← Chapters

အံ့ဖွယ်ဂီတတူရိယာ

Vol. 142 Ch. 1978

အံ့ဖွယ်ဂီတတူရိယာ

Vol. 142 Ch. 1978

ဟိုင်ရှီးသည် ၇ နှစ်အရွယ် ကလေးသာဖြစ်သည်။ ကိစ္စတော်တော်များ များကို မမှတ်မိနိုင်ပေ။ ယခုလိုအခြေအနေတွင် တစ်ယောက်တည်းရင်ဆိုင်ရ သဖြင့် ကျောက်မျိုးနွယ် မည်သည့်နေရာတွင်ရှိသည်ကို မမှတ်မိသည်မှာ ပုံမှန် ဖြစ်သည်။

သို့သော် သူမသည် မေးခွန်းတစ်ခုကို သတိရသွားကာ ဟိုင်ရှီးအား မေး လိုက်သည် “အဲတုန်းက မင်း ကျောက်မျိုးနွယ်မှာရှိခဲ့တာလား”

ဟိုင်ရှီးသည် မျက်တောင်ခတ်လိုက်သည်။ ပြီးနောက် ခေါင်းခါကာ ပြော လိုက်သည် “မဟုတ်ဘူး”

“ငါလည်း အဲလိုပဲထင်တယ်.. မင်းသာ ကျောက်မျိုးနွယ်ကို ရောက်သွား တယ်ဆို ဂိတ်ပေါက်ကိုတောင် ဖြတ်ပြီး ဒီအထိပြေးလာနိုင်မှာမဟုတ်ဘူး” တစ်ခုခုလွဲမှားနေသည်ဟု ရှီမာယူယူသည် အရင်ကပင် ခံစားခဲ့ရသည်။ သို့သော် ယခု နားလည်သွားချေပြီ။

“မင်းက လမ်းတစ်ဝက်ကနေ ပြေးလာခဲ့တာပဲ အဲဒါကြောင့် ကျောက်မျိုးန နွယ်တည်နေရာကို မသိတာပဲ” ယွင်ရာသည် ခေါင်းကိုက်လာသည်။

“တောင်းပန်ပါတယ်” ဟိုင်ရှီးသည် အပြစ်ခံစားရကာ ခေါင်းငုံ့သွားလေ သည်။ “ကျွန်တော်က အသုံးမကျပါဘူး ကျောက်မျိုးနွယ်က ဘယ်မှာလဲဆိုတာ လည်းမသိဘူး.. အဲလိုဆိုရင် မမကို ဘယ်လိုကယ်လို့ရတော့မှာလဲ”

“အဲဒါကိစ္စမရှိဘူး လူရှာပြီးမေးလိုက်ရင် သိရမှာပဲ” ရှီမာယူယူသည် သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်တို့တွေ ဒီလောက်အဝေးကြီး ရောက်လာပြီ ဘယ်သူမှ လည်း မတွေ့သေးဘူး” ဟိုင်ရှီးသည် လေသံဖြင့် ပြောလေသည်။

“တစ်ယောက်ယောက်တော့ ရှိလာမှာပါ” ရှီမာယူယူ ပြောလိုက်သည် “ငါတို့တွေ ဘယ်သူ့ကိုမှမတွေ့ရတော့ ဒီမှာပဲစောင့်ကြတာပေါ့”

“စောင့်မယ်ဟုတ်လား တစ်ယောက်ယောက်လာမှာလား” ဟိုင်ရှီးသည် သူတို့နောက်သို့ ကျိုးမျိုးနွယ်များလိုက်နေသည်ကို မသိပေ။

“လာမှာ” ရှီမာယူယူ ပြောလိုက်သည်။

“ဂွီ”

ဟိုင်ရှီသည် သူ့ဝမ်းဗိုက်ကို ကိုင်လိုက်သည်။ သူသည် တစ်နေ့လုံး ဘာမှ မစားရသေးသဖြင့် ဗိုက်ဆာသလိုခံစားရလေသည်။

“ဗိုက်ဆာလို့လား.. ဒါဆိုလည်း တစ်ခုခုစားကြတာပေါ့.. ဘယ်လိုပဲဖြစ် ဖြစ် ငါတို့ဆီလာမယ့်လူကို စောင့်ရမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။

ယွင်ရာသည် မျက်ခုံးများ ပင့်လိုက်သည်။ “ဒီမှာဘာရမှာမို့လို့လဲ မင်းက ချက်တတ်လို့လား”

ရှီမာယူယူသည် ချက်ချင်းပင် အိုးများ ဒယ်ပြားများနှင့် ဝိညာဉ်လေး ပြင်ဆင်ပေးထားသည့် ပါဝင်ပစ္စည်းများကို ထုတ်လိုက်သည်။

ယွင်ရာသည် မှီနေရာမှ အသားများ၊ လတ်လတ်ဆတ်ဆတ် ပါဝင်ပစ္စည်း များနှင့် ဟင်းခတ်အမွှေးအကြိုက်မျိုးစုံကို မြင်လိုက်ရသည်။ သူ အော်လိုက် သည် “မင်းမှာ ဒီလောက် ပစ္စည်းအပြည့်အစုံရှိတယ်ဆိုတော့ ချက်စားနေကျ လား”

“ကျွန်မက အများကြီးချက်နေကျပဲ ဒါပေမဲ့ အခုတော့ မချက်တာကြာပြီ” ရှီမာယူယူသည် ဘေဂုံထန်တို့နှင့်ရှိစဉ်က သူတို့သည် စားရသည်ကို နှစ်သက် ကြသဖြင့် မကြာခဏ ချက်ပြုတ်လေ့ရှိခဲ့သည်။ နောက်ပိုင်းတွင် အလုပ်များလှ သဖြင့် ချက်ပြုတ်ခြင်းကိုပင် မပြုလုပ်နိုင်တော့ပေ။

ကိစ္စများစွာကို ကြုံတွေ့ခဲ့ရသော်လည်း ထိုအမှတ်တရများမှာတော့ ရှင်းလင်းနေတုန်းပင်။ သူတို့ လူသားလောကတွင် မည်သို့ရှိသည်ကို မသိပေ။

“ရော့” ဝူလင်းယူသည် သူမလက်ထဲသို့ ပါဝင်ပစ္စည်းများထည့်ပေးပြီး သူမ မှိုင်တွေနေသည်ကို နှောင့်ယှက်လိုက်သည်။

ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်ပြီးနောက် ဖူရှီနှင့် ဟိုင်ရှီးကို ပြော လိုက်သည် “မင်းတို့နှစ်ယောက် ဘာစားချင်လဲ”

“မင်းသမီးလေး ဘာချက်ချက် ကျွန်တော်တို့က စားမှာပဲ” ဟိုင်ရှီး ပြော လိုက်သည်။

ဖူရှီသည် သူစားချင်သည့်အရာကို ပြောဟန်ပြင်နေသော်လည်း ဟိုင်ရှီးမှ ထိုသို့ပြောလိုက်သဖြင့် နှုတ်ခမ်းတွန့်လိုက်သည်။ သို့သော် သူ သဘောတူလိုက် သေးသည် “အင်း မင်း ဘာပဲချက်ချက် ငါတို့စားဖို့ပဲမလား”

တွေးကြည့်လျှင် မှန်သည်။ သူတို့ တစ်ခုခုမှာလိုက်ပြီးမှ သူမ မချက်တတ် ဘဲ အရသာမကောင်းရင် ဘယ်လိုလုပ်မလဲ။ သူမကို လွတ်လွတ်လပ်လပ် ချက် ခွင့်ပေးလိုက်တာ ပိုကောင်းမယ်။

ရှီမာယူယူသည် အမြန်ပင် စားကောင်းသောက်ဖွယ်များကို စားပွဲအပြည့် ပြင်လိုက်သည်။ ဟင်းအိုးမှာလည်း ဟိုင်ရှီးကို သွားရည်ယိုစေရုံတင်မကဘဲ ယွင်ရာနှင့် ဖေးယိကိုပင် အာရုံဆွဲဆောင်လေသည်။

စားသောက်ပြီးနောက် ယွင်ရာသည် သူ့ဗိုက်ကို ကိုင်လိုက်သည်။ ဒီလိုမျိုး အရသာရှိတာတွေ မစားရတာကို ကြာနေပြီ။

ရှီမာယူယူသည် စားပွဲတစ်ခုလုံးကို ဝိညာဉ်စေတီဆီသို့ ပို့လိုက်ရာ ဝိညာဉ် လေးသည် အားလုံးကို ရှင်းလင်းရေးလုပ်ရသည်။ သူမသည် ဝိညာဉ်အသီးနှစ် ပန်းကန်ထုတ်ကာ အားလုံးကို ဝေပေးလိုက်သည်။ သူမသည် သူမဘာသာ စား နေရင်းနှင့် ဝူလင်းယူနှင့်ထိုင်ကာ သစ်ပင်ကြီးကို မှီနေလိုက်သည်။

“အဲလူတွေ ဘယ်တော့ရောက်မလဲမသိဘူး” သူမသည် တစ်ကိုက်ကိုက် ပြီး ချိုမြိန်မှုကို ခံစားနေလိုက်သည်။

“ခဏလောက်ပဲ ကြာမှာပါ.. ကျိုးမျိုးနွယ်ရဲ့ အရှိန်ကိုချီးမကျူးနိုင်ဘူး” ဝူလင်းယူ ပြောလိုက်သည် “မင်း ဘာလို့မနားတာလဲ”

“ဆက်တိုက် အိပ်လိုက်စားလိုက်လုပ်နေရင် ဝက်မကြီးဖြစ်သွားလိမ့်မယ်” သူမ ဆန့်ကျင်လေသည်။

“မင်းကို ဝက်မကြီးလို ဖြစ်စေချင်နေပြီ.. အဲဒါဆို ဘာမှလုပ်စရာမလို တော့ဘူး” ဝူလင်းယူသည် အလိုက်လိုက်သည့်လေသံဖြင့် ပြောလေသည်။

“ရှင်က ဝက်မွေးချင်ပေမဲ့ ကျွန်မက မဖြစ်ချင်ဘူး”

“မဟုတ်ရင်လည်း စမ်းကြည့်လေ”

“ဟင်း”

“….”

သူတို့သည် ထိုနေရာတွင် တစ်ရက်ကြာအောင် စောင့်ပြီးနောက် ကျိုး မျိုးနွယ်သည် သူတို့ကို လိုက်မှီလာသည်။ မထင်မှတ်စွာပင် သည်တစ်ကြိမ် ရောက်လာသူမှာ ဒုအကြီးအကဲဖြစ်သည်။

“သူဖြစ်လိမ့်မယ်လို့ မထင်မိဘူး အဲတော့ အခုမေးဖို့ ခက်ရင်ခက်သွားနိုင် တယ်” ဖူရှီ ပြောလိုက်သည်။

“ဒါက ဘာအရေးလဲ ယူယူ.. မင်းအခု နေကောင်းပြီဆိုတော့ နောက် သီချင်းတစ်ပုဒ်သင်ပေးမယ်” ယွင်ရာသည် ကျောက်စိမ်းပုလွေထုတ်ပြီး နှုတ်ခမ်းတွင်တေ့ကာ ညင်သာစွာတီးမှုတ်လိုက်သည်။

ဒုအကြီးအကဲ စကားမပြောခင်တွင် ယွင်ရာ၏ ပုလွေသံကို ကြားလိုက်ရ လေသည်။

“မဖြစ်ဘူး အားလုံးပဲ နားပိတ်ထားကြ” ဒုအကြီးအကဲသည် ပြောရင်းနှင့် နားကိုပိတ်ထားလေသည်။

ကျိုးမျိုးနွယ်မှတခြားသူများလည်း လိုက်ပိတ်ကြသည်။ သို့သော် ယွင်ရာ အတွက် အသုံးမဝင်ပေ။ သူ၏ပုလွေသံမှာ သူတို့၏ နားအတွင်းသို့ ဝင်ဆဲဖြစ် ကာ သူတို့၏ ဝိညာဉ်အသိစိတ်ကို ရိုက်ခတ်လေသည်။

မကြာမီတွင် သူတို့၏ မျက်လုံးများသည် စူးစိုက်မှုများမရှိတော့ဘဲ လူများ သည် တငိုင်ငိုင်ဖြစ်သွားကြသည်။

ယွင်ရာသည် သီချင်းနှစ်ပုဒ်တီးမှုတ်ပြီးနောက် ဒုအကြီးအကဲမှာ ညှို့ယူခံ လိုက်ရလေသည်။ သူသည် ကျောက်စိမ်းပုလွေချပြီး ဒုအကြီးအကဲကိုကြည့်ပြီး မေးလိုက်သည် “ကျောက်မျိုးနွယ်က ဘယ်ဘက်မှာလဲ အဲဒီကို ဘယ်လိုသွားလို့ ရလဲ”

“ကျောက်မျိုးနွယ်က တခြားမိသားစုမျိုးနွယ်လေးခု နယ်နိမိတ်ရဲ့ ဆန့်ကျင်ဘက်မှာရှိတယ်.. ဒါပေမဲ့ ကျောက်မျိုးနွယ်ကို ရောက်မယ့် ဖြတ်လမ်း ဝင်္ကပါ ငါ့ဆီမှာရှိတယ်.. ပြီးတော့ ငါက ကျောက်မျိုးနွယ်ရဲ့ နယ်နိမိတ်ကို သွား နိုင်တယ်” ဒုအကြီးအကဲပြောလိုက်သည်။ ပြီးနောက် တစ်ခါသုံး ဖြတ်လမ်းဝင်္က ပါကိုပါ ထုတ်လိုက်သည်။

ယွင်ရာသည် ဖြတ်လမ်းဝင်္ကပါကိုယူပြီး ဖေးယိအား ပေးလိုက်သည်။ ဖေးယိသည် စစ်ဆေးပြီးနောက် အမှန်တကယ်ပင် ကောင်းမွန်သည့် ဖြတ်လမ်း ဝင်္ကပါဖြစ်ကြောင်းကို သိသည်နှင့် ခေါင်းညိတ်ကာ ယွင်ရာအား ပြန်ပေးလိုက် သည်။

ယွင်ရာသည် ဂုဏ်ယူစွာဖြင့် ရှီမာယူယူဘက်သို့ မေးငေါ့ပြလေသည်။ ရှီမာယူယူသည် သူ့ကို လက်မထောင်ပြလိုက်သည်။

“ဒီလူတွေကိုရော ဘယ်လိုလုပ်မလဲ” ယွင်ရာသည် သူမကို မေးလေ၏။

ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ဒုအကြီးအကဲဆီသို့လာပြီး ပြောလေသည် “အခု သူတို့စိတ်က အားလျော့နေပြီမလား.. ကျွန်မ ဝင်လိုက်ရင် တိုက်ခိုက်ခံရမလား”

“ဟင့်အင်း တိုက်ခိုက်ခံရမှာမဟုတ်ဘူး”

အသံတိုက်ခိုက်မှုသည် လူတစ်ယောက်၏ စိတ်ကို ထိန်းချုပ်နိုင်ရာ ထိန်းချုုပ်ခံရသူသည် မခုခံနိုင်ပေ။

ရှီမာယူယူသည် တိကျသည့်အဖြေရသည်နှင့် ဒုအကြီးအကဲဆီသို့လာကာ သူ၏ အသိစိတ်ပင်လယ်ထဲသို့ သူမ၏ အံ့ဖွယ်အသိစိတ်ကိုထည့်ကာ မှတ်ဉာဏ် ကိုရယူလေသည်။

“ကျောက်မျိုးနွယ် ချန်းမျိုးနွယ်” သူမ၏ အသက်ရှုသံမှာ အနည်းငယ် ပြောင်းသွားသဖြင့် သူမ ဒေါသထွက်နေသည်ကို အားလုံးသိလိုက်ကြသည်။

“ဘာဖြစ်လို့လဲ” ဝူလင်းယူ မေးလိုက်သည်။

“ကျောက်မျိုးနွယ်နဲ့ ချန်းမျိုးနွယ်က ဟိုင်ရှီးရဲ့ ကိစ္စကို ရှင်းဖို့ လွန်ခဲ့တဲ့ နှစ်ရက်က လူလွှတ်လိုက်ကြတယ်.. ကျောက်မျိုးနွယ်က ချန်းမျိုးနွယ်နဲ့ သဘောတူထားကြတယ်.. ဟိုင်ရှင်းက ချန်းမျိုးနွယ်အပိုင်ဖြစ်မယ်.. ဟိုင်ရှီးကို တော့ ကျောက်မျိုးနွယ်ကပိုင်သွားမယ်.. အဲမျိုးနွယ်နှစ်ခုက အရှက်ကိုမရှိကြ တော့တာပဲ.. အဲဒါကြောင့် အခု ဟိုင်ရှင်းက ချန်းမျိုးနွယ်ရဲ့ အိမ်တော်မှာပဲရှိ တယ် ကျောက်မျိုးနွယ်မှာမဟုတ်တော့ဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ကျွန်မတို့ နောက်သွားရမယ့်နေရာက ချန်းမျိုးနွယ်ပဲ”

ယွင်ရာသည် သူမကို စိုက်ကြည့်ပြီးပြောလိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက် က ညှို့ယူဂီတဂိုဏ်းအကြောင်းကို ဒီနည်းလမ်းနဲ့သိခဲ့တာလား”

“ဘာလို့လဲ အကြွေးရှင်းချင်လို့လား”

“ငါ အကြွေးမရှင်းနိုင်လို့မဟုတ်ဘူး ဒါပေမဲ့ ချွန်းယောင်တို့ ဘယ်မှာ ပျောက်သွားလဲဆိုတာကို နားလည်သွားလို့လေ.. ဒါပေမဲ့ မင်းနည်းလမ်းက တကယ်ကောင်းတာပဲ.. သူများတွေ မပြောချင်တဲ့သတင်းကို ရအောင်လုပ် နိုင်တယ်”

“ရှင်က ဒါမျိုးမှာ တော်တယ်မဟုတ်ဘူးလား အဲဒါကြောင့် လူအများကြီး ကို တစ်ခါတည်းနဲ့ ရှင်းထုတ်နိုင်တယ်” ရှီမာယူယူသည် သူ၏ အသံတိုက်ခိုက်မှု ကိုအလွန်လေးစားမိသည်။

“ဒါက ဒီပုလွေကျေးဇူးကြောင့်ပါ.. တူရိယာက ပိုကောင်းလေလေ တိုက်ခိုက်မှုက အားကောင်းလေလေပဲ”

“အမှန်ပဲ အားနဲ့လက်နက်က ဒွန်တွဲနေကြတာ.. ကျွန်မက အားတစ်ဝက် ပဲရှိပုံထောက်တော့ အားကောင်းတဲ့တူရိယာကို ရှာရမယ့်ပုံပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည်။

“မင်း တူရိယာကောင်းကောင်းလိုချင်ရင် မင်းကို ကောင်းတာလေး တစ်ခု ပေးမယ်.. အရိုးပုလွေပဲ ဂီတတူရိယာပစ္စည်းတွေထဲမှာမှ အံ့ဖွယ်အဖြစ်ဆုံးပဲ.. ကံမကောင်းစွာနဲ့ပဲ အဲဒီတူရိယာက ပျောက်သွားခဲ့တာနှစ်တွေအများကြီးကြာ နေပြီ…”

***

All Chapters