← Chapters

အရိုးပုလွေ

Vol. 142 Ch. 1979

အရိုးပုလွေ

Vol. 142 Ch. 1979

ရှီမာယူယူသည် အရိုးပုလွေဟု ကြားလိုက်သောအခါ ထိုနာမည်ကို ရင်းနှီး သလို ခံစားရလေသည်။

ယွင်ရာသည် ဆက်ပြောလေသည် “ဒီပုလွေကို အရင်ဧကရာဇ်ရဲ့အရိုးနဲ့ လုပ်ထားတာ.. ကုန်ကြမ်းနဲ့တင်ကို အရမ်းအားကောင်းနေပြီ.. ပြီးတော့ အရမ်း တော်တဲ့ လက်နက်သခင်က သန့်စင်ထားတာ.. သူ့စွမ်းအားကို စဉ်းစားသာ ကြည့်လိုက်တော့.. အဲဒါကို တီးမှုတ်ဖို့သုံးတာနဲ့ ထွက်လာတဲ့သီချင်းက ရိုးရှင်း ရင်တောင် စွမ်းအားနှစ်ဆထွက်လာမှာ.. ဒီတစ်ခုလိုပေါ့.. အကြာကြီး တီးမှုတ် စရာမလိုဘဲ အဲလူတွေကို မိနစ်နည်းနည်းလောက်နဲ့ လုံးဝထိန်းချုပ်လို့ရတယ် မင်းတီးမှုတ်ရင်တောင် အလုပ်ဖြစ်တယ်”

“မိုက်လိုက်တာ” ရှီမာယူယူသည် ပင့်သက်ရှိုက်မိသည် “အရိုးပုလွေက အခုဘယ်မှာလဲ”

“မသိဘူးလေ အဲဒါပေါ်မလာတာ နှစ်တွေရာချီနေပြီ.. သူများတောင် ယူ သွားပြီထင်တာပဲ”

ထိုပစ္စည်းမျိုးကို ပိုင်ဆိုင်သည့်လူသည် လူသိရှင်ကြားထုတ်ပြမည်မဟုတ် ပေ။ သတင်းပြန့်သွားသည်နှင့် အဆုံးမရှိသော ပြဿနာများသယ်လာနိုင်ခြင်း ကြောင့်ပင်။ ထို့ကြောင့် ပေါ်လာလျှင်လည်း ရှာရန်လွယ်မည်မဟုတ်ပေ။

“တကယ်ကြီးလား.. အဲဒီအရိုးပုလွေက ဘယ်လိုပုံရှိလဲ”

“ဦးခေါင်းခွံရိုးပါတဲ့ အရိုးရှည်ကြီးနဲ့တူတယ်”

“နည်းနည်းတော့ ရင်းနှီးနေသလိုပဲ” ရှီမာယူယူသည် ခေတ္တမျှ ခေါင်းကို စောင်းလိုက်သည်။ ထို့နောက် ရုတ်တရက် မျက်လုံးလက်သွားကာ အမည်း လေးကို ခေါ်လိုက်သည်။

“ဝုတ် ဝုတ်”

အမည်းလေး ထွက်လာသည်နှင့် သူ့ကို အကြိမ်ပေါင်းများစွာ လျစ်လျူရှု ထားခဲ့သည့်အတွက် ရှီမာယူယူကို ဟောင်ပြလေသည်။

ရှီမာယူယူသည် ဆောင့်ကြောင့်ထိုင်ကာ သူ့ခေါင်းကိုထိပြီး ပြောလိုက် သည် “စိတ်မဆိုးပါနဲ့ ဒီရက်ပိုင်းက ငါ အလုပ်များနေတာမဟုတ်ဘူးလား”

“ဝုတ် ဝုတ်”

“အင်း.. မင်း အပြင်မှာနေချင်တယ်မလား” ရှီမာယူယူသည် သူ့ခေါင်းကို ထိပြီး ပြောလိုက်သည် “မကြာခင်က ဆေးပစ္စည်းတွေ စားရတယ်မလား”

“ဝုတ်” အမည်းလေးသည် ထိခိုက်သလိုခံစားရသဖြင့် ဟောင်လေသည်။

“ခစ် ခစ် ဝိညာဉ်လေးက မင်းကို နေ့တိုင်းကျွေးတယ်မလား.. သူကလည်း သူ့အလုပ်သူ ကောင်းကောင်းလုပ်သားပဲ” ရှီမာယူယူသည် ပြုံးပြီး တည်ငြိမ်စွာ ပြောလေသည်။

“ဝုတ်” ငါ အရမ်း ခံပြင်းတယ်။

“ဟား ဟား”

ဘေးတွင် ထိုင်ကြည့်နေသည့် ဖူရှီသည် နှုတ်ခမ်းတွန့်မိသည်။ သူမ အမည်းလေးကို ထိတွေ့သည့် ပုံစံမှာ ဟိုင်ရှီးကို ပွတ်သပ်သည့်ပုံစံနှင့် တူနေ သည်ကို သူသိလိုက်သည်။ ကံကောင်းစွာပင် သူအရင်က စဉ်းစားထားသလို သူ့ ကို ထိုကဲ့သို့ ပွတ်သပ်မပေးပေ။

“ဝုတ် ဝုတ်”

“မဟုတ်ဘူး အဲဒါတွေက မင်းအတွက်ကောင်းတယ် နေ့တိုင်းစားရမယ် နော်” ရှီမာယူယူသည် သူ့ခေါင်းကိုပွတ်ပြီး ပြောလိုက်သည် “မင်း မင်းကို ကိစ္စ တစ်ခုကြောင့် ခေါ်လိုက်တာ.. မင်းရဲ့ အဖိုးတန်ရတနာလေးကို ငါ့ကိုပြပေးလို့ရ မလား”

“ဝုတ် ဝုတ်”

“ဟေး ငါ့ကို ကြည့်ခွင့်ပေးလေ.. မင်း မလိမ္မာရင် မနက်ဖြန် ဆေးနှစ်ဖုံ သောက်ရမယ်”

“ဝုတ်” မပြချင်ဘူး..

“အဲပစ္စည်းထုတ်ပြီး ငါ့ကိုပြပါဦး” ရှီမာယူယူသည် သူ့ခေါင်းကို ဆက် ပွတ်သပ်နေသည်။

“ဝုတ်”

ယွင်ရာနှင့် အားလုံးသည် အမည်းလေးကို ကြည့်လိုက်သည်။ သူမဘေး မှာ သာမန်ခွေးရှိသေးတာလား။

သူတို့ စကားပြောတာကို ကြည့်ရတာ ပျော်စရာကောင်းသားပဲ။

“ကိုယ့်စာချုပ်သားရဲနဲ့ ဒီလိုမျိုးစကားပြောတာကို မမြင်ဖူးဘူး.. ဒီလိုကိစ္စ ကိုတော့ ဆွေးနွေးရမယ်” ဖူရှီသည် ခေါင်းခါလိုက်သည် “ဒါပေမဲ့ မရဏာခွေးဆီ က သူမက ဘာလိုချင်နေတာလဲ”

အမည်းလေးသည် စိတ်မပါစွာဖြင့် သံမဏိတုံးပြီးကို ထုတ်လာသည်။ ရှီမာယူယူ ခေါင်းခါလိုက်သည် “ဒါမဟုတ်ဘူး”

အမည်းလေးသည် ဓားရှည်တစ်ချောင်းကို ထပ်မံထုတ်လာပြန်သည်။ ရှီမာယူယူ ခေါင်းခါပြန်သည်။

အမည်းလေးသည် ကျောက်တုံးအမည်းကို ထုတ်လာပြန်သည်။

ရှီမာယူယူ၏ မျက်နှာမှာ မည်းနက်သွားကာ ညာဘက်လက်ဖြင့် လက်သီး ဆုတ်လိုက်ပြီး လက်ကိုမြှောက်လိုက်သည် “မင်း စကားနားမထောင်ရင် ငါ စိတ်ဆိုးတော့မှာနော်”

“ဝူး”

အမည်းလေးသည် ရွေးချယ်စရာမရှိတော့ဘဲ ဦးခေါင်းခွံပါသည့် အရိုး ပုလွေကို အန်ထုတ်လာသည်။

ယွင်ရာနှင့် ဖေးယိတို့သည် အမည်းလေးထုတ်လာသည်ကို မြင်သောအခါ သူငယ်အိမ်များ လှုပ်ခါသွားလေသည်။

“အရိုးပုလွေလား”

“ဒါက တကယ်ကြီး အရိုးပုလွေလား”

ယွင်ရာသည် မစောင့်နိုင်တော့ဘဲ မြေကြီးပေါ်မှ အရိုးပုလွေကို ကောက် ပြီးကြည့်လိုက်သည်။ ရှီမာယူယူသည် အမည်းလေးကို အမြန်ပင်ဖက်ပြီး နှစ်သိမ့်ပေးလိုက်သည် “စိတ်မပူနဲ့ စိတ်မပူနဲ့ သူ မယူပါဘူး”

ထိုသို့ဆိုသော်လည်း ယွင်ရာသည် အမည်းလေး၏ တဒင်္ဂဖြစ်သွားသော လူသတ်မည့် အရိပ်အယောင်ကြောင့် ထိတ်လန့်သွားလေသည်။

“ဝုတ် ဝုတ် ဝုတ်” အမည်းလေးသည် ယွင်ရာကို ဟောင်ပြီး တဟုန်ထိုး ပြေးသွားချင်နေတုန်းပင်ဖြစ်သည်။

ဒါက သူ့ရတနာလေ.. အဲဒါကို ဒီလူက လာလုရဲသေးတယ် သူ့ကို သတ် မယ် သတ်မယ်…

“သူက ငါတို့ရတနာကို လုမလို့မဟုတ်ပါဘူး.. ဒီအတိုင်းကြည့်ပြီး ငါတို့ကို ကူပြီး စစ်ကြည့်ပေးမလို့ ပြီးတာနဲ့ သူပြန်ပေးမှာရယ်” ရှီမာယူယူသည် အမည်း လေး ပြေးသွားမည်စိုးသဖြင့် အတင်းဆွဲထားရသည်။

“မင်းရဲ့ စာချုပ်သားရဲကလည်း တကယ်ပဲ…” ယွင်ရာ၏ အာရုံသည် အရိုးပုလွေမှ အမည်းလေးဆီသို့ ရောက်သွားလေသည် “ဒါက သာမန်ရိုးရိုးခွေး မဟုတ်ဘူးမလား”

“ရှင်က တကယ်ပဲ မြင်တတ်တာပဲ” ရှီမာယူယူသည် သူ့ကို ဝန်ခံသည့် အကြည့်ဖြင့် ကြည့်လိုက်သည် “ဒါက သာမန်ခွေးမဟုတ်ဘူး.. ကဲပါ အမည်း လေးကို စိတ်ပူမနေနဲ့ အဲဒါကိုကြည့်ပါဦး အဲဒီအရိုးပုလွေက ရှင်ပြောတဲ့ တစ်ခု လားလို့”

ယွင်ရာသည် လက်ထဲမှ အရိုးပုလွေကို ကြည့်ပြီး နှုတ်ခမ်းတွင်တေ့ကာ အကြိမ်အနည်းငယ်မျှ တီးမှုတ်ကြည့်ပြီး ပြောလိုက်သည် “အစစ်ကြီးပဲ ဒီရတနာက မင်းမှာ ဘယ်လိုလုပ်ရှိနေတာလဲ”

“အရင်တစ်ခေါက် အရှေ့မျှတမှုမြို့မှာ တစ္ဆေလောက ဝင်ပေါက်ပွင့်သွား တုန်းက အမည်းလေးကိုသုံးလိုက်တာပဲ.. အဲနောက်ပိုင်း ကျွန်မ ဖျက်ဆီးလိုက် တော့ တစ္ဆေလောက,ကသူ တွေ အကုန်သေကုန်ကြတယ်.. ပြီးတော့ အမည်း လေး ဒါကို ဘယ်ကပြန်ယူလာလဲမသိဘူး.. ကျွန်မလည်း အစတုန်းကတော့ ယူထားသေးတယ်.. ဒါပေမဲ့ နောက်ကျတော့ အရုပ်လိုပဲသဘောထားလိုက်တာ” ရှီမာယူယူ ပြောလိုက်သည်။

“ငါလည်း အဲတုန်းက ကြားလိုက်တယ်…  အရိုးပုလွေက အဲတုန်းက ပျောက်သွားခဲ့တာပဲ” ယွင်ရာ သက်ပြင်းချလိုက်သည် “တစ္ဆေတစ်ရာအလံတော် ကလည်း မင်းလက်ထဲမှာ အခု အရိုးပုလွေကလည်း မင်းလက်ထဲမှာပဲ၊ မင်းကံ ကလည်း တကယ်.. ပြောရမယ်ဆိုရင် မင်းမှ မသေရင် ဘယ်သူသေမှာလဲ”

“ကျွတ် ရှင်က မနာလိုနေတာပဲ” ရှီမာယူယူသည် သူ့ရှေ့သို့ လက်ဖြန့် လိုက်သည်။ သူသည် ပြုံးပြီးနောက် သူမလက်ထဲမှ အရိုးပုလွေထည့်လိုက် သည်။ ထို့နောက် အမည်းလေးသည် ငြိမ်ကျသွားကာ တခြားရတနာများကို ကောက်ယူပြီး ရှီမာယူယူနားတွင် ကစားနေလေသည်။

ဖေးယိလာချိန်တွင် ရှီမာယူယူ အရိုးပုလွေနှင့် ကစားနေသည်ကို မြင် သောအခါ ပြောလိုက်သည် “မင်းရဲ့ကံက တကယ်ပဲ အကုန်လုံးအားကျရ လောက်တယ်.. အရိုးပုလွေက မင်းလက်ထဲမှာဆိုတော့ မင်းနဲ့ယွင်ရာကလည်း တကယ် ကံစပ်တာပဲ”

“ဟင် ဘာလို့ အဲလိုပြောတာလဲ”

“တကယ်တော့ အရိုးပုလွေက ယွင်ရာတို့ ဂိုဏ်းကပိုင်တာ.. သူတို့ရဲ့ ဘိုးဘေးကြီးက အရိုးကိုတွေ့ခဲ့လို့ ဒီအရိုးပုလွေလုပ်ခဲ့တာပဲ.. အရိုးပုလွေ သူ့ စွမ်းအားသက်ရောက်ဖို့ဆို သီချင်းတွေအများကြီးလိုတယ်” ဖေးယိ ရှင်းပြလေ သည်။

ရှီမာယူယူသည် ဖေးယိကိုကြည့်လိုက်သည်။ ထို့နောက် ယွင်ရာကို စိုက် ကြည့်ပြီး ခေါင်းပြန်လှည့်ကာ နှာမှုတ်လေသည် “ဒါဆို ရှင်တို့ ဂိုဏ်းက ပျောက် ပြီးသွားပြီဆိုတော့ အခု ဒါကိုကျွန်မ ပိုင်သွားပြီ.. ရှင့်ကို ပြန်မပေးနိုင်ဘူး”

အမည်းလေးသည်လည်း ယွင်ရာကို အကြိမ်အနည်းငယ် ဟောင်ပြီး အသေအချာကို စိုက်ကြည့်လေသည်။ သူသာ ရတနာကို လုရဲပါက ချက်ချင်း သွားပြီး သတ်ပစ်မည်ပင်။

လေထုတစ်ခုလုံးမှာ တောင့်တင်းနေသည်။

ဟိုင်ရှီးနှင့် ဖူရှီတို့သည် သူတို့ကိုကြည့်ပြီး ဘာလုပ်ရမည်မသိသဖြင့် မျက်တောင်ခတ်နေကြသည်။

“ဟူး…” ယွင်ရာသည် သက်ပြင်းရှည်ချလိုက်သည် “ငါ တကယ် ပြန်လို ချင်တယ်… ဒါပေမဲ့ မင်းနဲ့ရန်သူမဖြစ်ချင်ဘူး.. အဲဒါက အရမ်းကို ဉာဏ်မရှိတာ ပဲ”

“ဝုတ်” အနည်းဆုံးတော့ ကိုယ့်နေရာကိုယ်သိတော့ ကံကောင်းသွားတယ် မှတ်

ဖေးယိသည် ယွင်ရာအား တအံ့တဩကြည့်ပြီးနောက် သက်ပြင်းချလေ သည် “အင်း အဲလိုဆိုတော့ မင်းသဘောပဲလေ”

ယွင်ရာသည် အရိုးပုလွေတည်နေရာကို လိုက်ရှာနေပြီး သူ့ဂိုဏ်းကို ပြန် ပေးချင်နေသည်ကို သူသိသည်။ ယခု သူတွေ့သွားလေပြီ၊ သို့သော် ပြန် မတောင်းပေ။ သူသည် ဝမ်းနည်းနေတုန်းပင်။

“ရပါတယ်.. ငါ အရိုးပုလွေရှိတဲ့နေရာကို သိတာနဲ့တင် တော်ပါပြီ.. မကောင်းတဲ့လူတွေ လက်ထဲရောက်ပြီး မကောင်းတာမလုပ်ရင် ရပြီ” ယွင်ရာ သည် စိတ်ပျက်သွားမှုကို ဖိနှိပ်ထားပြီး သူ့ကိုပြုံးပြပြီး ကိစ္စမရှိပါဟု ပြောလေသည်။

***

All Chapters