← Chapters

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

(367)မီးတောက်နတ်ဘုရား(2)

မီးတောက်များသည် အာသာထံသို့ပြေးဝင်သွားကြလေသည်။ထိုမီးတောက် များသည် စုစုပေါင်းအရေတွက်သည်သုံးဆယ်ထိရှိသည်။ ရေခဲအေးစိမ့်မီးတောက်၊နှလုံးကြွေမီးတောက်၊ငရဲမီးတောက်၊တစ္ဆေ မီးတောက်၊မရဏမီးတောက်၊ရမ္မက်မီးတောက်စသည့်ဖြင့် အမျိုးမျိုးသော မီးတောက်များသည် အာသာ၏ကိုယ်ခန္ဓာ၌ရှိသော ချာက္က ရာတည်နေရာခုနှစ် မျိုးထဲသို့တိုးဝင်သွားကြလေသည်။ ထိုသို့တိုးဝင်သွားသည်နဲ့ ဂျိတ်လည်း လက်ကွက်များဖြင့် အစီရင်ကိုပုံဖော် ဖန်တီးလိုက်သည်။ "မီးတောက်ကိုနေရာတကျချထားခြင်း" ဂျိတ်သည် အစီရင်ကိုအသုံးပြုကာ အာသာကိုယ်ထဲရောက်ရှိနေသော မီးတောက်များကို အစီစဥ်တကျလုပ်ဆောင်လိုက်သည်။သူသည်လည်း အမှားလုပ်၍မရပေ။အကြောင်းမှာ ဂျိတ်သာအမှားတစ်ချက်လုပ်မိပါက မီးတောက်များဝင်ခြင်းခံထားရသော အာသာသည် ချက်ချင်းပြာအသွင်သို့ ရောက်ရှိသွားမည်ဖြစ်သည်။အာသာသည် ဂရမ်းမာစတာအထွတ်ထိပ်ဖြစ် သောကြောင့် သူ၏ခန္ဓာသည် အလွန်သန်မာသည်။ ထောင်ပေါင်းများစွာသော လက်နက်ကြီးများ တင့်ကားများပစ်လျှင်တောင် အရာထင်ရန်ခဲယဥ်းပေ သည်။သို့သော်လည်း လက်ရှိမီးတောက်အမျိုးသုံးဆယ်မှ တစ် မျိုး၏ပူလောင်ခြင်းပမာဏလောက်မျှကိုသာ ဂျိတ်မထိန်းချုပ်နိုင်ပါက အာသာအနေဖြင့် ပြာဘဝရောက်သွားနိုင်သည်အထိ အန္တရာယ်များလှသည်။ ဤမျှအထိ အာသာကိုယ်ထဲရောက်ရှိနေသော မီးတောက်များသည် အလွန် အစွမ်းထက်လှပေသည်။မီးတောက်တစ်ခုစီ၏တန်ဖိုးသည် ဂြိုလ်တစ်လုံးစာ မျှ တန်ကြေးရှိသည်။ဤသည်ကို ဂျိတ်မှ စိတ်ထဲမထားပဲ ဖခင်ဖြစ်သူကို အသုံးပြုစေသည်။ "အား" အာသာသည် သူ၏ချာက္က ရာတည်နေရာများသို့ မီးတောက်များဝင်ရောက်လာ သောအခါ အလွန်နာကျင်သောကြောင့်အော်ဟစ်လိုက်ရသည်။ထိုသို့နာကျင်ရ သည်မှာ မီးတောက်များသည် သူ၏ချာက္က ရာနေရာသို့ဝင်ရောက်လာသော ကြောင့်ဖြစ်သည်။ဝင်ရောက်လာခြင်းမှာပင် အလွန်ပြင်းထန်သောဝေဒနါကို သူခံစားလိုက်ရ၏။ဂျိတ်၏ထိန်းချုပ်မှုမရှိသော မီး​တောက်များသည် သူ၏ချာက္က ရာနေရာထဲဝင်ရောက်လာပါက မီးအပူဟပ်မှုကြောင့် သေရမည် ဖြစ်သည်။သေခြင်းနဲ့ရှင်ခြင်းကြားတွင် အာသာသည် လွန်ဆွဲနေသည်လည်း ဖြစ်သည်။ "ထိန်းထား" ဂျိတ်သည် ဖခင်ဖြစ်သူအား နာကျင်မှုကိုဆက်လက်တောင့်ခံစေသည်။ အ ဘယ်ကြောင့်ဆိုသော် မီးတောက်သုံးဆယ်သည် အာသာ၏ချာက္က ရာနေရာ များထဲ အပြည့်ဝမရောက်ရှိသေးသောကြောင့်ဖြစ်သည်။ "ချိတ်ပိတ်...." ဂျိတ်သည် မီးတောက်များကိုတစ်ခုခြင်းချိတ်ပိတ်ခြင်းစတင်လိုက်လေသည်။ ဒီအတိုင်းထည့်ပါက အာသာအနေဖြင့် ခုခံနိုင်ရန်ခက်ခဲသောကြောင့် ဖြစ်သည်။နောက်ထပ်ဆယ့်ငါးမိနစ်မျှရှိသောအခါ မီးတောက်များအားလုံးကို တစ်ခုချင်းစီချိတ်ပိတ်ပြီးသည်နဲ့ အာသာ၏ချာက္က ရာနေရာများထဲ အစီစဥ်တ ကျထည့်သွင်းပေးလိုက်လေသည်။ ထိုသို့ထည့်ပေးလိုက်မှသာ အာသာသည်နာကျင်ခြင်းမရှိတော့ပဲ အဆင်ပြေစွာ ဆက်လက်လုပ်ဆောင်နိုင်လာလေသည်။ "လုပ်တော့" မီးတောက်သုံးဆယ်လုံး အာသာ၏ကိုယ်ထဲရောက်ရှိသွားသည်နဲ့ ဂျိတ်သည် အချက်ပြလိုက်သည်။ထိုအခါ အာသာသည် ချိတ်ပိတ်ခြင်းခံထားရသောမီး တောက်များအတွက် အစီစဥ်နှစ်ခုလုပ်ဆောင်ရလေသည်။ ပထမအစီစဥ်သည်သူ၏ချာက္က ရာနေရာကို ပြောင်းလဲပေးရလေသည်။ မီးတောက်များသည် သူ၏ချာက္က ရာနေရာထဲ၌နေနိုင်ရန် ပုံစံပြောင်းလဲဖို့ လိုအပ်သည်။ထိုမျှသာ မီးတောက်များသည် ချာက္က ရာနေရာထဲ၌ လိုလိုလားလားနေကြမည်ဖြစ်ကာ အာသာနဲ့သဟဇာတဖြစ်လာမည်ဖြစ်သည်။ ဂရမ်းမာစတာတစ်ယောက်၏ချာက္က ရာသည် အလွန်ကျယ်ပြန့်သည်ဖြစ်ရာ ပြောင်းလဲရန်ခဲယဥ်းသည်။သို့သော်လည်း အာသာသည် ဆေးသုံး ပုလင်း၏အစွမ်းကြောင့် နေရာပုံစံပြောင်းလဲရုံသာမက ချာက္က ရာနေရာပါ ချဲ့ထွင်လိုက်လေသည်။ နေရာပုံစံပြောင်းလဲပြီး ချာက္က ရာချဲ့ထွင်ခြင်းသည် နှစ်နာရီမျှ ကြာမြင့်သည်။ အကြောင်းမှာ မီးတောက်အခုသုံးဆယ်အတွက် ချာက္က ရာခုနှစ်ခုနေရာ၌ တစ် ခုခြင်းစီအတွက် ဖန်တီးပေးနေရသောကြောင့်ဖြစ်သည်။ တခြားသူများအတွက် ထိုဖြစ်စဥ်သည် နှစ်ထောင်ချီကြာနိုင်သော်လည်း ဂျိတ် အကူညီရှိနေသော အာသာအတွက်တော့ နှစ်နာရီဟူသောအချိန်ဖြင့် ပြီးမြောက်နိုင်ခဲ့လေသည်။ အာသာမှ လုပ်ဆောင်နိုင်သွားကြောင်း မြင်သည်နဲ့ ဂျိတ်လည်း မီးတောက် များအား ချိတ်ပိတ်ထားသည်ကို ဖွင့်ချလိုက်လေသည်။ "ဝုန်း" ချိတ်ပိတ်ထားမှုကို ဖွင့်ချလိုက်သည်နဲ့ မီးတောက်များသည် အသက်ဝင်လာ သည့်အလား အာသာ၏ချာက္က ရာနေရာများတွင် စတင်သွားလာလှုပ်ရှားကြ တော့သည်။ အာသာ၏ချာက္က ရာနေရာများထဲတွင်ရောက်ရှိနေသော သူတို့သည် နေရာ အသစ်ဆန်း၌ရောက်ရှိနေသောကြောင့် အရာရာကိုစူးစမ်းနေကြသည်။သူ တို့၏စူးစမ်းသွားလာမှုကြောင့် မီးတောက်တစ်ခုခြင်းစီအတွက် ပြင်ဆင်ထား သောနေရာများသို့ မရောက်နိုင်ကြတော့ပေ။ "အား" အာသာလည်း မီးတောက်များသွားလာမှုကြောင့် နာကျင်စွာအော်ဟစ်လိုက်ရ လေသည်။နာကျင်စွာအော်ဟစ်လိုက်ရသော်လည်း သူ၏စိတ်ကို လျော့ချ ခြင်းမရှိပေ။စိတ်လွတ်ချလိုက်သည်နဲ့ သူသေချာပေါက်သေဆုံးသွားတော့ မည်ဖြစ်သောကြောင့် ဖြစ်သည်။ သေဆုံးသွားပါက မီးတောက်များ၏အပူရှိန်ကြောင့် သူ၏ဝိညာဥ်ပါ တစ်ခါတည်းချုပ်ညိမ်းသွားမည်ဖြစ်လေသည်။ကံကောင်းထောက်မစွာပင် သူသောက်သုံးထားသောဆေးပုလင်းသုံးပုလင်း၏အစွမ်းကြောင့် အသက် ရှင်သန်နေရခြင်းလည်းဖြစ်၏။ မီးတောက်များကြောင့် သူ၏ကိုယ်ခန္ဓာအစိတ်ပိုင်းအားလုံးသည် ညိုးငယ် ခြောက်ကပ်ပြီးသေဆုံးကြတော့မည်ဖြစ်သည်။ထိုသို့ဖြစ်လာတိုင်း အသက် ဓာတ်ဆေးပုလင်း၏အစွမ်းကြောင့် သေဆုံးခါနီးသောအစိတ်ပိုင်းများသည် ပြန်လည်ရှင်သန်လာကြလေသည်။ ထို့ကြောင့် အာသာသည် သူ၏အစီစဥ်နှစ်ကို မြန်ဆန်စွာ အကောင်ထည်ဖော်ရ တော့၏။ "နေရာတကျစီစဥ်ခြင်း မန္တာန်" အာသာ ထိုမန္တာန်အား စတင်ရွတ်ဆိုလိုက်သည်နဲ့ သူ၏ချာက္က ရာနေရာများ တွင် သွားလာနေသော မီးတောက်များသည် မန္တာန်၏အစွမ်းကြောင့် စူးစမ်း သွားလာရာမှ ရပ်တန့်ကာ မိမိတို့မီးတောက်တစ်ခုခြင်းစီအတွက် ပြင်ဆင် ထားသောနေရာများတွင် သွားရောက်နေရာယူလိုက်ကြလေသည်။ တစ်ခု....သုံး....ငါး...စသည်ဖြင့် မီးတောက်သုံးဆယ်လုံးသည် သတ်မှတ်ထားသောနေရာများတွင် နေရာယူ ပြီးသွားကြလေသည်။ "ဟူးတော်သေးတယ်" ထိုအခါမှ ဂျိတ်လည်း စိတ်သက်ရာရသွားလေသည်။ထိုအဆင့်မပြီးဆုံးမ ခြင်း သူသည်လည်း အသင့်ပြင်ထားရလေသည်။တစ်ချက်မှားသည်နဲ့ သူ၏ဖခင်အသက်ဆုံးရှုံးနိုင်သောကြောင့်ဖြစ်သည်။ မီးတောက်နတ်ဘုရား ဖြစ်လာရေးအတွက် အခက်ခဲဆုံးအပိုင်းပြပါဆိုပါက မီးတောက်များအတွက် နေရာချထားပေးပြီး ထိုနေရာများတွင် မီးတောက်များက ငြိမ်သက်စေသည် အထိ ဖြစ်လေသည်။ ငြိ ​ မ်သက်စေအောင်လည်း ငြိမ်သက်ခြင်းမန္တာန်ကို အာသာမှ ဆက်လက်ရွတ်ဆိုရလေသည်။ထိုအခါမှ မီးတောက်နေရာချထား ခြင်းသည် ပြီးမြောက်မည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန်သည် အလွန်ခဲယဥ်းပေသည်။ မီးတောက်နတ်ဘုရားဖြစ်ရန်အတွက် ပထမဦးစွာမီးတောက်သုံးဆယ်ကို ရှာ တွေ့ဖို့က အလွန်ခက်ခဲပေသည်။ရှာဖွေတွေ့ပြီးသောအခါလည်း ထို မီးတောက်သုံးဆယ်ကို ကိုယ်ခန္ဓာရှိချာက္က ရာနေရာများ၌ ထည့်သွင်းရန်က ခက်ခဲပြန်သည်။ ထိုသို့ထည့်သွင်းနိုင်ရေးအတွက် ချာက္က ရာနေရာများတွင် မီး​တောက်များ ကြိုက်နှစ်သက်သောပုံစံကိုလည်း ဖော်ဆောင်နိုင်ရမည်သလို ထိုနေရာများ တွင် မီး​တောက်များ​ငြိမ်သက်စွာ နေနိုင်ရန် နေရာချခြင်းနဲ့​ငြိမ်သက်ခြင်းမန္တန် မသိပါကလည်း မဖြစ်နိုင်ပေ။လက်ရှိ၌အောင်မြင်ရခြင်းမှာ ဂျိတ်၏စီစဥ်ပေး သော မီးတောက်များနဲ့ မန္တာန်များ၊ဆေးပုလင်းအစွမ်းများကြောင့် ဖြစ်ပေ သည်။ "ဟူး" အာသာလည်း မီးတောက်များအား နေရာချပေးပြီးငြိမ်သက်စေနိုင်ခဲ့သော ကြောင့် ပျော်ရွှင်မိသည်။သို့သော်လည်း မပြီးမြောက်သေးရာ စိတ်သက်သာ ရာမရသေးပေ။ခေတ္တ အနားယူပြီးသည် နောက်ဆုံးအဆင့်ကိုလုပ်ဆောင် လိုက်သည်။ "ပေါင်းစပ်" ထိုသို့အော်လိုက်သည်နဲ့ အာသာ၏ကိုယ်ထဲ၌ရှိသော ချာက္က ရာနေရာခုနှစ်ခု၌ရှိ သော မီးတောက်အခုသုံးဆယ်မှ အစွမ်းများကို ထုတ်လွင့်လိုက်လေသည်။ ထိုမီးတောက်များ၏အစွမ်းများသည် အရောင်ဝါအခုသုံးဆယ်ဖြင့် ထွက် ပေါ်ပြီး အာသာ၏ကိုယ်ခန္ဓာနေရာအနှံသို့ပြန့်နှံသွားလေသည်။ မီးတောက်အခုသုံးဆယ်၏အစွမ်းများသည် ချာက္က ရာနေရာ၌ရှိသော ပင်ကိုယ်ချာက္က ရာများနဲ့ပေါင်းစပ်သွားကာ ချာက္က ရာအသစ်အဖြစ်​ပြောင်းလဲ သွားလေသည်။ ချာက္က ရာသာအသစ်ပြောင်းလဲသွားသည်မဟုတ်ပဲ ချာက္က ရာခု နှစ်ခုနေရာ၏အစွမ်းသည်လည်း လိုက်လံပြောင်းလဲသွားခြင်းဖြစ်သည်။ မြင်းကောင်ရေနှစ်သိန်းရှိသော အင်ဂျင်ခုနှစ်ခုမှ မြင်းကောင်ရေ ကုဋေနှစ် သန်းရှိသော စွမ်းအားမြင့်အင်ဂျင်ခုနှစ်အဖြစ်သို့ရောက်ရှိသွားသည်လည်း ဖြစ်သည်။ ယခင်ချာက္က ရာနဲ့ မီးတောက်အခုသုံးဆယ်၏ပေါင်းစပ်မှုကြောင့် အသစ်ဖြစ် ပေါ်လာသောချာက္က ရာသည် လုံးဝကွာခြားမှုရှိသည်။သန့်စင်မှု၊အရည်သွေး များကလည်း မိုးနဲ့မြေပမာဏမျှကို ကွာခြားလေသည်။ မီးတောက်အခုသုံးဆယ်နဲ့ပေါင်းစပ်ပြီးထွက်ပေါ်လာသော ချာက္က ရာများသည် ကိုယ်ခန္ဓာအား ကိုယ်ခန္ဓာထဲရှိ အရိုး၊အသွေး၊အသားများနဲ့ ကိုယ်တွင်းရှိ သွေးကြောများအားလုံးကိုပြောင်းလဲမှူကြီးတစ်ခုဖြစ်တည်စေလိုက်သည်။ "သူအောင်မြင်သွားပြီ" ဂျိတ်သည် ပြုံးလိုက်လေသည်။ "ဝုန်း." ထိုပြောင်းလဲမှုကြီးပြီးသည်နဲ့ အာသာသည် မျက်လုံးဖွင့်လိုက်သည်။မျက်လုံး ဖွင့်လိုက်သည်နဲ့ အာသာ၏မျက်လုံးမီးတောက်များ၏အရောင်များ တောက်ပနေပြီး အမြင်များစူးရှနေသည်ကို တွေ့ရမည်ဖြစ်သည်။သူ၏အော် ရာလည်း စူးလှထက်မြက်နေပြီး တော်ရုံစစ်သည်များသည် ထိုအော်ရာကြော င့်ပင် ပြာဘဝသို့ရောက်ရှိသွားမည်ဖြစ်သည်။ ဟုတ်ပေသည်။အာသာသည် မီးတောက်များ၏ပေါင်းစပ်မှုနဲ့အတူ ဂရမ်းမာစ တာအထွတ်ထိပ်အဆင့်မှနေ၍ စစ်သည်တော်နတ်ဘုရားအဆင့်သို့ရောက်ရှိ သွားလေသည်။ရိုးရိုးနတ်ဘုရားမဟုတ်ပဲ မီးတောက်နတ်ဘုရားအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီလည်းဖြစ်သည်။

(368)ပြန်ရောက်ပြီ

"ဒါဆိုကျနော်တို့ပြန်ကြတာပေါ့" ဂျိတ်မှ အာသာအား ပြောလိုက်သည်။အာသာသည် မီးတောက်နတ်ဘုရားဖြစ် သွားသည့်အတွက် ဆက်လက်နေရန်မလိုအပ်တော့ပေ။မီးတောက်နတ်ဘုရား ဖြစ်ရန် တန်ကြေးကလည်း တော်တော်လေးပေးဆပ်လိုက်ရလေသည်။ အဆင့်မြင့်သောဆေးပုလင်းများနဲ့ မီးတောက်အခုသုံးဆယ်မျှကို သုံးထားရ ရုံသာမက အလွန့်လွန်ရှားပါးမန္တာန်ပါလည်းပါဝင်သေးသည်။ "ကောင်းပြီ" အာသာလည်း ဂျိတ်ဖြစ်သူစကားကြောင့် ပြန်ရန်လုပ်သည်။ပြန်ရန် အခန်း၏တံခါးကို ဖွင့်မည်အပြု... "ခဏလေး အဖေ...ကျနော်လုပ်စရာလေးရှိသေးတယ်" ဂျိတ်မှ အာသာ၏ရှေ့၌နေကာ မန္တာန်နဲ့လက်ကွက်များအနည်းငယ်ပြုလုပ်ပြီး "ချိတ်ပိတ်စေ" ထိုသို့ပြောလိုက်သည်နဲ့ အာသာသည် သူ၏ကျင့်ကြံမှုများကျဆင်းလာ ကြောင်း ခံစားမိလေသည်။သူ၏ကျင့်ကြံမှုသည် နတ်ဘုရားအဆင့်မှ မာစ တာအဆင့်သို့တိုင်အောင်ဆင်းသွားကြောင်း..တွေ့ရလေသည်။ "သား ဘာလို့" "အကြောင်းရှိတယ်..အဖေ...သားက...အဖေရဲ့ကျင့်ကြံအဆင့်ကိုပဲချိတ်ပိတ် ထားတာ..ရုပ်ခန္ဓာအဆင့်ကိုတော့မပိတ်ထားပါဘူး....." "ဝှီး...ဝှီး...." လေထဲသို့ အာသာလက်သီးအနည်းငယ်ဝှေ့ယမ်းကြည့်သည်။ဂျိတ်ပြောသည့် အတိုင်းပင် သူ၏ရုပ်ခန္ဓာစွမ်းရည်ကတော့ နတ်ဘုရားအဆင့်၌ရှိကြောင်းတွေ့ ရလေသည်။ "ကျင့်ကြံမှုကို ပိတ်ထားရတာအကြောင်းရှိတယ်...အဖေသာအပြင်ကိုနတ် ဘုရားအဆင့်ကျင့်ကြံမှုနဲ့သာထွက်သွားရင်...နိယာမတွေကတောင့်ခံနိုင်မှာ မဟုတ်ဘူး..အပြစ်ပေးကြလိမ့်မယ်" စသည်ဖြင့် ဂျိတ်မှ အသေးစိတ်ရှင်းပြလေသည်။ထိုအခါမှ အာသာသည် ဂျိ တ်၏ရှင်းပြမှုကြောင့် မိမိလောကကြီးကို ပိုမိုသိမြင်လာလေသည်။မိမိသား သည်လည်း မိမိမြင်သည်ထက်ပိုမိုမရိုးရှင်းကြောင်းတွေ့ရလေသည်။ "ဖတ်" မပြောမဆိုဖြင့် အာသာသည် ဂျိတ်၏ပခုံးအား အားထည့်ရိုက်ကြည့်သည်။ နတ်ဘုရားအဆင့်မှပြင်းထန်သောအားပါရှိသည့် သူ၏လက်က ဂျိတ်၏ပခုံး သို့ကျသောအခါ ဂျိတ်မှာ မည်သို့မျှမခံစားရပေ။ "သားမင်းလည်း" အာသာသည် ဂျိတ်အား ထိုမျှဆိုပြီးကြည့်၏။ဂျိတ်ကလည်း ဖခင်ဖြစ်သူမှ မိမိ အားရိုက်ပြီးထိုသို့မေးခြင်းကို နားလည်ပေသည်။သူ၏ဖခင်သည် မိမိလည်း သူ့လိုယခုလိုချိတ်ပိတ်ထားသည်လားဟုမေးသောသဘောမျိုးဖြစ်ကြောင်းသိ သည်။ "ဟုတ်တယ်...အဖေ...ကျနော်လဲအဲ့လိုပဲ" ဂျိတ်သည် ပြုံးပြီးပြောလိုက်လေသည်။ "အေးပါ" အာသာလည်း ဂျိတ်အားခေါင်းညိတ်ပြီး ပြန်ပြောသည်။သူ၏စိတ်ထဲ ​ပျော်ရွှင် နေမိသည်။ယနေ့၌သူ၏သားသည် လက်သည်းဖွက်ထားသော ကြောက်ချင် ယောင်ဆောင်နေသော ကျားကြီးတစ်ကောင်ဟု အသေချာသိလိုက်ရသော ကြောင့်ဖြစ်၏။ သူ၏သား၏ကျင့်ကြံမှုသည် သူ့ထက်မြင့်ကြောင်းလည်း ပခုံးပေါ်လက်ဖြင့် စမ်းရုံဖြင့်သိလိုက်ရသည်လည်းဖြစ်သည်။ တစ်ဆက်တည်းမှာပင် သူပြန်လည်တွေးတောမိသည်။သူ့အတွက်ဖြင့် သူ၏သားသာ လာကယ်ချိန်၌ အစွမ်းကုန်ထုတ်သုံးပါက မျိုးနွယ်စုသည် ("ဘုရား...ဘုရား") အာသာဆက်လက်မတွေးဝံ့ပေ။မျိုးနွယ်စု၌နတ်ဘုရားအဆင့်မရှိသည်ကို သူ အသိဆုံးဖြစ်သည်။ အခန်းထဲမှ ထွက်လိုက်သည်နဲ့ သားဖြစ်သူပြောသောစကားမှန်ကန်ကြောင်း တွေ့လိုက်ရလေသည်။ မိမိသည်နတ်ဘုရားအဆင့်သို့ရောက်ရှိပြီးသွားပြီဖြစ် သောကြောင့်အာရုံငါးပါး၏အစွမ်းသည် အလွန်ပင်တိကျလေသည်။ အခန်းပြင်သို့ရောက်ရှိသည်နဲ့ လောကနိယာမများသည် မိမိအပေါ် ဖိကျစေ ရန်လုပ်ဆောင်လာကြောင်းခံစားမိလေသည်။သို့သော်လည်း မိမိ၏ကျင့်ကြံမှု အဆင့်ချိတ်ပိတ်ထားသောကြောင့် ပြန်လည်ပျောက်ကွယ်သွားသည်ကိုလည်း ခံစားမိသည်။ "ကျနော်ဆက်လုပ်စရာလေးရှိသေးတယ်..အဖေ..ဒါကြောင့်မြေးမလေးဘေး မှာ နေပေးလို့ရမလား.." "ရတာပေါ့...ငါ့သားကလဲ" အာသာကလည်း ဂျိတ်၏စကားကို လိုလိုလားလားပင်လက်ခံလိုက်လေ သည်။ သူသည် လတ်လတ်လောလောနတ်ဘုရားအဆင့်သို့ရောက်ရှိထား ခြင်းဖြစ်ရာ အသားကျအောင်ကျင့်ကြံယူရမည်ဖြစ်သည်။နောက်မှသာ ဂရိတ် တိုင်းပြည်ကို ပတ်လည်မည်ဟု ဆုံးဖြတ်ထားလေသည်။ "ကျေးဇူးပါအဖေ" ဂျိတ်လည်း အာသာအားပြောပြီး လေယာဥ်ဆီသို့ပြန်လည်တက်လာလိုက် လေသည်။အမှန်တော့ အယ်မလီလေးအား အဖိုးနဲ့ရင်းနှီးစေရန်အချိန်ပေး ထားခြင်းလည်းဖြစ်သည်။ အယ်မလီအတွက် ရန်သူရှိပါကလည်းကြောက်လ န့်စရာမလိုပေ။ ဖိုက်တာစစ်သည်တော်မျိုးနွယ်စု၌ဖြစ်ပျက်ခဲ့သောအဖြစ်ပျက်လိုပင် အယ် မလီလေးအတွက်အန္တရာယ်ပေါ်ပေါက်လာပါက သူ၏လက်ကောက်လေးမှ မျောက်ကြီးကပြန်လည်ထွက်ပေါ်လာပြီး ကာကွယ်ပေးမည်ဖြစ်သည်။ ထိုမျောက်ကြီးမနိုင်လျှင်ကော...အဖြေတွက်လည်း ဂျိတ်မှပြင်ဆင်ပေးထား ပြီးဖြစ်သည်။ထိုလက်ကောက်လေးထဲ၌ အယ်မလီလေးအတွက်ကာကွယ်ရန် သားရဲကမ္ဘာကြီးထည့်ပေးထားသောကြောင့် ဖြစ်သည်။ထိုကမ္ဘာတွင် မျောက် ကြီးသည် အစွမ်းအနိမ့်ဆုံးဖြစ်သည်။ထိုမျောက်သာ မနိုင်ပါက ထိုမျောက် ထပ်အဆများစွာသန်စွမ်းသောကောင်များ ထပ်ထွက်လာမည်ဖြစ်ပြီး အယ် မလီလေးအား အသက်စွန့်ကာကွယ်ကြမည်ဖြစ်သည်။ "လာသွားကြမယ်" ဂျိတ်သည် လေယာဥ်ပေါ်စွန်ရဲအင်ပါယာမင်းသမီးကိုပါ တင်ဆောင်ထားပြီး ဖြစ်သည်။သူမသည် ရက်အတော်တန်ကြာအောင် ဂရိတ်တိုင်းပြည်၌နေပြီး ဖြစ်သောကြောင့် ပြန်ပို့ရန်အချိန်တန်ပြီလည်းဖြစ်သည်။ "ဟင့်.... စိတ်ပုတ်ကောင်" ဆယ်လီနာသည် လေယာဥ်ပေါ်တက်လာသော ဂျိတ်အား စိတ်ဆိုးစွာဖြင့် အော်​ပြောပြီး မိမိရှေ့၌ချထားသောသစ်သီးများကို ထိုင်စားနေလေသည်။ သူမ ဒေါသထွက်ရသည့်အကြောင်းရင်းမှာ သူမအား လေယာဥ်ပေါ်သို့တင်ပြီး စွန်ရဲအင်ပါယာသို့ပြန်လည်ပို့ဆောင်ရန်လုပ်သောကြောင့်ဖြစ်သည်။ သူမ အနေဖြင့် ဂရိတ်တိုင်းပြည်၌ဆက်လက်ပျော်ထားရန် ကြံထားသော်လည်း ဂျိ တ်၏အစီစဥ်ကြောင့် သူမ၏အကြံများပျက်စီးသွားခဲ့ရလေသည်။ထို့ကြောင့် ဆယ်လီနာသည် ဂျိတ်အားစိတ်ဆိုးနေခြင်းဖြစ်သည်။ သူမစီးနင်းလာသော ငှက်ကြီးသည်လည်း လေယာဥ်ထဲ၌ပင်ရှိလေသည်။ ဂျိတ်ကတော့ သူမစိတ်ဆိုးသည်ကို ဂရုမစိုက်သလို စိတ်လည်းမဝင်စားပေ။ လေယာဥ်ပေါ်သို့ရောက်သည်နဲ့ သူလုပ်လိုက်သည်ကတော့ "အေအိုင်ရေ" "မင်္ဂ လာပါ သခင်.ဘာလုပ်ပေးရမလဲ.." "စွန်ရဲအင်ပါယာကိုသွားမယ် လေယာဥ်အမြန်နှုန်းနဲ့သွားမယ်အလိုလျောက် စနစ်နဲ့..အရေးပေါ်အကာကွယ်တွေလည်း အခြေနေအရကြုံရင်သုံးခွင့်ပြု တယ်" "ကောင်းပြီသခင်...တွက်ချက်ပြီးပါပြီ...စွန်ရဲအင်ပါယာသို့ ရောက်ရန်ကြာချိန် မှာနှစ်နာရီဖြစ်ပါသည်...ပျော်ရွှင်ဖွယ်ခရီးချိန်လည်းပိုင်ဆိုင်နိုင်ပါစေ" ဂျိတ်၏စကားဆုံးသည်နဲ့ လေယာဥ်လည်း စတင်အသက်ဝင်လာပြီး ပျံသန်း သွားလေတော့သည်။ လေယာဥ်သည် အသံထက်မြန်သောအမြန်နှုန်းဖြင့် လေထုကို တွန်းကန်ကာ ပျံသန်းသည်ဖြစ်သော်လည်း လေယာဥ်မှအဆင့်မြင့်သောကြောင့် အထဲမှနေ သူများသည် သာမန်လို မြေပြင်ရောက်သကဲ့သို့ ပင်ခံစားရမည်ဖြစ်သည်။ "ရှင်...." လေယာဥ်မှထွက်ပေါ်လာသောစကားကြောင့် ဆယ်လီနာဒေါသထပ်ဖြစ်ရ သည်။သူမသည် လေယာဥ်ပေါ်၌ နှစ်ယောက်တည်းသာရှိသောကြောင့် နှစ် ယောက်သားအချိန်တူတူဖြုန်းလို့ရပြီဟုထင်မိခဲ့သည်။အနည်းဆုံးတော့ တစ်ရက်ဟုထင်မိခဲ့သည်။ သို့သော်လည်း သေနာကောင်ကြီးက နှစ်နာရီတည်းဟူသောအချိန်သာ ကြာ အောင်လုပ်ခဲ့သည်မဟုတ်ပါလား။ သူမ လာစဥ်က နှစ်နာရီထက်မက ကြာညောင်းပြီးမှရောက်လာခဲ့ရသော်လည်း နှစ်နာရီတည်းဖြင့် ပြန်ရောက်တော့မည်ဖြစ်သောကြောင့် ဝမ်းနည်းသွား သည်။ "ဘာလိုချင်တာလဲ မင်းသမီးလေး...." ဂျိတ်သည် ဆယ်လီနာ၏အဖြစ်ကိုကြည့်ကာ မေးလိုက်သည်။လက်ရှိအခြေ နေ၌ ဂျိတ်သည် လေယာဥ်၏အထူးထိုင်ခုံတစ်ခု၌ထိုင်နေပြီး စမတ်ကျစွာ ကော်ဖီကို ဇိမ်ကျစွာသောက်နေသည်ဖြစ်သည်။လက်ရှိ၌ နှစ်ယောက်လုံး သည် လေယာဥ်၏ဧည့်ခန်းထဲ၌ထိုင်နေကြသည်လည်းဖြစ်သည်။ ဂျိတ်၏စကားကြောင့် ငိုချင်နေသောဆယ်လီနာလည်း အရွှဲ့တိုက်ကာ "ဒီလိုလေယာဥ်လိုချင်တယ်" ထိုသို့တောင်းဆိုလိုက်လေသည်။ထိုသို့တောင်းဆိုပါက ဂျိတ်၏မျက်နှာကြီးမဲ့ လာသည်ကို ကြည့်ချင်သောကြောင့် ဖြစ်သည်။လက်ရှိလေယာဥ်သည် မည်မျှ တန်ဖိုးကြီးကြောင်း သူမ ကောင်းကောင်းကြီးရိပ်စားမိသောကြောင့် ဖြစ်သည်။သို့သော်လည်း သူမ၏အထင်သည် တက်တက်စင်အောင်လွှဲပြန် လေသည်။ "ကောင်းပြီ..ဒီလိုလေယာဥ်မျိုးတစ်စီးပဲမလား...ဘယ်လိုပုံစံယူမှာလဲ..ဘာ တွေထပ်ဖြည့်မှာလဲ" ဆိုကာ ဂျိတ်မှ ဆယ်လီနာရှေ့သို့ လေယာဥ်နဲ့ပတ်သက်သောအချက်လက်များ ပါဝင်သော စမတ်ဖုန်းကို ချပေးလိုက်သည်။ "ဟင့်" ဆယ်လီနာသည် မိမိလိုချင်သည့်အတိုင်းမဖြစ်လာသောကြောင့် မျက်နှာကိုဆူ ပုတ်လိုက်ပြီး စမတ်ဖုန်းလိုအရာကို ကြည့်လိုက်သည်။ထိုသို့ကြည့်လိုက်သည် နဲ့ အံသြမြင်သပ်သွားသည်။လက်ရှိမိမိစီးနေသော လေယာဥ်မျိုးကို မိမိကြိုက် ရာပုံစံဖြင့် ဖန်တီးရွေးချယ်ယူငင်နိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဂျိတ်အားစိတ်ဆိုးသည်ကိုပင် မေ့လျောကာ စမတ်ဖုန်းဖြင့် မိမိ လိုချင်သောအချက်လက်များပါဝင်သောလေယာဥ်ပုံစံကို စတင်တည်ဆောက် တော့သည်။သူမသည် ဂရိတ်တိုင်းပြည်၌နေသည်မှာ ကြာပြီဖြစ်သောကြောင့် စမတ်ဖုန်းလိုအရာများဖြင့် အသားကျနေပြီဖြစ်သည်။ "ကလေးမလေးကမလွယ်ဘူး" ဂျိတ်သည် ကော်ဖီသောက်ရင်း မိမိလိုချင်သောလေယာဥ်ပုံစံရေးဆွဲနေသော ဆယ်လီနာအားကြည့်ကာ တစ်ကိုယ်တည်းပြောလိုက်သည်။ "သခင်...စွန်ရဲအင်ပါယာ ကိုရောက်ရှိလာပါပြီ" "ဟင်မြန်လိုက်တာ" ဆယ်လီနာသည်အံ့သြသွားသည်။သူမသည် လေယာဥ်ပုံစံရေးဆွဲနေသော ကြောင့် အချိန်ကုန်မှန်းမသိလိုက်ပေ။သူမ လေယာဥ်ပြတင်းပေါက်မှ ကြည့် တော့ သူမနေထိုင်ခဲ့သောစွန်ရဲအင်ပါယာနန်းတော်ကိုလှမ်းမြင်နေရပြီဖြစ်သည်။ ဆယ်လီနာနဲ့ဂျိတ်တို့သည် စွန်ရဲအင်ပါယာသို့ရောက်ရှိခဲ့ပြီလည်းဖြစ်သည်။

(369)ဆွေးနွေးကြပြီ

"ဟ ဘာကြီးလဲဟ" နန်းတော်ထဲမှ စစ်သည်တော်တိုင်း အတော်တုန်လှုပ်သွားကြလေသည်။ အကြောင်းမှာ သူတို့၏နန်းတော်ကိုဖုံးလွှမ်းထားသောဝင်္က ပါထဲသို့ အသိပေး ချက်မပေါ်လာပဲ ပေါ်​ပေါက်လာသောကြောင့်ဖြစ်သည်။ "ဒါဘာကြီးလဲ" သူတို့မြင်နေရသည်က ကောင်းကင်ယံက သတ္ထုတုံးကြီးတစ်တုံးဆင်းသက် လာသည်ဆိုတာပင်ဖြစ်သည်။ "ဒါကြီးဘယ်လိုပျံနိုင်တာလဲ" ထိုစကားပြောသူက စွန်ရဲအင်ပါယာ၏မှော်အင်းပညာရှင်ဖြစ်သည်။သူသည် ကောင်းကင်ယံမှဆင်းသက်လာသော လေယာဥ်ပျံအား စူးစူးစိုက်စိုက်ကြည့် ရူနေပြီး အံအားသင့်နေသည်။အဘယ်ကြောင့်ဆိုသော် အဆိုပါအရာသည် သူ၏အသိပညာထဲမှကျော်လွန်ထိုးဖောက်နေသောကြောင့်ဖြစ်သည်။ မှော်အစီရင်အင်းများမပါပဲ လေထဲပျံသန်းနေနိုင်သောကြောင့်ဖြစ်သည်။ ဘယ်လိုကြည့်ကြည့် မဖြစ်နိုင်သော သတ္ထုတုံးက လေထဲဝဲနေသည်က အထူး ဆန်းဖြစ်ချေခဲ့ပြီဖြစ်သည်။ "ပစ်ကြစမ်း" စစ်သည်တော်အကြီးကဲတစ်ယောက်မှအမိန့်ပေးလိုက်ရာ နန်းတော် ရင်ပြင်၌ရှိကြသောစစ်သည်တိုင်းက သူတို့၏ချာက္က ရာများဖြင့်ဖွဲ့စည်းထား သော ဓားရောင်ခြည်များ၊လှံများဖြင့် ပစ်ခတ်ကြလေသည်။ "ပိုပြီး အံသြစရာပဲ" မှော်အင်းပညာရှင်မျက်လုံးများ ပိုမိုတောက်ပလာလေသည်။ပစ်လိုက်သော အရာမှန်သမျှသည် လေယာဥ်အနီးသို့ရောက်သောအခါ လေယာဥ်မှအကာ ကွယ်တစ်ခုပေါ်ပေါက်လာသောကြောင့်ဖြစ်သည်။ထိုအကာကွယ်ကို စစ်သည် များစွာ၏တိုက်ခိုက်မှုများက အရာထင်ခဲ့ခြင်းမရှိပေ။ထိုလေယာဥ်သည် ကောင်းကင်မှ ဆင်းသက်ပြီး နောက်ဆုံး၌ ကျယ်ပြန့်လှသော နန်းတော် ရင်ပြင်၌ဆင်းသက်သွားလေသည်။ "တီ" လေယာဥ်မှ တံခါးပွင့်လာပြီး ဆယ်လီနာမှအရင်ထွက်လာလေသည်။ "မင်းသမီးလေး." မင်းသမီးအားမြင်သည်နဲ့ တိုက်ခိုက်လိုက်သောစစ်သည်တော်တိုင်း ကြောက် လန့်သွားကြပြီး အရိုသေပေးလိုက်ကြလေသည်။သူတို့၏မျက်နှာများတွင် လည်း ချွေးစေးများပြန်လျက်ရှိသည်။ "ထကြ ငါစိတ်ကောင်းနေတယ် သွားကြစမ်း" ဆယ်လီနာ၏အော်သံကြောင့် ဒူးထောက်အရိုသေပေးနေသောစစ်သည်တိုင်း ကျေးဇူးတင်ကြောင်းပြောပြီး ထွက်ပြေးကြလေသည်။ထိုသို့ထွက်ပြေးကြ ခြင်းမှာ မင်းသမီးလေး၏စိတ်မဆိုးခင် ပြေးကြခြင်းဖြစ်သည်။ ယခင်က မင်းသမီးလေး၏စနောက်မှုကြောင့် သေလုမြောပါးခံစားခဲ့ကြသည်။ မင်းသမီးလေးသည် ဘုရင်ကြီး၏အချစ်ဆုံးသမီးတော်ဖြစ်သောကြောင့် မည်သူမျှ မကြောက်သူမရှိပေ။မှူးမတ်၊အရာရှိကြီးများပင် ဝေးဝေးရှောင်ကြ လေသည်။ မင်းသမီးမှ ဂရိတ်တိုင်းပြည်သို့သွားကြောင်း သူတို့သိလိုက်သောအခါ ကျိတ်၍ပင်အောင်ပွဲခံလိုက်ကြလေသည်။ထိုမျှအထိ မင်းသမီးလေးကို စစ်သည် တော်များက လေးစားကြလေသည်။ "ကြည့်ရတာမင်းကို သူတို့က တော်တော်လေးချစ်ကြတာပဲ" ဂျိတ်၏စကားကြောင့် ဆယ်လီနာလည်း ခေါင်းငုံပြီးရှက်သွားလေသည်။ သူမ၏ဆိုးသွမ်းမှုကို ဂျိတ်မှ မြန်မြန်ဆန်ဆန်ပင် သိသွားသောကြောင့် ဖြစ်သည်။ "သူကဘယ်သူလဲ" တစ်ချို့သောစစ်သည်တော်များစုပ်စုနေကြသည်။အဘယ်ကြောင့်ဆိုသော် ဒေါင်ကောင်းကောင်းအရပ်မြင့်မြင့် ယောကျာ်းပီသသော လူတစ်ယောက်က မိမိတို့၏မင်းသမီးနဲ့ လမ်းလျှောက်လာခဲ့သောကြောင့် ဖြစ်သည်။ "ကြည့်ရတာ ငါတို့မင်းသမီးက သူ့ကိုပြန်ပေးဆွဲဖမ်းလာတာဖြစ်ရမယ်" ထိုစကားကြောင့် ဂျိတ်ပင်ရယ်ချင်သွားလေသည်။ထိုစကားကို တီးတိုးပြောသည်ဖြစ်သော်လည်း ဆယ်လီနာမှ နားပါးသောကြောင့်ကြား သွားဖြစ်ရာ ဒေါသများထောင်းခနဲထွက်လာလေသည်။သို့သော်လည်း ဂျိတ်ရှိ နေသောကြောင့် သူမ၏ဒေါသများပြန်လည်ထိန်းချုပ်လိုက်လေသည်။ "သေစမ်း" ကောင်းကင်ယံမှ ကြီးမားသောပုဆိန်ကြီးတစ်ခုက မြန်ဆန်စွာပင် ဂျိ တ်၏ခေါင်းထက်သို့ကျဆင်းလာလေသည်။ "ကောင်လေး နာချင်ပြီလား" ဂျိတ်မှ ပြောဆိုရင်း ထိုပုဆိန်ကြီးကို လက်ဖြင့်အသာယာပုတ်ချလိုက်သည်။ "ဂျိန်း....." "အား" ဂျိတ်၏ပုတ်ချလိုက်မှုနဲ့အတူ အော်သံကြီးထွက်ပေါ်လာလေသည်။ ထိုလူ သည် ဂျိတ်အားပုဆိန်ဖြင့် ခုတ်ချလိုက်သောကြောင့် ဂျိတ်မှပုတ်ထုတ်လိုက်ရာ ဂျိတ်၏အားကြောင့် လွင့်စင်ပြီးထိခိုက်သွားခြင်းဖြစ်လေသည်။ "မင်းက ငါတို့အကိုကြီးကို လုပ်ရဲတယ်ပေါ့သေပေတော့" ထိုအသံနဲ့အတူ ကောင်းပေ့ဟူသောဓား၊လှံများကိုင်ဆောင်ထားသော စစ်သည်တော်သုံးယောက် ထွက်ပေါ်လာပြန်သည်။ထိုသုံးယောက်သည်လည်း ဂျိတ်အား သတ်ဖြတ်ရန် ပြေးလွှားလာကြလေသည်။ "မင်းတို့စွန်ရဲအင်ပါယာက မင်းတို့အကူညီတောင်းတဲ့တိုင်းပြည်ကို အဲ့လိုပဲ ကြိုဆိုကြရိုးလား" ထိုစကားပြောပြီး ဖနှောင့်တစ်ချက်ပေါက်ချလိုက်သည်။ထိုသို့ပေါက်ချလိုက် သည်နဲ့ ဂျိတ်၏ပတ်ပတ်လည်၌ မမြင်နိုင်သည့်အော်ရာများ ပြင်းထန်စွာထွက် ပေါ်လာလေသည်။ "ငလူး သတ်ဖြတ်ခြင်းအော်ရာကြီးဟ" ပြေးဝင်လာသော စစ်သည်သုံးယောက်သာမကပဲ နန်းတော်၌ရှိနေသော စစ်သည်တော်အားလုံးသည် ထိုဖိအားကိုခံစားလိုက်ရလေသည်။ထိုဖိအား ခံစားမိသူတိုင်းသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ကြောက်စိတ်များဝင်ရောက်လာလေသည်။ တစ်ချို့သောသူများကတော့ သူတို့၏မျက်လုံးများသည် သွေးနီရောင်ပြောင်း လုနီးဖြစ်လာလေသည်။ထိုသို့ဖြစ်ရခြင်းမှာ ထိုစစ်သည်များသည် အလွန် သတ်ဖြတ်ထားသောကြောင့်ဖြစ်သည်။ သူတို့သည် လူများစွာသတ်ထားခြင်း ကြောင့် သတ်ဖြတ်မှုအော်ရာများအနည်းငယ်စီရထားကြသူများဖြစ်ပြီး မ ထွက်ပေါ်အောင် ထိန်းသိမ်းထားကြသည်လည်းဖြစ်သည်။ ဂျိတ်၏အော်ရာလည်း ထွက်ပေါ်လာသောအခါ ထိုအော်ရများကို ထိန်းချုပ် နိုင်ခြင်းမရှိတော့ပဲ မိမိတို့ကိုယ်တိုင်ပါ ထိုအော်ရာ၏ထိန်းချုပ်ခြင်းကို ခံစားရ လုနီးဖြစ်လာကြလေသည်။ ပိုဆိုးသည့်အချက်မှာ သူတို့၏ကိုယ်ထဲမှ သွေးများလည်း ဗြောင်းဆန် ကုန်သည်ဖြစ်သည်။ထို့ကြောင့် စစ်သည်တော်တိုင်းသည် သူ တို့၏ဘဝ၌တစ်ခါမှမခံစားဖူးသော ခံစားချက်ကို ခါးသီးစွာခံစားလိုက်ကြရ လေသည်။ ("မဆိုးဘူး...ယန်ယဲ့ရဲ့အော်ရာက ကောင်းကောင်းကြီးအလုပ်ဖြစ်တယ်") ဂျိတ်သည် မိမိရှေ့၌ဖြစ်ပျက်နေသော မြင်ကွင်းကိုကြည့်ပြီး ကျေနပ်နေလေ သည်။ ယန်ယဲ့ဆိုသည်မှာ မည်သူနည်း။သူ၏ဓားလမ်းစဥ်တစ်လျှောက်၌ သူနဲ့စကား အဖုထစ်ဖြစ်ခဲ့သည်ဖြစ်စေ သူ၏မိသားစုနဲ့ချစ်ခင်ရသူများကို စော်ကားသည် ဖြစ်စေ ဖြစ်ခဲ့ပါက ထိုသူအား အရူးသဖွယ်လိုက်လံသတ်ဖြတ်တတ်သူ ဖြစ်သည်။ သူ့ကြောင့် တစ်ဂိုဏ်းလုံး ကလန်တစ်ခုလုံး သွေးချောင်းစီး သတ်ဖြတ်ခံရသည်ကလည်းမနည်းတော့ပေ။သူ၏လမ်းစဥ်ကို သွေးများ၊ အလောင်းများဖြင့်လမ်းခင်းသည်ဆိုရလောက်သည်အထိ အများကပင် ဓား ရူး၊ဓားနတ်ဆိုးဟုခေါ်တွင်ရသည်အထိ ကြောက်မက်ဖွယ်ကောင်းသောဓား သမားတစ်ယောက်ဖြစ်သည်။သူ၏အော်ရာသည် ထိုကြောင့်မည်မျှပြင်းထန် ကြောင်းသိနိုင်လေသည်။သူ၏အော်ရာကို ဂျိတ်မှခေတ္တ ငှားယူသုံးလိုက်ခြင်း ဖြစ်သည်။ (ယန်ယဲ့အကြောင်း ဖတ်ရှုလိုပါက အဆုံးမဲ့ဓားကမ္ဘာ ယန်ယဲ့ ဟူသောစာစဥ် တွင်ဖတ်ရူနိုင်ပါသည်။) "ဘာတွေဖြစ်နေကြတာလဲ" ဆယ်လီနာကတော့ အံသြနေသည်။အကြောင်းမှာ ဂျိတ်မှ သူ့အားကွက်ချန်ပြီး အော်ရာဖြန့်ကျက်ခဲ့သောကြောင့်ဖြစ်သည်။ထို့ကြောင့် သူမသည် လက်ရှိ၌ဖြစ်ပျက်နေသော အဖြစ်ပျက်များကို အံသြသည်လည်းဖြစ်သည်။ "ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ...ဂရိတ်တိုင်းပြည်ဘုရင်မင်းမြတ်...ဒီတစ် ခေါက်မှာ..ငါကိုယ်တော်အဆုံးမ ညံဖျင်းလို့ ငါ့သားတော်တွေက သင့်ကို အနှောက်ယှက်ဖြစ်စေခဲ့ပါပြီ...နစ်နာကြေးတန်အောင်ပေးပါ့မယ်...အခုလိုအော် ရာတော့ ဆက်လက်မလွင့်ပါနဲ့" ထိုအသံပိုင်ရှင်သည် သေချာစွာပင် စွန်ရဲအင်ပါယာ၏ပြည့်ရှင်ဘုရင်ကြီးသာ ဖြစ်လေသည်။ "ကောင်းပြီ..လက်ခံတယ်" ဂျိတ်လည်း အော်ရာကို ရုတ်သိမ်းပြီး ဆယ်လီနာအား ဘုရင်ကြီးရှိရာနေရာသို့ လမ်းပြခိုင်းလေသည်။ထို့​နောက် ဂျိတ်လည်း ဆယ်လီနာနောက်မှနေ၍ လိုက် သွားလိုက်လေသည်။ ယခုမှ ဂျိတ်သည် စွန်ရဲအင်ပါယာနန်းတော်ကို ကြည့်မိသည်။နေရာတိုင်း အလွန်လှပတင့်တယ်နေပြီး နေရာတိုင်း၌ တိုင်းပြည်၏အမှတ်သားဖြစ်သော စွန်ရဲငှက်ပုံရုပ်တုကြီးတည်ရှိလေသည်။လက်ရှိ မိမိလေယာဥ်ဆင်းသက်ခဲ့ သော ရင်ပြင်ပင် စွန်ရဲငှက်ပုံစံရှိလေသည်။ "သူက အထဲမှာပါ" ဆယ်လီနာမှ တစ်ခုသောနေရာအရောက်၌ ညွှန်ပြလိုက်လေသည်။ထို့နောက် သူမ ကိုင်ထားသော စမတ်ဖုန်းကို ဂျိတ်အားပြန်လည်ပေးလိုက်ပြီး "အဲ့လိုလေယာဥ်လိုချင်တယ်" "ကောင်းပြီ" ဂျိတ်မှ ပြောဆိုပြီးသည်နဲ့ ဆယ်လီနာပြန်ပေးသောစမတ်ဖုန်းကိုယူကာ အခန်း ထဲသို့ဝင်လာလိုက်လေသည်။ "ညီမလေး သူဘယ်သူလဲ" စစ်သည်လေးယောက်မှ ဆယ်လီနာအနားရောက်လာကာမေးကြလေသည်။ "သူက နင်တို့ကိုပြောပြတဲ့ ငါကြိုက်နေတဲ့လူလေ" "ငလူး....မဖြစ်နိုင်ဘူး" စစ်သည်လေးယောက်လုံး လန့်ဖြတ်ပြီးအော်ဟစ်လိုက်ကြလေသည်။ "နင်တို့မနှောင့်ယှက်နဲ့..အစောကသူက ညှာတာသွားလို့ နင်တို့မသေတာ..ငါ ကြိုက်တာဘာဖြစ်လဲ" ဆယ်လီနာမှ ဒေါသထွက်ထွက်ပြောဆိုပြီး သူမနေထိုင်ရာစံအိမ်သို့ ​သွားလိုက် လေသည်။ "တကယ်...မဖြစ်ဘူး..." "ဟုတ်တယ်...မဖြစ်ဘူး" စစ်သည်လေးယောက်ညှီးတွားလိုက်ကြလေသည်။ထိုမျှ ကြမ်းတမ်းလှသော သူက မိမ်ိတို့၏ညီမ၏ယောကျာ်းဖြစ်လာပါက သူတို့အား မနှိပ်စက်နိုင်ဟုမ ပြောနိုင်ပေ။ လက်ရှိသူ၏အော်ရာပင် မိမိတို့သေလုမတတ်ဖြစ်ခဲ့သည်ဖြစ်ရာ မိမိတို့အား တကယ်ဆော်ပါက ဆက်လက်၍ပင် မတွေးဝံကြတော့ချေ။ "အော် ဒီမှာ ခင်ဗျားက ငြိမ့်နေတာကိုး" ဂျိတ်မှ အခန်းထဲ၌ထိုင်နေသော လူကိုပြောကာ သူ၏ရှေ့၌ထိုင်လိုက်သည်။ ထိုအခန်းသည်လည်း စွန်ရဲငှက်ရုပ်ပုံများဖြင့် စီချယ်တန်ဆာဆင်ယင်ထား လေသည်။ ထိုထိုင်နေသောသူသည် တခြားမဟုတ် စွန်ရဲအင်ပါယာ၏ဘုရင်ဖြစ်လေ သည်။ဂျိတ်၏အပြောကို ဒေါသမထွက်ပဲ ခပ်ပြုံးပြုံးဖြင့် သူ၏ရှေ့မှ လွတ်နေ သော ခွက်ထဲသို့ အဖိုးတန်ရတနာဖြစ်သော နှစ်တစ်ထောင်ဂျင်းပြုတ်ရည်ဖြင့် ဂျိတ်အားဧည့်ခံလိုက်၏။ ဂျိတ်ကလည်း ထိုဧည့်ခံမှုကို လက်ခံသည်။သောက်ပြီးသည်နဲ့ "ကဲ...ဆွေးနွေးကြရအောင်"

All Chapters