လှပသောအတွေးများ
Vol. 142 Ch. 1983
“မင်းဦးနှောက်က နောက်ဆုံးတော့ အလုပ်လုပ်ပြီပဲ” မောင့်လျန်သည် အေးစက်စွာနှာမှုတ်လေသည်။
“တကယ်ကြီးလား” မောင့်လိုင်း၏ မျက်လုံးများ ပြူးကျယ်လာသည် “ဒါပေမဲ့ ဒါက ကျောက်မျိုးနွယ်နဲ့ ဘာဆိုင်လို့လဲ”
“သူမနဲ့ ကျောက်မျိုးနွယ်ကြားက ဆက်ဆံရေးကို ဘယ်လိုထင်လဲ” မောင့်ဖေး မေးလိုက်သည်။
“ဘာဆက်ဆံရေးဖြစ်ရဦးမှာလဲ.. ကျောက်မျိုးနွယ်က အခု သူတို့ကို ဖမ်း ချင်နေတာ.. သေချာပေါက် ရန်ငြိုးရှိတဲ့ဆက်ဆံရေးပေါ့” မောင့်လိုင်း ပြော လိုက်သည် “သူတို့က ရန်ငြိုးရန်စတွေရှိနေမှတော့ မင်းတို့…”
“ဟုတ်တယ်” မောင့်ဖေး ပြုံးလိုက်သည် “ဒီမင်းသမီးလေးရဲ့ အားကို နားမလည်ပေမဲ့ အစောက ရင်ဆိုင်ခဲ့ရသလောက် သူမရဲ့အားကလည်း မနိမ့်ဘူး”
“ဒါပေမဲ့ ကျောက်မျိုးနွယ်ရဲ့အားကလည်း မနည်းဘူးလေ.. သူတို့တွေ ဘယ်လောက်ပဲ အားကောင်းပါစေ လူနည်းနည်းပဲရှိတာလေ” ရှီမာယူယူ ကျောက်မျိုးနွယ်ကို ရှင်းနိုင်လိမ့်မည်ဟု မောင့်လိုင်း မယုံပေ။
“အဲတော့ ဘာလဲ” မောင့်ဖေးသည် ပညာသားပါပါမေးလိုက်သည်။
“ဒီလိုဆိုရင် ကျောက်မျိုးနွယ်ကို လွှမ်းမိုးနိုင်မှာမဟုတ်ဘူး”
မောင့်ဖေး ခေါင်းခါလိုက်သည် “နောက်ဆိုရင် မင်း အတွေ့အကြုံရအောင် မိသားစုနဲ့အပြင်လေးဘာလေးထွက်ဦး”
မောင့်လိုင်းသည် မပျော်ရွှင်ပေ။ ဒါက သူ့မှာ အတွေ့အကြုံမလုံလောက် သေးဘူးလို့ ပြောလိုက်တာမဟုတ်ဘူးလား။
“ကျွတ် အခုထိမသိသေးဘူးလား အားလျန် သူ့ကို ပြောပြလိုက်ဦး”
“ဟုတ်ကဲ့ပါ” မောင့်လျန် ခေါင်းညိတ်လေသည် “မင်းသမီးလေးက အား ကောင်းတယ်ဆိုရင် ကျောက်မျိုးနွယ်ကို နှောင့်ယှက်နိုင်လိမ့်မယ်.. မင်းသမီး လေး မတော်တဆတစ်ခုခုဖြစ်သွားရင် သူမနောက်မှာရှိနေတာက ဘယ်သူလဲ.. တစ္ဆေဘုရင်လေ.. သူက သူမကို ဒီလောက်ချစ်တာ သူမမတော်တဆဖြစ်တယ် ဆိုတာကိုသိရင် ထိုင်ပြီးကြည့်နေမှာတဲ့လား.. သူက ဒီနေရာထိ မစီမံပေမဲ့ ဂိုဏ်း တစ်ခုကို ရှင်းပစ်ဖို့ဆိုတာ အလွယ်လေး”
ထိုခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် မောင့်လိုင်းသည် နှုတ်ခမ်း အသာဖွင့်ဟလာသည်။ ပြီးနောက် ပြုံးကာ ပြောလိုက်သည် “အစ်ကိုကြီးက တွေးတတ်တယ်”
“နောက်ဆိုရင် မင်းခံစားချက်တွေကို ထိန်းချုပ်ဦး.. အရမ်းကြီး ကောက် မနေနဲ့ဦး.. ဘာဖြစ်လာမလဲဆိုတာကို စဉ်းစား” မောင့်လျန် ပြောလိုက်သည်။
“ဟုတ်ကဲ့ သိပါပြီ” သူသည် ရှီမာယူယူကို အောက်ကျို့နေခြင်းမဟုတ် သည်ကို သိပြီးနောက် မောင့်လိုင်း၏ သဘောထားမှာလည်း အဆင်ပြေသွား သည်။
“အားလျန်နဲ့ ဆွေးနွေးစရာတွေရှိသေးတယ် အရင်ဆုံးထွက်သွားကြတော့” မောင့်ဖေး ပြောလိုက်သည်။
“ဟုတ်ကဲ့ တစ်ခုခုညွှန်ကြားစရာရှိရင် ခေါ်လိုက်ပါ”
“ဒီကလေးတော့ ပြုံးစိစိဖြစ်နေတာကို မဖုံးနိုင်ဘူးပဲ.. မင်း ပြန်သွားတာနဲ့ အတွေ့အကြုံရအောင် အပြင်သွားခိုင်းရမယ်” မောင့်လျန်သည် မောင့်လိုင်းကို ကန်လိုက်သည်နှင့် သူသည် ချက်ချင်းပင် ပြေးထွက်သွားလေသည်။
သူ ထွက်သွားသောအခါ အခန်းထဲမှ နှစ်ယောက်သည် အပြုံးကိုသိမ်း လိုက်ကြသည်။
“အစ်ကိုကြီး ရှီမာယူယူက ကျွန်တော်တို့ ဖြစ်စေချင်သလို လုပ်ပါ့မလား” မောင့်လျန် မေးလိုက်သည်။
“ဟုတ်တယ် သူမ မလုပ်ရင် ငါတို့လည်းမတတ်နိုင်ဘူး” မောင့်ဖေးသည် ညင်သာစွာ သက်ပြင်းချသည်။ ဒီလှေကို စီးလာပြီဆိုတော့ ဘယ်လိုလုပ် သူမကို ဆင်းခွင့်ပေးတော့မလဲ။
“ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
“ဘာမှမလုပ်ဘူး.. သူတို့ကို ကျောက်မျိုးနွယ်ကိုသာ ခေါ်သွားပေးလိုက်.. ပြီးတော့ ငါတို့တွေ အကြီးအကဲတွေဆီကို သတင်းပို့လိုက်မယ်.. သူတို့က အခု ကျောက်မျိုးနွယ်မှာရှိနေတာဆိုတော့ ဘာလုပ်ရမလဲဆိုတာ သိလိမ့်မယ်”
“ဟုတ်ကဲ့ပါ”
ဝူလင်းယူနှင့် ရှီမာယူယူတို့သည် စခန်းအပြင်ဘက်တွင် လျှောက်ပတ် ကြည့်နေကာ ဖူရှီးလည်း နောက်မှလိုက်လာသည်။
တောင်ကိုကျော်လိုက်သည်နှင့် မကြာမှီတွင် ကျောက်မျိုးနွယ်၏ ပိုင်နက် အတွင်းသို့ ရောက်သွားတော့မည်။ ကျောက်မျိုးနွယ်အတွက်ကတော့ သူမ စဉ်းစားထားခြင်းမရှိပေ။ သူမသည် ချန်းမျိုးနွယ်အတွင်းမှ ဟိုင်ရှင်းကို ပိုစိတ်ပူ သည်။
သူမသည် သွေးသားနိုးထရန် သုံးနှစ်စောင့်ရန်လိုသေးသော်လည်း တဏှာရူးတချို့နှင့်တွေ့ခဲ့သည်ရှိသော် အသက်မဆုံးရှုံးနိုင်သော်လည်း ရလဒ်မှာ အန္တရာယ်ရှိနိုင်သည်။
“မောင့်မျိုးနွယ်ကို ဘာလို့ တိုက်ရိုက်မမေးတာလဲ သူတို့က ကျွန်တော်တို့ ကို ပြောပြမှာပါ” ဖူရှီး ပြောလိုက်သည်။
“မဟုတ်ဘူး သူတို့က ငါတို့ကို အခု ကျောက်မျိုးနွယ်ကိုပဲ ခေါ်သွားလိမ့် မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘာလို့လဲ တစ်ခုခုကြားထားပြန်ပြီလား” ဖူရှီး မေးလိုက်သည်။
“မဟုတ်ဘူး ဒါပေမဲ့ မှန်းရခက်တယ်”
ဖူရှီးသည် ခေတ္တမျှစဉ်းစားပြီးနောက် ခန့်မှန်းလိုက်သည်။ မောင့်မျိုးနွယ်မှ ကိစ္စများကို အကဲဖြတ်ကြည့်ရာတွင် သူတို့သည် ကြင်နာတတ်သောလူများ မဟုတ်ကြပေ။ သူတို့က သူမရဲ့ သရုပ်မှန်ကို ဘယ်လိုလုပ်သိပြီး သူမရဲ့ တောင်း ဆိုချက်ကို သဘောတူလိုက်တာလဲ။ အကြောင်းအရင်းက တစ်ခုပဲရှိတယ်.. အဲဒါက သူတို့က ကျောက်မျိုးနွယ်ကို သွားစေချင်နေတာပဲ။
မောင့်မျိုးနွယ်နှင့် ကျောက်မျိုးနွယ်ကြားမှ ဆက်ဆံရေးကို သူတို့ မသိပေ။ သို့သော် ကောင်းလှသည်တော့ ဟုတ်ဟန်မတူပေ။ မဟုတ်လျှင် သူတို့သည် ကျောက်မျိုးနွယ်ကို သွားမည့်အစား ဤနေရာတွင် အမဲလိုက်မည်မဟုတ်ပေ။
ကျောက်မျိုးနွယ်သည် သူတို့နောက်သို့လိုက်နေသည်ကို မောင့်မျိုးနွယ် များသိသည်။ သို့သော် ဤနေရာထိ သူတို့ကို ခေါ်လာခဲ့သည်။ ထို့ကြောင့် သူတို့ ၏ အိမ်နီးနားချင်းအနေနှင့် တောင်ပေါ်မှထိုင်၊ ကျားများရန်ဖြစ်သည်ကို ကြည့် ပြီး ရလာမည့်အကျိုးအမြတ်ကို ကောက်ယူရုံတင်ဖြစ်သည်။
သူတို့ရည်ရွယ်ချက်က ဒီလိုဆိုမှတော့ ဘယ်လိုလုပ်ကျောက်မျိုးနွယ်ကို ဖြတ်သွားပြီး ချန်းမျိုးနွယ်အိမ်တော်ကို သွားခွင့်ပြုမှာလဲ။
“တကယ်တော့ ချန်းမျိုးနွယ်ရဲ့ အိမ်တော်နေရာကို မေးလို့ရတယ်.. ပြီးတော့ ကျောက်မျိုးနွယ်ကို သွားလိုက်ပေါ့” ဖူရှီး ပြောလိုက်သည် “ကျောက် မျိုးနွယ်ကိုသွားပြီး ဟိုင်ရှီးရဲ့အစ်မကိုကယ်ချင်တယ်.. ပြီးတော့ ချန်းမျိုးနွယ် အိမ်တော်ကိုသွားပြီး သူ့အစ်ကိုကိုကယ်ချင်တယ်လို့ ပြောလိုက်လေ.. ဘယ်လို ပဲဖြစ်ဖြစ် သူတို့ရဲ့ရည်ရွယ်ချက်က ကျောက်မျိုးနွယ်ကို သွားစေချင်နေတာပဲ.. ကျွန်တော်တို့ သွားမယ်လို့ပြောလိုက်ရင် သူတို့က ချန်းမျိုးနွယ်ရဲ့ နေရာကို မပြောစရာအကြောင်းမရှိတော့ဘူး”
ရှီမာယူယူ စဉ်းစားကြည့်ရာ သူပြောသည်များမှာ မှန်သည်ဟု ခံစားရ သည်။ သူတို့ ကျောက်မျိုးနွယ်ကို သွားလျှင်တောင် ချန်းမျိုးနွယ်အိမ်တော်ကို သိချင်မှသိရမည်။ ထိုနေရာတွင်လည်း ချန်းမျိုးနွယ်အိမ်တော် တည်နေရာကို ရှာရဦးမည်။
“ကောင်းလိုက်တဲ့အကြံပဲ.. မင်းက ရုပ်ကလေးဗန်းပြ သူများကို လိမ်ပြီး မကောင်းတာတွေ ခိုးလုပ်နေကျလား”
“ဘာလို့လဲ ကျွန်တော်က ကျွန်တော်တို့ဘက်မှာတော့ လိမ္မာပါတယ်နော်” ဖူရှီးသည် လျှာသပ်လိုက်သည်။ သူသည် သူမ ပြောသလိုဟုတ်လျှင်တောင် သူမကို သိခွင့်မပေးနိုင်ပေ။
နောက်တစ်နေ့တွင် မောင့်ဖေးသည် သူတို့ကို လမ်းပြပေးရန် တပ်သား နှစ်ယောက်ထည့်ပေးသည်။ ရှီမာယူယူသည် အခွင့်အရေးယူကာ ချန်းမျိုးနွယ် အိမ်တော်ကို မေးမြန်းသည်။
မောင့်ဖေးသည် အနည်းငယ် အံ့ဩသွားသည် “မင်းသမီးလေးတို့က ချန်း မျိုးနွယ်အိမ်တော်ကို သွားချင်တာလား”
“ဟုတ်ပါတယ်” ရှီမာယူယူသည် သူ့နောက်မှ လူငယ်တစ်ယောက်သည် ပြုံးသွားပြီး မျက်နှာပြောင်းသွားသည်ကို မြင်လိုက်ရသဖြင့် ပြောလိုက်သည် “ကျွန်မ အရင်ဆုံး ကျောက်မျိုးနွယ်ကိုသွားမယ်.. ပြီးတော့ ကိစ္စတွေရှင်းပြီးသွား ရင် ချန်းမျိုးနွယ်အိမ်တော်ကိုသွားမှာ.. ကျောက်အိမ်တော်နဲ့နဲ့ ချန်းမျိုးနွယ်ကို တော့ ဘယ်လိုပဲဖြစ်ဖြစ်သွားရမှာ”
မောင့်ဖေး၏ မျက်လုံးများသည် အရောင်လက်သွားပြီးနောက် မြေပုံတစ် ခုထုတ်ကာ ပြောလိုက်သည် “ဒါက တြိဂံဒေသရဲ့ မြေပုံပါ ဒီမှာချန်းမျိုးနွယ် အိမ်တော် တည်နေရာပါတယ်”
ရှီမာယူယူဖွင့်လိုက်သည်။ မြေပုံမှာ အလွန်ရိုးရှင်းသည်။ အရင်ဘဝမှ နိုင်ငံ တော်မြေပုံနှင့်တူသည်။ သို့သော် ရည်ရွယ်ချက်နှင့် ထိုအင်အားစုတို့၏ နာမည် များကို အမှတ်အသားလုပ်ထားသည်။
သို့သော် မရှိတာထက်စာလျှင် ကောင်းသည်။ ထိုမြေပုံနှင့်ဆိုလျှင် ဤ နေရာမှ အင်အားစုများအကြောင်း နားလည်သွားနိုင်သည်။
“ကျေးဇူးတင်ပါတယ်” သူမသည် မြေပုံသိမ်းပြီး တပ်သားနှစ်ယောက် နောက်သို့လိုက်သွားလိုက်သည်။
“အစ်ကိုကြီး သူမကို ဘာလို့မြေပုံပေးလိုက်တာလဲ.. သူမ ကျောက်မျိုးနွယ်ကိုမသွားဘဲ ချန်းမျိုးနွယ်ကို တိုက်ရိုက်သွားရင် ဘယ်လိုလုပ် မလဲ.. ပြီးတော့ ဒီကိစ္စကို လူနှစ်ယောက်တည်းလွှတ်ပေးလိုက်တာ စိတ်မချရ ဘူးနော်” မောင့်လိုင်း ပြောလိုက်သည်။
“မနေ့ညက ငါ အကြီးအကဲတွေကို အကြောင်းကြားပြီးပြီ.. ရှီမာယူယူတို့ ဒီမှာပေါ်လာတယ်လို့ ကျောက်မျိုးနွယ်ကို သတင်းပေးပြီးပြီ.. နောက်နှစ်ရက် နေရင် မြက်ခင်းပင်ရဲ့တစ်ဖက်ကို ခေါ်လာမယ်လို့ပြောထားတယ်.. ကျောက် မျိုးနွယ်ရောက်တဲ့အချိန်ဆို သူတို့လည်း ကျောက်မျိုးနွယ်နယ်နိမိတ်ကို ရောက် လောက်ပြီ”
ရှီမာယူယူတို့သည် ကျောက်မျိုးနွယ်၏ တည်နေရာနှင့် အကွာအဝေးကို မသိသဖြင့် ထိုလူများနောက်မှ လိုက်လာကြသည်။
သူတို့၏ အစီအစဉ်တွင် အမှားမရှိဟု တွေးထားကြသည်။ သို့သော် သူတို့ ၏ ထောင်လွှားမှုကြောင့် အမှားဖြစ်သွားသည်။ သူတို့သည် ရှီမာယူယူ၏ သရုပ် မှန်ကိုသာ မေးခဲ့ကြပြီး တခြားသူများကို မမေးခဲ့ကြပေ။ ထို့ကြောင့် ယွင်ရာ ကဲ့သို့လူမျိုး ရောပါလာမည်ကို မသိထားခဲ့ကြပေ။
ရှီမာယူယူနှင့် ဖေးယိတို့သည် ဦးတည်ချက်နှင့် အကွာအဝေးကို မသိကြ သော်လည်း လေဟာပြင်ကို အာရုံခံမိသည်။ ထိုလူများ သူတို့ကို ကွေ့ပတ်ခေါ် သွားနေသဖြင့် ယွင်ရာ လှုပ်ရှားတော့သည်။
ယွင်ရာသည် ကြုံရာ သံစဉ်တစ်ပုဒ်ကိုတီးမှုတ်လိုက်ရာ မောင့်မျိုးနွယ် နှစ်ယောက်သည် စိတ်ညှို့ခံလိုက်ရတော့သည်။
“ဘာလို့ ငါတို့ကို လှည့်ပတ်ခေါ်သွားနေတာလဲ” ယွင်ရာ မေးလိုက်သည်။
“သခင်က ခိုင်းထားတာပါ”
“အဲဒီကိုရောက်ဖို့ ဘယ်လောက်ကြာမှာလဲ”
“နှစ်ရက်ကနေ သုံးရက်ပါ”
“ဘာလို့လဲ”
“ကျောက်မျိုးနွယ် ရောက်လာတာကို စောင့်တာပါ”
သူတို့သည် အဖြေကိုကြားလိုက်ချိန်တွင် မအံ့ဩတော့ပေ။
***