သူမကပဲ တစ်ခုတည်းသော မျှော်လင့်ချက်
Vol. 142 Ch. 1975
ဟိုင်ရှီး၏ စကားများသည် ရှီမာယူယူကို အနည်းငယ် အံ့ဩသွားစေ သည်။
“မင်းတို့ကို ကျောက်မျိုးနွယ်က လေလံဆွဲပြီးဝယ်ထားမှတော့ မင်းတို့ကို ကျောက်မျိုးနွယ်ပိုင်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အခုချိန်မှာ အဲလို လေလံပွဲတွေရှိတယ်ပေါ့”
“မရဏာလေလံပွဲတွေ တော်တော်များများက မြင်ဖူးနေကျ ပစ္စည်းတွေ မဟုတ်ဘူး လူတချို့တောင်ပါတယ်” ယွင်ရာ ပြောလိုက်သည်။
“မင်းကို လေလံပွဲအတွက် ရွေးထားတယ်ဆိုတော့ မင်းမှာ လေလံဆွဲရ လောက်တဲ့ တန်ကြေးရှိတယ်လို့ ဆိုလိုတာပဲ” ရှီမာယူယူသည် မေးစေ့ကိုပွတ် လေသည် “မင်းရဲ့ တန်ကြေးကဘာလဲ”
ဟိုင်ရှီးသည် ခေါင်းငုံ့သွားပြီး စကားမပြောပေ။ သို့သော် သူ၏ အောက် နှုတ်ခမ်းမှာ တစ်လှုပ်လှုပ်ဖြစ်နေပြီး စိတ်မှာလည်း ရှုပ်ထွေးနေသည်။
ရှီမာယူယူသည် ယွင်ရာကိုကြည့်လိုက်ရာ ယွင်ရာသည် ပခုံးတွန့်ပြလေ သည်။ သူသည်လည်း ထိုအကြောင်းကို မသိပေ။ သူ အရင် မေးခဲ့စဉ်က ယခုလို ပင် ဟိုင်ရှီးသည် ဘာမှမပြောခဲ့ပေ။ သူ့ကို ခြိမ်းခြောက်သည့်တိုင်အောင် မေးမရ ခဲ့ပေ။
ရှီမာယူယူသည် မလောပေ။ မည်သို့ပင်ဖြစ်စေကာမူ ဤကဲ့သို့ ကိစ္စမျိုးမှာ မသိလေ ကောင်းလေဖြစ်သည်။ ပြောလိုက်လျှင်သာ သူမကို ဆွဲသွင်းသလိုဖြစ် သွားမည်။
“ကျွန်တော်…” ဟိုင်ရှီးသည် ရှီမာယူယူအား ကြည့်လိုက်သည်။ သူမ သည် သူ၏လျှို့ဝှက်ချက်ကို ဂရုစိုက်လှသည်မဟုတ်ပေ။ သူမ၏ မျက်လုံးထဲ တွင် စပ်စုခြင်း၊ မေးမြန်းခြင်း၊ လှည့်ဖြားခြင်းများရှိမနေဘဲ ကြည်လင်ခြင်းသာ ရှိသည်။ သူသည် သူ့ကိုယ်သူ လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ နိုင်သွားလျှင် အနည်းဆုံးတော့ အစ်မဖြစ်သူကို ကယ်နိုင်မည်။ ရှုံးသွားလျှင် သူ့ကိုယ်သူ အဆုံးရှုံးခံရမည်။
“ကောင်လေး ဒီကမ္ဘာမှာ မင်းတို့မောင်နှမကို ဘယ်သူမှမကယ်နိုင်ဘူး သူမ တစ်ယောက်တည်းပဲတတ်နိုင်မှာ” ယွင်ရာ ပြောလိုက်သည်။
“ဟေး ယွင်ရာ ကျွန်မကို ဗြဟ္မာကြီးဦးခေါင်းကို လာမပေးနဲ့” ရှီမာယူယူ သည် လက်ထဲမှ သစ်ချသီးဖြင့် သူ့ကိုပစ်လိုက်သည်။
ယွင်ရာသည် လက်ဆန့်ထုတ်ပြီး ဖမ်းကာ လက်ထဲမှ သစ်ချသီးနှင့် ကစား ပြီး ပြောလေသည် “မင်းကို ဗြဟ္မာကြီးဦးခေါင်း ပေးတာမဟုတ်ဘူး အမှန်အတိုင်းပြောတာလေ”
“အိုး.. သူတို့ မောင်နှမကို ကယ်နိုင်တာ ကျွန်မတစ်ယောက်ပဲရှိတယ်လို့ ပြောလိုက်တာလေ.. အဲဒါက ကျွန်မကို ဗြဟ္မာကြီးဦးခေါင်းပေးတာမဟုတ်ဘူး လား” ရှီမာယူယူသည် ညည်းညူလေသည် “ဒါဆိုပြောပါဦး ဘာလို့ ကျွန်မက ကယ်တင်ရှင်ကြီးဖြစ်ရမှာလဲ”
“ကြည့်လေ အားရှိတဲ့လူတွေက နှလုံးသားမရှိကြဘူး နှလုံးသားရှိတဲ့လူ တွေက အားမရှိကြဘူး.. မင်းမှာက နှလုံးသားရော အားရောရှိသလို သတ္တိရှိပြီး တောင့်တင်းတဲ့နောက်ခံလည်းရှိတယ်လေ.. အဲတော့ မင်းက ကောင်းကင်ကို တောင် ခွဲပစ်ဖို့ကြောက်မှာမဟုတ်ဘူး” ယွင်ရာသည် သတိရှိရှိဖြင့် တွက်ချက်ပြ လေသည်။
“တော်ပါတော့” ရှီမာယူယူသည် သူ့ကိုအော်လိုက်သည် “အဲဒါကို ဘယ် လိုလုပ် နားထောင်ပေးရမှာလဲ.. စကားတွေက ကျွန်မကို ချီးကျူးနေတာနဲ့မတူ ဘူး”
“ဘာလို့လဲ” ယွင်ရာ ပြောလိုက်သည် “ဒါက မင်းရဲ့အားတွေလေ မင်းမှာ ဒီအခြေအနေတွေ အကုန်ရှိနေတာ အဲတော့ ကယ်တင်ရှင်က မင်းတစ်ယောက် ပဲရှိတာလေ”
“ဒါပေမဲ့ ရှင့်စကားတွေက ကျွန်မကပဲ ကမ္ဘာကြီးဖရိုဖရဲဖြစ်မှာကို မကြောက်သလိုပြောနေတာ..”
“ဒါကတော့ မင်းအထင်လွဲတာလေ” ယွင်ရာသည် အတိအကျပင် ပြော လေသည်။
“ဟေး ရှင်က အဲလိုမျိုးယုံနေတာလေ” ရှီမာယူယူသည် သူ့ကို အရေး မလုပ်ချင်တော့ပေ။
ဟိုင်ရှီး၏ မပြတ်မသားဖြစ်နေသော စိတ်များမှာ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။ သူသည် ရှီမာယူယူကို ထပ်မံကန်တော့ကာ ပြောလေသည် “မင်းသမီးလေး.. မင်းသမီးလေးရဲ့ အဆင့်အတန်းနေရာကို ကျွန်တော်မသိပါဘူး ဒါပေမဲ့ မင်းသမီးလေးက ကျွန်တော့်အစ်မကိုကယ်နိုင်ရင် ကျွန်တော် မင်းသမီးလေးနောက် လိုက်ချင်ပါတယ်”
“ငါ့နောက်လိုက်ရင် ငါ့အတွက်ကောင်းတာရှိမှာလား” ရှီမာယူယူသည် မျက်ခုံးများကို ပင့်လိုက်သည်။
“တကယ်တော့.. တကယ်တော့ ကျွန်တော့်အစ်မနဲ့ ကျွန်တော်က.. နှစ်ယောက်လုံးက လူသားကျင့်စဉ်ဖို**ပါ”
ဟိုင်ရှီ၏ စကားများသည် သူတို့ကို တဒင်္ကမျှ အေးခဲသွားစေပြီး လေ တိုက်အလာတွင် သစ်ပင်များပွတ်တိုက်သံကိုသာ ကြားရလေသည်။
ဟိုင်ရှီသည် ခေါင်းမော့ပြီး ရှီမာယူယူကို ကြည့်လိုက်သည်။ ပြီးနောက် ခေါင်းပြန်ငုံ့သွားကာ ဆက်ပြောလေသည် “ကျွန်တော်က ငယ်သေးပေမဲ့.. ကြီးလာတဲ့အချိန်ကျရင်…”
“တော်လိုက်တော့” သူ သူမနောက် လိုက်လိုသည်ဟု ဘာကြောင့်ပြော လာသည်ကို ရှီမာယူယူ နားလည်သွားပြီဖြစ်သည်။ သူသည် အရွယ်ရောက်လာ လျှင် ကျင့်စဉ်ဖိုဖြစ်ပေးရန် တွေးထားခြင်းဖြစ်သည်။
သူမသည် ယွင်ရာနှင့်ဖေးယိတို့ကို ကြည့်လိုက်ရာ သူတို့သည်လည်း ထို စကားများကြောင့် ထိတ်လန့်နေကြသည်ကို တွေ့လိုက်ရသည်။
သူ ပြောလို့မရတဲ့ အကြောင်းအရင်းက ဒါကြောင့်ကိုး။
“မင်းအစ်မရော အဲလိုပဲလား” သူမ မေးလိုက်သည်။
“ဟုတ်ပါတယ်” ဟိုင်ရှီး ခေါင်းညိတ်လေသည် “ကျွန်တော်တို့ မိသားစုရဲ့ သွေးသားထဲမှာ စီးနေတဲ့သွေးကြောင့် တော်တော်များများက ကျင့်စဉ်ဖိုဖြစ်ကြ ရတယ်.. အဲဒါကြောင့်လည်း ကျွန်တော်တို့ မိသားစုတွေ ပြိုကွဲခဲ့တာပါ.. ကျင့်စဉ်ဖိုမဟုတ်တဲ့လူတွေက အသတ်ခံရပြီး ကျင့်စဉ်ဖိုဖြစ်လာတဲ့လူတွေက တော့ အလုခံလိုက်ရပါတယ်.. ကျွန်တော့်အစ်မနဲ့ ကျွန်တော်တို့လို လူငယ်တွေ ကတော့ လေလံပွဲမှာ ရောင်းစားခံခဲ့ရပါတယ်”
သူသည် သူ၏မျိုးနွယ် ပျက်စီးသွားခဲ့ရသည့် မြင်ကွင်းကို စဉ်းစားမိပြီး ခန္ဓာကိုယ်မှာ အဆက်မပြတ် တုန်ယင်နေမိသည်။ မျက်ရည်များသည် ပါးပြင် ပေါ်ကျလာသော်လည်း မငိုမိအောင် သူ့ကိုယ်သူ ထိန်းထားသည်။
သူတို့မျိုးနွယ်သာ သန်မာလျှင် ချေမှုန်းခံရမည်မဟုတ်ပေ။ သူ့မှာသာ အင်အားရှိလျှင် အစ်မဖြစ်သူသည် သူမကိုယ်သူမ စတေးပြီး ထိုလူများလက်ထဲ ရောက်မည်မဟုတ်ပေ။
သူသာ မသေလျှင် ပိုသန်မာအောင်လုပ်မည်။ ထိုလူများအားလုံးကို သတ်နိုင်လောက်သည်အထိ သန်မာလာပြီး မိသားစုအတွက် လက်စားချေရ မည်။
ဒါပေမဲ့ အဲလိုနေ့ရောက်ဖို့ သူ့မှာ အခွင့်အရေးရှိဦးမှာလား။
သူသည် ခေါင်းငုံ့လိုက်သည်။ တခြားသူများ၏ မျက်နှာများမှာ မည်သို့ ဖြစ်နေကြသည်ကိုမသိသဖြင့် သူ အနည်းငယ် စိတ်ပူမိသည်။
သူသည် အစောက သူ၏ ထင်မြင်ချက်ကို ပြောပြပြီးဖြစ်သည်။ သို့သော် သူမ၏ တုံ့ပြန်ချက်မှာ သူထင်ထားသည်နှင့် ကွဲလွဲနေသည်။ သူ၏ သရုပ်မှန်ကို သိသွားပြီး တခြားသူများ၏ မျက်လုံးများတွင် ဖြစ်နေကျကဲ့သို့ သူမတွင် ပျော်ရွှင်ခြင်းများမရှိသလို စိတ်လှုပ်ရှားခြင်း၊ စိတ်ဝင်စားခြင်းများလည်းရှိ မနေ ပေ။ သူသည် ထိုလူများ၏ ထိုအမူအရာများကို မုန်းတီးသည်။ သို့သော် သူမတွင် ထိုအမူအရာများရှိမနေသဖြင့် သူ စိတ်အနှောင့်အယှက်ဖြစ်ရပြန်သည်။
အကယ်၍ ထိုအမူအရာများသာ ရှိနေပါက သူသည် သူမအတွက် အသုံး ဝင်သေးသည်။ သူသည် အခြေအနေကို အသုံးချပြီး အစ်မဖြစ်သူကို ကယ်ရန် တောင်းဆိုမည်။ သူမသာ သူ့ကိုမလိုချင်ပါက ကူညီပေးရန်အတွက် မည်သည့် အပေးအယူကို လုပ်ရတော့မည်နည်း။
ထိုအကြောင်းကို တွေးမိသည်နှင့် စိတ်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့သွား သည်။
“ဟူး..”
သူ့ ခေါင်းပေါ်မှ သက်ပြင်းတစ်ချက် ထွက်လာရာ သူသည် နူးညံ့သော အားတစ်ခု၏ ဆွဲငင်ခြင်းကိုခံလိုက်ရလေသည်။ သူ မော့ကြည့်ရာ သူမ၏ သနား ရိပ်သန်းနေသော မျက်လုံးများကို မြင်လိုက်ရသည်။
“မင်းသမီးလေး” သူသည် အလိုလိုပင် ခေါ်မိသွားသည်။
ရှီမာယူယူသည် သက်ပြင်းချပြီးရင်းချကာ ပြောလေသည် “မင်းခန္ဓာကိုယ် က မင်းအပိုင်ပဲလေ ဘယ်သူမှမပိုင်ဘူး.. နောက်ကို မင်းသာ မင်းခန္ဓာကိုယ်ကို ကောင်းကောင်း တန်ဖိုးထားမယ်ဆိုရင် မင်းအစ်မကို ကယ်ဖို့ ငါ ကူညီပေးမယ် နောင်တစ်ချိန် မင်းခန္ဓာကိုယ်ကို တခြားသူတွေကို ပေးသုံးဖို့စဉ်းစားနေတာဆို ရင်တော့ မင်းလွတ်မြောက်ဖို့ကို မင်းအစ်မရဲ့ အားထုတ်မှုတွေနဲ့ မင်းမတန်သေး ဘူး”
ဟိုင်ရှီး၏ မျက်ရည်များ ထပ်မံကျလာပြန်သည်။ အစက သူသည် အသံ မထွက်အောင် ငိုနေသေးသည်။ သို့သော် ရှီမာယူယူ သူ့ကို အလေးအနက်ထား ကြည့်နေသည်ကိုမြင်သောအခါ ရုတ်တရက် အော်ငိုပြီး ရှီမာယူယူ၏ ရင်ခွင်ထဲ ပြေးဝင်ကာ တစ်ကိုယ်လုံး တုန်ယင်သည်အထိ ငိုလေသည်။
ဝူလင်းယူ၏ မျက်နှာမှာ ပြန်ပြီးမည်းလာပြန်သည်။ ရှီမာယူယူသည် ဟိုင်ရှီ၏ ခေါင်းကိုပုတ်ပြီး ပြောလိုက်သည် “သူက ကလေးပဲရှိသေးတာလေ”
“ကံကောင်းလို့နော်.. မဟုတ်ရင် သူသေပြီပဲ” ဝူလင်းယူသည် ဟိုင်ရှီးအား ကြည့်ပြီး ဆွဲထုတ်ချင်နေမိသည်။
ဟိုင်ရှီသည် ဤအတောအတွင်း ကြောက်ရွံ့မှုများ၊ မျှော်လင့်ချက်မဲ့မှုများ အကူအညီမဲ့နေခြင်းများကြောင့် ငိုကြွေးနေရာ ရှီမာယူယူ၏ စကတ်တစ်ထည် လုံးပင် စိုရွှဲသွားလေသည်။
“သူက ဒီအတိုင်းကလေးတစ်ယောက်ပဲကို ဘာလို့ မျက်ရည်တွေက ဒီလောက်များရတာလဲ” ယွင်ရာ သက်ပြင်းချလေသည် “အိုး ငါက သူ့ကိုကယ် ထားတာလေ ငါ့ကိုပိုပြီး ယုံသင့်တာမဟုတ်ဘူးလား” သူသည် အနည်းငယ် ခံပြင်းမိသည်။ ဟိုင်ရှီသည် ရှီမာယူယူဆီသို့သွားပြီး ဖက်ပင်ဖက်ထားလိုက်သေး သည်။
“မင်းမှာက လူသတ်မယ့် အရှိန်အဝါတွေပြည့်နေတာလေ… ပထမဆုံး တွေ့တာနဲ့ ဘယ်သူကမင်းကိုယုံမှာမို့လို့လဲ” ဖေးယိသည် ဘာမပြောညာမပြော ဖြင့် ထိုအမုန်းစကားများကို ပြောလေသည်။
“မင်းကတော့ တကယ်ပဲ…” ယွင်ရာသည် သူ့ကို မျက်လုံးများ ကျဉ်းမြောင်းပြီး ကြည့်လိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ငါ သူ့ကိုကယ်ခဲ့တာလေ သူ့ကိုကယ်ရုံတင်မဟုတ်ဘူး သူနဲ့ ရက်တွေအများကြီးနေပေးလိုက်သေးတယ် ဟင်း”
ရှီမာယူယူသည် သူ့ကိုလှမ်းကြည့်လိုက်သည်။ သူမဆိုလိုချင်သည့် အဓိပ္ပာယ်မှာ မျက်လုံးတွင် အတိုင်းသာ ပေါ်နေသည် “ဒါဆိုလည်း ဒီမှာလာပြီး နေရာလာလဲလိုက်”
“ထားလိုက်ပါတော့” ယွင်ရာသည် သူမကို ပြုံးပြလေသည်။
သူ့မှာလည်း အကျင့်တစ်ခုရှိသည်။ သူသည် တစ်စုံတစ်ခုကို မလုပ်ဟု ဆုံးဖြတ်ထားလျှင် သူကစပြီး ဘာမှမလုပ်ပေ။
ဖူရှီသည် ဟိုင်ရှီ့ကို ဆက်တိုက်ကြည့်နေသည်။ သူ့ပါးစပ်ထဲမှ သစ်ချသီး များသည် ခလောက်ဆန်နေသည်။
သူလည်း ကလေးဘဝတုန်းက ဒီလိုလှည့်ကွက်သုံးလိုက်ရင် ဘယ်လိုဖြစ် မလဲ။ ဒါပေမဲ့ သူ့ရဲ့ တကယ့်အသက်အရွယ်နဲ့ဆို ကလေးမဟုတ်တော့လို့ အမြဲတမ်း အေးခဲနေတဲ့ မျက်နှာနဲ့လူကြီးက သူ့ကို လွှင့်သွားအောင် လုပ်လိုက် မယ်ထင်တယ်။
(**ကျင့်စဉ်ဖို - ကျင့်ကြံသူတွေဟာ Yin Yang စွမ်းအား နှစ်ခုကိုပေါင်း လိုက်ရင် စွမ်းအားအမြန်ကြီးလာတဲ့အတွက် စွမ်းအားရှိတဲ့သူတွေနဲ့ ကာမ ဆက်ဆံ၊ အဓမ္မပြုကျင့်ပြီးတော့ ကျင့်စဉ်ကိုပျိုးထောင်တဲ့နေရာမှာ သုံးတဲ့ အသုံးအနှုန်း)
***