ဟိုင်ရှင်း ၂
Vol. 142 Ch. 1985
ချန်းမျိုးနွယ်၏ အကြီးအကဲ ၇ ချန်းမင်သည် ဝင်လာသည်နှင့် သူ့ လက် ဖဝါးနှင့်ပင် ချေပစ်နိုင်လောက်အောင် သေးငယ်ပြီး နုနယ်အားနည်းသည့် ခန္ဓာ ကိုယ်လေးကို မြင်လိုက်ရသည်။
သူမ ခေါင်းမော့လာရာ ကြောက်ရွံ့မှုဖြင့် ပြည့်နေသော နီရဲနေသည့် မျက်လုံးများသည် တခြားကလေးများနှင့်မတူဘဲ ကြံ့ခိုင်နေသည်။
“ကျွန်မက သွေးသားတောင် မနိုးထသေးဘူး အခု ကျွန်မကိုလာရှာလည်း အသုံးမဝင်ဘူး” ဟိုင်ရှင်းသည် စိတ်တည်ငြိမ်အောင်ကြိုးစားပြီး အရင်ပြော လိုက်သော်လည်း တစ်ကိုယ်လုံး တုန်ယင်နေသည်ကို ထိန်းမရပေ။
အကြီးအကဲ ၇ သည် လက်ကိုနောက်ပစ်ထားကာ သူမအား ပြုံးပြီး ရိုးရှင်း စွာပင် စိုက်ကြည့်လေသည် “ဟုတ်တယ် ငါတို့က အဲကိစ္စတွေကို ကြိုလုပ်တယ် မင်းရဲ့ သွေးသားနိုးထလာတာနဲ့ ငါတစ်ယောက်တည်းအပိုင်မဟုတ်တော့ဘူး လေ”
သူ၏ အကြည့်မှာ ပူလောင်လွန်း၍လား သူ့စကားများသည် ကြောက်မက် ဖွယ်ကောင်းလွန်း၍လားမသိပေ… ဟိုင်ရှီး၏ ခြေထောက်များမှာ ပျော့ခွေသွား ပြီး မြေပေါ်သို့ ဖင်ထိုင်လျက်သားကျသွားလေသည်။
“ကျွန်မ.. ကျွန်မ ရှင့်ကိုအရှုံးမပေးဘူး” သူမသည် မျက်ရည်များကို ပြန်မျို သိပ်ရင်း ပြောလိုက်သည် “ရှင် ကျွန်မကိုတစ်ခုခုလုပ်တာနဲ့ ကျွန်မ.. ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်လိုက်မှာ အဲလိုဆို ဘယ်သူမှ ကျွန်မကိုမရတော့ ဘူး”
သူမ သေသွားလျှင် အကြီးအကဲ ၇ သည် တခြားသူများကို ရှင်းပြနိုင်တော့ မည်မဟုတ်ပေ။ ထိုအရာမှာ သူမ၏ တစ်ခုတည်းသော ဝှက်ဖဲဖြစ်သည်။
“ဟားဟား မင်း သေချင်တိုင်း သေလို့ရမယ်ထင်နေလား” ချန်းမင်၏ အသံမှာ အလွန်ပင်ဆွဲဆောင်လွန်းသည်။ သို့သော် စကားများမှာတော့ မွန်းကြပ်ဖွယ်ကောင်းသည်။
သူ့ကို ခြိမ်းခြောက်၍မရသည်ကို ဟိုင်ရှင်းမြင်သောအခါ သူမ၏ နှလုံး သားတစ်ခုလုံး အေးစက်လာသည်။
ထို့အပြင် သူတို့လို အင်အားကြီးသူများသည် ကြည့်လိုက်သည်နှင့် သူမကို ထိန်းချုပ်နိုင်စွမ်းရှိကြသည်။ သူမ အဆုံးစီရင်ရန် အခွင့်အရေးမရှိပေ။
သူမ သေလို့တောင်မရဘူးလား။
မျက်လုံးထဲမှ မျက်ရည်များ စီးကျလာသည်။
“မင်း အဲလောက် မသက်မသာဖြစ်စရာ မလိုပါဘူး.. ငါနဲ့ အတူရှိတဲ့လူ တော်တော်များများက အရမ်းကြိုက်ကြတာ.. သူတို့ ကြီဂလာတာနဲ့ ငါ့အနားက နေ ထွက်မသွားချင်ကြဘူး.. ငါက သူတို့ကို စိတ်မဝင်စားတော့တာတော့ နှမြော စရာကောင်းတယ်” ချန်းမင်သည် အိပ်ရာကိုပုတ်နေသည်။ မလှုပ်မယှက် အာခံနေသည့် ဟိုင်ရှင်းကိုကြည့်ပြီး ပြောလေသည် “မင်းသာ ဉာဏ်ရှိရင် သိပ် ခံစားရမှာမဟုတ်ဘူး.. ငါ့ကိုခုခံရင်တော့ မင်းရဲ့ အဲဒီခန္ဓာကိုယ်သေးသေးလေး က ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”
ဟိုင်ရှင်းသည် သူ့ကိုကြည့်ပြီး အင်္ကျီလက်အတွင်းမှ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူမမှာ သေပင်မသေနိုင်သလို ဘာမှလည်း မလုပ်နိုင်ပေ။
“မြန်မြန် ငါ့ကိုမစောင့်ခိုင်းနဲ့” ချန်းမင် လောလေသည်။
ဟိုင်ရှင်းသည် စားပွဲဆီသို့ကြည့်လိုက်ရာ အစေခံမိန်းကလေး လာပို့ထား သော လက်ဖက်ရည်တစ်အိုးရှိနေသည်။ သူမ ထသွားလိုက်သော်လည်း ခန္ဓာ ကိုယ်မှာ အားမရှိလှပေ။ သူမသည် ခုံကိုမှီထားပြီး လက်ဖက်ရည်ခွက်များကို မြင်သောအခါ အသည်းနာသွားပြီး မြေပေါ်သို့ အကုန်ပစ်ချလိုက်သည်။
“ခွမ်း”
လက်ဖက်ရည်ခွက်များသည် ကြမ်းပေါ်သို့ကျသွားသော်လည်း ကွဲမသွား ပေ။ ထိုအစား အကြိမ်အနည်းငယ် လှိမ့်သွားပြီးနောက် သူမ ခြေရင်းတွင် ရပ် သွားလေသည်။
“မင်းက လက်ဖက်ရည်ခွက်ခွဲပြီး သေကြောင်းကြံချင်လို့လား” ချန်းမင် သည် သူမဘေးသို့ မည်သည့်အချိန်က ပေါ်လာသည်မသိ သူမနားကိုကိုင်ပြီး လေသံဖြင့် ပြောလေသည်။
“ဘာ…”
ဟိုင်ရှင်းသည် သူ့ကိုကြောက်သွားသဖြင့် အော်ကာ ထွက်ပြေးရန်ကြိုးစား လေသည်။ သို့သော် ပြန်မိသွားကာ အိပ်ရာပေါ်သို့ ပစ်ချခံလိုက်ရသည်။ အိပ်ရာ မှာနူးညံ့သော်လည်း သူမ၏ သေးငယ်သော ခန္ဓာကိုယ်ကို နာကျင်စေသည်။
“ငါ့ရှေ့မှာ သေချင်တဲ့လူတွေက အများကြီးပဲ ဒါပေမဲ့ ဒီလိုလုပ်တာ မင်း တစ်ယောက်ပဲရှိတယ်” ချန်းမင်သည် အိပ်ရာဆီသို့လျှောက်လာပြီး ထိုင်ကာ သူမ၏ တုန်ယင်နေသော ခန္ဓာကိုယ်လေးကို ပွတ်သပ်နေသည်။ “ငါ ပြောဦး မယ် ဒီလိုဆိုရင် ငါ့စိတ်ကို ပိုဆွနေသလိုပဲ.. ဟားဟား ငါက ကျိုးနွံတာကို ကြိုက်တယ် ဒါပေမဲ့ လက်သည်းထက်တဲ့ ကြောင်လေးတွေကိုလည်း ကြိုက် တတ်သေးတယ်”
ဟိုင်ရှင်း၏ ခန္ဓာကိုယ်သည် အဆက်မပြတ်တုန်ယင်နေကာ မျက်ရည် များမှာလည်း မရေမတွက်နိုင်အောင် ကျလာသည်။ သူမသည် မငိုအောင် ထိန်းချုပ်သော်လည်း မတတ်နိုင်ဘဲ မျက်ရည်များမှာ အကျမရပ်တော့ပေ။
“ဗြိ”
အဝတ်မှာပြဲသွားပြီး ကျောပြင်အေးစက်သွားသည်ကို သူမ ခံစားလိုက်ရ သည်။ သူမသည် လှုပ်ရှားချင်သော်လည်း လှုပ်မရတော့သည်ကို သိလိုက်ရ၏။
“မင်း လိမ္မာရင် ခံစားရသက်သာမယ်.. မကြာခင် မင်း ဒီခံစားချက်ကို ကြိုက်သွားမှာပါ” ချန်းမင်သည် ညှို့ယူသလိုပြောပြီး သူ့လက်များသည် အဆက်မပြတ်လှုပ်ရှားနေကာ သူမ၏ အဝတ်များကို တစ်စပြီး တစ်စဆုတ်ဖြဲ နေသည်။
ဟိုင်ရှင်းသည် ထိုအသံကို ထင်ရှားစွာကြားလိုက်ရပြီး သူမ ဘဝလေးမှာ ပြီးသွားပြီဟု တွေးနေသည်။
သူမကို ချန်းမင်ဆွဲလှန်လိုက်ရာ အိပ်ရာပေါ်တွင်လှဲပြီး ချန်းမင် သူမကို မည်သည့်အချိန် လှည့်စားမည်ကို မသိသဖြင့် အိပ်ရာထိပ်ကိုသာ ငေးငိုင်စွာ ကြည့်နေမိသည်။
သူမသည် သေချင်သော်လည်း မသေနိုင်သဖြင့်သေလူလိုသာ နေသွားရန် ဆုံးဖြတ်လိုက်သည်။
သူမ၏ အသက်ရှုသံမှာ နိုးထပြီး သူမ၏ ကိုယ်ပိုင်နှလုံးသားကို ပိတ်ထား သည်ကို ချန်းမင်ခံစားရသည်။ သူသည် ဒေါသပိုထွက်လာပြီး သူမ၏ မျက်နှာကို ရိုက်လိုက်သည်။
“သေလူလို ဖြစ်ချင်တယ်ပေါ့.. မင်းကို ငါဘယ်လို ကစားလဲဆိုတာ မင်း ကိုယ်တိုင် မျက်လုံးနဲ့ မြင်စေရမယ်”
ဟိုင်ရှင်း၏ အသိစိတ်မှာ ပြန်ရောက်လာသည်။ သူမသည် ချန်းမင်၏ ဆိုးဝါးလှသော မျက်နှာကိုကြည့်ပြီး မငိုနိုင်တော့ည်ကို သိလိုက်ရသည်။
ချန်းမင်၏ လက်မှာ ပြေးလွှားနေပြီး သူမ၏ တားမြစ်အပိုင်းသို့ရောက် သောအခါ ကြောက်ရွံ့မှုကြောင့် လွန့်လူးသွားသည်။ ထိုတုံ့ပြန်ချက်မှာ ချန်းမင် ကို စိတ်ကျေနပ်စေသည်။
သူ ဆက်လှုပ်ရှားတော့မည်အပြုတွင် ရုတ်တရက် လေထဲတွင် အတက် အကျလှိုင်း ဖြစ်ပေါ်လာသည်။ သူသည် ရှောင်တိမ်းလိုက်ကာ အိပ်ရာမှ တံခါး ဆီသို့ ပျံသွားလိုက်သည်။
“အရှက်မရှိလိုက်တဲ့လူပါလား ဟွမ် သူ့ကို ထိန်းချုပ်ထားလိုက်” အေးစက် သော မိန်းကလေးတစ်ယောက်၏ အသံမှာ လူသတ်မည့် အရိပ်အယောင် အပြည့်နှင့်။ သူ ရပ်လိုက်သည်နှင့် အိပ်ရာပေါ်တွင် လှပသော မိန်းကလေး တစ် ယောက်ပေါ်လာသည်ကို မြင်လိုက်သည်။ သူမသည် စောင်ထုတ်ကာ ဟိုင်ရှင်း ကို ခြုံပေးပြီး ခေါင်းသာ ဖော်ထားလေသည်။
ဟိုင်ရှင်းသည် ယနေ့အိပ်မက်ဆိုးမှ မလွတ်မြောက်နိုင်တော့ဟု ထင်ထား သော်လည်း ယခုလိုအခြေအနေဖြစ်လာိမ့်မည်ဟု ထင်မထားပေ။ ထိုညစ်ပတ် သော လက်များမရှိတော့ပေ။ ပြီးနောက်သူမကို လုံခြုံအောင် လုပ်ပေးထားပြီး နူးညံ့သောအသံသည် သူမကို နှစ်သိမ့်ပေးနေသည် “မကြောက်နဲ့နော်”
ဟွမ်သည် ရှီမာယူယူ၏ ညွှန်ကြားချက်ကို ကြားသည်နှင့် ချက်ချင်းပင် ချန်းမင်ကို တိုက်ခိက်လေသည်။ ချန်းမင်သည် အားမနည်းပေ။ အမြန်ပင် တုံ့ပြန်သည်။ ဟွမ်တိုက်ခိုက်ချိန်တွင် သူသည် အိမ်မှဖောက်ထွက်ကာ ထွက် ပြေးလေသည်။
သူတို့ သူ့ဆီသို့ တိတ်တဆိတ် ချဉ်းကပ်နိုင်သည်မှာ သူတို့၏ အင်အား မြင့်မားသည်ကို ညွှန်ပြနေသည်။ သူသာ အိမ်ထဲတွင်နေပြီး တိုက်ခိုက်ခံ၍မရ ပေ။ အပြင်ထွက်ပြီး လူရှာကာ တပ်ကူခေါ်ရမည်။
ဟွမ်လိုက်သွားသည်။ ရှီမာယူယူသည် ဝတ်စုံတစ်စုံထုတ်ကာ ပြောလိုက် သည် “ဒါဝတ်လိုက်”
ဟိုင်ရှင်းသည် အဝတ်များကို ယူလိုက်ချင်သော်လည်း မလှုပ်ပေ။ သို့သော် သူမကို နိုးကြားစွာဖြင့် ကြည့်ပြီး ပြောလေသည် “ရှင်က ဘယ်သူလဲ ဘာလို့ကျွန်မကို ကယ်တာလဲ”
“မင်းကို ကယ်မယ်လို့ ငါ ဟိုင်ရှီးကို ကတိပေးထားတယ်” ရှီမာယူယူ ပြော လိုက်သည်။
“ဟိုင်ရှီးလား သူ အခု ဘယ်မှာလဲ” ဟိုင်ရှင်းသည် သူမကို စိတ်လှုပ်ရှားစွာ ဖြင့် ကြည့်လေသည်။
“အရင်ဆုံး အင်္ကျီဝတ်လိုက်ပါဦး သူ့ကို ဒီအတိုင်းပေးမြင်လို့မဖြစ်ဘူးလေ” ရှီမာယူယူသည် စကားဆံဒးသည်နှင့် ထပြီး သူမကို ကျောခိုင်းပြီး အပြင်မှ အခြေအနေကို ကြည့်ရန် တံခါးနားသို့သွားလိုက်သည်။
ဟိုင်ရှင်းသည် အင်္ကျီယူပြီး အမြန်ဝတ်လိုက်သည်။ သို့သော် သူမသည် ရှီမာယူယူ အနားသို့မသွားဘဲ ရပ်ပြီးသာ ကြည့်နေသည်။
ထိုလူသည် ဟိုင်ရှီးကို ကတိပေးထားသဖြင့် သူမကိုလာကယ်ခဲ့သည်။ သို့သော် ယုံလိုက်၍မဖြစ်ပေ။ အဖြစ်အပျက်များကို သူမ မသိသော်လည်း သူမ ပြောသမျှကို မယုံနိုင်သေးပေ။ အကယ်၍ ထိုလူများလည်း သူမ၏ ခန္ဓာကိုယ်ကို ပစ်မှတ်ထားပါက ဟိုင်ရှီးသည် ကျားခံတွင်းသို့ကျပြီး ဝံပုလွေဂူထဲရောက်သွား သည်မဟုတ်ပါလား။
ရှီမာယူယူသည် လှည့်လာပြီး သူမကိုကြည့်ကာ ပြောလေသည် “ဒီအင်္ကျီ က ငါ့အင်္ကျီကို ပိုသေးအောင်လုပ်ထားတာ အဲတော့ ဝတ်လို့ရတယ်”
“ဟိုင်ရှီးက အခု ရှင်တို့နဲ့အတူရှိနေတာလား” ဟိုင်ရှင်းသည် ပူပန်စွာမေး လေသည်။
“ဟုတ်တယ် ဒါပေမဲ့ အခုတော့မရှိသေးဘူး” ရှီမာယူယူသည် ပြောပြီး နောက် လှည့်ကာ ဟွမ်ကိုကြည့်လိုက်သည်။
ချန်းမင် အိမ်ထဲမှထွက်သွားသည်နှင့် အပြင်မှလူများသည် သူ့ကို ချက်ချင်းသတိထားမိသွားကာ ဟွမ်ကိုဝိုင်းလေသည်။
“သူ့ကို သတ်လိုက်” ချန်းမင် အော်လိုက်သည်။
ထိုလူများသည် ဟွမ်ကို အတူတကွတိုက်ခိုက်ကြရာ သူတို့၏ ဝိညာည် စွမ်းအင်များပျောက်သွားပြီ ဟွမ်ကိုမမြင်ရတော့ပေ။
ချန်းမင်သည် တံခါးနားတွင်ရှိသော ရှီမာယူယူကို မြင်သွားလေသည် “သွား သူမကိုဖမ်းလိုက်”
ဟိုင်ရှင်းသည် သူမဆီသို့လျှောက်လာပြီး ချန်းမင်ကိုမြင်သည်နှင့် သူမ၏ ခန္ဓာကိုယ်မှာ အလိုလိုတုန်ယင်လာသည်။
***