← Chapters

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

(346)တိုက်ခိုက်ခြင်း

"ဘန်းခိုင်" ထိုသို့ဆိုလိုက်သည်နဲ့ ဂျိတ်၏လက်၌ရှိသော ဓားသည် တုန်ခါလာပြီး ဂျိ တ်၏လက်မှလွတ်ထွက်သွားလေသည်။ထိုလွတ်ထွက်သွားသောဓားသည် ယခုမှပေါ်ပေါက်လာသော ပခုံး၌မျက်နှာရှိနေသောမကောင်ဆိုးဝါးအား ဓား ဖြင့်နှစ်ခြမ်းပိုင်းချလိုက်လေသည်။ "သူတို့က မသေနိုင်ဘူး..ဟင်မဖြစ်နိုင်တာ" ငရဲထိန်းတစ်ယောက်အလွန်တုန်လှုပ်သွား၏။အဘယ်ကြောင့်ဆိုသော် မ ထိခိုက်ဟုဆိုသော မကောင်းဆိုးဝါးသည် ဂျိတ်၏လက်မှထွက်သွားသော ဓား၏နှစ်ခြမ်းပိုင်းမှုကြောင့် ထက်ခြမ်းပိုင်းကာ သေဆုံးသွားသောကြောင့် ဖြစ်၏။ ထိုဓားသည် ထိုမကောင်းဆိုးဝါးအား သတ်ဖြတ်ပြီး ဂျိတ်၏လက်ထဲသို့ ပြန်လည်ရောက်ရှိကာငြိမ်သက်သွားလေသည်။ "ငါထင်ထားသလိုပါပဲ" ဂျိတ်မှသူ၏ဓားကို အသေချာကိုင်ရင်းရေရွတ်လိုက်၏။ "ဂျိတ် ငါ့ကိုလဲရှင်းပြပါဦး" "ကောင်းပြီ.." ဂျိတ်မှ သူ၏လက်ညှိုးကို ငရဲထိန်း၏မျက်လုံးသို့ညွှန်လိုက်၏။ထိုအခါ ငရဲထိန်းသည် သူသိချင်နေသောအချက်လက်များစွာ သူ၏ခေါင်းထဲသို့ ရောက်ရှိလာသည်ကိုခံစားလိုက်၏။ လက်ရှိ သူသတ်၍မရသောအရာသည် လက်ရှိကမ္ဘာမှဝိညာဥ်ကောင်မဟုတ် သောကြောင့်ဖြစ်ကြောင်းသိလိုက်လေသည်။ထိုအကောင်သည် တခြားသော ဒိုင်မေးရှင်း(လောက)ကမ္ဘာမှ နယ်ကျော်ပြီးရောက်ရှိလာသော ဝိညာဥ် မကောင်းဆိုးဝါး(hollow)ခေါ် ဟော်လို ဖြစ်ကြောင်းသိရှိလိုက်လေသည်။ထို့ကြောင့် သူ၏လက်နက်များသည် ထို ဟော်လိုများကိုထိခိုက်ခြင်းမရှိရသည့်အကြောင်းတရားတစ်ခုပင်ဖြစ်၏။ ဂျိ တ်၏ဓားသည် ထိခိုက်စေရသည့်အကြောင်းမှာ ထိုဓားသည်လည်း ဟော်လို ထွက်ရှိသော ဒိုင်းမေးရှင်း(ကမ္ဘာလောက)မှ ဓားဖြစ်သောကြောင့်ဖြစ်၏။ထို ဓားသည် သာမန်ဓားမဟုတ်ပဲ ထိုဟော်လိုများကို ဖြေရှင်းနိုင်သော သေမင်းတမန်များ၏ဓားဖြစ်ကြောင်းကိုလည်းသိရှိလိုက်လေ၏။ ထိုကြောင့် အကြောင်းရင်းစုံကိုသိရှိလိုက်သောအခါ ငရဲထိန်းသည် အလွန် ဒေါသထွက်စွာဖြင့် အနက်ရောင်အဖွဲ့ဝင်များအား ကြည့်လိုက်၏။သကောင့် များသည် အလွန်ဆိုးသွမ်းနေပြီမဟုတ်ပါလား။ မိမိကမ္ဘာမှငရဲသားထိန်းသားများပင် ဆင့်ခေါ်၍အားမရသေးပဲ တခြားသော လောကမှ ဟော်လိုများကိုပါဆင့်ခေါ်နေပြီမဟုတ်ပါလား။ "ငရဲထိန်းရောက်နေတယ်...ထပ်ပြီးဆင့်ခေါ်ကြဟေ့" အနီရောင်ဝတ်လူသည် ငရဲထိန်းအားကောင်းစွာမြင်ဖူးပုံရ၏။သူ၏လူများ အား ချက်ချင်းပင် ထပ်ဆင့်ခေါ်ရန်ကြံခိုင်း၏။ "သူတို့ကိုထိန်းကူဦး" ငရဲထိန်းမှ ဂျိတ်ကိုအကူညီတောင်းလိုက်ပြီးလျှင် သူကိုယ်တိုင်လည်း ထိုလူ များအား မြင်းပေါ်မှကြာပွတ်ဖြင့် ရိုက်၏။ ဖြောင်း....ဖြောင်း.....ဖြောင်း.... မီးတောက်နေသောကြာပွတ်က ပစ်မှတ်အားကောင်းမွန်စွာထိမှန်လေ၏။လွှဲ ချော်ခြင်းမရှိပေ။သူ၏ပစ်မှတ်များသည် ဆင့်ခေါ်ခြင်းလုပ်ဆောင်နေသော အနက်ရောင်ဝတ်လူများဖြစ်လေသည်။ "အား....အား" မီးတောက်ကြာပွတ်၏ရိုက်ချက်ကြောင့် ထိမိသူတိုင်း မီးလောင်ကျွမ်းကာ ​ တစ်ကိုယ်လုံးအရည်ပျော်ကျသွားလေ၏။ဂျိတ်သည်လည်း သူ၏ဓားဖြင့် အနက်ရောင်ဝတ်လူများအား လက်ထဲ၌ငြိမ်သက်နေသောဓားသည် ချက်ချင်းပင် ပြေးထွက်သွားပြီး အနက်ရောင်ဝတ်လူများအား ထိုးဖောက် ပစ်၏။ ထိုဓားသည် အနက်ရောင်ဝတ်လူဆယ်​ယောက်ကိုထိုးဖောက်ပါသော်လည်း အနက်ရောင်ဝတ်လူများ၏ကိုယ်မှာ ဘာမှမဖြစ်နေပေ။သို့သော်လည်း ဂျိ တ်၏ဓားတွင် အနက်ရောင်ဝတ်လူဆယ်ယောက်၏ဝိညာဥ်များကပ်ပါသွား သည်ကိုတော့ မြင်ရမည်ဖြစ်၏။ ထိုသို့ပါသွားသောသူ၏ဆယ်ယောက်၏ကိုယ်ခန္ဓာသည် တောင့်တောင့်ကြီး ဖြစ်ကာ မြေပြင်ပေါ်သို့လဲကျသွားလေ၏။ဤသည်မှာ ရုပ်နဲ့နာမ်အဆက်ပြတ် ပြီးသေဆုံးခြင်းလည်းဖြစ်၏။ သို့သော်လည်း အနက်ရောင်လူဝတ်လူများသည်အလွန်ပင်များပြားရာ အချိန်ခေတ္တ တွင်း၌ နောက်ထပ်သောဟော်လိုများစွာကို ဆင့်ခေါ်ပြီးဖြစ်၏။ ပထမဆုံးအကြိမ်၌သာ တခြားသောဒိုင်မေးရှင်းအား ချိုးဖောက်ပြီး ဆင့်ခေါ် ရသည်ဖြစ်သောကြောင့် တစ်ကြိမ်၌တစ်ကောင်သာထွက်ခဲ့ခြင်းဖြစ် သော်လည်း နောက်တစ်ခါဆင့်ခေါ်သောအခါ၌ ပြောင်းလဲသွားပြီဖြစ်သည်။ ချိုးဖောက်ပြီးသားဖြစ်သော နေရာမှထပ်မံဆင့်ခေါ်ခြင်းဖြစ်ရာများစွာသော ဟော်လိုများသည် ထိုငါးတောင့်ကြယ်စက်ဝိုင်းမှနေ၍ များပြားစွာထွက် ပေါ်လာခဲ့လေတော့၏။ "သုံးရာ...အကောင်သုံးရာပဲ" ဂျိတ်မှ ပြောဆိုလိုက်၏။ထိုအခါ ငရဲထိန်း၏အမူရာသည် ပျက်ယွင်းသွားလေ သည်။ထိုမျှများပြားလှသောအကောင်အရေတွက်ကိုတော့ သူလည်းမနိုင်နိုင် ပေ။ထိုအကောင်သုံးရာထွက်ပေါ်လာမှုကြောင့် လက်ရှိကမ္ဘာကြီးသည် ကမောက်ကမဖြစ်ပြီး ပျက်စီးတော့မည်ဖြစ်သည်။ "ဟား...ဟား...ဟား" အနီရောင်ဝတ်လူသည် သူတို့၏ဆင့်ခေါ်မှုကြောင့် ထိုဟော်လိုများထွက် ပေါ်လာသည်ကိုမြင်ရသောအခါ အလွန်ရယ်မောမိသည်။သူ၏ကမ္ဘာပျက်စီး စေရန်လုပ်ရပ်သည် အောင်မြင်သွားသောကြောင့်ဖြစ်၏။ သူသည် ထူးခြားသောနေရာမှနေ၍စာအုပ်တစ်ခုအားရရှိခဲ့၏။ထိုစာအုပ်၌ ဆန်းပြားသောအကြောင်းရာများရေးသားထားကြောင်းတွေ့ရှိခဲ့ရလေ၏။ ထိုစာအုပ်၌ငရဲထိန်းများ၊ငရဲထိန်းသားများနဲ့မကောင်းဆိုးဝါး များ၏အကြောင်းလည်းပါ၏။ထိုထဲတွင် တခြားလောကမှ​ဟော်လိုအားဆင့် ခေါ်ခြင်းကို သူအလွန်သဘောကျသည်ဖြစ်၏။ထိုသို့ဆင့်ခေါ်နိုင်ပါက သူ သည်အလွန်အစွမ်းထက်လာမည်ဟု ယုံကြည်ထား၏။ "ဂီး....." နောက်ဆုံးထွက်လာသောဟော်လိုသည် ပေတစ်ရာထိရှိပြီး သူ၏နှလုံးရှိရာ နေရာသည် အပေါက်ကြီးနဲ့ဖြစ်၏။ သူထွက်လာပြီးသည်နဲ့ ဆင့်ခေါ်ထားသော အနီဝတ်လူကို သူ၏လက်ဖြင့်ကုတ်ချလိုက်၏။ထိုအခါ အနီရောင်ဝတ် လူ၏ခန္ဓာနဲ့ဝိညာဥ်နှစ်ပိုင်းပြတ်ပြီး ရုပ်ခန္ဓာမှာ လဲကျသေဆုံးသွားတော့၏။ နာမ်ခန္ဓာမှာ ပေတစ်ရာဟော်လို၏လက်ထဲရောက်ရှိသွားလေသည်။ပေတစ်ရာ ဟော်လိုသည် ထိုအနီရောင်ဝတ်လူ၏ဝိညာဥ်ခန္ဓာကို သူ၏ပါးစပ်ထဲထည့်ပြီး တကျွတ်ကျွတ်ဝါးစားပစ်လိုက်လေ၏။ဤသည်မှာ ဟော်လိုကိုဆင့်ခေါ် သူ၏ပေးဆပ်ရသော အကျိုးပင်ဖြစ်၏။ အနီရောင်ဝတ်လူသည်ထိုသို့မထင်ထားသည်မှာ အမှန်ပင်ဖြစ်၏။ သို့သော်လည်း အဖြစ်ပျက်ကမြန်ဆန်နေသည်ဖြစ်ရာ သူကိုယ်တိုင်အဘယ် ကြောင့်သေရသနည်းကို သူကောင်းကောင်းကြီးနားမလည်လိုက်ပေ။ သူ၏အစွမ်းထက်လာမည်လုပ်ရပ်ကြီးမဖြစ်မြောက်ခင် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ "ဂီး....ဂီး...ဂီး...." ရာချီသောဟော်လိုများသည်လည်း သူတို့အားဆင့်ခေါ်ထားသောအနက် ရောင်ဝတ်လူများအား ဝိုင်းဝန်းခုန်အုပ်လိုက်ကြ၏။ထိုသို့ခုန်အုပ်ပြီး ထို အနက်ဝတ်လူများ၏ရုပ်ခန္ဓာထဲမှ ဝိညာဥ်များအား ဆွဲထုတ်ပြီး တ ကျွတ်ကျွတ်ဝါးစားကြလေ၏။ထိုသို့စားနေသည်မှာ အလွန်ပင်ကြက်သီးထ စရာကောင်းလှပေ၏။ ဟော်လိုများသည် အနက်ဝတ်လူများ၏ဝိညာဥ်များအား အားပါးတရစားနေ ပုံကိုကြည့်ရင်း "အင်း ဒီကောင်တွေစားပုံက သုံးထပ်သားကျွတ်ကျွတ်ကြော်ကိုအချဥ်ရည် လေးနဲ့ရှယ်ဆွဲနေသလိုပဲ" "ဟ" ဂျိတ်၏မှတ်ချက်ကြောင့် ငရဲထိန်းပင်ခေတ္တ ဆွံအသွားလေ၏။သေချာပြန်ကြ ည့်တော့လည်း ထိုမြင်ကွင်းနဲ့ဆင်ကြောင်း လက်ခံရလေ၏။လူများကို မကောင်းဆိုးဝါးများရန်ပြုပါကငရဲထိန်းများမှ ကာကွယ်ရန်တာဝန်ရှိ သော်လည်း လက်ရှိထိုဟော်လိုများအား ဆင့်ခေါ်ထားသူများမို့ ငရဲထိန်း လည်း ဒီအတိုင်းရပ်ကြည့်နေလိုက်၏။ ထိုမကောင်းဆိုးဝါးများကိုဆင့်ခေါ်ပြီး မိမိကိုယ်တိုင်အစားခံနေရ​သော သူများအား ကယ်တင်ရအောင်လည်း သူတော်စင်မဟုတ်နေရာ သူ့မိုက်ပြစ်နဲ့ သူခံဟုသာ နှစ်ယောက်လုံးနှလုံးသွင်းထားလိုက်၏။ ဟော်လိုဆင့်ခေါ်သမျှလူတိုင်းသည် ဟော်လိုများ၏စားသောက်မှုကြောင့် သေဆုံးသွားကြပြီး သူတို့၏သေဆုံးနေသောရုပ်ခန္ဓာသည်သာ လယ်ကွင်း ပြင်၌ ကျန်ရှိနေတော့၏။ "ဂီး...." ဟော်လိုများသည် အနက်ရောင်ဝတ်လူများ၏ဝိညာဥ်များကိုစားသောက် ပြီးသည်နဲ့ မဝသေးသည်ထင်။ဂျိတ်နဲ့ငရဲထိန်းဘက်သို့ဦးတည်လာကြလေ သည်။ "သုံးရာနဲ့နှစ်ယောက်ဆိုတော့ ...နိုင်ပမလား" ငရဲထိန်းမှ ဂျိတ်အားမေး၏။ဂျိတ်လည်း သူ၏လက်ထဲမှဓားအား ငရဲထိန်း လက်ထဲထည့်ပေးပြီး သူကိုယ်တိုင်ကတော့ လေးတစ်ချောင်းကိုထုတ်ကာ ကိုင်စွဲလိုက်၏။ထို့နောက် "တစ်ယောက်တစ်ရာနှုန်းကြမ်းမယ်လေဗျာ...သုံးယောက်ပါဗျ.." ထိုသို့ဆိုလိုက်သည်နဲ့ ဂျိတ်၏ဘေး၌ လေယာနယ်တစ်ခုပေါ်ပေါက်လာ၏။ထို ထဲမှ အနက်ရောင်ဝတ်လူတစ်ယောက်သည်ထွက်၍လာလေ၏။ထို လူ၏နောက်ကျောတွင်လည်း ဧရာမဓားကြီးကို ချိတ်ဆွဲထား၏။ ထိုသူသည် တစ်ခြားမဟုတ်ပေ။ဟော်လိုများကို ရင်ဆိုင်ရန်အတွက်ဂျိတ်မှ ဆ င့်ခေါ်ထားသော သေမင်းတမန်တစ်ပါးဖြစ်၏။သူ၏နာမည်သည် အီချီဂို ဖြစ်သည်။ထိုသေမင်းတမန်သည် ဟော်လိုများလာရာ လောကမှလာသည်ဖြစ်ရာ ထိုဟော်လိုများအား ရင်ဆိုင် နိုင်သည်ဖြစ်သည်။ (ထိုသေမင်းတမန်နဲ့ဟော်လိုများအကြောင်း ပိုမို စိတ်ဝင်စားပြီးကြည့်ရှုလိုပါ က bleach ဟုခေါ်သောanimeကိုကြည့်ရှုနိုင်ပါသည်။) ထိုလူသည် သူ၏နောက်ကျောမှဧရာမဓားကြီးကိုကိုင်လိုက်ပြီး.... "ကဲတစ်ယောက် တစ်ရာနှုန်းဝုန်းလိုက်ကြတာပေါ့ဗျာ"

(347)ပိတ်ပင်ခြင်း

"ဝုန်း" ငရဲထိန်းလက်ထဲသို့ သေမင်းဓားတစ်ချောင်းရောက်လာသည်နဲ့ ထိုဓားသည် လည်း ငရဲမီးများတောက်ပလာလေ၏။တောက်ပလာရုံတင်မကပဲ ဓားတစ် ချောင်းလုံး၏အသွင်ပြင်ပါ ပြောင်းလဲသွားခြင်းဖြစ်သည်။ အရိုးခေါင်းပါရှိ သော ပင်လယ်ဓားပြဓားအသွင်ပြောင်းလဲသွားခြင်းမျိုးဖြစ်၏။ "ချဟေ့" ထိုအသံနဲ့အတူ တိုက်ပွဲကား စတင်ခဲ့လေသည်။ "ဂါး" ဟော်လိုများသည်လည်း ဆာလောင်မွတ်သိပ်စွာဖြင့် ဂျိတ်၊ငရဲထိန်းနဲ့ သေမင်းတမန်တို့ထံ ပြေးဝင်လာလေသည်။ ဟော်လိုများ၏အမြင်၌ သေမင်းတမန်နဲ့ငရဲထိန်းသည် အလွန်အရသာရှိ သော ဝိညာဥ်များသာဖြစ်၏။ငရဲထိန်းနဲ့သေမင်းတမန်တို့သည် သူတို့အား သတ်ဖြတ်နိုင်သောသူများဖြစ်ကြသလို သူတို့အတွက်လည်း ဂျိတ်၊ငရဲထိန်းနဲ့ သေမင်းတမန်တို့သည် သူတို့အားအစွမ်းထက်စေနိုင်သော အရသာရှိသော အသားတုံးများဖြစ်သည်။ "သေကြစမ်း" အရင်လက်မြန်သူက ဂျိတ်ဖြစ်၏။သူ၏လေးကိုင်းကို ဆွဲလိုက်သည်နဲ့ မြှားမ ရှိသော်လည်း အလိုလျောက်ပင် အလင်းတန်းများသုံးချောင်းပေါ်ပေါက်လာ ပြီးလျှင် ဝီး..ဝီး...ဝီး... ထိုအလင်းတန်းမြှားများသည် ပြေးဝင်လာသောဟော်လိုများအား ဇီဝန်ချုပ် ငြိမ်းသွားလေ၏။ ထို့နောက် ဂျိတ်သည် ဆက်လက်ရပ်တန့်ခြင်းမရှိပဲ ပစ်ခတ်လိုက်၏။ ဝီး...ဝီး..ဝီး.... နောက်ထပ်သောအလင်းတန်းမြှားတို့သည် လေးကိုင်းကိုဆွဲသည်နဲ့ပေါ်ပေါက် လာချည်းသာဖြစ်၏။ထိုပေါ်လာသောမြှားတို့အား ဂျိတ်သည် တုံဆိုင်းခြင်းမရှိ ပစ်ခတ်ပြီးသည်နဲ့ဆက်လက်ဆွဲပြီး သားဖြစ်၏။ သူ၏ပစ်ခတ်နှုန်းမှာ မြန်ဆန်သောကြောင့် ဟော်လိုများသည် ရှောင်တိမ်းနိုင် ခြင်းမရှိပဲ သေကြရ၏။ထို့ကြောင့် တိုက်ပွဲစတင်ခြင်းမှာပင် အကောင်သုံး ဆယ်မျှ မျိုးတုန်းသွားပြီဖြစ်၏။ "သေစမ်း" တိုက်ပွဲထဲကိုယ်တိုင်ပါဝင်ရောက်ကြမ်းသူကတော့ သေမင်းတမန်အီချီဂို ဖြစ်၏။သူ၏အရပ်မျှ နီးနီးရှိသောဓားကြီးဖြင့် ဟော်လိုများကို သတ်ဖြတ်၏။ ဝုန်း..ဝုန်း...ဝုန်း သူ၏ခုတ်ကြမ်းများကား ကြမ်းတမ်းလွန်းလှ၏။သူ၏ကြီးမားသော ဓား ချက်များဝှေ့ယမ်းတိုင်း ဟော်လိုတစ်ကောင်ကတော့ ထက်ခြမ်းပိုင်းပြတ်ကာ သေကြရလေ၏။ သူ၏ဓားချက်တစ်ချက်ခုတ်လိုက်တိုင်းလည်း လေပြင်းများပင် ထွက်ထွက် လာလေ၏။ဤသည်က သူ၏ကြီးမားလှသောခွန်အားကို သိသာထင်ရှားစေ လေ၏။ "ကျား" ငရဲထိန်းသည်လည်း ဂျိတ်ပေးသော ဓားဖြင့် ဟော်လိုများကို တိုက်ခိုက် လေ၏။ "ဟီး...ဟီး..ဟီး" သေမင်းတမန်များသုံးသောဓားကငရဲထိန်း၏အစွမ်းသတ္တိနဲ့ပူးပေါင်းသွား သောအခါ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်ချောင်းဖြစ် သွားလေ၏။ဓားတစ်ချက် ဝှေ့ယမ်းတိုင်း ဓားမှအရိုးခြောက်၏ညီးသံက ထွက်လာလေ၏။ ထိုထွက်ပေါ်လာသောအသံကလည်း ဟော်လိုများအားကောင်းစွာ နှောင့်ယှက် နိုင်စွမ်းရှိ၏။ထိုနှောင့်ယှက်သံကြောင့် ဟော်လိုများသည် တိုက်ခိုက်နိုင်ခြင်းမ ရှိပဲ တုံဆိုင်းသွားကြလေ၏။ထိုအခါ ငရဲထိန်းမှ အသာယာပင် ဓားဖြင့်ခုတ် ပိုင်းလိုက်လေ၏။ "အား" ဟော်လိုများမှထိုဓား၏ခုတ်ချက်ကြောင့် သူတို့၏တစ်ကိုယ်လုံးမီးများ တောက်လောင်ကာ မီးလောင်ကျွမ်းပြာကျသွားလေတော့သည်။ သေမင်းတမန်နဲ့ငရဲထိန်းက ရှေ့မှနေ၍တိုက်ခိုက်သတ်ဖြတ်ကြသလို နောက်မှနေ၍ဂျိတ်မှ လေးဖြင့်ပစ်ခတ်ပေး၏။ဂျိတ်အားနှောက်ယှက်လိုပါက ရှေ့မှနှစ်ယောက်အား ကျော်ဖြတ်ရမည်ဖြစ်သလို ရှေ့မှနှစ်ယောက်ကိုလည်း သတ်ဖြတ်လိုပါက ဂျိတ်၏မြှားစာမိမည်ဖြစ်၏။ဤသို့ဖြင့် ဂျိတ်တို့သုံး ယောက်သည် အကွက်ညီညီဟန်ချက်ညီညီ တိုင်ပင်စွာတိုက်ခိုက်သောကြောင့် ဟာကွက်မရှိသော အသင်းဖွဲ့ကြီးဖြစ်ပေါ်လာလေသည်။ ထိုသို့တိုက်ခိုက်ကြသောကြောင့် အကောင်သုံးရာတည်းဟူသော ဟော်လို များသည် အချိန်တိုအတွင်း၌ သေဆုံးကြလေ၏။ဤသည်မှာ ဂျိတ်၊ သေမင်းတမန်နဲ့ငရဲထိန်းတို့၏အတူပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်၏။ "တစ်ကောင်ပဲ ကျန်တော့တယ် " ဂျိတ်မှရေရွတ်လိုက်သည်။သူသည် ပေတစ်ရာရှည်သောဟော်လိုကြီးကို ကြ ည့်ကာပြောလိုက်ခြင်းဖြစ်သည်။ "ငါကြမ်းမယ်" သေမင်းတမန်မှပြောပြောဆိုဆိုဖြင့် သူ၏ဓားဖြင့် ပေတစ်ရာဟော်လိုအားခုန် ချလိုက်၏။ ထန်...... ဟော်လိုများခုတ်ပိုင်းပါက ထက်ပိုင်းပြတ်စေသောဓားသည် လက်ရှိအချိန်၌ သံတောင်ကိုခုတ်ပိုင်းသည့်ပမာ ထွက်ပေါ်လာသောအသံထွက်လာလေ၏။ ("ဒီအတိုင်းမရဘူးလေ") ဂျိတ်မှသက်ပြင်းချလိုက်၏။ ပေတစ်ရာဟော်လိုသည် သာမန်ဟော်လိုများနဲ့ လုံးဝကွဲ ပြား၏။သူသည် ဟော်လိုအကောင်တစ်ရာပေါင်းစည်းထားသော အ ဆင့်မြင့်ဟော်လိုအဖြစ်ရောက်ရှိနေသောကြောင့်ဖြစ်သည်။ထိုအကောင်သည် အလွန်ပင်သန်မာကြီးကြံခိုင်မှု မြင့်မားလာသည်ဖြစ်၏။ထိုအကောင်များကို နှိမ်နင်းလိုပါက တော်ဝင်အဆင့်ရှိသော သေမင်းတမန်များသာလုပ်နိုင်မည် ဖြစ်သည်။ "ငါကြမ်းတော့မယ်..ဘမ်း." "အီချီဂိုမလုပ်နဲ့ ငါတာဝန်ထား" ထိုစကားကိုပြောလိုက်သူကတော့ ဂျိတ်ဖြစ်၏။သူသည် အီချီဂိုအစွမ်းသုံးခါ နီး၌ ဟန့်တားလိုက်ခြင်းဖြစ်သည်။ထို့နောက် သူ၏လေးကိုအသာယာပင်ဆွဲ လိုက်သည်နဲ့ လေးပေါ်၌ အဖြူရောင်ချည်းသာမြှားတစ်ချောင်းပေါ်ပေါက်လာလေ၏။ထို မြှားသည် အစောပိုင်း၌ပစ်ခတ်ခဲ့သော မြှားများဖြင့် နှိုင်းယှဥ်ပါက ထွက်ပေါ် သောအော်ရာမှာ မရှိသလိုပင်ဖြစ်၏။ ထိုမြှားသည် သာမန်အဖြူရောင်ချည်းသာရှိသော အရာဟုထင်ရသော်လည်း ဂျိတ်သည် ပေတစ်ရာဟော်လိုအားချိန်ရွယ်ပြီး ပစ်ခတ်လိုက်သည်နဲ့ "ဝုန်း" အဖြူရောင်မြှားသည် လေထဲရောက်ရှိသွားသည်နဲ့ လူတိုင်းအားကြောက်ခြား ဖွယ်ဖြစ်အောင်ပေးနိုင်စွမ်းထွက်ပေါ်လာ၏။ထိုသို့ကြောက်ခြားဖွယ် ကောင်းသောအော်ရာထွက်ပေါ်လာသောကြောင့် ထိုမြှားသည် မိမိအားထိခိုက် အောင်လုပ်နိုင်ကြောင်း သိလိုက်ပြီး ရှောင်တိမ်းရန်ကြိုးစား၏။ သို့သော်လည်း သူမသိသည်ကား ဂျိတ်သည်ထိုမြှားအား စိတ်၏အလျင်နှုန်း ဖြင့် ပစ်ခတ်လိုက်သာ်ဆိုသည်ကိုပင်ဖြစ်၏။ "အား" ဟော်လိုကြီးနာကျင်စွာအော်ဟစ်လိုက်ကာ လဲကျသေဆုံးသွားလေ၏။သူ ရှောင်တိမ်းရန်ဆုံးဖြတ်လိုက်ကတည်းက မြှားသည် သူ့အားသတ်ဖြတ်ခဲ့လိုက် သည်ကိုတော့ သူလည်းမသိခဲ့လိုက်ပေ။ ပေတစ်ရာဟော်လိုသည် သေဆုံးသွားကြီးမြေပြင်ပေါ်သို့လဲကျပြီးသည်နဲ့ သူ၏နာမ်ခန္ဓာသည် အမှုန့်များအဖြစ်သို့ပြောင်းလဲပြီး ပျောက်ကွယ်သွားလေ တော့၏။ "ဟင်" အာမေဋိတ်အသံထွက်သွားကြသူများကတော့ ငရဲထိန်းနဲ့သေမင်းတမန်တို့ပင် ဖြစ်၏။အဖြစ်ပျက်သည်ထိုမျှအထိမြန်ဆန်မည်ဟု လုံးဝမထင်ထားသော ကြောင့်ဖြစ်၏။ သေမင်းတမန်သည်လည်း အနည်းငယ်ဆွံအမိသွား၏။သူ၏အစွမ်းဖြင့် ပေ တစ်ရာဟော်လိုအား သတ်ဖြတ်နိုင်သော်လည်း ထိုမျှအထိမြန်ဆန်မည်ဟုမ ထင်ထားသောကြောင့် ဖြစ်၏။ဂျိတ်လုပ်လိုက်သည်ကတော့ သူ၏လေးကို ကွေးအောင်ဆွဲတင်လိုက်ပြီး ဆွဲထားသောလက်ချောင်းများလွတ်ပေးလိုက်ရုံ သာဖြစ်၏။ "ကဲ နောက်ဆုံးကျန်တာကတော့ ဒါပဲ" ဂျိတ်မှ သူ၏လေးဖြင့် ငါးထောင့်ကြယ်စက်ဝိုင်းကိုညွှန်ပြလိုက်လေ၏။ ထိုအခါမှ ဟော်လိုများသည် ထိုနေရာနေ၍ထွက်လာကြောင်းကို ငရဲထိန်း သတိရသွား၏။ထိုငါးတောင့်ကြယ်စက်ဝိုင်းသည် လက်ရှိအချိန်၌ တခြား လောကဝင်ပေါက်ဖြစ်နေပြီဖြစ်သည်။ထိုထဲမှနေ၍ နောက်ထပ်သော ဟော်လို များသည် မထွက်လာနိုင်ဟုပြော၍မရနိုင်ပေ။ "ငါဝင်ရှင်းမယ်" သေမင်းတမန်မှ ပြောပြောဆိုဆိုဖြင့် ထိုငါးတောင့်ကြယ်စက်ဝိုင်းထဲသို့ ခုန် ဝင်သွားလိုက်သည်။ထိုသို့ခုန်ဝင်သွားသည်နဲ့ လက်ရှိငါးတောင့်ကြယ်စက်ဝိုင်း ပေါ်မှ ချက်ချင်းပင်ပျောက်ကွယ်သွားလေတော့၏။ "ဘယ်ရောက်သွားတာလဲ" ငရဲထိန်းမှ မေးလိုက်၏။ "သူလား အဲ့ဝင်ပေါက်ထဲရောက်သွားတာလေ ပြသနာမရှိဘူး...ငါတို့လက်ရှိ လုပ်ရမှာက... ဒီအစီရင်ကိုဖျက်စီးဖို့ပဲ" "ဘယ်လိုဖျက်စီးမှလဲ" ဂျိတ်၏အပြောကြောင့် ငရဲထိန်းမှ ပြန်လည်မေးလိုက်၏။ "မခက်ဘူး...လက်ရှိမင်းကိုင်ထားတဲ့ဓားနဲ့ ဒီစက်ဝိုင်းကိုထိလိုက်ရုံပဲ" ငရဲထိန်းလည်း ဂျိတ်ပြောသည့်အတိုင်း လုပ်လိုက်၏။ သူ၏မီးတောက်နေ သော ဓားဖြင့် ငါးထောင့်ကြယ်စက်ဝိုင်းကို ထိလိုက်၏။ထိလိုက်သည်နဲ့ ငါး တောင့်ကြယ်စက်ဝိုင်းသည် ချက်ချင်းပင် မီး​တောက်လောင်ကာ ပျက်စီး သွားလေတော့၏။ အနက်ရောင်နဲ့အနီဝတ်လူများဆင့်ခေါ်ထားသော ဟော်လိုများဝင်လာနိုင်ရာ ဝင်ပေါက်ဖြစ်သော ငါးတောင့်ကြယ်စက်ဝိုင်းသည် လက်ရှိ၌ပျက်စီးသွားပြီ ဖြစ်သည်။

(348)ဖွင့်ပွဲသို့တက်ရောက်ခြင်း

ဒီလိုဖြင့် ဟော်လိုများ၏ကျူးကျော်မှုရန်သည် ပျောက်ကွယ်သွားပြီဖြစ်၏။ ဝင်ပေါက်လည်းမရှိတော့ပြီဖြစ်သောကြောင့် နောက်ထပ်သောဟော်လိုများ ဝင်ရောက်နိုင်ခြင်းလည်းမရှိတော့ပေ။ထို့ကြောင့် ငရဲထိန်းသည် ဂျိတ်အား ကျေးဇူးတင်ရန်လုပ်၏။သို့သော်လည်း ဂျိတ်သည် သူ၏လေးအား အားပါပါ ဆွဲနေပြီး ကောင်းကင်တစ်နေရာသို့ချိန်လျက်ရှိနေကြောင်းတွေ့ရသောကြော င့် အနည်းငယ်စဥ်းစားရခက်သွား၏။ "မပူပါနဲ့ အခုကျုပ်လုပ်နေတာက ခင်ဗျားပြောတဲ့တစ်ကောင်ကို လက်စဖျောက်ပစ်မလို့ပါ" ဂျိတ်မှပြောရင်းသူ၏ လေးကြိုးဆွဲရာမှ လွတ်လိုက်၏။ထိုအခါ မြှားသည် အလင်းတန်းသဖွယ် မြန်ဆန်စွာထွက်ခွာသွားပြီး ကောင်းကင်ယံအထက်သို့ တက်သွားလေ၏။ ကမ္ဘာကြီး၏တစ်နေရာတောတွင်းတစ်နေရာ၌ "ဂျွတ်....ဂျွတ်....." ဝိညာဥ်ကြီးတစ်ကောင်သည် လူတစ်ယောက်၏ဝိညာဥ်အား ကိုင်ကာ အားရပါးရစားသောက်နေလေ၏။ ထိုလူသားဝိညာဥ်ကိုစားသောက်နေစဥ်တွင်သူ၏အနား မြေပြင်နား၌ လူသေ တစ်ယောက်ရှိလေ၏။သေချာကြည့်မည်ဆိုပါက ထိုဝိညာဥ်ကောင် ကြီး၏လက်ထဲ၌ရှိနေသော လူသားဝိညာဥ်နဲ့ထိုလဲကျသေဆုံးနေသော လူသားနဲ့ဆင်တူမှုသည် အတူတူပင်ဖြစ်ကြောင်း သိမည်ဖြစ်၏။ သူ၏ကိုယ်ခန္ဓာတွင်လည်း အပေါက်ကြီးတစ်ခုရှိလေ၏။ထိုအပေါက်ကြီးပါရှိ ခြင်းက ယင်းသည် ဟော်လိုဖြစ်ကြောင်း သက်သေပင်ဖြစ်လေ၏။ "ဝီး" ကောင်းကင်ယံထက်၌ ပျံသန်းနေသော မြှားတစ်စင်းသည် မြန်ဆန်စွာဖြင့် ထို ဟော်လိုရှိရာနေရာသို့ အချိန်စက္က န့်မခြားပဲ ရောက်ရှိလာလေ၏။မြှားပစ်သော နေရာနဲ့ လက်ရှိလူသားဝိညာဥ်အားစားသောက်နေသော ဟော်လိုတို့သည် အနည်းဆုံး မိုင်တစ်ထောင်ကျော်မျှကွာဝေးလေ၏။ထိုမျှကွာဝေးသော်လည်း မြန်ဆန်လှပေရာ ရောက်ရှိလာခြင်းဖြစ်၏။ "ဂီး...." ဟော်လိုသည် တစ်ချက်သာအော်နိုင်ပြီး ပြာအသွင်သို့ပြောင်းလဲကာသေဆုံး သွားလေတော့၏။ဂျိတ် ပစ်လိုက်သောမြှားသည် ထိုဟော်လိုအား မြန်ဆန်စွာ ထိုးဖောက်ပြီး အသက်နှုတ်ပေးလိုက်သည်လည်းဖြစ်၏။ "သူသေပြီ" ဂျိတ်မှ သူ၏လေးကိုပြန်ချလိုက်ကာ ပြော၏။ထိုအခါမှသာ ငရဲထိန်းမှစိတ် ချမ်းသာသွားဟန်ဖြင့် ဂျိတ်အား သူပေးထားသောဓားကို ပြန်လည်ပေးပြီး ကျေးဇူးတင်စကားဆိုလိုက်၏။ "ဘာပဲ ဖြစ်ဖြစ်စိတ်လှုပ်ရှားခဲ့ရတာပဲ" ဂျိတ်မှ တစ်ညအတွင်းဖြစ်ပျက်သွားခဲ့သမျှကို ပြန်လည်တွေးကြည့်၏။ဆိုင် ကယ်စီးပြိုင်မိသည်မှာအစ ဟော်လိုများရန်မှပင် ကာကွယ်ပေးခဲ့ရသည် မဟုတ်ပါလား။ မိမိလောကသို့ရောက်သောအခါ မနက်ခင်းအလင်းရောင်ပင်ပွင့်နေပြီ ဖြစ်ကြောင်း ဂျိတ်တွေ့လိုက်ရလေ၏။ထိုကြောင့်အနားမယူတော့ပဲ စားဖိုဆောင်ထဲသို့ဝင်ရောက်ကာ ချက်ပြုတ်လိုက်တော့၏။ထိုသို့ ချက်ပြုတ် သောအခါ ဘေး၌ပညာနည်းယူနေသော တော်ဝင်စားဖိုမှူးများရှိကြလေ၏။ ယခင်တုန်းက ဂျိတ်သည် ထိုသို့ချက်ပြုတ်သောအခါ တော်ဝင်စာဖိုမှူးများက အပြင်းထန်ကန့်ကွက်ကြ၏။ယခင်တုန်းက ဘုရင်များသည် ချက်ပြုတ်ခဲ့ခြင်း မရှိသောကြောင့်ဖြစ်၏။ထို့ပြင် ဘုရင်သည် ထိုသို့လုပ်ဆောင်ရန်မသင့် တော်သောကြောင့်ဟု လက်ခံယုံကြည်ထားသောကြောင့်ဖြစ်၏။ ထိုအခါ ဂျိတ်မှတစ်ခွန်းသာပြော၏။ "ငါလုပ်နေတာတွေက တိုင်းပြည်အကျိုးစီးပွားအတွက်ပျက်စီးစေတယ်ဆို ရင် ငါဆက်မလုပ်ပါဘူး" ထိုစကားကြောင့် တော်ဝင်စားဖိုမှူးများသည် ငြိမ်သက်သွားကြ၏။ သို့သော်လည်း သိပ်ကျေနပ်ကြသည်မဟုတ်ပေ။ထိုအချိန်၌ သူတို့သည် ဂျိ တ်၏လက်ရာကိုမြည်းစမ်းကြည့်လိုက်သောအခါ သူတို့၏ဘဝ၌ ယခုမှစားရ သည့်အတွက် နောင်တရသလိုပင်ခံစားမိကြ၏။ ထိုအချိန်မှစ၌ ဂျိတ်သည်စားဖိုဆောင်ထဲဝင်ရောက်ချက်ပြုတ်တိုင်း သူ တို့သည် ဂျိတ်၏ချက်ပြုတ်ခြင်းအတတ်ပညာကို စတင်သင်ယူခဲ့ကြသည် ဖြစ်သည်။ဤသို့ဖြင့် အနည်းဆုံး တစ်ပတ်လျှင်နှစ်​ကြိမ်မျှ ဂျိတ်သည် သူတို့ အား ချက်ပြုတ်ရင်းဖြင့် စတင်သင်ကြားပေးဖြစ်သွားလေသည်ဖြစ်၏။ "ကဲ ငါပိုပိုချက်ထားတယ် ယူစားကြနော်" ဂျိတ်သည် သုံးယောက်စာယူပြီးသော စားဖိုဆောင်မှထွက်သွားလေ၏။ထို အခိုက်၌ စာဖိုဆောင်သည် ဆူညံပွက်လောရိုက်သွားလေ၏။အကြောင်းမှာ ဂျိ တ်၏ချန်ထားသော ဟင်းလက်ရာများကို အလုယှက်စားကြသောကြောင့် ဖြစ်၏။ "ကောင်းလိုက်တာ...." ဂျိတ်၏လက်ရာဟင်းကို စားမိသူတိုင်း ထိုသို့တမ်းတမိကြသည်ဖြစ်၏။ထိုသို့ တမ်းတမိအောင်လည်း ဂျိတ်၏လက်ရာဟင်းသည် တော်ဝင်စားဖိုမှူး များ၏လက်ရာနဲ့ မိုးနဲ့မြေအလား ကွာခြားနေသောကြောင့်ဖြစ်၏။ ဂျိတ်လည်း မနက်စာကို အစေခံအားယူဆောင်စေခိုင်းခဲ့ပြီး သမီးနဲ့ဇနီးဖြစ် သူအား တည်ခင်းကျွေးမွေး၏။ထိုသို့ကျွေးမွေးပြီးသောအခါ သူ၏ကားထဲ သို့ အယ်မလီနဲ့အယ်လီနာအားခေါ်ဆောင်ပြီး နန်းတော်ထဲမှထွက်ခွာလာခဲ့ လေ၏။ ဂျိတ်မောင်းနှငိလာသောကားသည် hummerအမျိုးစားပုံစံဖြစ်ပြီး အလွန် ပင်တောင့်တင်းခိုင်မာပြီး မြတ်ဆန်၏။သာမန်ပေါက်ကွဲမှုတင်မကပဲ နျူ လက်နက်ထိခိုက်ပါကပင် ပွန်းပဲ့ခြင်းမရှိသည်အထိ အားကောင်းသောအကာ ကွယ်များဖြင့် တပ်ဆင်ထား၏။အတွင်းပိုင်းလည်း အလွန်ကျယ်ပြန့်သည် အပြင် ကားစီးရသည်မှာ အလွန်ပင်သက်တောင့်သက်သာရှိလေ၏။အထူး ခြားဆုံးကတော့ ကားရှေ့၌တပ်ဆင်ထားသော လက်သီးပုံစံပင်ဖြစ်၏။ ထိုတံဆိပ်မှနေ၍ ကြောက်မက်ဖွယ်ကောင်းသော အငွေ့သက်များထွက်ပေါ် နေ၏။ထိုတံဆိပ်သည် ဂရိတ်တိုင်းပြည်၏အမှတ်တံဆိပ်လည်းဖြစ်၏။ ထိုhummer(ဟမ်းမား)ကားသည် နန်းတော်မှထွက်ခွာလာသည်နဲ့ ထိုကားကို မြင်သော နန်းတော်မှလူတိုင်းအရိုသေပေးလိုက်ကြလေ၏။ ထိုကားထွက်ခွာ သွားသည်နဲ့ နန်းတော်မှစစ်သည်များသည်လည်း ထိုကားနောက်မှ အရိုသေပြု ပြီး ချီတက်လိုက်ပါခဲ့ကြလေ၏။ ထိုစစ်သည်တော်များသည် အလွန်ပင်နည်းစနစ်ကျလှစွာဖြင့် လိုက်ပါလာခဲ့ ကြ၏။သူတို့ဝတ်ဆင်ထားသော စစ်သည််ချပ်ဝတ်တန်ဆာများတွင်လည်း လက်သီးပုံတံဆိပ်ပါရှိပြီး အလွန်ပင်အထာကျလှပေ၏။ ကားသည်အလွန်ပင် မြန်ဆန်လှသော်လည်း နောက်မှလိုက်ပါလာသော စစ်သည်များသည်လည်း နှေးကွေးခြင်းမရှိချေ။ဂျိတ်၏လက်ထက်တွင် ဂရိတ်တိုင်းပြည်၌ရှိကုန်သော စစ်သည်တိုင်းသည် အလွန်ပင်သန်မာပြီး အစွမ်းထက်လာကြသည်ဖြစ်၏။ထို့ကြောင့် ဂျိတ်မောင်းနှင် သောကား၏နောက်သို့ သူတို့အနေဖြင့် ခြေလျင်ပြေးသွားရသည်မှာ သွေး ပင်မပူသောအခြေနေဖြစ်၏။ "ဖေဖေ မီးမီးတို့ဘယ်သွားတာလဲဟင်" "ကျောင်းသွားနေတာပေါ့ သမီးရဲ့...နောက်ကျရင်သမီးလဲအဲ့မှာစာသင်ရ မယ်...ပြီးရင်သူငယ်ချင်းတွေလဲ ရလာလိမ့်မယ်" ဂျိတ်မှပြောပြလိုက်၏။ထိုအခါ သမီးဖြစ်သူသည်အလွန်ပင်စိတ်လှုပ်ရှားလာ လေ၏။ "ဒါဆို ဘယ်ချိန်သွားရမှာလဲ ဖီဖီ" "နောက်တစ်နှစ်ပေါ့သမီးရဲ့ငါးနှစ်ပြည့်ရင် ကျောင်းတက်ရမယ်နော်" "ဟုတ်" ဂျိတ်သည် သူ၏ကားကို ကျွမ်းကျင်စွာမောင်းနှင်ရင်း တစ်နေရာသို့ထွက်ခွာခဲ့ လိုက်လေ၏။ သူသွားနေသော နေရာသည် ဂရိတ်တိုင်းပြည်၌အကြီးကျယ်ဆုံးအခမ်းနား ဆုံးဖြင့် ပထမဆုံးတည်ထောင်သော ကျောင်းတော်ကြီးထံသို့ဖြစ်၏။ "ကျွီ " ကျောင်းပေါက်ဝ၌ များစွာသော ကျောင်းသားကျောင်းသူများသည် ကြိုဆိုရန် စောင့်ဆိုင်း​နေကြ၏။သူတို့သည် သူတို့တိုင်းပြည်၏ဘုရင်မင်းမြတ်ကို မြင် ဖူးလိုသောကြောင့် ဖြစ်၏။ဘုရင်မင်းမြတ်အား တွေ့ရမည်ဖြစ်သောကြောင့် လူတိုင်းသည် ကောင်းပေ့ဟုခေါ်သောအရာများအား ဝတ်စားဆင်ယင်ထား ကြလေ၏။ကျောင်းအုပ်သည်လည်း သူ၏ဆရာဆရာမနဲ့အတူစိတ်လှုပ်ရှား နေပြီဖြစ်၏။ "ဟောလာပြီ" ကားတစ်စီးသည် သူတို့၏ကျောင်းပေါက်ဝအနားသို့ရောက်ရှ်ိလာ၏။ထို ကား၏နောက်တွင်လည်း အလွန်ပင်ခန့်ညားလှသော စစ်သည်များက ခြေလျင်ပြေးလာကြလေ၏။သူတို့အား ကြည့်ရုံဖြင့် ကျောင်းသား ကျောင်းသူများသည် စိတ်ထဲလှုပ်ရှားလာကြ၏။ "ဝါး....အရမ်းခန့်တာပဲ.." "ဝါး အရမ်းမိုက်တာပဲ" ကားထဲမှ ဂျိတ်၊အယ်မလီနဲအယ်လီနာတို့ထွက်ပေါ်လာသည်နဲ့ အားလုံး ရင်သပ်ရှုမောသွားကြလေ၏။ကျောင်းသူများ၏စိတ်ထဲ၌ သူတို့၏ဘုရင် မင်းမြတ်သည် အလွန်ပင်ငယ်ရွယ်သေးသလို ခန့်ညားတည်ကြည်သောကြော င့်ဖြစ်၏။ချက်ချင်းပင် သူတို့ဘုရင်ကြီး၏အမာခံဖန်များဖြစ်ချင်စိတ်များ ပေါ်ပေါက်လာကြလေ၏။ ကျောင်းသားများသည်လည်း ထိုနည်းတူပင်။ဂျိတ်၏ပုံစံကြောင့် အံအားသင့် သွားကြသလို ဂျိတ်ဘေး၌ရှိနေသော အယ်လီနာကြောင့် ငေးမောမိသွား ကြ၏။မိဖုရားကြီးသည် အလွန်ပင်ချောမောလှပသောကြောင့်ဖြစ်၏။ "ကြိုဆိုပါတယ်" ကျောင်းအုပ်ကြီးမှကြိုဆိုလိုက်၏။ဂျိတ်ကလည်း အသိမှတ်ပြုကြောင်းပြော ပြီး ကျောင်းထဲသို့ဝင်လာခဲ့ကြလေ၏။ ဂျိတ်၏နောက်တွင်လည်းနန်းတော်မှစစ်သည်များက ညီညာစွာဖြင့်လိုက်ပါ လာကြပြီး နေရာတိုင်း၌အသင့်အနေထားဖြင့်စောင့်ကြပ်လိုက်ကြလေ၏။ ယနေ့ ဂျိတ်ရောက်လာရခြင်းသည် အကြောင်းရင်းနှစ်ခုသာရှိ၏။ပထမသည် ကျောင်းဖွင့်ပွဲလုပ်ပေးရန်ဖြစ်ပြ နောက်တစ်ချက်သည် ဘောလုံးပွဲဗိုလ်လုပွဲ ကို ချီးမြင့်တက်ရောက်ရန်ဖြစ်၏။ ဂျိတ်ရောက်ရှိလာသည်နဲ့ ကျောင်းတွင်ရှိသော သီဆိုဖျော်ဖြေမှူများသည် စတင်လိုက်ကြလေ၏။ကျောင်းသားကျောင်းသူများစွာကလည်း မိမိတို့ ကျောင်းသို့ရောက်ရှိလာသော ဘုရင်ဖြစ်သူအား ဝိူင်းဝန်းကြည့်ရှုလိုက်ကြ လေ၏။ ကြည့်မိသူတိုင်း သူတို့၏ရင်ထဲ၌ တိုင်းပြည်သားကောင်းဖြစ်အောင်လုပ်ပြီး ဂျိတ်၏ကျေးဇူးများဆပ်ရန် ဆန္ဒများတဖွားဖွားပေါ်ပေါက်လာကြလေ၏။ ကျောင်းဖွင့်ပွဲသည်လည်း စတင်ခဲ့ပြီဖြစ်၏။

All Chapters