အနာဂတ်၏ အကျပ်အတည်း၊ နောင်တမရှိစေရန် (Part- 1)
Vol. 60 Ch. 787
အနည်းငယ် ခံစားရခက်သော်လည်း ၊ စူးချန်ကဲ၏ စိတ်ထဲတွင် အနည်းငယ် ဝမ်းသာနေမိသည်။ သူသည် ဤမျှ များပြားဆန်းကြယ်သော ခန္ဓာကိုယ်အမျိုးအစားများကို ပိုင်ဆိုင်ထားသောကြောင့် ဤမျှ ပြင်းထန်သော အဆိပ်ဒဏ်ကို ခံစားခဲ့ရသော်လည်း အသက်အန္တရာယ်မရှိခဲ့ပေ။
ဦးနှောက်အတွင်းမှ မူးဝေမှုကို ဖိနှိပ်ထားရင်း၊ စူးချန်ကဲသည် ပတ်ဝန်းကျင် အခြေအနေကို တချက် စူးစမ်းလိုက်ကာ စိတ်ထဲတွင် သံသယဖြစ်မိလာသည်။
မူးမေ့မလဲခင်က ၊ သူသည် နတ်ဘုရားလက်နက် အမတမျှော်စင်တွင် ရှိနေခဲ့သည် မဟုတ်လော။ ယခုတွင်မူ ၊ သူ့ကို နတ်ဘုရားလက်နက် အမတမျှော်စင်ထဲမှ ကယ်ထုတ်ခဲ့လေသလော။
သို့သော် သူသည် စနစ်တာဝန် မပြီးဆုံးသေးသဖြင့် ၊ နတ်ဘုရားလက်နက် အမတမျှော်စင်မှ ထွက်ခွာခဲ့ပါက စနစ်၏ ဆုလာဘ်များကို ဆုံးရှုံးရပေလိမ့်မည်။
စူးချန်ကဲ၏ စိတ်ထဲတွင် အတွေးမျိုးစုံ ဝင်ရောက်လာစဉ် ၊
ယဲ့ချုံယွဲ့သည် အပြင်ဘက်မှ ရွက်ဖျင်တဲအတွင်းသို့ ဝင်ရောက်လာကာ ၊ သတိပြန်လည်လာသော စူးချန်ကဲကို ကြောင်အမ်းစွာဖြင့် ကြည့်နေမိသည်။
“ချန်ကဲ ဆက်ခံသူ....”
ထို့နောက်တွင် သူမ၏ ကြောင်အမ်းမှုသည် အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။
“ချန်ကဲ ဆက်ခံသူ.. သတိရလာပြီ “
သူမ၏ အော်ဟစ်သံထွက်ပေါ်လာသည်နှင့် တပြိုင်နက် ၊
“ချန်ကဲ”
ပျော်ရွင်ဝမ်းမြောက်သံ တစ်ခုသည် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် မွှေးပျံ့သော လေညင်းတစ်ခုသည် နှာခေါင်းထဲသို့ တိုးဝင်လာပြီး ၊ တစ်စုံတစ်ယောက်က မိမိ၏ ရင်ခွင်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။
ရင်ခွင်ထဲသို့ ရောက်ရှိလာသော နွေးထွေးမွှေးပျံ့သော အမျိုးသမီးတစ်ယောက်ကြောင့် စူးချန်ကဲသည် ခဏတာ လန့်ဖျပ်သွားပြီး ၊ မသိစိတ်က မိမိ၏ရင်ဘက်ဆီသို့ ငုံ့ကြည့်မိလိုက်သည်။
ဤသူမှာ လော့ရန်ယွီ ဖြစ်နေသည်။ သူမ၏ လှပသော မျက်ဝန်းများကို ဖီးနစ်မျက်လုံးအကာဖြင့် စည်းနှောင်ထားသော်လည်း ၊ ညပေါင်းများစွာ အိပ်ရေးပျက်ထားသည့်အလား မျက်ကွင်းတဝိုက် ညိုမဲနေသည်ကို မှုန်ဝါးဝါး မြင်နေရသည်။
“ချန်ကဲ ကျွန်မ ရှင့်ကို....”
လော့ရန်ယွီ၏ အသံတွင် အနည်းငယ် ငိုသံပါနေသည်။
သူသည် လော့ရန်ယွီ၏ တုန်ယင်နေသော ခန္ဓာကိုယ်ကို ခံစားမိသည်။ သူ သတိလစ်နေစဉ် အတောအတွင်း ၊သူမသည် အဆုံးမရှိသော စိုးရိမ်ပူပန်မှုများကြားတွင် နေထိုင်ခဲ့ရသည့်အလား ထင်မှတ်ရသည်။
ထိုအရာကို မြင်ပြီးနောက် စူးချန်ကဲသည် လော့ရန်ယွီ၏ ကျောပြင်ကို ညင်သာစွာ ပုတ်လိုက်ရင်း ၊ သူမအား နူးညံ့သိမ်မွေ့စွာ နှစ်သိမ့်ပေးခဲ့သည်။
ထိုအချိန်တွင် ယဲ့ချုံးယွဲ့၏ အော်ဟစ်သံကို ကြားလိုက်ရသော အခြားသူများကလည်း အထဲသို့ ဝင်ရောက်လာကြသည်။
“ချန်ကဲ ဆက်ခံသူ”
ဝမ်မင် အပါအဝင် ကွေးယွမ်အမတဂိုဏ်း မှ ပါရမီရှင်တို့သည် စူးချန်ကဲ သတိရလာသည်ကို မြင်လိုက်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။
စူးချန်ကဲသည် အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ၊ မျက်နှာအရောင်သည် အနည်းငယ် ဖြူဖျော့ဆဲဖြစ်သော်လည်း သူသည် ပေါ့ပါးစွာ ပြုံးရယ်လျက် ဆိုလိုက်သည်။
“တောင်းပန်ပါတယ်၊ ခင်ဗျားတို့ကို စိတ်ပူစေမိပြီ”
“အခုက ဘယ်လို အခြေအနေရှိလဲ ၊ ငါတို့ နတ်ဘုရားလက်နက် အမတမျှော်စင်ထဲမှာပဲလား “
ထိုစကားကို ကြားပြီးနောက် ၊ ဝမ်မင် တို့သည်လည်း ဖုံးကွယ်ထားခြင်း မရှိဘဲ စူးချန်ကဲ သတိမေ့နေသည့် အချိန်အတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြန်ပြောပြလိုက်သည်။
အားရှင်း၏ အသက်စွမ်းအင်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အများစုကို ဖယ်ရှားပေးခဲ့ပြီး ၊ သူသည် စုစုပေါင်း နှစ်ရက်နှစ်ညကြာ အိပ်မောကျနေခဲ့သည်။
ပြင်ပလောကနှင့် ပတ်သက်၍ ၊ အားလုံးက သူ မှန်းဆထားသည့်အတိုင်းပင် ။ ယခင်က တိုက်ပွဲကြောင့် ဟွရှင်းရှေးဟောင်းမြို့ တစ်ခုလုံးသည် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ထျန်းချန်လမ်းစဉ်ဂိုဏ်း နှင့် ဖုန်းယွင်လှံခန်းမ တို့မှ လူများသည် ဟိုးအရင်ကတည်းက နတ်ဘုရားလက်နက် အမတမျှော်စင် မှ အလောတကြီး ဆုတ်ခွာသွားခဲ့ကြသည်။
ကျန်ရှိသော အင်အားစုအနည်းငယ်မှ ပါရမီရှင်များသည် ဆက်လက် စူးစမ်းလေ့လာရန် ရွေးချယ်ခဲ့ကြသော်လည်း ၊ သို့သော် အများစုသည် နတ်ဘုရားလက်နက် အမတမျှော်စင်မှ ထွက်ခွာရန် ရွေးချယ်ခဲ့ကြသည်။
“အားရှင်းက.... အသက်စွမ်းအင် ထုတ်လွှတ်ခဲ့တယ်....”
စူးချန်ကဲသည် ညည်းညူလိုက်သည်။ ဤဖြစ်စဉ်သည် သူ့ကိုလည်း အလွန်အမင်း အံ့အားသင့်စေမိသည်။
အားရှင်း ကဲ့သို့သော သံမဏိစက်ရုပ်ကို လောကလူသားများက စစ်ပွဲ၏ လူသတ်လက်နက်ဟု ခေါ်ဆိုကြပြီး၊ ၎င်းတို့အားလုံးသည် မိုးမြေတစ်ခွင်ကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားများကို ပိုင်ဆိုင်ကြကာ လူကို သတ်ဖြတ်ကြသည်။
သို့သော် အားရှင်းသည် အဖျက်စွမ်းအား နှင့် လုံးဝ ကွဲပြားသော အသက်စွမ်းအင်ကို ပိုင်ဆိုင်ထားခြင်းမှာ စူးချန်ကဲ မျှော်မှန်းထားသည်ထက် လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
“ဒါနဲ့... ချန်ကဲ ဆက်ခံသူ၊ ခင်ဗျား သတိမေ့နေချိန်မှာ ထျန်းဟိုင်ဓားဂိုဏ်းက ကောင်းကင်ဓားအမွေခံ လင်းဟန် လာရောက်လည်ပတ်ခဲ့တယ်”
ထိုစဉ် ၊ ဝမ်မင် က ဆိုလိုက်သည်။
“ခင်ဗျား သတိရလာရင် ၊ နတ်ဘုရားလက်နက် အမတမျှော်စင် ရဲ့ အတွင်းပိုင်းကို လာပြီး သူ့ကို လာရှာပါတဲ့ ... ချန်ကဲ ဆက်ခံသူရဲ့ လက်ထဲမှာ သူလိုချင်တဲ့ အရာရှိတယ်တဲ့ “
“ပြီးတော့ သူ့လက်ထဲမှာလည်း ကံကောင်းထောက်မစွာပဲ ချန်ကဲ ဆက်ခံသူ လိုချင်တဲ့ အရာရှိတယ်တဲ့ “
ထိုစကားကို ကြားလိုက်ရသော စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ဘာကိုဆိုလိုတာလဲ ၊ ငါတို့ နှစ်ယောက်လုံးစလုံးရဲ့ လက်ထဲမှာ အသီးသီး လိုချင်နေတဲ့အရာတွေ ရှိနေသတဲ့လား “
စူးချန်ကဲမှာ အနည်းငယ် ရှုပ်ထွေးသွားသော်လည်း ၊ သူသည် ကိစ္စတစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့သည်။
သူ၏ မျက်လုံးများသည် အရောင်လက်သွားကာ ညည်းတွားလိုက်သည်။
“ဟွရှင်းအပိုင်းအစ.....”
ထိုအချိန်တွင် စူးချန်ကဲသည် မိမိနှင့် အားရှင်း တို့၏ ကတိပြုခဲ့သော ကိစ္စတစ်ခုကို သတိရသွားသည်။
သူသည် ဟွရှင်းရှေးဟောင်းမြို့ တွင် အချိန်များစွာ နှောင့်နှေးခဲ့ရသည့်အပြင် ၊ ဟွရှင်းအပိုင်းအစ အချို့ကိုလည်း ရှာမတွေ့သေးပေ။ ဆက်ခံသူတစ်ယောက် အနေဖြင့် ၊ သူ့ကတိကို မည်သို့ ချိုးဖောက်နိုင်မည်နည်း။
စူးချန်ကဲသည် ထထိုင်ရန် ရုန်းကန်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ၊ စူးချန်ကဲ၏ ရင်ခွင်ထဲ၌ ပွေ့ဖက်ထားဆဲ ဖြစ်သော လော့ရန်ယွီ၏ မျက်နှာအမူအရာသည် ချက်ချင်းလက်ငင်း ပြောင်းလဲသွားသည်။
“ချန်ကဲ ဒါ ဘာလုပ်တာလဲ”
“ ရှင်က အခုမှ နိုးလာတာလေ ...ခန္ဓာကိုယ်က အားနည်းနေသေးတဲ့အပြင် ခန္ဓာကိုယ်ထဲမှာ အဆိပ်အနည်းငယ် ကျန်ရှိနေသေးတယ်..ခုလို သွားလာဖို့ မသင့်တော်ဘူး”
ကွေးယွမ်အမတဂိုဏ်း မှ ပါရမီရှင်တပည့်များသည်လည်း စိုးရိမ်ပူပန်စွာဖြင့် အလျင်အမြန် နားချကြသည်။
“ချန်ကဲ ဆက်ခံသူ...ဒီအဆိပ်တစ်သောင်းစွမ်းအား က သာမန်အရာ မဟုတ်ဘူး၊ အခြေခံ အုတ်မြစ်ကို မထိခိုက်စေချင်ဘူးဆိုရင် ခင်ဗျား ဒီမှာနေပြီး ကောင်းကောင်း အနားယူမှ ဖြစ်မယ်”
“ချန်ကဲ ဆက်ခံသူ လိုအပ်တာရှိရင် ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် ပြောလို့ ရပါတယ်၊ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေးပါ့မယ် “
“……..
လူတိုင်း၏ စကားများကို ကြားပြီးနောက်၊ စူးချန်ကဲသည် ပြုံးရယ်ကာ ဆိုလိုက်သည်။
“စိတ်ချပါ၊ ငါ့ခန္ဓာကိုယ်မှာ ဘာပြဿနာမှ မရှိတော့ဘူး၊ သိပ်ထိခိုက်မသွားဘူး “
အမှန်အားဖြင့် ၊ သူ၏သွေးကြောများ အနည်းငယ် နာကျင်နေသေးရုံမှလွဲ၍ အခြားနေရာများတွင် သက်ရောက်မှု မရှိခဲ့ပေ။
စူးချန်ကဲသည် အိပ်ရာပေါ်မှ ဆင်းကာ လမ်းလျှောက်ရန် ဆန္ဒရှိနေသည်ကို မြင်ပြီး ၊ ကြယ်စုသခင် ပါရမီရှင် သုံးဦးသည် အကြည့်ချင်းဖလှယ်ကာ နားလည်မှုယူလိုက်ကြသည်။
ကိုယ်တွေရဲ့ ဆက်ခံသူက အဲ့လောက်တောင် ခေါင်းမာနေမှတော့..ဒါဆို သူတို့ကိုလည်း စစ်သည်တော်ကျင့်ဝတ်ကို မလိုက်နာလို့ဆိုပြီး အပြစ်ပြောလို့ မရဘူးလေနော်!
ထိုစဉ် ၊ ယဲ့ချုံးယွဲ့က ဦးဆောင်ကာ ပြောဆိုလိုက်သည်။
“ချန်ကဲ ဆက်ခံသူ၊ ရှင် သတိမေ့နေတဲ့ ဒီနှစ်ရက်နှစ်ညအတွင်းမှာ ရန်ယွီနတ်ဘုရားမက အရမ်းကို စိုးရိမ်ပူပန်နေခဲ့တာ၊ သူမအနေနဲ့ ဒီရက်ပိုင်းတွေမှာ ကောင်းကောင်း အနားမယူနိုင်ခဲ့ဘူး...”
“အခု ရှင် သတိရလာပြီ ဆိုပေမဲ့ ...ဒါပေမဲ့ ကိုယ့်ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ ခုလို အပြင်ထွက်ပြီး လမ်းလျှောက်မယ်ဆိုရင် ရန်ယွီနတ်ဘုရားမအတွက် ဒါက ဘယ်လောက်တောင် နာကျင်စရာကောင်းလိုက်မလဲ “
အခန်း (၇၈၇) - အနာဂတ်၏ အကျပ်အတည်း၊ နောင်တမရှိစေရန် (Part-2 )
“ချန်ကဲ ဆက်ခံသူ၊ ခင်ဗျား ကိုယ့်အတွက် မစဉ်းစားဘူးဆိုရင်တောင် မရီးအတွက် စဉ်းစားပေးသင့်တယ် မဟုတ်လား”
ဝမ်မင် ကလည်း အခွင့်ကောင်းယူကာ ဆိုလိုက်သည်။
“ ကြားရသလောက် ဒီအဆိပ်တစ်သောင်းရဲ့စွမ်းအား က လူရဲ့ ကျောက်ကပ်ကိုလည်း သက်ရောက်မှုရှိတယ်တဲ့၊ ချန်ကဲ ဆက်ခံသူသာ ကိုယ့်ခန္ဓာကိုယ် ဂရုမစိုက်ဘူးဆိုရင် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်၊ ဒါဆိုရင် ပျော်ရွှင်မှုတွေလည်း နည်းနည်း လျော့သွားနိုင်တယ်......”
ဤစကားများ ထွက်လာသည်နှင့် စူးချန်ကဲခမျာ အလိုအလျောက် မျက်မှောင်ကြုတ်သွားသည်။
နားထောင်ကြည့်စမ်း၊ ဒါ လူက ပြောတဲ့စကားလား!
“ချန်ကဲ......”
စူးချန်ကဲ ဘာမှမပြောနိုင်ခင်မှာပင် ၊ သူ့ ရင်ခွင်ထဲမှ လော့ရန်ယွီ သည် စူးချန်ကဲ၏ အင်္ကျီလက်ကို ညင်သာစွာ လှမ်းဆွဲလိုက်သည်။ လှပသော မျက်နှာလေးသည် အနည်းငယ် ရှက်သွေးဖြာကာ နီမြန်းနေသော်လည်း သို့သော် စူးချန်ကဲအတွက် စိုးရိမ်ပူပန်သော အရိပ်အယောင်များကို အတိုင်းသား မြင်တွေ့နေရသည်။
ထိုအရာကို မြင်ပြီး၊ စူးချန်ကဲအနေဖြင့် ခေါင်းခါကာ ပြုံးလိုက်ရုံမှတစ်ပါး အခြားနည်းလမ်း မရှိခဲ့ပေ။ သူသည် လူတိုင်း၏ စကားအတိုင်း ကောင်းကောင်း အနားယူမည်ဟု ကတိပေးလိုက်ရသည်။
သို့သော် သူတို့ကို အားရှင်း၏ ညွှန်ကြားချက်အတိုင်း ၊ ဤအချိန်အတောအတွင်း ဟွရှင်းအပိုင်းအစ နှင့် ပတ်သက်သော သဲလွန်စများကို ရှာဖွေရန် မှာကြားခဲ့သည်။
အင်အားစုကြီးနှစ်ဖွဲ့မှ ပါရမီရှင်များသည် အလျင်အမြန် ခေါင်းညိတ် လက်ခံလိုက်ကြသည်။
သို့သော် အပြင်သို့ မထွက်ခွာမီ ၊ သူတို့သည် စူးချန်ကဲနှင့် လော့ရန်ယွီတို့ကို အဓိပ္ပာယ်ရှိရှိ တစ်ချက် ကြည့်လိုက်ရုံမျှသာမက လော့ရန်ယွီကိုပါ ပြုံးလျက် ခေါင်းတစ်ချက် ညိတ်ပြလိုက်သေးသည်။
နောက်ဆုံးတွင် သူတို့နှစ်ဦးကို အနှောင့်အယှက်မဖြစ်စေရန် ကာကွယ်သည့်အလား။
ဝမ်မင်တို့ သုံးယောက်သည် ရွက်ဖျင်တဲအိမ်ကို အသံလုံအောင် နှင့် ထောက်လှမ်းလို့ မရအောင် ကာကွယ်ရေး မှော်အစီအရင်တစ်ခုကိုပါ ထပ်မံ ဖန်တီးပေးလိုက်သေးသည်။
ဤကဲ့သို့ ထူးဆန်းသော လုပ်ရပ်မျိုးကြောင့် စူးချန်ကဲခမျာ ခါးသီးစွာ ပြုံးရယ်မိလေသည်။
“ဒီကောင်တွေ....”
ထိုစဉ် ၊ လော့ရန်ယွီ၏ နူးညံ့သိမ်မွေ့သော အသံသည် စူးချန်ကဲ၏ နားထဲ၌ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
“ချန်ကဲ ရှင် သိလား .. ရှင် သတိမေ့နေတဲ့ ဒီအချိန်အတွင်းမှာ ကျွန်မ ရှင့်ကို ဆုံးရှုံးရမလားဆိုပြီး တကယ်ကို ကြောက်မိသွားတယ်”
သူမသည် စူးချန်ကဲ၏ ရင်ခွင်ထဲတွင် တင်းကြပ်စွာ ပွေ့ဖက်ထားကာ ၊ စူးချန်ကဲ၏ နှလုံးခုန်သံကို ခံစားနေပုံရသည်။
“အမတနယ်မြေ က တိုက်မြေသုံးထောင် နဲ့ မတူဘူး.. အထဲမှာ ပါဝင်တဲ့ လျှို့ဝှက်ချက်တွေက သိပ်များလွန်းတယ်...အရမ်းလည်း ကြောက်စရာကောင်းလွန်းတယ် “
“အမတနယ်မြေရဲ့ အထက်လောက က တည်ရှိမှုတွေလည်း ရှိသေးတယ်... အနာဂတ်လမ်းဟာ ခက်ခဲကြမ်းတမ်းပြီး ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး...ပျော်ရွှင်ခြင်းနဲ့ ခွဲခွာခြင်း ဘယ်သူက အရင်ရောက်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး “
ထိုသို့ပြောရင်း ၊ လော့ရန်ယွီသည် ဖြည်းညှင်းစွာ ခေါင်းမော့ကြည့်လိုက်သည်။ မျက်လုံးအကာအောက်တွင် ကွယ်ဝှက်ထားသော တောက်ပသော မျက်ဝန်းတစ်စုံသည် စူးချန်ကဲကို အလွန် ချစ်ခင်ကြင်နာစွာ စိုက်ကြည့်နေပုံရသည်။
သူမ၏ တောက်ပသော နှုတ်ခမ်းသားများသည် နူးညံ့သိမ်မွေ့လွန်းပြီး ၊ ကြောရှင်းလှပသော လည်တံ နှင့် ပေါင်းစပ်လိုက်သောအခါ အနီးကပ် မြင်နေရသူအဖို့ အိပ်မက်တစ်ခုကဲ့သို့ ခံစားရသည်။
ယှဉ်နိုင်စရာမရှိအောင် လှပလွန်းပြီး ၊ စူးချန်ကဲသည်ပင် ထိုအလှကို ကြည့်ရင်း အနည်းငယ် မိန်းမောတွေဝေသွားသည်။
ထို့နောက်တွင် လော့ရန်ယွီသည် သူမ၏ လက်များကို ဆန့်ထုတ်ကာ စူးချန်ကဲ၏ လည်ပင်းကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။
ချည်မျှင်အလား နူးညံ့သော ခန္ဓာကိုယ်သည် စူးချန်ကဲ၏ ခန္ဓာကိုယ်နှင့် လုံးလုံးလျားလျား ထိစပ်သွားသည့်အလား။
သူမ၏ နှုတ်ခမ်းများက စူးချန်ကဲ၏ နားရွက်နားသို့ တိုးကပ်လာသည်နှင့် ၊ နှင်းသစ်ခွပန်းများ၏ နွေးထွေးစိုစွတ်သော ရနံ့သည် သူ့နှာခေါင်းထဲသို့ ဝင်ရောက်လာလေသည်။
“ချန်ကဲ၊ ကျွန်မ နောင်တမရှိစေချင်ဘူး “
…..
ထိုစကားများ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ၊ လော့ရန်ယွီသည် စူးချန်ကဲပင် မျှော်လင့်မထားမိသော ရဲရင့်သော လုပ်ရပ်တစ်ခုကို ထပ်မံ ပြုလုပ်ခဲ့သည်။
လော့ရန်ယွီသည် သူမ၏ ဝတ်ရုံကို ညင်သာစွာ ဖယ်ရှားလိုက်သည်။ ဝတ်ရုံသည် အလင်းမိုးများ အဖြစ်သို့ ပြောင်းလဲသွားကာ ၊ မဟာလမ်းစဉ်၏ လေညင်းနှင့်အတူ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။
လောကသားတို့အား တစ်ခါမျှ ထုတ်ဖော်ပြသခဲ့ဖူးခြင်း မရှိသော လှပသောကိုယ်ခန္ဓာသည် ယခုအခါ စူးချန်ကဲ၏ ရှေ့တွင် မည်သည့်အကာအကွယ်မှ မရှိဘဲ ပေါ်ထွက်လာခဲ့သည်။
“ရန်ယွီ မင်း.....”
ဤအခိုက်အတန့်တွင် ၊ မြင်ကွင်းမျိုးစုံကို မြင်တွေ့ဖူးသော စူးချန်ကဲသည်ပင် မိမိ၏ စိတ်ဝိညာဉ်ကို တစ်စုံတစ်ခုက ပြင်းထန်စွာ တိုက်ခိုက်သွားသည့်အလား ခံစားလိုက်ရသည်။
စူးချန်ကဲ၏ ဦးနှောက်ထဲတွင် ဗလာကျင်းသွားပြီး လော့ရန်ယွီကို ငူငူငိုင်ငိုင်ဖြင့် စိုက်ကြည့်နေမိသည်။
ဖုံးအုပ်ထားခြင်း မရှိ သို့မဟုတ် မည်သည့် အလှဆင်ခြင်းမှ မရှိဘဲ သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေသည် တောက်ပစွာ ထင်ဟပ်နေသည်။
သူမ၏ ရှည်လျားပြီး တလက်လက် တောက်ပနေသော ဆံနွယ်များအပြင် ၊ သူမ၏ လှပသော ကောက်ကြောင်းများနှင့် နှင်းလို ဖြူဖွေးသော အသားအရေသည် သဘာဝတရားမှ ဖန်တီးထားသော အနုပညာမြောက် လက်ရာတစ်ခုလိုပင်။
အကြည့်ကို အောက်ဘက်သို့ အနည်းငယ် ရွှေ့လိုက်ပါက ၊ သူမ၏ ကျောက်စိမ်းပမာ ညှပ်ရိုးများအောက်တွင် ခံ့ညားထည်ဝါစွာ တည်ရှိနေသော တောင်ထိပ်ကြီး နှစ်ခုသည် အနည်းငယ် တုန်ယင်နေပုံရသည်။
စူးချန်ကဲ၏ အကြည့်ကို ခံစားလိုက်ရသကဲ့သို့ လော့ရန်ယွီ၏ မျက်နှာသည် နီမြန်းသွားသည်။
(T/N - ကျန်တာ အသေးစိတ်မဖတ်ချင်နဲ့တော့ ၊ ဒီလောက်ပဲ ဆင်ဆာ ..)
“ချန်ကဲ.....”
လော့ရန်ယွီ၏ လှပသော မျက်ဝန်းများထဲတွင် ဆွဲဆောင်မှုရှိသော ပုံသဏ္ဍာန်သည် ထပ်မံ ဝင်ရောက်လာခဲ့သည်။
စူးချန်ကဲ မှင်သက်နေသည့် အခိုက်အတန့်မှာပင် ၊ သူမသည် စူးချန်ကဲ၏ လည်ပင်းကို ဖက်တွယ်လိုက်သည်။
လှပသော နှုတ်ခမ်းသားတစ်စုံမှ တိမ်တိုက်များသဖွယ် နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အသံတစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်သည်။
“ ကျွန်မကို ယူမယ်မလား....ဟင်....?”
ဤစကားများ ထွက်လာသည်နှင့် ၊ တစ်ပြိုင်နက် လော့ရန်ယွီသည် ကြီးမားသော သတ္တိကို ရရှိသွားပုံရသည်။
သူမသည် ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး လုံးဝ ခုခံမှုမရှိသော စူးချန်ကဲပေါ်သို့ လှဲချလိုက်သည်။
“……………”
တုန်လှုပ်ရာမှ သတိပြန်ကပ်လာသော စူးချန်ကဲသည် သူ၏ နှုတ်ခမ်းထောင့်ကို အပေါ်သို့ အနည်းငယ် ကော့တင်လိုက်သည်။
နောက်ဆုံးတွင် သူသည် လော့ရန်ယွီကို ဖက်ထားရင်း ၊ နေရာချင်းပြောင်းကာ လှဲချလိုက်သည်။
ဟူး——
မဟာလမ်းစဉ်၏ လေညင်းသည် တဟူးဟူး တိုက်ခတ်သွားလေတော့သည်။
…….
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေပြီး ၊ ကောင်းကင်နှင့် မြေကြီးသည် အဆက်မပြတ် လှည့်ပတ်နေသည်။ ယင်နှင့် ယန်တို့ ပေါင်းစည်းကာ နေ့နှင့်ည တစ်လှည့်စီ တည်ရှိနေကြသည်။
အင်အားစုကြီး နှစ်ဖွဲ့မှ ပါရမီရှင်တပည့်များသည် ထိုနေရာတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ ၊ စူးချန်ကဲ၏ မှာကြားချက်အတိုင်း နတ်ဘုရားလက်နက် အမတမျှော်စင်အတွင်း ဟွရှင်းအပိုင်းအစများနှင့် ပတ်သတ်သော သဲလွန်စများကို ရှာဖွေနေလေ၏။