စျေးသက်သာသည်
Vol. 50 Ch. 596
ဝူယူကန်းတစ်ယောက် လက်ဖက်ရည်ဆိုင်မှ ထွက် လာ ချိန်တွင် သူ့ ရင်ထဲ၌ ပျော်ရွှင်မှုများ ပြည့်နှက် နေပေသည်။
သူတို့ ဝူမိသားစု၏ လေလံသမိုင်းတစ်လျှောက်တွင် ယခုကဲ့သို့ စိတ်လှုပ်ရှားစရာကောင်းသော မြင်ကွင်း မျိုး မရှိခဲ့သည်မှာ ကြာနေ၏။မော်တော်ဆိုင်ကယ် တ စ်စီးလျှင် အနည်းဆုံး ရွှေဒင်္ဂါး တစ်သိန်းခန့် တန် ကြေးရှိနိုင်ပြီး အခြေအနေအရ ထိုထက်ပင် ပိုမိုမြင့် တက်သွားနိုင်ပေသည်။
ထို့အပြင် သူနှင့်အတူ ပါလာသည့် လက်နက်သုံးလ က်မှာမူ ပို၍ပင် တန်ဖိုးဖြတ်ရခက်လှ၏။အင်အား ကြီးမားလှသော ဝူမိသားစုတွင်ပင် ထိုမျှ အရည်အ သွေးမြင့်သည့် လက်နက်မျိုး မရှိပေ။ဤသတင်းသ ာ ပြန့်နှံ့သွားပါက ဟိုင်ကျိုးမြို့တစ်မြို့လုံး ရိုက်ခ တ်သွားမည်မှာ အသေအချာပင်။
ဝူယူကန်းက ပျော်ရွှင်စွာ ရေရွတ်လိုက်မိသည်။
“ဟိုင်ကျိုးမြို့တင်မကဘူးကွာ... ဒီသတင်းကိုသာ ကြားရင် ပတ်ဝန်းကျင် ခရိုင်အသီးသီးက သိုင်းပည ာရှင်တွေပါ ဒီကို အပြေးအလွှား ရောက်လာကြလိ မ့်မယ်..ဟားဟားဟား”
လက်ဖက်ရည်ဆိုင်မှ ထွက်လာသည်နှင့် ဝူယူကန်း သည် မော်တော်ဆိုင်ကယ်ကို ထုတ်ကာ ဝူမိသားစုအိ မ်တော်ဘက်သို့ မောင်းလာခဲ့သည်။လမ်းတစ်လျှော က်ရှိ လူများစွာမှာမူ ဝူယူကန်းကိုသာ အံ့အားသင့်က ာ ကြည့်နေကြ၏။
“ဒီလို အကြည့်ခံရတဲ့ ခံစားချက်က တကယ်ကို မိုက် တာပဲကွာ ဟဲဟဲ..”
ဝူမိသားစု အိမ်တော်ကြီးမှာ မြေဧရိယာ ဧက ၁၀၀ ကျော်ခန့် ကျယ်ဝန်းလှပြီး အလွန်ပင် ခန့်ညားထည် ဝါလှသည်။အစေခံများ၊အစောင့်များနှင့် နောက်လို က်နောက်ပါများအားလုံး ပေါင်းလိုက်လျှင် ဝူမိသား စုဝန်းကြီးအတွင်း နေထိုင်သူဦးရေမှာ တစ်ထောင်နီး ပါးခန့် ရှိ၏။
“သခင်လေး ပြန်လာပြီလားခင်ဗျ..”
အိမ်တော်သို့ သူ ပြန်ရောက်သည်နှင့် အစေခံများနှင့် အစောင့်များက ဝူယူကန်းအား တစ်ယောက်ပြီး တစ် ယောက် ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။ဝူမိသာ းစု၏ တတိယမျိုးဆက် ဆက်ခံသူများထဲတွင် သူ့ အဆင့်အတန်းမှာ အလွန်မြင့်မားလှ၏။
လက်ရှိ ဝူမိသားစု၏ ခေါင်းဆောင် ဝူယူကန်း၏ ဖခ င်မှာ ဝူရွှမ်းပင် ဖြစ်သည်။ထိုအချိန်တွင် ဝူရွှမ်းသ ည် စာကြည့်ဆောင်အတွင်း၌ ဆန်စက္ကူတစ်ချပ်ကို ဖြန့်ခင်းကာ စုတ်တံကို ကိုင်လျက် 'ဝီရိယ ရှိသူကို ကောင်းကင်က မစ' ဟူသော စာလုံးလေးလုံးကို အာ ရုံစိုက်ကာ ရေးထိုးနေ၏။
ဝူရွှမ်းသည် ရွှမ် နဝမအဆင့်သို့ ရောက်နေသည့် သို င်းပညာရှင်တစ်ဦးလည်း ဖြစ်သည်။
သူသည် ရွှမ်အဆင့်ထိပ်ဆုံးတွင် နှစ်အတော်ကြာ ပိ တ်မိနေခဲ့ပြီး မြေကမ္ဘာအဆင့်သို့ တက်လှမ်းရန် အ မြဲတမ်း တစ်ဆင့်လိုနေခဲ့၏။ထို့ကြောင့် ကျင့်စဉ်မျာ းအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုရရှိစေရ န်နှင့် အဆင့်ကျော်လွှားနိုင်ရန် မျှော်လင့်ချက်ဖြင့် အားလပ်ချိန်များတွင် လက်ရေးလှပညာရပ်အား သူ လေ့ကျင့်နေခြင်းပင် ဖြစ်သည်။
"ဒေါက် ဒေါက်... "
သူသည် စာရေးပြီး၍ စုတ်တံကို ချလိုက်စဉ် တံခါး ခေါက်သံ ကြားလိုက်ရပြီး မကြာမီ ဝူယူကန်းက တံ ခါးဖွင့်ကာ ဝင်လာခဲ့၏။
“အဖေ...”
“အာ..ကန်းအာ... ပြန်လာပြီလား..လမ်းမပေါ်မှာ မင်း အတော်လေး နာမည်ကြီးနေတယ်လို့ ငါ ကြားတယ် ...”
ဝူယူကန်းက ရယ်မောလျက် ပြန်ပြောလိုက်သည်။
“ဟားဟား အဖေကလည်း... ကျွန်တော် မော်တော် ဆိုင်ကယ်စီးပြီး မြို့ထဲ နှစ်ပတ်သုံးပတ်လောက် ပ တ်မောင်းရုံတင်ပါ..ဒီလောက်မြန်မြန်ကြီး အဖေ့ဆီ သတင်းရောက်လာမယ်လို့ မထင်ထားဘူးဟီး..”
“မင်းပြောတဲ့ အဲဒီယာဉ်ကို 'မော်တော်ဆိုင်ကယ်' လို့ ခေါ်တာလား..အဲ့အကြောင်း ငါ့ကို အသေးစိတ် ရှင်း ပြစမ်းပါဦး..”
“ဟုတ်ကဲ့ပါ အဖေ... ရတာပေါ့..”
ဝူယူကန်းသည် သူ့ ချန်ခွန်းအိတ်ထဲမှ မော်တော်ဆိုင် ကယ်ကို ထုတ်ယူကာ ဖခင်ဖြစ်သူအား စိတ်အားထ က်သန်စွာ ရှင်းပြပေးလိုက်၏။
ရှင်းပြနေစဥ်မှာပင် ဝူရွှမ်း၏ စိတ်မှာ သိသိသာသာ လှုပ်ခတ်လာရသည်။ဤကမ္ဘာတွင် တစ်နာရီလျှင် မို င်သုံးရာကျော်အထိ အရှိန်ပြင်းစွာ ပြေးနိုင်သည့် အံ့ ဖွယ်ယာဉ်မျိုး ရှိလိမ့်မည်ဟု သူတစ်ခါမျှ မတွေးထာ းမိချေ။
“အဖေ... အဲ့လူက ကျွန်တော့်ကို သုံးစီး ပေးခဲ့တာပါ .. ဒါတွေကို ကျွန်တော်တို့ လေလံစံအိမ်မှာ တင်ဖို့ သူ က သဘောတူထားတယ်”
ဝူယူကန်းက လျူယောင်နှင့် ညှိနှိုင်းခဲ့သည့် ဖြစ်စဥ် အား အတိုချုပ် ရှင်းပြလိုက်သည်။
“အင်း...”
ဝူရွှမ်းက ခေါင်းညိတ်ရင်း ပြန်ပြောလိုက်၏။
“မော်တော်ဆိုင်ကယ် သုံးစီးအပြင် လက်နက် သုံးလ က်လည်း ပါသေးတယ်ဆိုတော့... အဲဒါတွေကိုပါ ငါ့ ကို အကုန်ပြစမ်း..”
ဝူယူကန်းက သူ့ ချန်ခွန်းအိတ်အတွင်းမှ တန်ဓား၊ဓား ရှည်နှင့် ဓားမကြီးတို့ကို ထုတ်ယူကာ စားပွဲကြီးပေါ် တွင် တင်လိုက်သည်။ဝူရွှမ်းသည် ဓားများကို တစ် လက်ပြီးတစ်လက် ကောက်ကိုင်ကာ အလေးချိန်ကို စမ်းသပ်ကြည့်ရုံသာမက ၎င်းတို့၏ ထက်မြက်မှုကို ပါ သေချာစွာ စစ်ဆေးကြည့်လိုက်၏။
“အဖေ... ဒါတွေက တကယ့်ကို အဖိုးတန် ရတနာ တွေပဲ..ကျွန်တော် ကိုယ်တိုင်လည်း စမ်းသပ်ပြီးသား ပါ”
ဝူယူကန်းက သစ်သားတုတ်ထက် ထူထဲသောသံချေ ာ င်းကြီးကို မည်သို့ အလွယ်တကူ ပိုင်းဖြတ်ခဲ့ပုံကို ပြန်လည်ပြောပြသောအခါ ဝူရွှမ်း၏ စိတ်လှုပ်ရှားမှု မှာ ပိုမိုကြီးထွားလာသည်။သူသည် နှစ်ပေါင်းများစွာ စိတ်တည်ငြိမ်အောင် ကျင့်ကြံလာခဲ့သူ ဖြစ်သော်လ ည်း ထိုမျှ ပြိုင်ဘက်ကင်းသည့် လက်နက်သုံးလက် အား မြင်တွေ့ရသောအခါတွင်မူ သူဆက်ပြီး မတည် ညိမ်နိုင်တော့ပေ။
“ဒီလောက် ကောင်းတဲ့လက်နက်မျိုးတွေကို ငါတို့ ဝူမိသားစုကပဲ အကုန် သိမ်းကျုံးဝယ်ထားနိုင်ရင် သိ ပ်ကောင်းမှာပဲ...”
“မရဘူး အဖေ... သူက လေလံတင်ရမယ်လို့ အသေ အချာ ပြောထားတာ..ကျွန်တော်တို့ဆီကို သီးသန့် ရောင်းဖို့ မဟုတ်ဘူး”
လျူယောင်သည် ဈေးကောင်းရရန်အတွက် လေလံ တင်ရန် ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း ဝူယူကန်းက ရှင်းပြလိုက်၏။ဝူရွှမ်းသည်လည်း ထိုအရာများကို လေလံတင်ခြင်းက အလွန်အရေးကြီးသည်ဟု ယူဆ သဖြင့် ဝူမိသားစု၏ ခေါင်းဆောင်များအား အစည်း အဝေးခန်းသို့ ချက်ချင်းပင် ခေါ်ယူလိုက်သည်။
အစည်းအဝေးခန်းထဲသို့ ဝူယူကန်း၏ ဦးလေးများ၊ ဘထွေးများနှင့် ဝူမိသားစု၏ အရေးပါသော ပုဂ္ဂိုလ် တစ်ဒါဇင်ကျော် ရောက်လာကြ၏။အခြေအနေကို နားလည်သွားကြသောအခါ အချို့သောသူများ၏ မျက်လုံးများမှာ လောဘရိပ်များဖြင့် တောက်ပလာ ကြသည်။
“မိသားစုခေါင်းဆောင်... ဒီ လျူယောင် ဆိုတဲ့လူကို လျှို့ဝှက်စုံစမ်းဖို့ လူလွှတ်သင့်တယ်လို့ ကျွန်တော် အကြံပြုပါတယ်..အခြေအနေအရ သူက တစ်ယော က်တည်း ဖြစ်ပုံရတယ်”
အခြားတစ်ယောက်ကလည်း ချက်ချင်းပင် ထော က်ခံလိုက်၏။
“မှန်ပါတယ် မိသားစုခေါင်းဆောင်..သူက တစ်ယော က်တည်းဆိုရင် သူ့မှာ ဘာနောက်ခံမှ မရှိဘူးပေါ့. တ ကယ်လို့ သူက ရွှမ်အဆင့်လောက်ပဲ ရှိမယ်ဆိုရင် ဒီ ပစ္စည်းတွေကို ကျွန်တော်တို့ကပဲ အပိုင်သိမ်းနိုင်သ လို ..လိုအပ်ရင် သူ့ကိုပါ ရှင်းပစ်လို့ ရတာပေါ့”
ဝူရွှမ်း၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တင်းမ ာ ခက်ထန်လာခဲ့သည်။သူသည် လောဘတက်နေ သည့် လူနှစ်ဦးကို စူးရှစွာ စိုက်ကြည့်ရင်း ပြင်းထန်စွ ာ သတိပေးလိုက်၏။
“ဒီလို အောက်တန်းကျတဲ့ အကြံပြုချက်မျိုး နောက် တစ်ခါ ငါ ထပ်မကြားချင်ဘူး..ငါတို့ ဝူမိသားစုဟာ ဂုဏ်သိက္ခာရှိရှိနဲ့ ပွင့်ပွင့်လင်းလင်း အလုပ်လုပ်တဲ့ မိ သားစုပဲ..ဒီလို ယုတ်ညံ့တဲ့ အလုပ်မျိုးကို ငါတို့ ဘယ် တော့မှ မလုပ်ဘူး..”
ထိုသို့ အကြံပြုချက်များကို ပြတ်ပြတ်သားသား ငြ င်းပယ်ပြီးနောက် ဝူရွှမ်းက ဆက်၍ ညွှန်ကြားလိုက် ၏။
“ငါတို့ အခု အာရုံစိုက်ရမှာက ဒီလေလံပွဲကြီး အော င်မြင်ဖို့ပဲ..ငါတို့မှာရှိတဲ့ အဆက်အသွယ်တွေနဲ့ အရင် းအမြစ်အားလုံးကို အသုံးပြုပြီး သတင်းဖြန့်ရမယ် လေလံပွဲကို လူစိတ်ဝင်စားမူ အမြင့်ဆုံးရောက်အော င် မင်းတို့ ကြိုးစားကြပါ..”
လူတွေ ပိုမိုစိတ်ဝင်စားလာလေလေ ပြိုင်ဆိုင်မှု ပြင်း ထန်ပြီး လေလံဈေးနှုန်းများ မြင့်တက်လာလေလေ ဖြစ်ပေလိမ့်မည်။
အခြားတစ်ဖက်တွင်မူ လျူယောင်သည် ဘာကိုမျှ စိုးရိမ်ပူပန်ခြင်းမရှိဘဲ အတော်လေး စိတ်အေးလက် အေးရှိနေခဲ့သည်။
သူသည် လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် လမ်းမကြီးအတိုင်း အေးအေးလူလူ လျှောက်လာရ င်း လက်ဝတ်ရတနာဆိုင်ကြီး တစ်ဆိုင်အတွင်းသို့ ဝ င်လာခဲ့၏။ဆိုင်အတွင်း၌ ရွှေ၊ငွေနှင့် ကျောက်သံ ပ တ္တမြားများစွာ ရှိနေပြီး အထူးသဖြင့် အမျိုးအစား စုံလင်လှသည့် လက်ကောက်များ၊ ဆွဲသီးများအား စုံလင်စွာ ခင်းကျင်းပြသထားပေသည်။
ဟေထန်းကျောက်စိမ်း၊ဂေါ်မုတ်နှင့် အခြားသော တ န်ဖိုးကြီး ကျောက်မျက်ရတနာများကို မြင်တွေ့ရသေ ာအခါ လျူယောင်မှာ အံ့သြစ့ာ ရေရွတ်မိလိုက်၏။
“အိုး ရတနာတွ တကယ့်ကို များတာပဲ”
ထိုရတနာများမှာ အမျိုးအစား စုံလင်ရုံသာမက အ ရည်အသွေးလည်း မြင့်မားလှသည်။ပို၍ ထူးခြားသ ည်မှာ ၎င်းတို့၏ ဈေးနှုန်းမှာ ဤဂိုဝူကမ္ဘာ၌ သူ ထင် သလောက် စျေးနူန်း မကြီးခြင်းပင်။
လျူယောင်သည် ကြည်လင်တောက်ပနေသော ဧက ရာဇ်ကျောက်စိမ်း လက်ကောက်တစ်ကွင်းကို သတိ ထားမိခဲ့သည်။ဤကဲ့သို့သော လက်ရာနှင့် အရည်အ သွေးမျိုးသာ သူ့ ခေတ်သစ်ကမ္ဘာသို့ ယူဆောင်သွား ပါက ကျိန်းသေပေါက် ယွမ်သန်းရာနှင့်ချီ၍ တန်ဖိုး ရှိပေလိမ့်မည်။
လျူယောင်အတွက်မူ ဤကမ္ဘာ၏ ငွေကြေးတန်ဖိုးမှ ာ ရယ်စရာ ပြတ်လုံး ကဲ့သို့ပင်။
သာမန်လူတစ်ယောက်အတွက် ရွှေဒင်္ဂါးနှစ်ဆယ်မှာ တစ်သက်လုံးသုံးမကုန်နိုင်သည့် ပမာဏဖြစ်သော် လည်း သူ့အတွက်မူ လက်ဖျောက်တစ်ချက်တီးစာ မျှသာ ရှိ၏။
“ရွှေဒင်္ဂါးနှစ်ဆယ်တဲ့လား... တကယ့်ကို ဈေးပေါလွ န်းတာပဲ ငါ့အကြိုက်ပဲကွာ..”
လျူယောင့် စိတ်ထဲတွင် ဤဆိုင်ရှိ ပစ္စည်းအားလုံးမှ ာ လမ်းဘေးတွင် အလကားကောက်ရသည့်အလား ခံစားနေရသည်။ဆိုင်တစ်ဆိုင်လုံးရှိ ရတနာတိုင်းမှာ သူ့အတွက်မူ အမြတ်အစွန်းများပြားလှသည့် ရင်းနှီး မြှုပ်နှံမှုများ ဖြစ်နေသည်လေ။
သူသည် လက်ဖဝါးတစ်ဝက်ခန့်သာရှိသော ထိပ်တ န်း ကျောက်စိမ်းပန်းကန်ပြားလေးတစ်ချပ်အား သ တိထားမိလိုက်သည်။လက်ရာမှာ အလွန်ပင် သေသ ပ်ပြီး အသွင်အပြင်မှာလည်း အပြစ်ဆိုဖွယ်မရှိအော င် လှပလွန်းလှ၏။ထို့အပြင် ဖြူဖွေးအိစက်နေသည့် ဟေထန်းကျောက်စိမ်းများကိုလည်းရွှေဒင်္ဂါး တစ်ပြ ား၊နှစ်ပြားဖြင့်သာ ရောင်းချနေပေသည်။
လျူယောင်သည်လည်း တွေဝေမနေဘဲ တွေ့သမျှ အကုန်သိမ်းကျုံးဝယ်ယူလိုက်၏။
ဆိုင်အကူများမှာလည်း လျူယောင်ကဲ့သို့ လက်ဖွာ သည့် သူဌေးကြီးကို တွေ့ရသဖြင့် အားတက်သရော ဖြစ်နေကြပြီး ဆိုင်ရှိ အကောင်းဆုံးပစ္စည်းများအား တစ်ခုပြီးတစ်ခု ထုတ်ပြကာ အကြံပြုနေကြသည်။
“ဝယ်မယ်... ဒါလည်း ဝယ်မယ်...အင်း ဒါလည်းမ ဆိုးဘူး ငါ အကုန်ယူမယ်..”
လျူယောင်သည် ဆိုင်အတွင်းရှိ ထိပ်တန်းကျောက် စိမ်းပစ္စည်းအားလုံးနီးပါးကို လက်ညှိုးထိုး၍ ဝယ်ယူ လိုက်၏။သူသည် ကျောက်စိမ်းနှင့် ဟေထန်းကျော က်စိမ်းများသာမက ကြက်သွေးနီကျောက်အချို့ကို လည်း သူ ဝယ်ယူခဲ့သေးသည်။
သူ့ ကိုယ်ပိုင်ကမ္ဘာတွင်မူ 'ကြက်သွေးနီကျောက်'မျာ းမှာ အလွန်ရှားပါးပြီး ဈေးကြီးလှသော်လည်း ဤ နေရာတွင်မူ တန်ဖိုးမရှိသလောက် ဈေးပေါနေ၏။
ရွှေဒင်္ဂါး ရာနှင့်ချီ၍ အသုံးပြုကာ ကျောက်စိမ်းများ စွာ ဝယ်ယူပြီးနောက် လျူယောင်၏ စိတ်ထဲတွင် ပီ တိစိတ်များ လွှမ်းမိုးနေပေသည်။ဤကဲ့သို့သော အ ကျိုးအမြတ် များများရသည့် ခံစားချက်မှာ တကယ့် ကို ပျော်စရာကောင်းလှ၏။
သူသည် ထိပ်တန်းကျောက်စိမ်း နှစ်ရာ၊သုံးရာခန့် အား ချန်ခွမ်းခွန်အိတ်ထဲသို့ အကုန်ထည့်ပြီးနောက် ရတနာဆိုင်ကြီးအတွင်းမှ ခန့်ညားစွာ ထွက်လာခဲ့သ ည်။
“အိုး.. မွှေးလိုက်တာ”
လမ်းဘေးရှိ အဆာပြေမုန့်ဆိုင်လေးတစ်ဆိုင်မှ မွှေး ပျံ့သော ရနံ့များ ထွက်ပေါ်နေပြီး ဆိုင်ရှေ့တွင်လည်း လူများ တန်းစီနေသည်အား သူ မြင်လိုက်ရ၏။
ယခုအချိန်တွင်၌ သူသည် အလုပ်မရှိ အားလပ်နေ သူဖြစ်ရာ အချိန်အလုံအလောက် ရှိနေပေသည်။
ထို့ကြောင့် လျူယောင်သည် လူအုပ်ကြားထဲတွင် တ န်းစီစောင့်ဆိုင်းပြီး မုန့်အချို့ ဝယ်လိုက်၏။သူ တစ် လုပ်မြည်းကြည့်လိုက်ရုံဖြင့် အရသာမှာ လျှာပေါ် တွ င် စွဲငြိသွားပြီး တကယ်ကို ကောင်းမွန်လှပေသည်။ ဤမုန့်ဆိုင်လေးတွင် လူများစွာ တန်းစီနေကြသည် မှာ အံ့သြစရာ မဟုတ်တော့ချေ။
လျူယောင်သည်လည်း အရသာရှိသော အဆာပြေ မုန့်ကို မြိန်ရေယှက်ရေ စားရင်း တစ်ကိုယ်တည်း ကျေနပ်နေမိသည်။သူသည် လက်ကိုမြှောက်၍ နာရီ ကို ကြည့်လိုက်ရာ ညနေ ၄:၃၀ ရှိနေ ၏။သူ မြို့ထဲ တွင် လျှောက်သွားနေသည်မှာ နှစ်နာရီကျော်ပင်ကြာ သွားခဲ့သည်။
ချန်ခွန်းအိတ်တစ်လုံး ရှိနေခြင်းမှာ တကယ့်ကို အဆ င်ပြေလှ၏။ထို့ကြောင့်လည်း ယခုတစ်ခေါက်တွင် သူ့ ကမ္ဘာမှ နာရီတစ်လုံးကိုပါ အပိုယူလာခဲ့သည်။
သူသည် တည်းခိုခန်းဘက်သို့ လမ်းလျှောက်ပြန် လာရင်း မျက်စိကျစရာ ပစ္စည်းကောင်းလေးများ တွေ့တိုင်း ဝယ်ယူလိုက်၏။အလယ်အလတ်အဆင့်ချန်ခွန်းအိတ်မှာ အလွန်ကျယ်ဝန်းလှသဖြင့် ဝယ်သမျှ ပစ္စည်းအစုံအလင်အား စိတ်ကြိုက် သိုလှောင်ထားနိုင်ပေသည်။
ညနေစောင်းတွင်မူ တည်းခိုခန်းသို့ သူ ပြန်ရောက်လ ာ၏။သို့သော်လည်း လျူယောင်အတွက် အံ့အား င့်စရာတစ်ခုမှာ တည်းခိုခန်း၌ တစ်စုံတစ်ယောက်က သူ့အား စောင့်နေခြင်းပင် ဖြစ်သည်။