← Chapters

ကွာခြားချက်

Vol. 142 Ch. 1986

ကွာခြားချက်

Vol. 142 Ch. 1986

အစောက မြင်ကွင်းမှာ သူမစိတ်ထဲတွင် ထပ်မံပေါ်လာသည်။ မျှော်လင့် ချက်ကင်းမဲ့ခြင်းများ… သေဆုံးရန် တောင်းဆိုခြင်းများ… အခုစဉ်းစားလိုက် သည်နှင့် အေးစက်မှုကိုခံစားရသည်။

သူမခန္ဓာကိုယ်ပေါ်မှ ခြုံထည်ကိုပုတ်ပြီး ရှီမာယူယူ ပြောလိုက်သည် “ခုနက ဘာမှမဖြစ်ခဲ့ဘူး.. မင်းမှာ ငါရှိသေးတယ်”

ခြုံထည်တွင် သူမ၏ ရနံ့ရနေသေးသည်။ ထို့ကြောင့် ထိုရနံ့ကြောင့် သူမ၏ စိတ်မှာအနည်းငယ် ငြိမ်သက်သွားသည်။

တပ်သားများလာနေသည်ကို မြင်သည်နှင့် အော်ပြီးသတိပေးလိုက်သည် “သူတို့တွေရောက်လာပြီ”

“စိတ်မပူနဲ့” ရှီမာယူယူသည် ရပ်မြဲအတိုင်းရပ်ပြီး ထိုလူများကို အာရုံ မစိုက်ပေ။

“ရွှီး”

“ဘာလဲ”

တပ်သားများ ပြေးလာရာ လမ်းတစ်ဝက်အရောက်တွင် မြူခိုးမည်းများ ထိုးဖောက်ဝင်ရောက်လာသည်။ သူတို့သည် အဖြစ်အပျက်ကိုမသိလိုက်ခင်မှာ ပင် မြေပေါ်သို့လဲကျသွားကြတော့သည်။

“ဘာဖြစ်တာလဲ”

“ဒီမိန်းမက စုန်းအတတ်တတ်တယ်”

“သူမအနားမကပ်နဲ့”

သူတို့သည် မြူခိုးမည်းများ မည်သည့်နေရာမှရောက်လာသည်ကို မသိ သောကြောင့် ကြောက်ရွံ့နေကြသည်။ သို့သော် တစ်ခုသေချာသည်မှာ သူမဆီ သို့သွားလိုက်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမ တစ်ခုခုလုပ်လိုက်ခြင်း ဖြစ်မည်။

မြူခိုးမည်းသည် ထိုလူများ၏ ခန္ဓာကိုယ်မှ ထိုးဖောက်ထွက်လာပြီး စုသွား ရာ ဟွမ်အဖြစ်ပြောင်းလဲလိုက်သည်။

“မင်းက ဘယ်သူလဲ” ချန်းမျိုးနွယ်ဝင်များသည် ငေးငိုင်သွားသည်။ သူတို့ တွေက ဝိညာဉ်မျိုးနွယ်လား။

ဟွမ်သည် ဘာမှမပြောဘဲ ချန်းမင်ဆီသို့ ထပ်မံပျံသွားကာ မျက်စိတစ် မှိတ်အတွင်းမှာပင် ရှီမာယူယူဆီသို့ ဆွဲခေါ်သွားလိုက်သည်။

တပ်သားများသည် ထိုနေရာတွင် ရပ်နေရာမှ အမြန်ပြေးသွားရန် ကြိုးစား လိုက်သော်လည်း မြေပေါ်မှ ပုံနေသောအလောင်းများကြောင့် ကြောက်လန့် ကာ တန့်သွားကြလေသည်။

“သခင်မလေး ဒီလူကို ဘယ်လိုလုပ်လိုက်ရမလဲ” ဟွမ် မေးလိုက်သည်။

ရှီမာယူယူသည် ဟိုင်ရှင်းကို ကြည့်လိုက်သည်။ ချန်းမင်ကိုကြည့်ပြီး ဟိုင်ရှင်းသည် နောက်သို့ဆုတ်ကာ သူမအနောက်သို့ ဝင်ပုန်းလေသည်။

“မင်း သူ့ကိုသတ်ချင်လား” ရှီမာယူယူ မေးလိုက်သည်။

“သတ်ချင်တယ်” ဟိုင်ရှင်းသည် တုန်ယင်စွာပင် ပြောလာသည် “ဒါပေမဲ့ ဒီအတိုင်းသတ်လိုက်တာက ညှာတာလွန်းတယ်”

“ဒါဆို ဘာလုပ်ချင်လဲ”

“ဒီလိုကိစ္စမျိုး ထပ်လုပ်ဖို့ မတွေးနိုင်အောင် သင်းကွပ်ပစ်မယ်” ဟိုင်ရှင်း ပြောလိုက်သည်။

“ဒါဆို သူမ ပြောတဲ့အတိုင်းလုပ်လိုက်” ရှီမာယူယူသည် ဟွမ်းအား ပြော လိုက်သည်။

ဟွမ်သည် အမြန်ပင်လှုပ်ရှားလိုက်သည်နှင့် ချန်းမင်သည် သူ၏ ကိုယ်ပိုင် နေရာကို လက်ဖြင့်ကာကာ မြေပေါ်တွင်လူးလှိမ့်နေသည်။

ထိုတပ်သားများသည် ငေးကြောင်နေကြသည်။ သူတို့ရဲ့ အကြီးအကဲ ၇ က ဒီအတိုင်းပဲ သင်းကွပ်ခံလိုက်ရပြီလား။ အဖြစ်အပျက်တွေက မြန်ဆန်လွန်း တယ်။

“သွားကြမယ်” ရှီမာယူယူ ရှေ့မှ ထွက်သွားရာ ဟိုင်ရှင်းသည် တွေဝေသွား သော်လည်း နောက်မှလိုက်လာခဲ့သည်။

နောက်ပိုင်း မည်သည့်ကိစ္စများ ကြုံတွေ့လာမည်ကို မသိနိုင်သော်လည်း ချန်းမျိုးနွယ်ထက်တော့ မဆိုးနိုင်ပေ။

သူတို့ ချန်းမင်၏ ခြံဝန်းမှထွက်လာချိန်တွင် အနောက်မှလိုက်လာသော ဟွမ်သည် လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မြေပေါ်တွင် လူးလှိမ့်နေသော ချန်းမင်၏ ခန္ဓာကိုယ်သည် စတင်ဖောင်းကားလာသည်။ ထိုလူများလည်း အဖြစ်အပျက်ကို နားမလည်နိုင်ကြပေ။

ချန်းမင်၏ ခန္ဓာကိုယ်မှာ ကြီးကြီးလာပြီး ဝမ်းဗိုက်မှာ လေထိုးသလို ဖောင်းသထက်ဖောင်းလာသည်။

“ဘုန်း”

ချန်းမင်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွားရာ အသားများမှာ အပုံလိုက် ဖြစ်သွားသည်။ ပေါက်ကွဲမှုမှ မြူခိုးမည်းများထွက်လာသည်ကို အားလုံးမြင် လိုက်ရသည်။ ထိုမြူခိုးမည်းမှာ အရင်မြူခိုးမည်းနှင့်တူသည်။

အကြီးအကဲ ၇ မှာ ဤပုံစံအတိုင်း သေသွားခဲ့လေပြီ။ ရှေ့မှ ထိုလူကို ခုခံ ရန်အင်အားပင် မရှိလိုက်ပေ။

ခြံဝန်းမှထွက်လာသည်နှင့် ရှီမာယူယူသည် ထပ်မံအဝိုင်းခံရလေသည်။

“ကျင့်စဉ်ဖိုကို ပြန်လုကြ ကျန်တဲ့လူကိုသတ်လိုက်” ခေါင်းဆောင်လက် ကို ဝေ့ယမ်းလိုက်သည်နှင့် ထိုလူများသည် သူတို့ဆီသို့ ချက်ချင်းပြေးလာကာ ဝိုင်းလေသည်။

ရှီမာယူယူသည် မျက်ခုံးပင့်မိသည်။ ထိုလူများ ရောက်လာသည့် အမြန် နှုန်းမှာ နှေးလွန်းသည်။ သူတို့သာ တမင်လာမစောင့်နေရင် သူတို့ရောက်မလာ ခင် သူမထွက်သွားပြီးနေလောက်ပြီ။

“ငါ မင်းတို့ ခေါင်းဆောင်ကို တွေ့ချင်တယ်” သူမသည် တောင်းဆိုချက် ကိုပြောလိုက်သည်။

“မင်းကိုယ်မင်း ဘယ်သူထင်နေလဲ.. ငါတို့မျိုးနွယ်ခေါင်းဆောင်ကို တွေ့ဖို့ တန်လို့လား”

“ဟုတ်တယ်.. ငါတို့ မျိုးနွယ်ခေါင်းဆောင်ကိုတွေ့ချင်ရင် ငါတို့အလောင်း ကိုကျော်သွားမှရမယ်”

“မင်းတို့တွေ ဘာငိုင်နေကြတာလဲ တက်ကြလေ”

ဟွမ်သည် ရှီမာယူယူ၏ အရှေ့မှ ထိုလူများ၏ တိုက်ခိုက်မှုကို ကာထား သည်။

“အကြီးအကဲ ၆ အကြီးအကဲ ၇ ကို သူတို့သတ်သွားတာ” တပ်သားတစ် ယောက်သည် ချန်းမင်၏ ခြံဝန်းထဲမှထွက်လာပြီး အကြီးအကဲ ၆ ဆိုသူကို အော် လေသည် “အဲလူက ထူးဆန်းတယ် အားလုံးပဲ သတိထားကြ”

“ချန်းမင် သေသွားပြီလို့ ပြောလိုက်တာလား”

“ဟုတ်ပါတယ် သူတို့သတ်သွားတာ အဲလူက အရမ်းထူးဆန်းတယ်”

“ဒီမှာလူတွေ များတယ် သခင်မလေး.. အရင်ဆုံး ရှောင်ချင်လား” ဟွမ် ပြောလိုက်သည်။

“မရှောင်ဘူး ငါ့ကို စိတ်ပူဖို့မလိုဘူး လုပ်စရာရှိတာလုပ်” သူမ ဂရုမစိုက် ဘဲ သူ့ကိုလုပ်ခွင့်ပြုသည်။

ဟွမ်သည် သူမ၏ လုံခြုံမှုကို စိတ်ပူရန်မလိုပေ။ သူမ၏ ထင်မြင်ချက်ကို ပြောပြီးဖြစ်သဖြင့် သူမကိုလျစ်လျူရှုပြီး ထိုလူများကို ရှင်းတော့သည်။

ဟိုင်ရှင်းသည် ထိုလူများကို ကြည့်ပြီး လက်များကို တင်းကြပ်စွာ ဆုပ် ထားမိသည်။ အဲလူတွေက လူတစ်ရာနီးပါးလောက်ရှိတာ သူတို့က နှစ်ယောက် တည်းလေ။ ဘယ်လိုလုပ်နိုင်မှာလဲ။ မဟုတ်ရင် သူမ ပြန်အဖမ်းခံလိုက်ရတော့ မှာလား။

သူမ ပြန်ကြည့်လိုက်သည်။ သူတို့နှင့် ပြေးရမည်လား သို့မဟုတ် တစ် ယောက်တည်း ပြေးရမလားဆိုသည်ကို စိတ်ထဲမှချိန်ကြည့်မိသည်။ နှိုင်းယှဉ် ကြည့်ပြီးနောက် မည်သည့်နည်းလမ်းကိုရွေးစေကာမူ နောက်ဆုံးတွင် သေသွား နိုင်သည်ကို သိလိုက်ရသည်။ ဤနှစ်ယောက်နောက် လိုက်ရသည်မှာ မျှော်လင့် ချက်တချို့ရှိချင်ရှိနိုင်သည်။

သူတို့က ချန်းမျိုးနွယ်အိမ်တော်ကို နှစ်ယောက်တည်း ဖောက်ဝင်လာနိုင် တယ်ဆိုတော့ သူတို့မှာလည်း အားရှိလို့မဟုတ်လား။

“မင်း ဒီကနေထွက်သွားချင်ရင် ၁၀ မီတာထိတောင် ရောက်မှဦမဟုတ် ဘူး” ရှီမာယူယူသည် သူမ၏ အပြုအမူကို မည်သည့်ထင်မြင်ချက်မှမရှိပေ။ သူမ သည် ဟိုင်ရှီးထက် ၃ နှစ်သာကြီးသော်လည်း ရင့်ကျက်ကာ လူတိုင်းကို လက်လွတ်စပယ် မယုံပေ။

ဟိုင်ရှင်းသည် သူမ၏အတွေးများ လူမိသွားသဖြင့် ရှက်သွားသည်။

“တောင်းပန်ပါတယ်” သူမ တောင်းပန်သည်။

ထိုလူများကို ဟွမ်တစ်ယောက်တည်း ရှင်းနေရသည်ကို ရှီမာယူယူ မြင် သဖြင့် အရိပ်မည်းနှင့် မိုယွိကို ခေါ်ထုတ်ရန် စဉ်းစားလိုက်သည်။ သူမ ယွင်ရာ တို့နှင့်ရှိချိန်တွင် အခွင့်အရေးကောင်းမရှိခဲ့ပေ။ ထို့ကြောင့် ယခုအချိန်သည် အချိန်ကောင်းဖြစ်သည်။

ပြီးနောက် ဤနေရာတွင် မည်မျှကြာအောင် နေရမည်မှန်းမသိသေးပေ။ သူတို့နှစ်ယောက်လည်း ဝိညာဉ်စေတီအတွင်း တစ်ချိန်လုံးမနေနိုင်ပေ။

သူမ ခေတ္တမျှတွေးပြီးနောက် မိုယွိနှင့် အရိပ်မည်းကို ခေါ်ထုတ်လိုက် သည်။ သူတို့သည်လည်း ဝိညာဉ်စေတီအတွင်းမှ အပြင်က အခြေအနေကို စောင့်ကြည့်နေရာ ထွက်လာသည်နှင့် အရိပ်မည်းသည် တိုက်ပွဲတွင် ဝင်ပါတော့ သည်။ မိုယွိသည် ရှီမာယူယူ၏ ဘေးတွင်ရပ်နေသည်။

ဟိုင်ရှင်းသည် လူနှစ်ယောက် ရုတ်တရက်ပေါ်လာသည်ကို ကြည့်ပြီး မျက်လုံးများတွင် သံသယများဖြစ်သွားသည်။ သို့သော် သူမ ဘာမှမမေးပေ။

မိုယွိသည် ဝူလင်းယူကို မမြင်ရသဖြင့် အနည်းငယ် ထူးဆန်းနေကာ မေးလိုက်သည် “သူရော”

“တခြားသူတွေ အဖမ်းခံထားရသေးလားလို့ သွားကြည့်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“သူက မင်းကိုထားသွားတယ်ပေါ့”

“မဟုတ်တာ” သူမ သွားလိုက်လျှင် ဟိုင်ရှင်းကို တခြားသူက လာကယ်ရ လိမ့်မည်။ ထိုအချိန်ကျလျှင် သူမ၏ အလောင်းသာကျန်တော့မည်ကို စိုးရိမ်ရ သည်။

အရိပ်မည်း၏ အားထပ်ပေါင်းလိုက်သောအခါ ထိုလူများကို အမြန်ပင် ရှင်းပြီးလေသည်။ သို့သော် သူတို့သည် ဘာမှမပြောရသေးခင်မှာပင် တခြား တစ်ဖက်မှ တိုက်ခိုက်သံများထွက်လာသည်။

“ကြည့်ရတာ ဟိုဘက်ကလည်း ပေါ်သွားပြီထင်တယ်”

“အစကတည်းက တိတ်တိတ်လေး ထွက်သွားဖို့ မစီစဉ်ထားပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒီအတိုင်းသွားလိုက်ရင် ချန်းမျိုးနွယ်က ဒီအတိုင်း ဆက်သွားနေဦးမှာပဲ.. တစ်ခါတည်း ဒီကပြဿနာကိုပါ ရှင်းပေးရမှာပေါ့”

မိုယိသည် မျက်ခုံးများ ပင့်လိုက်သည် “ဒါက မင်းရဲ့ ပြဿနာဖြေရှင်းတဲ့ ပုံစံပေါ့.. ဒီမိသားစု အကုန်လုံးကိုသတ်ချင်တာ မဟုတ်ဘူးလား”

“ကျွန်မလည်း သူတို့နဲ့ ကောင်းကောင်းစကားပြောချင်တာပဲလေ ဒါပေမဲ့ သူတို့ရဲ့ မိသားစုခေါင်းဆောင်က ထွက်မလာတာလေ.. အဲလိုဆိုရင်လည်း မတတ်သာတော့ဘဲ ဒီနည်းလမ်းနဲ့ရှင်းရတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “လိုအပ်ရင်တော့ ချန်းမျိုးနွယ် ပျက်စီးသွားလည်းဘာဖြစ်လဲ.. အင်အားစု တစ်စု လေးပဲဟာကို ဒီကောင်တွေကိုရှင်းလိုက်ရင် တခြားသူတွေ မထိခိုက်တော့ဘူး”

“သခင်မလေး ကျွန်တော်တို့ သွားကြည့်ကြမလား”

“သွားမယ်” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် ဝူလင်းယူ၏ လုံခြုံ ရေးကို စိတ်မပူသော်လည်း သွားကြည့်ရမည်။

ထိုအဘိုးကြီးများလည်း မကြာခင် ထွက်လာနိုင်သည်။

***

All Chapters