ဝမ်မိသားစု
Vol. 50 Ch. 597
တည်းခိုခန်းအတွင်းသို့ သူ ဝင်လာသည်နှင့် တစ်စုံ တစ်ယောက်က သူ့အား စောင့်ဆိုင်းနေသည်ကို တွေ့ လိုက်ရသဖြင့် လျူယောင် အနည်းငယ် အံ့အားသင့် သွားခဲ့သည်။
“သခင်လေးလျူ... မင်္ဂလာပါ..ကျွန်တော့်နာမည် ဝမ် ကွန်းပါ..ကျွန်တော်တို့ သခင်လေးက ခင်ဗျားကို လို က်ခဲ့ဖို့ ဖိတ်လိုက်တယ်..”
ထိုလူ၏ လေသံမှာ ဖိတ်သည်ထက် အမိန့်ပေးခြင်းနှ င့် ပိုတူနေ၏။ဟိုင်ကျိုးမြို့၏ ဝမ်မိသားစုမှ ဖြစ်ရမ ည်မှာ သေချာလှသဖြင့် ထိုမျှ မာနကြီးပြီး လေသံမ ာနေခြင်းမှာ မဆန်းတော့ပေ။သူ့ ပုံစံက “ခင်ဗျား ကျုပ်နဲ့ မဖြစ်မနေ လိုက်ခဲ့ရမယ်” ဟု အတင်း တိုက် တွန်းနေသကဲ့သို့ပင်။
လျူယောင်သည်လည်း ထိုလူ၏ မထီမဲ့မြင်ပြုမှုကို မြင်သောအခါ ဒေါသအနည်းငယ် ထွက်လာ၍ အေး စက်စွာ တုံ့ပြန်လိုက်သည်။
“စိတ်မရှိပါနဲ့... ကျွန်တော့်မှာ သွားတွေ့ဖို့ အချိန်မရှိ ဘူး.အခု တော်တော်လေး အလုပ်များနေတာမို့ ခင် ဗျားတို့ သခင်လေးဆိုတာကိုလည်း မသိသလို တွေ့ ဖို့လည်း စိတ်မဝင်စားဘူး..”
လျူယောင်က စိတ်ထဲကနေ ဝေဖန်နေမိ၏။
လူတစ်ယောက်ကို ပေါ့ပေါ့တန်တန် လွှတ်လိုက်ရုံဖြ င့် တစ် ဖက်လူက လာရမည်ဆိုသည်မှာ အတော် လေး အတင့်ရဲလွန်းလှသည်။ခင်ဗျားတို့မျက်နှာက ဘယ်လောက်တောင် ကြီးနေသနည်း။
“ဘာပြောတယ်...”
ဝမ်ကွန်း၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက် ယွင်းသွားခဲ့သည်။ဤဟိုင်ကျိုးမြို့၌ မည်သူမျှ သူ့ အား ထိုကဲ့သို့ ပြတ်ပြတ်သားသား ငြင်းဆိုသူမျိုး မ ရှိဖူးချေ။
ဝမ်ကွန်းသည် သူ့လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလို က်သည်နှင့် နောက်လိုက်နှစ်ယောက်မှာ လျူယောင် အား ဖမ်းဆီးရန် ရှေ့တိုးလာကြသည်။၎င်းတို့ နှစ် ဦးမှာ အားနည်းသူများ မဟုတ်ကြဘဲ ဟွမ်အဆင့် သိုင်းပညာရှင်များ ဖြစ်၏။တစ်ဦးမှာ ဟွမ်တတိယ အ ဆင့်ဖြစ်ပြီး နောက်တစ်ဦးမှာ စတုတ္ထအဆင့်ပင် ဖြစ်သည်။
သူတို့သည် အထင်သေးစွာဖြင့် လက်များကို ဆန့်ထု တ်ကာ လျူယောင်အား အတင်းအကျပ် ဆွဲခေါ်သွား ရန် ပြင်လိုက်၏။ဝမ်ကွန်းကလည်း ထိုနည်းတူပင်။ အဘယ်ကြောင့်ဆိုသော် လျူယောင်၏ ခန္ဓာကိုယ်မှ သိုင်းပညာရှင်တစ်ဦး၏ အငွေ့အသက်မျိုး အနည်း ငယ်မျှပင် သူ မခံစားရသောကြောင့် ဖြစ်သည်။
“ဝုန်း... ဝုန်း...”
ထိုစဥ်မှာပင် မျက်စိတစ်မှိတ်အတွင်း.ဝမ်ကွန်းမှာ ဘ ာဖြစ်သွားသည်ကို သေသေချာချာပင် မမြင်လိုက် ရချေ။သူ သတိပြုမိလိုက်ချိန်တွင်မူ့ သူ့ နောက်လို က်နှစ်ဦးမှာ မြေပြင်ပေါ်၌ လဲကျနေပြီး နာကျင်စွာ အော်ဟစ်နေကြသည်။လဲကျသွားသူများမှာ ပြန်မ ထနိုင်ဘဲ ဒဏ်ရာအပြင်းအထန် ရရှိသွားသည်မှာ သိ သာလှ၏။
“အမ် ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ”
ဝမ်ကွန်းမှာ ခေတ္တမျှ မှင်တက်သွားပြီးမှ အခြေအနေ အား သဘောပေါက်သွားကာ ဒေါသတကြီး အော်ဟ စ်လိုက်သည်။'ခွေးကိုရိုက်လျှင် ပိုင်ရှင်မျက်နှာကိုကြ ည့်ရသည်' ဟူသော စကားအတိုင်း ဤဟိုင်ကျိုးမြို့ တွင် ဝမ်မိသားစု၏ လူကို မည်သူကများ ရိုက်ရဲသန ည်း။
“ဟေ့ကောင်... မင်း သေဖို့သာ ပြင်ထားတော့ ”
“ငါတို့နောက်မှာ ဟိုင်ကျိုးမြို့ရဲ့ ဝမ်မိသားစုရှိတယ် ဆိုတာ မင်း သိရဲ့လား.မင်းက ဝမ်မိသားစုရဲ့ လူတွေ ကိုတောင် လက်ဖျားနဲ့ ထိရဲတယ်ပေါ့လေ..”
လျူယောင်ကမူ အေးစက်စွာ ပြုံးရင်း ပြန်ဖြေလိုက် ၏။
“ဝမ်မိသားစုက တော်တော်လေးကို ရှုပ်တာပဲ.. ဒါက ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်.. မင်းတို့ ဝ မ်မိသားစုတစ်စုလုံးကို ငါ ဖျက်ဆီးပစ်နိုင်တယ်ဆို တာ မင်း ယုံလား..”
“မင်း စကားကို ဆင်ခြင်ပြောစမ်း..”
“ကဲကွာ..သွေးနဂါးလက်သီး.."
ဝမ်ကွန်းက ဟွမ်အဆင့်၏ အထွဋ်အထိပ်သို့ ရောက် နေသူဖြစ်ကာ ရွှမ်အဆင့်သို့ တက်လှမ်းရန် ခြေတစ် လှမ်းသာ လိုတော့သည့် သိုင်းပညာရှင်လည်း ဖြစ် ပေသည်။သူ့ တစ်ကိုယ်လုံးရှိ ခွန်အားများကို လက် သီးပေါ်သို့ စုစည်းလိုက်ရာ လက်သီး၏ အရှိန်မှာ အရိပ်ကိုပင် မမြင်ရလောက်အောင် မြန်ဆန်လှ၏။
ဤလက်သီးတစ်ချက်သည် ကျွဲကြီးတစ်ကောင်ကိုပ င် ချက်ချင်း အသက်ပျောက်သွားနိုင်သည်။
“ဘုန်း...”
သို့သော်လည်း ဝမ်ကွန်း၏လက်သီးမှာ လျူယောင် ထံသို့ မရောက်မီ သံမဏိနံရံအား ထိုးလိုက်ရသကဲ့ သို့ သူ ခံစားလိုက်ရ၏။သူ့ ပါးစပ်မှ သွေးများပင် အ န်ထွက်လုနီးပါး ဖြစ်သွားရသည်။သူ အတွင်းဒဏ်ရာ ရရှိသွားပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ရ၏။
ဝမ်ကွန်း၏ ထိတ်လန့်တုန်လှုပ်မှုမှာ အထွဋ်အထိပ် သို့ ရောက်ရှိသွားသည်။သူသည် သံမဏိနံရံကို ထိုး မိသည်ဟု ထင်လိုက်သော်လည်း အမှန်တကယ်တွင် မူ လျူယောင်၏ လက်သီးတစ်လုံးတည်းနှင့်သာ ရ င်ဆိုင်ရခြင်း ဖြစ်၏။
လျူယောင်သည် ဝမ်ကွန်း၏ အပြင်းထန်ဆုံး ကျင့် စဉ်ဖြစ်သော “သွေးနဂါးလက်သီး"အား သူ့ လက်သီး ဖြင့် ပြန်ထိုးလိုက်ကာ အေးဆေးစွာပင် ချေဖျက်လို က်ခြင်း ဖြစ်သည်။
လျူယောင် စိတ်ထဲမှ အထင်သေးစွာ ရေရွတ်လိုက် ၏။
“ဒီကမ္ဘာက သိုင်းပညာရှင်တွေက ငါထင်ထားသလေ ာက် သိပ်မစွမ်းလှပါလား..”
ခုနက တိုက်ခိုက်ရာတွင် သူသည် အင်အား ၁၀ ရာခို င်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်သာ အသုံးပြုခဲ့ခြင်း ဖြစ် ပြီး ဝမ်ကွန်း၏ လက်သီးချက်အား ညင်သာစွာပင် တုံ့ ပြန်ခဲ့ခြင်းဖြစ်၏။
ဝမ်ကွန်းမှာမူ ကြောက်လန့်တကြားဖြင့် အထစ်ထစ် အငေါ့ငေါ့ အော်ဟစ်လိုက်သည်။
“မင်း..မင်းက ရွှမ်အထွဋ်အထိပ်အဆင့်ပဲ”
သာမန် ရွှမ်အဆင့် သိုင်းပညာရှင်တစ်ဦးမှာ ဤမျှ တည်ငြိမ်သော ခွန်အားမျိုး မရှိနိုင်ဘဲ အထွဋ်အထိ ပ်သို့ ရောက်နေသူများသာ ထိုကဲ့သို့ စွမ်းဆောင်နိုင် မည်ဟု ဝမ်ကွန်း တွေးမိလိုက်၏။
“သိရင်လဲ အခုချက်ချင်း လစ်တော့ မင်းတို့ရဲ့ သခင် လေးဆိုတဲ့ ကောင်ကိုလည်း ပြောလိုက်ဦး...ငါနဲ့ လာ ပြီး ကစားဖို့ မကြိုးစားနဲ့..မဟုတ်ရင် သူ့ကိုပါ တစ်ခ ါတည်း ရှင်းပစ်လိုက်မယ်”
ရွှမ်အထွဋ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ဦး၏ ရှေ့မှောက်တွင် ဝမ်ကွန်းမှာ ဆက်မနေရဲတော့ချေ။ သူသည် ဒဏ်ရာရနေသော နောက်လိုက်နှစ်ဦးကိုပင် လှည့်မကြည့်တော့ဘဲ ထွက်ပြေးသွား၏။သို့သော် လည်း သူ့ စိတ်ထဲတွင်မူ မကျေနပ်မှုများ ပြည့်နှက် နေဆဲပင်။
“ဟင်း...မင်း စောင့်နေဦး..ရွှမ်အထွဋ်အထိပ်အဆင့် ဆိုရင်ရော ဘာဖြစ်လဲ..ငါတို့ ဝမ်မိသားစုရဲ့ ခေါင်း ဆောင်ကိုယ်တိုင်က ရွှမ်အဆင့်ပဲ.. ငါတို့ရဲ့ ဘိုးဘေး တွေဆိုရင် ရွှမ်အဆင့်ရဲ့ စတုတ္ထအဆင့်မှာတောင် ရှိ နေတာ..မင်းသေဖို့သာ ပြင်ထား...”
ဟိုင်ကျိုးမြို့၏ အဓိက မိသားစုကြီး သုံးစုဖြစ်သော ဝမ်၊ဝူနှင့်ရှဲ မိသားစုများထဲတွင် ဝမ်မိသားစုသည် ရွှ မ်အဆင့် သိုင်းပညာရှင်အများဆုံး ပိုင်ဆိုင်ထားခြင်း လည်း ဖြစ်၏။၎င်းတို့ထံတွင် စုစုပေါင်း နှစ်ဦးအထိ ရှိပေသည်။
ဤဖြစ်ရပ်လေးအား လျူယောင်က အလေးအနက် မထားခဲ့ပေ။
ရွှမ်အဆင့်များ ရှိနေလျှင်ပင် သူက ဂရုစိုက်မည် မ ဟုတ်ပေ။သူ၏ လက်ရှိအစွမ်းမှာ ရွှမ်အဆင့် ရှိမည် ဟု ခန့်မှန်းထားသော်လည်း အဆင့်သတ်မှတ်ချက်မ အကြောင်းကိုမူ သူ သိပ် မသိသေးပေ။
“ငါ ကိုယ့်အခန်းကိုယ် ပြန်ပြီး တံခါးပိတ်နေလိုက် တာ အကောင်းဆုံးပဲ..ဒီနေ့ ရခဲ့တဲ့ အကျိုးအမြတ် တွေကို စစ်ဆေးကြည့်ရဦးမယ်...”
သူ့အတွက်မူ ယနေ့ဝယ်ယူခဲ့သော ကျောက်စိမ်း နှစ် ရာ၊ သုံးရာခန့်မှာ များပြားသော အမြတ်ငွေပင် ဖြစ် သည်။စုစုပေါင်းတန်ဖိုးကို တွက်ချက်ကြည့်လျှင် အ နည်းဆုံး ယွမ်သန်းချီ၍ တန်ဖိုးရှိလောက်၏။
“အင်း တစ်ယောက်ယောက်က ငါ့ကို စောင့်ကြည့်နေ ပုံရတယ်.”
သို့သော်လည်း လျူယောင်ကမူ 'စစ်လာလျှင် ဆီး ကြိုတိုက်ခိုက်မည် ရေလာလျှင် မြေဖြင့်ပိတ်ဆို့မည်' ဟူသော စကားအတိုင်း မည်သည်ကိုမျှ စိုးရိမ်ပူပန် ခြင်းမရှိပေ။အခြေအနေကို ကြည့်၍ ဖြေရှင်းရန်သာ သူ ဆုံးဖြတ်ထားလိုက်၏။
ဤဟိုင်ကျိုးမြို့လေးအတွင်း၌ သူ့အား အမှန်တက ယ် ခြိမ်းခြောက်နိုင်မည့်သူ ရှိလိမ့်မည်မဟုတ်ဟု လျူယောင် ခန့်မှန်းထားခဲ့သည်။
ညစာစားချိန်ရောက်သောအခါ လျူယောင်သည် တ ည်းခိုခန်းမှထွက်၍ နာမည်ကြီး စားသောက်ဆိုင်တစ် ဆိုင်သို့ သွားစားလိုက်၏။အရသာရှိသည့် ဟင်းပွဲမျ ာ စားပြီးနောက် သူ အလွန်ပင် ကျေနပ်ရသည်။
ညစာစားပြီးနောက် မြို့ထဲ၌ သူ အေးအေးလူလူ လ မ်းလျှောက်ထွက်လာလိုက်၏။ဟိုင်ကျိုးမြို့၏ ညရှု ခင်းမှာ လှပဆန်းသစ်နေပြီး လမ်းမများပေါ်တွင်လ ည်း လူများစွာ စည်ကားနေသည်။
သို့သော်လည်း သူ စားသောက်ဆိုင်မှထွက်၍ ခဏ လေးပဲ လမ်းလျှောက်ပြီးနောက် သူ့ နောက်ဘက်မှ လှုပ်ရှားသံတစ်ခုနှင့်အတူ ကျယ်လောင်သော အော် ဟစ်သံအား ကြားလိုက်ရ၏။
“ဒီလူပဲ... ဟုတ်တယ်..ဟိုမှာ အဲ့လူ...”
လျူယောင်သည်လည်း ခြေလှမ်းများကို ရပ်တန့်လို က်ပြီး ချဉ်းကပ်လာသော လူအုပ်စုကို လှောင်ပြောင် သော အကြည့်ဖြင့် သူ ကြည့်လိုက်သည်။လူအုပ်၏ ခေါင်းဆောင်မှာ ဘရိုကိတ်ပိုးထည် အင်္ကျီကို ဝတ် ဆင်ထားသော လူငယ်တစ်ဦးပင် ဖြစ်၏။
သူ့ ခါးတွင်လည်းဓားရှည်တစ်လက် ချိတ်ဆွဲထား သော်လည်း မျက်နှာပေါ်ရှိ ဝက်ခြံများကြောင့် ရုပ်ရ ည်မှာမူ ကြည့်မကောင်းလှပေ။
သူ့နောက်တွင်မူ သိုင်းပညာရှင်ဝတ်စုံဝတ်ထားသော လူ အယောက်နှစ်ဆယ် သုံးဆယ်ခန့် ပါလာပြီး အား လုံးမှာလည်း လက်နက်ကိုယ်စီ ကိုင်ထားကြသည်။
လူအုပ်ထဲတွင် ဝမ်ကွန်းကို မြင်လိုက်ရသည်နှင့် ဘာ ဖြစ်နေသလဲဆိုသည်အား လျူယောင် ချက်ချင်း သိ လိုက်၏။ဤသည်မှာ ဝမ်မိသားစုမှ လက်စားချေမ ည့်သူများ ရောက်လာခြင်း ဖြစ်လောက်မည်။
ကျင်းရီပိုးသားများကို ဝတ်ဆင်ထားသော ဝမ်ဟိန်း မှာ ဝမ်မိသားစု၏ တတိယမျိုးဆက် ဆက်ခံသူ ဖြစ် ပြီး အနာဂတ်တွင်လည်း ဝမ်မိသားစုခေါင်းဆောင် ဖြစ်လာမည့် သူပင် ဖြစ်၏။
ဟိုင်ကျိုးမြို့တွင် ဝမ်ဟိန်း၏ နာမည်မှာ အလွန်ပင် ပုပ်စပ်နေပြီး သာမန်အရပ်သားများက သူ့အကြောင် း ပြောမိလျှင်ပင် ကြောက်လန့်တုန်လှုပ်သွားရသ ည်။ထိုအကောင်က အနိုင်ကျင့် ဗိုလ်ကျခြင်း အပါ အဝင် နာမည်ဆိုးဖြင့် ကျော်ကြားသူလည်း ဖြစ်၏။
ပတ်ဝန်းကျင်ကလည်း တိုးတိုးတိတ်တိတ် ဝေဖန်နေ ကြသည်။
“လမ်းပေါ်မှာ လူသတ်တာမျိုးက ဝမ်မိသားစု အတွ က်တော့ ထမင်းစားရေသောက်တဲ့ ကိစ္စလေးပဲ. .သူ တို့လို လူမျိုးတွေက ဒါကို ခဏခဏ လုပ်နေကျလေ ”
ဝမ်ဟိန်းက လျူယောင်ကို စိုက်ကြည့်၍ မောက်မာ စွာ မေးလိုက်၏။
“မင်းက လျူယောင် ဆိုတာလား”
“ဟုတ်တယ်... ငါ လျူယောင်ပဲ ဟဲဟဲ...”
လျူယောင်က လှောင်ပြုံး ပြုံးလိုက်မိသည်။ဤလူ ငယ်မှာ မာနကြီးပြီး အသိဉာဏ်ကင်းမဲ့နေသည်မှာ သိသာလှ၏။အမြဲတမ်း ဗိုလ်ကျအနိုင်ကျင့်လာခဲ့သ ည့် သူ့ အကျင့်ကြောင့် လောကကြီး၏ ရိုက်နှက်ဆုံး မမှုကို ခံရရန် အမှန်တကယ် လိုအပ်နေပုံရပေသည်။
ဝမ်ဟိန်းက ရိုင်းစိုင်းစွာ ဆက်ပြောလာ၏။
"မင်းရဲ့ ချန်ခွန်းအိတ် ငါ့ကို ပေးစမ်း.."
“ငါ မပေးဘူးဆိုရင် မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ”
ဝမ်ဟိန်း၏ မျက်နှာမှာ ချက်ချင်း မဲမှောင်သွားပြီး သူ့ ဘေးမှ လူတွေအား အမိန့်ပေးလိုက်၏။
“ဒါဆိုရင် မင်း သေဖို့သာ ပြင်ထားတော့.. ချိုင်ယီ... ဒီကောင့်ကို သတ်ပြီး ချန်ခွန်းအိတ်ကို ငါ့ဆီ ယူလာ ခဲ့စမ်း.."
ဝမ်ကွန်း ပြန်လာ၍ သတင်းပို့စဉ်က လျူယောင်မှာ ရွှမ်အထွဋ်အထိပ်အဆင့် ဖြစ်နိုင်ကြောင်း ပြောခဲ့ သော်လည်း ဝမ်ဟိန်းကမူ ၎င်းအား ချဲ့ကားပြောဆို ခြင်းသာ ဖြစ်မည်ဟု ထင်ထားခဲ့သည်။
ဝမ်မိသားစုတွင် အကြီးအကဲ အနည်းငယ်ရှိပြီး အား လုံးမှာလည်း ရွှမ်အဆင့်ဆရာသခင်များ ဖြစ်ကြသ ည်။အနိမ့်ဆုံးအဆင့်ရှိသူပင် ရွှမ်သတ္တမအဆင့်တွင် ရှိနေ၏။
ယခု သူ ခေါ်ဆောင်လာသည့် ချိုင်ယီမှာမူ ရွှမ်ထိပ် ဆုံးအဆင့် ဖြစ်ပြီး ဝမ်မိသားစု၏ ကာကွယ်စောင့် ရှောက်သူ အကြီးအကဲများထဲတွင် အင်အားအကြီး ဆုံး ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်ပေသည်။
ဘေးကင်းလုံခြုံမှုအတွက် ဝမ်ဟိန်းသည် ဤအကြီး အကဲ့ကို ခေါ်လာခဲ့ခြင်းဖြစ်ပြီး သူ့ နောက်လိုက် အ ယောက်နှစ်ဆယ် သုံးဆယ်ခန့်ကလည်း လျူယောင့် အား ဝန်းရံထား၏။
ချိုင်ယီအမည်ရှိ အကြီးအကဲ မလှုပ်မယှက် ရပ်နေ သည်မှာ အနက်ရောင်မျှော်စင်ကြီးသဖွယ် ခန့်ညား ထည်ဝါလှသည်။
သူ့လက်ထဲတွင်လည်း အလွန်အစွမ်းထက်ဟန် ရှိ သော ဓားကြီးတစ်လက်ကို ကျစ်ကျစ်ပါအောင် ဆု ပ်ကိုင်ထားပြီး တစ်ကိုယ်လုံးမှလည်း ကြောက်မက် ဖွ ယ်ကောင်းသော လူသတ်ငွေ့များ ထုတ်လွှတ်နေ ၏။
လျူယောင်ကိုယ်တိုင်လည်း ဤလူမှာ အလွန်အန္တရ ာယ်များသူဖြစ်ကြောင်း အလိုအလျောက် သူ ခံစား မိလိုက်သည်။ယခုအချိန်ထိ သူ ရင်ဆိုင်ခဲ့ရသမျှ ပြို င်ဘက်အားလုံးထဲတွင် ဤလူက အစွမ်းအထက်ဆုံး ဖြစ်ပေလိမ့်မည်။
လျူယောင်က စိတ်အာရုံကို သုံးလိုက်ရာ ချန်ခွန်းအိ တ်အတွင်းမှ တန်ဓားသည် သူ့ လက်ထဲ၌ ရုတ်တရ က် ပေါ်လာခဲ့သည်။ဓားတစ်ချောင်းလုံးမှာ နက်မှော င်နေပြီး အေးစက်သည့် အရောင်များ တောက်ပနေ ၏။
ထိုမြင်ကွင်းကို ကြည့်ပြီး ပတ်ဝန်းကျင်တွင် ရပ်ကြ ည့်နေသည့် လူများစွာမှာ ထိတ်လန့်သွားကြသည်။
အထူးသဖြင့် ဝမ်ဟိန်းကို မြင်သည်နှင့် လူအများစုမှ ာ ပြဿနာမတက်စေရန်အတွက် အဝေးသို့ ရှောင် ဖယ်သွားကြသည်။သတ္တိရှိသူ အနည်းငယ်သာလျှင် ဘေးလွတ်ရာကနေ ကြည့်နေကြ၏။
ဝမ်ဟိန်း၏ နောက်လိုက်အချို့ကလည်း မောက်မာစွ ာ အော်ဟစ် မောင်းထုတ်နေသည်။
“ဒီနေရာမှာ ဝမ်မိသားစုက အလုပ်လုပ်နေတယ်. .မ ဆိုင်တဲ့လူတွေ အကုန်ထွက်သွားကြစမ်း..”
လမ်းဘေးဝဲယာရှိ ဆိုင်ခန်းများမှာလည်း အန္တရာယ် မဖြစ်စေရန် ဆိုင်တံခါးများအား အလုအယက် ပိတ် လိုက်ကြ၏။
လက်ထဲတွင် တန်ဓားကို တင်းတင်းဆုပ်ကိုင်ထားရ င်း လျူယောင်က စိတ်လှုပ်ရှားနေမိသည်။ဤသည် မှာ သူ့ ဘဝတွင် ပထမဆုံးအကြိမ် ဆင်နွှဲရမည့် တ ကယ့်တိုက်ပွဲစစ်စစ် ဖြစ်ပေလိမ့်မည်။
“တကယ့်ပြိုင်ဘက်ကောင်းနဲ့ ငါ ပထမဆုံးအကြိမ် တွေ့ရတာပဲ စိတ်လူပ်ရှားစရာပဲကွာ..”