← Chapters

ကမ္ဘာလောကဖန်ဆင်းရှင် ငါးပါးအနက် တစ်ပါးဖြစ်သည့် ကပ်ဘေးနတ်ဘုရား

Vol. 60 Ch. 782

ကမ္ဘာလောကဖန်ဆင်းရှင် ငါးပါးအနက် တစ်ပါးဖြစ်သည့် ကပ်ဘေးနတ်ဘုရား

Vol. 60 Ch. 782

မဟာလမ်းစဉ်၏ မူလရင်းမြစ် ရှေးဟောင်းအက္ခရာတစ်လုံးတည်းပင် ဖြစ်စေကာမူ၊ အမတနယ်မြေတွင် ဤသည်မှာ အလွန်ရှားပါးသော အခွင့်အရေးတစ်ခုဟု သတ်မှတ်ရပေလိမ့်မည်။

သို့သော် ဤကမ္မည်းကျောက်တိုင်ပေါ်ရှိ စာလုံးများသည် အမှန်တကယ်ပင် မဟာလမ်းစဉ်၏ မူလရင်းမြစ် ရှေးဟောင်းစာလုံးများ ဖြစ်နေခဲ့သည်။

ဤကမ္မည်းကျောက်တိုင်သည် ပြည့်စုံသွားခဲ့လျှင်ဖြင့် ၊ မည်မျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်လိမ့်မည်နည်း။

မဟာလမ်းစဉ်၏ မူလရင်းမြစ် ရှေးဟောင်းစာလုံးများဖြင့် ထွင်းထုထားသော ဤယဇ်ပူဇော်ခြင်း ကမ္မည်းကျောက်တိုင်သည် အဘယ်ကြောင့် ကျိုးပဲ့သွားရသနည်း။

ထို့အပြင် ဤကမ္မည်းစာကို မည်သူက ရေးထွင်းခဲ့သနည်း။

စူးရွှမ်ယွမ်၏ စကားသံသည် စူးချန်ကဲ၏ အာရုံပျံ့လွင့်မှုကို တစ်ဖန် ဆွဲခေါ်လာခဲ့သည်။

“ တကယ်တော့ ဒီပေါ်မှာ ရေးထွင်းထားတဲ့ မဟာလမ်းစဉ် မူလရင်းမြစ် ရှေးဟောင်းစာလုံးတွေက သူတို့ရဲ့ နတ်စွမ်းအားတွေကို အရင်ကတည်းက ဆုံးရှုံးခဲ့ပြီးပြီ “

“ ဒီအပိုင်းအစကနေ ငါတို့ ရရှိထားတဲ့ သဲလွန်စတွေအရ ၊ သူတို့ရဲ့နတ်စွမ်းအားတွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်ပွဲကြီးတစ်ခုကြောင့် ပျောက်ကွယ်သွားပုံရတယ်”

ဤစကားများ ထွက်လာသည်နှင့် ၊ စူးချန်ကဲသည် သံသယဖြစ်ကာ မေးမြန်းလိုက်သည်။

“စစ်ပွဲကြီး? မဟုတ်မှလွဲရော ဒဏ္ဍာရီလာ မှတ်တမ်းတွေထဲမှာ ဖော်ပြထားသော ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီးလား “

အမတနယ်မြေ၏ အထက်လောကကို အမတနယ်မြေရှိ လူများက မူလရင်းမြစ်နယ်မြေ ဟု ခေါ်ဆိုကြသည်။

အမတနယ်မြေ၏ ရှေးဟောင်းမှတ်တမ်းများအရ၊ ကမ္ဘာကြီးကို ဖန်ဆင်းခြင်းအစတွင် အလွန်ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး ၊ ထိုတိုက်ပွဲနှင့် ပတ်သက်၍ တိကျသော မှတ်တမ်းများ မရှိခဲ့ပေ။

အမတနယ်မြေရှိ လူတိုင်းက ၎င်းကို ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီးဟု ခေါ်ဆိုခဲ့ကြသည်။

ထိုတိုက်ပွဲကြီးအပြီးတွင် ၊ အမတနယ်မြေကြီး ကိုးခု ဟူ၍ မွေးဖွားပေါ်ပေါက်လာခဲ့သည်။

အကယ်၍ အမတနယ်မြေ၏ အထက်လောကတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့မည်‌‌ ဆိုပါက၊ ၎င်းသည် ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီးသာ ဖြစ်နိုင်သည်။

သို့သော်၊ စူးရွှမ်ယွမ်သည် ခေါင်းယမ်းကာ တိုက်ရိုက် ငြင်းဆန်လိုက်သည်။

“အရင်က ငါတို့လည်း ဒီကျောက်တိုင်ဟာ ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီးအတွင်း ပျက်စီးသွားခဲ့တာလို့ ထင်မှတ်ခဲ့ကြတယ်”

“ဒါပေမယ့် ငါတို့တွေ လျို့ဝှက်နည်းအတတ်နဲ့ အချိန်ပြန်ရစ်ခြင်းကို လုပ်ဆောင်ခဲ့ပြီးနောက်မှာ ...ဒီကမ္မည်းကျောက်တိုင်ပေါ်မှာ ကျန်ရှိနေတဲ့ အငွေ့အသက်ဟာ ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီးထက် ပိုပြီး ရှေးကျမှန်း တွေ့ရှိခဲ့ကြတယ်”

“ပြီးတော့၊ ငါတို့ ကမ္မည်းကျောက်တိုင်ပေါ်က အချက်အလက်တွေကို ဖော်ထုတ်ပြီးနောက်မှာ ...ငါတို့ရဲ့ မှန်းဆချက်တွေက မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့တယ်”

ထိုသို့ပြောရင်း ၊ စူးရွှမ်ယွမ်သည် ဟင်းလင်းပြင်တွင် ပျံဝဲနေသော မဟာလမ်းစဉ်၏ မူလရင်းမြစ် ရှေးဟောင်းစာလုံးများထဲမှ အက္ခရာလေးလုံးကို လက်ညိုးထိုးပြလိုက်သည်။

“ငါတို့ မှန်းဆတာက ၊ ဒီအက္ခရာလေးလုံးဟာ ကမ္မည်းကျောက်တိုင်ရဲ့ အဓိကအချက်ဖြစ်ရမယ်လို့ ယူဆတယ်”

ထိုသို့ဆိုရင်း၊ စူးရွှမ်ယွမ်သည် ခေတ္တခဏ ရပ်တန့်သွားသည်။

သူသည် တစ်စုံတစ်ခုကို စိုးရိမ်နေပုံရပြီး ၊ သူ၏ နတ်အသိစိတ်ကို အလျင်အမြန် ထုတ်လွှတ်ကာ နေရာအနှံ့ အသေးစိတ် စူးစမ်းစစ်ဆေးပြီးမှသာလျှင် လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။

“ကပ်ဘေးနတ်ဘုရားပဲ”

…………

တစ်ချိန်တည်းမှာပင်။

ကွေးယွမ်အမတဂိုဏ်း၏ ဘိုးဘွားပိုင်နယ်မြေ။

ဝီ! !

အဆုံးမရှိသော သက်တံ့ရောင်ခြည်များနှင့်အတူ ၊ အချိန်နှင့်အာကာသ အပိုင်းအစများသည် တာအိုစည်းချက်များဖြင့် ရောယှက်ကာ ကခုန်နေကြသည်။

မျဲ့ရှိန်ရှေးဘိုးဘေးသည် ရိုက်ခတ်လှုပ်ရှားနေသော နိယာမသမုဒ္ဒရာပြင်ထဲမှ သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။

“အိုင်း.. ဒေဝလောက ပြန်လည်စတင်ရာခေတ် စတင်ခါစပဲ ရှိသေးတယ်၊ အမတနယ်မြေမှာ ဒီလောက်အထိ မတည်ငြိမ်မှုတွေ စဖြစ်လာပြီလား”

“ရွှမ်ယွမ် အဘိုးကြီးကလည်း တကယ်ပါပဲ... အမတနယ်မြေကို ရောက်ချလာတယ် “

“ခုလိုစောစောစီးစီး ချန်ကဲကို အမှန်တရားရဲ့ တစိတ်တပိုင်းကို ပေးသိလိုက်တာဟာ ချန်ကဲအတွက် ဖိအားတွေ ပိုတိုးစေရုံပဲ မဟုတ်လား”

“သူတို့ တားမြစ် စူးမိသားစုရှိနေသရွေ့... ချန်ကဲကို မနစ်နာစေရဘူးဆိုပြီး လေကျယ်ထားသေးတယ် “

ထိုစဉ် ၊ မျဲ့ရှန်းရှေးဘိုးဘေးကလည်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း ဆိုလိုက်သည်။

“တားမြစ် စူးမိသားစုက ကောင်တွေ သူတို့ကိုယ်သူတို့ လောကမှာ အတုမရှိဘူးလို့ ထင်နေတာလား..အဲ့လူတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အဲ့လောက်ထိ မလွယ်ဘူး... အဲ့အချိန်ကြရင် ငါတို့ အင်အားစုကြီးနှစ်ခုလုံးကို ဒုက္ခပေးဦးမှာ “

“ထားပါလေ တစ်လှေတည်းစီးနေတာပဲ... ဒါကလည်း ငါတို့အားလုံး အတူတကွ ရင်ဆိုင်ရမယ့် ကိစ္စပဲ “

“အဲ့တာတွေထက်........”

ထိုသို့ဆိုရင်း ၊ အဆုံးမဲ့ နတ်အလင်းများဖြင့် ပြည့်နှက်နေသော မျဲ့ရှန်းရှေးဘိုးဘေး၏ မျက်ဝန်းတစ်စုံသည် အကန့်အသက်မရှိ ကျယ်ပြောလှသော အာကာသကို ဖောက်ထွင်းမြင်ရသည့်အလား၊ အမတနယ်မြေ၏ နေရာသုံးခုပေါ်သို့ ကျရောက်သွားသည်။

ထိုနေရာသုံးခုမှာ ထျန်းချန်လမ်းစဉ်ဂိုဏ်း၊ ဖုန်းယွင်လှံခန်းမ နှင့် ထျန်းယွမ်နတ်ဘုရားမင်းဆက်တို့ တည်ရှိရာ နေရာများပင် ဖြစ်သည်။

“အမတနယ်မြေမှာ လှိုင်းလေထန်အောင် လုပ်ဖို့ ကြံနေတယ်ဆိုရင်... ငါ့ကွေးယွမ်အမတဂိုဏ်းက အကြင်နာကင်းမဲ့တာကို အပြစ်မပြောနဲ့.....”

ရှေးဘိုးဘေးတစ်ဦးအနေဖြင့် သူသည် နတ်ဘုရားလက်နက် အမတမျှော်စင်နှင့် ပတ်သက်သော အဖြစ်အပျက်တစ်ခုလုံးကို သဘာဝကျကျပင် သိရှိထားသည်။

တုံထျန်း အဝေးဘိုးဘေး၏ မှန်းဆချက်အတိုင်း၊ ဖုန်းယွင်လှံခန်းမနှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်းတို့သည် အမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ လက်ပါးစေများ ဖြစ်နိုင်ခြေရှိသည်။

နတ်ဘုရားလက်နက် အမတမျှော်စင် ခရီးစဉ် ပြီးဆုံးချိန်တွင်၊ သူတို့သည် စူးချန်ကဲကို ပစ်မှတ်ထားလာနိုင်သည်။

ထျန်းယွမ်နတ်ဘုရားမင်းဆက်နှင့် ပတ်သက်၍၊ ၎င်းတို့သည် ဤကိစ္စကို အခွင့်ကောင်းယူကာ အမြတ်အစွန်းရရှိရန် ကြံစည်နိုင်ချေရှိသည်။

အမှန်အားဖြင့် သူတို့ တားမြစ်အင်အားစုကြီး သုံးဖွဲ့သည် အရင်ကတည်းက သဘောတူညီမှု ပြုလုပ်ထားကြပြီး ဖြစ်သည်။

တားမြစ် စူးမိသားစုနှင့် သံသရာစက်ဝန်း အမတမင်းဆက်တို့သည် အမတနယ်မြေ၏ အထက်လောကကို စူးစမ်းလေ့လာရန်နှင့် ထိုအကျပ်အတည်းကို ချိုးဖျက်နိုင်မည့် နည်းလမ်းရှာဖွေရန် တာဝန်ယူထားသည်။

သူတို့ ကွေးယွမ်အမတဂိုဏ်းသည် တိုက်မြေ သုံးထောင်တွင် ရှိစဉ်ကကဲ့သို့ပင်၊ စူးချန်ကဲ၏ လုံခြုံရေးကို အစမှအဆုံး ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူထားသည်။

အကယ်၍ မျက်ကန်းအင်အားစုများသည် စူးချန်ကဲကို ဖိနှိပ်ရန် ကြိုးပမ်းလာပါက၊ ကွေးယွမ်အမတဂိုဏ်းသည် ၎င်းတို့ကို ရှင်းလင်းပစ်ရန် တာဝန်ရှိသည်။ လက်ရှိတွင် တားမြစ်အင်အားစုကြီး သုံးဖွဲ့သည် မိမိတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေသည်ဟု ဆိုရမည်။

အင်အားစုကြီး သုံးဖွဲ့ တည်ရှိရာ ကြယ်စုများကို ခပ်ဝေးဝေးမှ လှမ်းကြည့်ရင်း ၊ မျဲ့ရှန်း ရှေးဘိုးဘေးသည် ပြုံးကာ ဆိုလိုက်သည်။

“ဒီအမတနယ်မြေရဲ့ မိုးကောင်းကင်ကြီးဟာ ဆက်ပြီး ပြောင်းလဲနေဦးမှာပဲ!”

………

တစ်ချိန်တည်းမှာပင်။

အသိစိတ်နယ်မြေအတွင်း ၊

စူးရွှမ်ယွမ်၏ စကားသံအဆုံးတွင် ၊

ဤနေရာရှိ အချိန်စီးဆင်းမှုသည် ရပ်တန့်သွားသကဲ့သို့ လောကကြီးတစ်ခုလုံး ထူးဆန်းသော တိတ်ဆိတ်ခြင်းထဲသို့ ကျရောက်သွားသည်။

ကပ်ဘေးနတ်ဘုရား ဟူသော စကားလုံးလေးလုံးကို ကြားလိုက်ရသည်နှင့် ၊ စူးချန်ကဲ၏ နှလုံးသားထဲတွင် ဖော်ပြရန် ခက်ခဲသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤမျှမြင့်မြတ်သော ဖြစ်တည်မှုအပေါ် ရိုသေလေးစားမှု ၊ အမည်မသိ ကြောက်ရွံ့မှု စသော ခံစားချက်များ ရောထွေးဖြစ်ပေါ်လာသည်။

စူးချန်ကဲ စဉ်းစားလို့မပြီးသေးခင် ၊ စူးရွှမ်ယွမ်က ဆက်ပြောသည်။

“ချန်ကဲ... မင်း ကမ္ဘာလောကဖန်ဆင်းရှင် ငါးပါးနဲ့ပတ်သတ်တဲ့ ဒဏ္ဍာရီအကြောင်းကို ကြားဖူးလား”

ထိုစကားကို ကြားလိုက်ရချိန်တွင် ၊ စူးချန်ကဲမှာ ပို၍ နားမလည်နိုင်အောင် ဖြစ်သွားသည်။

ကမ္ဘာလောကဖန်ဆင်းရှင် ငါးပါးရဲ့ ဒဏ္ဍာရီတဲ့လား ... အမတနယ်မြေရဲ့ ရှေးဟောင်းမှတ်တမ်းတွေထဲမှာ တစ်ခါမှတောင် မတွေ့ဖူးဘူး!

“တကယ်တော့ ကမ္ဘာလောကဖန်ဆင်းရှင် ငါးပါးရဲ့ ဒဏ္ဍာရီဟာ အမတနယ်မြေရဲ့ ရှေးအကျဆုံး ဒဏ္ဍာရီတစ်ခုပဲ ... ကမ္ဘာဦးကာလ စတင်ပေါ်ပေါက်ချိန် ၊ အမတနယ်မြေကြီး ကိုးခု မဖြစ်ပေါ်လာခင်က အမတနယ်မြေရဲ့ အထက်လောကမှာ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ငါးဦး တည်ရှိခဲ့တယ်လို့ ဆိုတယ်”

“သူတို့ဟာ ရှေးအကျဆုံး ဖြစ်တည်မှုတွေ ဖြစ်ပြီး ၊ ပထမဆုံး စတင်ခဲ့တဲ့လမ်းစဉ်လည်း ဖြစ်တယ် ၊ အမတနယ်မြေရဲ့ ဒဏ္ဍာရီအရ မဟာလမ်းစဉ်အားလုံးဟာ ကမ္ဘာလောကဖန်ဆင်းရှင် ငါးပါးက ဖန်တီးခဲ့တာဖြစ်ပြီး ၊ ဒြပ်စင်ဝတ္ထုနှင့် သက်ရှိသတ္တဝါအားလုံးဟာလည်း ကမ္ဘာလောကဖန်ဆင်းရှင် ငါးပါးကနေ ဖြစ်ပေါ်လာခဲ့တယ်”

“ဒဏ္ဍာရီအရ အဲ့ပုဂ္ဂိုလ်ငါးပါးစလုံးမှာ ထူးခြားတဲ့ စွမ်းရည်တွေရှိတယ်လို့ ဆိုကြတယ် ၊ အတွေးတစ်ချက်တည်းနဲ့ မဟာစကြဝဠာ လောကကြီးကို ဖန်ဆင်းနိုင်သလို အတွေးတစ်ချက်တည်းနဲ့ အရာအားလုံးကို ဗလာနိတ္ထိအဖြစ် ပြောင်းလဲသွားစေနိုင်တယ်”

စူးရွှမ်ယွမ်၏ စကားများကို နားထောင်ရင်း၊ စူးချန်ကဲ၏ စိတ်နှလုံးသားသည် ပို၍ ထိတ်လန့်တုန်လှုပ်သွားသည်။

အတွေးတစ်ချက်တည်းဖြင့် မဟာစကြဝဠာ လောကကြီးကို ဖန်တီးနိုင်သလို ၊ အတွေးတစ်ချက်တည်းဖြင့် လောကရှိ အရာအားလုံးကို ဗလာနိတ္ထိအဖြစ် ပြောင်းလဲပစ်နိုင်လေသလော။

ထိုအတိုင်းသာဆိုလျှင်ဖြင့် ၊ ဒေဝလောကတစ်ခုလုံးကိုလည်း ဤကမ္ဘာလောကဖန်ဆင်းရှင် ငါးပါးမှ ဖန်တီးခဲ့ခြင်းပင် မဟုတ်လော။

ဤကဲ့သို့ ပြုလုပ်ရန် မည်မျှအားကောင်းသော ခွန်အားမျိုး လိုအပ်လိမ့်မည်နည်း။

“ ဒါပေမဲ့ ကမ္ဘာလောကဖန်ဆင်းရှင် ငါးပါးနှင့် ပတ်သက်တဲ့ သတင်းအချက်အလက်တွေက နှစ်ကာလ မရေတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီဆိုတော့ အမတနယ်မြေရဲ့ အထက်လောကနဲ့ ပတ်သတ်တဲ့ မှတ်တမ်းက တစ်စုံတစ်ရာမှ မကျန်တော့ဘူး”

စူးရွှမ်ယွမ်က ဆက်ပြောသည်။

“တစ်ချိန်က ငါတို့လည်း ကမ္ဘာလောကဖန်ဆင်းရှင် ငါးပါးဆိုတာ လုပ်ကြံဖန်တီးထားတဲ့ ဒဏ္ဍာရီတစ်ပုဒ်လိုပဲ ထင်မှတ်ခဲ့တယ်”

“ ဒါပေမဲ့ ငါတို့တွေ မထင်မှတ်ဘဲ ဒီကမ္မည်းကျောက်တိုင်ကို ရရှိခဲ့တယ် “

“ ဒီပေါ်ကမှတ်တမ်းတွေအရ ၊ ကပ်ဘေးနတ်ဘုရားဟာ ဒဏ္ဍာရီလာ ကမ္ဘာလောကဖန်ဆင်းရှင် ငါးပါးထဲက တစ်ဦး ဖြစ်နိုင်တယ်”

စူးချန်ကဲအနေဖြင့် အံ့အားသင့်မှုကို မဖော်ပြနိုင်ခင်မှာပင် ၊ စူးရွှမ်ယွမ်၏ အသံသည် ပို၍ပင် နက်ရှိုင်းလေးလံလာသည်။

“ပြီးတော့.... အဲ့တုန်းက မင်း အရွယ်ရောက်လာတဲ့ အခမ်းအနားနေ့ ..ထပ်ပြောရရင် ဒေဝလောကတစ်ခွင်လုံး မေ့ပျောက်သွားတဲ့နေ့မှာ ပေါ်ထွက်လာခဲ့တဲ့ ကြောက်စရာကောင်းတဲ့ မျက်နှာကြီးဟာ...”

“ ငါတို့ ဒီကျောက်တိုင်ပေါ်က မှတ်တမ်းတွေကနေတဆင့် ...မှန်းဆမိတာက...သူဟာ ကပ်ဘေးနတ်ဘုရား ဖြစ်နိုင်တယ်”

All Chapters