ဒီလောက်မြန်တဲ့ဟာက ဘာကြီးလည်း
Vol. 50 Ch. 592
လျူယောင်က နာရီပေါင်းများစွာကြာအောင် ရေကူး လာသော်လည်း နည်းနည်းမျှ ပင်ပန်းနွမ်းနယ်ခြင်း မ ရှိပေ။ဤသည်မှာ သူက လိပ်ကြီးနှင့် စွမ်းရည်များ မျှဝေထားသောကြောင့်ပင် ဖြစ်၏။
သို့သော်လည်း လျူယောင်၏ အမြန်နှုန်း၊ခွန်အား နှ င့် သွက်လက်မှုတို့မှာ လူသားတစ်ယောက်အနေဖြင့် အထွဋ်အထိပ်သို့ ရောက်နေသော်လည်း သူနှင့် စွမ်း ရည်များ မျှဝေ ထားသည့် လိပ်ကြီးကမူ မည်သည့် ကန့် သတ်ချက်မျှမရှိဘဲ ကြီးထွားနေဆဲပင်ဖြစ်သည် ။
လျူယောင်က တစ်ခါတစ်လေ ဤကဲ့သို့ တွေးမိလို က်၏။
"ငါ့မှာသာ ကန့်သတ်ချက်မရှိဘဲ လိပ်ကြီးနဲ့အတူ ထ ာဝရကြီးထွားနိုင်ရင် ဘယ်လောက်တောင် ကောင်း မလဲကွာ.."
သူသည် လူသူကင်းရှင်းသော ကမ်းခြေမှတစ်ဆင့် ကုန်းပေါ်သို့ တက်လာခဲ့သည်။ပတ်ဝန်းကျင်၌ မည် သူမျှမရှိကြောင်း သေချာမှသာ အဝတ်အစားများ လဲလိုက်၏။
ထိုနေရာမှ နှစ်မိုင်၊ သုံးမိုင်ခန့် လှမ်းလျှောက်လာပြီး နောက် မြေနီလမ်းလေးတစ်လမ်းကို သူ လိုက်ရသ ည်။ဤတစ်ကြိမ်တွင်မူ လျူယောင်က မြင်းလှည်း စီးရန် စိတ်မကူးတော့ပေ။ထိုအစား သူ့ ချန်ခွန်းအိ တ်ထဲမှ မော်တော်ဆိုင်ကယ်တစ်စီးအား ထုတ်ကာ စ တိုင်ကျကျ မောင်းလာလိုက်သည်။
လျူယောင် သွားမည့်နေရာမှာ ဟိုင်ကျိုးမြို့ပင် ဖြစ် ၏။ သူ့ အမြင်၌ တခြားမြို့လေးများမှာမူ သေးငယ် လွန်းလှသည်။
ဤဂိုဝူကမ္ဘာတွင် တစ်စီးတည်းသော မော်တော်ဆိုင် ကယ်ကို စီးနင်းရသည့် ခံစားချက်မှာ ဖော်ပြ၍ မရနို င်အောင် အံ့သြစရာ ကောင်းလှ၏။လျူယောင်သ ည် မြေလမ်းတစ်လျှောက် အရှိန်ပြင်းပြင်းဖြင့် မော င်းနှင်နေရင်း စိတ်လှုပ်ရှားမှုအား အပြည့်အဝ ခံစား နေရသည်။
ဘေးတစ်ဖက်တစ်ချက်စီမှ သစ်ပင်များ၊လယ်ကွင်း များနှင့် လယ်တဲကလေးများသည် လျှပ်စီးလက်သ ကဲ့သို့ သူ့ နောက်ဘက်တွင် ကျန်ရစ်ခဲ့၏။
တစ်မီတာခန့်သာ ကျယ်သည့် ကျေးလက်မြေလမ်း တစ်လျှောက် ခုနစ်မိုင်၊ရှစ်မိုင်ခန့် သူ မောင်းလာပြီး နောက် လမ်းမှာ တဖြည်းဖြည်း ကျယ်လာကာ သုံး လေးမီတာခန့်ကျယ်သော လမ်းမကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။
၎င်းမှာ ဟိုင်ကျိုးမြို့သို့ တိုက် ရိုက်ဦးတည်ထားသေ ာ လမ်းမကြီးပင် ဖြစ်၏။
ကျေးလက်မြေလမ်းပေါ်တွင်မူ သူသည် လမ်းအ ခြေအနေကြောင့် အရှိန်ကို တစ်နာရီ ကီလိုမီတာ ၃၀ မှ ၄၀ ခန့်သာ ထိန်းမောင်းလာသော်လည်း ယခုအ ခါ မူ လျူယောင်သည် အရှိန်ကို မြှင့်လိုက်သည်။
သူ့ အမြန်နှုန်းမှာ ကီလိုမီတာ ၅၀၊ ၆၀ မှသည် တစ် ခါတစ်ရံ ကီလို ၇၀ ကျော်အထိပင် လျှပ်စီးသဖွယ် မြန်ဆန်နေ၏။
လျူယောင်သာ အလိုရှိပါက ထိုထက်ပိုမြန်အောင် မောင်းနိုင်သော်လည်း ယခုအရှိန်သည်ပင် လမ်း လျှောက်နေသူများ၊မြင်းစီးသူများနှင့် မြင်းလှည်းမျ ားအား အ ပြတ်အသတ် ကျော်တက်ရန် လုံလော က်ပေသည်။
"ဟေးး ဟိုမှာ... အဲဒါ ဘာကြီးလဲ.."
"ကြည့်စမ်း... မြန်လိုက်တာ..ခုနက ငါ့ ရှေ့တင်ပဲ ရှိ သေးတယ်..ပျောက်သွားပြီဟ.."
လမ်းပေါ်ရှိ ခရီးသွားများမှာ လျူယောင် ဆိုင်ကယ် ဖြင့် ဝှစ်ခနဲ ဖြတ်ကျော်သွားသည်ကိုသာ ငေးကြည့် ရင်း ကျန်ရစ်ခဲ့၏။မျက်စိတစ်မှိတ်အတွင်း ပျောက် ကွယ်သွားသော ထိုအရာကို ကြည့်ကာ သူတို့ အား လုံးမှာ အိပ်မက်မက်နေသလားဟုပင် ဝေခွဲမရအော င် ဖြစ်နေခဲ့သည်။
ထိုအချိန်တွင်မူ ဝူယူကန်းဟု အမည်ရသော လူငယ် တစ်ဦးသည်လည်း ဟိုင်ကျိုးမြို့သို့ ပြန်လာနေ၏။
ထိုလူငယ်သည် ဟိုင်ကျိုးမြို့မှ သြဇာအရှိဆုံး မိသာ းစုကြီးတစ်စုဖြစ်သော ဝူမိသားစု၏ တတိယမြော က်မျိုးဆက်ဖြစ်ပြီး ရေမြေခြားသို့ တစ်နှစ်ကျော်ကြ ာ ခရီးထွက်လာခဲ့ရာမှ ယခုမှ ပြန်လာခြင်းပင် ဖြစ် သည်။
ဟိုင်ကျိုးမြို့တွင် ဝူမိသားစုသည် အာဏာနှင့် အင့် အား အလုံးစုံ ပြည့်စုံသော မိသားစုကြီးပင် ဖြစ်၏။
ထို့အပြင် ဝူမိသားစု၏ ဘိုးဘေးမှာလည်း မြေကမ္ဘာ သတ္တမအဆင့် သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်သော ကြောင့် သူတို့၏ ဂုဏ်သတင်းမှာ တစ်နယ်လုံးတွင် ကျော်ကြားလှပေသည်။
ဝူမိသားစု၏ တတိယမြောက်မျိုးဆက်ပီပီ ဝူယူက န်းသည် မည်သည့်အခါမျှ သိမ်ငယ်စွာ နေထိုင်တတ် သူမဟုတ်ပေ။သူ ခရီးမှအပြန်တွင်လည်း အခြွေအ ရံ နောက်လိုက် ဒါဇင်နှင့်ချီကာ ဝန်းရံလျက် ခမ်းနား ထည်ဝါစွာ ပြန်လာခဲ့၏။
မြင်းကောင်း ဒါဇင်ပေါင်းများစွာဖြင့် အမြန် မောင်း လာသောကြောင့် မြေပြင်ပင် တုန်ခါနေသကဲ့သို့ ဖြစ် နေသည်။ဝူယူကန်းမှာ ထိုကဲ့သို့ အရှိန်ပြင်းပြင်းမော င်းရသည့် ခံစားချက်အား အလွန်နှစ်သက်သူလည်း ဖြစ်၏။
သူသည် သူ၏ အဖိုးတန် အဖြူရောင်မြင်းကြီးပေါ် မှာ စီးရင်း မျက်နှာထက်တွင် မာနများဖြင့် အုပ်စု၏ ရှေ့ဆုံးမှ အရှိန်ပြင်းပြင်း မောင်းလာခဲ့သည်။
ဤဂိုဝူကမ္ဘာတွင် လက်နက်ကောင်းများ၊သိုင်းပညာ ရပ်များနှင့် မြင်းကောင်းများသည်သာ အဖိုးအထိုက် တန်ဆုံး အရာများပင် ဖြစ်၏။နည်းပညာထွန်းကား ခြင်းမရှိသည့် ဤကမ္ဘာတွင် မြင်းကောင်းတစ်စီး ပိုင် ဆိုင်ရခြင်းမှာ အလွန်အရေးပါလှသည်။
အချို့သော မျိုးရိုးကောင်းမြင်းများဆိုလျှင် ရွှေဒင်္ဂါ း ထောင်သောင်းချီ၍ပင် တန်ဖိုးရှိ၏။
ဝူယူကန်းသည် သူ့မြင်းကို အသားကုန် မောင်းနေစ ဉ်မှာပင် သူတစ်ခါမျှ မမြင်ဖူးသော အရာတစ်ခုသ ည် နောက်ဘက်မှ လျှပ်စီးသဖွယ် ပြေးဝင်လာကာ သူ့အား ဝှး်ခနဲ ကျော်တက်သွားပေသည်။ဝူယူက န်းတစ်ယောက် ဘာမှပင် မတုံ့ပြန်နိုင်သေးခင်မှာပင် ထိုအရာမှာ သူ့ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။
"ဘုရားရေ ဒီလောက်မြန်တဲ့ ဟာကြီးက ဘာကြီးလဲ ဟ.."
"ဒါ..ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ..ဘယ်အရာက ငါ့မြင်း မက်ဆီမာထက် နှစ်ဆကျော် ပိုမြန်နေရတာလဲ. .."
သူ အံ့အားသင့်လွန်းသဖြင့် မြင်းကို ဖြည်းဖြည်းချင် း ထိန်းကာ ရပ်လိုက်မိသည်။ထို့နောက် ထိုထူးဆန်း သောအရာ ပျောက်ကွယ်သွားရာ လမ်းမထက်သို့ သူ ငေးကြည့်နေမိသည်။
"ခုနက ဟာက ဘာကြီးလဲ..မင်းတို့ထဲက တစ်ယော က်ယောက် သိလား.."
သူ့နောက်မှ အပြေးအလွှား လိုက်လာကြသော နော က်လိုက် ၂၀၊၃၀ ခန့်မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေကြ၏။ဤကဲ့သို့သော အ ရာမျိုးအား သူတို့တစ်သက်တွင် မမြင်ဖူးရုံမျှမက ကြားပင်မကြားဖူးကြသဖြင့် မည်သူမျှ အဖြေမပေး နိုင်ကြပေ။
နောက်လိုက်တစ်ဦးက ဝင်ပြောလိုက်သည်။
"သခင်လေး... ကြည့်ရတာ အဲဒါ ဘီးနှစ်ဘီးတပ်ထာ းတဲ့ ရထားလုံးတစ်မျိုးနဲ့ တူတယ်ဗျ.." .
"ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်..ဒါ ကျွန်တေ ာ် တို့ တစ်ခါမှ မမြင်ဖူးတဲ့ ထူးဆန်းတဲ့ယာဉ်တစ်မျို းပဲနေမယ်.. ဒါပေမဲ့ အဲဒီလောက် မြန်တော့ သေချာ မမြင်လိုက်ရဘူး သခင်လေးရ.."
နောက်တစ်ဦးကလည်း ဝင်ပြောရာ ဝူယူကန်း၏ စိ တ်ထဲတွင် ထိုအရာအား ပိုင်ဆိုင်လိုစိတ်များ တဖွား ဖွား ပေါ်လာပေသည်။
"သခင်လေးသာ အဲဒီလိုယာဉ်မျိုးကို စီးရရင် တက ယ့်ကို ခန့်ညားနေမှာပဲနော်.."
နောက်လိုက်များက မြှောက်ပင့်ပြောဆိုသောအခါ ဝူ ယူကန်းခဗျာလည်း သူ အလွန်တန်ဖိုးထားရသော မ က်ဆီမာမြင်းကြီးကိုပင် စိတ်ကုန်လာမိ၏။ထိုထူးဆ န်းသောယာဉ်နှင့် နှိုင်းယှဉ်လျှင် သူ့ မြင်းကောင်းမှာ ဘာမှမဟုတ်တော့သလို သူ ခံစားနေရသည်။
"ငါ အဲဒါကို လိုချင်တယ်... ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အဲ့ဒါကို ငါ့ ရအောင်ယူမယ်ကွာ.."
ဝူယူကန်း၏ အကြံကို ရိပ်မိသော ပါးနပ်သည့် နော က်လိုက်တစ်ဦးက အနားသို့ ကပ်ကာ အကြံပေးလို က်၏။
"သခင်လေး... ခုနက ထူးဆန်းတဲ့ယာဉ်က ဟိုင်ကျိုး မြို့ဘက်ကို ဦးတည်သွားတာပါ..အဲဒီမြို့က ကျွန် တော်တို့ ဝူမိသားစုရဲ့ နယ်မြေပဲလေ..ကျွန်တော်တို့ မြန်မြန်ပြန်သွားပြီး စုံစမ်းကြည့်ရင် သခင်လေး အဲဒီ ဟာကို အလွယ်တကူ ဝယ်ယူနိုင်မှာပါဗျာ.."
"ဟုတ်သားပဲ..ငါမေ့နေတယ်ကွာ.."
ဝူယူကန်း၏ မျက်လုံးများမှာမူ အရောင်တောက်လာ ကာ သူ့ လက်ကို ဝှေ့ယမ်း၍ အားတက်သရော အမိ န့် ပေးလိုက်၏။
"မြန်မြန်သွားကြမယ်..အခုချက်ချင်း ငါတို့ ဟိုင်ကျိုး မြို့ကို ပြန်မယ်.."
ဝူယူကန်းတို့ တစ်ဖွဲ့လုံး အသည်းအသန် လိုချင်နေ သည့် ထိုအရာမှာ လျူယောင်၏ မော်တော်ဆိုင်က ယ်ပင် ဖြစ်ပေသည်။ယခင်က ကျောက်ကျားမြို့မှ ဟိုင်ကျိုးမြို့သို့ လှည်းဖြင့် သွားလာရာတွင် တစ်နေ့ ခင်းလုံး ကြာခဲ့၏။
ယခုအခါတွင်မူ ဆိုင်ကယ်၏ အမြန်နူန်းကြောင့် တ စ်နာရီကျော်သာ ကြာခဲ့ပြီးနောက် နံနက် ၁၀ နာရီခန့် တွင် လျူယောင်သည် ဟိုင်ကျိုးမြို့အပြင်ဘက်သို့ ရောက်လာခဲ့သည်။သူ့ ရှေ့တည့်တည့်တွင် မြင့်မား လှသော မြို့ရိုးကြီးများနှင့် ခမ်းနားထည်ဝါလှသော မြို့တံခါးကြီးအား လှမ်းမြင်နေရ၏။
လျူယောင်သည် သမိုင်းကြောင်းစာအုပ်ကို ဖတ်ထ ားသဖြင့် မြို့အကြောင်းအား သေသေချာ သိထား ခဲ့သည်။
၎င်းသည် မဟာရှောင်မင်နိုင်ငံ၏ မြို့ကြီးတစ်မြို့ဖြ စ်ပြီး လူဦးရေ တစ်သန်းကျော်နေထိုင်၏။မြို့၏ အ လျားနှင့် အနံမှာ ကီလိုမီတာ အတော်များများအထိ ကျယ်ဝန်းပြီး စုစုပေါင်း ဧရိယာ ၆၀ စတုရန်းကီလိုမီ တာခန့်ရှိသဖြင့် အလွန်ကြီးမားသော မြို့ကြီးတစ် မြို့ဟု ပြောရပေမည်။
ဟိုင်ကျိုးမြို့ထဲသို့ ဝင်ရန် နီးကပ်လာသော်လည်း လျူယောင်ကမူ ဆိုင်ကယ်အား သိမ်းဆည်းရန် စိတ် မကူးပေ။သူသည် ဆိုင်ကယ်အရှိန်ကို ဖြည်းဖြည်းချ င်း အရှိန်လျှော့ကာ မြို့တံခါးဆီသို့ အေးအေးဆေး ဆေးပင် မောင်းလာခဲ့သည်။
လျူယောင်၏ မော်တော်ဆိုင်ကယ်ကို မြင်သောအ ခါ လမ်းတစ်လျှောက်လုံး လူများစွာ၏ အကြည့်မှာ လျူယောင်ဆီသို့သာ စိတ်ဝင်စားစွာ ကြည့်နေ၏။ သတ္တိရှိသူအချို့ကမူ စူးစမ်းလိုစိတ်ဖြင့် လျူယောင့် နားသို့ ကပ်လာကာ မေးမြန်းလိုက်ကြသည်။
"အစ်ကိုကြီး... အဲဒါ ဘာကြီးလဲဗျ..ကြည့်ရတာ တကယ့်ကို ထူးဆန်းလိုက်တာ.."
"အစ်ကိုကြီး.. ဒီပစ္စည်းကို ဘယ်မှာ ဝယ်တာလဲဗျ.. ကျွန်တော် တစ်ခါမှ မမြင်ဖူးလို့ပါဗျာ"
လျူယောင်သည် လူများစွာ အံ့သြတုန်လှုပ်နေသော အကြည့်များနှင့် မေးခွန်းများကြားတွင် သူ့မော်တေ ာ်ဆိုင်ကယ်အား စတိုင်ကျကျဖြင့် မြို့ထဲသို့ မောင်း လာခဲ့၏။
သူ့အား အံ့သြတကြီး ကြည့်နေကြသည့် လူအုပ်ကြီး ကိုမူ ခပ်ပြုံးပြုံးသာ တုံ့ပြန်ရင်း မောင်းလာရာ လူတ န်းကြီးကလ ည်း သူ့နောက်မှ လိုက်ပါလျက်ဟိုင်ကျို း မြို့အတွင်းသို့ ဝင်လာခဲ့သည်။သူ့ ဦးတည်ရာမှာ မြို့၏ အစည်ကားဆုံးနှင့်အဓိကအကျဆုံး ပင်းအန်း လမ်းပင် ဖြစ်၏။
လူဦးရေ တစ်သန်းကျော် နေထိုင်သည့် မြို့ကြီးဖြစ် သော်လည်း ခေတ်မီအထပ်မြင့် အဆောက်အအုံဟူ ၍ မရှိပေ။
အများစုမှာ နှစ်ထပ်၊ သုံးထပ်သာ ဖြစ်ပြီး အမြင့်ဆုံး မှ ငါးထပ်ခန့်သာ ရှိလိမ့်မည်ဟု လျူယောင်ခန့်မှန်း မိသည်။ထို့ကြောင့်ပင် ထိုမြို့၏ ဧရိယာမှာ အလွန် တရာ ကျယ်ဝန်းလှခြင်း ဖြစ်၏။
ဤဂိုဝူကမ္ဘာ၏ နည်းပညာမှာ များစွာနောက်ကျနေ သော်လည်း ဗိသုကာလက်ရာကိုမူ အထင်သေး၍ မ ရပေ။ကျွမ်းကျင်သော လက်မှုပညာရှင်များစွာ ရှိပုံ ရပြီး မြို့အတွင်းရှိ အဆောက်အအုံများစွာမှာ လက် ရာမြောက်၍ လှပလွန်းလှသည်။
ကျောက်ပြားများ ခင်းထားသော လမ်းမကြီးများမှာ လည်း သန့်ရှင်းနေပြီး လူအသွားအလာများဖြင့် စ ည်ကားလျက်ရှိနေ၏။လမ်းမထက်တွင်လည်း လှည် းငယ်လေးများ၊မြင်းစီးသူများနှင့် ခရီးသွားများ ဖြ င့် ရှုပ်ယှက်ခတ်နေသော်လည်း လျူယောင်နှင့် သူ့ ဆိုင်ကယ်မှာမူ လမ်းတစ်လျှောက်လုံးတွင် လူများစွ ာ ၏ အာရုံစိုက်ခြင်း အခံရဆုံး ဖြစ်ပေသည်။
လမ်းဆုံလမ်းခွ အနည်းငယ်ကို ဖြတ်ကျော်ပြီးနော က် လျူယောင်သည် သူတစ်ခါမျှ မရောက်ဖူးသေး သည့် ပင်းအန်လမ်းမကြီးပေါ်သို့ နောက်ဆုံးတွင် ရောက်လာခဲ့၏။
ယခင်က သူဖြတ်လာဖူးသော လမ်းများမှာ ယခု ပ င်းအန်လမ်းမကြီးနှင့် နှိုင်းယှဉ်လျှင် အဖက်ဖက်မှ နိ မ့်ပါးလွန်းလှသည်။ဤလမ်းမကြီးမှာ မီတာ ၂၀ မှ ၃ ၀ ခန့်အထိ အံ့သြဖွယ်ကောင်းလောက်အောင် ကျယ် ဝန်းပြီး လမ်းဘေးတစ်ဖက်တစ်ချက်စီတွင်လည်း ဆိုင်ခန်းများဖြင့် ပြည့်နှက်နေ၏။
ထိုစည်ကားလှသည့် မြင်ကွင်းများကြားတွင်မူ ရှေး ဆန်ပြီး ခန့်ညားလှသော စားသောက်ဆိုင်ကြီးက လျူယောင်၏ အာရုံအား ချက်ချင်းပင် ဖမ်းစားလို က်သည်။အချိန်ကား နေမွန်းတည့်ချိန်သို့ ရောက်နေ ပြီဖြစ်ရာ သူ့ ဗိုက်အား အရင်ဆုံး ဖြည့်တင်းရန် လို အပ်နေ၏။
"ဗိုက်ဝမှ အလုပ်လုပ်နိုင်မည်" ဟူသော အတွေးဖြင့် သူသည် ဗိုက်အရင်ဖြည့်ပြီးမှသာ တည်းခိုဖို့နေရာ အား ဆက်လက်ရှာဖွေရန် ဆုံးဖြတ်လိုက်ပေသည်။