← Chapters

အခန်း (၃၄၉-၃၅၁)

Vol. 24 Ch. 349-351

အခန်း (၃၄၉-၃၅၁)

Vol. 24 Ch. 349-351

(349)ကန်ချက်တစ်ချက်

လူတိုင်း ကျောင်းဟောခန်းထဲသို့ရောက်ရှိလာကြ၏။ဘုရင်လာမည်ဖြစ်သော ကြောင့် အစွမ်းကုန်ပြင်ဆင်ထားကြသည်ဖြစ်ရာ ခန်းမသည် လှပတင့်တယ် နေသည်။ ဂျိတ်လည်း ခန်းမထဲဝင်ကာ စင်မြင့်ပေါ်သို့တက်ပြီး ကျောင်းသားကျောင်းသူ များကို ကြည့်ရှူလိုက်၏။ခန်းမအပြည့်ရှိနေကြောင်းတွေ့ရလေ၏။ ဂျိတ် လည်း သူ၏သြဇာအာဏာပြည့်စုံလှသော အသံဖြင့် မိန့်ခွန်းစတင်ပြော၏။ ကျောင်းသားကျောင်းသူများကို ယခုလိုပထမဆုံးကျောင်းဖွင့်ပွဲသို့တက်တက် ကြွကြွတက်ရောက်ပေးသည့်အတွက်ကျေးဇူးတင်ကြောင်း လက်ရှိအချိန်၌ ဂရိတ်တိုင်းပြည်အတွင်း၌ ပညာရေးသည် အခြေခံအုတ်မြစ်ချသည်သာရှိ ကြောင်း နောက်ထပ်ပိုမိုတိုးတက်ရန်လိုအပ်ကြောင်း ပြောကြား၏။ ပညာရေးတိုးတက်မှသာလျှင် တိုင်းပြည်တိုးတက်မည်ဖြစ်ကြောင်းနဲ့ တိုင်းပြည်တိုးတက်ရေးအတွက် တိုင်းပြည်သူပြည်သားများအပေါ်တွင် လည်း မူတည်ကြောင်း ပြောကြား၏။ထိုသို့တိုးတက်မှုသည် လက်ရှိ ကျောင်းသားကျောင်းသူများအပေါ်၌ မူတည်နေကြောင်း တိုင်းပြည်၏အနာဂတ် သင်တို့အပေါ်၌မူတည်နေကြောင်းနဲ့ သင်တို့ကြိုးစားမှု ကြောင့် တောက်ပြောင်လာသောတိုင်းပြည်ကို ကြည့်ချင်ပါကြောင်းပြော ကြား၏။ ဂျိတ်၏မိန့်ခွန်းသံသည် ခန်းမတစ်ခုလုံးထဲရှိ လူတိုင်းအားလုံးကြားရလေ၏။ လေသံသည် တုန်လှုပ်ခြင်းမရှိ တည်ကြည်ပြတ်သား၏။တိုးသွားခြင်းမရှိ သလို ကျယ်လောင်လွန်းလှခြင်းလည်းမရှိပေ။ ပြောလိုက်သောစကားလုံး တိုင်းကလည်း ရှင်းလင်းတိကျကာ ပြတ်သားလှ၏။ထို့ကြောင့် ဂျိတ်ပြော သောစကားလုံးများသည် နားထောင်နေသောလူတိုင်း၏ရင်သို့ စူးနှစ်သွား ကာ ကြိုးစားချင်စိတ်များတဖွားဖွားဖြစ်ပေါ်လာစေ၏။ ဂျိတ်သည် စိတ်ရှည်လက်ရှည်ရှင်းပြပေး၏။ပထမဆုံးဖွင့်သောကျောင်းဖြစ် သောကြောင့် အကျိုးရှိမည့်စကားများသာ တွင်တွင်သုံး၏။ ထို့နောက် ဂျိတ်သည်ကျောင်းတက်ရခြင်း၏အကျိုးကျေးဇူးများရှင်းပြ ပေး၏။ကျောင်းတက်ပြီး ပြီးဆုံးပါက သက်ဆိုင်ရာဘွဲ့များပေးမည် ဖြစ်ကြောင်း ထိုအရာများဖြင့် မိမိတိုင်းပြည်တစ်ခုလုံး၌ မိမိကြိုက်နှစ်သက် ရာ၌ လုပ်ကိုင်နိုင်ကြောင်း မည်သည့်မျိုးနွယ်အတန်းစားဖြစ်နေပါစေ လုပ်ကိုင်နိုင်ကြောင်းပါရှိ၏။နန်းတော်၌လည်း ခြွင်းချက်မရှိလုပ်ကိုင်နိုင် ကြောင်း ပါပြောကြားရာ လူတိုင်းတုန်လှုပ်သွားကြလေ၏။ ထိုစကားများက ထိုခေတ်အခါ၌ မရှိခဲ့သောစကားမပြောရဲသောစကားများ ဖြစ်သည့်အပြင် အလွန်ပင် မြေရှင်ပဒေသရာဇ်ဆန်သည်မဟုတ်ပါလား။ထို ရဲရဲတောက်စကားများကြောင့် ကျောင်းသားကျောင်းသူများတက်ကြွကာ လက်ခုပ်သြဘာများပေးလိုက်ကြ၏။ ကျောင်း၏ပညာသင်ပေးမည့်ဆရာများလည်းပြုံးလိုက်ကြ၏။သူတို့သည် လည်း သူတို့ဆရာဖြစ်သင်တန်းတက်စဥ်က ထိုသို့ကြားလိုက်ရ၌ တုန်လှုပ်ခဲ့ သေးသည်မဟုတ်ပါလား။မိမိတို့၏ဘုရင်မင်းမြတ်သည် ယခင်ခေတ် အဆက်ဆက်က စည်းမျဥ်းများကို ဖောက်ဖျက်ပြီး လွတ်လပ်သောခေတ်ကြီး ကို ထူထောင်ရန်ကြိုးစားနေသည်ဖြစ်ကြောင်း သိလိုက်ကြသည်။ ဂျိတ်လည်း မိန့်ခွန်းပြောကြားပြီးသည်နဲ့ ခန်းမမှထွက်ခွာလာပြီး ဘောလုံး ကွင်းဘက်သို့ပြန်လည်ထွက်ခွာခဲ့လိုက်၏။ ဘောလုံးကွင်းသည် အလွန်ပင်ကြီးကျယ်ပြီး ခမ်းနားလှ၏။ဂျိတ်သည် ထို ဘောလုံးကွင်းကိုကြည့်ရုံဖြင့် တည်ဆောက်သူများ၏ကြိုးစားမှုကို မြင် ယောင်မိလိုက်၏။ဘောလုံးကွင်းအပြင်ဘက်၌ ထင်ရှားကျော်ကြားသော သူများ၏ပုံများလည်း ရေးဆွဲထား၏။ထိုသူများ၏ပုံသည်လည်း အလွန်ပင် အသက်ဝင်လှ၏။ မာရာဒိုမာ၊ပီလီ၊ဒေးဗစ်ဘက်ခမ်း၊ရော်နယ်ဒိုအစရှိသော သူများ၏ပုံများ ရေးဆွဲထားသည်လည်းဖြစ်၏။ဂျိတ်လည်း ဆက်လက်ပြီး ဘောလုံးကွင်း အတွင်းသို့ဝင်ရောက်လိုက်သည်နဲ့... "ဒီခံစားချက်" နှာခေါင်းထဲတိုးဝင်လာသော မြက်ခင်းစိမ်းနံလေးက လူအား ကလူကျီစယ် သွား၏။ "ဝါး" အယ်မလီလေးပင် အံသြသွား၏။ ဘောလုံးကွင်းသည် အလွန်ကြီးကျယ်ခမ်းနားသော်လည်း ဤသည်မှာ ကျောင်း၏နယ်မြေထဲမှ တစ်စိတ်တစ်ဒေသသာဖြစ်၏။ထို့ကြောင့် ကျောင်းသည် မည်မျှကျယ်ဝန်းကာ ကြီးမားကြောင်းသိရှိနိုင်ပေသည်။ အတွင်းသို့ရောက်သောအခါ ပိုမိုရင်သပ်ရှုမောဖွယ်များမြင်ရ၏။ဘောလုံး ကွင်းပတ်ပတ်လည်၌ လူတိုင်းက ကြည့်ရှုအားပေးနိုင်စေရန် ထိုင်ခုံများရှိနေ ရုံမက လူတိုင်းစိတ်ချမ်းသာစွာဖြင့် နေ့ညမရွေးကြည့်ရှုနိုင်စေရန်အတွက် အားကောင်းသောမီးများ၊လေအေးပေးစက်များနဲ့ လိုအပ်သောအရာများ ပါရှိ၏။ ယှဥ်ပြိုင်မည့်နေရာဖြစ်သော ဘောလုံးကွင်းသည်လည်း အလွန်ပင်ကောင်း လှ၏။ကောင်းမွန်သော မြက်ခင်းအမျိုးစားများနဲ့ ကောင်းပေ့ဟူသော အရာ မှန်သမျှကို အသုံးပြုထားသည်ဖြစ်ရာ လူတိုင်းကန်ချင်စိတ်ပေါက်စေနိုင်သည် ဖြစ်သည်။အနည်းငယ်ကွာခြားစေသည်ကတော့လက်ရှိ နေရာ၌ အသုံးပြု သော ဘောလုံးကွင်းသည် ကမ္ဘာမြေဘောလုံးကွင်းထက်ပို၍ကျယ်သည်ပင် ဖြစ်၏။ မကျယ်၍လည်းမရပေ။စစ်သည်တော်များသည် သာမန်လူများထက် ပိုမိုသန်မာမြန်ဆန်ရာ ကွင်းကိုချဲ့ပေးထားရသည်လည်းဖြစ်၏။ ဘောလုံးကွင်း၌ ယှဥ်ပြိုင်ကြမည့်နှစ်သင်းလုံးကိုလည်း ဂျိတ်မြင်လိုက်ရ၏။ တူညီဝတ်စုံများဖြင့် ဝတ်ဆင်ထားပြီး လိုအပ်သော ပစ္စည်းအစုံပါ ဆင်ယင် ထားကြရာ ကမ္ဘာမြေကဘောလုံးအသင်းဟုပင်ထင်မှတ်စရာကောင်းလှ၏။ ဂျိတ်လည်း သမီးလေးအယ်မလီနဲ့ချစ်ရသူအယ်လီနာနဲ့အတူ ခန့်ညားတည်ဝါ စွာလျှောက်လာပြီး ဘောလုံးပြိုင်မည့်နှစ်သင်းလုံးကို တစ်ယောက်ချင်းစီး အားပေးစကားပြောကြား၏။ ထိုအခါ ဘောလုံးကန်ကြမည့်အသင်းသားများသည်အလွန်ပင်အားတက်လာ ကြလေ၏။ ဂျိတ်တို့သုံးယောက်လည်း မိမိတို့အားပေးရန်မိမိတို့အတွက်ပြင်ဆင်ထား သော ထိုင်ခုံများ၌ထိုင်လိုက်ကြ၏။ဂျိတ်ထိုင်ပြီးသောအခါမှ ကျောင်းမှ တာဝန်ရှိဆရာများနဲ့ ကျောင်းသားကျောင်းသူများ၏မိဘများကလည်း အားပေးရန် ကွင်းထဲသို့ တဖွဲဖွဲရောက်ရှိလာပြီး လွတ်နေသောထိုင်ခုံ များ၌ထိုင်ကာ အားပေးလိုက်ကြ၏။ "စပါပြီ" ဘောလုံးပွဲသည် စတင်ခဲ့ပြီဖြစ်၏။နှစ်ဖက်အသင်းများကလည်း မိမိတို့ဂိုး သွင်းနိုင်ရေးအတွက် ကြိုးစားကြ၏။အသင်းနှစ်သင်း၏အမည်မှ ဆေးဗားနဲ့ ဂိုးလ် ဖြစ်ကြ၏။ "ဆေးဗား....ကွ..." "ဂိုးလ်...ကွ" အားပေးသောပရိတ်သတ်များ၏အသံများကလည်း ပွဲကြာလေ ဟိန်းထွက် လာလေဖြစ်၏။နှစ်ဖက်သင်းပရိတ်သတ်များနဲ့ကစားသမားများ၏မိဘ များ၏အားပေးမှုများကြောင့် ဘောလုံးကွင်းကြီးမှာ အသံများဖြင့်စိုပြေနေ တော့၏။ ကစားသမားများသည်လည်း မိမိတို့၏ဘုရင်ကြီးနဲ့မိမိတို့အား အားပေးနေ သောပရိတ်သတ်များ၏အသံများကြောင့် အားတက်လာပြီးအစွမ်းကုန်ယှဥ် ပြိုင်ကြလေ၏။ ကမ္ဘာမြေနဲ့မတူညီသည်တစ်ခုကတော့ လက်ရှိဘောလုံးကစားသူများသည် စစ်သည်တော်လမ်းစဥ်လျှောက်သူများဖြစ်ကြရာ ပို၍ပင် သန်မာမြန်ဆန်ကြ လေ၏။သာမန်ကန်ချက်များအပြင် ၎င်းတို့၏ချာက္က ရာနဲ့သိုင်းပညာများ ပေါင်းစပ်၍ကန်သူများနဲ့ ဂိုးဖမ်းသူတို့၏သိုင်းပညာဖြင့်ဖမ်းပုံတို့က ကြည့်ရှု သူတိုင်းကို ရင်ခုန်စိတ်လှုပ်ရှားစေသည်မှာအမှန်ပင်။ "သူက အဲ့သိုင်းတတ်သွားတာပဲ" "ကြည့်စမ်း ကျမသားက နောက်သိုင်းတစ်ခုတောင်ကျွမ်းနေပြီ" ဘောလုံးကန်ရာ၌ပေါင်းစပ်သုံးပြသွားသောကြောင့် ကြည့်ရှုနေသောပရိတ် သတ်များကလည်း သူတို့၏မည်မျှတတ်ကျွမ်းကြောင်း သိကြသလို သူတို့ အတွက် သိုင်းပညာအသုံးပြုပုံသည် ပိုမိုကျယ်ပြန့်လာစေပေ၏။ ယှဥ်ပြိုင်စဥ်မိနစ်ကိုးဆယ်တစ်ခုလုံးသည် ပရိတ်သတ်များအတွက် စိတ် လှုပ်ရှားမှုများအပြည့်ဝရရှိခဲ့ကြသည်ဖြစ်ရာကျေနှုပ်ကြ၏။နောက်ဆုံး၌ ဂိုး လ်အသင်းက ဆေးဗားအသင်းအား နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ယူပြီး ပထမဆု အား ထိုက်ထိုက်တန်တန်ရရှိသွားကြလေ၏။ ဆုချီးမြင့်သောအခါတွင်လည်း ဂျိတ်မှ တစ်ဦးချင်းစိီဆုချပေး၏။အနိုင်ရ သောအသင်းအတွက် ဂုဏ်ယူကြောင်းပြောကြားပေးပြီး ရှုံးသောအသင်း အတွက်လည်း ထပ်မံကြိုးစားစေလိုကြောင်းနဲ့ ပထမရရှိရန် မိမိမှစောင့်မျှော် နေကြောင်း ပြောကြားပေး၏။ဂျိတ်၏လုပ်ဆောင်မှုကြောင့် ကစားသမား တိုင်းကလည်း အရှုံးအနိုင်ရရှိသည်ထက် ပိုမိုကြိုးစားရန် စိတ်အားထက်သန် လာကြတော့၏။ ကြည့်ရှုအားပေးခဲ့သောပရိတ်သတ်များကလည်း လက်ရှိသူတို့မြင်သော မြင်ကွင်းအားကြည့်ပြီး သူတို့အတွက်လည်း မိမိသားသမီးများကို ကြိုးစား စေရန် ဆန္ဒများထက်သန်ပြင်းပြလာကာ သူတို့အတွက်လည်း အားပေးမည် ဖြစ်ကြောင်း ဆုံးဖြတ်လိုက်ကြ၏။ ပွဲစဥ်ပြီးဆုံးသွားပြီဖြစ်သောကြောင့် လူတိုင်းဘောလုံးကွင်းမှ ပြန်ထွက်လာခဲ့ ကြ၏။ ထိုအခိုက်၌.... "ဟင်" ဂျိတ်သည် အာရုံရသောကြောင့် ကောင်းကင်ပေါ်သို့ ကြည့်လိုက်၏။ ကောင်းကင်ပေါ်၌ ကြီးမားပြီး ကြောက်မက်ဖွယ်သောအသွင်ဖြင့် သတ္တ ဝါကြီး တစ်ကောင်ရှိကြောင်းတွေ့လိုက်ရလေ၏။သူ၏ချွန်ထက်သော သွားများ၊ လက်သည်းများနဲ့ သံမဏိသဖွယ်မာကျောသောကိုယ်ခန္ဓာကိုလည်း တွေ့ ရ၏။ထိုအကောင်ကြီးသည် တိမ်များကြားထဲမှ ထွက်ပေါ်လာသည်လည်း ဖြစ်၏။ ထိုအကောင်သည် တရုတ်နဂါးမျိုးပုံစံဖြင့် ဆင်ဆူကြောင်းတွေ့ရလေ၏။ ဂျို နဲ့နှုတ်ခမ်းမွှေးရှည်ရှည်အပြင် လက်လေးချောင်းနဲ့မြွေလိုရှည်လျားကာ အစိမ်းရောင်ကြေးခွံဖြင့် သူ၏ကိုယ်ကိုဖုံးလွမ်းထားသောကြောင့် တွေ့ရ သည်။ ထိုသတ္တ ဝါကြီးသည် အလွန်ပင်ကိုယ်ယောင်ဖျောက်ကျွမ်းကျင်လှ၏။ဂျိတ် သည် အစွမ်းကြီးသောကြောင့်သာ အာရုံခံမိခြင်းဖြစ်၏။ကျန်သော မည်သူ များမှ ဘောလုံးကွင်းထက်၌ထိုအကောင်ကြီး ရှိနေသည်ကိုမသိကြပေ။ ထိုသတ္တ ဝါကြီးသည် မိမိအားသတ်ဖြတ်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဂျိ တ်သိလိုက်ရ၏။ထို့ကြောင့် ဂျိတ်သည် သူ၏ဘေး၌ရှိနေသော ဘောလုံးအား ခြေဖြင့် တော့လိုက်၏။တော့လိုက်၌ မြောက်သွားသောဘောလုံးအား အား ပြင်းပြင်းထန်၍ကန်လိုက်၏။ "ဝီး" အရှိန်လွန်စွာပြင်းထန်သောကြောင့် ဘောလုံးသည် အလင်းတန်းကဲ့သို့ ပျံ သွားပြီး ထိုအကောင်ကြီးကို ထိကာမိတ်ဆက်ပေးလိုက်ချေ၏။ "မိုးမေလင်း" ထိုအသံသာထွက်နိုင်ပြီး နဂါးလိုလိုအကောင်သည် ဘောလုံးကြောင့် တိမ်ယံ ကြားထဲသို့ ပြန်ဝင်သွားရချေ၏။ "ဖီဖီကန်တာ အရမ်းမိုက်တယ်" ဂျိတ်၏ကန်ဟန်ကြောင့် အယ်မလီလေးသည် အားပေးလိုက်၏။ဂျိတ်လည်း သမီးလေးအား ပေးချီပြီး ကျန်လက်တစ်ဖက်ဖြင့် ဇနီးချောလေးအား ဆွဲကာ ဘောလုံးကွင်းမှထွက်၍ ကားထံသို့ပြန်လာခဲ့လေ၏။ ကောင်းကင်၌ရှိနေသော သတ္တ ဝါကြီးသည် ဂျိတ်၏ကန်ချက်ကြောင့် တော တွင်းတစ်နေရာသို့ပြုတ်ကျလွင့်စင်သွားခဲ့ပြီဖြစ်၏။

(350)အကြောင်းရင်းသိပြီ

ကျောင်းဖွင့်ပွဲအခမ်းနားနဲ့ဘောလုံးပြိုင်ပွဲအခမ်းနားသည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ထို့ကြောင့် ဂျိတ်လည်း မိမိကားဆီသို့ပြန်လာခဲ့ပြီး နန်းတော်သို့ပြန်လည်ဦးတည်လိုက်၏။ ထိုအခါ စနစ်တကျဝတ်ဆင်ထားပြီး စည်းစနစ်ကျလှသော နန်းတော်စစ်တပ် သည် ကျောင်းနေရာအနှံ့တပ်ဖြန့်ချထားရာမှ ပြန်လည်ရုတ်သိမ်းပြီး ဂျိ တ်၏ကားနောက်သို့ပြန်လည်လိုက်သွားကြလိုက်၏။ ကျောင်းသားကျောင်းသူများကတော့ ထိုချီတက်သွားသော စစ်သည်များ အား ကြည့်ပြီး အားကျနေကြ၏။ သူတို့၏စိတ်ထဲတွင် ထိုသို့သောစစ်သည် တော်များဖြစ်လိုစိတ် ပေါက်ဖွားလာကြသည်ကိုတော့ ဘယ်သူမှမသိလိုက်ကြ ပေ။ "မီးမီးကောဘယ်ချိန်ကျောင်းတတ်ရမှာလဲ" သမီးဖြစ်သူ၏စကားကြောင့် ဂျိတ်သည် သမီးလေးဖြစ်သူအယ်မလီကိုကြည့် လိုက်သည်။သမီးဖြစ်သူသည် ယနေ့ကျောင်း၌တွေ့လိုက်ရသော မြင်ကွင်း ကြောင့် အလွန်မင်းစိတ်လှုပ်ရှားပြီးပျော်နေဟန်ပုံပေါ်၏။ထိုအခြင်းရာသည် ကောင်းသောဖြစ်စဥ်ဖြစ်ရာ ဂျိတ်ပြုံးမိ၏။တစ်ဆက်တည်းမှာပင် ယခင်ဘဝ က မိမိကျောင်းစတက်စဥ်ကိုပင် ပြန်လည်မြင်ယောင်မိ၏။ မိမိ ကျောင်းစတက်စဥ်၌ နှပ်ချေးတွဲလောင်းဖြစ်ရုံတင်မကပဲ တစ်ခန်းလုံး နားညီးရသည်အထိ အော်ငိုခဲ့သည်မဟုတ်ပါလား။အတန်းပိုင်ဆရာမဖြစ်သူမှ မုန့်ထုပ်လေးမပေးခဲ့ပါလျှင် ဆက်လက်ငိုနေဦးမည်ဖြစ်သောဖြစ်ရပ်ကိုပြန် တွေးရင်း ရယ်ချင်စိတ်ပင်ဖြစ်ပေါ်လာလေသည်။ထိုရယ်ချင်စိတ်အား ပြန် ထိန်းရင်း "သမီးလေး ငါးနှစ်ရောက်ရင် ကျောင်းတက်ရမှာပေါ့....အဖေကိုယ်တိုင် တောင်..ကျောင်းကြိုကျောင်းပို့လုပ်ပေးမှာ" "ယေး....ဒါမှတို့ဖေဖေကွ" သမီးလေးသည် အလွန်ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်၏။ဘေးတွင်တော့ သားအဖနှစ်ယောက်ကို ကြည့်ကာ ပီတိဖြစ်နေသော အယ်လီနာရှိ၏။ သူမ၏အတွေး၌ ဂျိတ်၏ပြုမှုပုံများသည်ဇာတ်လမ်းကြောင်းသဖွယ်ပင် ဖြစ်၏။ယခင်ချစ်သူဘဝ၌ ဂျိတ်သည် ရိုးသားဖြူစင်ပြီး အနေခပ်အေးအေး သာဖြစ်၏။လက်ရှိဂျိတ်၏အပြုမှုများသည် ယခင်ထက်စာလျှင် များစွာရင့် ကျက်သွားရုံမက သူ၏အပြုမှုတစ်ခုစီတိုင်းသည်လည်း အမြဲထူးခြားနေ တတ်၏။အထူးသဖြင့် ဂျိတ်သည်သူ၏စစ်သည်တော်များရှေ့တွင် မျက်နှာထားတည်ကြည်ပြီးကြောက်မက်အောင်နေသလောက် သမီးလေးနဲ့ အတူနေရသောအခါ စောစောက ဂျိတ်ပင်ဟုတ်ပါစဟူသည်အထိ တွေးယူရ မည်ဖြစ်၏။ထို့ပြင် လက်ရှိအခြေနေထိ သမီးလေးအား ဆူကြိ​မ်းမောင်း ခြင်းမရှိသည်ကိုလည်း သတိထားမိသည်မှာကြာပြီလည်းဖြစ်၏။ "ဟင်.." အယ်လီနာ၏အသံကြောင့် ဂျိတ်ကားမောင်းရင်းနောက်သို့လှည့်ကြည့် လိုက်၏။ကားထဲ၌ရှိနေသော အယ်လီနာ၏လက်တွင် ထူးခြားသော အမှတ် သားတစ်ခုပေါ်လာလေ၏။ထိုအမှတ်သားပေါ်လာသည်နဲ့ အယ်လီနာ၏ကိုယ် သည် ပေါ်လိုက်ပျောက်လိုက်ဖြစ်ပေါ်လာလေ၏။ ("ဒါကတည်နေရာပြောင်းနေတာပဲ") ထိုအမှတ်သားကိုမြင်ရုံဖြင့် ဂျိတ်သည် ချက်ချင်းတန်းသိ၏။သူ၏ဇနီးအား တစ်စုံတစ်ယောက်မှ အတင်းကြပ် တည်နေရာ​ပြောင်းရွေ့နေကြောင်း ရိပ်စားမိ၏။ထို့ကြောင့် ထိုအမှတ်သားအား ဖျက်စီးပစ်ရန် လက်ကိုမြောက် လိုက်၏။ "မလုပ်နဲ့ ကျမ လုပ်စရာလေးတွေရှိပါသေးတယ်..ကျမကိုအချိန်တစ်လပေး ပါလား ကို" ဂျိတ်အား အယ်လီနာမှတောင်းပန်ကာဆိုသောကြောင့် ဂျိတ်လည်း သူ၏အကြံကို ပြန်လည်ရုတ်သိမ်းလိုက်၏။ အယ်လီနာ၏တောင်းဆိုမှုကြော င့်သာမဟုတ်ပါက တည်နေရာရွေ့ပြောင်းရန်လုပ်သောသူကိုပါ ဆော်ပလော် တီးမိမည်ဖြစ်၏။ "မီမီ...ဘာဖြစ်တာလဲ" သမီးလေးကတော့ ဖြစ်ရပ်အားမသိသောကြောင့် ကိုယ်ခန္ဓာပျောက်လိုက်ပေါ် လိုက်ဖြစ်နေသော မိခင်ဖြစ်သူအား ကြည့်ကာပြော၏။ "သမီးလေး ဖေဖေနဲ့လိမ္မာနေနော်...အမေလုပ်စရာရှိသေးလို့.... တစ်လ လောက်မရှိနေဘူး...သွားစရာရှိသေးလို့" အယ်မလီမှာ ငယ်ရွယ်သေးသောကြောင့် ခေါင်းညိတ်ပြ၏။ထိုအခါမှ အယ် လီနာလည်း သူ၏အမှတ်သားကိုဖိလိုက်ပြီး သူပါပျောက်ကွယ်သွားလေ တော့၏။ ဂျိတ်လည်း ပျောက်သွားသောအယ်လီနာနေရာကို တစ်ချက်ကြည့်ကာ မိမိ၏နန်းတော်သို့ပြန်လည်ခဲ့လိုက်၏။ထိုနေ့တစ်ရက်လုံးကို ဂျိတ်သည် သမီးလေးဖြစ်သူနဲ့သာ အချိန်ကုန်စေ၏။သမီးဖြစ်သူ လိုချင်သမျှကိုလုပ်ပေး ရုံမက အတူပင်ပျော်ရွှင်စွာဆော့ကစားပေး၏။ထို့ကြောင့် သမီးလေးမှာ လည်း အလွန်ပင်ပျော်ရွှင်သွားလေ၏။ ထိုသို့ပျော်ရွှင်သည်မှာ ညနေစောင်းတိုင်သည်အထိပင် ဖြစ်၏။သမီးဖြစ်သူ ကစား၌ဝသောအခါမှ ရေမိုးချိုးစေပြီး ဂျိတ်လည်း ညစာကိုချက်ပြုတ်ပြီး သမီးလေးနဲ့အတူ စားသောက်၏။သမီးဖြစ်သူကို ညအိပ်ရာဝင်သည်အထိ ပင် ပုံပြင်ဖတ်ပြ၏။သမီးလေးအိပ်ပျော်သွားမှသာ သမီးလေး၏နဖူးအား တစ်ချက် နမ်းလိုက်ပြီးလျှင် နန်းတော်အပြင်သို့ထွက်ခွာခဲ့လိုက်၏။ ဂျိတ်သည် ရှင်ဘုရင်ဖြစ်သော်လည်း သူ့အတွက်လုပ်စရာက မများလှပေ။ မ ဖြစ်မနေလုပ်ရန်ရှိသည်ကတော့ တစ်လတစ်ကြိမ် အစည်းဝေးညီလာခံ ကျင်းပချိန်သာဖြစ်၏။ထိုအစည်းဝေးသည်လည်း တစ်နာရီသာရှိ၏။ထို အချိန်မှလွှဲလျှင် ကျန်သောအချိန်များသည် အားလပ်ချိန်များဖြစ်သည်ဟု ဆို၍ရနိုင်၏။ ဂျိတ်၏အမြဲတစေပြုံးပျော်နေတတ်သော မျက်နှာမှ တည်​ငြိမ်သောအသွင်သို့ ပြန်လည်ပြောင်းလဲသွား၏။ပြုံးပျော်နေသည့်အချိန်မှာ သမီးလေးနဲ့အတူရှိစ ဥ်အချိန်သာဖြစ်ပြီး ကျန်သောအချိန်များ၌ ဂျိတ်၏သရုပ်မှန်ပုံစံထွက်ပေါ်လာ သည်ဖြစ်သည်။ ဂျိတ်လက်ရှိသွားနေသည့်​နေရာကတော့ ဂရိတ်တိုင်းပြည်ထဲ၌ရှိသော တော တစ်နေရာပင်။ "အား ...ကျွတ်...ကျွတ်...." သတ္တ ဝါကြီးတစ်ကောင်သည် ငြီးတွားနေ၏။ထိုအကောင်ကြီးသည် အလွန် ပင်ကြီးမားလှ၏။အရှည်အားဖြင့်ပင် ပေနှစ်ရာကျော်သည်ဖြစ်၏။ထိုမျှ ရှည်လျားသောအကောင်ကြီးကို ဧရာမအကောင်ကြီးဟုခေါ်ပါကလည်း မမှား နိုင်ပေ။ သူ၏ခေါင်းတွင်လည်း ကြီးမားသောဘုကြီးတစ်ခုရှိလေ၏။ထိုဘုကြီးသည် သူလက်ရှိကြည့်နေသောအရာကြောင့်ဖြစ်လာသည်ဟူသောအချက်ကို ယုံကြည်ရခက်ခဲနေလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် သံလောက်ပင်မမာသော လုံးဝန်း သောအရာလေးတစ်ခုဖြစ်​သောကြောင့်ဖြစ်၏။သေချာစေရန် သူ၏လက်သည်းချွန်ဖြင့် ထိုးကြည့်၏။ ဖောက်...... သူ၏လက်သည်းဖြင့်ထိသည်နဲ့ ထိုအရာသည် ပေါက်ကွဲသွားလေတော့၏။ ထိုအခါ ထိုသတ္တ ဝါသည် ပို၍ဒေါသထွက်လာတော့၏။သူ၏လက်သည်းချက် ပင်ခံနိုင်ရည်မရှိသောအရာ၏ ထိမိမှုကြောင့် သူ၏ခေါင်းတွင် အရှက်ခွဲသော ဘုကြီးတစ်ခုဖြစ်နေသည်မဟုတ်ပါလား။ သို့သော်လည်းသူသည်ပြန်လည်သုံးသပ်နေ၏။ထိုအရာကြောင့် သူသည် တော်တော်ဝေးဝေးပင်လွင့်စင်ခဲ့ရုံသာမက မေ့မြောခဲ့သည်အထိဖြစ်သွား သောကြောင့်ဖြစ်၏။ "ငါလိုနဂါးက ဒါလေးကြောင့် မေ့ရတယ်လို့ကွာ...တော်တော်ရှက်ဖို့ကောင်း တာပဲ" ဟုတ်ပေသည်။ထိုသတ္တါကြီးသည် တစ်ခြားမဟုတ် ကျနော်တို့၏မင်းသားဖြစ် သော ဂျိတ်၏ကန်ချက်ဖြစ်သောဘောလုံးကြောင့် ဒုက္ခရောက်သွားသောနဂါး သာဖြစ်လေ၏။သူ၏နောက်ဆုံးမြင်လိုက်ရသည်ကတော့ သူပစ်မှတ်ထား သောပစ်မှတ်ခံလူသားမှ သူ့အားထိုအရာဖြင့် ကန်ထည့်လိုက်သောကြောင့် လက်ရှိအခြေနေသို့ရောက်သွားရသည်ဆိုသည်ကိုပင်ဖြစ်၏။ "နေဦး အဲ့လူသား နောက်တစ်ခါထပ်တွေ့ရင် အသေပဲ" နဂါးသည် ကြိမ်းမောင်းလိုက်၏။ "ဝီး" နောက်ထပ်သောဘောလုံးသည် ထိုနဂါးထံသို့ဆိုက်မြိုက်စွာရောက်လာပြီး ထိ မှန်လိုက်လေ၏။ "အောင်မလေး" နောက်ထပ်သော ဘောလုံးကြောင့် နဂါးသည် နာကျင်စွာအော်ဟစ်လိုက်၏။ သူ၏မျက်လုံးအားဖွင့်ကြည့်သောအခါ မိမိအား ကန်ခဲ့သောလူသည် လက်ရှိ အ​ကြိမ်၌လည်း ကန်ခဲ့သောလူဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။ ထိုအခါ သူ၏ဒေါသသည် ထိန်းချုပ်၍မရတော့ပဲ ပေါက်ကွဲသွားတော့၏။ "လူသားသေဖို့ ပြင်စမ်း" နဂါးသည် နောက်ထပ်ကန်ချက်ကြောင့် ထပ်မံထွက်ပေါ်လာသော ဘုအား သတိရခြင်းပင်မရှ်ိတော့ပဲ ဂျိတ်အားသတ်ရန်ကြံတော့၏။သူ၏အတွေးထဲ၌ ဂျိတ်အားသတ်နိုင်ရန်တစ်ခုတည်းသာ ကျန်ရှိတော့၏။ "ဒီသတ္တ ဝါတော့ ငါသတ်ရင်သေတော့မယ်" ဂျိတ်၏အော်သံနဲ့အတူ ထွက်ပေါ်လာသော ဓားတစ်ချောင်းကြောင့် နဂါးတစ် ကိုယ်လုံး ကြ က်သီးမွှေးညင်းများထလာလေ၏။ကြ က်သီးမွှေးညင်းများ သာ ထလာရုံမကပဲ သူ၏စိတ်ဝိညာဥ်ပါ သေမတတ်ကြောက်သွားလေ၏။ "သခင်ကို အဲ့လိုမပြောရဲပါဘူး....သားကစတာပါ" ထိုသို့သောစကားသည် နဂါးပါးစပ်မှထွက်ပေါ်လာပြီးလျှင် ဂျိတ်အားချွဲလေ တော့၏။ချွဲရုံတင်မကသေးပဲ မြောက်ပင့်သောစကားများပါဆိုသေး၏။ ထိုသို့သောမြင်ကွင်းကို တခြားသူများမြင်ပါက သေမတတ်ကြောက်လန့်သွား ကြမည်ဖြစ်၏။အကြောင်းမှာ နဂါးလိုသတ္တ ဝါသည် ဂျိတ်အား ကြောက်လန့် ကာ ချွဲနေသောကြောင့်ဖြစ်၏။ ထိုသို့ဖြစ်စေသည်မှာ ဂျိတ်လက်ထဲ၌ရှိသော ဓားသည် နဂါးသတ်ဓားဖြစ် သောကြောင့်ဖြစ်၏။ ထိုနဂါးသတ်ဓားမှ သူ၏ဘိုးဘေးနဂါးများ၏အော်ရာကို ခံစားမိသောကြော င့်ဖြစ်၏။ထိုအော်ရာကို ခံစားမိမိခြင်း နဂါးတွေးမိသည်ကတော့ သူ၏ဘိုး ဘေးနဂါးများ၏သွားရာလမ်းစဥ်ကို မလိုက်ရန် မည်သို့သောအရာဖြစ်စေ ပြုလုပ်မည်ဆိုသည်ပင်ဖြစ်၏။ "ကဲ ဘာလို့ ငါ့တိုင်းပြည်ထဲရောက်လာရတာလဲ" ဂျိတ်သည် နဂါးသတ်ဓားဖြင့်ရွယ်ကာ မေးလိုက်၏။ထိုအခါ နဂါးလည်းဓားဖြ င့်ရွယ်ခံထားရသောကြောင့် လိမ်ဝံခြင်းမရှိပဲ "ဒီလိုပါ" သူ၏ရောက်လာရခြင်းကိုမလိမ်ဝံပဲ ပြောပြလိုက်ရတော့၏။ထိုအခါ ဂျိတ် သည်အကြောင်းရင်းကိုသိရှိလိုက်ရပြီဖြစ်သည်။

(351)ဦးလေးတက်

ဂျိတ်သည် ကောင်းကင်သို့တစ်ချက်ကြည့်ပြီး "စောက်ကျိုးနဲကောင်တွေကြည့်ရတာ တော်တော်သေချင်နေပြီထင် တယ်..သွားမင်းရဲ့အဘိုးကြီးတွေ နောက်တစ်ခါဆိုအသေပဲလို့ သတင်းသွား ပေးချေ" ထိုသို့ပြောလိုက်သည်နဲ့ နဂါးလည်း ဂျိတ်၏လက်မှဝေးရာသို့ရောက်အောင် ပြေးလေ၏။သူ၏စိတ်ထဲ၌ရှိသည်ကား သူ၏အဘိုးကြီးများထက် ဂျိတ် သည် ပို၍ကြောက်မက်ဖွယ်ကောင်းသည်ဟူ၍ဖြစ်၏။ ဂျိတ်လည်း ကောင်းကင်ထက်သို့ပျံသန်းသွားသောနဂါးကို ကြည့်ပြီး မိမိ အိပ်ဆောင်သို့ပြန်ရန်ကြံရွယ်လိုက်၏။ထိုသို့ကြံရွယ်စဥ်၌ သူ၏ခါး၌ရှိနေ သော ကျောက်စိမ်းပြားမှ သတင်းပေးပို့မှုကိုကြားလိုက်ရလေ၏။ထိုသတင်း ကြောင့် သတင်းပို့ပေးရာနေရာသို့ပြန်လည် သွားရောက်လိုက်သည်။ သတင်းပေးသောလူသည် ဂျိတ်၏လျှို့ဝှက်ဖွဲ့စည်းထားသောလုပ်ကြံသူအဖွဲ့ ထဲမှ တစ်ယောက်ဖြစ်၏။သူသည် တာဝန်အရ သွားလာနေစဥ်၌ ထူးဆန်းသောလူတစ်ယောက်အားတွေ့ခဲ့ရလေ၏။ထိုလူသည် မိမိထက်ကျင့် ကြံမှုအဆင့်အဆပေါင်းများစွာမြင့်ပြီး သူ၏တစ်ကိုယ်လုံးလည်း သွေးများ ဒလဟောကျဆင်းထွက်နေ၏။ဂျိတ်အား ခေါ်လိုက်ရသည့်အကြောင်းမှာ သူ၏ပါးစပ်မှ ဂျိတ်ဟုအဆက်မပြတ်ခေါ်နေသောကြောင့်ဖြစ်၏။ "သူလား" လုပ်ကြံသူသည် မိမိအနားသို့မြန်ဆန်စွာရောက်ရှိလာသော ဂျိတ်အားအရိုသေ ပြုလိုက်၏။ထို့နောက် သူတွေ့သော ထူးဆန်းသောလူအားပြကာ ရှင်းပြ လိုက်၏။ "ကောင်းပြီ..ငါကြည့်ရှင်းလိုက်မယ်..မင်းတာဝန်ဆက်လုပ်ပါ..." "ကောင်းပါပြီ ဘုရင်မင်းမြတ်" ထိုလုပ်ကြံသည်လည်း ဂျိတ်၏ရှေ့မှာ လူတစ်ယောက်အသွင်မှ အရိပ်အသွင် ပြောင်းပြီး ပျောက်ကွယ်သွားလေတော့၏။ "တော်တော်တိုးတက်လာကြတယ်" ဂျိတ်သည် မိမိရှေ့မှပျောက်ကွယ်သွားသောလုပ်ကြံသူအား ကြည့်ပြီးဆို လိုက်၏။ထို့နောက် ထူးဆန်းသောလူအနားသွားရောက်ကြည့်ရှုလိုက်၏။ ထိုအခါမှ ထိုလူအား မိမိမြင်ဖူးကြောင်းတွေ့လိုက်ရ၏။သို့သော်လည်း တိတိကျကျမမှတ်မိကြောင်း ခံစားရ၏။ ထူးဆန်းသောလူသည် သေခါနီးအခြေနေသို့ရောက်ရှိနေကြောင်းတွေ့ရ၏။ သူ၏မျက်နှာသည် ဖျော့တော့နေသည်အပြင် သွေးများလည်းအဆက်မပြတ် ထွက်နေခြင်းကြောင့်ကိုကြည့်ခြင်းဖြင့်သိနိုင်၏။ထိုသွေးများသည် ထို ထူးဆန်းသောလူဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာများကြားမှ ကျဆင်း နေ၏။ထိုချပ်ဝတ်တန်ဆာများကြောင့်သာမဟုတ်ပါက ထိုလူသည် စောစီးစွာ သေဆုံးသွားမည်ဖြစ်၏။ "ဂျိတ်....ဂျိတ်.ဟင်" ထိုလူသည် နာမည်ရေရွတ်နေရင်းမှ သူရှေ့၌ပေါ်လာသော ဂျိတ်ကိုမြင် သောအခါ အနည်းငယ်ဆွံအသွားလေ၏။ "တကယ်ပဲ ဂျိတ်လား ဦးလေးတက် လေ" ထိုစကားကြောင့် ဂျိတ်တိကျစွာမှတ်မိသွားလေ၏။ငယ်စဥ်အခါတုန်းက မိမိ အားစောင့်ရှောက်ပေးသော ဦးလေးတက်ဖြစ်ကြောင်း မှတ်မိသွားလေ၏။ နောက်တစ်ချက်ကိုပြန်တွေးမိသွား၏။ဦးလေးတက်သည် မိမိ၏ဖခင်နဲ့ ခရီးသွားသူဖြစ်၏။အဘယ်ကြောင့် ဦးလေးတက်မှ မိမိအား သေလုလုဆဲဆဲ အခြေနေ၌ရှာနေရသနည်း။စဥ်းစား၍မရနိုင်ပေ။ "တော်သေးတယ် ငါ့တူ..ဦးလေးလက်စွပ်ထဲမှ ပေးစရာလေးရှိတယ် အဲ့ဒါကို ဆက်ဆက်ကာကွယ်နော်...ဦးလေး" စကားမဆုံးခင်မှာပင် ဦးလေးတက် သည် ရရှိထားသည့်ပြင်းထန်သော ဒဏ်ရာများကြောင့် သေဆုံးသွားလေတော့၏။သေဆုံးသော အခါ သူ၏လက်စွပ်ဝတ်ထားသောလက်ချောင်းသည် ဂျိတ်ဖက်သို့ညွှန်ထားသည် ဖြစ်၏။ "ဒီဦးလေးတော့ စကားကိုဆုံးအောင်မပြောဘူး" ဂျိတ်သည် သက်ပြင်းချပြီး ဦးလေးတက်၏ခန္ဓာကိုယ်ကို လက်ညှိုးထိုး လိုက်၏။ထို့​နောက် ကျန်လက်တစ်ဖက်မှ မှော်တုတ်တံကို အသင့်ကိုင်ဆောင် ထားပြီးဖြစ်၏။ "သဘာဝ၌ပြန့်နေသော အစွမ်းများအသွင်သွင်မှ အသက်ဝိညာဥ်ဓတ်အားပြ ည့်စေသော ဓာတ်တစ်ခုတည်းအဖြစ်သို့ပြောင်းလဲပြီး ထိုကိုယ်ခန္ဓာအား အား ဖြည့်စေ" ဆိုပြီး မှော်တုတ်တံအား ဝှေ့ယမ်းလိုက်ရာ သွေးများစွာထွက်ပြီး ဒဏ်ရာများ စွာရှိသော ဦးလေးတက်၏အလောင်းမှာ ထူးခြားမှုများဖြစ်ပေါ်လာလေ၏။ သွေးမရှိ၍ဖျော့တော့နေသည့် မျက်နှာအရောင်မှာ ပြန်လည်သွေးရောင်သန်း လာသလို ရှိခဲ့သောဒဏ်ရာများလည်း ယခင်ကမဖြစ်ဖူးသည့်အခြေနေသို့ ပြန်လည်ရောက်ရှိသွားလေတော့၏။ တိကျစွာပြောရပါက လက်ရှိအခြေနေ၌ ဦးလေးတက်၏ကိုယ်ခန္ဓာသည် အကောင်းပကတိအခြေနေထိပြန်ရောက်သွားပြီဖြစ်၏။ "ရုပ်ပြီးတော့ နာမ်ပေါ့ကွာ" ဂျိတ်သည် မြေပြင်ပေါ်၌ အိပ်နေသယောင်ရှိသော ဦးလေးတက်၏ခန္ဓာကိုယ် ကိုကြည့်ကာ လေထဲသို့မှော်တုတ်တံမြောက်ပြီး ရွတ်ဆိုလိုက်၏။ "ဦးလေးတက်၏ဝိညာဥ်ယူဆောင်သွားသော သေမင်းကြားရာအရပ်မှ ချက်ချင်းရောက်စေ...ကျန်သောသူများဘယ်လိုအကြောင်းကြောင့် နှောက့် ယှက်ခြင်းမရှိနိုင်စေရ...ဂျိတ်အမိန့်" ထိုသို့ရွတ်ဆိုလိုက်သည်နဲ့ မှော်တုတ်တံမှ အလင်းတန်းတစ်ခုထွက်လာပြီး ထို အလင်းတန်းမှ တံခါးပေါက်တစ်ခုဖန်ဆင်းလိုက်၏။ "ကျွီ တံခါးပေါက် အသံနဲ့အတူထွက်လာသည်ကတော့... "ဘယ်မအေယိုးက ငါ့ကိုဆင့်ခေါ်တာလဲဟ" ထိုအသံနဲ့အတူ လူတစ်​ယောက်သည်တံခါးပေါက်မှ ကားယားကြီးထွက်လာ လေ၏။သူ၏ပုံစံသည် လှေကားမှပြုတ်ကျလာသည်နဲ့ဆင်းတူ၏။ "မင်းလား" တံခါးပေါက်လာကျလာသောလူသည် ဂျိတ်အားမြင်သည်နဲ့ ဒေါသကြီးစွာဖြင့် သူ၏တံစဥ်းအား မြေပြင်ပေါ်သို့ ဆောင့်ချလိုက်၏။ "ဂျိန်း" တံစဥ်းမှ ကြောက်မက်ဖွယ်ရာအော်ရာများက ထွက်နေပြီး လူတိုင်းအား ကြောက်လန့်စေနိုင်စွမ်းရှိ၏။ထို့ပြင် တစ်ကိုယ်လည်း အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး မျက်နှာတစ်ခုလုံးသည်လည်း မဲနက်ကာ အစိမ်းရောင် တောက်ပနေသော မျက်လုံးများက မြင်သောသူတိုင်းကို သေစေနိုင်စွမ်း ရှိ၏။ထိုသူသည် သတ္တ ဝါအားလုံး၏ဝိညာဥ်ကို ခေါ်ဆောင်သော သေမင်းသာ ဖြစ်၏။ သို့သော်လည်း ထိုအခြင်းရာသည် ဂျိတ်အားထိလိုက်စေခြင်းမရှိပေ။ဂျိတ် သည် တည်ကြည်သောအနေထားဖြင့် "ဒီတစ်ခါတော့ ကျနော်ဖက်ကလွန်သွားပါတယ်...သေမင်းအမှတ်စ ဥ်1234566433333..ကျနော်အကူညီလိုလို့ပါ" ဂျိတ်၏စကားကြောင့် သေမင်းသည် "အော်...ပြောပါ...လူသားဘာလိုချင်တာလဲ" သူ၏ပုံစံအား ပြန်လည်ထိန်းသိမ်းလိုက်ပြီး ချိုသာစွာမေး၏။သူ၏သေမင်း အမှတ်စဥ်သိနေသောလူသည် သာမန်မဟုတ်ကြောင်း သိနေသောကြောင့် ဖြစ်၏။ "ဒီလိုပါ...အစောလေးတင် သေမင်းယူသွားတဲ့ဝိညာဥ်ကိုပြန်လိုချင်လို့ပါ ဒီလူ ပါ" ဂျိတ်သည် ဦးလေးတက်၏အလောင်းကို ညွှန်ပြလိုက်၏။ "မဖြစ်နိုင်ဘူး...လူတွေဟာ သေဆုံးပြီးပြန်လည်ရှင်သန်ရိုးမရှိ သူတို့နောင်ဘ ဝကိုရောက်အောင်ပို့..ပို့" သေမင်းစကားမဆုံး ဂျိတ်မှဝင်ဖြတ်ပြီး "ကာလကြေး တစ်သောင်းပေးမယ်" "အန်" ထိုစကားကြောင့် သေမင်းဆွံအသွားလေ၏။လူသားသည် မိမိတို့အသုံးပြုနေ သော ငွေကြေးလည်ပတ်ပုံပါသိနေသောကြောင့်ဖြစ်၏။ကာလကြေးဟူသည် သေမင်းတို့၏ငွေကြေးတစ်မျိုးဖြစ်သည်။ တစ်ပြားရရန်အတွက် သေမင်း တိုင်းသည် ဝိညာဥ်တစ်ထောင်ကို တာဝန်အရပို့ဆောင်ပြီးမှသာ ရရှိတတ်၏။ ဂျိတ်၏တစ်သောင်းဟူသော ပမာဏသည် မည်မျှများကြောင်း သိသာစေ၏။ သေမင်းတို့သည် ထိုငွေကြေးကို စားဝတ်နေရေးအတွက်မသုံးသော်လည်း မိမိတို့အစွမ်းမြင့်တင်ရာ၌သုံးသောကြောင့် အလွန်တန်ဖိုးရှိ၏။ "မရဘူး..ငါ့ကိုလာမြူမဆွယ်နဲ့ ငါက" "ကာလကြေးတစ်သောင်းခွဲ" ဂျိတ်မှကြေးမြင့်ကာပြော၏။ထိုအခါသေမင်းသည်အလွန်ဒေါသထွက်သွား ပြီး... "မင်းကများငါ့ကို လာဖြားယောင်းနေတာလား...ဒီဝိညာဥ်မင်းမရစေရဘူး" . "ကောင်းပြီလေ..ကြည့်ရတာ ဝိညာဥ်စာရင်းကိုင်နဲ့ပဲ ပြောလိုက်တော့မယ်" ထိုစကားသည် ဂျိတ်၏ပါးစပ်မှထွက်လာသည်နဲ့ "ဟာ ညီလေးကလဲ ကိုကြီးက နောက်တာလေကွာ...ကာလကြေးတစ်သောင်း နှစ်ထောင်ပဲပေးနော်...ကိုကြီးကြည့်ဖြေရှင်းမယ်" သေမင်း၏အချိုးသည် လုံးဝပြောင်းလဲသွား၏။သူ၏အမူရာသည် အစော ပိုင်းကပုံစံနဲ့လားလားမျှမတူတော့ပေ။သေမင်းတို့သည် ဝိညာဥ်စာရင်းကိုင် ကို အလွန်ကြောက်ကြ၏။အကြောင်းမှာ သူတို့၏ကာလကြေးသည် စာရင်းကိုင်တို့အပေါ်၌ မူတည်နေသောကြောင့်ဖြစ်၏။ကြောက်လည်း​ ကြောက်သလို မုန်းလည်းမုန်း၏။ အကြောင်းမှာ မိမိတို့မှာအပင်ပန်းခံ လျှောက်သွားပြီးဝိညာဥ်စုစည်းပြီး နောင်ဘဝသို့ပို့ပေးမှ ငွေကြေးရသည်ဖြစ်ပြီး စာရင်းကိုင်များကတော့ ခုံ ပေါ်၌အသာလေးထိုင်ပြီး အလွယ်တကူရရှိနေသောကြောင့်ဖြစ်၏။ထို့ကြော င့် ဂျိတ်ထံမှ ကာလကြေးကို အလွတ်မခံနိုင်ပေ။ "ကောင်းပြီ" ဂျိတ်နဲ့သေမင်းတို့၏သဘောတူညီမှုသည် ဖြစ်မြောက်သွား၏။ဂျိတ်လည်း သတ်မှတ်ထားသောကြေးပေးပြီး သေမင်းထံမှဦးလေးတက်၏ဝိညာဥ်ကို ယူလိုက်၏။ "နောက်ဆို ကိုကြီးကိုလိုရင်ခေါ်နော် ညီလေး ဒါကကိုကြီးလိပ်စာ..." သေမင်းသည် ဝမ်းသာစွာဖြင့်ပြောပြီး တံခါးပေါက်မှဝင်၍ပြန်လည်ထွက်ခွာ သွား၏။ ကတ်၌ သေမင်း၏အမှတ်စဥ်ကိုဖော်ပြထားပြီး ငွေရောင်အဆင်းရှိ၏။ (ဝိညာဥ်များကို ခေါ်ယူလိုပါသလား ပြန်လည်ပို့ဆောင်ပေးရမလား...ဝိညာဥ်နဲ့ ပတ်သက်သောကိစ္စကြောင့်အနှောင့်ယှက်ဖြစ်နေပါသလား....ကျနော်ကိုသာ သတိရလိုက်ပါ...အခကြေးငွေအနည်းငယ်ဖြင့် ဖြေရှင်းပေးပါ မည်...ပုံ...သေမင်း) "ဟ" ဂျိတ်ပင် သေမင်း၏လိပ်စာကြော်ငြာကတ်ကြည့်ပြီး အနည်းငယ်ဆွံ့အသွားရ သည်တော့ အမှန်ပင်။ ဂျိတ်လည်း တုံဆိုင်းမနေဘဲ ဦးလေးတက်၏ဝိညာဥ် အား ကိုယ်ခန္ဓာထဲသို့ပြန်လည်ထည့်သွင်းပေးလိုက်၏။ "မိုးမေးလင်း...ငါသေပြီမဟုတ်ဘူးလား..." ဦးလေးတက်သည် ငိုက်ခနဲပြန်လည် ထလာကာ အံသြနေ၏။

All Chapters