အကြောက်လွန်၍ ချီးထွက်ကျခြင်း
Vol. 50 Ch. 598
ချိုင်ယီ အနည်းငယ် တွေဝေခဲ့ရသည်။
"တစ်ဖက်လူရဲ့ ပြင်းထန်တဲ့ ယုံကြည်မူက ဘယ်က ရောက်လာတာလဲဟ.."
စက္ကန့်ပိုင်းမျှ သူ တုံ့ဆိုင်းသွားပြီးနောက် ချိုင်ယီက စမ်းသပ်ရန်အတွက် ဓားဖြင့် ပေါ့ပေါ့ပါးပါး ခုတ်ပို င် းလိုက်သည်။ထိုတိုက်ကွက်က သာမာန်ကာလျှံကာ ဟု ထင်ရသော်လည်း ရွှမ်အထွတ်အထိပ်အဆင့်တို က်ကွက်ဖြစ်သောကြောင့်ပေါ့သေးသေးတော့ မဟု တ်ပေ။
ပုံမှန်ဆိုလျှင် ဟွမ်အဆင့် သိုင်းပညာရှင်တစ်ဦးအတွ က်ပင် ထိုဓားချက်ကို ရှောင်တိမ်းရန် မဖြစ်နိုင် သ လောက် ရှိလှသည်။သာမန်လူတစ်ဦးဆိုလျှင်မူ ပြော နေစရာပင် မလိုတော့ပေ။
သို့သော်လည်း လျူယောင်ကမူ အာရုံကို အပြည့် အ ဝ စုစည်းထား၏။သူ့ ရှေ့ကလူသည် တကယ့် လက် ရည်တူ ရန်သူဖြစ်ကြောင်း သူ ကောင်းကောင်း သိ ထားခဲ့သည်။ရန်သူ့ဓားချက်က သူ့ထံသို့ ဦးတည်လ ာသည်ကို မြင်နေရသော်လည်း သူသည် ရှောင်တိမ် းဖို့ မစဥ်းစားဘဲ ခွန်အားအပြည့်ဖြင့် ရှေ့တိုးကာ ရ င်ဆိုင်လိုက်သည်။
“ချွမ်း...”
ဓားနှစ်စင်း ပြင်းထန်စွာ ရိုက်ခတ်သံကြီး ထွက်ပေါ် လာ၏။ချိုင်ယီ အံ့အားသင့်သွားခဲ့သည်။တစ်ဖက် လူ သည် သူ့ ဓားချက်ကို ခုခံနိုင်ရုံသာမက အလွန် တည်ညိမ်နေသည်ကိုပါ သတိပြုမိလိုက်၏။
ထို့ထက် ပို၍ ဒေါသထွက်စရာကောင်းသည်မှာ သူ့ဓ ားသွားပေါ်တွင် ထင်ရှားလှသော ဓားရာကြီး ပေါ် နေခြင်းပင်။
၎င်းမှာ လျူယောင်၏ တန်ပြန်ခုတ်ချက်ကြောင့် ဖြ စ်၏။လျူယောင်၏လက်ထဲမှ တန်ဓားကို သူ ကြည့် လိုက်သောအခါ ချိုင်ယီမှာ ပို၍ပင် လက်မခံနိုင်အေ ာင်ဖြစ်သွားရသည်။ထိုဓားကား မည်သည့် ထိခိုက် မှုမျှမရှိဘဲ ဓားသွားမှာ ခြစ်ရာလေးပင် မထင်ခဲ့ပေ။
"နမြောစရာကောင်းလိုက်တာကွာ ငါ့ဓားကို စျေးကြီး ကြီးပေးပြီး ဝယ်ထားရတာ..အခုတော့ တစ်ဖက်လူ ရဲ့ ဓားချက်ကြောင့် အရာထင်သွားရသလားဟ.."
ဒေါသနှင့်အတူ ချိုင်ယီ၏ မျက်လုံးများက အရောင် တောက်လာ၏။တစ်ဖက်လူ၏ ဓားမှာ မှော်လက်န က် ဖြစ်နိုင်ချေရှိသည်။ဒဏ္ဍာရီလာ မှော်လက်နက် ဖြ စ်မည်မှာ သေချာသလောက်ပင်။
“ဟားဟား..ဒါ မှော်လက်နက်ပဲနေမှာ..”
“သခင်လေး... ဒီကောင့် လက်ထဲက လက်နက်က မ ဆိုးဘူးပဲ.. ကျွန်တော် ဒီကောင့်ကိုသတ်ပြီးရင် အဲဒီ လက်နက် ကျွန်တော့်ကို ပေးလို့ရမလား..”
ဝမ်ဟိန်းကလည်း ခေါင်းညိတ်ကာ သဘောတူလိုက် ၏။
“မပူပါနဲ့ ကျွန်တော် စီစဥ်ပေးပါ့မယ်..အဲဒီလက်နက် ရယ်..ချန်ခွန်းအိတ်ရယ်ကို ကျွန်တော့်ကို ပေးပါ...”
လျူယောင်တွင် မှော်လက်နက်ရှိနေမှတော့ ထိုအိတ် ထဲတွင်လည်း အလားတူ ရတနာများစွာ ရှိဦးမည်ဟု သူက တွေးထားခဲ့ခြင်းဖြစ်၏။လျူယောင်ထံတွင် အဖိုးတန်ပစ္စည်းများစွာ ရှိကြောင်း သူ ကောင်းကော င်း သိထားခဲ့သည်။ထို လျူယောင်က ဝူမိ သားစု၏ လေလံရုံ၌ နောက်သုံးရက်နေလျှင် လေလံတင်မည့် မော်တော်ဆိုင်ကယ်သုံးစီးကိုလည်း အ ပ်နှံထားသေ းသည် မဟုတ်ပေလော။
သုံးရက်အတွင်း မှော်လက်နက်သုံးမျိုးကို လေလံတ င်မည်ဟူသော သတင်းက သူ့အား စိတ်လှုပ်ရှားစေခဲ့ သည်။ဤလူ လျူယောင်က လေလံ တင်ရန်အတွက် မှော်လက်နက် သုံးမျိုးအထိ ထုတ်ပေးနိုင်ပြီး ယခု လက်ထဲတွင်လည်း ကိုင်ထားသည်ဆိုလျှင် ထို ချန်ခွ န်းအိတ်ထဲ၌ အဖိုးတန်ရတနာများစွာ ကျန်ရှိနေဦးမ ည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ချိုင်ယီသည်လည်း ဝမ်ဟိန်း၏တောင်းဆိုမှုအား သ ဘောတူလိုက်၏။သူကိုယ်တိုင်မှာလည်း သိုင်းပညာ ရှင်တိုင်း အိပ်မက်မက်ကြသည့် မှော်လက်နက်အား ပိုင်ဆိုင်ရတော့မည်ဟု တွေးကာ စိတ်လှုပ်ရှားနေမိ သည်။
"ဟဲဟဲ ဒီမှော်လက်နက်သာ ငါ့လက်ထဲရောက်လာရ င် ငါ ဘယ်သူ့ကိုမှ ကြောက်စရာမလိုတော့ဘူးကွာ.."
ချိုင်ယီက သူ့စိတ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်အော င် ထိန်းကာ လေကို ပြင်းပြင်းရူလိုက်၏။ထို့နောက် မှော်လက်နက်ကို စောစောစီးစီး သိမ်းပိုက်နိုင်ရန် အ တွက် ပြင်းထန်သော တိုက်ကွက်ဖြင့် စတင် တိုက်ခို က်လိုက်သည်။
“ကဲကွာ..အရိုးကြေသိုင်းကွက်.."
လျူယောင်ထံသို့ သူ လျင်မြန်စွာ ပြေးဝင်လာ၏။ သူ၏ ဓားအရှိန်ဖြတ်သန်းသွားရာ မြေပြင်ပေါ်တွင် ဓားပုံရိပ်များ ကျန်ရစ်ခဲ့ပေသည်။ရွှမ်အထွတ်အထိ ပ်အဆင့်တွင် ဓားစွမ်းအင်သည် သုံးပေအကွာအထိ ပေါက်ကွဲထွက်လာနိုင်၏။
“လာစမ်း..အဲ့လိုမျိုးမှ ကြိုက်တာ...”
လျူယောင်သည်လည်း လက်နက်အမျိုးအစားကို ခွဲ ခြားနိုင်စွမ်းရှိသူဖြစ်ရာ တိုးဝင်လာသော ဓားကွက် ၏ ပြင်းအားကို သူ ခံစားမိသည်။သို့သော်လည်း သူသည် နောက်သို့ တစ်လှမ်းမျှပင် ဆုတ်မသွားဘဲ ကြမ်းတမ်းလှသော တန်ပြန်တိုက်ကွက်ဖြင့် ရင်ဆိုင် လိုက်၏။
လျူယောင်၏ တန်န်ဓားနှင့် ချိုင်ယီ၏ ဓားတို့ ထိပ် တိုက်တွေ့ဆုံကြပြန်သည်။ယခင်တစ်ကြိမ်ထက် ပို၍ ကျယ်လောင်ပြတ်သားသော သတ္တုချင်းရိုက်ခတ်သံ ကြီး ထွက်ပေါ်လာ၏။
“ချွမ်း..ထောက်”
မယုံကြည်နိုင်စရာကောင်းသည်မှာ ချိုင်ယီ၏ ဓား က ထက်ပိုင်းကျိုးသွားပြီး ဓားသွားတစ်ဝက်မှာ မြေ ပြင်ပေါ်သို့ တောက်ခနဲ ကျသွားခြင်းပင်။
“ဘာ..ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ..”
ချိုင်ယီခဗျာ ငိုချင်သော်လည်း မျက်ရည်ပင် မထွက် နိုင်သော အခြေအနေသို့ ရောက်နေပေသည်။သူက ရွှေဒင်္ဂါး တစ်သောင်းကျော်ပေး၍ ဝယ်ထားသော အဖိုးတန်ဓားမှာ တစ်ဖက်လူ၏ ခုတ်ချက် အောက် တွ င် အပိုင်းပိုင်း ပြတ်သွားခဲ့ရ၏။
ချိုင်ယီအတွက်မူ ထိုအခြေအနေက လက်ခံနိုင်စရာ လုံးဝမရှိတော့ပေ။တစ်ဖက်လူ၏ ဓားမှာ မည်သည့် ထိခိုက်မှုမျှမရှိဘဲ ဝင်းလက်တောက်ပနေဆဲဖြစ်ပြီး ဓားသွားပေါ်တွင် စပါးတစ်စေ့စာမျှပင် ထိခိုက်ရာ မရှိသည်ကို သူ တွေ့လိုက်ရ၏။
"ဒါ..ဒါ..ဘာဖြစ်သွားတာလဲ.."
“ဘုရားရေ... သူ့လက်ထဲကဓားက တကယ့်မှော်လ က်နက်ပဲဟ..”
ဘေးမှ ကြည့်နေသူများအားလုံး အံ့အားသင့်ကာ ရေရွတ်မိလိုက်သည်။သူတို့ဘဝတစ်လျှောက်လုံးတွင် မှော်လက်နက်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်း ပင်။သံမဏိကိုပင် ရွှံ့ကဲ့သို့ အလွယ်တကူ ပိုင်းဖြတ် နိုင်သည့် ထိုမှော်လက်နက်သည် ချိုင်ယီ၏ အဖိုးတ န်ဓားအား တစ်ချက်တည်းနှင့် ချိုးပစ်လိုက်နိုင်သည် လေ။
ဝမ်ဟိန်း၏ စိတ်ထဲမှာမူ ရူးသွပ်မတတ် ပျော်ရွှင်နေ မိသည်။
"ဒီကောင့် လက်ထဲကဓားက တကယ် မှော်လက်နက် ပဲဟေ..အချိန်တန်ရင် အကုန်လုံးက ငါ့လက်ထဲရော က်လာမှာ ဟားဟားဟား..ငါတို့ ဝမ်မိသားစုက ဒီ့ထ က်မြင့်တဲ့ အဆင့်ကို တက်လှမ်းနိုင်တော့မယ် ..ဒီ မှော်လက်နက်သာရှိရင် ဝူမိသားစုနဲ့ ရှီမိသားစုတော င် ငါတို့ကို ဦးညွတ်လာတော့မယ်ကွ..ဟဲဟဲ.."
ဝမ်ဟိန်းသည် လောဘဇောကြောင့် သူ့နှလုံးမှာ တ ဒိ တ်ဒိတ် ခုန်နေပြီး မျက်လုံးများမှာလည်း အရောင် တောက်နေ၏။သို့သော်လည်း ထိုပျော်ရွှင်မှုမှာ ခဏ တာသာ ဖြစ်ပေသည်။
မကြာမီမှာပင် သူ ထိတ်လန့်သွားခဲ့ရ၏။
လျူယောင်ကမူ ချိုင်ယီ၏ ဓားကို ချိုးနိုင်ခဲ့ခြင်း အ တွက် အံ့ဩမနေပေ။အရာအားလုံးက သူ မျှော်လင့် ထားသည့်အတိုင်းပင်။
သူသည် စကားတစ်လုံးမျှ မဆိုဘဲ လျင်မြန်စွာ လ က်ကောက်ဝတ်ကို လှန်လိုက်ပြီး ဓားကို ဝှေ့ယမ်းကာ ချိုင်ယီ၏ လည်ပင်းသို့ ပိုင်းထည့်လိုက်သည်။
“ခုတ်... ထိုး... ပိုင်း..”
လျူယောင်၏ ခုတ်ချက်နှင့် ထိုးချက်များက ထပ် တလဲလဲ ဆက်တိုက် ထွက်ပေါ်လာ၏။သူ့ တိုက်ကွ က်များတွင် မည်သည့် သိုင်းကွက်မျှ ပါဝင်ခြင်း မရှိ သည်ကို ချိုင်ယီ သတိပြုလိုက်မိ လိုက်သည်။
တစ်ဖက်လူက သိုင်းကွက်များကို မသုံးပြုဘဲ သူ့ ခွန် အားနှင့် လျင်မြန်မူကိုသာ အားကိုးနေခြင်းသာ ဖြစ် ၏။
ချိုင်ယီတစ်ယောက် အသက်ရှူရန်ပင် ခက်ခဲလာသ ည်။သူက ရွှမ်အထွတ်အထိပ်တစ်ဦးဖြစ်ပါလျက် ယ ခုမူ တစ်ဖက်သတ် ဖိနှိပ်ခြင်းကို ခံနေရချေပြီ။သူ တ တ်ကျွမ်းထားသည့် သိုင်းကွက်များမှာလည်း တစ်ကွ က်မျှ အလုပ်မဖြစ်တော့ပေ။
သူ့လက်ထဲမှ ဓားမမှာလည်း ရိုက်ခတ်မိတိုင်း တဖြ ည်းဖြည်း ပို၍ တိုတိုလာသည်။လျူယောင်နှင့် အနီး ကပ် သူ မတိုက်ရဲတော့ပေ။
ဓားချင်း ထိမိလို က်တိုင်း သူ့ ဓားသွားက တစစီ ပဲ့ သွားရသည်။ဤအတိုင်းသာ ဆက်သွားလျှင် မကြာ မီအချိန်အတွင်း၌ သူ့ဓားမှာ ဓားရိုးသာ ကျန်တော့ မည့် အခြေအ နေပင်။
တစ်ဖက်တွင်လည်း လျူယောင်၏ ခွန်အားက ပိုမို အားကောင်းလာပြီး အမြန်နူန်းမှာလည်း ပို၍ မြန်ဆ န်လာ၏။
မကြာမီပင် သွေးပျက်ဖွယ်ကောင်းလောက်အောင် ကြမ်းတမ်းလှသော မြင်ကွင်းတစ်ခု ပေါ်လာရာ ဘေ းမှ ကြည့်နေသူများအားလုံး မှင်သက်သွားကြသ ည်။
“ဘုရားရေ... ဒါက ရွှမ်အထွတ်အထိပ်အဆင့်လေ .. ခဏလေးအတွင်းမှာတင် နှစ်ပိုင်း ပိုင်းခံလိုက်ရတာ လား...”
လျူယောင်ကိုယ်တိုင်ပင် ထိုမြင်ကွင်းကြောင့် အန ည်းငယ် တုန်လှုပ်ခဲ့ရ၏။
ထို့နောက် စက်ဆုပ်ရွံရှာသော ခံစားချက်ကလေး ဝ င်လာမိသည်။မြင်ကွင်းက အလွန်ပင် သွေးသံရဲရဲ ဖြ စ်လွန်းလှသည်။သူ့ တန်ဓားက လူတစ်ကိုယ်လုံးအား သစ်သားချောင်းကဲ့သို့ နှစ်ပိုင်း ပိုင်းဖြတ်နိုင်လောက် အောင် အစွမ်းထက်နေခြင်းပင်။
ဝမ်ဟိန်းလည်း ဆွံ့အသွားရသည်။၎င်းသည် ဝမ်မိ သားစု၏ ကာကွယ်စောင့်ရှောက်သူ ဖြစ်ပါလျက် အ သက်ရူကြိမ် အနည်းငယ်အတွင်းမှာတင် အသတ်ခံ လိုက်ရ၏။
“တက်ကြစမ်း..ဒီကောင့်ကို. အကုန်လုံး ဝိုင်းတိုက် ကြကွာ”
သတိပြန်ဝင်လာသည်နှင့် ဝမ်ဟိန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။သို့သော်လည်း သူ့အသံတွင် မူ ကြောက်ရွံ့မှုများ ပေါ်နေကာ တုန်ယင်နေပေသည် ။
အမှန်တကယ်ပင် သူ တကယ်ပင် ကြောက်လန့်နေ ၏။ထိုသို့ အော်ဟစ်နေရင်းပင် သူ့ ခြေလှမ်းများက နောက်သို့ တဖြည်းဖြည်း ဆုတ်သွားသည်။အခွင့်အ ရေးရသည်နှင့် ထွက်ပြေးရန် သူ အသင့်ပြင်ထားခဲ့ သည်။
ဝမ်ဟိန်းမှာ လူညံ့မဟုတ်ပေ။
အစွမ်းထက်လှသော ရွှမ်အထွတ်အထိပ် သိုင်းပညာ ရှင်ပင် အသတ်ခံလိုက်ရကာ သူ့ နောက်လိုက်များထဲ တွင်လည်း ရွှမ်အဆင့်ရှိသူ မရှိပေ။ဟွမ်အဆင့်များ မှာလည်း တစ်ဝက်မက ဆုံးရှုံးသွားပြီဖြစ်ရာ ကျန် လူ အများစုမှာလည်း အခြေခံအဆင့်သာ ရှိကြသ ည်။
သူ့အမိန့်ကြောင့် ရှေ့သို့ ထွက်တိုက်ခဲ့သော သစ္စာရှိ နောက်လိုက်အချို့ ရှိသော်လည်း လျူယောင်ကမူ သနားညှာတာခြင်း မရှိတော့ပေ။ရှေ့သို့ ပြေးဝင်ရဲသ ည့် သတ္တိရှိလျှင် အသတ်ခံရမည်ကိုလည်း ကြိုတင် ပြင်ဆင်ထားရမည်လေ။
"ဇွက်..အား.." ""ဇွက်..ဗြိ.."
“အား..အမငီး..”
လျူယောင်၏ ဓားချက်တစ်ချက်တိုင်းမှာ ကြက်က လေးငှက်ကလေးများကို သတ်ဖြတ်နေသကဲ့သို့ လွ ယ်ကူလွန်းလှသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်ပေါ်၌ အလောင်း ခုနစ်လောင်း၊ရှစ်လောင်းခ န့် ပြန့်ကျဲနေ၏။
ကျန်လူများလည်း ကြောက်လန့်သွားကြပြီး ပျံလွှား ငှက်များနှယ် ထွက်ပြေးသွားပေသည်။
ဝမ်ဟိန်းမှာမူ ကြောက်လန့်နေကာ သူ့ မျက်နှာတစ်ပြ င်လုံး သွေးမရှိသကဲ့သို့ ဖြူဖျော့နေ၏။သူ ထွက်ပြေ း ရန် ကြိုးစားသော်လည်း လျူယောင်၏ ကန်ချ က်ကြောင့် မြေပြင်ပေါ်သို့ ခွေခနဲ လဲကျသွားသည်။
လျူယောင်သည် ရွှမ်အဆင့် ၂ သာ ရှိသည့် ဝမ်ဟိန် း၏ ခေါင်းအား ခြေထောက်ဖြင့် နင်းကာ တန်ဓား အား လည်ပင်းသို့ တေ့ထားလိုက်၏။
“အား..သူရဲကောင်းကြီး... အသက်ချမ်းသာပေးပါ. .ကျွန်တော့်ကို အသက်ချမ်းသာပေးပါဗျာ.. ကျွန် တော် နောက်မလုပ်တော့ပါဘူး ဝူးဝူး”
ဝမ်ဟိန်းသည် မျက်ရည်များ ကျလာပြီး ငိုယိုကာ တောင်းပန်နေပေသည်။သူ့ ပုံစံ ကြည့်ရသည်မှာ အ လွန်ပင် စိတ်ပျက်ဖွယ်ကောင်းလှသလို သေရမှာကို လည်း အလွန် ကြောက်လန့်နေပုံရ၏။
ထိုစဉ်မှာပင် လျူယောင်က မျက်မှောင်ကြုတ်လိုက် မိသည်။၎င်းမှာ မနှစ်မြို့စရာ အညစ်အကြေးနံ့ကို သူ ရလို က်သောကြောင့် ဖြစ်သည်။
"လခွမ်း ဒီကောင်က အကြောက်လွန်ပြီး ချီးရော .. သေးပါ ထွက်ကျနေတာလားဟ..ခွီး..."