← Chapters

ဟိုင်ရှင်း

Vol. 142 Ch. 1984

ဟိုင်ရှင်း

Vol. 142 Ch. 1984

မောင့်မျိုးနွယ်တွင် ယခုလိုအစီအစဉ်ရှိသည်မှာ ကျောက်မျိုးနွယ်လည်း သတင်းရပြီးသားဖြစ်လိမ့်မည်။

“မင်း ဘာသိသေးလဲ” ယွင်ရာသည် ဆက်လက်ပြီး စစ်မေးသည်။

“မသိတော့ဘူး ငါတို့တာဝန်က မင်းတို့ကို ကျောက်မျိုးနွယ်ကို ခေါ်သွား ပေးဖို့ပဲ”

ရှီမာယူယူနှင့် တခြားသူများသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ မောင့်မျိုးနွယ်သည် သံသယမဝင်စေရန် သူတို့ကို များများစားစား ပေးမသိထား သည့်ပုံပင်။

“ငါတို့ကို ဒီအမဲလိုက်ကွင်းကနေ တိုက်ရိုက်ခေါ်ထုတ်သွားပေး” ယွင်ရာ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ”

တပ်သားနှစ်ယောက်သည် သူတို့ကို နေ့တစ်ဝက်ခေါ်သွားပေးပြီးနောက် မောင့်မျိုးနွယ်၏ အမဲလိုက်ကွင်းအတွင်းမှ ထွက်နိုင်ကြလေသည်။ ဤမျှ အကွာအဝေးလောက်ကို သူတို့သည် နှစ်ရက် သုံးရက်ကြာအောင် သွားခဲ့ရ သည်။ သူတို့ပဲ စိတ်ကူးကောင်းတာလား မဟုတ်ရင် လူတွေကို ငတုံးငအတွေ လို့တွေးထားကြတာလား။

“မင်း ဒီမှာ နှစ်ရက်နေပြီးမှ ပြန်သွားတော့ ဒီမှတ်ဉာဏ်တွေကို မေ့ပစ် လိုက် ငါတို့ မင်းတို့နောက်ကို နှစ်ရက် သုံးရက်လိုက်ခဲ့တာကိုပဲ မှတ်ထား” ယွင်ရာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

နှစ်ယောက်ထွက်သွားပြီးနောက် ရှီမာယူယူသည် မြေပုံထုတ်ပြီး ဖေးယိ နှင့် အတန်ကြာအောင် လေ့လာပြီးနောက် တစ်ခါသုံးဖြတ်လမ်းဝင်္ကပါကို စီမံ လေသည်။ သူတို့ထွက်သွားပြီးနောက် အစီအရင်ကျောက်တုံးများသည် ပြာ အဖြစ်ပြောင်းသွားကြသည်။

နှစ်ရက်ကြာပြီးနောက် ကျောက်မျိုးနွယ်သည် နယ်နိမိတ်ဆီသို့ အမြန် လာကြသည်။ သို့သော် မြေကို သုံးပေခန့် တူးပြီးသည့်တိုင်အောင် တစ္ဆေတစ် ကောင်၏ အရိပ်ပင်မတွေ့ရပေ။ သူတို့သည် ဒေါသထွက်သွားကာ သတင်းပေး လာသောလူများကို စာရင်းရှင်းရန် ပြန်သွာကြလေသည်။

ရှီမာယူယူနှင့် တခြားသူများထွက်လာချိန်တွင် ချန်းမျိုးနွယ်၏ ပိုင်နက်သို့ ရောက်နေပြီဖြစ်သည်။ မြေပုံတွင် ဧရိယာများသာ ပါကာ ကျောက်ဆောင်များ ကို အမှတ်အသားလုပ်မထားသဖြင့် သူတို့သည် ထွက်သည်နှင့် ရေထဲသို့ ကျကြ လေသည်။

“မင်းတို့ နှစ်ကောင် ဘာဖြတ်လမ်းဝင်္ကပါလုပ်လိုက်တာလဲ.. မြစ်ပေါ်ကိုမှ ထွက်လာရတယ်လို့.. ဒီလောက် နီးနေမှတော့ ငါတို့လည်း လှုပ်ရှားဖို့အချိန် တောင်မရလိုက်ဘူး” ယွင်ရာသည် မြစ်ထဲမှတွားသွားထွက်လာပြီး ဝိညာဉ် စွမ်းအားသုံးကာ အခြောက်ခံနေလေသည်။ ရေများမှာ အငွေ့ပျံသွားကာ သူ သည် သူတို့နှစ်ယောက်ကို စောဒကတက်နေလေသည်။

“ဒီမှာ မြစ်ရှိမယ်လို့ ကျွန်မတို့လည်း မသိဘူးလေ” ရှီမာယူယူသည် ရေထဲ မှထွက်လိုက်သည်။ ဝူလင်းယူ၏ လျင်မြန်သော တုံ့ပြန်မှုကြောင့် သူမကို ဝိညာဉ်စွမ်းအင်ဖြင့် ကာကွယ်လိုက်သဖြင့် ရေထဲတွင်ကျသွားစဉ်က အဝတ်များ စိုမသွားပေ။

သို့သော် ဝူလင်းယူ ကိုယ်တိုင်မှာတော့ ရေစိုသွားလေသည်။

ရှီမာယူယူသည် ကမ်းစပ်သို့သွားပြီး ဝူလင်းယူသည် ဟိုင်ရှီးနှင့် ဖူရှီတို့ကို ချီလာသည်။ ဝူလင်းယူ ရှီမာယူယူကို ကာကွယ်ရန် သွားစဉ်က ဟိုင်ရှီးမှာ အားမရှိသဖြင့် တက်လာသည်နှင့် အဆက်မပြတ်ချောင်းဆိုးနေခဲ့ရာ အခုချိန် မှာ ပိုဆိုးလာသည်။

“အဟွတ် အဟွတ် အဟွတ် အဟွတ်”

ဟိုင်ရှီးသည် ချောင်းဆိုးနေရင်းနှင့် တွေးနေမိသည်။ ဝူလင်းယူက ရှီမာယူယူကို တကယ်ပဲ ကြင်နာတာပဲ။ အဲချိန်မှာတောင် သူ့ကိုယ်သူ ကာကွယ် မယ့်အစား သူမကိုကာကွယ်လိုက်တာ။

“အစ်ကိုကြီးလင်းယူ ကျွန်တော်တို့ကို အတူကာကွယ်ပေးလို့မရဘူးလား” ဖူရှီသည် ရေထဲမှထွက်လာပြီး ကမ်းစပ်တွင် လက်နှစ်ဖက်ခေါင်းအုံးကာ လှဲနေ သည်။

“ငါ့မှာ အဲလောက် စွမ်းအားမရှိဘူး” ဝူလင်းယူသည် ပေါ့ပေါ့ပါးပါးပင် ပြောလေသည်။

အားလုံးမှာ “….”

တစ္ဆေသရဲတွေပဲ ယုံလိမ့်မယ်။

ဟွမ်သည်လည်း မစိုပေ။ ရေထဲမကျသည်မှာ သူတစ်ယောက်သာရှိသည် ဟူ၍ပင် ပြောရသည်။ သူ ထွက်မလာခင်က ဤနေရာသည် နေရာကောင်း မဟုတ်သည်ကို ခံစားမိရာ ရှီမာယူယူကို ဆွဲပြီးပြေးရန် ကြိုးစားခဲ့သည်။ ဝူလင်းယူမှ သူမကို ကာကွယ်သည်ကို သူ မြင်လိုက်ချိန်တွင် လေထဲတွင်သာ ရပ်လိုက်သည်။

“အရင်ဆုံး အကုန်လုံး သန့်ရှင်းလိုက်ကြဦး ပြီးတာနဲ့ ခရီးဆက်ကြမယ်” ရှီမာယူယူ ပြောလိုက်သည်။

ဖေးယိတက်လာချိန်တွင် ယွင်ရာ၏ နာကြည်းသော မျက်လုံးများကို မြင် လိုက်ရသဖြင့် ခပ်ပေါ့ပေါ့ပင်ပြောလေသည် “ဒါက တောင်မဟုတ်ဘဲ မြစ်ဖြစ် နေတာကို ကျေးဇူးတင်လိုက်”

သူတို့သာ တောင်ပေါ်ကျပါက မြစ်ထဲကျသည်ထက် မသက်မသာခံစား သွားရမည်။

အားလုံးသည် ခေတ္တမျှနားပြီးနောက် ဖေးယိ ဦးတည်ချက်ကို ညွှန်ပြသည် နှင့် အားလုံးသည် ထိုဘက်သို့ပျံသွားလိုက်ကြသည်။

နှစ်ရက်ကြာ ပျံသန်းပြီးနောက် မရဏာဘဲငန်းတစ်ကောင်နှင့်တွေ့လေ သည်။ ထိုငန်းမှာ သူတို့ကိုမြင်သည်နှင့် ချက်ချင်းပင် ဆိတ်လေသည်။

“ကျွန်မလုပ်ကြည့်မယ်” ရှီမာယူယူသည် အရိုးပုလွေထုတ်ကာ သီချင်း တစ်ပုဒ်မှုတ်လိုက်သည်နှင့် မရဏာဘဲငန်းသည် အတောင်ပံခတ်ပြီး မျက်လုံးမှာ ရီဝေသွားလေသည်။

သူတို့သည် သူ့ကျောပေါ်သို့ ပျံတက်ပြီး ပြောလိုက်သည် “ငါတို့ကို ချန်း မျိုးနွယ်နယ်မြေထဲကို ခေါ်သွားပေး”

“ကွက် ကွက်…”

မရဏာဘဲငန်းသည် အတောင်ပံခတ်ကာ သူတို့ကို ချန်းမျိုးနွယ်၏ ပိုင်နက်ဆီသို့ ဦးဆောင်ခေါ်သွားလေသည်။ လမ်းပြမည့်သူရှိသဖြင့် နောက်ပိုင်း ခရီးမှာ ဒုက္ခနည်းသွားသည်။ မြေပေါ်မှလူများသည် သူတို့နှင့်ရင်းနှီးနေသည့် မရဏာဘဲငန်းပေါ်တွင် လူများထိုင်နေကြသည်ကိုပင် မသိကြပေ။

မရဏာဘဲငန်းသည် သူတို့ကို ချန်းမျိုးနွယ်၏နယ်မြေဆီသို့ ခေါ်သွားပေး သည်။ သို့သော် သူတို့ မသိလိုက်သည်မှာ သူတို့သည် ချန်းမျိုးနွယ်၏ ပိုင်နက် အနီးတစ်ဝိုက် တစ်လျှောက်လာခဲ့ခြင်းဖြစ်သည်။ သူတို့သာ ထပ်သွားလိုက်လျှင် မကြာမီတွေ့ရနိုင်သည်။

“အရင်ဆုံး ဒီမှာချပေး မသွားခင် အခြေအနေကို စောင့်ကြည့်ရအောင်” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်ပြီ”

သူတို့သည် လျှို့ဝှက်နေရာတစ်ခုရှာကာ ဆင်းသက်လိုက်ပြီးနောက် မရဏာဘဲငန်းသည် အတောင်ပံခတ်ကာ ပျံပြေးသွားလေသည်။ ပိုလုံခြုံရန် အတွက် သူမသည် ဟိုင်ရှီးကို ဝူလင်းယူ၏ လောကအသေးဆီသို့ ထည့်ထား လိုက်သည်။

အစက ဖူရှီ့ကိုပါ ထည့်ရန် စီစဉ်ထားသည်။ သို့သော် ဖူရှီသည် နောက်မှ လိုက်ချင်ပြီး သူ့အားသည် ရန်သူကို မတိုက်ခိုက်နိုင်သော်လည်း ကိုယ့်ကိုယ် ကိုယ်ကာကွယ်နိုင်သည်ဟု ဆိုလေသည်။ ဒဏ္ဍာရီနဂါး၏ ခုခံမှုသည် ရွှမ်ဝူ လောက်မကောင်းလှသော်လည်း ဒုတိယအဆင့်ရှိသည်။

သူ ရှင်းပြသည်ကို နားထောင်ပြီးနောက် ရှီမာယူယူသည် နေခဲ့ရန်သဘော တူပြီး ဟိုင်ရှီးကိုသာ လောကအသေးထဲထည့်လိုက်သည်။

သူတို့သည် ပုန်းစရာနေရာရှာပြီး နီရဲပျားများကို လွှတ်ကာ ဟိုင်ရှင်း၏ တည်နေရာကို စစ်ဆေးခိုင်းလိုက်သည်။

မကြာမီတွင် နီရဲပျားများ သတင်းပို့လာသည်။ သို့သော် ရောက်လာသည် မှာ သတင်းဆိုးဖြစ်သည်။

ချန်းမျိုးနွယ်၏ နယ်မြေ။

ဟိုင်ရှင်းသည် ပန်းရောင်ဝတ်စုံဝတ်ထားကာ ကြီးမားသော ခြံဝန်းအတွင်း သို့ဆွဲခေါ်သွားခံရသည်။ သူမသည် ပတ်ပတ်လည်ကို အံ့အားသင့်စွာဖြင့် လှည့် ပတ်ကြည့်နေသည်။ လမ်းပေါ်မှ တပ်သားများ သူမကို ကြည့်သည့်အကြည့်မှာ သူမ၏ နုနယ်သောခန္ဓာကိုယ်လေးကို တုန်ယင်စေသည်။

“သွားတော့ အကြီးအကဲ ၇ က မင်းကိုစောင့်နေတယ်” ရှေ့မှလမ်းပြသော အစေခံမိန်းကလေးသည် အေးစက်စွာ ပြောလေသည်။

“ဘာလို့လဲ ဘာလို့ကျွန်မကို ဒီကိုခေါ်လာတာလဲ” ဟိုင်ရှင်းသည် တံခါး တွင်ရပ်ပြီး ဝင်ရန်ကြောက်နေသည်။

အစေခံမိန်းကလေးသည် သူမကို သနားခြင်းမရှိဘဲ မျက်လုံးများသည် ကြမ်းကြုတ်နေသည်။ အစက အကြီးအကဲ ၇ သည် သူမကို ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည်။ သို့သော် သူမ အသက်ကြီးလာသည်နှင့် ပြန်လှည့်မကြည့် တော့ပေ။

ပြီးနောက် သူမ၏ အဆင့်အတန်းမှာ နိမ့်ကျသဖြင့် အစေခံအဖြစ်သာ နေ နေရခြင်းဖြစ်သည်။

သို့သော် ယခု ဟိုင်ရှင်းကိုတွေ့ရသည်မှာ သူမ ဒေါသမထွက်ဘဲ မနေနိုင် ပေ။

ဟိုင်ရှင်းသည် သူမကိုကြောက်သဖြင့် နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ် လေသည်။

အစေခံမိန်းကလေးမှာ ဒေါသထွက်သဖြင့် သူမ၏ အဝတ်များကို ဆုပ် ကိုင်ပြီး အခန်းထဲသို့ တွန်းပို့ပြီးအော်လိုက်သည် “မင်းမဝင်သေးတာ ငါ့ကို အကြီးအကဲ ၇ က ဆူအောင်လုပ်နေတာလား ဝင်တော့”

ဟိုင်ရှင်းသည် သူမနှင့် မယှဉ်နိုင်သဖြင့် အခန်းထဲသို့ တွန်းပို့ခံလိုက်ရကာ တံခါးမှာလည်း ပိတ်သွားသည်။

မကြာမီတွင် တခြားအမျိုးသမီးများထွက်လာပြီး သူမ၏ ကြောက်ရွံ့နေ ‌သော မျက်လုံးများကို လျစ်လျူရှုကာ ရေချိုးကန်သို့ ခေါ်သွားပြီး ခေါင်းအစ ခြေအဆုံး သန့်ရှင်းပေးလေသည်။ ထို့နောက် အကြီးအကဲ ၇ ၏ အခန်းဆီသို့ သူမကို ခေါ်သွားလေသည်။

ဟိုင်ရှင်းသည် တစ်လမ်းလုံး သူတို့ ပြုသမျှနုရကာ မခုခံရဲပေ။ ခုခံလျှင် လည်း အသုံးမဝင်နိုင်သည်ကို သိသည်။

သူမသည် အခန်းအလယ်တွင် ရပ်နေပြီး ခေါင်းငုံ့ထားသည်။ သူမ၏ သေးငယ်သောလက်များသည် ဆုပ်လိုက် ဖွင့်လိုက်ဖြ်စနေသည်။

ဤကဲ့သို့ မိသားစုတွင် ကြီးပြင်းရသည်မှာ တစ်နေ့နေ့ ယခုလို ရင်ဆိုင်ရ လိမ့်မည်ဟု သိထားသည်။

သူမသည် မူမမှန်သော စိတ်ရောဂါရှင်များ ပြောမပြနိုင်လောက်အောင် တဏှာရူးသောလူများကို သိသည်။ သို့သော် ယခု သူမလည်း ထိုလူမျိုးနှင့် တွေ့ ရလိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားပေ။

အစက သူမ သွေးသားနိုးထသည်အထိ စောင့်ဦးမည်ဟု ထင်ထားခဲ့သဖြင့် ထိုအချိန်အတွင်းတွင် ထွက်ပြေးရန် နည်းလမ်းရှာမည်ဟု တွေးထားခဲ့သည်။ သို့သော် ယခုမှာ နောက်ကျသွားသည့်ပုံပင်။

သူမသည် မျက်လုံးမှိတ်ပြီး ပြန်ဖွင့်လာချိန်တွင် မျက်လုံးထဲသို့ စူးရှသော အလင်းတန်းတစ်ခုဝင်လာသည်။ အကယ်၍ သူမကို တကယ်သာ တစ်ခုခု လုပ် လာပါက ရွေးချယ်စရာလမ်းတစ်လမ်းသာရှိတော့သည်။

ဟိုင်ရှီး တောင်းပန်ပါတယ် မမ အရင်သွားနှင့်တော့မယ်။

***

All Chapters