← Chapters

အငှားဓားဖြင့် လူသတ်ခြင်း

Vol. 50 Ch. 599

အငှားဓားဖြင့် လူသတ်ခြင်း

Vol. 50 Ch. 599

လျူယောင်က မထီမဲ့မြင်ကြည့်ရင်း မေးလိုက်၏။

"ဟက်... ငကြောက်ကောင်..မင်းက ဘယ်လိုလူယု တ်မာမျိုးလဲ..ခုနက ကြောက်စရာကောင်းတဲ့ မင်း ပုံ စံကရော ဘယ်ရောက်သွားပြီလဲ..."

ခုနကတင် သူ့အား လူ၂၀၊ ၃၀ လောက်ကို ဦးဆောင် လာပြီး နွားသိုးကြီးတစ်ကောင်လို ရမ်းကားခဲ့သည့် ဝမ်ဟိန်းမှာ ယခုမူ ကြောက်လန့်တုန်ရီနေသည့် ခွေး တစ်ကောင်လို ဖြစ်နေ၏။ကြောက်စိတ်များ လွန်ကဲ လွန်းသဖြင့် အညစ်အကြေးများပင် ထွက်ကျလာက ာ ပတ်ဝန်းကျင်တစ်ခုလုံး အနံ့ အသက်ဆိုးများဖြင့် ပြည့်နှက်နေပေသည်။

ဝမ်ဟိန်း၏ခေါင်းအား ဖိနင်းထားလိုက်ပြီး တန်ဓား ကို လည်ပင်းပေါ် တင်ကာ လျူယောင်က အေးစက် စွာ စိုက်ကြည့်နေ၏။

"သူရဲကောင်း... အသက်ချမ်းသာပေးပါ..ကျွန်တော့် အသက်ကို..ချမ်းသာပေးပါဗျာ.."

ဝမ်ဟိန်းမှာ ဤကဲ့သို့ တတွတ်တွတ် တောင်းပန်နေ ပေသည်။ဝမ်မိသားစု၏ အရှိန်အဝါဖြင့် ခြိမ်းခြော က်ဖို့ဆိုသည်မှာ ဝေးလာဝေး လည်ပင်းပေါ်မှ ဓား၏ အအေးဓာတ်ကြောင့် သူကိုယ်တိုင် သေမင်းနှင့် ရင် ဆိုင်နေရပြီဖြစ်ကြောင်း သဘောပေါက်နေ၏။

"မင်း..အသက်ကို ချမ်းသာပေးဖို့က... အဆင်ပြေပါ တယ်.."

"ကျေးဇူးကြီးလှပါတယ် သူရဲကောင်း.. ခွင့်လွှတ်ပေ းပါဗျာ..ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကျွန် တော် အကုန်သဘောတူပါတယ်..အကုန်လုံးပါ.."

လျူယောင်က ပြုံးကာ ပြောလိုက်သည်။

"ဒါဆို မင်းရဲ့ ချန်ခွန်းအိတ်ကို ထားခဲ့ပြီး အခုချက်ချ င်း ထွက်သွားတော့.."

ထိုစကားမှာ ခုနကတင် ဝမ်ဟိန်းက လျူယောင်အား မောက်မာစွာ ပြောခဲ့သည့် စကားပင်။ယခုမူ ဖုန်းရွှေ က တစ်ပတ်လည်လာပြီး လျူယောင်က ပြန်လက်စ ားချေလိုက်၏။

ဝမ်ဟိမ်းသည် သူ့ ဝတ်ရုံကြားမှ ချန်ခွန်းအိတ်ကို တု န်တုန်ရင်ရင်ဖြင့် ထုတ်ပေးလိုက်သည်။

"ဒါ... ဒါက ကျွန်တော့်ရဲ့ ချန်ခွန်းအိတ်ပါ. .ကျွန်တေ ာ့်ရဲ့ တန်ဖိုးအရှိဆုံး အရာပါပဲ သူရဲကောင်းကြီး"

"အမ်... အလယ်အလတ်အဆင့် ချန်ခွန်းအိတ်ပဲ.. မ ဆိုးဘူး..."

လျူယောင်က အိတ်ကို ဆွဲယူလိုက်ပြီး ခြေထောက် ကို ဖယ်ပေးလိုက်၏။ပြီးနောက် ချန်ခွန်းအိတ်အား ကျေနပ်စွာဖြင့် သူ့ ရင်ဘတ်ထဲ သိမ်းလိုက်သည်။

မျှော်လင့်ထားသည်ထက် ပို၍ ရိတ်သိမ်းလိုက်ရသ ဖြင့် လျူယောင် ကျေနပ်သွား၏။ဝမ်မိသားစုဝင် တ စ်ယောက်ဆီက ရသည့်အိတ်ဆိုတော့ အထဲတွင် မ ည်မျှတန်ဖိုးရှိသည့် ပစ္စည်းများ ပါလာမလဲဆိုသည် မှာ ရင်ခုန်စရာပင်။

လျူယောင်က ခြေထောက်ကို ဖယ်ပေးလိုက်သည် နှင့် တစ်ပြိုင်နက် ဝမ်ဟိန်းမှာ အနောက်သို့ပင် လှည့် မကြည့်ရဲတော့ဘဲ အသက်လုကာ ထွက်ပြေးသွားခဲ့ သည်။လျူယောင် စိတ်ပြောင်းပြီး ဓားဖြင့် သတ်မ ည်ကို သူ သေလောက်အောင် ကြောက်နေမိ၏။

လျူယောင်ကမူ ဝမ်ဟိန်းကို ဂရုမစိုက်တော့ဘဲ လဲ ကျနေသည့် ချိုင်ယိ အနားသို့ လျှောက်လာကာ ချန် ခွန်းအိတ်ကို ကောက်ယူလိုက်သည်။၎င်းမှာလည်း အလယ်အလတ်အဆင့် အိတ်တစ်လုံးပင်။ယနေ့ အ တွက်မူ သူ၏ ရိတ်သိမ်းမှုမှာ မဆိုးလှဟု ဆိုရမည်။

ထို့နောက် လျူယောင်သည် တန်ဓားကို အိတ်ထဲသို့ အေးအေးလူလူ ပြန်ထည့်ကာ လက်နှစ်ဖက်အား ပေါ့ပါးစွာ ပုတ်လိုက်ပြီး ထိုနေရာမှ ထွက်လာခဲ့၏။ လျူယောင်၏ ကျောပြင် ပျောက်ကွယ်သွားသည် အထိ ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေပြီး စကား တစ်ခွန်းကိုမှ မပြောရဲကြချေ။

လျူယောင် ထွက်သွားမှသာ လူအုပ်ထဲမှ တိုးတိုးတိ တ်တိတ် ရေရွတ်သံများ ထွက်ပေါ်လာ၏။

"ဝိုး..တကယ်ကို အစွမ်းထက်လွန်းတယ်ကွာ ဝမ်ဟိန် းလိုလူမျိုးတောင် သူ့ ခြေဖဝါးအောက်မှာ အနင်းခံ လိုက်ရတယ်.ကျေနပ်စရာပဲကွာ.."

"ဒီလူက မြေကမ္ဘာအဆင့်ဆိုတာ သေချာသလောက် ပဲ.. ဝမ်မိသားစုရဲ့ ကာကွယ်စောင့်ရှောက်သူတောင် အသတ်ခံလိုက်ရတာဆိုတော့လေ..."

"ဒီတစ်ခါတော့ ဝမ်မိသားစု ဘယ်လိုတုံ့ပြန်မလဲ မ သိဘူးဟေ့. အရှက်တကွဲ ဖြစ်သွားတာပဲ ဟားဟား"

ခဏလေးအတွင်းမှာပင် နေရာတစ်ခုလုံး ဆူညံလာ ပြီး လူများစွာက ဖြစ်ပျက်ခဲ့သည့်များအား ဝေဖန် နေကြသည်။ဝမ်မိသားစုမှ ရွှမ်အဆင့် ကျွမ်းကျင်သူ အသတ်ခံရခြင်းနှင့် ဝမ်ဟိန်း အရှက်တကွဲဖြစ်ရသ ည့် သတင်းမှာ ဟိုင်ကျိုးတစ်နယ်တစ်ခုလုံးသို့ တော မီးပမာ ပျံ့နှံ့သွားခဲ့၏။

ထိုသတင်းသည် ဝူမိသားစုထံသို့လည်း ရောက်ရှိသွ ားရာ ၎င်းတို့မှာလည်း ထိတ်လန့်တုန်လှုပ် ခဲ့ရသည် ။

"ဘုရားရေ သေလောက်အောင် ကြောက်ဖို့ကောင်း တာပဲ... လျူယောင်က ဒီလောက်အထိ အစွမ်းထက် နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.."

"တော်သေးတာပေါ့... ငါတို့ သူ့နောက်ကို မလိုက်ခဲ့မိ လို့..မြေကမ္ဘာအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို သွားပြီး ရန်စမိရင် ငါတို့အားလုံး အသက်ပျောက် ကုန်မှာ အသေအချာပဲ.."

"ဝမ်ဟိန်းကတော့ တကယ်ကို မျက်ကန်းတစ္ဆေမ ကြောက်လုပ်မိတာပဲဟေ့ .. ဒီလောက်အစွမ်းထက် တဲ့သူကိုမှ သွားပြီး ရန်စရတယ်လို့ကွာ..."

ဟိုင်ကျိုးတစ်မြို့လုံးနီးပါး ထိုကိစ္စကို တီးတိုးဝေဖန် ဆွေးနွေးနေကြစဉ်မှာပင် လျူယောင်ကမူ အခန်းထဲ ၌ အေးအေးလူလူဖြင့် သူ့ ရိတ်သိမ်းမှုများအား စစ် ဆေးနေပေသည်။

သူ့ရှေ့တွင်လည်း အလယ်အလတ်အဆင့် 'ချန်ခွန်း အိတ်' နှစ်လုံးရှိနေ၏။

"ဟားဟား..အရင်တုန်းကဆိုရင် ဒီလိုအိတ်မျိုးကို ရ ဖို့ ငါ အိပ်မက်တောင် မမက်ရဲဘူး.အခုတော့ ငါ့မှာ ကိုယ်ပိုင်အိတ်အပါအဝင် စုစုပေါင်း သုံးအိတ်တော င် ရှိနေပြီပဲ.."

လျူယောင်က ပြုံးကာ ရေရွတ်လိုက်သည်။အလ ယ် အလတ်အဆင့် ချန်ခွန်းအိတ်သုံးလုံးဆိုလျှင် ပ စ္စည်းအမြောက်အမြားကို စိတ်ကြိုက်ထည့်နိုင်သည် လေ။

သူသည် ဝမ်ဟိန်း၏ အိတ်ပေါ်မှ အစီရင်အချို့ကို ဖြေရှင်းလိုက်ပြီးနောက် ပထမဆုံးအိတ်ကို ဖွင့်ကြ ည့်လိုက်၏။အထဲတွင်မူ လက်နက်အချို့နှင့် နေ့စဉ် သုံးပစ္စည်းများအပြင် အများစုမှာ တဖျတ်ဖျတ်လ က်နေသည့် ရွှေဒင်္ဂါးများပင် ဖြစ်နေသည်။

"အိုး..ရွှေဒင်္ဂါးတွေ ထောင်နဲ့ချီရှိတာပဲ... ပြီးတော့ ဒီ ရွှေလက်မှတ်တွေပါပေါင်းရင် တန်ဖိုးက တော်တော် လေးကို များတာပဲ…

မြို့ထဲသို့သွားကာ အဆင့်မြင့်ကျင့်စဉ်စာအုပ်များ သို့မဟုတ် ဆန်းကြယ်သည့် သိုင်းကျမ်း တစ်ခုခုကို ဝယ်ယူရန် သူ စိတ်ကူးလိုက်၏။ခုနက တိုက်ပွဲကို ပြ န်လည်သုံးသပ်ကြည့်ရာတွင် လျူယောင်သည် မိမိ ၏ အစစ်အမှန်ခွန်အားကို ခန့်မှန်းမိခဲ့သည်။

"ငါ့ရဲ့ ခွန်အားက မြေကမ္ဘာအဆင့်ရဲ့ အဆင့် ၅ ဒါမှ မဟုတ် အဆင့် ၆ လောက်မှာ ရှိနေတာ သေချာတ ယ် ..."

ယခုလက်ရှိသူ ခွန်အားမှာ ဟိုင်ကျိုးမြို့၌ မောက်မာ နိုင်ရန် လုံလောက်သည်ဆိုသော်လည်း ထိပ်သီးပည ာရှင်များရှေ့တွင်မူ သူသည် ဝါနုသေးသည်ဟု ဆို ရပေမည်။

သူ့အထက်တွင် 'မြေကမ္ဘာအဆင့်မြင့်ပညာရှင်များ၊ မြေကမ္ဘာ ပြည့်စုံခြင်းအဆင့်ရှိသူများနှင့် 'ကောင်း ကင်အဆင့်' ပညာရှင်များစွာ ရှိနေသေး၏။ထိုကဲ့သို့ သော ပုဂ္ဂိုလ်ကြီးများနှင့် ရင်ဆိုင်ရပါက သူ၏ လ က်ရှိစွမ်းရည်မှာ မပြောပလောက်သည့် အနေအထာ းတွင်သာ ရှိနေသည်။

"ငါ့ရဲ့ ခွန်အားကို ထပ်ပြီး မြှင့်တင်ရမယ်..အထူးသ ဖြင့် စနစ်တကျ ကျင့်ကြံနိုင်မယ့် အတွင်းအားကျင့် စဉ်နဲ့ ထိရောက်တဲ့ တိုက်ခိုက်ရေးပညာရပ်တွေ ငါ လို အပ်တယ်.."

လျူယောင်က ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လို က်၏။

ယခုအချိန်ထိ သူသည် ချီအတွင်းအားနှင့် ကျွမ်းကျ င်သော တိုက်ကွက်များ မရှိသေးဘဲ.သဘာဝအတိုင်း ရရှိထားသည့် ခွန်အားနှင့် လျင်မြန်မှုကိုသာ သူ အား ကိုးနေရခြင်းဖြစ်သည်။

ပြိုင်ဘက်က အဆင့်မြင့် နည်းစနစ်များ အသုံးပြုလ ာပါက သူ ရူံးနိမ့်နိုင်ဖွယ် ရှိ၏။

ထို့နောက် လျူယောင်သည် ချိုင်ယီထံမှ သိမ်းဆည် းခဲ့သော အလယ်အလတ်အဆင့် ချန်ခွန်းအိတ်ကို ဖွင့်လိုက်သည်။ထိုအိတ်ထဲတွင်မူ ဝမ်ဟိန်းထံမှ ရသ ည်ထက် ပိုများပြားသော ပစ္စည်းများ ရှိနေ၏။

အရာအားလုံးထက် သူ့ အာရုံကို ဖမ်းစားသွားသည် မှာ အိတ်၏ ထောင့်၌ ရှိနေသည့် 'ဓားနည်းပညာ စာ အုပ်'ပင် ဖြစ်သည်။

"ဝိုး..ဒါ... ဒါက ချိုင်ယိ ကျင့်ကြံတဲ့ ဓားပညာစာအု ပ် ဖြစ်ရမယ်.."

ဤကမ္ဘာသို့ သူ ရောက်လာပြီးနောက် လျှို့ဝှက်ကျ င့်စဉ်စာအုပ်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ် ၏။လျူယောင်သည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင် တော့ဘဲ ထိုစာအုပ်အား အိတ်အတွင်းမှ ချက်ချင်း ထုတ်ယူကာ ဖတ်ကြည်လိုက်ပေသည်။

ကံကောင်းထောက်မစွာဖြင့် စာအုပ်ထဲရှိ ရှေးဟော င်းစာလုံးများသည် သူ့အတွက်မူ နားလည်ရန် အခ က်အခဲ မရှိခဲ့ပေ။စာမျက်နှာတိုင်းတွင် စာသားများနှ င့်အတူ နားလည်ရလွယ်ကူသည့် ပုံများ ပါသဖြင့် ၎ င်းကို ပုံနှင့်စာသား ပေါင်းစပ်ထားသော ကျင့်စဉ် စာ အုပ်ဟု ခေါ်နိုင်ပေသည်။

သို့သော်လည်း ဤကဲ့သို့သော အဆင့်မြင့်ဓားနည်း ပညာအား သူ ချက်ချင်း ကျွမ်းကျင်ရန်မှာမူ မဖြစ်နို င်ပေ။အခြေခံသဘောတရားကို နားလည်အောင် ဖ တ်ရှုရုံမျှဖြင့်ပင် တစ်နာရီကျော် အချိန်ယူခဲ့ရသည်။

အကယ်၍ စနစ်တကျ လေ့ကျင့်မည်ဆိုပါက ယခု ထက် သူ အချိန်များစွာ ပိုပေးရမည်မှာ အသေအ ချာပင်။

လျူယောင်သည် ထိုစာအုပ်ကို အသေးစိတ် လေ့လ ာရန် အစီအစဉ်မရှိသေးဘဲ အပေါ်ယံမျှသာ လှန် ကြည့်လိုက်၏။ထိုသို့ ဖတ်ကြည့်ပြီးနောက် အရေး ကြီးသော အချက်တစ်ချက်အား သူ သဘောပေါက် လာခဲ့သည်။

"ဒီဓားပညာက ချီအတွင်းအား မပါရင် အနှစ်သာရ မ ရှိတဲ့ အလှကွက်သက်သက်ပဲ ဖြစ်နေတာလားဟ.. "

ဓားကွက်များကို အပြည့်အဝ ထုတ်ဖော်နိုင်ရန်အတွ က် ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် အတွင်းအား အသုံးပြုပုံ တို့မှာ တစ်သားတည်းကျရန် လိုအပ်နေ၏။

လျူယောင်သည် အချိန်ကို ကြည့်လိုက်ရာ ည ၁၀ နာရီကျော်နေပြီ ဖြစ်သဖြင့် အနားယူရန် ပြင်လိုက် သည်။သူ အေးအေးလူလူ အိပ်စက်နေချိန်တွင်မူ ဝမ်မိသားစု၏ စံအိမ်ကြီးထဲ၌ မီးများ လင်းထိန်နေ ပြီး လေထုမှာမူ တင်းမာလျက်ရှိနေ၏။

သူတို့ မိသားစု၏ အားကိုးရသော ကာကွယ်စောက် ရှောက်သူ သေတုံးခြင်းနှင့် သခင်လေးဝမ်ဟိန်းကို လည်း လူပုံအလယ် အနင်းခံလိုက်ရသည့် ကိစ္စမှာ ဝမ်မိသားစုအတွက်မူ အကြီးမားဆုံး အရှက်ရမှုပင်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် လက်တုံ့ပြန်ရန် အပြင်း အထန် ကြံစည်နေကြသည်။

"အကြီးအကဲ... လျူယောင်ဟာ ယွဲ့လိုင်တည်းခိုခန်း မှာ ရှိနေတယ်လို့ သိရပါပြီ.ဒီညပဲ သူ့ကို သွားသတ်ဖို့ အသင့်ပါပဲ.."

"ဟုတ်တယ်... ငါတို့ ဝမ်မိသားစုကို အနိုင်ကျင့်ဖို့မ လွယ်ဘူးဆိုတာ သူ သိစေရမယ်.."

ဝမ်မိသားစု၏ လူမိုက်တသိုက်မှာ လျူယောင်ရှိရာ ဆီသို့ ဦးတည်ရန် အမှောင်ထုထဲတွင် စုရုံး၍ တိုင်ပ င်နေကြ၏။

...

ဝမ်မိသားစု၏ အစည်းအဝေးခန်းထဲတွင်မူ အဓိက အဖွဲ့ဝင်အများစုမှာ ဒေါသတကြီးဖြင့် လက်စားချေ ရန် အော်ဟစ်နေကြသည်။သို့သော်လည်း အချို့ သော ဝါရင့်အဖွဲ့ဝင်များမှာမူ အသိတရားရှိစွာဖြင့် စဉ်းစားနေဆဲပင်။

အမျိုးသမီး အဖွဲ့ဝင်တစ်ဦးက သတိပေးစကား ပြော လိုက်၏။

"လက်တုံ့ပြန်ဖို့က မသင့်တော်ဘူးလို့ ကျွန်မထင်တ ယ် ..ဒီလျူယောင်က မြေကမ္ဘာအဆင့်ဖြစ်နိုင်တာမို့ သူ့ကို အနိုင်ယူဖို့ဆိုတာ အလွန်ခက်လိမ့်မယ်.."

တစ်ဖက်ကလည်း ပြန်လည်အော်ဟစ်လိုက်သည်။

"ဒါဆို ဒီအတိုင်းပဲ လွှတ်ထားရမှာလား..ငါတို့ ဝမ်မိ သားစုရဲ့ သိက္ခာကို ဒီအတိုင်းပဲ အနင်းခံရမှာလား.."

လူတိုင်း ပြင်းပြင်းထန်ထန် ငြင်းခုံနေကြစဉ် ဝမ်မိသ ားစု၏ အကြီးအကဲ ဝမ်ယွမ်ကျိက ဝင်ပြောလိုက် ရာ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။

"ဒီလူကို ငါတို့ လက်စားချေရမှာပေါ့... ဝမ်မိသားစု ရဲ့ မျက်နှာပျက်စရာကိစ္စကို ဒီအတိုင်း ထားမှာမဟု တ်ဘူး.ဒါပေမဲ့...ငါတို့က စိတ်လိုက်မာန်ပါနဲ့ ချက်ချ င်းလုပ်မှာတော့ မဟုတ်ဘူး.."

"အကြီးအကဲ... ဘယ်လိုလုပ်ရမလဲဆိုတာ မိန့်ကြား ပေးပါ.."

ဝမ်ယွမ်ကျိ၏ မျက်နှာတွင် ကြောက်စရာကောင်း သော အပြုံးတစ်ခု ပေါ်လာပြီး သူက အေးစက်စွာ ဆက်ပြောလိုက်သည်။

"လျူယောင်ဆီမှာ တန်ဖိုးရှိတဲ့ အရာတွေ အများကြီ း ရှိနိုင်လောက်တယ်.. သူက ဝူမိသားစုရဲ့ လေလံပွဲ မှာ 'မှော်လက်နက်'သုံးခုတောင် အပ်နှံထားတယ်မ ဟုတ်လား..နောက်သုံးရက်နေရင် အဲ့ဒီလေလံပွဲက ထိပ်သီးပညာရှင်တွေကို ဆွဲဆောင်နိုင်လိမ့်မယ်"

သူက စကားကို ခဏရပ်ကာ အားလုံးကို ဝေ့ကြည့် လိုက်ပြီးမှ ဆက်ပြောလိုက်၏။

"အဲ့ဒီအချိန်ကျရင် လျူယောင်ဆီမှာ ရတနာတွေ အ များကြီးရှိနေတယ်ဆိုတဲ့ သတင်းကို ငါတို့ တိတ်တိ တ်လေး ဖြန့်လိုက်မယ်.. အဲ့ဒီတော့မှ လောဘတက် လာတဲ့ အစွမ်းထက်သူတွေက ဒီကောင့်ကို အလွတ် ပေးမှာမဟုတ်တော့ဘူး.."

"ကောင်းလိုက်တဲ့ အကြံဗျာ.."

"တကယ်ကို ထက်မြက်တဲ့ အစီအစဉ်ပဲ အကြီးအကဲ ရာ.."

အောက်က လူများမှာ ချက်ချင်းပင် မြှောက်ပင့်လို က်ကြသည်။

"အကြီးအကဲရဲ့ အကြံအတိုင်းသာဆိုရင် ကျွန်တော် တို့ ကို ယ်တိုင်တောင် လက်ဖျားနဲ့ မတို့ရဘဲ ဒီ လျူ ယောင်တစ်ယောက် သူ့ကိုယ်သူတောင် ကာကွယ်နိုင် စွမ်း မရှိတော့တဲ့အထိ ဝိုင်းတိုက်ခံရတော့မှာပဲဗျာ.. ဟားဟားဟား.."

All Chapters