မင်းက ကျင့်စဉ်ဖိုမဟုတ်ဘူး
Vol. 142 Ch. 1977
“ဘုန်း”
မိုးပေါ်တွင် လျှပ်စီးများလက်နေသည်။ ကျိုးမျိုးနွယ်များသည် ထို ကြောက်မက်ဖွယ် အသံများကိုကြားသောအခါ တော်တော်များများမှာ ချက်ချင်းပင် အကြောသေနေကြလေသည်။ ရှေးဟောင်းတိုက်ပွဲဝိညာဉ်များ အားလုံးမှာ အစစ်အမှန်ဖြစ်သည်။ ဒါဆိုရင် ဒီမိုးကြိုးဘေးဒုက္ခကလည်း အစစ် လို့ဆိုလိုတာမဟုတ်ဘူးလား။
ဒီမိုးကြိုးသာ သူတို့ကို ပစ်ချလိုက်ရင် သူတို့အသက်ရှင်နိုင်ပါ့မလား။
“ဘုန်း…”
“အာ…”
တချို့လူများသည် ထပ်မံအော်ကြသည်မှာ မိုးကြိုးအပစ်ခံရ၍မဟုတ်ဘဲ မိုးကြိုးဘေးဒုက္ခကို ကြောက်သဖြင့် ခန္ဓာကိုယ်များပျော့ခွေသွားသလိုခံစားရပြီး ရှေးဟောင်းတိုက်ပွဲဝိညာဉ်များကိုပါ လုံးဝမေ့ပျောက်သွားလေသည်။
“အားလုံးပဲ မကြောက်ကြနဲ့ ဒီဘေးဒုက္ခတိမ်တိုက်က ထင်ယောင်ထင်မှား ပဲ ဘာမှထိခိုက်နိုင်မှာမဟုတ်ဘူး.. မဟုတ်ရင် အစောကြီးကတည်းက တိုက်ခိုက်နေလောက်ပြီ” အကြီးအကဲမှာ အော်လေသည်။
အဖွဲ့၏ကျောရိုးအနေနှင့် သူ ထိုအတိုင်းလက်ကိုလှုပ်ယမ်းလိုက်သည်နှင့် အားလုံး၏ အခြေအနေမှာ ပိုကောင်းသွားသည်။ သို့သော် သူ့အသံမဆုံးခင်မှာ ပင် မိုးကြိုးတစ်စင်းသည် မိုးပေါ်မှကျလာပြီး သူ့ကိုတိုက်ရိုက်ပင် ပစ်ချလိုက် လေသည်။
အစောက သူပြောခဲ့သည့်စကားများသည် ဟာသသဖွယ်ဖြစ်သွားလေ သည်။
သို့သော် မိုးကြိုးမှာ အားမပြင်းလှသဖြင့် အကြီးအကဲမှာ မသေပေ။ သို့သော် သူ့မျက်နှာမှာ အကျည်းတန်သွားလေသည်။
ထိုမိုးကြိုးကျလာသည်မှာ သူ့မျက်နှာကို ဖြတ်ရိုက်သလို ခံစားလိုက်ရ သည်။
ရှီမာယူယူသည် ရယ်ကွဲကာ ပြောလေသည် “ဒီမိုးကြိုးက ကြင်နာတတ် တာပဲ.. အားအရမ်းနည်းတယ်”
“အင်း နောက်တစ်ခါ ငါ အားပြင်းအောင် လုပ်လိုက်မယ်” ဖေးယိသည် ဂရုတစိုက် နားထောင်သည်။
မိုးကြိုးသည် တည်ဆောက်မှုအတွင်းရှိလူများ၏ ခုခံမှုကို တိုက်ခိုက်ရန် လူများကို အမှန်တကယ် လှည့်စားခြင်းဖြစ်သည်။ မိုးကြိုးကို တစ္ဆေလောက ကလူတွေ ဒီလောက်ကြောက်ဖို့ ဘယ်သူပြောထားလို့လဲ။ ဒီလိုဆိုရင် အဲလူတွေ ကို အမြစ်ဖြုတ်ပစ်ဖို့က မြန်သွားမှာပဲ။
သို့သော် ထိုမိုးကြိုးတိုက်ခိုက်မှုမှာ အားနည်းသည်။ ထို့ကြောင့် မိုးကြိုးနှင့် ကစားတတ်သူ တစ်ယောက်အတွက်တော့ ဘာမှထူးခြားမနေပေ။
“အင်း ဒီဟာသာ ကျွန်မရဲ့ထင်ယောင်ထင်မှား တည်ဆောက်မှုမှာသာ ဒါမျိုးထည့်လိုက်ရင် ပျော်စရာကောင်းမှာပဲ” ရှီမာယူယူသည် ပြုံးပြီးပြောလေ သည်။
“မင်းက မိုးကြိုးအားကောင်းစေမယ့် နည်းလမ်းကိုပြောလေ.. ငါက မိုးကြိုးကို ဘယ်လိုစီမံရမယ်ဆိုတာကို ပြောပြမယ်” ဖေးယိသည် မဝံ့မရဲပြော လေသည်။
“ဟုတ်ပြီ သဘောတူပြီးပြီနော် ရှင့်လိုလူမျိုးနဲ့ စကားပြောရတာ ကြိုက် တယ်” ရှီမာယူယူသည် ပြုံးပြီး ပြောလိုက်သည် “ဟိုင်ရှင်းကို ကယ်ပြီးရင် တည်ဆောက်မှုတွေအကြောင်း ဆွေးနွေးကြတာပေါ့”
“ကောင်းတယ်”
တည်ဆောက်မှုထဲတွင် ကျိုးမျိုးနွယ်များသည် မိုးကြိုးကို ကြောက်ရွံ့နေ ကြသည်။ ရှေးဟောင်းတိုက်ပွဲဝိညာဉ်များနှင့် တွဲလိုက်သောအခါ မကြာခင်ပင် လဲကျပြီး အများစုမှာသေဆုံးကြလေသည်။
အသက်ရှင်ကျန်သူများသည် ဒဏ်ရာအပြည့်ဖြစ်နေကြသဖြင့် တိုက်ခိုက် ရန် စွမ်းအားပင်မရှိတော့ပေ။
ရှီမာယူယူသည် ထိုလူများကို လွှတ်ပေးလိုက်ပါ၊ သူ့လမ်းသူသွားကြလိမ့် မည်ဟု ပြောချင်သော်လည်း ဝူလင်းယူမှာ သူတို့ကို စိုက်ကြည့်နေသဖြင့် ထို စကားများကို မျိုသိပ်လိုက်ရတော့သည်။
သူအရင်က ပြောခဲ့သည်များကို ပြန်တွေးပြီးနောက် ထိုလူများကို သေခွင့် ပေးလျှင်တောင် အနည်းဆုံးတော့ ပျော်ပျော်ကြီးသေခွင့်ပေးရမည်ဟု ခံစားရ သည်။ သူတို့သာ သူ့လက်ထဲရောက်သွားလျှင် ခြေလက်များအဖြတ်ခံရပြီး အသားတခြား အရေတခြားဖြစ်သွားလိမ့်မည်။ နောက်ဆုံးတွင် သေဆုံးသည် ထက်ပင် ပိုဆိုးနိုင်သည်။
နောက်ဆုံးတစ်ယောက် မသေခင်အထိ ကျိုးမျိုးနွယ်သည် ထင်ယောင် ထင်မှား တည်ဆောက်မှုမှ မထွက်နိုင်ကြပေ။ ဖေးယိ၏ ထင်ယောင်ထင်မှား တိုက်ခိုက်မှုသည် သန်မာပြီး သက်ရောက်မှုမှာလည်း မြန်ဆန်သည်ဟု ပြော၍ ရသည်။ သူတို့ကို ထိုထင်ယောင်ထင်မှား တည်ဆောက်မှုကို ဖြေရှင်းရန် အချိန် ပင်မပေးပေ။
ရှီမာယူယူသည် ကျိုးနီလဲကျသွားသည်ကို ကြည့်ပြီးနောက် သက်ပြင်း ချကာ လှည့်ထွက်လိုက်သည်။
အားလုံးသည် သူမနောက်သို့ လိုက်ကြလေသည်။ ဖေးယိ လက်ကို ဝှေ့ယမ်းပြီး တည်ဆောက်မှုကျောက်တုံးများကို သိမ်းလိုက်သည်။ ကျိုးမျိုးနွယ် ၏အလောင်းပုံကြီး ပေါ်လာလေသည်။
သူတို့သည် ကျိုးမျိုးနွယ်၏ နယ်နိမိတ်အတွင်းမှ ထွက်လာခဲ့ကြရာ ကျိုး မျိုးနွယ်၏ မည်သည့်နေရာရောက်နေသည်ကို မည်သူမှ မသိကြပေ။ သူတို့ သည် လူရှာပြီးမေးချင်သော်လည်း ထိုနယ်နိမိတ်၏ ပိုင်ရှင်ကိုမတွေ့သလို အချိန်ကြာမြင့်စွာ လျှောက်ပြီးနောက်လည်း လူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ ရပေ။
နေ့တစ်ဝက်ကြာပြီးနောက် ဟွမ်၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော ဟိုင်ရှီးသည် နောက်ဆုံးတွင် နိုးလာသည်။ သူ မျက်လုံးဖွင့်လိုက်သောအခါ ဟွမ် ၏ အေးစက်သော မျက်နှာကိုမြင်လိုက်ရာ အေးစိမ့်သွားလေသည်။
“ဟားဟား ဟွမ် မင်းက အမြဲတမ်း အဲလိုမျက်နှာကြီးအိုထားတော့ ကြည့် ဦး ဟိုင်ရှီးတောင် ကြောက်နေပြီ” ယွင်ရာသည် ဘေးမှ ထိုမြင်ကွင်းကိုမြင်သော အခါ ရယ်မောလေသည်။
ဟွမ်သည် ဟိုင်ရှီးကို ငုံ့ကြည့်လိုက်ရာ သူနိုးနေသည်ကို တွေ့သည်နှင့် မြေပေါ်သို့ ချပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်” ဟိုင်ရှီးသည် ကြောက်နေသော်လည်း သတ္တိမွေး ကာ သူ့ကို ကျေးဇူးတင်စကား ပြောလိုက်သည်။
“မလိုဘူး” သူသည် ရှီမာယူယူကြောင့်သာ ဟိုင်ရှီးကို ချီလာခြင်းဖြစ် သည်။ သူ့အတွက်ကြောင့် ပြုလုပ်ခြင်းမဟုတ်သဖြင့် ကျေးဇူးတင်ရန်မလိုပေ။
ရှီမာယူယူ လှည့်ကြည့်ရာ ဟိုင်ရှီး ကြောက်နေသည်ကို မြင်သည်နှင့် လက်ယက်ခေါ်ကာ ပြောလိုက်သည် “ဟိုင်ရှီး ဒီကိုလာခြ့”
ဟိုင်ရှီးသည် ပြေးသွားပြီး ရှီမာယူယူ၏ အင်္ကျီလက်ကို ဆွဲလိုက်သည်မှာ လမ်းပျောက်နေသည့် ကလေးသဖွယ်ဖြစ်နေသည်။
“ငါ အရင်က မမေးလိုက်ရလို့ မင်း အခုအသက်ဘယ်လောက်လဲ” ရှီမာယူယူ မေးလိုက်သည်။
“၇ နှစ် ကျွန်တော့်အစ်မက ၁၀ နှစ်” ဟိုင်ရှီး ပြန်ဖြေလေသည်။
၁၀ နှစ်အရွယ်မှာ အမှန်တကယ်ပင် ထိုလူများ အနှစ်သက်ဆုံးအသက် အရွယ်ဖြစ်သည်။ နောက် သုံးလေးနှစ်မျှ မွေးမြူလိုက်သည်နှင့် ကြာရှည်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။
“၁၀ နှစ်ဆိုတာက လုံးဝကြီး ဘေးကင်းတာတော့မဟုတ်ဘူး တကယ်လို့..”
“မဟုတ်ဘူး ကျွန်တော့်အစ်မက ဖြူစင်သေးတယ်” ဟိုင်ရှီးသည် အသေအချာပင် ပြောလေသည်။
“ဘာလို့ အဲလောက်သေချာနေတာလဲ”
“ဘာလို့လဲဆိုတော့ မိန်းကလေးကျင့်စဉ်ဖိုတွေရဲ့ သွေးသားက ၁၃ နှစ်မှ နိုးထတာ.. သွေးသားနိုးထပြီးမှပဲ တကယ့်ကျင့်စဉ်ဖိုလို့ တွေးလို့ရတာ.. ယောက်ျားလေးတွေကျတော့ ၁၂ နှစ်မှာ နိုးထတယ်” ဟိုင်ရှီး ပြန်ဖြေလေသည်။
“နောက်တစ်မျိုးပြောရရင် မင်းနဲ့ မင်းအစ်မက အခု တကယ့် ကျင့်စဉ်ဖိုလို့ ပြောလို့မရသေးဘူးပဲ.. အဲဒါကို ဘာလို့ အဲလူတွေက မင်းတို့ကို လေလံဆွဲတာ လဲ၊ မင်းတို့ အဲအသက်အရွယ်ရောက်လို့မှ သွေးသားက မနိုးထဘူးဆိုရင် အဲလူ တွေ အရှုံးပေါ်မှာမဟုတ်ဘူးလား” ရှီမာယူယူသည် သူမ၏ သံသယကို အသံ ထွက်မေးလိုက်သည်။
“ဒါကြောင့်ပဲလေ” ဟိုင်ရှီးသည် သူ၏အင်္ကျီလက်ကို ဆွဲတင်လိုက်ရာ သူ၏ လက်ဖျံတွင် ပန်းရောင်လခြမ်းတံဆိပ် မွေးရာပါအမှတ်အသားပေါ်လာ လေသည်။ “ဒါက သွေးသားကို အတည်ပြုနိုင်မယ့် မွေးရာပါအမှတ်အသားပဲ.. မိသားစုထဲက ယောက်ျားလေးတွေမှာ လခြမ်းအမှတ်အသားရှိပြီး မိန်းကလေး တွေကတော့ ပန်းပုံအမှတ်အသားပါကြတယ်.. ဒါသာရှိရင် အရွယ်ရောက်တာနဲ့ သွေးသားက နိုးလာပြီး ကျင့်စဉ်ဖိုလို့ သတ်မှတ်လို့ရတယ်”
ရှီမာယူယူသည် သူ့ခေါင်းကိုထိကိုင်ပြီး ပြောလိုက်သည် “မင်းက ကျင့်စဉ် ဖိုမဟုတ်ပါဘူး ဒီအတိုင်းပဲ ကိုယ်လုံးကိုယ်ထည်ရှိတဲ့သူတစ်ယောက်ပဲ.. အားသာချက်က မင်းတို့က ကျင့်ကြံတာမြန်မယ်.. အခက်အခဲဆိုတာ သိပ်မရှိ သလောက်ဖြစ်မယ်.. ဒါပါပဲ ဒါက မင်းတို့သွေးသားရဲ့ တကယ့်သက်ရောက်မှုပဲ၊ မင်းတို့ ခန္ဓာကိုယ်ကို ပေါ့ပျက်ပျက်သုံးတဲ့သူတွေကမှ တကယ့် ပေါ့ပျက်ပျက် လူတွေပဲ နားလည်လား”
သူမ၏ စကားအဓိပ္ပာယ်ကို ဟိုင်ရှီးသည် နားမလည်သော်လည်း သူ့ဘာ သာတွေးကြည့်သလောက်တော့ နားလည်သည်။ အရာအားလုံးမှာ သူ ကောင်း ဖို့အတွက်သာဖြစ်သည်။
သူသည် ခေါင်းကိုလေးလံစွာ ညိတ်လိုက်သည် “ကျွန်တော် သိပါတယ် ကိုယ့်ကိုယ်ကိုယ် လူသားကျင့်စဉ်လို့ နောက်တစ်ခါ မခေါ်တော့ပါဘူး”
“တကယ်ပဲ လိမ္မာလိုက်တဲ့ကလေး” ရှီမာယူယူသည် သူ့ခေါင်းကို ထပ်မံ ပွတ်သပ်လိုက်သည်။
ဖူရှီသည် ဘေးမှကြည့်ပြီး နှုတ်ခမ်းဆူမိသည်။
ဒီကောင်က သူနဲ့ အရွယ်အစားအတူတူလောက်ပဲလေ။ ဒါပေမဲ့ ယူယူက သူ့ကိုကျ အဲလိုမဆက်ဆံဘဲ သူ့ကိုဘာလို့ ခေါင်းပွတ်ပေးနေတာလဲ။
သူသည် ရှေ့ကိုတိုးပြီး ရှီမာယူယူကို ထိုအတိုင်း လုပ်ခိုင်းစေချင်သည်။ သူ ရှေ့တိုးလိုက်သည်နှင့် သူ၏လည်ဂုတ်မှာ အဆွဲခံလိုက်ရလေသည်။
သူသည် လက်သီးကိုဝှေ့ယမ်းပြီး ဝူလင်းယူကို တိတ်တဆိတ် ခုခံမိသည်။ ဝူလင်းယူသည် သူ့ကိုကြည့်လိုက်သော်လည်း အနားကပ်ခွင့်မပေးပေ။
“မင်း” ဖူရှီသည် သူ့မျက်လုံးများဖြင့် ခြိမ်းခြောက်လေသည်။
“လာခဲ့ ကလေးအတု”
ဖူရှီသည် တစ်ခါတည်း အရှုံးပေးလိုက်ရသည်။ အဲဒါကြောင့် ရှီမာယူယူ နားကို ဟိုင်ရှီးကပ်တာကို ဝူလင်းယူက မတားတာကိုး။ အဲဒါကြောင့် သူက ကလေးပုံစံဖြစ်နေပေမဲ့ ရှီမာယူယူ့ကို ခေါင်းမပွတ်ခိုင်းတာကိုး.. သူက အသက် ၂၅၀ ရှိပြီလေ။
အိုး… သူတို့က သူ့ကို ကလေးလိုမှ မဆက်ဆံခဲ့ကြတာ။
“ဟိုင်ရှီး ကျောက်မျိုးနွယ်က ဘယ်မှာလဲဆိုတာ သိလား” ရှီမာယူယူ မေး လိုက်သည်။
“မသိဘူး..” ဟိုင်ရှီး ခေါင်းခါလိုက်သည် “ကျွန်တော်တို့တွေ ပြေးလာ ကြ တော့ မမက တွေ့တဲ့ဖြတ်လမ်းဝင်္ကပါကိုသုံးခဲ့တာ အဲဒါကြောင့် ကျောက် မျိုးနွယ်က ဘယ်မှာလဲ ဘယ်ဘက်မှာလဲဆိုတာကိုရော မသိဘူး”
***