← Chapters

ဒေါသူပုန်ထနေသော ဆက်ခံသူ မှ ဖန်ဆင်းရှင်နှစ်ပါးအား ကျိန်ဆဲခြင်း

Vol. 60 Ch. 785

ဒေါသူပုန်ထနေသော ဆက်ခံသူ မှ ဖန်ဆင်းရှင်နှစ်ပါးအား ကျိန်ဆဲခြင်း

Vol. 60 Ch. 785

စူးချန်ကဲအား အတွင်းကျသော လျှို့ဝှက်ချက်များကို စောစီးစွာ ထိတွေ့ခွင့်မပေးလိုပုံရကာ စူးရွှမ်ယွမ်သည် စကားလမ်းကြောင်း ပြောင်းကာ ဆက်ပြောလိုက်သည်။

“အဆုံးမဲ့ကပ်ဘေး တိုက်ပွဲရဲ့ အကြောင်းရင်းကလည်း သေချာပေါက် ရိုးရှင်းမှာမဟုတ်ဘူး၊ အဲ့ထဲက လျှို့ဝှက်ချက်တွေကိုတော့ နောင်တစ်ချိန်ကျရင် မင်းကိုယ်တိုင် သိလာလိမ့်မယ်”

“ဒါ့ထက် ငါက မင်းရဲ့ နောက်မေးခွန်းကို အရင်ဖြေမယ်”

“ ဒီကပ်ဘေးနတ်ဘုရား က အဲ့တုန်းက ဖြူဖပ်ဖြူရော် မျက်နှာကြီး ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့တာကလည်း ဒီယစ်ပူဇော်ခြင်း ကမ္မည်းကျောက်တိုင်ကနေပဲ ငါတို့ သိရှိခဲ့တာ”

စူးရွှမ်ယွမ် က ဆက်ရှင်းပြသည်။

“ဒီကမ္မည်းကျောက်တိုင်ပေါ်မှာ ဒီအမည်မသိ အင်အားစုရဲ့ ယဇ်ပူဇော်ပွဲအခမ်းအနားအတွင်း ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို မှတ်တမ်းတင်ထားတယ်”

“အကြမ်းဖျင်း အဓိပ္ပာယ်အရ ၊ ဒီအမည်မသိ အင်အားစုဟာ ထူးခြားတဲ့ နည်းလမ်းတစ်ခုနဲ့ ကပ်ဘေးနတ်ဘုရား နဲ့ ဆက်သွယ်တယ်လို့ ယူဆရတယ်”

“နောက်ဆုံးတော့ သူတို့ဟာ ကပ်ဘေးနတ်ဘုရားရဲ့ အကာအကွယ်ကို ရရှိဖို့အတွက် သူတို့ရဲ့ တစ်သက်လုံး ယုံကြည်ကိုးကွယ်မှုနဲ့အတူ စုဆောင်းထားတဲ့ မဟာလမ်းစဉ် နတ်ဘုရားပစ္စည်းတွေနဲ့ ပူဇော်ခဲ့ကြတယ်”

“ဒီကပ်ဘေးနတ်ဘုရားက သူတို့ကို ဘယ်လိုတုံ့ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ကမ္မည်းကျောက်တိုင်ပေါ်မှာ စာလုံး ၁၆ လုံးပဲ မှတ်တမ်းတင်ထားတယ် ၊ ‘နတ်ဘုရားရဲ့မျက်နှာတော် ကမ္ဘာပေါ်သို့ ဆင်းသက်လေသည်၊ မိုးမြေတစ်ခွင် တိတ်ဆိတ်ကာ ဖြူဖွေးသွားလေသည် ၊ ​​နတ်ဘုရား၏အကြည့် ကျရောက်ရာတိုင်း လူသားမျိုးနွယ်အပေါ် ကပ်ဘေးဆိုက်ရလေသည်’ “

ဤစကားများ ထွက်လာသည်နှင့် စူးချန်ကဲ၏ စိတ်နှလုံးအတွင်း၌ မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဤသည်မှာ မိသားစု၏ လျှို့ဝှက်စာများမှတစ်ဆင့် သိရှိခဲ့ရသော ဒေဝလောကတစ်ခုလုံး မေ့လျော့သွားခဲ့သည့် နေ့ရက်သာပင်။

လောကရှိ အရာအားလုံးသည် ငြိမ်သက်ခြင်းထဲသို့ ကျရောက်သွားသည့်အလား၊ မိုးကောင်းကင်သည် ကြည်လင်သော မိုးပြာရောင် မဟုတ်ဘဲ ဧရာမ ဖြူဖပ်ဖြူရော် မျက်နှာကြီးတစ်ခုက အစားထိုးဝင်ရောက်လာပြီး တိမ်တိုက်တစ်ခုလုံးကို ဖုံးအုပ်ထားခဲ့သည်။

အဖြူရောင် မျက်နှာကြီး၏ ရောင်ပြန်ဟပ်မှုအောက်တွင် ၊ ကမ္ဘာကြီးတစ်ခုလုံးသည် ဖြူဖျော့သွားသည့်အလား ထင်မှတ်ရပြီး ၊ မီးခိုးရောင် မျက်လုံးများသည် ဆန်းကြယ်သော အလင်းရောင်ဖြင့် တောက်ပနေပြီး ၊ လောကကြီးကို စူးစမ်းကြည့်ရှုနေသည်။

ကမ္ဘာကြီးတစ်ခုလုံးကို အမည်မသိ လေထုတစ်ခုက ဖုံးလွှမ်းထားသည်။ ဤသည်မှာ မကောင်းသောနိမိတ်၊ စိတ်ပျက်အားငယ်မှု၊ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကဲ့သို့ပင်။

ဤမြင်ကွင်းသည် မိမိအဘိုးပြောသော စာလုံးဆယ့်ခြောက်လုံးနှင့် အတိအကျ ကိုက်ညီနေသည် မဟုတ်လော။

စူးချန်ကဲသည် စိတ်ထဲတွင် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ၊ ဤအမှန်တရားကို သိရှိပြီးနောက်တွင် ဦးရေပြားတစ်ခုလုံး ထုံကျင်သွားသည့် ခံစားချက်ကိုတော့ ရှောင်လွဲ၍မရနိုင်‌ခဲ့ပေ။

သို့သော် သူ့အနေဖြင့် နားမလည်နိုင်သော အရာတစ်ခု ရှိနေသည်။ ဤဖန်ဆင်းရှင်ငါးပါးအကြောင်း သူ လုံးဝမှ မသိခဲ့သလို ၊ သူတို့အပေါ် မည်သည့်အငြိုးအတေးမှ မရှိချေ။

အဘယ့်ကြောင့် တဖက်လူသည် အမတနယ်မြေ နှင့် အမတနယ်မြေ အထက်ရှိ အတားအဆီးများကိုပင် ဖြတ်ကျော်ကာ သူ့အား လာရောက်ရှာဖွေရသနည်း။

ထိုအချိန်တွင် စူးရွှမ်ယွမ်သည် ပေါ့ပါးသော ပြုံးရယ်သံဖြင့် ဆိုလိုက်သည်။

“ချန်ကဲ မင်း စိတ်မပူနဲ့၊ အဘိုး အရင်က ပြောခဲ့သလိုပဲ ...ဖန်ဆင်းရှင် ဖြစ်နေတောင် ငါတို့ တားမြစ်စူးမျိုးနွယ်စုမှာ တိုက်ခိုက်နိုင်တဲ့ စွမ်းအား ရှိတယ် “

“ငါတို့ လူအိုကြီးတွေ ရှိနေသရွေ့ ကောင်းကင်ကြီး ပြိုကျမှာ မဟုတ်ဘူး”

ဤစကားများသည် အတိုင်းအဆမရှိသော လုံခြုံမှုကို ခံစားရစေကာ စူးချန်ကဲ၏ မငြိမ်မသက်ဖြစ်နေသော နှလုံးသားကို ထပ်မံ ငြိမ်သက်သွားစေသည်။

“ချန်ကဲ ကိုယ့်မိသားစုရဲ့ အစွမ်းသတ္တိကို ယုံကြည်ပါတယ် ၊ ဒါပေမဲ့ ချန်ကဲ နားမလည်နိုင်တာက ဒီကပ်ဘေးနတ်ဘုရား က အဲ့နှစ်က ဘာလို့ ကျွန်တော့်အတွက်နဲ့ သူကိုယ်တိုင် အမတနယ်မြေ ကို ဆင်းသက်လာရတာလဲ”

စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်နေပြီး လေးနက်စွာဖြင့် ဆိုလိုက်သည်။

“ချန်ကဲရဲ့ ကိုယ်ပေါ်မှာ သူ့ကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုခု ရှိနေလို့လား”

ထိုစကားများ ထွက်လာသည်နှင့်၊ စူးရွှမ်ယွမ်သည် စူးချန်ကဲကို လေးလေးနက်နက် ကြည့်လိုက်ပြီး သူ၏ မုတ်ဆိတ်မွေးများကို သပ်ချရင်း ရယ်မောလေသည်။

“ဟားဟား... ချန်ကဲ မင်းက အတော်လေး ဉာဏ်ကောင်းသကိုး “

“မင်းပြောတာ မှန်တယ်၊ မင်းရဲ့ ကိုယ်ပေါ်မှာ တကယ်ပဲ အရာတစ်ခု ရှိနေတယ်၊ အဲ့တာက ကပ်ဘေးနတ်ဘုရားကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်နိုင်တယ် “

“ ဒါမှမဟုတ် ဒါဟာ တိုက်ဆိုင်သွားတာလည်း ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ လောလောဆယ်တော့ ဒါက ငါတို့ရဲ့ တစ်ခုတည်းသော မှန်းဆချက်ပဲ”

“ပြီးတော့ ဒီကိစ္စက မင်းမေးချင်တဲ့ တတိယမေးခွန်းနဲ့လည်း နည်းနည်းလေး ဆက်စပ်မှုရှိတယ်”

စူးရွှမ်ယွမ်သည် စိတ်ကိုပြင်ဆင်လိုက်ပြီး ဆက်ရှင်းပြသည်။

“ဒီဖန်ဆင်းရှင်ငါးပါးနဲ့ ပတ်သတ်ပြီး ငါတို့ တကယ်ပဲ ဘာမှမသိဘူး၊ ဘာပဲဖြစ်ဖြစ်... တစ်ဖက်လူရဲ့နောက်ခံက အရမ်းလျှို့ဝှက်ဆန်းကြယ်လွန်းတယ် “

“အမတနယ်မြေ ဖြစ်စေ.. အမတနယ်မြေရဲ့ အထက်လောကဖြစ်စေ သူ့အကြောင်း မှတ်တမ်း သိပ်မရှိဘူး...အများစုက အနှစ်သာရမရှိတဲ့ ဒဏ္ဍာရီတွေချည်းပဲ... အချက်အလက်တွေကလည်း ဘာတစ်ခုမှ တိတိကျကျ ယူလို့မရဘူး “

“ဒါပေမဲ့ ဒီကပ်ဘေးနတ်ဘုရား အပြင် ဖန်ဆင်းရှင်တစ်ပါး ရှိသေးတယ်၊ သူက ဒဏ္ဍာရီတွေထဲမှာ ပုန်းကွယ်နေတဲ့ တခြားဖန်ဆင်းရှင်လေးပါးထက် ပိုတက်ကြွပြီး အမတနယ်မြေက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်အများအပြားနဲ့လည်း သိကျွမ်းခဲ့တယ်လို့ ကြားသိရတယ်”

“တခြားဖန်ဆင်းရှင်လေးပါးထက် ပိုပြီးတက်ကြွတယ်? “

စူးချန်ကဲသည် အနည်းငယ် နားမလည်နိုင်ဖြစ်ကာ ၊ သူ့ရင်ထဲက သံသယများသည် ပို၍ပင် အားကောင်းလာခဲ့သည်။

“မှန်တယ်၊ ဒေဝလောက တစ်ခုလုံးမှာ သူ့ရဲ့ဒဏ္ဍာရီတွေ ရှိတယ်၊ သူ ချန်ရစ်ခဲ့တဲ့ ခြေရာအမှတ်အသားတွေလည်း မနည်းဘူး၊ ဒါပေမဲ့ သိသာထင်ရှားတဲ့ ခြေရာတွေ ရှိနေတာတောင်မှ သူ့ရဲ့ အရိပ်အယောင်ကို ဘယ်သူမှ ရှာမတွေ့နိုင်ဘူး “

စူးရွှမ်ယွမ်သည် သူ့လက်ညိုးဖြင့် စူးချန်ကဲ၏ ရင်ဘတ်ကို ညွှန်ပြလိုက်ရင်း ၊

“ အဲ့ဖန်ဆင်းရှင်က မင်းရဲ့ ကိုယ်ထဲမှာ ဝှက်ထားတဲ့ ခန္ဓာကိုယ်အမျိုးအစားရဲ့ မူလပိုင်ရှင်ပဲ “

“လောကီသားတွေကတော့ သူ့နာမည်ကို မသိကြဘူး”

“ပြောရမယ်ဆိုရင် သူဟာ စစ်မှန်ခြင်း ဗလာနိတ္တိရဲ့ သင်္ကေတပဲ ဖြစ်လိမ့်မယ်”

အဘယ့်ကြောင့် ကံကြမ္မာနတ္ထိ ခန္ဓာကိုယ် ဟု မပြောသနည်း။

၎င်းသည် မဟာလမ်းစဉ်၏ တားမြစ်ချက် ဖြစ်ပြီး ထုတ်ပြောရန် မသင့်သလို ၊ အမည်တပ်ရန် မသင့်ပေ။ ထိုအမည်ကို ပြောင်ပြောင်တင်းတင်း ခေါ်ဆိုမိပါက ၊ မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ် ကောင်းသော တုံ့ပြန်ခြင်းကို ခံရနိုင်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် ၊ စူးချန်ကဲ၏ ဦးနှောက်ထဲတွင် ကျယ်လောင်သော မိုးခြိမ်းသံတစ်ခုကို ကြားလိုက်ရသလိုပင်။

အမှန်အားဖြင့် ၊ သူ၏ခန္ဓာကိုယ်ထဲတွင် သိုဝှက်စွာဖြင့် ရှိနေသော ခန္ဓာကိုယ်အမျိုးအစားကို သူကိုယ်တိုင်ပင် မသိချေ။

သူသည် စနစ်ကို မေးမြန်းခဲ့ဖူးသော်လည်း ၊ စနစ်သည် မိမိမှာ အားနည်းလွန်းပြီး သိရန်အချိန်မတန်သေးသည်ဟု ဖြေဆိုခဲ့သည်။

၎င်းသည် မူလနတ္တိ နှင့် ဆက်နွှယ်သော တားမြစ် ခန္ဓာကိုယ်အမျိုးအစား ဖြစ်သည်ဟုသာ သူ သိထားသည်။

ဖန်ဆင်းရှင်ငါးပါးအနက်မှ တစ်ပါးသည် သူပိုင်ဆိုင်ထားသော တားမြစ်ခန္ဓာကိုယ် အမျိုးအစား၏ မူလပိုင်ရှင်ဖြစ်မည်ဟု သူ လုံးဝမှ ထင်မထားခဲ့ပေ။

“ဒါဆို... ဗလာနိတ္ထိ ဖန်ဆင်းရှင်လို့ ခေါ်တဲ့သူဟာ... ဒီကပ်ဘေးနတ်ဘုရား နဲ့ ရန်သူဖြစ်နိုင်ချေရှိတာပဲ “

စူးချန်ကဲသည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရသည်။

“ အဲ့တော့ သူ့ကို ရှာမတွေ့တာနဲ့ပဲ ....သူ့လို ခန္ဓာကိုယ်အမျိုးအစားမျိုး ပိုင်ဆိုင်တဲ့ ငါ့အပေါ်မှာ ဒေါသ လာဖြေဖျောက်တာပေါ့လေ “

မည်မျှပင် စဉ်းစားပါစေ ၊ စူးချန်ကဲသည် ဤဖြစ်နိုင်ခြေကိုသာ တွေးမိသည်။

ဒီတိုင်းသာဆို ၊ ဒါ လုံးဝမှ မတရားဘူး!!

သူသည် ဤဗလာနိတ္ထိ ဖန်ဆင်းရှင်ကို တစ်ခါမျှပင် မတွေ့ဖူးသလို ၊ တဖက်လူ၏ ပုံစံကိုပင် မသိချေ။ ယခုလို လာရောက်၍ မိမိကို အနိုင်ကျင့်နေသည်မှာ သိပ်ကို ခံပြင်းစရာကောင်းပေသည်။

“ငါတို့ရဲ့ မှန်းဆချက်အရ လက်ရှိအချိန်ထိတော့ ဒီဖြစ်နိုင်ခြေတစ်ခုပဲ ရှိတယ်”

စူးရွှမ်ယွမ်က ဆက်ဆိုသည်။

“ဒါပေမယ့် အတွင်းထဲမှာ ပိုနက်ရှိုင်းတဲ့ အကြောင်းအရာတွေ ဝှက်ထားနိုင်သေးတယ်၊ အဲ့တာကို ငါတို့ အမတနယ်မြေရဲ့ အထက်လောကကို ဆက်ပြီး စူးစမ်းရှာဖွေမှပဲ သိနိုင်လိမ့်မယ်”

ထိုစကားကို ကြားလိုက်ရသော စူးချန်ကဲသည် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။

သူသည် စိတ်ထဲကနေ ကပ်ဘေးနတ်ဘုရား၏ ဘိုးဘေးဆယ်ရှစ်ဆက်တိုင်တိုင် ဆဲဆိုလိုက်သေး၏။

“ကပ်ဘေးနတ်ဘုရား ? ထွီ ! ငါကတော့ ငတုံးနတ်ဘုရား လို့ပဲ မြင်တယ်”

စူးချန်ကဲသည် စိတ်ထဲကနေ ဒေါသတကြီး ဆဲဆိုလိုက်သည်။

“ လူကသာ ဖန်ဆင်းရှင် ... ဘာလို့ စိတ်နှလုံးက ဒီလောက်ထိ သေးငယ်ရတာလဲ ၊ ကိုယ့်ဒေါသကို အပြစ်မဲ့သူအပေါ်မှာ လာပြီး ဖြေဖျောက်နေတာ... စွမ်းအားရှင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို မရှိဘူး!”

ဤစကားများကို စူးရွှမ်ယွမ်သာ ကြားခဲ့လျှင်ဖြင့် ၊ အလွန်အမင်း ထိတ်လန့်သွားပေလိမ့်မည်။ ဖန်ဆင်းရှင်ကဲ့သို့သော အတုမရှိသော တည်ရှိမှုမျိုးသည် သဘာဝအားဖြင့် မဟာလမ်းစဉ်၏ ဇစ်မြစ်ဖြစ်သည်။

အနည်းငယ် ဝေဖန်လိုက်ရုံမျှဖြင့် မဟာလမ်းစဉ်၏ တုံ့ပြန်ခြင်းကို ခံရနိုင်သည်။ ထို့ကြောင့် စူးရွှမ်ယွမ်သည် ကပ်ဘေးနတ်ဘုရား ဟု ခေါ်ဆိုသော ပုဂ္ဂိုလ်သည် သူတို့၏ လှုပ်ရှားမှုကို သိရှိမသွားစေရန် မူလမဟာလမ်းစဉ် အာကာသကို ဖန်တီးကာ ကာကွယ်ခဲ့ခြင်း ဖြစ်သည်။

All Chapters