ဒါကို မော်တော်ဆိုင်လို့ ခေါ်တယ်
Vol. 50 Ch. 593
“ငါ ဒီနေရာမှာ ကိုယ့်ပိုင်အိမ်လေးတစ်လုံးရှိရင် သိပ် ကောင်းမှာပဲ.. အခုလို တည်းခိုဖို့အတွက် နေရာလို က်ရှာစရာ မလိုတော့ဘူးကွာ”
လျူယောင်က စိတ်ထဲက ရေရွတ်ရင်း မော်တော်ဆို င် ကယ်ပေါ်မှ ဆင်းလိုက်သည်။ထို့နောက် စိတ်အာရုံ ဖြင့် ဆိုင်ကယ်အား ချန်ခွန်းအိတ်ထဲသို့ ထည့်လိုက် ၏။
ထူးခြားသည်မှာ ပတ်ဝန်းကျင်ရှိ လူများမှာလည်း ထိုမြင်ကွင်းကို မြင်တွေ့ရသော်လည်း အံ့အားသင့်ခြ င်း မရှိကြပေ။
‘အတတ်ပညာမျိုးစုံ"စာအုပ်အား သူဖတ်ပြီးမှ လျူ ယောင် နားလည်လာခဲ့သည်။သိုင်းပညာရှင်များအ နေဖြင့် လူအများရှေ့တွင် ချန်ခွန်းအိတ်ကို အသုံးပြု ၍ ပစ္စည်းများ ထည့်ခြင်း၊ထုတ်ခြင်းမှာ သာမာန်ကိစ္စ တစ်ခု ဖြစ်ကြောင်းပင်။
ထို့ကြောင့် သူသည်လည်း ပုန်းလျှိုးကွယ်လျှိုး လုပ် နေစရာ မလိုတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် အသုံး ပြုလိုက်ခြင်း ဖြစ်၏။
ဆိုင်ကယ်ကို သိမ်းပြီးနောက် လျူယောင်က ခန့်ညာ း ထည်ဝါသော စားသောက်ဆိုင်ကြီးအတွင်းသို့ ဝ င်လာခဲ့သည်။ယခုကမ္ဘာ၏ ထူးခြားဆန်း ပြားသော အရသာများကို မြည်းစမ်းရန် သူ အဆင်သင့်ဖြစ်နေ ၏။
လျူယောင်က နေရာကောင်းတစ်ခုတွင် ရွေးထိုင်လို က်ကာ အထူးဟင်းပွဲများအား မှာယူလိုက်သည်။
ထိုဟင်းပွဲများမှာ လူတစ်ယောက်တည်း စားရန် များ ပြားလှသော်လည်း သူ ဂရုမစိုက်ပေ။ အဓိကမှာ အ ရသာရှိပြီး စိတ်ကျေနပ်မှုရဖို့သာ ဖြစ်သည်။သူသ ည် လောကကြီးကို မေ့လျော့ကာ အရသာရှိသော အ စားအစာများကို အေးအေးဆေးဆေး မြည်းနေခဲ့သ ည်။
“တကယ့်ကို နာမည်ကြီး စားသောက်ဆိုင်ဆိုတာ မမှ ားဘူးပဲ...”
ရွှေဒင်္ဂါးနှစ်ပြားခန့် ကုန်ကျသွားသော်လည်း ထိုမျှ ကောင်းမွန်လှသော အရသာနှင့် ဝန်ဆောင်မှုအတွက် ဆိုလျှင် သူက နှမြောနေမှာ မဟုတ်ပေ။
လျူယောင်က စားသောက်ဆိုင်မှ ကျေနပ်စွာ ထရပ် ပြီး ထွက်လာခဲ့သည်။ထို့နောက်လမ်းတစ်ဖက်တစ် ချက်ကို ဝေ့ဝဲကြည့်လိုက်ရာ အဆင့်မြင့် ဧည့်ဂေဟာ အား သူ လှမ်းမြင်လိုက်ရသည်။
ဤကဲ့သို့ ပင်းအန်လမ်းလို နေရာမျိုးတွင် ဖွင့်နိုင်သူ မှာ သာမန်လူတော့ မဖြစ်နိုင်ပေ။လျူယောင်သည် တစ်ရက်လျှင် ရွှေဒင်္ဂါးတစ်ပြား ပေးရသော အပေါ် ထပ်အခန်းတစ်ခန်းကို ငှားရမ်းပြီးနောက် လိုအပ်သ ည်များ ဝယ်ယူရန်အပြင်သို့ ပြနထွက်လာခဲ့သည်။
“ငါ ရောက်တုန်း တစ်ခါတည်း ဝယ်စရာရှိတာ အကု န်ဝယ်ရမယ် ...”
သူသည် ပထမဆုံးအနေဖြင့် ဆေးဆိုင်သို့ဝင်ကာ ဆေးလုံးအချို့ကို ဝယ်ယူခဲ့သည်။ချီဆေးလုံး တစ် ဒါဇင်ကျော်သာမက ဒါဘူးဆေး၊ဟွေထန်ဆေးနှင့် ဟွေချီဆေး အစရှိသည့် ဆေးလုံးအမျိုးမျိုးကိုပါ သူ ဝယ်လိုက်၏။
ထိုဆေးများမှာ ဤကမ္ဘာ၏ စံနှုန်းအရ သာမန်ဆေး လုံးများသာ ဖြစ်ပြီး ဈေးနှုန်းမှာလည်း ရွှေဒင်္ဂါး တ စ်ဒါဇင်ကျော်သာ ရှိသည်။သူသည် အရမ်းဈေးကြီး သည့် ဆေးလုံးများကိုမူ မဝယ်ဖြစ်ခဲ့ပေ။
သူအိမ်ပြန်ပါက အလဟဿ ဖြစ်သွားနိုင်သည်ဟု တွေးမိသောကြောင့်ပင် ဖြစ်သည်။
လက်ရှိဝယ်ယူထားသည့် သာမန်ဆေးများကပင် သူ့ အတွက် လုံလောက်နေ၏။အချို့ဆေးများက ဒဏ် ရာကို ကုသပေးနိုင်ပြီး၊အချို့က ခန္ဓာကိုယ် ကြံ့ခိုင်မှု ကို တိုးတက်စေကာ အချို့မှာမူ ရောဂါဝေဒနာများစွ ာအား ပျောက်ကင်းစေနိုင်သည်။
ဆေးများဝယ်ယူပြီးနောက် လျူယောင်သည် ကျင့် စဉ်များနှင့် တိုက်ခိုက်ရေးစွမ်းရည်များကိုပါ လေ့ လာရန် စိတ်ဝင်စားလာခဲ့၏။
ပြီးခဲ့သည့်တစ်ခေါက်က သူ့ဝယ်ခဲ့သော ကျင့်စဥ်စာ အုပ်တွေကို ဖတ်ရှုပြီးနောက်တွင် ထိုအရာများက သူ့ အတွက် အမှန်တကယ် အသုံးဝင်လာခြင်းကြောင့် ဖြစ်သည်။
လိပ်ကြီး၏ စွမ်းရည်များနှင့် သူက မျှဝေခံစားရသ ည်မှာ မှန်သော်လည်း လူသားခန္ဓာကိုယ်တွင်မူ ကန့် သတ်ချက်များ ရှိနေ၏။ထို့ကြောင့် သူ ဆက်လက် တိုးတက်ရန်မှာ ကျင့်စဉ်များ၏ အထောက်အပံ့ မပါ ဘဲ မဖြစ်နိုင်တော့ကြောင်း လျူယောင်က ကောင်း ကောင်းကြီး နားလည်ထားပေသည်။
ဥပမာအားဖြင့် လိပ်ကြီး၏ စွမ်းရည်မှာ လက်ရှိတွင် အမှတ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ရှိနေ၏။
ထိုပမာဏမှာ သီအိုရီအရ တန်ချိန်ထောင်ချီသော အ ရာဝတ္ထုများကိုပင် လိပ်ကြီးက အလွယ်တကူ သယ် သွားနိုင်ပေသည်။သို့သော်လည်း လျူယောင်ကမူ တန်ချိန်ဒါဇင်အနည်းငယ်မျှရှိသော အရာများကိုပင် အပြည့်အဝ မသယ်နိုင်သေးဘဲ အလှမ်းဝေးနေဆဲ ဖြစ်၏။
ဤသည်မှာ လူသားတို့၏ခန္ဓာကိုယ်၏ တည်ဆော က်ပုံဆိုင်ရာ ကန့်သတ်ချက်များကြောင့်ပင်။
သို့ပေမဲ့ ဤကမ္ဘာသည် အဆင့်မြင့်သိုင်းပညာ ကမ္ဘာ ပင် ဖြစ်၏။ဤနေရာရှိ ကျင့်စဉ်များအား စနစ်တ ကျ သူ လေ့ကျင့်နိုင်မည်ဆိုပါက လူသားခန္ဓာကိုယ် ၏ အတားအဆီးများကို ဖောက်ထွက်နိုင်မည်မှာ အသေအချာပင်။
ထိုအခါမှသာ လိပ်ကြီးထံ မှ ရရှိထားသော စွမ်းရ ည် များမှာလည်း တိုးတက်လာပေလိမ့်မည်။
နောင်တစ်ချိန်တွင် တန်ချိန်ဒါဇင်နှင့်ချီသော၊သို့မဟု တ် တန်ချိန်ရာနှင့်ချီသော ခွန်အားများကို ပိုင်ဆိုင် နိုင်ရန် လျူယောင် မျှော်လင့် ထားခဲ့သည်။ခွန်အား သာမက အမြန်နှုန်း၊တုံ့ပြန်မှုနှင့် အာရုံခံစားမှုတို့မှာ လည်း လက်ရှိတွင် အမြင့်ဆုံးအတားအဆီးသို့ သူ ရောက်နေပြီ ဖြစ်၏။
ဤကမ္ဘာ၏ ကျင့်စဉ်များက ထိုအတားအဆီးများကို ဖျက်ဆီးကာ သူ့အား အဆင့်သစ်တစ်ခုသို့ ပို့ဆောင် ပေးနိုင်မလားဆိုသည်ကိုမူ လျူယောင် အလွန်ပင် သိချင်နေမိသည်။
“ကျင့်စဉ်စာအုပ်တွေက ဈေးကြီးလောက်မယ် ထင် တယ်..”
လျူယောင်တစ်ယောက် ကိုယ့်ဘာသာ ရေရွတ်မိလို က်၏။အခြေခံအဆင့် ကျင့်စဉ်များပင် ရွှေဒင်္ဂါး ရာ နှင့်ချီ၊ ထောင်နှင့်ချီ၍ ရှိနိုင်ပြီး ‘အဝါရောင်အဆင့် ’ကျင့်စဉ်များဆိုလျှင်မူ ရွှေဒင်္ဂါး ထောင်သောင်း ချီ ၍ တန်ဖိုးရှိနိုင်လောက်သည်။
ထိုသို့ ဈေးကြီးလှသော်လည်း သူကမူ လေ့လာချင် နေ၏။
“ငါကံကောင်းလို့ ဈေးသက်သက်သာသာနဲ့ တိုးခဲ့ရင် ဝယ်ထားရတာပေါ့ကွာ..”
လျူယောင်သည် ထိုသို့သော မျှော်လင့်ချက်ဖြင့် ကျ င့်စဉ်စာအုပ်အရောင်းဆိုင်များဆီသို့ ခြေဦးလှည့်လို က်ပေသည်။
လျူယောင်တစ်ယောက် ကျင့်စဉ်စာအုပ်များကို စိ တ်ဝင်တစား လိုက်လံကြည့်ရှုရန် ပြင်နေစဉ် သူ့ဘေး ခပ်တိုးတိုး စကားပြောသံ ထွက်ပေါ်လာ၏။
“အကို... ခွင့်ပြုမယ်ဆိုရင် ကျွန်တော် စကားခဏ လောက် ပြောလို့ရမလား...”
လျူယောင် လှည့်ကြည့်လိုက်သောအခါ သိုင်းဝတ်စုံ နှင့် လူငယ်လေးတစ်ဦးအား သူ တွေ့လိုက်ရသည်။
ထိုလူငယ်၏ ယဥ်ကျေးသော အပြုအမူကြောင့် လျူယောင် အနည်းငယ် အံ့သြခဲ့ရသည်။ဤကမ္ဘာ တွင် ကိုယ့်ဘက်က စတင်ကာ ရိုရိုသေသေ နှုတ်ဆ က်တတ်သည့်လူမျိုး ရှိနေသေးသည်မှာ သူ မမျှော် လင့်ထားသော ကိစ္စပင်။
သူ့ကို လာရောက်နှုတ်ဆက်သည့် လူငယ်မှာ လေးစ ား သမှုဖြင့် ဆက်ဆံနေခြင်းဖြစ်ရာ လျူယောင်က လည်း ဖော်ဖော်ရွေရွေပင် ပြန်လည်တုံ့ပြန်လိုက်သ ည်။
“ညီအစ်ကို... ဘာကိစ္စရှိလို့လဲ...”
“မင်္ဂလာပါအကို... ကျွန်တော့်နာမည်က ဝူယူကန်းပါ ..အစ်ကို့ကို ဟိုဘက်က လက်ဖက်ရည်ဆိုင်မှာ ထိုင် ရင်း စကားစမြည်ပြောဖို့ ဖိတ်ခေါ်ချင်လို့ပါ.. အစ်ကို့ ဘက်က အချိန်ပေးနိုင်မလားခင်ဗျာ..”
လျူယောင်ကလည်း အချိန်ဆွဲမနေဘဲ အလွယ်တ ကူပင် သဘောတူလိုက်၏။
“ရပါတယ်... ပြဿနာမရှိပါဘူး..”
သူသည် သတ္တိရှိပြီး အရည်အချင်းရှိသည်ဟု ဆိုကြ သော သိုင်းပညာများအား အကြောက်အလန့်မရှိပေ ။တစ်စုံတစ်ယောက်က သူ့အား ရန်ပြုရန် သို့မဟုတ် ထိခိုက်အောင်လုပ်ဖို့ ကြံစည်လာခဲ့လျှင်ပင် ထိုလူမှာ အမှားကြီးမှားသွားလိမ့်မည်ဖြစ်ကြောင်း လျူယော င် ကောင်းကောင်းကြီး သိနေသည်။
လျူယောင်ဆိုသည့် သူ့အား မည်သူမျှအလွယ်တကူ ရန်စ၍ ရမည် မဟုတ်ပေ။
လျူယောင်က သဘောတူလိုက်သဖြင့် ဝူယူကန်းလ ည်း ဝမ်းသာအားရဖြစ်သွားကာ ရှေ့မှဦးဆောင်ကာ ခေါ်လာခဲ့သည်။နှစ်ဦးသား အနီးနားရှိ အဆင့်မြင့်လ က်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ ရောက်လာကာ သီးသန့် အခန်းထဲ ဝင်လိုက်ကြ၏။
ထိုနေရာသို့သွားရာတွင် ဝူယူကန်း၏နောက်၌ ခြံရံ လိုက်ပါလာသည့် နောက်လိုက်အချို့အား လျူယော င် သတိပြုမိလိုက်သည်။ထိုလူ များအားလုံးမှာသိုင်း ပညာများဖြစ်ကြရာ ဤလူငယ်ဝူယူကန်း၏ နောက် ခံမှာ သာမန်မဟုတ်ကြောင်း သူ ခန့်မှန်းမိလိုက်၏။
ယခင်က သူဖတ်ခဲ့သည့် သမိုင်းစာအုပ်ထဲတွင် ဟိုင် ကျိုးမြို့၌ သြဇာအရှိဆုံး မိသားစုကြီး ၃ စု ရှိပေသ ည်။၎င်းတို့မှာ ဝူမိသားစု၊ရှဲမိသားစု နှင့်ဝမ်မိသားစု တို့ပင် ဖြစ်၏။
ဤမိသားစုကြီး ၃စုသည် ဟိုင်ကျိုးမြို့တစ်မြို့လုံး အား လက်ဝါးကြီးအုပ် ထိန်းချုပ်ထားရုံမျှမက ၎င်း တို့ထံတွင် မြေကမ္ဘာအဆင့် သိုင်းပညာရှင်များပင် ရှိ သည်ဟု ရေးထားပေသည်။
နှစ်ဦးသား ပထမဆုံးအကြိမ် ဆုံတွေ့ကြခြင်းဖြစ်သ ဖြင့် အပေါ်ယံစကားအချို့ ပြောဆိုပြီးနောက် ဝူယူ ကန်းက သူ၏ အဓိကရည်ရွယ်ချက်ကို စတင်ပြော ပြလာ၏။
“အစ်ကို... ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရ စေ ..ခုနက အစ်ကိုစီးလာတဲ့ ထူးထူးဆန်းဆန်းဟာ ကြီးကို ကျွန်တော် မြင်လိုက်ရတယ်ဗျ..အဲဒီအရာကို ကျွန်တော် တကယ်ပဲ စိတ်ဝင်စားလွန်းလို့ပါဗျာ.."
ဝူယူကန်း စကားဆုံးသည်နှင့် တစ်ပြိုင်နက် လျူ ယောင်က လက်ကို ဝှေ့ယမ်းလိုက်ရာ သီးသန့်ခန်း၏ အလယ်တွင် ပြောင်လက်နေသော မော်တော်ဆိုင်က ယ်တစ်စီး ရုတ်တရက် ပေါ်လာခဲ့သည်။
“မင်း.ဒီဟာကို ပြောတာလား...”
ဝူယူကန်းမှာ အံ့အားသင့်လွန်းသဖြင့် စကားပင်ကေ ာင်းကောင်းမပြောနိုင်တော့ဘဲ ထစ်ထစ်ငေါ့ငေါ့ ဖြ စ်နေ၏။
“ဟုတ်တယ် ဒါ... ဒါ...ဒါပါပဲ.. ကျွန်တော် ဒါကို ပြော တာပါ..”
ဝူယူကန်းတစ်ယောက် ဝမ်းသာအားရဖြစ်လာကာ ချ က်ချင်းပင် ထရပ်လိုက်ပြီး ဆိုင်ကယ်အနီးသို့ လျှော က်လာခဲ့သည်။သူသည် ဆိုင်ကယ်အား ပတ်ပတ်လ ည်လျှောက်ကြည့်ရင်း သူ ကြည့်လေလေ ပို ကြိုက် လေလေ ဖြစ်နေ၏။
အထူးသဖြင့် ဤယာဉ်က မည်မျှအထိ မြန်မြန်ပြေး နိုင်မလဲဆိုသည်အား သူ တွေးမိသောအခါ သူ့ ရင်ခု န် သံများမှာမူ စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်လာ ခဲ့သည်။ဤဟာကြီး၏ အမြန်နှုန်းမှာ သူ့ မြင်းမက် ဆီမာထက်ပင် အဆပေါင်းများစွာ ပိုမိုမြန်ဆန်နေ၏ ။
လျူယောင်ကမူ ခုံတွင် အေးအေးဆေးဆေး ထိုင်ရ င်း ဝူယူကန်း၏ အမူအရာကို ကြည့်ကာ စိတ်ထဲက နေ ရေရွတ်မိလိုက်သည်။
‘ကောင်လေး မင်း ဒါကို ကြိုက်မယ်ဆိုတာ ငါ ကြို သိသားပဲ’
အမှန်တကယ်တွင်မူ လျူယောင်သည် ဆိုင်ကယ် ၄ စီး ယူလာခဲ့ခြင်း ဖြစ်၏။ဆိုင်ကယ်တစ်စီးလျှင် ယွမ် တစ်သောင်းကျော် ကုန်ကျခဲ့သဖြင့် သူက ယခုထက် ပိုမိုယူဆောင်လာချင်ခဲ့သော်လည်း ချန်ခွန်းအိတ် အ တွင်းရှိ နေရာလွတ်မှာ ၁၀ပေခန့်သာ ကျန်တော့သဖြ င့် (၄) စီးသာ ဆန့်ပေသည်။
ပဉ္စမမြောက် ဆိုင်ကယ်ကိုမူ ထပ်မံ ထည့်သွင်းရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။
“ကြိုက်တယ်... ကျွန်တော် ဒါကြီးကို အရမ်းကို ကြို က်တယ်ဗျာ..”
ဝူယူကန်းက ကျေနပ်နေသော လေသံဖြင့် ပြန်ဖြေရ င်း စိတ်လှုပ်ရှားနေသဖြင့် သူ့ လက်ဝါးနှစ်ဖက်အား အဆက်မပြတ် ပွတ်နေမိသည်။ဤအရာမှာ သူ အိပ် မက်မက်ခဲ့ရသည့် အရာပင်။ဟိုင်ကျိုးမြို့၏ လမ်းမ များပေါ်တွင် စတိုင်ကျကျ စီးနေသည့် သူ့ ပုံရိပ်အား စိတ်ကူးယဉ်ကြည့်ရုံဖြင့်ပင် အလွန် ရင်ခုန်စရာကော င်းလှ၏။
လျူယောင်က ခပ်အေးအေးပင် မေးလိုက်သည်။
“မင်း ဒါကိုလိုချင်လား...”
“အစ်ကို...ဈေးသာ သတ်မှတ်လိုက်ပါ.. ကျွန်တော် ဘယ်လောက်ပေးရမလဲဗျာ..”
ဝူမိသားစု၏ ဆက်ခံသူဖြစ်သည့်အတိုင်း ဝူယူကန်း သည် ချမ်းသာကြွယ်ဝပြီး အာဏာရှိသူလည်း ဖြစ် ၏။ထို့ကြောင့် ဤယာဉ်အတွက် ရွှေဒင်္ဂါး ထောင် ပေါင်းများစွာ ကုန်ကျမည်ဆိုလျှင်ပင် သူကတော့ မ ရရအောင် ဝယ်ရန် ဆုံးဖြတ်ချက်ချ ထားပြီးသားပင် ။
“ဒါကို ‘မော်တော်ဆိုင်ကယ်’လို့ ခေါ်တယ်”
လျူယောင်က စတင်ရှင်းပြလိုက်သည်။
“လူနှစ်ယောက် စီးလို့ရတယ်..မင်းအပြင် နောက်က နေ နောက်ထပ်တစ်ယောက် ထပ်တင်လို့ ရသေးတ ယ် ...”
ဝူယူကန်းက လိုချင်တပ်မက်နေသည့် အကြည့်များ ဖြင့် ကြည့်ကာ သဘော အရမ်းကျနေ၏။
“အာ..လူနှစ်ယောက်တောင် စီးလို့ရတာလား... ဒါဆို တကယ် အဆင်ပြေတာပဲဗျာ..”
လျူယောင်က ဆက်ရှင်းပြလိုက်သည်။
“ဒါက တစ်နာရီကို မိုင်နှစ်ရာ သုံးရာအထိ သွားနိုင်ဖို့ ဆိုတာ ပြဿနာမရှိဘူး..နာရီပေါင်းများစွာ ဆက်တို က်မောင်းရင်တောင် အေးဆေးပဲ..”
ဝူယူကန်းမှာ လျူယောင်ပြောပြသည့် အမြန်နှုန်းကို ကြားရပြီး အံ့အားသင့်ကာ သူ တွက်ချက်နေမိသည် ။၎င်းမှာ သူသိထားသည့် မည်သည့်ယာဉ် သို့မဟုတ် သတ္တဝါထက်မဆို ကျော်လွန်နေသည် မဟုတ်ပေ လော။
တစ်နာရီလျှင် မိုင်ရာနှင့်ချီသော အမြန်နှုန်းမှာ ဝူယူ ကန်းအတွက်မူ ယုံနိုင်စရာပင် မရှိလောက်အောင် ထူ းခြားဆန်းပြားနေပေသည်။
လျူယောင် ရှင်းပြသည်အား နားထောင်ပြီးနောက် မှာ ဝူယူကန်းမှာ ပိုပြီးစိတ်လှုပ်ရှားလာခဲ့၏။
“ကျွန်တော့် ဘုရားရေ.. တစ်နာရီအတွင်းမှာ မိုင်နှစ်ရ ာ သုံးရာ ပြေးနိုင်တယ်ဆိုရင် မိုင် ၄၀၀ ကျော်ဝေး တဲ့ ကျန်နင်းအိမ်တော်ကို နှစ်နာရီအတွင်း သွားနိုင်မှ ာပေါ့..”
“ဒါက စောက်ရမ်းမိုက်တာပဲကွာ”
ဤအရာနှင့် နှိုင်းယှဉ်ရင် သူ့မြင်းမက်ဆီမာက အရ မ်းနောက်ကျကျန်နေပေသည်။ဝူယူကန်းက ရွှေဒင်္ဂါး ထောင်ပေါင်းများစွာနှင့် ဝယ်ခဲ့သည့် သူ့မြင်းအသစ် မက်ဆီမာက မကောင်းဘူးလို့ ပထမဆုံး ခံစားလိုက် ရ၏။
“အစ်ကို.. ဈေးသာပြောပါ..ဒီဟာက ဘယ်လောက် ကျလဲ..”
လျူယောင်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“မင်း ဝယ်ချင်ရင် ရပါတယ်..ဒါပေမဲ့ ပစ္စည်းတွေနဲ့ လဲလှယ်မှရမယ်”
“အမ် ပစ္စည်းတွေနဲ့ လဲရမှာလား”