← Chapters

ချင်းနဥ် ချီလေ့ကျင့်ရေးလက်စွဲကျမ်း

Vol. 50 Ch. 600

ချင်းနဥ် ချီလေ့ကျင့်ရေးလက်စွဲကျမ်း

Vol. 50 Ch. 600

ဝမ်မိသားစု၏ စံအိမ်တွင်မူ ထိုညက တစ်အိမ်လုံး မည်သူမျှ မအိပ်စက်ခဲ့ကြပေ။

အထူးသဖြင့် မိသားစု၏ အကြီးအကဲများနှင့် အဓိ ကလူများသည် အခန်းတွင်း၌ တိုင်ပင် ဆွေးနွေးလျ က်ရှိ၏။သူတို့၏ ခေါင်းစဉ်မှာ တစ်ခုတည်းသာ ရှိ နေသည်။ဓားကိုအသုံးပြု၍ ရန်သူကို မည်သို့ အဆုံး စီရင်ကြမည်နည်း ဆိုသည်ပင်။

သူတို့၏ ရင်ထဲ၌ တောက်လောင်နေသည့် ဒေါသနှင့် ဝမ်မိသားစု၏ ဂုဏ်သိက္ခာကို ပြန်ဆယ်တင်ရန်အတွ က် သူတို့သည် အရာအားလုံးကို စတေးရန် အသင့်ရှိ နေ ကြသည်။

သို့သော်လည်း လျူယောင်မှာမူ လောကကြီးနှင့် မ သက်ဆိုင်သကဲ့သို့ တည်ငြိမ်နေ၏။ထိုညက သူသ ည် ကောင်းမွန်စွာ အိပ်ပျော်ခဲ့သည်။နောက်တစ်နေ့ နံနက်တွင်မူ လျူယောင်တစ်ယောက် စောစောစီးစီး နိုးလာပြီး ဧည့်သည်တော်အခန်း၌ နံနက်စာ စားလို က်၏။

"အိုး..အရသာရှိလိုက်တာ..တကယ်ကို ကောင်းတာ ပဲကွာ.."

အထူးခန်းမှ ဧည့်သည်ဖြစ်သည့်အတွက် သူရွေးချ ယ် စားသောက်နိုင်သော အစားအစာများမှာလည်း ပေါများလှသည်။ထိုမျှမက အခမဲ့ဖြစ်သည်ဆိုသည့် အချက်ကလည်း သူ့အား ပိုမိုကျေနပ်စေခဲ့သည်။

နံနက်စာ စားသောက်ပြီးနောက် လျူယောင်က စိတ် ထဲမှ တွေးနေမိသည်။

ဝမ်မိသားစုက လက်စားချေဖို့ လာကြတော့မည်လေ ာ။သို့သော်လည်း သူ့ သုံး သပ်ချက်အရ ဝမ်မိသား စုမှာ ထိုမျှအထိ ရဲရင့်ပုံမပေါ်ပေ။အကယ်၍သာ သူ တို့လက်စားချေချင်ပါက မနေ့ညကတည်းက တိုက် ခိုက်လာကြမည်လေ။

ထိုလူတွေ အလျင်စလို မလုပ်သည်ကိုကြည့်ခြင်းအ ား ဖြင့် အခြားတစ်ခုကို ကြံစည်နေခြင်း ဖြစ်နိုင်ပေ သည်။

"အင်း ဒီလူတွေ ငါ့ကို ဘယ်နည်းလမ်းနဲ့ သတ်ရမလဲ ဆိုတာ ကြံစည်နေတာပဲ နေမယ်.."

လျူယောင်သည် နံနက်စာကို စားရင်း အတွေးနယ် ချဲ့နေမိသည်။လေလံပွဲမတိုင်မီ ရက်အနည်းငယ် လို နေသေး၏။ဝမ်မိသားစုအနေဖြင့် ယခုချက်ချင်း လ က်စားမချေလျှင် လာမည့် ၂ ရက်၊ ၃ ရက်အတွင်း ငြိမ်သက်နေလိမ့်ဦးမည်။

ထိုကြောင့် လျူယောင်သည် အချိန်ကို အလဟဿ မဖြုန်းတီးဘဲ သူ့အတွက် အကျိုးရှိအောင် အသုံးချ ဖို့ လိုနေသည်။

" ငါ မြို့ထဲသွားပြီး ကျင့်စဥ်စာအုပ်တွေ သွားရှာကြ ည့်မှပဲ..တစ်အုပ်လောက် ဝယ်ပြီး လေ့ကျင််ထားတာ အကောင်းဆုံးပဲ.."

သူ အပြင်ထွက်ရန် ပြင်ဆင်နေစဉ်မှာပင် တံခါးခေါ က်သံ ထွက်ပေါ်လာ၏။

"အကိုလျူ.. ကျွန်တော်ပါ..ဝူယူကန်းပါ.."

တံခါးဖွင့်လိုက်ရာ ဝူယုကန်းကို မြင်လိုက်ရသဖြင့် လျူယောင် ဝမ်းသာအားရ ဖိတ်ခေါ်လိုက်သည်။

"အိုညီအစ်ကို ဝူပါလား..ဒီအချိန်ကြီး ရောက်လာမ ယ်လို့ မထင်ထားဘူး..လာ..ထိုင်ပါဦး.."

ဝူယုကန်းသည် အခန်းတွင်းသို့ ဝင်လာပြီး ထိုင်ခုံ တ စ်ခုတွင် ဝင်ထိုင်လိုက်သည်။သူ၏ မျက်နှာအမူ အရ ာမှာ အနည်းငယ် လေးနက်နေသည်။

"အကိုလျူကို သတိပေးချင်လို့ ကျွန်တော် ရောက် လာတာပါ..ဝမ်မိသားစုက အကို့ကို တိုက်ခိုက်ဖို့ အ ကြံဆိုးတွေ စီစဉ်နေပြီဆိုတဲ့ သတင်း ကျွန်တော် ကြ ားတယ် .. အကို သတိထားဖို့လိုတော့ လိုမယ်နော်.”

လျူယောင်က အေးဆေးစွာပင် ပြန်ပြောလိုက်၏။

"ဒီသတင်းကို လာပြောပေးလို့ ကျေးဇူးတင်ပါတယ် ညီအစ်ကိုဝူ.. ငါ သတိထားပါ့မယ်.."

ဝူယုကန်းက ဆက်ပြောလိုက်သည်။

"သူတို့က တိုက်ရိုက်မတိုက်ခိုက်ရဲဘဲ လူသတ်သမား ငှားပြီး လုပ်ကြံဖို့ ကြံစည်နေတာ..ဒါတင်မကသေး ဘူး..အကို့ ဆီမှာ မှော်လက်နက်တွေ အများကြီးရှိတ ယ်လို့ ကောလာဟလတွေ ဖြန့်နေကြတယ်.. ဒီလိုနဲ့ အကို့ ကို တခြားကျွမ်းကျင်သူတွေ လောဘတက်လ ာအောင် လုပ်ပြီး အငှားဓားနဲ့ လူသတ်ဖို့ သူတို့က.. ကြံစည်နေတာပဲ..."

ထိုစကားကို ကြားလိုက်ရသည့်အခါ လျူယောင်၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်လာ ခဲ့သည်။

"ဒီလူတွေက အရှက်မရှိဘူးပဲ..ကိုယ့်အားကိုယ် မကိုး ဘဲ..ညစ်ပတ်တဲ့ လှည့်ကွက်တွေ သုံးနေကြတာပဲ.."

သို့သော်လာ်း သူသည် စိတ်ကို ပြန်တည်ငြိမ်လိုက်ပြီ း ယုံကြည်စွာ ပြန်ပြောလိုက်၏။

"ညီအစ်ကိုဝူ..ဒီကိစ္စကို အသိပေးလို့ ကျေးဇူးတင်ပါ တယ်..စိတ်မပူပါနဲ့..ငါ့ကို သတ်ဖို့ဆိုတာ သူတို့ အတွ က် ဒီလောက် မလွယ်ပါဘူးကွာ.."

ဝူယုကန်းမှာလည်း လျူယောင်၏ ယုံကြည်မှုအပြ ည့် ရှိသော အမူအရာကို မြင်လိုက်ရသဖြင့် စိတ်အေ းသွားပုံရကာ ဆက်ပြောလိုက်သည်။

"အခုဆိုရင် ကျွန်တော်တို့က လေလံပွဲအတွက် ပြင် ဆင်မှုတွေကို အရှိန်မြှင့်တင်နေပြီ အကိုလျူ ကျွန် တော်တို့ရဲ့ အရင်းအမြစ်တွေနဲ့ လမ်းကြောင်းအမျိုး မျိုးကို သုံးပြီး ကြေညာထားပြီးပြီ..နောက်နှစ်ရက် အတွင်း ဟိုင်ကျိုးမြို့က အတော်လေး စည်ကားလာ လိမ့်မယ်..ဒေသခံသခင်တွေတင်မကဘဲ တခြားနေ ရာက ကျွမ်းကျင်သူတွေလည်း ရောက် လာကြလိမ့် မယ်..”

ဝူယုကန်က စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။

"အထူးသဖြင့်တော့ 'မှော်လက်နက်' သုံးလက်ကို လူ အများရှေ့မှာ လေလံတင်မှာဖြစ်လို့ မြေကမ္ဘာအဆ င့် ကျွမ်းကျင်သူအချို့ကို ဆွဲဆောင်နိုင်မှာ သေချာ တယ်.. ဒါပေမဲ့ ကောင်းကင်အဆင့်တွေကတော့ လာ ဖို့ ဖြစ်နိုင်ခြေ သိပ်မရှိဘူး အကိုလျူ.."

လျူယောင်က စိတ်ဝင်တစား နားထောင်နေရင်း ခေါ င်းညိတ်လိုက်ပြလိုက်သည်။ကောင်းကင်အဆင့်ဆို သည်မှာ တစ်နိုင်ငံလုံးတွင်ပင် အလွန်ရှားပါးလှ၏။ သူတို့သည် နှစ်ပေါင်းများစွာ ပျောက်နေတတ်ပြီး ဘ ယ်နေရာတွင် လေ့ကျင့်နေမှန်း မည်သူမျှ မသိကြပေ ။

လျူယောင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

"ကောင်းပြီ.ငါ..နားလည်ပါပြီ..လူများလေ ပိုကောင်း လေပါပဲ..ငါ့ရဲ့ လက်နက်တွေကို အမြင့်ဆုံးစျေးနဲ့ ရောင်းချနိုင်ဖို့ပဲ ငါ မျှော်လင့်ပါတယ်.."

ဝူယုကန်က မျက်လုံးအဝိုင်းသားဖြင့် မေးလိုက်၏။

"အကိုလျူ.. အကိုက ဒီလောက်တောင် ပိုက်ဆံတွေ ကို လိုနေတာ ဘာလုပ်ဖို့လဲ.."

လျူယောင်က ဘာမျှမကွယ်ဝှက်ဘဲ ပွင့်ပွင့်လင်းလ င်းပင် ပြန်ဖြေလိုက်သည်။

"ငါ့အတွက် ကောင်းကင်အဆင့် ကျင့်စဥ်စာအုပ် ဝ ယ်ချင်လို့ပါ..ပိုက်ဆံကျန်သေးရင်လည်း ငါက ဓား သိုင်းစာအုပ်တစ်အုပ်လည်း ထပ်ဝယ်မလို.. ငါ က ' တန်ဓား' ကို သုံးတာကိုး.."

ဝူယုကန်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့၏။

မှော်လက်နက် သုံးလက်မှ ရရှိမည့်ငွေသည် ရွှေဒင်္ဂါး သန်းဂဏန်းလောက် ရှိနိုင်ပေသည်။ထိုမျှများပြား သော ပိုက်ဆံတွေအား ဤလူက ကျင့်စဉ်စာအုပ် အ တွက် သုံးမည်ဟု ဆိုသဖြင့် သူ အနည်းငယ် မှင်သ က်သွားမိသည်။

အကြောင်းရင်းမှာ ကောင်းကင်အဆင့် ကျင့်စဉ်စာ အုပ်များသည် ဒဏ္ဍာရီထဲတွင်သာ ရှိသည်ဟု ယူဆ ထားကြပြီး သူကိုယ်တိုင်ပင် ထိုအဆင့် ကျင့်စဥ်ကို မမြင်ဖူးခဲ့ပေ။

လျူယောင်ကမူ သူ့ ရည်မှန်းချက်အား ဆက်ရှင်းပြ လိုက်၏။

"အခု ငါ့ လက်ထဲမှာ အခု ရွှေဒင်္ဂါး ထောင်ဂဏန်း လောက်ပဲ ကျန်တော့တယ်.ဒါကြောင့် မြို့ထဲသွားပြီး စိတ်ကျေနပ်စရာ ကျင့်စဉ်တစ်ခုခု ရှိမလားဆိုတာ သွားကြည့်မလို့..."

"အကိုလျူ ..ဟိုင်ကျိုးမြို့ရဲ့ အကြီးဆုံး ကျင့်စဥ်ရေ ာင်းတဲ့ ဝမ်ပေါင်စံအိမ်ကို ကျွန်တော်တို့ ဝူမိသားစု က ပိုင်တာပါ...ကျွန်တော် ကိုယ်တိုင် လိုက်ပို့ပေးမ ယ်လေ"

"ကောင်းပြီလေ..ဒါဆိုလည်း ငါတို့ အခုပဲ သွားကြ တာပေါ့..."

လျူယောင်နှင့် ဝူယုကန်းတို့သည် စကားလက်ဆုံ ကျရင်း ရယ်မောကာ တည်းခိုခန်းမှ ထွက်လာခဲ့ကြ သည်။၁၀ မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ခမ်းနား ကြီးကျယ်လှသော ဝမ်ပေါင်စံအိမ် ရှေ့သို့ သူတို့ ရေ ာက်လာ၏။

လျူယောင်သည် ထိုကြီးမားလှသော စံအိမ်ကို မော့ ကြည့်ရင်း အနည်းငယ် အံ့အားသင့်ခဲ့ရသည်။

ဝူသခင်လေးသည် အရေးကြီးသော ဧည့်သည်ကို ကိုယ်တိုင်ခေါ်လာသည်အား စံအိမ်၏ တာဝန်ခံဖြစ် သူ ကွေပိုင်ရှီထံသို့ ချက်ချင်း သတင်း ရောက်သွား ၏။ကွေပိုင်ရှီသည်လည်း ထိုအဆင့်မြင့်ဧည့်သည်ကို လျစ်လျူရှု၍ မဖြစ်မှန်းသိသဖြင့် ချက်ချင်းပင် အ ပြေးအလွှား ရောက်လာခဲ့သည်။

"သခင်လေး... ကြွလာတာကို ဝမ်းသာပါတယ်ခဗျာ "

"ကွေပိုင်ရှီ.. ဒီတစ်ယောက်က ငါ့ မိတ်ဆွေ'လျူ' ပါ.. သူက ကျင့်စဉ်စာအုပ်အချို့ကို လေ့လာချင်လို့.. မ င်း ခေါ်သွားပြီး အကောင်းဆုံးဆိုတာတွေကို ပြပေး လိုက်ပါ.."

ဝမ်ပေါင်စံအိမ်မှာ အလွန်ပင်ကျယ်ဝန်းလှ၏။

စုစုပေါင်း လေးထပ်ရှိကာ သိုင်းပညာရပ်ဆိုင်ရာ ကျင့်စဥ် စာအုပ်များအားလုံးကိုမူ စတုတ္ထထပ်တွင် စုစည်း ပြသထားသည်။တစ်ထပ်လုံးတွင် ကျင့်စဉ် အမျိုးမျိုးဖြင့် ပြည့်နှက်နေသော်လည်း ၉၀ ရာခိုင်နှု န်းမှာမူ သာမာန်ကျင့်စဥ်များသာ ဖြစ်၏။

အစွမ်းထက်သည့် ကျင့်စဉ်များမှာမူ အလွန်ရှားပါး လှသည်။အဆင့်နိမ့် 'ဟွမ်' ကျင့်စဉ်ပင် ရွှေဒင်္ဂါးထေ ာင်ဂဏန်းတန်ဖိုးရှိပြီး အလယ်အလတ်အဆင့်ဆို ပါက စျေးနှုန်းမှာ ပို၍ပင် မြင့်မားလှ၏။

လျူယောင်တို့သည် စတုတ္ထထပ်ရှိ ဧည့်ခန်းထဲတွင် ထိုင်လိုက်ကြသည်။ခဏအကြာတွင် ကွေပိုင်ရှီသည် ဝန်ထမ်းတစ်ဦးနှင့်အတူ ကျင့်စဉ်စာအုပ် ၁၂ အုပ် ကျော်ကို ကိုင်ဆောင်၍ ပြန်ရောက်လာ၏။

ကွေပိုင်ရှီက လေးစားစွာ ရှင်းပြလိုက်သည်။

"သခင်လေးလျူ.ဒါတွေက ကျွန်တော်တို့ ဝမ်ပေါင်စံ အိမ်ရဲ့ အကောင်းဆုံး ကျင့်စဉ်တွေပါပဲ..ဒါတွေကို အထူးဧည့်သည်တော်တွေအတွက်ပဲ သိမ်းထားတာ ပါခဗျ"

လျူယောင် လှမ်းကြည့်လိုက်ရာ စားပွဲပေါ်တွင် တ င်ထားသော စာအုပ် ၁၂ အုပ်မှာ အထူအပါး မတညီ ကြပေ။အချို့မှာ စာမျက်နှာ ၂၀၀ ကျော်အထိ ရှိပြီး အချို့မှာမူ စာမျက်နှာ အနည်းငယ်သာ ရှိပေသည်။

ကွေပိုင်ရှီက စာအုပ်အချို့ကို လက်ညှိုးထိုးပြရင်း ရှင်းပြလိုက်၏။

"ဒီစာအုပ်သုံးအုပ်ကတော့ ရွှမ်အဆင့်နိမ့် ကျင့်စဉ် တွေပါ.ကျွန်တော် ထုတ်ပြထားတဲ့ စာအုပ်တွေထဲမှာ စျေးအကြီးဆုံးတွေပေါ့.."

သူသည် 'အကောင်းဆုံး' ဟု မသုံးနှုန်းဘဲ 'အစျေးအ ကြီးဆုံး' ဟု သုံးနှုန်းခြင်းမှာ ကျင့်စဉ်တစ်ခု၏ တန် ဖိုးသည် လေ့ကျင့်သူနှင့် ကိုက်ညီမှုရှိမရှိ အပေါ်တွင် လည်း မူတည်နေသောကြောင့်ပင် ဖြစ်သည်။

လျူယောင်၏ လက်ရှိလေ့ကျင့်နေသည့် ကျင့်စဉ် အမျိုးအစားအား သူ မသိသဖြင့် သတိထား၍ စ ကားလုံးများကို ရွေးချယ်ပြောဆိုခြင်းပင်။

ရွှမ်အဆင့်နိမ့်ကျင့်စဉ် သုံးခုအား လျူယောင် ဂရုတ စိုက် ကြည်လိုက်သည်။သူ့ စိတ်ထဲတွင်လည်း နည်း နည်း စိတ်ပျက်နေမိ၏။

"ဝူမိသားစုရဲ့ ကျင့်စဥ် အရောင်းစံအိမ်မှာတောင် ရွှ မ်အဆင့်နိမ့်ကျင်စဥ် သုံးအုပ်ပဲ ရှိတာလား. .အဆင့် မြင့်ကျင့်စဥ်တွေက ရှာရခက်လိုက်တာကွာ.."

လျူယောင်သည် စာအုပ်တစ်အုပ်ချင်းစီကို အမြန် လှန်ကြည့်လိုက်သည်။နောက်ဆုံးတွင်မူ သူသည် စာအုပ်တစ်အုပ်အား ရွေးချယ်လိုက်၏။

"ချင်းနဥ် ချီလေ့ကျင့်ရေးလက်စွဲကျမ်း.."

ဤစာအုပ်သည် ကျင့်စဉ်သုံးအုပ်ထဲတွင် အပါးလွှာ ဆုံးဖြစ်သည်။သို့သော်လည်း လျူယောင်၏ မျက် လုံးထဲတွင်မူ ၎င်းအား အကောင်းဆုံးဟု သတ်မှတ် လိုက်ပုံရ၏။

ကွေပိုင်ရှီမှာမူ လျူယောင်၏ ရွေးချယ်မှုအပေါ် မည် သို့မှတ်ချက်ပေးရမှန်းမသိဘဲ အနည်းငယ် တုံ့ဆိုင်း သွားခဲ့သည်။သူသည် ကိုယ်တိုင်ဆုံးဖြတ်ချက် မချ ရဲသဖြင့် ဘေးနားတွင် ရှိနေသော ဝူသခင်လေးအား မေးမြန်းသည့်အကြည့်ဖြင့် ကြည့်လိုက် ၏။

ဝူယုကန်းမှာမူ ရဲရဲဝံ့ဝံ့ပင် ရှင်းပြလိုက်သည်။

"အကိုလျူ.. ဒါက ရွှမ်အဆင့်နိမ့် ကျင့်စဉ်တစ်ခုပါပဲ .. မူရင်းဈေးက ရွှေဒင်္ဂါး ၁၅၈,၀၀၀ ကျပါတယ်. .ဒါ ပေမဲ့ အကိုလျူက စိတ်ဝင်စားတဲ့အတွက် မိတ်ဆွေ အချင်းချင်းမို့လို့ ၁၅၀,၀၀၀ နဲ့ ထားပေးပါ့မယ်.."

လျူယောင်က တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်ပြလိုက် ၏။

"ကောင်းပြီ.တစ်သိန်းခွဲဲဆိုလည်း တစ်သိန်းခွဲပေါ့"

သူသည် အိတ်ထဲမှ ရွှေလက်မှတ်ပေါင်း တစ်သိန်း ကျော်နှင့် ကျန် ရွှေဒင်္ဂါးများအား ထုတ်ပေးလိုက်သ ည်။ဤရွှေများသည် အစက ဝမ်ဟိန်းနှင့် ချိုင်ယီတို့ ပိုင်ဆိုင်သော ငွေများဖြစ်ပြီး ယခု သူ့ လက်ထဲတွင် မူ အဖိုးတန်ကျင့်စဉ်တစ်ခုအဖြစ် ပြောင်းလဲသွား၏ ။

ငွေပေးချေပြီးသည့်တိုင် သူ့ အိတ်ထဲတွင် ရွှေဒင်္ဂါး ထောင်ဂဏန်းခန့် ကျန်နေသေးသည်။

အစက လျူယောင်သည် ဓားသိုင်းစာအုပ်တစ်အုပ် ကိုပါ တွဲဝယ်ရန် စိတ်ကူးရှိသော်လည်း လက်ကျန် ငွေ ပမာဏကို ကြည့်ပြီးနောက် ဤမျှနှင့် မလောက် နိုင်ကြောင်း သူသိလိုက်၏။ထိုမျှမက ဤစံအိမ်တွင် သူလိုချင်သည့် အဆင့်မြင့် ဓားပညာရပ်များ ရှိပါ့မ လားဆိုသည့် အချက်ကလည်း သူ့အား စိုးရိမ်စေခဲ့ သည်။

ပစ္စည်းဝယ်ယူမှု ပြီးဆုံးသွားသည့်အခါ လျူယောင် ၏ ရည်ရွယ်ချက်မှာ တည်းခိုခန်းသို့ အမြန်ပြန်ပြီး ဝယ်ထားသော ကျင့်စဉ်စာအုပ်အား လေ့လာရန်သာ ဖြစ်၏။

"ညီအစ်ကိုဝူ..ဒီနေ့ ကူညီပေးလို့ ကျေးဇူးတင်ပါတ ယ် ..ငါ ပြန်လိုက်ဦးမယ်..”

လျူယောင်က လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်ကာ ဝမ်ပေါင်စံအိမ်ထဲမှ ထွက်လာခဲ့ပေသည်။

All Chapters