ထိတ်လန့်ခြင်း
Vol. 142 Ch. 1987
“ချန်းမျိုးနွယ်ကို ဘယ်သူလာ ကျူးကျော်ရဲတာလဲ”
ရှီမာယူယူနှင့် တခြားသူများ ဝူလင်းယူဘက်သို့သွားချိန်တွင် အထက်စီး ဆန်လှသော အသံနက်ကြီး ထွက်လာသည်။ ထိုအသံမှာ ရှီမာယူယူ၏ ရင်ထဲထိ ပါ ဟိန်းသွားသည်။
ဟိုင်ရှင်းသည် ထိတ်လန့်မှုကြောင့် မေ့လဲသွားကာ ရှီမာယူယူ ဝိညာဉ် စေတီထဲ ပို့ထားလိုက်သည်။
“အဲလူက အားမသေးဘူး” မိုယွိ ပြောလိုက်သည်။
“ကြည့်ရတာ မျိုးနွယ်တွင်းက အဘိုးကြီးတွေထဲက တစ်ယောက်ဖြစ်ရ မယ်” ရှီမာယူယူသည် ဆေးတစ်လုံးထုတ်ပြီး သူမပါးစပ်ထဲထည့်လိုက်သည်။ သို့သော် ဟွမ်နှင့် တခြားသူများအတွက်တော့ ကြီးမားသော ပြဿနာမဟုတ် ပေ။
သို့သော် ချန်းမျိုးနွယ်တွင် ဤကဲ့သို အရည်အချင်းရှိသော အဘိုးကြီးမျိုး တစ်ယောက်မကသည်မှာ သေချာသည်။ မကြာခင်တွင် ဒါဇင်ထက်ကျော်သော အဘိုးကြီး များထွက်လာပြီး ထိုလူ၏ တစ်ဖက်တစ်ချက်တွင် ရပ်ကြလေသည်။
ဝူလင်းယူနှင့် ယွင်ရာတို့သည် ရှီမာယူယူဆီသို့ ပျံလာပြီး သူတို့နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
“တကယ်ပဲ တြိဂံဒေသရဲ့ မျိုးရိုးမြင့်လူတွေဖြစ်သင့်ပါတယ်.. ဒီအင်အား က အပြင်က မျိုးနွယ်ကြီးတွေထက်တောင် သန်မာသေးတယ်” မိုယွိသည် ခံစား ချက်ပါပါ ပြောလိုက်သည်။
ဖြေရှင်းရန် အနည်းငယ် အခက်တွေ့မည့်ပုံပင်။
“မင်းတို့က ဘယ်သူတွေလဲ ငါတို့ချန်းမျိုးနွယ်ကို ကျူးကျော်ပြီး ပြဿနာ လာရှာရဲတယ်” သူတို့ကို မျက်နှာချင်းဆိုင်နေသော ချန်းမျိုးနွယ်၏ အကြီးအကဲ ကြီး ချန်းဖန်သည် အော်လိုက်သည်။
ချန်းဖန်သည် အဖြစ်အပျက်များကို မသိသေးပေ။ အကြီးအကဲကြီး တစ် ယောက်အနေနှင့် မျိုးနွယ်အတွင်းမှ ကိစ္စများကို ဂရုမစိုက်ခဲ့ပေ။ မျိုးနွယ်တွင် ပြဿနာတစ်စုံတစ်ရာရှိမှပင် ထွက်လာတတ်သူဖြစ်သည်။
“အကြီးအကဲကြီး သူတို့တွေက အပြင်လူတွေပါ သူတို့က ကျင့်စဉ်ဖိုကို လုဖို့လာတာပါ” ချန်းမျိုးနွယ်ဝင်များ အော်ကြသည်။
ကျင့်စဉ်ဖိုကို လာလုတာလား။ ဒါက ပြဿနာပဲ။
“ကျင့်စဉ်ဖိုက ဘယ်မှာလဲ”
“သူတို့ လုသွားပါပြီ ပြီးတော့ အဲမိန်းမက အကြီးအကဲ ၇ ကိုလည်း သတ် သွားပါတယ်”
“ဘာ မင်အာ သေပြီဟုတ်လား” ချန်းဖန်သည် ထိတ်လန့်သွားကာ အမြန် ပင် ချန်းမင်၏ အသက်ကျောက်စိမ်းပြားထုတ်ကြည့်ရာ အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွားသည်ကို တွေ့လိုက်ရသည်။
“မင်းက တကယ်ပဲ ငါ့မင်အာကို သတ်လိုက်တာပဲ” ချန်းဖန်၏ အကြည့် မှာ ယုတ်မာသည့်အကြည့်အဖြစ် ပြောင်းသွားပြီး မသတီစရာ လူသတ်မည့် အရိပ်အယောင်များ ပြည့်သွားလေသည်။ “ငါ မင်းတို့ အကုန်လုံးကိုသတ်ပြီး ငါ့ မင်အာ သင်္ဂြိုလ်တဲ့နေရာမှာ အဖော်ပြုခိုင်းရမယ်”
“အကြီးအကဲကြီး အဲလူတွေက ကျွန်တော်တို့ ဖမ်းထားတဲ့လူတွေကို လည်း လွှတ်ပေးလိုက်တယ်.. ပြီးတော့ မျိုးနွယ်ဝင်တွေကိုလည်း သတ်သွား တယ်” အကြီးအကဲတစ်ယောက်သည် သူတို့အားလုံးကို တစ်ခါတည်းသတ်ရန် မျှော်လင့်ကာ အခွင့်အရေးယူပြီး စောဒကတက်သည်။
“ဟင်း အတင့်ရဲလိုက်တာ.. မင်းတို့မှာ အားလေးနည်းနည်းရှိတာနဲ့ ငါတို့ ချန်းမျိုးနွယ်ကို ဝင်ဖို့ အတင့်ရဲနေတာပေါ့ ဟင်း မင်းတို့ ဒီနေ့ဒီကနေ ထွက်သွား ခွင့်မရစေရဘူး”
မျိုးနွယ်အကြီးအကဲ တစ်ဒါဇင်ကျော်ကာ မျိုးနွယ်ဝင်များလည်း အများ အပြားရှိနေသဖြင့် အခြေအနေမှာ ရုတ်တရက် ပြောင်းပြန်ဖြစ်သွဦးသည်။ ချန်းမျိုးနွယ်အများစုကို ဝူလင်းယူသတ်ခဲ့သည်။ ယခုအချိန်တွင် ထိုလူများသည် သူတို့ကို အတုံ့အလှည့်အဖြစ် ပြန်သတ်ရန် ယုံကြည်ချက်ရှိနေကြသည်။
“ပြောမှပဲ ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေရဲ့ စွမ်းအားကို အခုထိ သုံး မကြည့်ရသေးဘူး” ရှီမာယူယူသည် တစ္ဆေတစ်ရာအလံတော်ကို ထုတ်လိုက် သည် “အင်း ဒီနေ့တော့ လေ့ကျင့်ရမယ့်အချိန်ရောက်လာပြီ”
“တစ္ဆေတစ်ရာအလံတော်” အဘိုးကြီးများသည် ပစ္စည်းတော်တော်များ ကို သိကြသဖြင့် ထိုပစ္စည်းသည် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သည့် တစ္ဆေ တစ်ရာအလံတော်ဖြစ်ကြောင်းကို ချက်ချင်းသိလိုက်သည်။
သို့သော် သူတို့ ဂရုမစိုက်ပေ။ ထိုအထဲတွင် တစ္ဆေများရှိလျှင်တောင် မပြောပလောက်သော အကောင်များသာဖြစ်မည်။ သူတို့နှင့် ပြိုင်ဘက်ဖြစ်လာ နိုင်စရာ အကြောင်းမရှိပေ။
အင်အားဆိုသည်မှာ လူအရေအတွက်ပေါ် မူတည်ခြင်းမရှိဘဲ အဆီအနှစ် သာဖြစ်သည်။ သူတို့ကဲ့သို့ လူအိုကြီးများအတွက်ကတော့ တစ်ယောက်လျှင် စစ်သည်တစ်ထောင်အားနှင့် ညီမျှသည်။
“ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေရဲ့ အင်အားက ဘယ်လောက်ကြီးလဲဆို တာ နောက်ဆုံးတော့ ငါတို့ကိုပြပေးတော့မှာပေါ့” ယွင်ရာ ပြောလိုက်သည် “မြန်မြန် ခေါ်ထုတ်လိုက်တော့”
ရှီမာယူယူသည် တစ္ဆေတစ်ရာအလံတော်ကို ထိန်းချုပ်ပြီး ရှေးဟောင်း တိုက်ပွဲဝိညာဉ်တစ်ရာကို ခေါ်ထုတ်လိုက်သည်။
ထိုအချိန်တွင် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များသည် သူမ၏ ဂရုစိုက်ပေး မှုကြောင့် ဝိညာဉ်အသိနှင့် မှတ်ဉာဏ်များ ပြန်ရနေပြီဖြစ်သည်။ သို့သော် သူတို့ ၏ အသိစိတ်မှာ ရှီမာယူယူကို သခင်အဖြစ် သတ်မှတ်ထားကြသည်။
သူတို့သည် ရှေးဟောင်းစစ်မြေပြင်တွင် အကြာကြီးနေလာခဲ့ကြသဖြင့် သူတို့၏ နတ်ဆိုးရောင်ဝါနှင့် လူသတ်နိုင်သည့်ရောင်ဝါမှာ အလွန်သန်မာသည်။ သူတို့ထွက်လာသည်နှင့် ထိုလူများသည် ချက်ချင်းပင် အေးစိမ့်သွားလေသည်။
“ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေ” ချန်းမျိုးနွယ်အကြီးအကဲများသည် ရှီမာယူယူကို ရင်ဆိုင်ရန်အတွက် ပင့်သက်ရှိုက်မိကြသည်။ ဒီလောက်များတဲ့ ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေ.. ကြည့်လိုက်တာနဲ့ သူတို့ရဲ့ တိုက်ခိုက်မှု စွမ်းအားက မသေးဘူး။ သူမမှာသာ ထပ်ရှိနေရင်…
ထိုအကြောင်းတွေးမိသောအခါ သူတို့သည် တုန်ယင်လာသည်။
“ကြည့်ရတာ အကုန်လုံးက ဗဟုသုတရှိကြတယ်ထင်တယ်.. ဒီတြိဂံဒေသ ကိုမလာခင်က ရှေးဟောင်းစစ်မြေပြင်ကိုသွားပြီး ဒီရှေးဟောင်းတိုက်ပွဲဝိညာဉ် တွေရခဲ့တာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဒီမတိုင်ခင်က တိုက်ခိုက်ဖို့ သူတို့ကိုမသုံးဖူးသေးဘူး.. အတော်ပဲ တစ်ခါတည်းစမ်းကြည့်လို့ရတာပေါ့”
ပြောပြီးချက်ချင်းဆိုသလိုပင် ထိုရှေးဟောင်းတိုက်ပွဲဝိညာဉ်များသည် ချန်းမျိုးနွယ်များဆီသို့ ပြေးသွားလေသည်။
ထိုရှေးဟောင်းတိုက်ပွဲဝိညာဉ်များ မည်မျှအားကောင်းသည်ကို သူမ မသိ ပေ။ သို့သော် သူမ လက်ဝှေ့ယမ်းလိုက်သည်နှင့် ထိုအင်အားကြီးသူများကို အမိန့်ပေးနိုင်သည်ကို အကဲဖြတ်ကြည့်လျှင် ထိုချန်းမျိုးနွယ်ကဲ့သို့ လူများကို ဖြေရှင်းရန် ဖြစ်နိုင်သည်။
“ထောင်လွှားနေတဲ့ကလေးပါလား မင်းမှာ ဒီရှေးဟောင်းတိုက်ပွဲဝိညာဉ် တွေရှိတာနဲ့ပဲ နိုင်ပြီလို့ထင်နေလား.. ဟင်း မင်းကို အရင်သတ်လိုက်ရင် ဒီ ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေဆိုတာက အသုံးမဝင်တော့ဘူး” ချန်းဖန်သည် ရှီမာယူယူဆီသို့ ပျံလာရာ ဝူလင်းယူသည် ချက်ချင်းပင် တုံ့ပြန်ပြီး ရှီမာယူယူ အနားသို့ ကပ်ခွင့်မပေးပေ။
တခြားသောအကြီးအကဲများလည်း လှုပ်ရှားကြရာ ဟွမ်နှင့် မိုယွိပါ တိုက်ပွဲတွင် ဝင်ပါကြသည်။ သူတို့သည်တစ်ယောက်စီ တာဝန်ယူကြသည်။
“အခု မင်းကို ဘယ်သူမှ မကူညီတော့ဘူး” နောက်အကြီးအကဲတစ် ယောက်သည် ရှီမာယူယူအနားတွင် ကာကွယ်တော့မည့်သူမရှိတော့သည်ကို မြင်သည်နှင့် ပျံလာသည်။
“မီအာ”
“ဘုန်း”
မီအာပေါ်လာသည်နှင့် ထိုအကြီးအကဲသည် လွှင့်ထွက်သွားသည်။ မီအာ သည် လက်ကိုရွံရှာစွာဖြင့် ခါနေသည်။
ငါ တကယ်ပဲ အဲလူကြီးကိုထိလိုက်တာလား။ အမှားလုပ်မိတာပဲဖြစ်မှာပါ။ ဒါ နောက်ကျမှ ခေါ်ထုတ်တဲ့ ဒီအမျိုးသမီးကို အပြစ်တင်ရတော့မှာပဲ။
“နောက်တစ်ခါ မင်းကို စောစောခေါ်ပါ့မယ်” ရှီမာယူယူသည် တည်ကြည် စွာ ပြောလေသည်။
“အင်း ပြောတဲ့အတိုင်း လုပ်တာကောင်းမယ်” မီအာသည် နှုတ်ခမ်းဆူကာ လက်နှစ်ဖက်ဖြင့် လှုပ်ရှားကာ ထိုလူများကို တိုက်ခိုက်လေသည်။
ထိုအချိန်တွင် လူတစ်ယောက် ရောက်လာပြီး တိုက်ခိုက်ရာ မီအာသည် လှည့်လာပြီး သူ့ကိုမျက်လုံးထဲမထည့်သည်ကို ဒေါသထွက်သွားပြီး လက်ဖဝါး ဖြင့် ရိုက်ချလိုက်လေသည်။
အမည်းလေးနှင့် ဟိန်းသံလေးတို့သည် မည်သည့်နေရာကနေ ရောက်လာ သည်မသိ။ ရှီမာယူယူကို စစ်မြေပြင်အစွန်းတွင်တွေ့သည်နှင့် အမြန်ပြေးလာ ကြသည်။
“ယူယူ ငါတို့တွေ ရတနာတွေ အများကြီးတွေ့ခဲ့တယ်” ဟိန်းသံလေး သည် သူမရင်ခွင်ထဲသို့ ပြေးဝင်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည်။
အမည်းလေးသည် ရှီမာယူယူအား လက်ကလေးဖြင့် ပွတ်ပြီး ပျော်ရွှင်နေ သည်။ ကစားစရာ အရုပ်အများကြီးရပြီ။
သူမ တစ်ယောက်တည်းရှိနေသည်ကို တခြားတစ်ယောက်မှ မြင်သွားပြန် သည်။
ရှီမာယူယူသည် နှာမှုတ်လိုက်သည်။ အဲလူတွေက သူမမှာတိုက်ခိုက်မှု စွမ်းအားမရှိတဲ့ ကြက်ပေါက်လေးလို့ ထင်နေကြတာလား။
သူမသည် ဟိန်းသလေးလေးကို အမည်းလေးဆီသို့ ပစ်ပေးပြီး ဝိညာဉ် စွမ်းအားစုစည်းကာ ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားသည့်လူကို တိုက်ခိုက် လိုက်သည်။ သူတို့နှစ်ကောင်သည် လုံးထွေးသွားကာ တစ်ကောင်နှင့်တစ် ကောင် ဖက်၍ပင်ထားလေသည်။
သူမ တိုက်ခိုက်ပြီးသောအခါ အသေအချာ မတိုက်ခိုက်ရသည်မှာ ကြာနေ ပြီကို သတိရလိုက်သည်။ တစ္ဆေလောကကို ရောက်ပြီးနောက် သူမ၏ ကိုယ်ပိုင် အားမှာမမြင့်ပေ။ သို့သော် အင်အားကြီးသောလူများနှင့် အမြဲတမ်းတွေ့ခဲ့ရ သည်။ အားကောင်းသော အပေါင်းအဖော်များကို မှီခိုကာ အချိန်တိုင်း မိုးကြိုး နှင့်သာ ဖြေရှင်းခဲ့သည်။ ဤကဲ့သို့ ကိုယ်ပိုင်အားနှင့် ဖြေရှင်းသည်မှာ ရှားပါးလှ သည်။
သူမသည် ရုတ်တရက် ဝူလင်းယူ၊ ဟွမ်နှင့် တခြားသူများအပေါ် မှီခိုလွန်း သည်ကို သတိထားမိသွားသည်။ သူမ စိတ်ကိုပြန်ပြင်ရတော့မှာပဲ။
ဖြစ်နိုင်သည်မှာ သူမ၏ ကိုယ်ပိုင်အားကို တိုးမြင့်စေရန် လျှို့ဝှက်ဂိုဏ်းသို့ သွားပြီး လေ့လာလိုက်သည်က အခွင့်အရေးကောင်းဖြစ်နိုင်သည်။
“ဘုန်း”
ချန်းဖန်သည် ဝူလင်းယူ၏ တိုက်ခိုက်မှုကြောင့် လွှင့်ထွက်သွားပြီး ချန်း မျိုးနွယ်၏ရှေ့၌ပင် အသက်ပျောက်သွားလေသည်။ ထိုအချိန်တွင် အားလုံး ရပ် တန့်သွားကြသည်။
ချန်းမျိုးနွယ်ဝင်များ မှင်တက်သွားကြသည်။ သူတို့၏ အကြီးအကဲကြီးမှာ အသတ်ခံလိုက်ရလေပြီ။
“အခု ဘိုးဘေးကြီးပဲ ငါတို့ချန်းမျိုးနွယ်ကို ကယ်နိုင်တော့မယ်”
“ဘိုးဘေးကြီးက ဘယ်မှာလဲ”
“သူက တံခါးပိတ်ကျင့်ကြံနေတာ.. သွားရှာလို့မရဘူး…”
***