← Chapters

တိုက်ခိုက်ရန် မဖြစ်နိုင်

Vol. 142 Ch. 1988

တိုက်ခိုက်ရန် မဖြစ်နိုင်

Vol. 142 Ch. 1988

ချန်းမျိုးနွယ်အတွင်းသို့ ကျူးကျော်သူများ ဝင်ရောက်လာသည်ဟု သတင်း ရချိန်တွင် ချန်းမျိုးနွယ်ခေါင်းဆောင် ချန်းစန်းသည် ကျောက်မျိုးနွယ်တွင် ဧည့်သည်အဖြစ် ရောက်နေချိန်ဖြစ်သည်။ ချန်းမျိုးနွယ်၏ အိမ်တော်သို့ ကျူးကျော်လာသူများသည် ချန်းမျိုးနွယ် ဖဖမ်းထားသည့်လူများအားလုံးကို ကယ်ထုတ်သွားသည်ဟု ကြားသည်နှင့် ထိုင်မနေနိုင်တော့ဘဲ ချက်ချင်းပင် လူ ခေါ်ပြီး ပြန်လေသည်။

“သူတို့တွေက အဲဒီအပြင်လူတွေလား” ကျောက်မျိုးနွယ်ခေါင်းဆောင် ဖြစ်သူ ကျောက်လိုင်ဖန်း မေးလေသည်။

“သူတို့ပါပဲ ကျုပ်တို့လည်း အဲဒီမှာ ရှာနေတာပဲ ဒါပေမဲ့ သူတို့က ကျုပ်တို့ အိမ်တော်ကိုဝင်ပြီး ပြဿနာလာရှာတယ်.. ကြည့်ရတာ ပြီးခဲ့တဲ့တစ်ခေါက် ကျုပ်တို့ ကြားခဲ့တဲ့သတင်းက မမှန်ဘူးနဲ့တူတယ်” ချန်းစန်းသည် အေးစက်စွာ နှာမှုတ်လေသည်။

“အရင်တစ်ခေါက် သတင်းက မောင့်မျိုးနွယ်ဆီကရတာလေ.. သူတို့ကို လည်း အဲလူတွေ လှည့်စားသွားတာဖြစ်ရမယ်” ကျောက်လိုင်ဖန်း ပြောလိုက် သည် “ဒါပေမဲ့ သူတို့က ချန်းမျိုးနွယ်ကို သွားခဲ့ကြတယ်ဆိုတော့ အသက်မရှင် ချင်ကြတော့ဘူးနဲ့တူတယ်”

“ဟင်း ကျုပ်တို့ ချန်းအိမ်တော်ကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ ရမယ်လို့ ထင်နေတာလား” ချန်းစန်း ပြောလိုက်သည် “ဒါပေမဲ့ ကျုပ် ပြန်မှဖြစ် မယ်.. သူတို့ကို ကျုပ်ဖန်းနိုင်ရင် ခင်ဗျားတို့ကို ဟိုင်ရှီးကို ပေးပါ့မယ်”

“ဒါဆို ကျုပ်လည်း ခင်ဗျားနဲ့လိုက်မယ်.. ကျုပ်လည်း အဲဒီအပြင်လူတွေ ကို နည်းနည်းသိချင်တယ်.. ဒီအတိုင်းတစ္ဆေဘုရင်ရဲ့ ထောက်ပံ့မှုကို မှီခိုနေရပြီး တော့ သူတို့တွေက လာမောက်မာနေကြတာ” ကျောက်လိုင်ဖန်း ပြောလိုက် သည်။

“ကောင်းပါပြီ ခင်ဗျားလည်း ဟိုင်ရှီးကို ပြန်ခေါ်သွားလိုက်ပေါ့ အဲလိုဆို ကျုပ်တို့ သူ့ကိုလာပိုစရာမလိုတော့ဘူးပေါ့” ချန်းစန်း ပြောလိုက်သည်။

ထို့ကြောင့် ကျောက်လိုင်ဖန်းသည် လူအနည်းငယ်ခေါ်ကာ ချန်းစန်းနှင့် အတူ ချန်းမျိုးနွယ်သို့ သွားခဲ့ကြသည်။ သူတို့ မျိုးနွယ်သို့ရောက်သောအခါ လေထုမှာ တစ်ခုခုလွဲမှားနေသည်ကို ခံစားမိလိုက်သည်။

တိတ်ဆိတ်လွန်းသည်။

သတင်းရသည့်အချိန်မှ ယခုလက်ရှိအချိန်ထိ ကြာချိန်မှာတိုလွန်းသည်။ ထို့ကြောင့် ကိစ္စမှာဖြေရှင်းပြီးပြီဟု ဆိုလိုနိုင်သည်။ သို့သော် ရှီမာယူယူတို့ကို သာ သတ်လိုက်နိုင်ပါက ချန်းမျိုးနွယ်သည် ဤမျှတိတ်ဆိတ်နေမည်မဟုတ်ပေ။

“လောင်ချန်း ဒီလေထုက နည်းနည်းထူးဆန်းတယ်လို့ ဘာလို့ထင်နေမိ တာလဲ” ကျောက်လိုင်ဖန်းလည်း မေးလိုက်သည်။

“တစ်ခုခုတော့မှားနေပြီ အပြင်ထွက်ပြီး ကြည့်ရအောင်”

ဖြတ်လမ်းဝင်္ကပါ တည်ရှိရာနေရာသည် လူသူပြတ်လပ်သဖြင့် ဤနေရာ မှ အဖြစ်အပျက်များကို မသိနိုင်ပေ။ သူတို့သည် အရှေ့ကိုဆက်သွားမှ နားလည် နိုင်မည်။

သူတို့ ထွက်လိုက်သည်နှင့် အပြင်မှ စောင့်နေသော မြင်ကွင်းကြောင့် ထိတ်လန့်ကုန်ကြသည်။

“ခေါင်းဆောင်ချန်း… ပြန်လာဖို့ကို တော်တော်ကြာတာပဲ” ရှီမာယူယူ သည် ခုံကြီးတစ်ခုံတွင်ထိုင်ကာ နောက်ကိုမှီပြီး စိတ်မရှည်နိုင်ဖြစ်နေသည်။

ပြီးနောက် ချန်းမျိုးနွယ်သည် သူမအနောက်တွင်ရပ်နေပြီး တစ်ယောက်မှ ထွက်မလာရဲကြပေ။

အသက်မရှုကြတော့ဘူးလား။ သူတို့ လုပ်ရဲလား။ အကြီးအကဲကြီးကို တောင် သူမလူတွေ သတ်လိုက်ကြပြီ။

“မင်းက ရှီမာယူယူပဲ” ကျောက်လိုင်ဖန်း အော်လိုက်သည်။

“ကျောက်မျိုးနွယ်ခေါင်းဆောင် ကျွန်မကို အရှင်လတ်လတ်ကြီးတွေ့ လိုက်ရလို့ အံ့ဩသွားပုံပဲ” ရှီမာယူယူသည် ဒုကအကြီးအကဲ၏ မှတ်ဉာဏ် ကျေးဇူးကြောင့် ချန်းစန်းနှင့် ကျောက်လိုင်ဖန်းကို အတိအကျပင် သိနေသည်။

“တကယ်ကို အံ့ဩစရာပဲ နိမ့်ကျတဲ့သူတွေက ဆိုးရွားတယ်လို့ ပြောကြ တယ်.. တကယ်ပါပဲလား” ကျောက်လိုင်ဖန်းသည် ရှီမာယူယူ၏ အဆင့်အတန်း ကို မျက်လုံးထဲတွင်ပင် မထည့်ပေ။ တစ္ဆေဘုရင်ရဲ့ မြေးမဖြစ်တော့လည်း ဘာ အရေးလဲ။ ဒီနေရာမှာဆိုရင် ဂိုဏ်းသုံးခုက ဂရုတောင်မစိုက်ဘူး။

ချန်းမျိုးနွယ်က ဘာတွေလုပ်နေလဲကိုမသိတော့ဘူး။ ဒီလောက် လူအများ ကြီးရှိတာ သူမကိုတောင် မသတ်နိုင်ဘူး။ ပြီးတော့ သူတို့အားလုံး သူမနောက် မှာ ရပ်နေကြတာက ဘာအဓိပ္ပာယ်လဲ။ ချန်းမျိုးနွယ်က သူတို့နဲ့ တစ်ဖက်တည်း နေလိုက်လို့ သူမက ဒီလောက် အသံကျယ်နိုင်တာလား။

“ဟီး ဟီး ကျောက်မျိုးနွယ်ခေါင်းဆောင်က သဘောထားသေးပြီး အဆင့် အတန်းမရှိဘူးလို့ ပြောကြတာ တကယ်ပဲထင်ပါရဲ့.. ကျွန်မ မသိလို့ပါ ဒီလို ခေါင်းဆောင်တစ်ယောက်သာ မရှိတော့ရင် ကျောက်မျိုးနွယ်က ဖြောင့််မတ် သွားမလား” ရှီမာယူယူသည် တိုးညင်းစွာ ပြောလေသည်။

“မင်း ဘာအဓိပ္ပာယ်လဲ”

“ကြားတဲ့အတိုင်းပဲလေ.. ရှင်က အမြဲတမ်း ဒီလိုပြောနေရင်တော့ ကျွတ် ကျွတ် ရှင့်ဦးနှောက်ကတော့ စိတ်ပူစရာပဲ” ရှီမာယူယူ ခေါင်းခါလိုက်သည် “ကျွန်မ မသိလို့ပါ ကျောက်ခေါင်းဆောင်က ချန်းမျိုးနွယ်အိမ်တော်မှာ သေသွား ရင် မိသားစုက ဘယ်လိုဖြစ်မလဲ.. ကောင်းသွားမှာမဟုတ်ဘူးလား”

“ငါတို့ ဆက်ဆံရေးကို ရန်လာတိုက်ရဲသေးတာလား” ချန်းစန်း အော်ငေါက်လိုက်သည် “မင်းတို့ ဘာလို့အဲဒီမှာ ရပ်နေကြတာလဲ.. သူတို့ကို သွားသတ်လိုက်ကြတော့လေ.. ချန်းဖန်း မင်း အခုဘာလုပ်နေတာလဲ”

“ခေါင်းဆောင်ချန်း အော်နေစရာမလိုပါဘူး သူ လာမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ ဒီမှာအကြာကြီးစောင့်နေရတာဆိုတော့ အတိုချုပ်ပဲပြောပြတော့မယ်.. ရှင်တို့ ကျွန်မတို့ နောက်ကိုလိုက်တာ လက်လျော့နိုင်မလား.. ကျွန်မက မျိုးနွယ်တွေကို ချေမှုန်းတာလိုမျိုး လက်ဝင် တဲ့အလုပ်ကို လုပ်ရတာမကြိုက်ဘူး ဒါပေမဲ့ ရွေးရမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး နဲ့ အေးချမ်းဖို့အတွက်တော့ သေချာပေါက် ရွေးရလိမ့်မယ်”

“မင်းက ငါ့ကိုခြိမ်းခြောက်နေတာလား” ချန်းစန်း မေးလိုက်သည်။

“မဟုတ်ဘူး ဆွေးနွေးနေတာပါ” ရှီမာယူယူသည် စိတ်ရင်းနှင့် ပြောလိုက် သည် “ရှင်တို့ စကားအကောင်း ပြောချင်လား မပြောချင်ဘူးလားဆိုတဲ့ အပေါ် မှာ မူတည်တယ်”

“မင်းတို့ ဟိုင်ရှီးကိုသာ ပေးမယ်ဆိုရင် တစ္ဆေဘုရင်ရဲ့ မျက်နှာကို ထောက် ပြီး မင်းတို့အသက်ကိုသက်ညှာပေးလိုက်မယ်” ချန်းစန်း ပြောလိုက်သည်။

“ကြည့်ရတာ ရှင်က ကျောက်မျိုးနွယ်ဘက်မှာ နေတုန်းထင်တယ်” ရှီမာယူယူ သက်ပြင်းချလိုက်သည် “ဒါပေမဲ့ ဟိုင်ရှီးကို မပေးနိုင်တဲ့အပြင် သူ့ အစ်မဟိုင်ရှင်းကိုပါ ကျွန်မ ခေါ်သွားမယ်”

“ဒါဆိုရင်လည်း မင်းရဲ့အသက်ကို ထားသွားလိုက်ပေါ့”

ချန်းစန်း၏ စကားများပြောသည်နှင့် ချန်းမျိုးနွယ်များ လှုပ်လှုပ်ရှားရှားဖြစ် သွားသည်။ သူတို့ကို တိုက်ခိုက်ချင်တာလား။ သူတို့ကို သေလမ်းပို့နေတာလား။

“ခေါင်းဆောင်” ဒဏ်ရာရထားသော အကြီးအကဲများ ရောက်လာသည်။ သူတို့၏ ပုံစံကိုကြည့်ပြီး ချန်းစန်းနှင့် ကျောက်လိုင်ဖန်းတို့ ထိတ်လန့်ကုန်သည်။

“ဘာတွေ ဖြစ်ထားကြတာလဲ”

“ခေါင်းဆောင် သူမနဲ့ မတိုက်ခိုက်ပါနဲ့”

“ခေါင်းဆောင် ချန်းဖန်းကိုလည်း သူတို့ သတ်လိုက်ကြပြီ.. အကြီးအကဲ ၃ ယောက်လည်း သေသွားပြီး မျိုးနွယ်ဝင် ရာချီလည်း သေကုန်ကြပြီ.. ကျုပ်တို့ ထပ်တိုက်ခိုက်လို့မဖြစ်တော့ဘူး မဟုတ်ရင် မျိုးနွယ်တစ်ခုလုံး ဆုံးရှုံးရလိမ့်မယ်”

“ဟုတ်ပါတယ် ခေါင်းဆောင် ထပ်ပြီး မတိုက်နိုင်တော့ဘူး”

“မင်းတို့ ဘာတွေပြောနေတာလဲ” ချန်းစန်းသည် ကြားရသည့်စကားများ ကို မယုံနိုင်ပေ။

ချန်းမျိုးနွယ်က ဒီလောက်လူအများကြီး သေသွားတာလား။ အကြီးအကဲ ၄ ယောက်တောင် သေသွားတာလား။

“ခေါင်းဆောင် အမှန်ပါပဲ.. ကျုပ်တို့ ဒဏ်ရာတွေကလည်း သူတို့ကြောင့် ရလာတာပဲ.. သူမက မျိုးနွယ်ကို မဖျက်ဆီးချင်လို့ကြောင့်သာရယ် မဟုတ်ရင် ခေါင်းဆောင် ပြန်လာတာကိုတောင် စောင့်မှာမဟုတ်ဘူး”

ချန်းစန်း၏ အကြည့်များသည် စူးစိုက်သွာပြီး ဒဏ်ရာအပြင်းအထန်ရထား သော အကြီးအကဲများကို ကြည့်ရာ သူတို့မျက်လုံးထဲတွင် ကြောက်ရွံ့မှုများကို မြင်လိုက်ရလေသည်။

“သူမက အဲလောက် တော်တာလား.. ဒါက ငါတို့နေရာလေ”

“သူမမှာ တစ္ဆေတစ်ရာအလံတော်ရှိတယ်.. တစ္ဆေတစ်ရာအလံတော်မှာ ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေ အများကြီးရှိတယ်… အဲဒီရှေးဟောင်းတိုက်ပွဲ ဝိညာဉ်က စစ်မြေပြင်တစ်ခုကပဲ.. တစ်ယောက်ချင်းစီကလည်း သန်မာကြ တယ်.. ဒီတစ်ခေါက်က အကောင်တစ်ရာပဲခေါ်တာတဲ့ သူမဆီမှာ သုံးထောင် ရှိ သေးတယ်လို့ ပြောတယ်.. ခေါင်းဆောင် ကျင့်စဉ်ဖိုက အဲလောက်တန်ကြေးမရှိ ပါဘူး”

ချန်းစန်းမှာ နှုတ်ဆိတ်သွားသည်။

အမှန်တကယ်သာ ထိုအတိုင်းဖြစ်ပါက ချန်းမျိုးနွယ် ယခုရင်ဆိုင်နေရ သည့် အခြေအနေမှာ အလွန်အန္တရာယ်များသည်။

အကြီးအကဲများ ချန်းစန်းကို စိုးရိမ်တကြီး ပြောနေသည်ကို ရှီမာယူယူ မြင်သောအခါ သူတို့ ဆွေးနွေးနေကြသည်ကို ဘေးမှစောင့်ကြည့်နေသည်။

ကျောက်လိုင်ဖန်းသည် စိတ်မရှည်တော့ပေ။ ချန်းမျိုးနွယ်သာ မလှုပ်ရှား ရင် ရှီမာယူယူတို့ ပြေးသွားကြမှာမလား။ ပြီးတော့ သူတို့က ဟိုင်ရှင်းကို ချန်း မျိုးနွယ်ကိုပေးလိုက်ပြီ။ ဒါပေမဲ့ ဟိုင်ရှီးကိုလည်း ပြန်ဖမ်းမမိသေးဘူး။ ချန်း မျိုးနွယ်က ဂရုမစိုက်ဘူးဆို ဟိုင်ရှီးကို ဘယ်လိုပြန်ဖမ်းမလဲ။

အကြီးအကဲများ ချန်းစန်းကို စကားပြောတာကြာလေလေ သူ ပို၍ စိတ် မအေးဖြစ်လေပင်။ သူသည် သူ့အပေါ်ရောက်နေသော ရှီမာယူယူ၏ အကြည့် များကို လျစ်လျူရှုထားသည်။

အတန်ကြာပြီးနောက် ချန်းစန်း ပြန်လာသည်။ သူ့ အမူအရာကိုကြည့်ပြီး ရွေးချယ်မှုလုပ်ခဲ့ပြီဖြစ်ကြောင်း ကျောက်လိုင်ဖန်း သိလိုက်သည်။ မဟုတ်လျှင် သူ စိုးရိမ်ထားသလို ဖြစ်လာမည်လား။ သူ တည်ငြိမ်စွာပင် ပြောလိုက်သည် “လောင်ချန်း သူမကို ဒီအတိုင်းလွှတ်ပေးလို့မရဘူး.. မမေ့နဲ့နော် ကျုပ်တို့ကြား မှာ သဘောတူညီချက်ရှိသေးတယ်”

“တောင်းပန်ပါတယ် လောင်ကျောက် ဘာလို့လဲဆိုတော့ ကျုပ်က မိသားစုကိုလည်း ထည့်တွေးရဦးမယ်” ချန်းစန်းသည် အားတုံ့အားနာစွာဖြင့် ပြောလေသည် “ကျုပ်တော့ ကျင့်စဉ်ဖိုကိစ္စကို မေ့ပစ်ရမယ်ထင်ပါတယ်”

“မေ့ပစ်မယ်ဟုတ်လား.. အဲနှစ်ယောက်ကို လေလံဆွဲဖို့ ကျုပ် ပိုက်ဆံ အများကြီးအကုန်ခံထားရတာ.. အခု ခင်ဗျားက ကျုပ်ကို ဒီလိုပြောတယ်ပေါ့.. ခင်ဗျားက ဟိုင်ရှင်းရထားတယ် ကျုပ်တို့ဟိုင်ရှီးကျ ဘယ်လိုလုပ်မလဲ”

“စွက်”

ဓားရှည်သည် အနောက်မှထိုးဖောက်လာရာ ကျောက်လိုင်ဖန်းသည် မှင် တက်သွားသည်။ သူ့ရှေ့မှ ချန်းစန်းသည်လည်း ဓားရှည် မြူခိုးမည်းဖြစ်သွားပြီး တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ငေးငိုင်ကာဖြင့်ကြည့်နေမိလေသည်။

***

All Chapters