← Chapters

လျှို့ဝှက်ဂိုဏ်း

Vol. 142 Ch. 1980

လျှို့ဝှက်ဂိုဏ်း

Vol. 142 Ch. 1980

ရှီမာယူယူသည် ယွင်ရာ၏ ဆုံးရှုံးမှုကိုမြင်သောအခါ သူ အရိုးပုလွေကို နှစ်ပေါင်းများစွာ ရှာခဲ့ခြင်းဖြစ်မည်ဟု တွေးမိလိုက်သည်။ သို့သော် သူမ၏ ကိုယ်ပိုင်ရတနာကို ထိုအတိုင်းရိုးရှင်းစွာ သူ့ကိုပေးလိုက်ရန် မပျော်ပေ။

ဖူရှီ၏ မျက်လုံးများ အရောင်လက်သွားပြီး ပြုံးကာ ပြောလေသည် “တကယ်တော့ မင်းပြဿနာက ရှင်းဖို့လွယ်ပါတယ်”

ရှီမာယူယူနှင့် ယွင်ရာတို့သည် အတူကြည့်လိုက်ကြသည်။ ဖူရှီသည် အလွန်ပင် ကျေနပ်သွားမိသည်။ သူသည် မတ်တတ်ရပ်ကာ ဖြည်းညင်းစွာ ပြော လေသည် “အစ်ကိုကြီးယွင်ကိုလည်း နားလည်နိုင်တယ်.. ဒီအရိုးပုလွေကို အစ်ကိုကြီးက ကိုယ့်အတွက်ကြောင့် လိုချင်တာမဟုတ်ဘဲ ဂိုဏ်းကိုပြန်ပေးချင် လို့မလား”

ယွင်ရာသည် နှုတ်ဆိတ်ပြီး သူ့စကားကို ဝန်ခံနေသည်။

“ဒါပေမဲ့ ယူယူက ဒီပစ္စည်းကိုတွေ့ခဲ့တယ်.. အဲတော့ သူမအပိုင်ပဲ ဒါပေမဲ့ သူမဆီကလည်းမတောင်းချင်ဘူး.. ဒါဆိုရင် သူမကို အစ်ကိုကြီးတို့ဂိုဏ်းကို ဝင် ခိုင်းလိုက်လို့ရတာပဲ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ အသံတိုက်ခိုက်မှုက အစ်ကိုကြီး ရဲ့ သင်ကြားမှုကနေဖြစ်လာတာပဲ.. အစ်ကိုကြီးတို့ ဂိုဏ်းရဲ့ သိုင်းကွက်ကို သင် ပေးတယ်လို့ သတ်မှတ်လိုက်ပေါ့”

“မင်းက ငါ့ကို ညှို့ယူဂီတဂိုဏ်းကို ဝင်ခိုင်းနေတာလား.. ဝမ်းကွဲအစ်ကိုက ငါ့ကို အရင်လာသတ်လိမ့်မယ်” ရှီမာယူယူသည် မပျော်တော့ပေ။ သူမသည် ညှို့ယူဂီတဂိုဏ်းကို သဘောမကျပေ။ ဤကဲ့သို့ ဝိညာဉ်စားနည်းလမ်းကို သူမ စိတ်အတွင်းမှနေ၍ ဆန့်ကျင်သည်။

“ညှို့ယူဂီတဂိုဏ်းမဟုတ်ဘူး လျှို့ဝှက်ဂိုဏ်းပဲ” ဖူရှီ၏ နည်းလမ်းမှာ ဖြစ်နိုင်သည်ဟု ဖေးယိထင်သည်။ “လျှို့ဝှက်ဂိုဏ်းက လျှို့ဝှက်ကမ္ဘာရဲ့ ဂိုဏ်း ကြီးတစ်ခုပဲ.. ပြီးတော့ ဂိုဏ်းခွဲတွေလည်းအများကြီးခွဲထားသေးတယ်.. အသံ တိုက်ခိုက်မှုက အဲဒီဂိုဏ်းခွဲထဲမှာပါတယ်.. ဟုတ်သားပဲ ယွင်ရာရော ငါရော နှစ်ယောက်လုံးက လျှို့ဝှက်ဂိုဏ်းသားတွေပဲ”

“ဝိညာဉ်နယ်မြေမှာ အဲလိုဂိုဏ်းရှိတယ်ပေါ့” ရှီမာယူယူ သက်ပြင်းချမိ သည်။

“ဝိညာဉ်နယ်မြေမဟုတ်ဘူး.. လျှို့ဝှက်ဂိုဏ်းက ဝိညာဉ်နယ်မြေ၊ တစ္ဆေ လောကနဲ့ အသူရာငရဲဆိုပြီး ခွဲမထားဘူး” ဖေးယိသည် ဆက်ရှင်းပြလေသည် “လူတစ်ယောက်က အရည်အချင်းရှိလို့ အရွေးခံလိုက်ရပြီဆို ဘယ်နေရာက မဆို ဖြစ်နိုင်တယ်.. သေချာတာတော့ သင်ပြီးရင်တော့ သူတို့ရဲ့ သက်ဆိုင်ရာ နေရာကို ပြန်သွားလို့ရတယ်.. အဲဒါကြောင့် လျှို့ဝှက်ဂိုဏ်းကလူတွေက နေရာ အနှံ့မှာရှိကြတယ်”

“အဲလိုနေရာရှိတာလား.. ဂိုဏ်းထဲမှာ စည်းမျဉ်းတွေမရှိတော့ ကျွမ်းကျင် သူတွေကို ပျိုးထောင်တာနဲ့တောင် ပိုတူသေးတယ်” ရှီမာယူယူ ဆွံ့အသွား သည်။

“ဟုတ်တယ်” ဖေးယိ သက်ပြင်းချလိုက်သည် “ဘယ်လိုသရုပ်မှန်ပဲရှိရှိ ဘယ်နေရာကလာလာ.. လျှို့ဝှက်ဂိုဏ်းကို ရောက်ရင်တော့ ညီအစ်ကိုတွေပဲ.. လျှို့ဝှက်ဂိုဏ်းကထွက်သွားပြီးရင်တော့ ရန်သူဖြစ်မလား မိတ်ဆွေဖြစ်မလား ဆိုတာကို လွတ်လွတ်လပ်လပ်ရွေးချယ်လို့ရတယ်.. ငါ မှတ်မိတာ မမှားရင် မင်း ရဲ့ ဝမ်းကွဲအစ်ကိုကလည်း လျှို့ဝှက်ဂိုဏ်းသားတစ်ယောက်ပဲ”

“ဟင်”

ဒိကျဲ့က တကယ်ပဲ လျှို့ဝှက်ဂိုဏ်းသားတစ်ယောက်ပဲလား။ သူက မတော်ဘူးမလား။ ဘယ်လိုလုပ် လျှို့ဝှက်ဂိုဏ်းကို ဝင်သွားခဲ့တာလဲ။ သူ့ခန္ဓာ ကိုယ်တိုးတက်လာတုန်းက သူမရဲ့အမေက သူ့ကို အရည်အချင်းရှိအောင် လုပ် ပေးခဲ့တာလား။

“ဒိကျဲ့ အတော်ဆုံးကဘာလဲသိလား” ယွင်ရာ မေးလိုက်သည်။

ရှီမာယူယူ ခေါင်းခါလိုက်သည်။

“ခြေရာခံတာပဲ”

“ဟင်.. အဲဒါကြောင့် သူက ဝိညာဉ်မျိုးနွယ်တွေ ပုန်းနေတဲ့နေရာကို ရှာနိုင် လိမ့်မယ်လို့ မိုယွိ ပြောတာကိုး” ရှီမာယူယူ ပြောလိုက်သည်။

“ခြေရာခံကတာလည်း လျှို့ဝှက်ဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုပဲ အဲဒါကြောင့် သူ ဝင်လာနိုင်တာ” ဖေးယိ ပြောလိုက်သည် “သေချာတာပေါ့ လျှို့ဝှက်ဂိုဏ်းရဲ့ ဂိုဏ်းခွဲတွေကလည်း အမှီအခိုကင်းတယ်.. သိုင်းပညာအကြောင်းပြောမယ်ဆို ရင်တော့ တခြားဂိုဏ်းခွဲတွေအကြောင်းပါ ပါလာတော့မယ်.. ဘယ်လိုလဲ… မင်း လျှို့ဝှက်ဂိုဏ်းကို ဝင်လာမယ်ဆိုရင် အားကောင်းတဲ့လူတွေက မင်းနဲ့ အပေါင်း အပါဖြစ်လာမှာပဲ.. မင်းကို လက်ခံမယ့်သူရှိတာနဲ့ အကူအညီအများကြီးရမှာပဲ.. ဒီလိုဆိုရင် မင်းလည်း အရိုးပုလွေဆက်ယူထားလို့ရမယ်.. ယွင်ရာလည်း နှစ်တွေ အများကြီးရှာလာတာ အလဟဿမဖြစ်တော့ဘူး”

“ဒီလျှို့ဝှက်ဂိုဏ်းက ဝင်ဖို့မလွယ်ဘူးမလား” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ကျွန်မ ဝင်လိုက်ရင်တောင် ဒီလူကြီးက ကျွန်မအထက်လူကြီးဖြစ် မသွားဘူးလား”

“အဲလိုတော့မဟုတ်ဘူး.. လျှို့ဝှက်ဂိုဏ်းလည်း ဝင်လာတဲ့အချိန်ကိုကြည့် ပါတယ်.. ဒါပေမဲ့ ထူးခြားတာရှိသေးတယ် အရည်အချင်းအရမ်းရှိကြတဲ့လူတွေ၊ သူတို့ကို လူကြီးတွေက သဘောကျလို့ တပည့်အဖြစ်လက်ခံမယ်ဆိုရင် အဲဒီ မျိုးဆက်က တစ်ဆင့်မြင့်သွားမှာပဲ.. သူတို့တွေလည်း သူထက် စီနီယာကျသွား မှာပဲ”

“ဒါပေမဲ့ ကျွန်မ အငြင်းခံရရင် ရှက်စရာမကောင်းဘူးလား” ရှီမာယူယူ သည် တွန့်ဆုတ်နေသေးသည် “ကျွန်မ လျှို့ဝှက်ဂိုဏ်းကိုသွားလို့ သူတို့က အရိုး ပုလွေကိုလိုချင်တယ်ဆို ဘယ်လိုလုပ်မလဲ”

မဖြစ်နိုင်စရာအကြောင်းတော့ မရှိပေ။

အရိုးပုလွေသည် သူတို့၏ ဘိုးဘေးကြီးလုပ်ထားခြင်းဖြစ်ပြီး နှစ်ပေါင်းများ စွာ ရှာနေခဲ့ကြသည်။ ယခု သူမလက်ထဲတွင် အရိုးပုလွေရှိသည်ကို သိသည်နှင့် သူတို့ မည်သို့ လက်လျော့နိုင်မည်နည်း။

“ဒါက.. မဖြစ်နိုင်တာတော့ မဟုတ်ဘူး” ဖေးယိသည် မဖုံးကွယ်တတ်ပေ။

ရှီမာယူယူသည် ယွင်ရာကို ကြည့်လိုက်သည်။ အစောက သူ ဘာမှဝင် မပြောသော်လည်း ယခုအချိန်တွင် ပိုနှုတ်ဆိတ်သွားသည်။

ယွင်ရာနှင့် ဆက်ဆံရေးမှာ ကောင်းလှသည်တော့မဟုတ်ပေ။ သို့သော် လပေါင်းများစွာ အတူဖြတ်သန်းပြီးနောက်တွင် သူကိုယ်တိုင် အသံတိုက်ခိုက်မှု ကို သင်ပေးခဲ့သည်။ သင်ပေးရသည်မှာလည်း သူ့အသက်ကို ကယ်ပေးခဲ့သည့် အတွက်ကြောင့်ပင်။

“မင်းလက်ထဲမှာ အရိုးပုလွေရှိတာကို လျှို့ဝှက်ဂိုဏ်းကလူတွေကသိရင်.. သူတို့က ယွင်ရာနဲ့မတူဘူးဆိုတော့ လက်လျော့မှာမဟုတ်ဘူး၊ နည်းလမ်းကို တော့ မင်းမှန်းပြီးလောက်မှာပါ.. မင်းသာ လျှို့ဝှက်ဂိုဏ်းကိုဝင်ပြီး စမ်းသပ်မှု အောင်မြင်မယ်ဆိုရင် ငါတို့တည်ဆောက်မှုနည်းလမ်းကိုလည်း သင်လို့ရမယ်” ဖေးယိသည် သူမကို ဆက်လက်ပြီး ဖြားယောင်းလေသည်။

ရှီမာယူယူသည် အနည်းငယ် စိတ်ဝင်သွားစားသည်။ သူမသည် လျှို့ဝှက် ဂိုဏ်းကို မြင်ဖူးချင်သွားသည်။ သို့သော် လေးမျက်နှာချိပ်စည်းကိုလည်း စိတ်ပူ နေတုန်းပင်ဖြစ်သည်။ သူမ သက်ပြင်းချပြီး ပြောလိုက်သည် “စဉ်းစားပါရစေဦး ဘယ်လိုပဲဖြစ်ဖြစ် အခုက တခြားကိစ္စတွေရှိသေးတယ်”

“အင်း မင်း စဉ်းစားလို့ရပါတယ်” ဖေးယိသည် ဘာမှ ထပ်မပြောတော့ ပေ။

သူသည် ယခုလိုပြောရသည်ကို မကြိုက်လှသော်လည်း ယွင်ရာအစား ပြောပေးရသည်။ သူမအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ချရန်သာ ကျန်တော့ သည်။

“ဒါဆို အခု ချန်းမျိုးနွယ်အိမ်တော်ကို သွားပြီး အရင်ဆုံး ဟိုင်ရှင်းကို ကယ် ကြတာပေါ့” ဝူလင်းယူသည် သူမ ရင်ထဲထိသွားသည်ကို သိသည်။ သို့သော် တွေဝေနေဆဲဖြစ်သဖြင့် အကြံပြုလိုက်သည်။

“ချန်းမျိုးနွယ်က ကျောက်မျိုးနွယ်နဲ့ ကပ်လျက်ပဲ.. ချန်းမျိုးနွယ်ရဲ့ နယ်နိ မိတ်ကိုတော့မသိဘူး.. ကျေက်မျိုးနွယ်ကိုသွားပြီးမှ သူတို့ကို ချန်းမျိုးနွယ်ကို လမ်းပြခိုင်းလိုက်မယ်” ရှီမာယူယူသည် လျှို့ဝှက်ဂိုဏ်းကိစ္စကို လောလောဆယ် ဘေးချိတ်ထာလးလိုက်ပြီး လက်ရှိကိစ္စကို အရင်ဖြေရှင်းရန် ဆုံးဖြတ်လိုက်၏။

“ဒီလူတွေရော ဘယ်လိုလုပ်မလဲ” ဖူရှီသည် ကျောက်မျိုးနွယ်ကို ညွှန်ပြ လေသည်။

“ကြည့်ရှင်းလိုက်ပါ” သူမသည် သွေးဆာတတ်သောလူ မဟုတ်သော် လည်း သူမနောက်လိုက်သတ်သည့်လူများကိုတော့ မကြင်နာတတ်ပေ။

“ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ငါတို့ကိုသတ်ဖို့လိုက်လာတာပဲ အရှင်ထား လည်း အသုံးမဝင်ဘူး အဲတော့ အရိုးပုလွေ ဘယ်လောက် အားကောင်းလဲဆို တာ ပြလိုက်တာပေါ့” ယွင်ရာသည် အကြံပြုကြည့်သည်။

ရှီမာယူယူသည် သူ့ကို အရိုးပုလွေပေးလိုက်ပြီး ခြေတစ်လှမ်းဆုတ်ကာ သူ တီးမှုတ်သည်နှင့် ထိုလူများ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည် ကို ကြည့်နေလိုက်သည်။ အကုန်ပြီးဆုံးရန် မိနစ်အနည်းငယ်မျှသာ ကြာသည်။

နောက်ဆုံးလူကျသွားသည်ကို စောင့်ပြီး သူသည် ပုလွေကိုချလိုက်သည်။ ပုလွေကိုင်ထားသော သူ့လက်မှာ တုန်ယင်နေသည်။ ခဏကြာသောအခါ သူ စိတ်ငြိမ်သွားပြီး သူမအား ပုလွေပေးလိုက်သည်။

ရှီမာယူယူသည် ပုလွေယူပြီး သက်ပြင်းချလိုက်သည် “ဒီပုလွေက တကယ် အားကောင်းတာပဲ”

“နောက်ဆိုရင် ဒီ့ထက်ပိုသင်လို့ရတယ်” ယွင်ရာသည် တိုးညင်းစွာ ပြော လိုက်ပြီး အရိုးပုလွေမှ အကြည့်ကိုပြန်ရုတ်လိုက်သည်။

ရှီမာယူယူသည် မမြင်ချင်ယောင်ဆောင်ကာ အရိုးပုလွေကို သိမ်းပြီး အမည်းလေးပေါ် ထိုင်ကာ ပြောလိုက်သည် “သွားကြမယ်”

ယွင်ရာသည် ဖြတ်လမ်းဝင်္ကပါထုတ်ကာ အသက်သွင်းလိုက်သည်။ အားလုံး အထဲတွင်ရပ်လိုက်သည်နှင့် မကြာမီတွင် ထိုနေရာမှ ပျောက်သွားကြ လေသည်။

နေ့တစ်ဝက်ကြာပြီးနောက် ကျိုးမျိုးနွယ်မှလူများ ရောက်လာပြီး မြေပေါ် မှ အလောင်းများကို မြင်လိုက်ရလေသည်။

“ခေါင်းဆောင် သူတို့တွေက ဒုအကြီးအကဲရဲ့ နောက်လိုက်တွေပဲ”

“ခေါင်းဆောင် ဒုအကြီးအကဲက…”

“ကျန်တဲ့လူတွေရော..”

“သူတို့တွေလည်း အတူတူပဲ”

ကျိုးကျိုးသည် ဒုအကြီးအကဲတို့အားလုံးကို မြင်ပြီးနောက် နှုတ်ဆိတ်သွား သည်။ အတန်ကြာမှပင် သူ သက်ပြင်းချကာ ပြောလိုက်သည် “သူတို့ အလောင်း တွေယူလာပြီး သေချာသင်္ဂြိုဟ်ပေးလိုက်.. အပြင်မှရောက်နေတဲ့လူတွေ အကုန် ပြန်ခေါ်လိုက် ဒီကိစ္စမှာ ထပ်ဝင်မပါနဲ့တော့”

“ခေါင်းဆောင်”

“ပြန်ဆုတ်မယ်…”

ကျိုးမျိုးနွယ်ဝင်များသည် သူ့ကျောပြင်ကိုကြည့်ပြီး တစ်ခဏအတွင်းမှာ ပင် နှစ်ပေါင်းများစွာ အသက်ကြီးသွားသလိုခဏားရသည်။ ပြီးနောက် အားလုံး မှာ နှုတ်ဆိတ်သွားကြသည်။

ရှီမာယူယူကို ဆန့်ကျင်ရန် ဆုံးဖြတ်လိုက်သည်မှာ မှားယွင်းသည့် ဆုံးဖြတ်ချက်ပင် ဖြစ်သွားသည်။

***

All Chapters