ဆိုင်ကယ် အရောင်းအဝယ် တည့်ပြီ
Vol. 50 Ch. 594
“ပစ္စည်းတွေနဲ့ လဲမယ် ဟုတ်လား”
ဝူယူကန်းက စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်၏။
“အစ်ကို... ခင်ဗျား ဘာကို လိုချင်တာလဲဆိုတာသာ ပြောပါ..”
လျူယောင်ကလည်း အချိန်ဆွဲမနေဘဲ ပွင့်ပွင့်လင်း လင်းပင် ပြောလိုက်သည်။
“ငါ့ရဲ့ ပထမရွေးချယ်မှုကတော့ သိုင်းကျင့်စဉ်ပဲ.. အ နည်းဆုံး အဝါရောင်အဆင့်ရှိရမယ် ..ဒုတိယတစ်ခု ကတော့ ချန်ခွန်းအိတ်ပဲ..ဒါလည်း အနည်းဆုံး အလ ယ်အလတ်အဆင့် ဖြစ်ရမယ်..”
အမှန်တကယ်တွင် မော်တော်ဆိုင်ကယ်၏ တန်ဖိုးမှာ ယွမ်တစ်သောင်းခန့်သာ ရှိသဖြင့် အဝါရောင်အဆင့် ကျင့်စဉ်ဖြစ်စေ အလယ်အလတ်အဆင့် ချန်ခွန်းအိ တ်ဖြစ်စေ လဲလှယ်နိုင်ပါက သူ့ အတွက်မူ အလွန် မြ တ်ပေလိမ့်မည်။
အနိမ့်ဆုံး အဝါရောင်အဆင့်ကျင့်စဉ်ပင်လျှင် ရွှေ ဒ င်္ဂါး တစ်သောင်းကျော် တန်ဖိုးရှိပြီး အဆင့်မြင့်ဆို လျှင်မူ ရွှေဒင်္ဂါးသိန်းချီအထိ ပေါက်ဈေးရှိ၏။လျူ ယောင်အတွက်မူ ဤအရာနှစ်ခုသာ လက်ရှိတွင် အ လိုအပ်ဆုံးဖြစ်နေသည်။
ဝူယူကန်းက ခဏမျှ စဉ်းစားပြီးနောက် ပြန်ပြောလို က်၏။
“ကျွန်တော့်ဆီမှာ အဝါရောင်အဆင့် ကျင့်စဉ်နှစ်အုပ် ရှိတယ်..အစ်ကို အရင်ကြည့်ကြည့်ပါဦး..”
ကြီးကျယ်လှသော မိသားစုမျိုးနွယ်မှ ဆင်းသက် လာသူပီသစွာ ဝူယူကန်းသည် သာမန်လူများ လက် လှမ်းမမီနိုင်သော အဝါရောင်အဆင့်ကျင့်စဉ်ကိုပင် အလွယ်တကူ ထုတ်ပေးနိုင်စွမ်း ရှိနေသည်။အပြင် ဈေးကွက်တွင် ရောင်းချနေသည့် ကျင့်စဉ် ၉၀% ကျော်မှာ သာမန်ကျင့်စဉ်များသာ ဖြစ်ကြ၏။
ဝူယူကန်းပေးသည်မှာ လက်ဖြင့် ချုပ်ထားသည့် ရှေ းဟောင်းစာအုပ် နှစ်အုပ်သာ ဖြစ်သည်။
တစ်အုပ်မှာ 'လျူယန်ကျင့်စဉ်'ဖြစ်ပြီး နောက်တစ်အု ပ်မှာ 'ချီကွန်ကျင့်စဉ်'ဖြစ်၏။ယခင်က သူဖတ်ခဲ့သ ည့် စာအုပ်ထဲတွင် ဖော်ပြထားသည့်အတိုင်း ထိုကျင့် စဉ်နှစ်ခုလုံးမှာ သာမာန် အဝါရောင်အဆင့်မျှသာ ရှိ ပေသည်။
လျူယောင် အနည်းငယ် စိတ်ပျက်ခဲ့ရ၏။
ဤကျင့်စဉ်များမှာ သူနှင့် လုံးဝမကိုက်ညီရုံသာမက အဆင့်အတန်းမှာလည်း နိမ့်လွန်းလှသည်။ပို၍ တိ တိကျကျ ပြောရလျှင် ၎င်းတို့မှာ အဝါရောင်အဆင့် ထဲတွင်ပင် အနိမ့်ဆုံးအဆင့်ရှိသည့် ကျင့်စဉ်များသာ ဖြစ်နေ၏။
လျူယောင်က ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
“ဒီကျင့်စဉ်နှစ်ခုက အဆင့်နိမ့်လွန်းတယ်.. ငါ့ရဲ့ မော် တော်ဆိုင်ကယ်နဲ့ လဲဖို့ဆိုတာ မတန်ဘူး...”
“ဗျာ...”
ဝူယူကန်းမှာ ပျာပျာသလဲ ဖြစ်သွားပြီး စိုးရိမ်တကြီး အမြန်ကမ်းလှမ်းလိုက်၏။
“ကျွန်တော် ရွှေဒင်္ဂါးတွေ ထပ်ထည့်ပေးပါ့မယ်.. ရွှေ ဒင်္ဂါး တစ်ထောင်... မဟုတ်ဘူး..နှစ်ထောင်လောက် ထပ်ပေးရင်ရော ဘယ်လိုလဲ...”
လျူယောင်က ခေါင်းခါလျက်ပင် အေးအေးဆေး ဆေး ပြန်ပြောလိုက်သည်။
“ရွှေဒင်္ဂါး နှစ်သောင်း ထပ်ပေးရင်တောင် ငါ စိတ်မဝ င်စားဘူး..မင်းမှာ အလယ်အလတ်အဆင့် ချန်ခွန်း အိတ် ရှိရင် အဲဒါနဲ့ လဲမယ်ဆိုရင်တော့ ပြဿနာမရှိ ဘူး.."
အမှန်တကယ်တွင်မူ ချန်ခွန်းအိတ်ဆိုသည်မှာ အလွ န်တန်ဖိုးကြီးပြီး လူတိုင်း ပိုင်ဆိုင်နိုင်သည့်အရာ မဟု တ်ပေ။သိုင်းပညာရှင်အများစုမှာ ချန်ခွန်းအိတ် တစ် လုံး ရဖို့ပင် ခဲယဉ်းလှပြီး အနိမ့်ဆုံးအဆင့် ချန်ခွန်း အိတ်တစ်လုံး ရှိရုံဖြင့်ပင် အလွန်ဂုဏ်ယူစ ရာကော င်းလှသည်ဟု ထိုလူတွေက မှတ်ယူထားကြခြင်း ဖြ စ်၏။
အလယ်အလတ်အဆင့် ချန်ခွန်းအိတ်တစ်လုံးမှာ အနည်းဆုံး ရွှေဒင်္ဂါးတစ်သိန်းခန့် တန်ဖိုးရှိလှသည်။ ဝူယူကန်း၏ လက်ဝယ်တွင် ထိုကဲ့သို့ အိတ်တစ်လုံး ရှိနေသော်လည်း ဆိုင်ကယ်နှင့် လဲလှယ်ရန်မှာမူ သူ တွေဝေနေ၏။
ဝူယူကန်း၏ မပြတ်သားသည့် အမူအရာကို မြင် သောအခါ လျူယောင်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“အရောင်းအဝယ်ဆိုတာ နှစ်ဦးသဘောတူမှ ဖြစ်တာ ပါ..မင်းဘက်က မလဲချင်ဘူးဆိုရင်လည်း ငါ အတင် းမတိုက်တွန်းပါဘူး..”
ပြောပြောဆိုဆိုဖြင့် လျူယောင်က စိတ်အာရုံသုံးက ာ မော်တော်ဆိုင်ကယ်အား သူ့ ချန်ခွန်းအိတ်ထဲသို့ ပြန်ထည့်လိုက်၏။
မျက်စိရှေ့တွင်ပင် မော်တော်ဆိုင်ကယ်ကြီး ပျောက် ကွယ်သွားသည်အား မြင်လိုက်ရသောအခါ ဝူယူက န်းမှာ စိုးရိမ်စိတ်တို့ ထကြွလာခဲ့သည်။သူသည် အံ့ ကို တင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်၏။
“ကောင်းပြီဗျာ... ကျွန်တော် ခင်ဗျားနဲ့ လဲမယ်.. ခဏ လောက်တော့ စောင့်ပေးပါလား.. ၁၅ မိနစ်အတွင်း ကျွန်တော် ပြန်လာခဲ့မယ်..”
“ရတယ်လေ...ငါ ဒီမှာပဲ စောင့်နေပါ့မယ်..”
ဝူယူကန်းမှာမူ အခန်းထဲမှ ကပျာကယာ ထွက်သွား ပေသည်။သူ့ ချန်ခွန်းအိတ်အတွင်းရှိ ပစ္စည်းများအ ား အခြားနေရာတွင် ရွှေ့ပြောင်းရန် အခန်းလွတ် တစ်ခု ရှာဖွေနေခြင်း ဖြစ်ပေလိမ့်မည်။
လျူယောင်ကမူ ထိုက်ရှန်တောင်ကြီးကဲ့သို့ တည်ငြိ မ်စွာပင် ကျန်ရစ်ခဲ့သည်။
သူသည် ဘာကိုမျှ စိုးရိမ်ပူ ပန်ခြင်းမရှိဘဲ လက်ဖက် ရည်ကိုသာ အေးအေးလူလူ သောက်နေ၏။
ဝူယူကန်း သာ မလဲလှယ်ဖြစ်ခဲ့လျှင်တောင် ထိုမော် တော်ဆိုင်ကယ်နှင့်ဆို အလယ်အလတ်အဆင့်ချန်ခွ န်းအိတ်အား လဲချင်မည့်သူများ တန်းစီနေမည်ဟု သူ ယုံကြည်ထားသည်။
အမှန်စင်စစ် ဤဂိုဝူကမ္ဘာတွင် အလယ်အလတ်အ ဆင့် ချန်ခွန်းအိတ်မှာ ရှားပါးသည်ဟု ဆိုနိုင်သော်လ ည်း မော်တော်ဆိုင်ကယ်မှာမူ ထိုထက်ပင် ပို၍ ရှားပါ းလှ၏။
၁၅ မိနစ် မပြည့်သေးမီပင် ဝူယူကန်းတစ်ယောက်အ ခန်းထဲသို့ ပြန်ဝင်လာကာ အလယ်အလတ်အဆင့် ချ န်ခွန်းအိတ်အား လျူယောင်ထံ ကမ်းပေးလိုက်သည် ။လျူယောင်ကလည်း သဘောတူညီချက်အတိုင်း မော်တော်ဆိုင်ကယ်အား ပြန်ထုတ်ပေးလိုက်ပြီးနော က် ၎င်းကို မည်သို့ မောင်းရမည်အား စိတ်ရှည်လက် ရှည်ဖြင့် သူ သင်ပေးလိုက်၏။
ဝူယူကန်းသည် သာမန်လူထက် အဆပေါင်းများစွာ သွက်လက်ချက်ချာသော သိုင်းပညာရှင်တစ်ဦး ဖြ စ်သည်နှင့်အညီ ထိုမော်တော်ဆိုင်ကယ်အား မောင်း နှင်ရန်မှာမူ သူ့အတွက် အခက်ကြီး မဟုတ်ခဲ့ပေ။
သူ အတော်လေး နားလည်သွားပြီဟု ထင်ရချိန်တွင် လျူယောင်က ၂၀ လီတာဆံ့ ဓာတ်ဆီပုံးတစ်ပုံးအား ထပ်ထုတ်ပေးရင်း ပြောလိုက်သည်။
“ဒီစက်အင်ဂျင်က ဓာတ်ဆီနဲ့မှ အလုပ်လုပ်တာ..ဆီ ကုန်သွားရင်တော့ မင်း ပြန်ဖြည့်ပေးရမယ်..ဒီ တစ် ပုံးကုန်သွားလို့ ထပ်လိုချင်ရင် ငါ့ဆီမှာ လာယူလို့ ရ ပါတယ်..”
“ကောင်းပါပြီ. ကျေးဇူးအများကြီးတင်ပါတယ်ဗျာ. .”
ဝူယူကန်းမှာ အတိုင်းမသိ ဝမ်းသာပီတိဖြစ်နေ၏။ သူသည် ဤထူးဆန်းသော ယာဉ်ကြီးကို စီးပြီး လမ်း မပေါ်တွင် နှစ်ပတ်သုံးပတ်ခန့် ပတ်မောင်းကြည့်ချင် စိတ်အား မနည်းထိန်းထားရသည်။
“အစ်ကို... ဒါဆို ကျွန်တော် အရင်သွားပြီး စမ်းမော င်းကြည့်ဦးမယ်နော်..”
လျူယောင်က ပြုံးလျက်ပင် ပြန်ဖြေလိုက်၏။
“သွားပါ... စမ်းမောင်းကြည့်လိုက်ဦး..မောင်းနေရင်း နားမလည်တာရှိရင် ငါ့ကို ပြန်လာမေးလို့ရပါတယ်. . ငါ ဒီမှာပဲ အေးအေးဆေးဆေး လက်ဖက်ရည်သော က်ရင်း စောင့်နေမယ်..”
လျူယောင်၏ အရောင်းဝန်ဆောင်မှုမှာ အတော် လေး ပင် စိတ်ကျေနပ်စရာ ကောင်းလှသည်။
ဝူယူကန်းက လက်ဖက်ရည်ဆိုင်ထဲမှ ပျော်ရွှင်စွာ ထွ က်လာပြီး ဆိုင်ရှေ့တွင်ပင် မော်တော်ဆိုင်ကယ်အား ခွစီးလိုက်၏။အစပိုင်းတွင်မူ သူ အနည်းငယ် ကြော က်ရွံ့နေမိသော်လည်း စိတ်လှုပ်ရှားမှုက ပိုများနေသ ည်။
စတင်မောင်းနှင်ချိန်တွင် အသားမကျသေးသဖြင့် ဘယ်ညာ ယိမ်းထိုးနေပြီး ဆိုင်ကယ်မှာ မြေပြင်ပေါ် သို့ လဲကျလုနီးပါး ဖြစ်သွားသေးသည်။သို့သော်လ ည်း သိုင်းပညာရှင်တစ်ဦး၏ သွက်လက်မှုကြောင့် ခ ဏအတွင်းမှာပင် ဟန်ချက်အား ပြန်ထိန်းနိုင်ကာ တ ဖြည်းဖြည်းချင်း ပုံမှန်အတိုင်း သူ မောင်းနိုင်ခဲ့၏။
လက်ဖက်ရည်ဆိုင်၏သီးသန့်အခန်းအတွင်း၌မူ လျူယောင်သည် လက်ဖက်ရည်အား တစ်ငုံချင်း အ ရသာခံသောက်ရင်း ကျေနပ်နေမိသည်။
“ဒါမျိုးမှ စီးပွားရေးလို့ ခေါ်တာပေါ့ကွ ဟဲဟဲ...”
“အမြတ် တစ်သန်းဆိုတာ ဒါမျိုးကို ပြောတာပဲ ..ငါ တော့ပွတာပဲ..”
သူ့အတွက်မူ ဤမော်တော်ဆိုင်ကယ်မှာ ယွမ်တစ် သောင်းကျော်သာ ကုန်ကျခဲ့ခြင်း ဖြစ်၏။ရွှေဒင်္ဂါး ၁၀ပြားခန့်သာ တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုအား ရွှေ ဒင်္ဂါး တစ်သိန်းတန် အလယ်အလတ်အဆင့် ချန်ခွန်း အိတ်နှင့် လဲလှယ်နိုင်ခဲ့ခြင်းမှာ မယုံနိုင်စရာပင် ကေ ာင်းလှသည်။
“ဝိုး..ဒါက အလယ်အလတ်အဆင့် ချန်ခွန်းအိတ် ပေါ့လေ...”
လျူယောင်သည် ချန်ခွန်းအိတ်အား ယခင်နည်းအ တိုင်း အာရုံစိုက်လိုက်ရာ ခဏအတွင်းမှာပင် ထိုအိ တ်မှာ သူ့ အပိုင် ဖြစ်သွားပေသည်။ ယခုဆိုလျှင်မူ လျူယောင်ကိုယ်တိုင်ကလွဲ၍ မည်သူမျှ ထိုအိတ်အ ား ဖွင့်ကြည့်နိုင်မည် မဟုတ်ပေ။
“လခွမ်း ဟုတ်တယ်ဟ..အထဲမှာ ဆယ်ပေပတ်လည် လောက် နေရာလွတ်ရှိနေတာပဲ...”
ယခင်က သူအသုံးပြုခဲ့သည့် အဆင့်နိမ့်ချန်ခွန်းအိ တ် နှင့် နှိုင်းယှဉ်လျှင်မူ သိုလှောင်နိုင်သည့် အကျယ် အဝန်းမှာ အဆတစ်ရာမက ပိုကျယ်နေခြင်း ဖြစ် သည်။
“ဒီအိတ်က တကယ်ကို မိုက်ထက်တာပဲ..ဟားဟား ငါ ပစ္စည်းတွေ အများကြီး ထည့်လို့ ရသလို ကား အ သေးကိုတောင် အသာလေး ထည့်ထားလို့ ရတယ်..”
လျူယောင်သည် အဆင့်နိမ့် ချန်ခွန်းအိတ်အဟောင် းထဲမှ ပစ္စည်းအားလုံး ထုတ်ယူကာ အလယ်အလ တ်အဆင့်အိတ်ထဲသို့ အကုန်ပြောင်းထည့်လိုက်၏။ ဤသို့ဖြင့် ယခုအခါ သူ့ ဆီ၌ ချန်ခွန်းအိတ် နှစ်လုံး ရှိလာခဲ့ပေသည်။
...........
လမ်းမပေါ်တွင်မူ..
“ဝူး ဝူး ဝေါ..”
ဝူယူကန်းသည် တစ်မြို့လုံး၌ အထာအကျဆုံး လူင ယ်လေး ဖြစ်နေ၏။သူသည် မော်တော်ဆိုင်ကယ်ကြီ း ကို စီးနင်းကာ လမ်းမကြီးများ၊လမ်းကြားများအ နှံ့ ဆူညံစွာ မောင်းရင်း ပျော်ရွှင်နေမိသည်။
လမ်းပေါ်ရှိ လူတိုင်းကလည်း သူ့အား ဝိုင်းအုံကြည့် ရင်း အံ့အားသင့်နေကြ၏။အချို့ သိုင်းပညာရှင်များ မှာမူ မနာလိုစိတ်ဖြင့် ဝူယူကန်းအား တားဆီးကာ ၎ င်းယာဉ်ကြီးမှာ ဘာလဲဟုပင် အတင်းအဓမ္မ မေးမြန် းချင်စိတ်ပင် ပေါက်နေကြသည်။
“ဟေး.. ဟိုမှာ ဝူသခင်လေးပဲ..ကြည့်ပါဦး ..တကယ့် ကို ခန့်ညားလိုက်တာ.. အဲ့တာ ဘာကြီးကို စီးနေတာ လဲဟ မြန်လိုက်တာကွာ.."
“ဝူမိသားစုရဲ့ သခင်လေးဆိုတဲ့အတိုင်း ထိုက်တန်ပါ တယ်လေ..ဒီလောက် ထူးဆန်းတဲ့အရာမျိုးကို သူ ဘယ်ကများ ရလာပါလိမ့်..”
“ငါ့မှာသာ အဲလို တစ်စီးရှိရင် သိပ်ကောင်းမှာပဲကွာ .. ဟေ့လူ ကြည့်စမ်းပါဦး... ဘယ်လောက်တောင် မြန် လိုက်သလဲ.. ခဏလေးအတွင်းမှာပဲ ကျုပ်မျက်စိ ရှေ့က ပျောက်သွားတာဗျာ..”
မိနစ် ၄၀ ခန့်ကြာအောင် လူတကာ ငေးကြည့်ရသ ည့် အရသာကို တဝကြီး ခံစားပြီးနောက် ဝူယူကန်း သည် စိတ်အားထက်သန်မှုအပြည့်ဖြင့် လက်ဖက်ရ ည်ဆိုင်သို့ ပြန်ရောက်လာ၏။
ဝူယူကန်း၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုများကို မြင်လို က် ရုံဖြင့် လျူယောင်က ရိပ်မိလိုက်ပြီး မေးမြန်းလို က်သည်။
“ဘယ်လိုနေလဲ..မင်း.မောင်းလို့ ကောင်းရဲ့လား”
“တန်တယ်ဗျာ... တကယ့်ကို တန်တယ်.. ခုနကအလ ယ်အလတ်အဆင့် ချန်ခွန်းအိတ်ကို ကျွန်တော် ပေး လိုက်ရမှာ နှမြောနေသေးတာ..အခုတော့ ကျွန်တော် တကယ်ပဲ အမြတ်ထွက်သွားပြီလို့ ခံစားရတယ်...”
“အေးပါ မင်း သဘောကျရင်ပဲ ကျေနပ်ပါပြီ..”
လျူယောင်က စကားလမ်းကြောင်း ပြောင်းရင်းမေး မြန်းလိုက်၏။
“ငါ့ဆီမှာ ဒီလိုကောင်းတဲ့ ပစ္စည်းတွေ အများကြီးကျ န်သေးတယ်..ဒါနဲ့ ဟိုင်ကျိုးမြို့မှာ လေလံပွဲကျင်းပ တာ ဘယ်မှာရှိလဲ. ငါ ပစ္စည်းတချို့ကို လေလံတင် ချင်လို့ပါ..”
ဝူယူကန်း၏ မျက်လုံးများမှာမူ ချက်ချင်းပင် အရော င်တောက်လာခဲ့သည်။
“အိုး... ခင်ဗျားဆီမှာ တခြားကောင်းတဲ့ ပစ္စည်းတွေ ရှိသေးတာလား”
လျူယောင်ကလည်း အတည်ပြုကာ ခေါင်းညိတ် ပြ လိုက်၏။
သူ့ ချန်ခွန်းအိတ်အတွင်း၌ ဝူယူကန်းကို ရောင်းချခဲ့ သည့် ပုံစံတူ မော်တော်ဆိုင်ကယ် သုံးစီး ကျန်နေသ လို အနက်ရောင်သတ္တုဖြင့် ပြုလုပ်ထားသော လက် နက်အချို့လည်း ရှိသေးသည်။ဤကမ္ဘာသည် ရှေး ဟောင်းလက်နက်များ အဓိကအသုံးပြုသည့် ခေတ် ဖြစ်သဖြင့် ထိုလက်နက်များမှာ ဈေး ကောင်း ရနိုင်မ ည်ဟု လျူယောင် ခန့်မှန်းထား၏။
ယခုတစ်ကြိမ် ဂိုဝူကမ္ဘာသို့ သူ လာရောက်ခဲ့သည့် အဓိကရည်ရွယ်ချက်မှာ ပစ္စည်းများ ရောင်းချရန်သ ာမက ဤကမ္ဘာမှ ရှိသည့် ဆေးလုံးများ၊လက်ဖက် ခြောက်များနှင့် တန်ဖိုးကြီး ပါဝင်ပစ္စည်းများ ဝယ် ယူကာ ကမ္ဘာမြေသို့ ပြန်သယ်သွားရန်ပင် ဖြစ်သည် ။
ထို့အပြင် နောက်ထပ်အရေးအကြီးဆုံး အချက်မှာ အဆင့်မြင့်ကျင့်စဉ်တစ်ခုကို ဝယ်ပြီး ကိုယ်တိုင်လေ့ ကျင့်ရန်ပင်။ထိုသို့ လေ့ကျင့်ခြင်းဖြင့်သူ၏ ခန္ဓာကို ယ် အကန့်အသတ်များအား ကျော်ဖြတ်နိုင်မည်ဟု လျူယောင်က မျှော်လင့်ထားခဲ့သည်။
“အကို့မှာ..နောက်ထပ် ဘာတွေရှိသေးလဲဆိုတာ ကျွ န်တော် သိလို့ရမလား..”
ဝူယူကန်းမှာမူ စူးစမ်းလိုစိတ်များ ပြင်းပြနေကာ လျူယောင် ထပ်မံထုတ်ပြမည့် ပစ္စည်းများအား မြင် နိုင်ရန်အတွက် သူကမျက်တောင်မခတ်ဘဲ ကြည့်နေ ၏။