ၏ လာရောက်ကြည့်ရှုခြင်းကို ခံခဲ့ရသည်ဟု ဆိုနိုင်သည်။
ထို့အပြင် ကျိုးစွေ့ကိုယ်တိုင်က ဖော်ရွေပျူငှာပြီး အခြားသော တည်ကြည်လေးနက်လွန်းသည့် ဝိညာဉ်သန္ဓေသား ဘိုးဘေးများနှင့် မတူညီပေ။
ဤအချက်က ရုပ်ရည်ချောမောသော အမျိုးသမီးကျင့်ကြံသူများကို ပိုမို ရဲတင်းလာစေခဲ့သည်။
ကျိုးစွေ့၏ အာရုံစိုက်မှုကို ရရှိစေရန် မိမိတို့၏ အစွမ်းအစများကို ထုတ်ဖော်ပြသနေကြပုံ ရလေ၏။
"ဟားဟား... ဒါ မြူနှင်းနန်းတော်ရဲ့ကျင့်စဉ်က ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သက်သေပြနေတာပါပဲ..."
"ကလေးတစ်ယောက်လို ဖြူစင်တဲ့ စိတ်နှလုံး ရှိကြတော့ ကျင့်ကြံရာမှာ သဘာဝကျကျ တိုးတက်မှုနှုန်း မြန်ဆန်တာပေါ့..."
"မြူနှင်းနန်းတော်က ချန်လန်ပင်လယ်ဒေသမှာ နှစ်ထောင်ချီ ရပ်တည်နိုင်ခဲ့တာ အံ့သြစရာမဟုတ်တော့ဘူး... တကယ်ကို လေးစားဖို့ ကောင်းပါတယ်..."
ကျိုးစွေ့က အနည်းငယ် ပြုံးလိုက်လေသည်။
အမှန်အတိုင်း ဆိုရလျှင် ယခုအချိန်မှသာ သူသည် ယဲ့ဖေးရိုနှင့် အမှန်တကယ် နီးကပ်စွာ ရှိနေပြီး၊ ယဲ့ဖေးရို၏ ရုပ်သွင်ကို အသေအချာ ကြည့်ရှုခွင့် ရခြင်းဖြစ်သည်။
တစ်ဖက်လူသည် ဝတ်ရုံဖြူတစ်ထည်ကို ဝတ်ဆင်ထားပြီး ပြိုင်ဘက်ကင်းအောင် လှပသောမျက်နှာလေးကို ပိုင်ဆိုင်ထားကာ၊ အသားအရေမှာ ကျောက်စိမ်းအနှစ်ကဲ့သို့ ဖြူဝင်းနေပြီး၊ မျက်ခုံးများက မီးခိုးငွေ့ကဲ့သို့ ပါးလွှာကာ၊ လတ်ဆတ်ရှင်းသန့်ပြီး ကျက်သရေရှိလှသည်။
မျက်ဝန်းအိမ်များက ဗာဒံစေ့ပုံစံရှိပြီး အရောင်လက်နေသည်မှာ အကောင်းဆုံးသော တင်စားမှုဝေါဟာရမှန်သမျှအား သူမအပေါ် အသုံးပြုလိုက်လျှင်ပင် လွန်မည်မဟုတ်ပေ။
သူမ၏ ကိုယ်ခန္ဓာကောက်ကြောင်းမှာ ပျော့ပျောင်းပြီး၊ အမို့အမောက် အကွေးအကောက်များဖြင့် အလွန်တရာ ဆွဲဆောင်မှု ရှိလှပေသည်။
သို့သော်ငြား သူမ၏ရုပ်သွင်ကမူ အလွန်ပင် ဖြူစင်သန့်ရှင်းပြီး၊ ရမ္မက်ကင်းစင်ကာ မြင့်မြတ်သော အရှိန်အဝါများရှိနေပြီး ကျောက်စိမ်းကဲ့သို့ နူးညံ့၍ အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာသော အလှနတ်ဘုရားမတစ်ပါးကဲ့သို့ပင် ဖြစ်၏။
အဝေးမှသာ ဖူးမြော်နိုင်ပြီး မထိပါးရဲလောက်အောင် မြင့်မြတ်သော ခံစားချက်မျိုး ပေးစွမ်းနေချေသည်။
ဤသည်မှာ စစ်မှန်သော ဂိုဏ်းသူတော်စင်မဖြစ်ပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးတွင် မြင့်မြတ်သော အလင်းရောင်များ လွှမ်းခြုံထားသကဲ့သို့ ရှိသည်ဟု ဆိုရပေမည်။
ဤအမျိုးသမီးကို ချန်လန်ပင်လယ်ဒေသ၏ နံပါတ်တစ်အလှပဂေးဟု တင်စားခေါ်ဝေါ်ကြခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
တစ်ချိန်က ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြားသည် သူမအတွက် မနာလိုဝန်တိုဖြစ်ကာ တိုက်ခိုက်ခဲ့ကြဖူးလေသည်။
ဤကဲ့သို့သော ဆွဲဆောင်မှုမျိုးသည် အမှန်တကယ်ပင် သာမန်မဟုတ်ချေ။