← Chapters

ရည်ရွယ်ချက်

Vol. 142 Ch. 1982

ရည်ရွယ်ချက်

Vol. 142 Ch. 1982

“သူမက အဲဒီရှီမာယူယူလား” သူမသည် ရှီမာယူယူအား လက်ညှိုးထိုးကာ ပါးစပ်အဟောင်းသားဖြစ်နေသည်။

သူမသည် မှတ်တမ်းကျောက်တုံးမှမြင်ကွင်းကို ပြန်တွေးမိပြီး ချက်ချင်း ပင် လက်ညှိုးကိုပြန်ရုတ်လိုက်သည်။ သူမသာ မိုးကြိုးအပစ်ခံခဲ့ပါက ခံနိုင်မည် မဟုတ်ပေ။

အခုလိုကြည့်တော့လည်း သူမက တကယ်ပဲ အဲဒီပုံရိပ်နဲ့တူတာပဲ။ ဒါပေမဲ့ သူမ အစ်ကိုက တကယ်ကိုအားကောင်းတာပဲ.. ဒီလောက် ပုံရိပ်သေးသေးလေး ပဲတွေ့ခဲ့တာကို သူမူကို မှတ်မိတာပဲ။

“ဟုတ်ပါတယ်” ရှီမာယူယူ ဝန်ခံလိုက်သည်။

“မင်းသမီးလေး.. အခုတလော ကျိုးမျိုးနွယ်ကို အထက်အောက်လှန်ပစ် တဲ့အပြင်လူဆိုတာ မင်းသမီးလေးလား” မောင့်လျန် မေးလေသည်။

“သတင်းက ဒီလောက် မြန်မြန်ပြန့်သွားတယ်နဲ့တူတယ်” ရှီမာယူယူ ပြော လိုက်သည် “ဒါပေမဲ့ ကျွန်မတို့က ဘယ်လိုလုပ် ကျိုးမျိုးနွယ်ကို မွှေပြီး အထက် အောက်လှန်တယ် ဖြစ်သွားရတာလဲ”

“တြိဂံဒေသမှာ အဲလိုပဲသတင်းပြန့်နေတာပါ.. တစ်ယောက်ယောက်က မကျေနပ်ချက်တွေနဲ့ လက်တုံ့ပြန်ပြီး ကျိုးမျိုးနွယ်က ပိုင်ဆိုင်မှုတွေယူပြီး သူတို့ လူတွေကိုသတ်သွားတယ်တဲ့” မောင့်လျန် ပြောလေသည်။

“အဲဒီသတင်းက ကျိုးမျိုးနွယ်ကလာတာမဟုတ်ဘူးမလား” ရှီမာယူယူ မေးလိုက်သည်။

“ကျောက်မျိုးနွယ်ပါ”

“ထင်သားပဲ” ရှီမာယူယူ ပြောလိုက်သည် “မေးရဦးမယ် အခု ရောက်နေ တာ ဘယ်နေရာလဲ”

“ကျောက်မျိုးနွယ်နဲ့ မောင့်မျိုးနွယ်ကြားက နယ်နိမိတ်ပါ အတိအကျပြော ရရင် ဒါက မောင့်မျိုးနွယ်ရဲ့ အမဲလိုက်ကွင်းပါ” မောင့်ခဲပြောလိုက်သည် “ခုနက ဒီမှာသားကောင်လို့ထင်လိုက်လို့ အားလျန်က မြားနဲ့ပစ်လိုက်တာပါ”

“မင်းတို့ သားကောင်တွေက လူတွေလား”

“ဟုတ်ပါတယ် သားရဲဆိုရင် ပျော်ဖို့မကောင်းဘူးလေ”

ရှီမာယူယူသည် သူတို့၏ အစွန်းရောက်မှုကို ပြောမနေချင်တော့ပေ။ သူတို့၏ မျက်လုံးထဲတွင် အားလုံးသည် နိမ့်ကျသောလူများဖြစ်သည်။ ထိုလူများ အသတ်ခံရလျှင်တောင် သူတို့ပျော်လျှင် ကျေနပ်သောလူများဖြစ်ကြသည်။

“ကျွန်တော်တို့ အမဲလိုက်ကွင်းမှာ ဘာလို့ပေါ်လာတာလဲ” မောင့်လျန် မေးလိုက်သည်။

“ကျွန်မတို့က အစကတော့ ကျောက်မျိုးနွယ်ကိုသွားနေတာပဲ.. ဒါပေမဲ့ လေဟာပြင်ထဲမှာ အားကောင်းတဲ့လူနှစ်ယောက် တိုက်ခိုက်နေတာနဲ့တွေ့ပြီး လေဟာနယ်လိုဏ်ခေါင်း ပျက်စီးပြီး အပြင်ရောက်လာတာ” ရှီမာယူယူ ပြော လိုက်သည် “ထွက်လာတာနဲ့ ရှင်တို့ မြားကိုမြင်လိုက်ရမယ်လို့ ထင်မထားဘူး.. မြားရှည်ကြီး ပြေးဝင်လာတော့ အမည်းလေးလည်း ဒေါသထွက်ပြီး ရှင်တို့ မရဏာသားရဲကို သတ်လိုက်မိသွားတယ်.. ကျွန်မ တောင်းပန်ပါတယ်”

တခြားသူသာဆိုလျှင် ‘တောင်းပန်လည်း အသုံးမဝင်’ ဟု သေချာပေါက် ပြောမည်ဖြစ်သည်။ သို့သော် တစ္ဆေလောက၏ မင်းသမီးလေးဖြစ်နေခြင်း ကြောင့် သူတို့သည် သူမကို မျက်နှာသာပေးရမည်။

“ဒီအတိုင်း စီးတော်ယာဉ်တစ်ကောင်ပါပဲလေ” မောင့်ဖေးသည် သေဆုံး သွားသော သားရဲကိုဂရုမစိုက်ပေ။ သူတို့၏ မိသားစုတွင် နောက်ထပ် အများ အပြားရှိသေးသည်။

“အထင်လွဲသွားတာဆိုမှတော့ ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့”

“မင်းသမီးလေးတို့က ကျောက်မျိုးနွယ်ကို သွားကြမလို့လား”

“ဟုတ်ပါတယ်”

“ဒီအတိုင်းသွားမယ်ဆို ကျောက်မျိုးနွယ်ကို ရောက်မှာမဟုတ်ဘူး”

“ဘာလို့လဲ”

“ဒီနေရာက စိတ်စွမ်းအားတွေကို ဖိနှိပ်ထားလို့ လမ်းပျောက်သွားနိုင် တယ်” မောင့်ဖေးရှင်းပြလေသည်။

သူတို့၏ သားကောင်မှာ လူသားများဖြစ်သဖြင့် အမဲလိုက်ရာတွင် ပိုပျော် စေရန် ဤနေရာတွင် စိတ်စွမ်းအားကို ဖိနှိပ်ထားသည့်အရာရှိသည်။ ထို့ကြောင့် မည်မျှကြာအောင် လမ်းလျှောက်စေကာမူ ကျယ်ပြန့်သော ကွင်းပြင်တွင် လမ်း ပျောက်စေနိုင်သည်။

ရှီမာယူယူသည် ဖေးယိကိုကြည့်လိုက်ရာ သူ ခေါင်းညိတ်ပြလေသည်။ တကယ်ပဲ သူခံစားမိသည်။

“ဒါဆို ကျွန်မတို့ကို ကူညီပေးနိုင်မလား” ရှီမာယူယူ မေးလိုက်သည်။

သူမသည် သူတို့၏ ဦးတည်ချက်ကို မမေးပေ။ ထိုအရာမှာ တခြားသူများ ၏ လျှို့ဝှက်ချက်ဖြစ်သည်။ မေးလျှင်လည်း ပြောလာမည်မဟုတ်ပေ။

မောင့်မျိုးနွယ်မှလူများသည် သူ့ကို ကြည့်လာသည်။ မောင့်ဖေးသည် ခေါင်းညိတ်ပြီး ပြောလိုက်သည် “အချိန်လည်းကျလာပြီ ဒီနေ့တော့ ဒီလောက်နဲ့ ပဲရပ်ပြီး စခန်းကိုပြန်ကြတာပေါ့”

“ရှင်တို့ စခန်းက ကျောက်မျိုးနွယ်ရဲ့ ဘေးမှာလား”

“မျိုးနွယ်က တချို့အဖွဲ့ဝင်တွေက ကျောက်မျိုးနွယ်ကို သွားကြတယ်.. ကျွန်တော်တို့က မသွားချင်လို့ နယ်စပ်မှာ စခန်းချနေခဲ့တာ.. ဒီမှာအမဲလိုက်ရင်း သူတို့ကိုစောင့်နေကြတာပေါ့လေ” မောင့်လျန် ရှင်းပြလေသည်။

“ရှင်တို့က သူတို့နဲ့ ဆက်ဆံရေးကောင်းကြလား”

“ပုံမှန်ပါပဲ.. ဒါပေမဲ့ ဒီတစ်ခေါက်က ကျောက်မျိုးနွယ်က လူတွေအများ ကြီး ဖိတ်ထားတာ.. ဖိတ်စာတွေပို့လာလို့ သူတို့က ဘာလဲဆိုပြီးပဲ သွားကြည့် ကြတာပါ” မောင့်ခဲ ပြောလိုက်သည်။

“အဲလိုဆိုတော့ ကျွန်မတို့ ရှင်တို့ကိုပဲ ဒုက္ခပေးရတော့မယ်” ရှီမာယူယူ သည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

“ကျွန်တော်တို့မှာ လူနည်းနည်းပါသေးတယ်.. သူတို့ကို စောင့်ပြီးမှ သွား ကြတာပေါ့” မောင့်ဖေး ပြောပြီးသည်နှင့် မိခင်ကျောက်တုံးထုတ်ကာ တခြားသူ များကို ဆက်သွယ်လေသည်။

“အဲလူတွေက ကောင်းလိုက်ကြတာ ကျွန်တော်တို့ ပြောလိုက်တာနဲ့ ကူညီပေးကြတယ်” ဟိုင်ရှီးသည် တစ်ဖက်သို့သွားနေသော မောင့်မျိုးနွယ်ကို ကြည့်ပြီး ကျေးဇူးတင်စွာဖြင့် ကြည့်လေသည်။

ရှီမာယူယူသည် သူ့ခေါင်းကိုထိပြီး ပြုံးလိုက်သည် “လူတစ်ယောက်က ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အဲလူက ဘယ်သူလဲဆိုတာပေါ်မှာ လည်း မူတည်သေးတယ်”

“ယူယူ အဲဒါဘာအဓိပ္ပာယ်လဲ”

“နောက်ကျရင် နားလည်လာမှာပါ” ရှီမာယူယူသည် ရှင်းရှင်းလင်းလင်း မပြောပေ။

ဒီလူတွေက ကောင်းတာလား။

သူတို့သည် လူကောင်းများဟု သတ်မှတ်၍မရနိုင်သော်လည်း အမှန် တကယ်သာ လူကောင်းများဖြစ်ပါက လူများကို သားကောင်များအဖြစ် သတ်မှတ်ပြီး အပျော်အမဲလိုက်မည်မဟုတ်ပေ။

သူတို့ သူမအပေါ်ယဉ်ကျေးသည်မှာ သူတို့သည် လူကောင်းများဟု ဆိုလို ခြင်းမဟုတ်ဘဲ သူမ၏ အဆင့်အတန်းကြောင့်သာဖြစ်သည်။ ဖြစ်သွားသည်မှာ သူမ မဟုတ်ဘဲ နောက်ခံအင်အားမရှိသည့် သာမန်လူသာဆိုလျှင် ရလဒ်မှာ သူတို့၏ ပျော်ရွှင်မှုကြောင့် အမဲလိုက်သည့်ပစ်မှတ်ဖြစ်သွားပေမည်။

ဟိုင်ရှီးသည် မိသားစုအပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသော်လည်း ရှုပ်ထွေးလှသော လူ့သဘာဝကို မသိသေးပေ။

ဟိုင်ရှီးသည် ခေါင်းကုတ်လိုက်သည်။ အင်း သူ ကြီးလာရင်တော့ နားလည်လာမှာပါလေ။

ခဏအကြာတွင် လူအများအပြားသည် သူတို့စီးတော်ယာဉ်များဖြင့် ရောက်လာကာ မောင့်ခဲတို့နှင့် စကားပြောဆိုပြီးနောက် ရှီမာယူယူတို့အား ခေါင်းညိတ်ပြလေသည်။

“သွားကြမယ်” မောင့်ဖေးသည် ထိုအဖွဲ့တွင် ရာထူးအမြင့်ဆုံးဆိုသည်မှာ သိသာသည်။ သူသည် စီးတောင်ယာဉ်ပေါ်သို့ ခုန်တက်လိုက်ပြီး ထိုစီးတော် ယာဉ်၏ မူလပိုင်ရှင်သည် တခြားသူနှင့် တွဲစီးလေသည်။

သူတို့သည် မြက်ခင်းပြင်တွင် နှစ်နာရီမျှသွားပြီးနောက် စခန်းကို ရောက် လာကြသည်။ စခန်းမှ လူများသည် မောင့်ဖေးတို့ ပြန်ရောက်လာသည်ကို မြင် သောအခါ လာနှုတ်ဆက်ကြပြီး သူတို့ဆင်းလိုက်သည်နှင့် စီးတော်ယာဉ်များကို ခေါ်သွားကြလေသည်။

“အခု မှောင်နေပြီ.. ဒီကနေသွားရင် ပိုအန္တရာယ်များတယ်.. မနက်ဖြန် မနက်စောစောကို ဒီကနေထွက်ဖို့ လူထည့်ပေးလိုက်ပါမယ်” မောင့်ဖေး ပြော လိုက်သည်။

“ဒါဆိုလည်း ရှင့်ကိုပဲ ဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူ ပြန်ဖြေလိုက် သည်။

မောင့်ဖေးသည် ခေါင်းညိတ်ပြီးထွက်သွားရာ ရှီမာယူယူတို့သည်လည်း တဲများထုတ်ပြီး အမြန်ပင် ဆောက်လိုက်ကြသည်။

မောင့်ဖေး၏ တဲတွင်…

“အစ်ကိုကြီး အဲလူက တစ္ဆေဘုရင်ရဲ့ မြေးတော်ပဲ.. ကျွန်တောတို့က ဘာလို့ သူတို့ကို ခယနေရမှာလဲ” မောင့်လိုင်းသည် မပျော်ရွှင်ပေ။

“ငါက သူတို့ကို ခယနေတယ်လို့ထင်လို့လား” မောင့်ဖေး၏ အသံမှာ အရင်လို မနွေးထွေးဘဲ အေးစက်နေသည်။

“ဒါ ခယနေတာမဟုတ်ရင် ဘာလဲ” မောင့်လိုင်းသည် အေးစက်စွာ နှာမှုတ်လေသည် “သူမက တစ္ဆေဘုရင်ရဲ့ မြေးတော်ဆိုပေမဲ့ ကျွန်တော်တို့ အတွက်က အပြင်လူဆိုတာထက်မပိုဘူး.. သူမက ကျွန်တော်တို့ စီးတော်ယာဉ် ကို သတ်ပစ်တာကိုတော့ ထည့်ပြောဖို့မလိုတော့ဘူး.. အဲဒါကို သူမကို အပြစ် မတင်တဲ့အပြင် အလိုက်အထိုက်နေနေတာမဟုတ်ဘူးလား.. အစ်ကိုကြီးက ကျောက်မျိုးနွယ်ကို ပြစ်မှားတဲ့လူကိုခေါ်သွင်းလာတာ အဲဒါက ခယနေတာ မဟုတ်ရင်ဘာလဲ”

“မောင့်လိုင်း မင်းစကားတွေကို ဆင်ခြင်ဦး” မောင့်လျန်သည် တိုးညင်း သောအသံဖြင့် အော်လိုက်သည်။

“ဘာလို့လဲ ငါပြောတာမှားလို့လား၊ ငါတို့ပြန်လာပြီလေ တစ်လမ်းလုံး အောင့်အီးလာတဲ့စကားတွေကို ပြောခွင့်တောင်မရှိဘူးလား”

“မောင့်လိုင်း မင်း နားမလည်ရင်လည်း လက်လွတ်စပယ်မပြောနဲ့လေ” မောင့်လျန်သည် သူ့ကိုစိုက်ကြည့်လိုက်သည် “အစ်ကိုကြီးက ဒါကို ရည်ရွယ် ချက်ရှိရှိလုပ်တာပဲ”

“ဘာရည်ရွယ်ချက်လဲ.. တစ္ဆေလောကရဲ့ မင်းသမီးလေးကို ဖားပြီး တစ္ဆေ ဘုရင်ကို ခစားမလို့လား” မောင့်လိုင်းသည် နှာမှုတ်လေသည်။ သူ့စကားများ သည် ဒေါသအပြည့်ပါနေသည်။

“မောင့်လိုင်း”

“ထားလိုက်တော့ အားလျန် သူကငယ်သေးတယ်” မောင့်ဖေး ပြော လိုက်သည်။

“ဒါက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ… တစ္ဆေဘုရင်ကို ခစားမလို့မဟုတ်ရင် ဘာလို့ ဒီလိုလုပ်နေတာလဲ”

“ငတုံးကောင်တော့နော်” မောင့်လျန်သည် ခေါင်းခါလိုက်သည် “တစ္ဆေ ဘုရင်ကို ခစားလည်း ဘာအသုံးဝင်မှာလဲ.. ဒီမှာ သူက ငါတို့ကို ထိန်းချုပ်နိုင် တာမှမဟုတ်တာ.. ငါတို့ တကယ့်ရည်ရွယ်ချက်က အပြင်မှာမဟုတ်ဘူး”

“အပြင်မှာမဟုတ်ဘူးဆို အထဲမှာပဲ.. ကျောက်မျိုးနွယ်လား” မောင့်လိုင်း မေးလေသည်။

***

All Chapters