← Chapters

ဂိုဝူကမ္ဘာသို့ ပြန်သွားခြင်း

Vol. 50 Ch. 591

ဂိုဝူကမ္ဘာသို့ ပြန်သွားခြင်း

Vol. 50 Ch. 591

"ဗျာ... တကယ်ပဲလား..”

တင်းဝိန်တစ်ယောက် မထိန်းချုပ်နိုင်ဘဲ အံ့အားသင့် ကာ အော်လိုက်မိသည်။ဖုန်းဖြေပြီးနောက် သူသည် စိတ်လှုပ်ရှားမှုတို့နှင့်အတူ လျူယောင်ဘက်သို့ လှ ည့်ကာ ပြောလိုက်၏။

“အကိုယောင်... ဒါက တကယ်ကို အံ့သြစရာပဲဗျာ . ကျွန်တော့်အဖေ့အခြေအနေက ရုတ်တရက်ကြီး သိသိသာသာ တိုးတက်လာတယ်တဲ့ ကျွန်တော် အခုထိ အိပ်မက်မက်နေသလိုပဲ အကိုယောင်ရာ..”

“အရာအားလုံးက ငါ မျှော်လင့်ထားတဲ့အတိုင်းပါပဲ..”

လျူယောင်က ပြုံးရင်း ဆက်ပြောလိုက်သည်။

“မနေ့က ငါပေးတဲ့ ဆေးလုံးက အစွမ်းပြတာဖြစ်ပါ လိမ့်မယ်...”

တင်းဝိန်သည် လျူယောင်ကို မယုံကြည်နိုင်သလို စို က်ကြည့်နေမိသည်။သူ သတိပြန်ဝင်လာချိန်တွင်မူ သူ့မျက်နှာပေါ်၌ ကျေးဇူးတင်သည့် အရိပ်အယောင် များ ထင်ဟပ်နေ၏။

“ဟုတ်တယ်..အကိုယောင်... အကို့ရဲ့ဆေးက တက ယ်ကို အစွမ်းထက်တာပဲ..ကျွန်တော်..ကျွန်တော် ဘ ယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူးဗျာ...”

“ငါတို့ ညီအစ်ကိုတွေကြားထဲမှာ ကျေးဇူးတင်စကား တွေ လိုသေးလို့လားကွာ..ကဲ သွားကြစို့ ဆေးရုံကို အမြန်သွားကြည့်ရအောင်..”

“ဟုတ်တယ်.. ဟုတ်တယ်..ကျွန်တော်တို့ ခုချက်ချင်း သွားကြရအောင်..”

မကြာခင်မှာပင် နှစ်ယောက်သား လူနာခန်းထဲသို့ ဝ င်ရောက်လာသည်။တင်းဝိန်က အခန်းထဲရောက်သ ည်နှင့် ကုတင်နားသို့ အပြေးအလွှားသွားကာ ဝမ်းသ ာအားရ ပြောလိုက်၏။

“အဖေ... အဖေ့ကြည့်ရတာ တကယ်ကို သက်သာလ ာတာပဲ..”

ပီချင်းယွန်ကလည်း လန်းဆန်းတက်ကြွနေသည့် ပုံစံ ဖြင့် စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်သည်။

“အေး.ငါလည်း ကိုယ့်ကိုယ်ကိုယ် တော်တော်လေး နေကောင်းလာတယ်လို့ ခံစားနေရတယ်..”

လူနာ ကုတင်ဘေးမှာရှိနေသည့် ရှောင်သယ်ရှင်းက လည်း ထောက်ခံသည့်အနေဖြင့် အတည်ပြုကာ ဝင် ပြောလိုက်၏။

“ဟုတ်တယ် မစ္စတာတင်း..ဥက္ကဋ္ဌပီရဲ့ အခြေအနေက တကယ်ပဲ သိသိသာသာ တိုးတက်လာတာပါ.. ဒါမ နေ့က မစ္စတာလျူ ပေးခဲ့တဲ့ ဆေးလုံးကြောင့် ဖြစ်မ ယ်လို့ ကျွန်တော် ထင်တယ်”

ထိုအခါ အခန်းထဲရှိ လူအားလုံး၏ အကြည့်များက လျူယောင်ထံသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက် ကြ၏။

လျူယောင်ကလည်း အေးအေးဆေးဆေးပင် ခေါင် း ညိတ်ပြရင်း ပြန်ဖြေလိုက်သည်။

"ကျွန်တော့်ဆေးလုံးက ထိရောက်မှုရှိသွားတာနေမှာ ပါ..”

“ဘာ..တကယ်ကို အံ့ဩဖို့ကောင်းလိုက်တာဗျာ..”

“ဒါက ဘယ်လိုဆေးမျိုးမလို့ ဒီလောက်တောင် အစွ မ်းထက်ရတာလဲ..”

ဘေးနားမှ ဆရာဝန်များက တအံ့တဩ ရေရွတ်နေစ ဉ် ရှောင်သယ်ရှင်းက မနေနိုင်ဘဲ မေးကြည့်လိုက်၏ ။

“မစ္စတာလျူ... ဒါက ဘယ်လိုဆေးမျိုးလဲဗျ.. ဘ ယ်အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ဆီက ရလာတာလဲဆိုတာ သိခွင့်ရှိမလား..”

လျူယောင်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

“ဒါကို ‘ပူကျုံးယီချီဆေး..’ လို့ ခေါ်ပါတယ်.. ရောဂါ ဝေဒနာမျိုးစုံကို ကုသနိုင်စွမ်းရှိပြီး ဆေးတစ်လုံးတ ည်းနဲ့တင် ထိရောက်စေပါတယ်..”

ထိုမျှအထိ အစွမ်းထက်သည့် ဆေးမျိုးရှိသည်ဟူ သောအချက်က လူတိုင်းအား မှင်သက်စေခဲ့၏။

ပါမောက္ခရှောင်သယ်ရှင်းက ထိုဆေး၏ အရင်းအမြ စ်ကို အသေးစိတ်သိလိုသော်လည်း လျူယောင် ဘ က်က ထုတ်မပြောသည့်အတွက်သူလည်း ဆက်မ မေးရဲတော့ပေ။အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီးများ ထံတွင်ပင် ဤကဲ့သို့သော ဆေးမျိုးရှိရန် မလွယ်ကူ ကြောင်း သူ သိနေခဲ့သည်။

ထိုစဉ်မှာပင် လျူယောင်က အိတ်ထဲမှ ဆေးတစ်လုံး ကို ထုတ်၍ ပေးလိုက်၏။

“ဦးလေး... ကျွန်တော့်ဆီမှာ ဒီဆေးမျိုး နောက်တစ် လုံးကျန်သေးတယ်..အခု ဒါကို သိမ်းထားလိုက်ပါဦး .နောက်ရက်အနည်းငယ်ကြာလို့ လိုအပ်လာရင် အ သုံးဝင်မှာပါ..”

ပီချင်းယွန်သည်လည်း ဤကဲ့သို့သော အသက်ကယ် ဆေးကို ငြင်းပယ်မနေတော့ဘဲ ဝမ်းသာအားရ လက် ခံလိုက်ပေသည်။

သူ့ကျန်းမာရေးအခြေအနေမှာ သိသိသာသာ တိုးတ က်လာခဲ့ရာ အနှောင့်အယှက် တစ်စုံတစ်ရာသာ မရှိ ခဲ့လျှင် မကြာမီ အကောင်းပကတိအတိုင်း ပြန်လည် ကျန်းမာလာတော့မည်မှာ မြေကြီးလက်ခတ် မလွဲပ င်။

လျူယောင် မြို့တော်မှ ပြန်ရောက်လာသည်မှာ နှစ် ရက်ခန့် ရှိနေပေသည်။ထိုရက်များအတွင်း တင်းဝိန် ထံမှ တစ်နေ့လျှင် အနည်းဆုံး ဖုန်းနှစ်ကြိမ်၊သုံးကြိမ် ခန့် ဆက်သွယ်လာရုံမျှမက WeChat မှတစ်ဆင့်လ ည်း သတင်းစကားများ ပို့နေခဲ့၏။

သူ့အဖေပီချင်းယွန်မှာ တစ်နေ့ထက်တစ်နေ့ ပိုကျန်း မာလာပြီး ယခုအခါ သာမန်လူတစ်ယောက်ကဲ့သို့ပင် ကောင်းကောင်းစားကာ သွား၊လာ နိုင်သည့်အခြေအ နေသို့ ရောက်ရှိနေပေသည်။သူကနောက်ထပ် သုံးရ က်၊ငါးရက်ခန့်အတွင်း အလုပ်ခွင်သို့ပင် ပြန်ဝင် နိုင် တော့မည်ဟု ခန့်မှန်းရ၏။

ဥက္ကဌပီချင်းယွန်မှာမူလျူယောင်ပေးခဲ့သော ဒုတိယ မြောက်ဆေးလုံးအား ထပ်မသောက်တော့ဘဲ ရတန ာတစ်ခုသဖွယ် အမြတ်တနိုး သိမ်းဆည်းထားလို က်သည်။

“ဒါက တကယ့်ကို တန်ဖိုးဖြတ်မရတဲ့ အသက်ကယ် ရတနာပဲဗျာ..”

ဤကဲ့သို ပီချင်းယွန်က တဖွဖွ ရေရွတ်နေ၏။

.......

တစ်ဖက်တွင်လည်း လျူယောင်သည် ပြန်ရောက်က တည်းက အားလပ်အချိန်တိုင်း 'အတတ်ပညာ မျိုးစုံ အဖုံဖုံစာအုပ်' ကိုသာ အာရုံစိုက် လေ့လာနေခဲ့သည်။

သူသည် ဂိုဝူကမ္ဘာအကြောင်းကို ပိုမိုနားလည်သဘေ ာပေါက်လာသည်နှင့်အမျှ ထိုကမ္ဘာသို့ နောက်တစ် ကြိမ်သွားရန်လည်း ပြင်ဆင်လိုက်၏။သို့သော်လ ည်း သူမသွားမီတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လက်နက်အချို့ လိုအပ်နေသေးသည်။

ထို့ကြောင့် သူက အနက်ရောင် သတ္တုဖြင့် ပြုလုပ်ထ ားသော တန်ဓားနှစ်လက်၊ဓားရှည်တစ်လက်နှင့်ဓား မြှောင်နှစ်လက် တို့အား လုပ်ခိုင်းရန် ဆုံးဖြတ်လိုက် ၏။

သူ၏ ငွေကြေးအင်အားနှင့် အဆင့်အတန်းအရ သာ မန်ပန်းပဲဖိုများတွင် အပ်နှံမည်မဟုတ်ဘဲ လက်ရာ မြောက်လှသော ရှေးဟောင်းလက်နက်ပညာ အမွေ အနှစ်ကို ဆက်ခံထားသည့် ဆရာကြီးတစ်ဦးထံတွင် သာ သီးသန့် လုပ်ခိုင်းခဲ့ခြင်းပင်ဖြစ်သည်။

ထိုရက်များအတွင်း လျူယောင်က ကျင့်စဥ်စာအုပ် များကိုသာ ဖတ်နေရင်း အချိန်များမှာ လျင်မြန်စွာပ င် ကုန်ဆုံးလာခဲ့၏။

ယနေ့တွင်လည်း လျူယောင်သည် သူ့ရုံးခန်းထဲ၌ ရှေးဟောင်းကျင့်စဥ်စာနှစ်အုပ်ကို အာရုံစိုက်၍ ဖတ် နေစဉ် WeChat မှ မက်ဆေစ့်ဝင်သံ ထွက်ပေါ်လာ သည်။

၎င်းမှာ တင်းဝိန် ပို့လိုက်သည့် စာပင် ဖြစ်သည်။

သူ့ အဖေ၏ ရောဂါမှာ လုံးဝပျောက်ကင်းသွားပြီဖြ စ် ကြောင်း ဝမ်းသာအားရ အသိပေးခဲ့ခြင်းဖြစ်၏။ သူ့အဖေက ယနေ့နံနက်တွင် ဆေးရုံမှဆင်းလာခဲ့ပြီး နောက်ထပ်ရက်အနည်းငယ်အတွင်း ‘ချင်းယွန် နိုင်ငံ တကာ’တွင် အလုပ်ပြန်ဝင်တော့မည်ဟု ပို့ထားပေသ ည်။

.......

နှစ်ရက်အကြာတွင်...

"ဒေါက် ဒေါက် ဒေါက်.."

လျူယောင်တစ်ယောက် ရုံးခန်းထဲ၌ ‘အတတ်ပညာ မျိုးစုံ စာအုပ်’ကို လေ့လာနေစဥ် တံခါးခေါက်သံအာ း ကြားလိုက်ရ၏။ကျိုးယန်က တံခါးဖွင့်ပြီး ဝင်လ ာကာ သူ့နောက်တွင်လည်း လက်နက်ကိုယ်စီ ကိုင် ထားသည့် လုံခြုံရေးဝန်ထမ်းအချို့ ပါလာခဲ့သည်။

လျူယောင်က အံအားသင့်ကာ ပြောလိုက်၏။

“အိုး..မြန်လှချည်လား..ငါ လုပ်ခိုင်းထားတာ ..တစ် ပတ်တောင် မပြည့်သေးဘူးလေ”

ကျိုးယန်က ပြုံးလျက် ပြန်ဖြေလိုက်သည်။

“သူဌေးအလိုရှိတာကို ဘယ်သူက လျစ်လျူရှုရဲမှာ လဲဗျာ.နေ့ရောညပါ အချိန်ပိုဆင်းပြီး လုပ်ခိုင်းထား တာပါ. ပစ္စည်းတွေကို ကြည့်ကြည့်ပါဦး သူဌေး စိ တ် တိုင်းကျရဲ့လားလို့..”

လျူယောင်က ခေါင်းညိတ်ပြကာ ပြောလိုက်၏။

“ကောင်းပြီ... ပစ္စည်းတွေကို ဟိုဘက် နေရာအလွတ် မှာပဲ ချထားလိုက်..”

လုံခြုံရေးဝန်ထမ်းများက ပစ္စည်းများကို ရုံးခန်းနေ ရာလွတ်တွင် အစီအရီချထားပေးပြီးနောက် ကျိုးယ န်နှင့်အတူ ပြန်ထွက်ခွာသွားကြသည်။ထိုအနားသို့ လျူယောင် လျှောက်လာကာ ‘တန်ဓား’တစ်လက်အ ား အရင်ဆုံး ကောက်ကိုင်ကြည့်လိုက်၏။

ရှေးဟောင်းလက်နက်များတွင် တန်ဓားသည် ထူးခြ ားသော နေရာတစ်ခုကို ပိုင်ဆိုင်ထားပေသည်။

ထိုဓားက ခုတ်ထစ်ရန်ရော၊ထိုးစိုက်ရန်ပါ အဆင်ပြေ ရုံမျှမက အသုံးပြုရသည်မှာလည်း အလွန်ပင် ထိ ရောက်မူရှိ၏။အမှန်စင်စစ် ဂျပန်ဆာမူရိုင်းဓားများ သည်ပင် တန်ဓား၏ အခြေခံပုံစံကို အတုယူထားခြ င်း ဖြစ်သည်။

လျူယောင်၏အမြင်တွင်မူ တန်ဓားသည် ဆာမူရိုင်း ဓားထက်ပင် စွမ်းဆောင်ရည် ကောင်းသည်ဟု ထင် မြင်မိ၏။

ဓားကို ဆုပ်ကိုင်လိုက်သည်နှင့် လျူယောင်က စိတ် ထဲမှ ရေရွတ်မိလိုက်သည်။

“အာ..တော်တော်လေးကို လေးတာပဲ.. သာမန်လူဆို ရင် ဒီဓားကို မဖို့တောင် ခက်လောက်မယ်..”

သို့သော်လည်း လျူယောင်အတွက်မူ ထိုအလေးချိန် က အနေတော်ပင်။သူ့အတွက်မူ လက်နက်ဆိုသည် မှာ အနည်းဆုံး ဤမျှအလေးချိန်ရှိမှသာ လက်ထဲတွ င် စီးစီးပိုင်ပိုင်ရှိမည်ဖြစ်ပြီး အရမ်းပေါ့နေပါက အား မလို အားမရ ဖြစ်နေလိမ့်မည် မဟုတ်ပေလော။

လျူယောင်သည် တန်ဓားကို ဓားအိမ်ထဲမှ ဖြည်းည င်းစွာ ဆွဲထုတ်လိုက်၏။

ဓားတစ်ချောင်းလုံးမှာ အနက်ရောင်ဖြစ်ပြီး ဓားသွား မှာလည်း အေးစိမ့်သည့်အအေးဓာတ်နှင့်အတူ အလွ န်ထက်မည့်ပုံ ပေါက်နေသည်။

သူသည် စမ်းသပ်သည့်အနေဖြင့် စက္ကူဖြူတစ်ရွက် ကို ယူကာ ဓားသွားပေါ်သို့ ညင်သာစွာ ချလိုက်ရုံမျှ ဖြင့် ထိုစက္ကူမှာ နှစ်ခြမ်းကွဲသွားခဲ့၏။

ပြီးနောက် လျူယောင်သည် ဓားကို မြှောက်၍ ကစ ားကြည့်လိုက်ရာ သူ့လက်ထဲတွင် စီးစီးပိုင်ပိုင် ရှိလှ သဖြင့် အတော်ပင် သဘောကျသွားခဲ့သည်။

ထို့နောက် သူက ဒုတိယမြောက် တန်ဓားကို ကြည့် လိုက်ရာ အရွယ်အစားနှင့် အလေးချိန်တို့မှာ ပထမ တစ်လက်နှင့် အတူတူပင်ဖြစ်သော်လည်း ပုံစံမှာမူ အနည်းငယ်ကွဲပြားနေကာ သူ့ စိတ်ကြိုက်ပင် ဖြစ်၏ ။

၎င်းအပြင် ဓားရှည်၊ ဓားကြီးနှင့် ဓားမြှောင်တို့သည် လည်း အဆင့်မြင့် အနက်ရောင်သတ္တုများဖြင့် ပြု လုပ်ထားသဖြင့် အလေးချိန်စီးစီးနှင့် အလွန်ထက် နေပေသည်။

သူသည် စိတ်အာရုံသုံးလိုက်၍ လက်နက်ငါးလက် စ လုံး ချန်ခွန်းအိတ်ထဲသို့ ထည့်လိုက်၏။ယခုဆိုလျှင် သူသည် ဂိုဝူကမ္ဘာသို့ ဒုတိယအကြိမ် ခရီးစတင်ရန် အခြေခံအားဖြင့် အဆင်သင့်ဖြစ်နေပေသည်။

မထွက်ခွာမီ လျူယောင်သည် ကုမ္ပဏီမှ အဆင့်မြင့် ဝန်ထမ်းများအား သူ ရက်အနည်းငယ် ခရီးထွက်မ ည်ဖြစ်ကြောင်း အသိပေးခဲ့သလို လီချန်လဲ့ထံမှလ ည်း ခွင့်တောင်းခဲ့၏။ထို့နောက် သူသည် ချန်းဟူကို ခေါ်ဆောင်ကာ ကိုယ်ပိုင်လေယာဉ်ဖြင့် xx နိုင်ငံ၏ မြို့တော်သို့ တိုက်ရိုက် ပျံသန်းလာခဲ့သည်။

လေယာဉ်ပေါ်မှ လျူယောင် ဆင်းပြီးနောက် အချိန် ဆွဲမနေတော့ဘဲ ရဟတ်ယာဉ်ဖြင့် ကျွန်းငယ်လေးဆီ သို့ ဆက်လက်ထွက်ခွာခဲ့၏။ကျွန်းပေါ်သို့ သူ ရော က် သောအခါ ဘယ်သူမျှမရှိသည့် နေရာတစ်ခုကို ရွေးချယ်ကာ ပင်လယ်ထဲသို့ ခုန်ဆင်းလိုက်သည်။

ပင်လယ်ရေအောက်မှ နိူင်းရိူင်းသောဂူကြီးသို့ သူရေ ာက်လာသောအခါ လိပ်ကြီးက စိုးရိမ်စွာ ပြောလို က်၏။

“သခင်ရ.. ကျွန်တော် ဒီမှာပဲ စောင့်နေမယ်နော်..”

“မလိုဘူး... ငါ ဘယ်နှစ်ရက်ကြာမှ ပြန်လာမလဲ ဆို တာ မသေချာဘူး..မင်းအဆင်ပြေသလိုပဲနေပါ.. ငါ ပြန်ရောက်ရင် အကြောင်းကြားလိုက်မယ်..”

ဤတစ်ခေါက်တွင်မူ သူသည် ဂိုဝူကမ္ဘာအကြောင်း ကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်နိုင်ရန်အတွက် ရက် အနည်းငယ်လောက် နေထိုင်ရန် ရည်ရွယ်ထားသည် ။

အရာအားလုံးက သူ ရင်းနှီးနေပြီးသား ဖြစ်၏။

သူသည် အလင်းတံခါးနှစ်ချပ်ကို ဖြတ်ကျော်ကာ ဂို ဝူကမ္ဘာအတွင်းသို့ နောက်တစ်ကြိမ် ဝင်လာခဲ့သည်။ လျူယောင်သည် မီတာထောင်ချီနက်သော ရေအော က်မှတစ်ဆင့် အပေါ်သို့ ရေကူးလာပြီနောက် ပင်လ ယ် မျက်နှာပြင်ပေါ်သို့ ခေါင်းပြူထွက်ကာ ကြည့်လို က်၏။

လျူယောင်က ရေပြင်ကျယ်ကြီးကို ကြည့်ရင်း စိတ် ထဲမှ ရေရွတ်လိုက်မိသည်။

“နှမြောစရာပဲ... ဒီချန်ခွန်းအိတ်က သေးနေတယ်.. မ ဟုတ်ရင် မော်တော်ဘုတ်အသေးတစ်စီးလောက် ထ ည့်လာလို့ရတယ်ကွာ.. ဒါဆိုရင် ငါ အခုလို ရေကူး နေစရာမလိုဘဲ မော်တော်ဘုတ်လေးကို မုန်တိုင်းလို အရှိန်နဲ့ မောင်းသွားလို့ရတာပေါ့.. အဲဒါကမှ တကယ့် ကို ပျော်ဖို့ကောင်းမှာ.ဟီး.”

သို့သော်လည်းမော်တော်ဘုတ်မရှိလျှင်လည်း သူ့အ တွက်မူ ပြဿနာမရှိပေ။

သူသည် ရေအောက်၌ တစ်စက္ကန့်လျှင် ဆယ်မီတာ ကျော်နှုန်းဖြင့် လျင်မြန်စွာ ကူးခတ်လာခဲ့သည်။သူ့ ရေကူးနှုန်းမှာ မော်တော်ဘုတ်တစ်စီး၏ အမြန်နူန်း ထက်ပင် လုံးဝလျော့နည်းခြင်း မရှိပေ။

All Chapters