ထပ်တိုး စွမ်းအား ၊ အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော် နှင့် ပဲ့တင်ထပ်နေခြင်း
Vol. 60 Ch. 789
ထို့နောက် ၊ ထျန်းယွမ်အမတဧကရာဇ်မင်း၏ အသံသည် တစ်ဖန် ထပ်မံ ထွက်ပေါ်လာသည်။
“ ငါ ဘုရင်ရဲ့ အမိန့်ကို နာခံကြလော့ ၊ ကောင်းမွန်တဲ့ နေ့ရက်၊ ကောင်းမွန်တဲ့ အချိန်ကို ရွေးချယ်ပြီး အမတသခင်တရားစီရင်ရေးရုံးတော်က ထျန်းယွီ အမတဧကရာဇ်မင်းနှင့် အန္တိမတာအို တရားစီရင်ရေးအဖွဲ့က တောက်ခွင်း အမတဧကရာဇ်မင်းတို့ကို ဧည့်ခံပွဲ ကျင်းပမယ် “
ထိုစကားသံ အဆုံးတွင် ၊
ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ ဝန်ကြီးအများအပြားသည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်မိကြသည်။
ဤအမတဧကရာဇ်မင်း နှစ်ဦးစလုံးသည် တားမြစ်အင်အားစုကြီး နှစ်ခု၏ ဂိုဏ်းသခင်များ ဖြစ်ကြသည်။
ထျန်းယွမ်နတ်ဘုရားမင်းဆက်သည် မင်းသားငယ်၏ သေဆုံးမှုအတွက် ဈာပနနှင့် သင်္ဂြိုဟ်မှုကို မကျင်းပနိုင်သည်မှာ ခံသာသေးသည်။
သို့သော် ၊ ကောင်းမွန်သော နေ့ရက်အချိန်အခါကို ရွေးချယ်ကာ အင်အားစုကြီး နှစ်ခု၏ ဂိုဏ်းသခင်များအတွက် ဧည့်ခံပွဲ ကျင်းပပေးမည် ဆိုသော အပြုအမှုသည် အတော်လေး နားလည်ရခက်ပေသည်။
လူတိုင်း၏ မျက်နှာအမူအရာသည် အဆက်မပြတ် ပြောင်းလဲနေပြီး ၊ သူတို့သည် တစ်စုံတစ်ခုကို မှန်းဆမိပုံရသော်လည်း မည်သည့်စကားတစ်ခွန်းမျှ ဝင်မပြောဘဲ မသိချင်ယောင်ဆောင်လိုက်ကြသည်။
သို့သော်လည်း ထျန်းယွမ်အမတဧကရာဇ်မင်း၏ တည်ငြိမ်နေသော မျက်ဝန်းတစ်စုံသည် အေးစက်စွာ တောက်ပသွားသည်ကိုတော့ မည်သူမျှ သတိမပြုမိခဲ့ချေ။
“ငါ့သား..... မင်း စိတ်ချ ၊ အဖေနဲ့ မင်းရဲ့အစ်ကိုကြီးက..... မင်းအတွက် သေချာပေါက် လက်စားချေပေးမယ်”
ထျန်းယွမ်အမတဧကရာဇ်မင်းသည် စိတ်ထဲကနေ ကျိန်ဆိုလိုက်သည်။
“သူ့ဟာသူ စူးချန်ကဲဖြစ်နေရင်တောင်မှ......!”
မိမိ၏ အငယ်ဆုံးသားလေးသည် စူးချန်ကဲ၏ လက်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရရုံသာမက ၊ အလောင်းပင် မကျန်ရစ်ခဲ့ပေ။
သူသည် အတုမရှိသော အမတဧကရာဇ်မင်းတစ်ပါး ဖြစ်သည့်အပြင် မင်းဆက်တစ်ခု၏ အရှင်သခင်လည်း ဖြစ်သည်။ အကယ်၍ တဖက်လူအပေါ် ကျေးဇူးတင်ကြောင်း မပြသဘူးဆိုပါက ၊ ဤအဆင့်အတန်းနှင့် မလျော်ညီသည့်အပြင် ဖခင်တစ်ယောက်အနေဖြင့်လည်း မျက်နှာပျက်ရပေတော့မည်။
သို့သော်လည်း စူးချန်ကဲ၏ နောက်ခံသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ သူတို့ ထျန်းယွမ်နတ်ဘုရားမင်းဆက်၏ အင်အားတစ်ခုတည်းဖြင့် လက်စားချေရန်ပင် မဆိုနှင့် ၊ တားမြစ်အင်အားစုကြီး သုံးဖွဲ့နှင့် စကားပြောဖို့ပင် အရည်အချင်း မရှိ။
ထို့ကြောင့် သူတို့ ထျန်းယွမ်နတ်ဘုရားမင်းဆက်အနေဖြင့် အမုန်းတရားကို သိုဝှက်ကာ၊ အမတသခင် တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအို တရားစီရင်ရေးအဖွဲ့ တို့နှင့် ပို၍ ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ရန် အခွင့်အရေး ရှာဖွေရပေမည်။
အမတဧကရာဇ် နယ်ပယ်အဆင့်ရှိ စွမ်းအားရှင်တစ်ဦးအနေဖြင့် ၊ သူသည် အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ တို့၏ အုတ်မြစ်ကို ဟိုးအရင်ကတည်းက ကြားသိထားပြီး ဖြစ်သည်။
ကောလဟလများအရ ၊ ထိုအင်အားစုကြီး နှစ်ခု၏ နောက်ကွယ်တွင် ဒဏ္ဍာရီလာ အင်အားစုတစ်ခုက ကျောထောက်နောက်ခံ ပြုထားသည်ဟု ဆိုသည်။
အကယ်၍ ၎င်းတို့၏ အကူအညီကို ရရှိခဲ့မည်ဆိုပါက ၊ စူးချန်ကဲ၏ တားမြစ် စူးမိသားစုကို ဖျက်ဆီးပစ်ရန်ပင် မဆိုနှင့် ၊ ဤတားမြစ်အင်အားစုကြီး သုံးခုစလုံးကို သေချာပေါက် ဒုက္ခပေးနိုင်လိမ့်မည်။
“ပြီးတော့..... ထျန်းချန်လမ်းစဉ်ဂိုဏ်း နဲ့ ဖုန်းယွင်လှံခန်းမတို့ဟာလည်း နတ်ဘုရားလက်နက် အမတမျှော်စင်ထဲမှာ သူတို့နဲ့ ပြင်းထန်တဲ့ ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့သေးတယ်...”
“သူတို့နဲ့လည်း အဆက်အသွယ် လုပ်ရမယ်...ဒါမှ ဒီအင်အားစုကြီး သုံးဖွဲ့ကို အတူတကွ ရင်ဆိုင်နိုင်မှာ.....”
သို့သော်လည်း ထျန်းယွမ်နတ်ဘုရားမင်းဆက် အနေဖြင့် မသိလိုက်သည်မှာ။
အမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ လွှမ်းမိုးမှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤအင်အားစုကြီး နှစ်ခု၏ ခေါင်းဆောင်များသည် ဆင်ခြင်တုံတရား ကင်းမဲ့လွန်းသည်။
နောက်ဆုံးတွင် အဆုံးမရှိသော ချောက်နက်ထဲသို့ ကျရောက်သွားရုံသာမက ၊ ဤကိစ္စသည် အမတနယ်မြေတွင် လှိုင်းလုံးကြီးတစ်ခုကို ထပ်မံ ဖြစ်ပေါ်စေခဲ့သည်။
ဒေဝလောက ပြန်လည်စတင်ရာခေတ်ကြီး စတင်ပြီးပြီးချင်း ၊ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဗုံးတစ်လုံးကို ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမျှ ထင်ထားကြမည် မဟုတ်ပေ။
……………
အချိန်သည် တရွေ့ရွေ့ ကုန်လွန်ကာ ၊ နှစ်ရက်တာ ကြာမြင့်သွားခဲ့လေသည်။
တစ်ချိန်က မြူခိုးများဖြင့် ကာကွယ်ပေးထားသော လောကကြီးသည် နောက်ဆုံးတွင် တိတ်ဆိတ်ငြိမ်သက်သွားဟန် ရသည်။
အတွင်းပိုင်းသို့ ကြည့်လိုက်လျှင်ဖြင့် ၊
စူးချန်ကဲ၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် အဝတ်ဗလာ ဖြစ်နေပြီး ၊ သူ့နဖူးပေါ်တွင် ချွေးစက်လေးများ ကျန်ရစ်နေသည်။
နှစ်ရက်နှစ်ည ကြာမြင့်ခဲ့ပြီးနောက် ၊ လေထုထဲတွင် မူးဝေဖွယ်ကောင်းသော အနံ့အသက်များဖြင့် ပြည့်နှက်နေသည်။
သူတို့ နှစ်ဦးသား၏ ပတ်ဝန်းကျင်သည် အလွန်ရှုပ်ပွနေသည်ကို ကြည့်ခြင်းအားဖြင့် ၊ ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် စိတ်ကူးယဉ်အိပ်မက်မဟုတ်ဘဲ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနေသည်။
စူးချန်ကဲသည် တိုက်မြေ သုံးထောင်မှ ဤနေရာအထိ စစ်ချီလာခဲ့ပြီး ၊ ဤခရီးစဉ် တစ်လျှောက်လုံးသည် သူ့အတွက် အရူးသွပ်ဆုံးနှင့် ခမ်းနားထည်ဝါဆုံး အတွေ့အကြုံတစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။
အကြောင်းမှာ ဤလမ်းတစ်လျှောက်လုံး သူသည် တိုက်ခိုက်ရင်းဖြင့် အချိန်ကုန်ဆုံးလာခဲ့ပြီး ၊ ကောင်းကောင်း အနားယူခဲ့ဖူးခြင်း မရှိပေ။
ဤနှစ်ရက်သည် သူ၏ သုံးနှစ်ကျော်ကာလအတွင်း စုပုံလာသော ပင်ပန်းနွမ်းနယ်မှုများကို တစ်ခါတည်း ရှင်းလင်းပစ်နိုင်ခဲ့သည်ဟု ဆိုရမည်။
စူးချန်ကဲ တစ်ယောက် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေစဉ် ၊
“အင်.......”
ရုတ်တရက် ၊ လေပြေညင်းသဖွယ် နူးညံ့သိမ်မွေ့သော အသံတစ်ခုသည် သူ့နားထဲသို့ ရောက်ရှိလာသည်။
အိပ်မောကျနေသော လော့ရန်ယွီသည် လူးလိမ့်လိုက်ခြင်း ဖြစ်ပြီး ၊ သူမ၏ လှပသော လက်များက စူးချန်ကဲ၏ ခန္ဓာကိုယ်ကို မသိမသာ ပွေ့ဖက်ထားသည်။
အနည်းငယ် ရှုပ်ထွေးနေသော ဆံနွယ်များသည် ရနံ့သင်းသင်းဖြင့် ပခုံးများပေါ်တွင် ဖြန့်ကျက်ကျနေပြီး ၊ သူမ၏ လှပသော မျက်ဝန်းတစ်စုံကို ဖုံးအုပ်ထားသော ဖီးနစ်မျက်လုံးအကာသည် မည်သည့်အချိန်ကမှန်း မသိ ပျောက်ကွယ်နေခဲ့သည်။ သူမ၏ ရီဝေဝေ မျက်ဝန်းများက အတော်လေး ဆွဲဆောင်မှု ရှိလှသည်။
သူမ၏ ဖြူစင်သော အသားအရေပေါ်တွင် ရှိနေသော နီမြန်းသော မာကင်ရာများသည် ဤနှစ်ရက်အတွင်း မည်မျှရူးသွပ်ခဲ့သည်ကို ပြောပြနေသည်။
အမှန်အားဖြင့် လော့ရန်ယွီသည် သူ့မျက်လုံးထဲတွင် အမြဲတမ်း ချုပ်တည်းမှုရှိပြီး သိမ်မွေ့သော အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့သည်။
လူ့လောကရှိ ဖုန်မှုန့်အနည်းငယ်မျှ စွန်းထင်ခြင်းမရှိသော မြင့်မြတ်သော အဆင့်အတန်းမျိုး ရှိသည်။
သို့သော် ဤနှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိသောခါ စူးချန်ကဲတစ်ယောက် မလွှဲမရှောင်သာ ခေါင်းခါရင်း ပြုံးလိုက်မိသည်။
ထို့နောက် စူးချန်ကဲသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မွှေးရနံ့တစ်ခု ဖြာထွက်လာပြီး ၊ လေထုအတွင်းရှိ ညစ်ညမ်းမှုနှင့် မြေပြင်ပေါ်ရှိ နီမြန်းသော ကြက်သွေးရောင် အစွန်းအထင်းများသည် သုတ်သင်ဖယ်ရှားခံလိုက်ရသည်။
ထို့နောက် အမတစွမ်းအားများကို စတင် လှုံ့ဆော်ကာ ၊ သူ၏ ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားရန်ပြင်ဆင်လိုက်စဉ် ၊
စူးချန်ကဲသည် အနည်းငယ် တုန်လှုပ်သွားသည်။
“ဒါက.....”
သူ၏ ခန္ဓာကိုယ်အတွင်း၌ သူနှင့် မသက်ဆိုင်သည့် မှိန်ဖျော့ဖျော့ စွမ်းအားတစ်ခု ဝင်ရောက်နေသည်ကို ခံစားမိလိုက်သည်။
သူ့ကို ပို၍ အံ့အားသင့်စေခဲ့သည်မှာ အဆိုပါ စွမ်းအင်သည် သူ၏ အလုံးစုံသောလမ်းစဉ် ဗလာနိတ္ထိမျက်လုံးတော်နှင့် ပဲ့တင်ထပ်နေခြင်းပင် ဖြစ်သည်။
ဤထူးဆန်းသော ဖြစ်စဉ်သည် စူးချန်ကဲကို အတော်လေး အံ့အားသင့်သွားစေသည်။
ထို့နောက် စူးချန်ကဲသည် သူ့ ခန္ဓာကိုယ်တွင်းရှိ အမတစွမ်းအင်ကို စတင်လှုံ့ဆော်လိုက်ပြီး ၊ အဆိုပါ ဆန်းကြယ်သော စွမ်းအင်ကို ထပ်မံ စူးစမ်းလေ့လာလိုက်သည်။
ခဏအကြာတွင် ၊
စူးချန်ကဲသည် သူ့ မျက်လုံးများကို ဖြည်းညှင်းစွာ ပြန်ဖွင့်လိုက်သည်။ သူသည် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ရှိသည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ သန့်ရှင်းစင်ကြယ်သော စွမ်းအားတစ်ခု ရှိနေခဲ့သည်။
ထိုအရာကို သူ၏အတွေးဖြင့် ထိတွေ့လိုက်ချိန်တွင် ၊ စူးချန်ကဲတစ်ယောက် အလွန်အမင်း အံ့အားသင့်သွားသည်။ လောကကြီးတွင် ဤမျှ သန့်ရှင်းစင်ကြယ် မြင့်မြတ်သော စွမ်းအားမျိုး ရှိလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
“ဒီစွမ်းအားက..... သန့်စင်စွမ်းအား.....?”
ထိုသို့ ရေရွတ်လိုက်ရင်း ၊ စူးချန်ကဲမှာ မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့ရသည်။
ဗလာနိတ္ထိမျက်လုံးတော်၏ စွမ်းအားနှင့် ပတ်သတ်၍ ၊ သူသည် သဘာဝကျကျ နားလည်ထားသည်။ ၎င်းမှာ အချိန်နှင့် အာကာသကို ရပ်တန့်ခြင်း နှင့် မူလဇစ်မြစ်ကို ခွဲခြမ်းစိတ်ဖြာခြင်း စွမ်းအင်တို့ပင် ဖြစ်သည်။
မဟုတ်မှလွဲရော......
စူးချန်ကဲသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ အိပ်မောကျဆဲ ဖြစ်သော လော့ရန်ယွီကို တချက်ကြည့်လိုက်သည်။
သူ့ခန္ဓာကိုယ်အတွင်း ဤသို့ ပြောင်းလဲဖြစ်စဉ် ဖြစ်ခဲ့ရသည်မှာ လော့ရန်ယွီ၏ မူလယင်စွမ်းအင် နှင့် ဆက်နွယ်မှုရှိသည်မှာ သေချာသည်။
“ဒါက ယောင်ကွမ်စိတ်ကူးယဉ်မျက်ဝန်းရဲ့ စွမ်းအားပဲ ဖြစ်ရမယ်......”