← Chapters

လေလံတင်မယ်

Vol. 50 Ch. 595

လေလံတင်မယ်

Vol. 50 Ch. 595

“တန်ဖိုးကြီး ပစ္စည်းတွေဆိုပေမဲ့ ငါ့မှာ အများကြီး တော့ မရှိပါဘူးကွာ..”

ထိုပစ္စည်းများအား မကြာခင် လေလံတင်တော့မည် ဖြစ်သဖြင့် ဝူယူကန်းကို ကြိုတင်ပြသရန် လျူယော င် ဝန်မလေးခဲ့ပေ။

ဆိုင်ကယ်များမှာမူ ပုံစံတူများ ဖြစ်သဖြင့် ထပ်မံထု တ်မပြတော့ဘဲ လက်နက်များကိုသာ လျူယောင် ထုတ်ပြလိုက်၏။သူကိုယ်တိုင် အသုံးပြုရန်အတွက် တန်ဓားတစ်လက်ကို ချန်ထားလိုက်ပြီး ကျန်လက်န က် သုံးလက်အား လျူယောင် ထုတ်ယူလိုက်သည်။

ထိုလက်နက်များမှာမူ ဂြိုလ်သားတို့၏အနက်ရောင် သတ္တုဖြင့် ပြုလုပ်ထားကာ လက်ရာမှာလည်း သေ သပ်လွန်းသဖြင့် ရှေးဟောင်းလက်နက်ကျွမ်းကျင် သူ တစ်ဦးက အသေအချာ ထုလုပ်ထားသည့် အမွေ အနှစ်လက်ရာများဟုပင် ထင်မှတ်ရပေသည်။

“ဝိုး..အကို့လက်နက်တွေက တကယ့်ကို အထာကျ တာပဲ..ကျွန်တော် တစ်ချက်လောက် ကိုင်ကြည့်လို့ ရမလား”

“ရတာပေါ့... ကြည့်ကြည့်လေ..”

ဝူယူကန်းသည် စိတ်လှုပ်ရှားလွန်းသဖြင့် လက်ဝါးချ င်း ပွတ်ရင်း ပထမဆုံးအနေဖြင့် တန်ဓားတစ်လက် အား ကောက်ကိုင်လိုက်၏။သူသည်လည်း ဓားသမာ းတစ်ဦး ဖြစ်သလို ဓားသိုင်းပညာကို အဓိကထား လေ့ကျင့်နေသူဖြစ်ရာ တန်ဓားများအား အထူးတလ ည် မြတ်နိုးသူလည်း ဖြစ်သည်။

ဤဂိုဝူကမ္ဘာတွင် ရှေးဟောင်းလက်နက် အမျိုးမျိုးရှိ သည့်အနက် တန်ဓားပုံစံမှာ အထူးတလည် ဆန်းသ စ်နေခြင်းမျိုး မဟုတ်သော်လည်း သိုင်းပညာရှင် အ များစုက နှစ်သက်စွာ အသုံးပြုသည့် လက်နက်တစ် ခုပင် ဖြစ်၏။

“အိုး.လေးလိုက်တာ...တကယ်ကို လေးတာပဲဗျ...”

ဝူယူကန်းက ဓားကို ကိုင်မြှောက်လိုက်သည်နှင့် သူ ပထမဆုံး ခံစားလိုက်ရသည်မှာ လေးလံမှုပင်။

တန်ဓား၏ ထိုအလေးချိန်မှာ အနည်းဆုံး ကီလိုဂရ မ် ဒါဇင်နှင့်ချီ၍ ရှိနေသဖြင့် သူ့အား အံ့အားသင့်သွာ းရသည်။ဤမျှ လေးလံသော်လည်း ဟန်ချက်ညီ သည့် တန်ဓားမျိုးကို သူ တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

သူသည် ဓားကို အိမ်ထဲမှ ဖြည်းညင်းစွာ ဆွဲထုတ်လို က်သောအခါ ဓားသွားတစ်ချောင်း လုံးမှာ နက်မှော င် ပြောင်လက်နေကာ ကြည့်ရသူအဖို့ ဆွဲဆောင်မှုရှိ သော အလှတရားတစ်မျိုးအား ခံစားရစေ၏။

ဤတန်ဓားသည် သာမာန်လက်နက်များနှင့် လုံးဝမ တူကြောင်း ဝူယူကန်း ချက်ချင်း သိလိုက်သည်။

“ကျွန်တော် စမ်းကြည့်လို့ ရမလား..အကို..”

လျူယောင်ကလည်း ပေါ့ပေါ့ပါးပါးပင် ခွင့်ပြုလိုက် ၏။ထိုဓားမှာ ဤဂိုဝူကမ္ဘာ၏ လက်နက်အဆင့်တွင် မည်သည့်နေရာ၌ ရှိနေသနည်းဆိုသည်ကိုလည်း သူ ကိုယ်တိုင် သိချင်နေ၍ ဖြစ်သည်။

ဝူယူကန်းသည် စမ်းသပ်ရန်အတွက် အဝါနုရောင်ရှိ သော စက္ကူတစ်ရွက်အား ထုတ်ယူလိုက်၏။၎င်းမှာ ယနေ့ခေတ် စက္ကူဖြူများကဲ့သို့ ချောမွတ်ခြင်း မရှိ သော်လည်း ဓား၏ ထက်မြက်မှုကို စမ်းသပ်ရန်အ တွက်မူ လုံလောက်ပေသည်။

“ဝိုး... တကယ်ကို ထက်တာပဲဗျ..”

ရှေးစကားအရ လက်နက်တစ်လက်၏ ထက်မြက်မှု ကို 'ဆံပင်တစ်ပင် တင်ပြီး လေမှုတ်လိုက်ရုံဖြင့် ပြ တ် တောက်သွားခြင်း' နှင့် တင်စားလေ့ရှိကြ၏။

ယခု တန်ဓားမှာလည်း ထိုနည်းအတိုင်းပင်။စက္ကူကို ဓားသွားပေါ်သို့ ညင်သာစွာ တင်လိုက်ရုံမျှဖြင့် မည် သည့်အားစိုက်မှုမှ မလိုဘဲ ပိုင်းဖြတ်သွားပေသည်။

ဝူယူကန်းက ကျန်လက်နက်များကိုလည်း တစ်လ က်ပြီးတစ်လက် စမ်းသပ်ကြည့်ရာ အားလုံးမှာ ထူး ခြားစွာ ထက်မြနေသည်ကို သူ တွေ့လိုက်ရ၏။သူ သည် လျူယောင်အား အထင်ကြီး လေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ထိုမျှ ထက်မြက်လှသည့် လက်နက်မျိုးမှာ သူတို့ကဲ့ သို့ ချမ်းသာကြွယ်ဝသော ဝူမိသားစုတွင်ပင် အနည်း ငယ်သာ ရှိပြီး ၎င်းတို့ကိုလည်း မျိုးဆက်အလိုက် စုဆောင်းထားခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း လျူယောင်ကမူ ထိုကဲ့သို့သော အဖိုး တန်လက်နက်များအား ပေါ့ပေါ့ပါးပါးပင် အများအ ပြား ထုတ်ပြနိုင်သည်လေ။

ဝူယူကန်းက အံ့သြစွာ ထပ်မေးလိုက်သည်။

"နောက်ထပ် စမ်းသပ်မှုတွေရော ကျွန်တော် ထပ်လု ပ်ကြည့်လို့ရမလား”

အမှန်စင်စစ် လက်နက်ကောင်းတစ်လက်ဆိုသည်မှာ ထက်မြက်ရုံမျှဖြင့် မလုံလောက်ဘဲ 'သံကိုဖြတ်နိုင်ခြ င်း၊ကျောက်ကိုဖြတ်နိုင်ခြင်း' ဆိုသည့် မာကျောမှုမျို းလည်း ရှိရမည် ဖြစ်၏။လျူယောင်ကမူ သူကိုယ် တိုင် အကြိ မ်ကြိမ် စမ်းသပ်ပြီးသားဖြစ်၍ ယုံကြည် မှု အပြည့်ရှိနေသည်။

သူသည် လက်မအရွယ်ခန့် ထူသော သံချောင်းတစ် ချောင်းကိုပင် တန်ဓားဖြင့် ပိုင်းဖြတ်ခဲ့ဖူး၏။

လျူယောင်က ချက်ချင်းပင် သဘောတူလိုက်သည် ကို မြင်သောအခါ ဝူယူကန်းမှာ စိတ်လှုပ်ရှားစွာ လ က်ဝါးချင်း ပွတ်သပ်လိုက်ပြီး သစ်သားတုတ်များထ က်ပင် ပိုထူသော သံချောင်းအချို့အား ရှာဖွေကာယူ လာခဲ့သည်။

ဝူယူကန်းတစ်ယောက် ခဏမျှ စဉ်းစားပြီးနောက် တ န်ဓားကို မယူတော့ဘဲ ဓားမကြီးကို ကောက်ကိုင်လို က်၏။

“ကျွန်တော် စမ်းကြည့်တော့မယ်နော် အကို”

“စမ်းကြည့်ပါ...မင်း ဘာမှအားမနာနဲ့..”

ခွင့်ပြုချက် ရသည်နှင့် ဝူယူကန်းသည် ဓားမကြီးကို မြှောက်ကာ သံတိုင်ပေါ်သို့ အားကုန်လွှဲ၍ ခုတ်ချလို က်သည်။'ဖျတ်' ဆိုသည့် အသံနှင့်အတူ ထူထဲလှ သော သံချောင်းကြီးမှာ ထောပတ်ခဲကို လှီးလိုက်သ ကဲ့သို့ နှစ်ပိုင်းပြတ်ထွက်သွား၏။

“အိုး... ဘုရားရေ...”

၎င်းမှာ သူ ထင်မှတ်ထားသလို မီးပွားများ လွင့်စင်ခြ င်းပင် မရှိဘဲ အလွယ်တကူ ပြတ်တောက်သွားခြင်း ဖြစ်၏။ဤသည်မှာ ဓား၏ ထက်မြက်မှုနှင့် မာကျေ ာမှုက ဝူယူကန်း စိတ်ကူးထားသည်ထက်ပင် အဆ ပေါင်းများစွာ သာနေကြောင်း သက်သေပြနေသည် ။

ထိုမျှ ထူးကဲသော စွမ်းဆောင်ရည်ကြောင့် ဝူယူကန်း တစ်ယောက် မထိန်းချုပ်နိုင်ဘဲ အော်ဟစ်သွားရခြင် းမှာ မဆန်းတော့ပေ။

ဝူယူကန်းသည်လည်း ဓားသိုင်းပညာရှင်တစ်ဦး ဖြစ် သည်နှင့်အညီ လက်တွေ့စမ်းသပ်ပြီးနောက်တွင် ထို လက်နက်များမှာ လောက၌ ရှားပါးလှသည့် ရတန ာများဖြစ်ကြောင်း ချက်ချင်း သိလိုက်ရ၏။

သိုင်းပညာရှင်များမှာ ဤကဲ့သို့သော လက်နက်မျိုး အား ပိုင်ဆိုင်ရန် အိပ်မက်မက်ကြသည်မှာ မဆန်း ပေ။

ဝူယူကန်းက ဓားသွား၏ အစွန်းကို အသေအချာ မျ က်တောင်မခတ်ဘဲ ကြည့်လိုက်သော်လည်း မည်သ ည့် ပွန်းပဲ့ပျက်စီးမှုကိုမျှ သူ မတွေ့ရပေ။

တကယ့်တိုက်ပွဲ၌သာ ဤလက်နက်ကို ကိုင်စွဲထားမ ည်ဆိုလျှင် ပြိုင်ဘက်၏ လက်နက်အား တစ်ချက် တည်းဖြင့် ပိုင်းဖြတ်ပစ်နိုင်မည်မှာ မြေကြီးလက်ခ တ်မလွဲပင်။။

“ဒါ... ဒါက တကယ့်ကို ရှားပါးလွန်းတယ်...”

ကျန်နေသည့် လက်နက်များကို ကြည့်ရင်း ဝူယူကန်း သည် လျူယောင်နှင့် အကြည့်ချင်းမဆုံရဲလောက် အောင်ပင် ဖြစ်သွားရ၏။သူ့ မျက်လုံးများထဲတွင်မူ လေးစားခြင်း၊အားကျခြင်းနှင့် မနာလိုခြင်းတို့ ရော ပြွမ်းနေပေသည်။

ထက်မြက်မှုတစ်ခုတည်းကိုသာ ပြောမည်ဆိုလျှင် ဝူ မိသားစုတွင် နှိုင်းယှဉ်နိုင်သော လက်နက် နှစ်လက်၊ သုံးလက်ခန့် ရှိကောင်းရှိနိုင်သော်လည်း ထိုမျှ ထူထဲ သော သံချောင်းကြီးအား ခုတ်လိုက်ပါလျက် ဓားသွ ားတွင် အရာမထင်ဘဲ နဂိုအတိုင်းရှိနေနိုင်မည့် လ က်နက်မျိုးမှာမူ သူတို့မိသားစုတွင် တစ်လက်မျှ မရှိ နိုင်ချေ။

“အစ်ကို... ဒါတွေက တကယ့်ကို တန်ဖိုးဖြတ်မရတဲ့ လက်နက်တွေပဲဗျာ...”

လျူယောင်ကလည်း အသာအယာ ပြုံးရင်း ပြန်ပြေ ာလိုက်၏။

“ဒီလက်နက်တွေ အားလုံးကို ငါ ရောင်းချင်တယ်.. ဖြစ်နိုင်ရင်တော့ လေလံတင်လိုက်တာ အကောင်းဆုံ းပေါ့..”

ဤကဲ့သို့ ရှားပါးလှသည့် လက်နက်များအား လေလံ တင်လိုက်မည်ဆိုပါက ရလာမည့် အကျိုးအမြတ်မှာ သေချာပေါက် ကောင်းကင်ဘုံအထိ မြင့်တက်လာ ပေလိမ့်မည်။

ဝူယူကန်း၏ တုန်လှုပ်ခြောက်ခြားသွားသော တုံ့ပြန် မှုကို ကြည့်ရုံဖြင့် ထိုလက်နက်များမှာ ဤဂိုဝူကမ္ဘာ ၏ ထိပ်တန်းအဆင့်တွင် ရှိကြောင်း သက်သေပြနေ ၏။မူလက သူ စိုးရိမ်စိတ် အနည်းငယ် ရှိခဲ့သော်လ ည်း ယခုအခါတွင်မူ လျူယောင် တစ်ယောက် လုံးဝ စိတ်အေးသွားခဲ့ရသည်။

ဤသို့ ဖြစ်လာခြင်းမှာလည်း မဆန်းပေ။

အနက်ရောင် သတ္တုဆိုသည်မှာ ဂြိုဟ်သားနည်းပည ာမှ ဆင်းသက်လာခြင်း ဖြစ်၏။ဤဂိုဝူကမ္ဘာ၌ အ သာစီးရယူနိုင်စွမ်း မရှိပါက ပို၍ပင် ထူးဆန်းနေပေ လိမ့်မည်။

ဤဂိုဝူကမ္ဘာရှိ သတ္တုအရည်ကျိုနည်းပညာမှာ ကမ္ဘာ မြေ၏ နည်းပညာအား မည်သို့မျှ မမီနိုင်သည်မှာ သေချာလှသည်။အလွန်ဆုံးအနေဖြင့် ကျွမ်းကျင် ပ ညာရှင်ကြီးအချို့ ရှိနိုင်သော်လည်း သူတို့ ဖန်တီး သော လက်နက်ကောင်းများမှာမူ အလွန်ရှားပါးပေ လိမ့်မည်။

ယခု သူ ကြည့်ရသည်မှာ ထိုပညာရှင်ကြီးများ သေ ချာပေါက် အားစိုက်ထုတ်ကာ လုပ်ထားသည့် လက် နက်များနှင့် နိူင်းယှဥ်လျှင်မူ ဤလက်နက်များနှင့် ကွာဟချက် ကြီးမားနေဦးမည်သာ ဖြစ်သည်။

လျူယောင်က စိတ်ထဲကနေ တွေးတောရင်း လုံးဝ စိ တ်အေးသွားရ၏။

“ဂြိုလ်သားနည်းပညာကို.. ဘယ်လိုလုပ် ယှဉ်နိုင်မှာ လဲကွာ..”

ဝူယူကန်းမှာမူ အံ့သြလွန်း၍ ခဏမျှ မှင်သက်နေပြီး မှ သတိပြန်ဝင်လာကာ မေးလိုက်၏။

“ဒီလောက်ကောင်းတဲ့လက်နက်တွေကို အကိုက တ ကယ်ကြီး ရောင်းမှာလားဗျာ..”

ထိုမျှ တန်ဖိုးကြီးသည့် လက်နက်များကို ရောင်းချမ ည်ဆိုသည့် အချက်အား သူ လက်ခံနိုင်ရန် အတော် လေး အချိန်ယူလိုက်ရသည်။

ခဏ စဉ်းစားပြီးနောက် ဝူယူကန်းက အလေးအနက် ပြောလိုက်၏။

“အစ်ကို.. ကျွန်တော်တို့ ဝူမိသားစုမှာ ကိုယ်ပိုင်လေ လံစံအိမ် ရှိပါတယ် အဲ့ဒါက ဒီဟိုင်ကျိုးမြို့မှာ အကြီ းဆုံးနဲ့ နာမည်အကြီးဆုံး လေလံစံအိမ်လည်း ဖြစ် တယ်..အကိုသာ ကျွန်တော့်ကို ယုံမယ်ဆိုရင် ဒီပစ္စ ည်း တွေကို ကျွန်တော်တို့ဆီမှာပဲ လေလံတင်ပေးမ ယ်လေ...အမြင့်ဆုံးဈေး ရစေရမယ်လို့လည်း ကျွန် တော် အာမခံပါတယ်”

လျူယောင်ကလည်း တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူ လိုက်သည်။

“ကောင်းပြီလေ... မင်းတို့ရဲ့ လေလံစံအိမ်မှာပဲ တင် ကြတာပေါ့...”

လျူယောင်သည် ဝူယူကန်း၏ စိတ်နေစိတ်ထားကို အကဲခတ်ပြီးနောက် ယုံကြည်စိတ်ချရသူတစ်ဦးဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။အကယ်၍ ဝူယူကန်းသာ ထိုမျှတန်ဖိုးကြီးလှသော ပစ္စည်းများအား အတင်း လုယူလိုသည့် ရည်ရွယ်ချက်မရှိပါက ထိုလူသည် ပေါင်းသင်းရန် မဆိုးဘူးဟု ဆိုရပေမည်။

ဝူယူကန်းမှာလည်း လျူယောင်၏ သဘောတူညီချ က်ကြောင့် ဝမ်းသာအားရ ဖြစ်သွားပေသည်။

ထို့နောက် နှစ်ဦးသား ထိုင်၍ ပူးပေါင်းဆောင်ရွက်မှု အသေးစိတ်အချက်အလက်များအား စတင်ဆွေး နွေးခဲ့ကြ၏။တိုင်ပင်ဆွေးနွေးမှုများအပြီးတွင် လေ လံပွဲအား နောက်ထပ် သုံးရက်အကြာ၌ ကျင်းပရန် နှစ်ဦးသဘောတူ ဆုံးဖြတ်လိုက်ကြသည်။

လေလံတင်မည့် ပစ္စည်းများမှာ မော်တော်ဆိုင်ကယ် သုံးစီးနှင့် လက်နက် သုံးလက်ပင် ဖြစ်၏။

လေလံ အောင်မြင်ပြီးပါက ဝူမိသားစုမှ ဝန်ဆောင်ခ အဖြစ် ၁၀ ရာခိုင်နှုန်း ရမည်ဖြစ်သည်။မူလက ပုံမှ န်ကော်မရှင်နှုန်းမှာ ၁၅ ရာခိုင်နှုန်း ဖြစ်သော်လည်း ယခုပစ္စည်းများမှာ အလွန်တန်ဖိုးကြီးပြီး လေလံ ဆွဲ မည့်ပမာဏ များနိုင်သောကြောင့် ဝူယူကန်းက ၁၀ ရာခိုင်နှုန်းအထိ လျှော့ချ၍ သတ်မှတ်ပေး လိုက်ခြ င်း ဖြစ်၏။

နှစ်ဖက်စလုံးက လေလံစာရွက်စာတမ်းများပေါ်တွင် လက်မှတ်ရေးထိုး၍ လက်ဗွေနှိပ်ကာ အတည်ပြုခဲ့ ကြသည်။လျူယောင်သည်လည်း ဝူယူကန်း လက်မှ တ် ထိုးထားသည့် စာရွက်ကို သိမ်းဆည်းပြီးနောက် ပစ္စည်းအားလုံးကိုလည်း ဝူယူကန်းထံသို့ ယုံကြည်စိ တ်ချစွာ အပ်နှံလိုက်၏။

ဝူယူကန်းအနေဖြင့် ထိုပစ္စည်းများကို ကိုယ်ကျိုးအ တွက် ယူဆောင်သွားမည်ကိုလည်း လျူယောင် အ နည်းငယ်မျှ စိုးရိမ်ခြင်းမရှိပေ။အကယ်၍သာ ဝူယူ ကန်းက ထိုသို့ ပြုလုပ်ခဲ့လျှင်တောင် မော်တော်ဆိုင် ကယ် သုံးစီးမှာ ယွမ်သောင်းဂဏန်းသာ တန်ဖိုးရှိပြီး လက်နက် သုံးလက်မှာလည်း သူ့ အမြင်တွင် ထိုမျှ လောက်အထိ အရေးမပါလှသောကြောင့်ပင်။

သို့သော်လည်း ဝူယူကန်းသည် ထိုသို့သောလူမျိုး မ ဟုတ်ကြောင်း လျူယောင် ယုံကြည်ထား၏။အက ယ်၍ ထိုလူသာ ပစ္စည်းများကို မတရားယူလိုပါက ရှုပ်ထွေးသော လုပ်ငန်းစဉ်များ လုပ်နေမည့်အစား အစောကတည်းက တစ်မျိုးမျိုး ကြံစည်ခဲ့ပြီးသား ဖြစ်ပေလိမ့်မည်။

ယနေ့မှစ၍ နောက်ထပ် သုံးရက်အတွင်း ကျင်းပမ ည့် လေလံပွဲကြီးကိုသာ သူ စောင့်ကြည့်ရန် ကျန် တော့၏။

လျူယောင်ကိုယ်တိုင်လည်း မိမိကမ္ဘာမှ ယူလာသ ည့် ပစ္စည်းများက နောက်ဆုံးတွင် ရွှေဒင်္ဂါး မည်မျှ အထိ စံချိန်တင်ကာ လေလံအောင်မြင်သွားမလဲဆို သည်အား စိတ်လူပ်ရှားစွာ စောင့်မျှော်နေမိသည်။

All Chapters