← Chapters

အမည်းလေး တကယ်ဒေါသထွက်နေတယ်

Vol. 142 Ch. 1981

အမည်းလေး တကယ်ဒေါသထွက်နေတယ်

Vol. 142 Ch. 1981

နောက်ပိုင်း လေဟာနယ်အတွင်း ခရီးသွားရသည်မှာ ကံမကောင်းလှဟု ရှီမာယူယူ ထင်မိသည်။ သူမသည် တွေ့ကြုံရခဲလှသည့် လေဟာနယ်ပြိုကျခြင်း ကို အချိန်တိုအတွင်းတွင် နှစ်ကြိမ်တိုင်တိုင်ကြုံတွေ့ခဲ့ရသည်။

သို့သော် ယခုတစ်ခါ တည်ဆောက်သော လေဟာပြင်လိုဏ်ခေါင်းမှာ ပြဿနာတစ်ခုရှိနေသောကြောင့် လှုပ်ယမ်းနေသဖြင့် သူတို့သည် လေဟာပြင် လိုဏ်ခေါင်းမှ ထွက်ခဲ့လိုက်ကြသည်။

“တကယ်ပဲ စိတ်ပျက်စရာကောင်းလိုက်တာ.. ဒီမှာ ဘယ်အဘိုးကြီးတွေ လာတိုက်ခိုက်နေတာလဲ.. ဒီလိုအားနဲ့ဆိုရင် လေဟာပြင်မှာ တိုက်ခိုက်ရမယ် ဆိုတာ မသိကြဘူးလားမသိဘူး” ယွင်ရာသည် သွေးအန်ထုတ်ရင်း ခါးသက်စွာ ပြောလေသည်။

ဖေးယိသည် လေထုကို ခံစားကြည့်ရင်း ပြောလေသည် “သူတို့က လေဟာပြင်မှာတိုက်ခိုက်နေတာပဲ... ငါတို့သွားတဲ့ လမ်းကြောင်းအပေါ်မှာ တိုက်ခိုက်နေကြတာဖြစ်မယ်”

“ကျွန်မတို့ ကံကလည်းကောင်းလွန်းနေတာ… ဒီလိုမျိုး အခွင့်အရေးမှာ ဒီလိုကိစ္စမျိုးနဲ့ကြုံရတယ်လို့” ရှီမာယူယူသည် စိတ်ဓာတ်ကျမိသည်။ သူမသည် ဟိုင်ရှီးနှင့် ဖူရှီကို စစ်ဆေးကြည့်လိုက်သည်။ ကလေးနှစ်ယောက်ကို ဝူလင်းယူ မှကာကွယ်ထားပြီး ဟွမ်မှာလည်း ဒဏ်ရာအပြင်းအထန်မရပေ။

“ဒါဘယ်နေရာလဲမသိဘူး” ဟွမ်သည် လှည့်ပတ်ကြည့်ရာ ကျယ်ပြန့် သော မြက်ခင်းပြင်ကိုသာ တွေ့နေရသဖြင့် မည်သည့်နေရာသို့ ရောက်နေသည် ကို မသိတော့ပေ။

“ကျန်သေးတဲ့ လေဟာပြင်လိုဏ်ခေါင်းနဲ့ အကွာအဝေးအရဆိုရင် ကျောက်မျိုးနွယ်ရောက်ဖို့ တစ်ရက်လောက်လိုသေးတယ်” ဖေးယိသည် ဦးတည်ရာနေရာကို တွက်ချက်ပြီး ကျောက်မျိုးနွယ်ရှိရာဘက်သို့ ညွှန်ပြလေ သည်။

“ဒါပေမဲ့ ကျွန်မတို့တွေ မကောင်းတဲ့နေရာကိုရောက်နေသလိုပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဘာလို့လဲ ဒီမှာ ရက်စက်တဲ့မရဏာသားရဲတွေရှိနေလို့လား” ဟိုင်ရှီး သည် ကြောက်လန့်တကြားမေးလေသည်။

“မဟုတ်ဘူး ဒါပေမဲ့ ပိုဒုက္ခပေးမယ့်ဟာ တစ်ခုခုလာနေတယ်”

မကြာမီတွင် သူမ၏ စကားအဓိပ္ပာယ်ကို နားလည်သွားကြသည်။ လူတချို့သည် မရဏာသားရဲများကို စီးလာနေကြသည်။

“ရွှီး”

ရှည်လျားသော မြားတံသည် လေကိုဖြိုခွင်းပြီး အမည်းလေး၏ နဖူးတည့် တည့်သို့ ပျံလာလေသည်။

ရှီမာယူယူသည် ကလေးနှစ်ယောက်နှင့်အတူ အမည်းလေးပေါ်တွင် ထိုင် နေကြသည်။ အစက ထိုးဝင်လာသော မြားကို ခုခံမည်ပြုသော်လည်း အမည်း လေးဆီသို့ ဦးတည်လာသည်ကို မြင်သောအခါ ဂရုမစိုက်တော့ပေ.

အမည်းလေးသည် သူ့နဖူးတည့်တည့်ဆီသို့ မြားဝင်လာသည်ကိုမြင် သောအခါ ဒေါသထွက်လေသည်။ သူသည် ခွဲခြားခွဲခြား ဆက်ဆံခံရသည်ဟု ခံစားရသည်။ မဟုတ်ရင် ဒီလောက် လူအများကြီးထဲမှာမှ ဘာလို့ သူ့ကိုပဲ လာပစ်တာလဲ။ အဖွဲ့ထဲမှာ သူက အားအနည်းဆုံးလို့ ထင်ရလို့ပဲလေ။

ဟင်း အမည်းလေးသည် ဒေါသထွက်သွားသည်။ အကျိုးဆက်မှာလည်း ပြင်းထန်သည်။

ရှည်လျားသော မြားတံသည် မိုးကြိုးသွားသဖွယ် ပြေးဝင်လာသည်။ ထို မြားမှာ အားကောင်းလွန်းသဖြင့် ကိုင်တွယ်ရန် မလွယ်ကူနိုင်ဟု ယွင်ရာတို့ ထင် မိကြသည်။ ရှီမာယူယူနှင့် ဝူလင်းယူတို့ မလှုပ်ရှားသည်ကို မြင်သောအခါ သူတို့ စိတ်ထဲမှ အံ့ဩသွားမိသေးသည်။

သူတို့က အမည်းလေးကို အဲလောက်ယုံတာလား။

“ဘုန်း”

အမည်းလေးသည် မြားရှည်ကို တစ်ချက်တည်းရိုက်လိုက်ရာ မြားသည် မြေပေါ်သို့ကျသွားပြီး မထင်မှတ်လောက်စရာပင် တစ်မီတာထက်နက်သော အပေါက်ကြီးဖြစ်သွားလေသည်။

“အားကောင်းလိုက်တာ”

ယွင်ရာနှင့် ဖေးယိတို့သည် ထိုမြားကိုရည်ညွှန်းခြင်းမဟုတ်ဘဲ အမည်း လေးကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်ကြလေသည်။

“အမည်းလေးက ဒီလောက်အားကောင်းမယ်လို့ ထင်မထားဘူး” ဟိုင်ရှီး သည် အမည်းလေး၏ ကျောပြင်တွင်ထိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် အမည်းလေး ၏ ကျောပြင်ကို အဆက်မပြတ်ပုတ်နေသည်။

အမည်းလေးသည် သူတို့၏ အံ့ဩမှုများကို လျစ်လျူရှုထားသည်။ ယခု အချိန်တွင် သူ ဒေါသအလွန်ထွက်နေသည်။ ရှီမာယူယူသည် သူ့ဒေါသကို နားလည်သည်။ ထို့ကြောင့် ကလေးတစ်ယောက်ကို တစ်ဖက်စီဆွဲပြီး အမည်း လေး၏ ကျောပေါ်မှ ချလိုက်သည်။

“ဝုတ် ဝုတ် ဝုတ်”

အမည်းလေးသည် ထိုလူများဆီသို့ ပြေးသွားရာ သူတို့၏ရှေ့သို့ လေပြင်း တစ်ခုတိုက်ခတ်သွားသလိုခံစားရလေသည်။ အမည်းလေးသည် မျက်စိတစ် မှိတ်အတွင်း ပြေးထွက်သွားသည်။

“အကုန်မသတ်နဲ့” ရှီမာယူယူသည် သူထွက်သွားသည့်ဘက်ကို ကြည့်ပြီး အော်လိုက်သည်။

ထိုလူများထိုင်နေကြသော မရဏာသားရဲများမှာ မရဏာခြင်္သေ့၊ မရဏာ ကျားသစ်နှင့်် မရဏာဝံပုလွေများဖြစ်ကြသည်။ လူ ၇ ယောက် ၈ ယောက်ခန့်မှာ သူတို့ အသတ်ခံရမည်ဟု ထင်မထားပေ။ သို့သော် သေခြင်းတရားမှာ မကြာခင် ရောက်လာသည်။

“ဝုတ် ဝုတ် ဝုတ်”

အမည်းလေးသည် သူတို့ရှေ့သို့ ရောက်ပြီးနောက် ခေတ္တမျှရပ်ကာ အလယ်တွင် ဝံ့ကြွားစွာရပ်နေသော မရဏာခြင်္သေ့ကို ကိုက်လိုက်သည်။

“ဟင်း ရဲတင်းလိုက်တာ” ဘေးမှလူများသည် သရော်လေသည်။ ခွေးလေး တစ်ကောင်က ရာရာစစ သူတို့အစ်ကိုကြီးကို ရင်ဆိုင်ရဲတယ်ပေါ့။

သို့သော် မရဏာခြင်္သေ့ကျောပေါ်မှ အနက်ရောင်ဝတ်ထားသောလူသည် ပျံလာသည်။ သူထွက်သွားသည်နှင့် သူ၏ စီးတော်ယာဉ် မြင့်မြတ်လှသည့် မရဏာခြင်္သေ့မှာ လဲကျသွားလေသည်။

“ဘယ်လိုလုပ်…”

“ဒါက…”

တခြားသူများသည် မှင်တက်နေကြတာ သူတို့ရှေ့တွင်ပင် မရဏာခွေး သည် ၁၀ မီတာအမြင့်ရှိသည့် မရဏာခြင်္သေ့ကို ကိုက်သတ်လိုက်သည်ကို မယုံ နိုင်စွာဖြင့် ကြည့်နေကြသည်။

“ဒါက ဘယ်လိုခွေးလဲ” သူတို့ အော်ကြလေသည် “မရဏာခြင်္သေ့က အံ့ဖွယ်သားရဲပဲ”

အံ့ဖွယ်သားရဲက ဝိညာဉ်စွမ်းအင်အတက်အကျမရှိတဲ့ ‌ခွေးတစ်ကောင် သတ်တာကို ခံလိုက်ရတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

အနက်ဝတ်ထားသောလူသည် ဟန်ပါပါဆင်းလာပြီး မရဏာခြင်္သေ့၏ အနောက်တွင်ရပ်ပြီး အမည်းလေးအား စိုက်ကြည့်ကာ ဒေါသကြောင့် တုန်ယင် လာသည်။

“ဝုတ်”

အမည်းလေးသည် သူ့ကို ဟောင်လိုက်သည်။ သို့သော် သူတို့ နားမလည် ပေ။ သည်တစ်ကြိမ်တွင် အမည်းလေးသည် ဒုက္ခတွေ့သွားကာ စကားမပြော တော့ပေ။

“အစ်ကိုကြီး ဒီခွေးက ဘယ်ကလာတာလဲ.. သူက အစ်ကိုကြီးရဲ့ ခြင်္သေ့ လေးကိုတောင် သတ်နိုင်တာ တော်တော်အားကောင်းတာပဲ” ဘေးမှလူသည် အမည်းလေးအား မသင်္ကာစွာဖြင့် ကြည့်လိုက်သည်။

“ခုနက အားလျန်ရဲ့ မြားကို သူပုတ်ချလိုက်တာပဲ” အနက်ဝတ်လူသည် ပြောပြလေသည်။

“ဘာ အားလျန်ရဲ့အားက အစ်ကိုကြီးပြီးရင် အကောင်းဆုံးပဲ.. သူ့မြားကို ကျွန်တော်တို့တောင် မရှောင်နိုင်ဘူး ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ”

“ဒါက သာမန်ခွေးမဟုတ်ဘူး” အနက်ဝတ်လူသည် အမည်းလေးကို စိုက် ကြည့်ပြီးနောက် အရှေ့ကိုအကြည့်လွှဲလိုက်သည်။

“ဒါကသာမန်ခွေးမဟုတ်ဘူးဆိုမှတော့ ယူသွားပြီးလေ့လာတာပေါ့” ပန်းရောင်ဝတ်ထားသော မိန်းကလေး မောင့်ခဲသည် လက်ထဲမှ ကြာပွတ်ကို ပျော်ရွှင်စွာ ဝေ့ယမ်းရင်း ပြောလေသည်။

“မင်းလက်ထဲက ကြာပွတ်ကို ယမ်းလိုက်ရင် မရဏာခြင်္သေ့လိုမျိုးဖြစ် သွားလိမ့်မယ်” ရှီမာယူယူ၏ အေးစက်သောအသံသည် အဝေးမှထွက်လာ သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် အမည်းလေး၏ ကျောပေါ်တွင် ပေါ်လာပြီး ဘေးတစောင်းထိုင်ကာ ‌မေးမော့ထားပြီး မောင့်ခဲကို ထောင်လွှားစွာ ကြည့်လိုက်သည်။

မောင့်ခဲသည် သူမကို ရှီမာယူယူမှ ထောင်လွှားပြီး အထင်သေးသည့် အကြည့်ဖြင့် ကြည့်လာသဖြင့် ဒေါသထွက်ကာ လက်ထဲမှ ကြာပွတ်နှင့် ရိုက်မိ တော့မလိုဖြစ်သွားသည်။

“ခဲအာ ရပ်လိုက်”

အနက်ဝတ်လူသည် မောင့်ခဲ၏ ကြာပွတ်ကို သူ၏ ဝိညာဉ်စွမ်းအားဖြင့် တားလိုက်ပြီးနောက် ရှီမာယူယူအနား ကပ်ခွင့်မပေးပေ။

“အစ်ကိုကြီး” မောင့်ခဲသည် ခေါင်းလှည့်လာပြီး အော်လေသည်။

“နှုတ်ဆက်ပါတယ် ကျွန်တော်က မောင့်ဖေးပါ ညီမလေးရဲ့ ထောင်လွှား တဲ့အပြုအမူကို ခွင့်လွှတ်ပေးပါ” အနက်ဝတ်လူသည် ရှီမာယူယူအား လက်သီး ဆုပ်ဖြင့် အရိုအသေပြုသည်။

“အစ်ကိုကြီး” သူသည် ယဉ်ကျေးစွာ ပြောဆိုနေသဖြင့်  တခြားသူများ သည် သူ့ကို နားမလည်စွာဖြင့် ကြည့်လိုက်သည်။

“အစ်ကိုကြီး ဘာလုပ်နေတာလဲ..” မောင့်ခဲသည် စကားပြောချင်သော် လည်း မောင့်ဖေးသည် စိုက်ကြည့်လိုက်သည်။

“ကျွန်မတို့ စကားပြောလို့ရပါတယ်” ရှီမာယူယူသည် အမည်းလေး၏ ခေါင်းကို ပွတ်လိုက်သည်။

“ယူယူ သူတို့ မင်းကိုအနိုင်ကျင့်တာလား” ဖေးယိသည် ပြေးလာပြီး သူ့ လက်ကို ဝေ့ယမ်းရင်း မေးလေသည်။

ဝူလင်းယူသည် ဖူရှီနှင့် ဟိုင်ရှီးတို့ကို ချပြီး အမည်းလေးဘေးတွင် ရပ်နေ သည်။ ဟွမ်သည် သူမ၏ဘေးတွင် ခါတိုင်းလိုပင် ရပ်နေသည်။

“မဟုတ်ပါဘူး” ရှီမာယူယူသည် သူတို့ကို ခေါင်းခါပြလိုက်သည် “အမည်း လေး အသက်ရှုကြပ်လား”

“ဝုတ် ဝုတ်” အမည်းလေးသည် နှစ်ကြိမ်ဟောင်လေသည်။

“အင်း မင်းက လိမ္မာတယ် မကိုက်တတ်ဘူးဆိုတာ ငါသိတယ်.. ဒါပေမဲ့ ဒါ့ကြောင့် ဆေးမစားဘဲတော့မနေရဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ မင်းအတွက် မင်းကြိုက်တဲ့ အသားကင်ချက်ပေးမယ်”

“ဝုတ်”

“ဟုတ်ပြီ ငါ မင်းအတွက် ကင်ပေးမယ် မင်းတစ်ယောက်တည်းစား ဘယ်သူမှ လုမစားစေရဘူး” ရှီမာယူယူ ပြောလိုက်သည် “မင်းကို ကတိပေး တယ် အခု ဒေါသပြေသွားပြီလား”

“ဝုတ်”

အမည်းလေး၏ အသံမှာ ပိုတက်ကြွလာသည်။

“ဟေး မင်းတို့တွေက မောက်မာလှချည်လား” မောင့်ခဲသည် မပျော်ရွှင်စွာ အော်လေသည်။

မောင့်ဖေးသည် အလွန်တည်ငြိမ်စွာဖြင့် ရှီမာယူယူကို ကြည့်ပြီးမေးလိုက် သည် “ခင်ဗျားက မင်းသမီးလေးရှီမာယူယူလား”

All Chapters