တာဝန်ခံခြင်း
Vol. 142 Ch. 1976
ဟိုင်ရှီးသည် အချိန်ကြာမြင့်သည်အထိ ငိုကြွေးလေသည်။ သို့သော် ရှီမာယူယူတို့သည် သူ့ကိုနှစ်သိမ့်မပေးဘဲ သူ့စိတ်အတွင်းတွင် စုပုံနေသည့် မကောင်းသည့်ခံစားချက်များ ကုန်သွားသည်အထိ ငိုခွင့်ပေးလိုက်သည်။ သူ၏ လည်ချောင်းမှာ ပြာလာပြီး ငိုရန်အားမရှိတော့သည့်အချိန်တွင် သူ ရပ်တန့်သွား လေသည်။
ထိုအခါမှပင် သူသည် အသံတိတ်သွားကာ ရှီမာယူယူ၏ ပေါင်ပေါ်တွင် မလှုပ်မယှက်လှဲလိုက်သဖြင့် သူ အိပ်ပျော်သွားသည်ကို အားလုံး သိလိုက်ကြ သည်။
ဝူလင်းယူသည် ဟွမ်ကိုကြည့်လိုက်ရာ ဟွမ်သည် ရှေ့တိုးကာ သူ့ကို ချီ လိုက်သည်။
“ဒါဆို ငါတို့ နောက်သွားမယ့်နေရာက ကျောက်မျိုးနွယ်လား” ယွင်ရာ မေးလိုက်သည်။
“မဟုတ်ဘူး” ရှီမာယူယူ ခေါင်းခါလိုက်သည် “အခု လုပ်ရမှာက အဲဒီ အမြီး တွေကိုဖြတ်ပစ်ရမယ်”
ယွင်ရာသည် ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ပြောလေသည် “လိုက်မှီဖို့ က နှေးလွန်းသေးတယ် သူတို့တွေမလာလောက်သေးဘူး ထင်တယ်”
“ကျောက်မျိုးနွယ်က ကျိုးမျိုးနွယ်ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ် ဘူး” ရှီမာယူယူ၏ နှုတ်ခမ်းသည် လှောင်ပြောင်သည့် အပြုံးအဖြစ် ပင့်တက် သွားသည်။
ကျေးဇူးအကြွေးဟူသည့် ခေါင်းစဉ်အောက်တွင် ကျိုးနီသည် ဤကိစ္စတွင် မပတ်သက်ရတော့ဟု ထင်ခဲ့သည်။ သို့သော် သူ၏ အတွေးမှာ ရိုးရှင်းလွန်းနေ သည်။ သူတို့ ကျိုးမျိုးနွယ်အတွင်းရှိစဉ် သူသာ ဆန့်ကျင်ခဲ့ပါက ကျောက်မျိုးနွယ်သည် ဘာမှပြောမည်မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် ကျိုးမျိုးနွယ်လည်း လှေပေါ်မှ ဆင်းမရတော့ပေ။
“ငါလုပ်မယ်” ဖေးယိ ရှေ့ထွက်လိုက်သည်။
“ဟုတ်ပြီ” သူရှေ့ထွက်လာသည့်အတွက် ရှီမာယူယူ အလွန်ဝမ်းမြောက် မိသည် “ဝိညာဉ်နယ်မြေရဲ့ နံပါတ် ၁ က ဘယ်လောက် အားကောင်းလဲ ကြည့် ကြတာပေါ့”
ဖေးယိသည် ဘာမှမပြောဘဲ တည်ဆောက်မှုကျောက်တုံးများ ထုတ်ကာ လုပ်နေကျအတိုင်း စီမံလေသည်။ ထိုလှုပ်ရှားမှုများမှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း တကယ်တော့ လျှို့ဝှက်နက်နဲမှုများ ပြည့်နေသည်။
ရှီမာယူယူသည် မျက်ခုံးများကို ပင့်ပြီး ပြောလိုက်သည် “ဆရာကြီးတွေ လှုပ်ရှားလိုက်ရင်တော့ တကယ်မတူဘူးပဲ”
ဖေးယိသည် ပြုံးခဲလှသော်လည်း သူ၏ အပြုံးတွင် ရှက်ရွံ့မှုများ အနည်း ငယ် စွက်နေသည် “မင်းအတွက်တော့ အလွယ်လေးပါ”
ယွင်ရာသည် သူတို့ကို တအံ့တဩကြည့်လေသည် “မင်းက ရှက်နေတာ လား မဟုတ်ဘူးမလား”
“မင်း အမြင်မှားတာပဲနေမှာ” ဖေးယိသည် တိုးညင်းစွာပြောလိုက်သော် လည်း သူ့မျက်လုံးများမှာ အနည်းငယ် အဓိပ္ပာယ်ဖော်ရခက်နေသည်။
“ရှင် ဒါကို ရှေးဟောင်းတည်ဆောက်မှုကနေ ကောက်နှုတ်ထားတာ မလား” ရှီမာယူယူ မေးလိုက်သည်။
ထို့ကြောင့်ပင် သူအရင်က သုံးခဲ့သည့် တည်ဆောက်မှုနည်းပညာများမှာ အနည်းငယ် ရင်းနှီးသလိုခံစားရခြင်းဖြစ်သည်။ သို့သော် အခု အနီးကပ်ကြည့် လိုက်ချိန်တွင် ပိုနားလည်သွားသည်။
“မင်း ဒါကို ပြောနိုင်တယ်ဆိုတော့ မင်းကလည်း ရှေးဟောင်းတည် ဆောက်မှုတွေကို စေ့စေ့စပ်စပ်လေ့လာထားတာပဲ ဖြစ်ရမယ်” ဖေးယိသည် မငြင်းဆန်ပေ။ မြင်နေရသမျှသည် အလွန်ပင် ထူးခြားသည့် အင်အားမှ လာ ခြင်းပင်ဖြစ်သည်။
“စေ့စေ့စပ်စပ်လေ့လာတယ်လို့ ပြောလို့မရပါဘူး နည်းနည်းပဲ သင်ထား တာပါ” အထူးသဖြင့် ရှေးဟောင်းတည်ဆောက်မှု ၁၀ ခု၏ အကျိုးအပဲ့များကို လေ့လာစဉ်က ဝူလင်းယူနှင့် သူမတို့သည် ရှေးဟောင်းတည်ဆောက်မှုတချို့ကို လေ့လာခဲ့ကြသည်။
ရှေးဟောင်းတည်ဆောက်မှုများ၏ စွမ်းအားသည် လက်ရှိတည်ဆောက် မှုများထက် ပို၍အားကောင်းသည်ဟု ပြော၍ရသည်။ သူမ သင်ခဲ့သည့် တံခါး တစ်ရာလဲလှယ်ခြင်းတည်ဆောက်မှုနှင့် လက်ရှိ အားကောင်းသော တည် ဆောက်မှုများသည် ရှေးဟောင်းတည်ဆောက်မှု အစစ်အမှန်များနှင့် ယှဉ်လျှင် ကွာခြားချက်ရှိတုန်းပင်ဖြစ်သည်။
“ကျိုးမျိုးနွယ်တွေ ရောက်လာပြီ” ဟွမ်သည် ဟိုင်ရှီကို ချီလာသည်။ သူ သည် အလွန်ပင်ပန်းခဲ့ကာ ယခုမျှော်လင့်ချက်တွေ့သွားပြီဖြစ်သဖြင့် နှစ်နှစ် ခြိုက်ခြိုက်အိပ်နေကာ နိုးလာမည့်အရိပ်အယောင်မရှိပေ။
“ဒါဆို မင်း တည်ဆောက်မှုရဲ့ သက်ရောက်မှုကို ကြည့်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
ကျိုးမျိုးနွယ်သည် သူတို့နောက်လိုက်လာကြသည်။ ဟာလာဟင်းလင်း ဖြစ်နေသည့် တောင်ကြားကိုမြင်သောအခါ ထိုလူများ၏ မျက်နှာမှာ အလွန် အကျည်းတန်သွားသည်။
“သူတို့တွေ ထွက်သွားကြပြီနဲ့တူတယ် ငါတို့ ခြေတစ်လှမ်းနောက်ကျသွား တာလား”
“အဲလိုဖြစ်မယ်ထင်တယ်”
“သူတို့တွေ ပြေးတာမြန်လိမ့်မယ်လို့ ထင်မထားဘူး.. ငါတို့လည်း သတင်း ရတာနဲ့ သူတို့နောက်လိုက်လာတာပဲ ဒါပေမဲ့ သူတို့ကိုလိုက်မမှီဘူး”
“သူမက ငါတို့ပစ္စည်းတွေ အများကြီးယူသွားတာ ဘယ်လိုလုပ် ဒီအတိုင်း လွှတ်ပေးနိုင်မှာလဲ”
ပြီးခဲ့သည့်လများတွင် သူတို့မျိုးနွယ်မှ ရှီမာယူယူ ယူသွားသည့် ပစ္စည်း များကို တွေးလိုက်သည်နှင့် သူတို့သည် အားလျော့မိကြသည်။
“ကျိုးနီ အဲကလေးက ဘာဖြစ်လို့လဲ”
“ဒီကိစ္စကို ဖွင့်မပြောမှတော့ မမေးနဲ့” ကျိုးနီသည်လည်း နောက်မှလိုက် သည့် အဖွဲ့ထဲတွင်ပါသည်။ သူသည် ရှီမာယူယူကို တွေးမိသည်နှင့် မျက်မှောင် ကြုတ်မိသည် “ငါတို့ အခုလုပ်ရမှာက မှီအောင်လိုက်ပြီး အဲကလေးကို ပြန်ခေါ် ဖို့ပဲ.. အဲဒီကလေးကလွဲပြီး ကျန်တဲ့သူတွေကို အသေရရ အရှင်ရရကိစ္စမရှိဘူးလို့ ခေါင်းဆောင် ပြောလိုက်တယ်”
“သူတို့သေတာ ရှင်တာကို ငါတို့ဂရုစိုက်စရာမလိုဘူး သူမ ငါတို့ဆီက ယူသွားတာတွေ ပြန်ရရင်ပြီးတာပဲ”
“အဲကလေးက သော့ချက်ပဲ” ကျိုးနီ ပြောလေသည် “သူတစ်ခုခုဖြစ်ရင် ငါတို့ ကျောက်မျိုးနွယ်ကို ရှင်းမပြတတ်ဘူး.. မင်းသေရင်တောင် သူ သေလို့မရ ဘူး နားလည်လား”
“နားလည်ပါတယ်”
“သွားကြမယ် သတင်းရထားပြီးသားဆိုတော့ သူတို့လည်း ဝေးဝေးမသွား နိုင်လောက်သေးဘူး”
သူတို့သည် မီတာအနည်းငယ် ရှေ့ဆက်လျှောက်ရာ မျက်စိရှေ့မှ မြင်ကွင်းသည် ရုတ်တရက် ပြောင်းသွားလေသည်။ စိမ်းစိုနေသောတောင်နှင့် စိမ်းပြာရောင်ရေများသည် မီးလောင်ပြင်ဖြစ်နေသည့် ရှေးဟောင်းစစ်မြေပြင် အဖြစ်ပြောင်းသွားလေသည်။ ရှေးဟောင်းတိုက်ပွဲဝိညာဉ် တစ်ကောင်ချင်းစီ သည် မြေပေါ်မှ တွားသွားထွက်လာပြီး သူတို့ဆီသို့ တယိမ်းတယိုင်ဖြင့် လျှောက်လာကြသည်။
“မိုးနတ်မင်းရေ ဒါတွေက ဘာတွေလဲ.. ဒီလူတွေက ဘယ်သူတွေလဲ”
“ငါတို့က အခုဘယ်မှာလဲ”
“ရွှမ်း”
အုံ့မှိုင်းနေသော လေထဲမှ မိုးကြိုးသွားတစ်စင်းသည် သူတို့ကို ထိတ်လန့် သွားစေသည်။
“မိုးနတ်မင်းရေ ဒါက မိုးကြိုးဘေးဒုက္ခပဲ ဒီမှာ ဘာလို့ မိုးကြိုးဘေးဒုက္ခ ရှိနေတာလဲ”
“ပျာမသွားကြနဲ့ အားလုံးပဲ ဒါက အစစ်မဟုတ်ဘူး ငါတို့က ထင်ယောင် ထင်မှားထဲရောက်သွားတာပဲ” ကျိုးနီ အော်လိုက်သည်နှင့် မျိုးနွယ်ဝင်များသည် ပျာမသွားတော့ပေ။
“ဟုတ်တယ် ငါတို့က ထင်ယောင်ထင်မှားထဲရောက်နေတာပဲ.. ဒီ တိုက်ပွဲ ဝိညာဉ်တွေနဲ့ စစ်မြေပြင် အကုန်လုံးက ထင်ယောင်ထင်မှားတွေပဲ ဒါတွေက အစစ်မဟုတ်ဘူး” အဖွဲ့ကိုဦးဆောင်လာသည့် အကြီးအကဲသည် အတည်ပြု လေသည်။
“ဒါက ထင်ယောင်ထင်မှားဖြစ်နေတာကိုး.. ဒီမှာ ထင်ယောင်ထင်မှား တည်ဆောက်မှုကို ဘယ်သူလုပ်ထားတာလဲ”
“ရှီမာယူယူတို့ပဲ ဖြစ်မှာပေါ့” လူတစ်ယောက်သည် ခါးသီးစွာ ပြောလေ သည် “သူတို့တွေ ထွက်မပြေးခင်ကို ငါတို့အတွက် ပြဿနာချန်သွားမယ်လို့ ထင်မထားဘူး.. အရင်က သူမကို ကျေးဇူးရှင်လိုမျိုး ကောင်းကောင်းဆက်ဆံခဲ့ တာတွေက အလကားပဲ”
“ဟုတ်တယ်.. သူမကို ဖမ်းမိရင်တော့ သူမခြေလက်တွေကို ဖြတ်ပစ်ပြီး အရေနွှာပြီး အရိုးခေါက်ဆွဲလုပ်စားပစ်မယ်”
“ကဲပါ အခုတော့ အဲဒီမဆီမဆိုင်ကိစ္စတွေ ပြောမနေနဲ့ ဒီကနေ ထွက်ရ အောင်အရင်နည်းလမ်းရှာဦး” ကျိုးကျိုး အော်လေသည်။
အပြစ်တင်ခံရသူမှာ အလွန် စိတ်မကောင်းဖြစ်သွားသည်။ သို့သော် သူ သည် ပြန်မပြောရဲပေ။ သို့သော် အစောက အကြံပြုချက်ကိုပင် သူ တွေးနေ သေးသည်။ သူသည် သူမကို အလွယ်တကူသေခွင့်မပေးနိုင်ပေ။
ဝူလင်းယူသည် တည်ဆောက်မှုအပြင်ဘက်တွင် ရပ်နေသဖြင့် သူတို့ ယူယူ့ကို အရေနွှာပြီး အရိုးကိုပြုတ်စားမည်ဆိုသည့် စကားများကို ကြားနေရ သည်။ ဒေါသများဆူပွက်လာပြီး သူ့ခန္ဓာကိုယ်မှ လေဖိအားသည် ပိုပိုပြီးကျလာ သည်။
အရမ်းကောင်းတယ် သူတို့က သူတို့သေလမ်းသူတို့ရွေးတာပဲ။ ဖေးယိရဲ့ တည်ဆောက်မှုက သူတို့ကိုအကုန်မသတ်နိုင်ဘူးဆိုရင် သူတို့ကို ဘယ်လိုရှင်းရ မလဲဆိုတာ စဉ်းစားပြီးနေပြီ။
ဖေးယိသည် သူ့ဘေးတွင်ရပ်နေသည်။ ဖေးယိသည် မှန်းဆမိသကဲ့သို့ပင် ပြောလေသည် “သူတို့ အသက်မရှင်နိုင်ပါဘူး”
တည်ဆောက်မှုထဲတွင် ကျိုးမျိုးနွယ်များသည် ရှီမာယူယူတို့ အပြင်တွင် ရှိ သည်ကို မသိကြပေ။ သူတို့သည် ရှေ့မှ ရှေးဟောင်းတိုက်ပွဲဝိညာဉ်များကို မြင် နေရသည်။
“မကြောက်နဲ့ မကြောက်ကြနဲ့ ဒါတွေအကုန်လုံးက အတုတွေချည်းပဲ မမြင်သလိုသာ ဟန်ဆောင်နေလိုက်ကြ” ကြောက်တတ်သောလူတစ်ယောက် သည် တိုက်ပွဲဝိညာဉ်များ သူ့ဆီသို့လာနေသည်ကို မြင်သောအခါ မျက်လုံးမှိတ် ပြီး ရေရွတ်လေသည်။
“စွတ်”
ထိုပုံရိပ်သည် သူ့ခန္ဓာကိုယ်အတွင်းသို့ မှိန်းဖြင့်ထိုးပြီး သူ့ဆုတောင်းကို နှောင့်ယှက်လိုက်သည်။ သူသည် ရင်ဘတ်ကို ထိုးဖောက်သွားမှုကို ငုံ့ကြည့်ရာ သွေးများစီးကျလာသည်ကို မြင်လိုက်ရလေသည်။
“ဘယ်လိုလုပ်..”
“ဘုန်း”
သူ လဲကျသွားသည်အထိ မည်သို့ဖြစ်သွားသည်ကို မသိလိုက်ပေ။ အဲလူ တွေက ထင်ယောင်ထင်မှားမဟုတ်ဘူးလား ဘယ်လိုလုပ် တကယ်သေမှာလဲ။
“ဒါက တိုက်ခိုက်တဲ့ ထင်ယောင်ထင်မှား တည်ဆောက်မှုပဲ” ကျိုးနီ အော် လေသည်။
“ဒါက ဘယ်လိုလုပ် တိုက်ခိုက်ထင်ယောင်ထင်မှားတည်ဆောက်မှု ဖြစ်ရ မှာလဲ… တိုက်ခိုက်ထင်ယောင်ထင်မှားတည်ဆောက်မှုလိုမျိုး ဝိညာဉ်စွမ်းအား အတက်အကျလည်းမရှိဘူး”
“ဘာ”
ရှေးဟောင်းတိုက်ပွဲဝိညာဉ်၏ တိုက်ခိုက်မှုကြောင့် နောက်တစ်ယောက် သေသွားပြန်ရာ သူ၏ အော်သံသည် ထိုသံသယများကို အဓိပ္ပာယ်မဲ့သွားစေ သည်။
ဒါက တိုက်ခိုက်တဲ့ ထင်ယောင်ထင်မှားတည်ဆောက်မှုပဲ။
ဤတစ်ခုမှာ တခြားအရာများနှင့် ဘာကြောင့် ကွာခြားသည်ကိုတော့မသိ ပေ။ သူတို့ ယခုအချိန်တွင် စဉ်းစားချိန်ပင် မရပေ။ အမှန်သာဆိုပါက ဤမျှများ ပြားလှသော ရှေးဟောင်းတိုက်ပွဲဝိညာဉ်များကို ဖြေရှင်းရမည်ဖြစ်သည်။
***