အခန်း (၃၅၅-၃၅၇)
Vol. 24 Ch. 355-357
(355)လှံနတ်ဆိုးကြမ်းပြီ
အကျဥ်းထောင်အတွင်း၌ အံသြဖွယ်ရာဖြစ်ပျက်ခဲ့ပြီဖြစ်၏။ "မင်းကငါ့သား...ဟုတ်လား.." အာသာ အနေဖြင့် မမျှော်လင့်သောအခိုက်တန့်ထဲရောက်ရှိသွားသောကြောင့် အနည်းငယ်မျှတွေဝေမိသွား၏။ "ကျနော်လာတာ ဒီသောက်ကျိုးနည်းမျိုးနွယ်စုဆီကနေလာခေါ်ထုတ်တာ" ဂျိတ်မှပြောဆိုရင်း ဖခင်ဖြစ်သူအနားသို့ကပ်လိုက်ကာ အချုပ်နှောင်ကိုဖြုတ် ပေးရန်ကြိုးစားလေ၏။ "သား ဒါတွေက..ဖြုတ်မရ..ရ" ဖခင်ဖြစ်သူ၏စကားပင်မဆုံးသေးပေ။ "တောက်....တောက်...ခွင်း" သံကြိုးများ၏ပြတ်တောက်သံများနဲ့အတူ သံကြိုးများသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်လေ၏။ "ဟ" ခရွန်ဆိုသောလူအိုကြီးလည်း ဆွံအသွားရလေ၏။ထိုသံကြိုးများအကြောင်း ကို သူသာအသိဆုံးဖြစ်၏။ထိုသံကြိုးများသည် အေးစိမ့်သောသတ္ထုနဲ့အခြား ခြားသောသတ္ထုမာများဖြင့်ရောစပ်ဖန်တီးထားသောအရာဖြစ်၏။ထို သံကြိုး၏အားသာချက်သည် အလွန်မာကြောခြင်းဖြစ်ပြီး ချာက္က ရာစွမ်းအား ကိုပိတ်ပင်တားဆီးနိုင်၏။ ထိုလိုသံကြိုးကို ဂျိတ်မှသေ့ာမပါပဲ သူ၏လက်အားချည်းသပ်သပ်ဖြင့် အသာ ယာဖြုတ်ပြသွားရာ အာသာ၏သားမှ မည်မျှသန်မာကြောင်း သူကောင်းစွာ ရိပ်မိသွား၏။ထိုအဖြစ်ပျက်ကို အာသာကိုယ်တိုင်ကလည်း ရိပ်မိ၏။ သူ၏မတွေ့ရကြာပြီဖြစ်သောသားသည် ထိုမျှအထိသန်မာလာကြောင်း သူ လည်းအံအားသင့်မိသည်ကတော့အမှန်ပင်။သို့သော်လည်း မေးရန် အချိန်ကောင်းမဟုတ်သောကြောင့် မျိုသိပ်ထားလိုက်၏။ ဂျိတ်၏သန်မာမှုအောက်၌ မာကြောပါပေ့ဟူသော သံကြိုးများနဲ့အချုပ်နှောင် မှန်သမျှတို့သည် ခေတ္တ အတွင်းပျက်စီးပြတ်တောက်သွားလေတော့၏။ "နေဦးအဖေ တစ်ခုကျန်သေးတယ်" ဂျိတ်မှပြောရင်းဆိုရင်း အာသာ၏ကိုယ်နေရာသုံးနေရာသို့ လက်ချောင်းဖြင့် တောက်ချလိုက်လေ၏။ "ဝှီး" ထိုအခါ အာသာကိုယ်ထဲမှ ပိုးကောင်တစ်ကောင်သည် မြန်ဆန်စွာထွက်သွား လေ၏။ထိုအကောင်၏အရှိန်မှာ မြန်ဆန်သော်လည်း ဂျိတ်၏လက်ချောင်း များထက်မမြန်ဆန်ခဲ့ရာ လက်ချောင်း၏ဖိညစ်မှုကြောင့် ပိုးကောင်မှာ နောက်ဘဝသို့ကြွသွားလေတော့၏။ "ရပြီအဖေ ကျနော်တို့သွားကြစို့" .ထိုအခြင်းရာကြောင့် ခရွန်နဲ့အာသာက မျက်လုံးဆန်ပြူးဖြစ်ကြလေ၏။ထို ပိုးကောင်ကို ဂျိတ်မှ ကိုယ်ခန္ဓာမှထုတ်လိုက်ပြီး သတ်ပစ်လိုက်သောကြောင့် ဖြစ်၏။ထိုအခြင်းရာကို ပိုးကောင်ထည့်သောဆရာကြီးများပင် မလုပ်နိုင် သောအခြင်းရာဖြစ်၏။ "ဘာလို့ သားဒီလိုလုပ်ပြီးအဖေ့ကိုလာကယ်ရတာလဲ" "ဒီသောက်မျိုးနွယ်စုက ဘာလို့အဖေ့ကိုဒီလိုဖမ်းရတာလဲဆိုတာမသိဘူး...သူ တို့သာအဖေ့မျိုးနွယ်စုမဟုတ်ခဲ့ရင် တစ်မျိုးလုံး သား မျိုးဖြုတ်ပစ်ပြီ" ဂျိတ်၏ခက်ထန်ပြီးရဲရင့်လှသောစကားကြောင့် အာသာပင် အံအားသင့်သွား ရလေ၏။သူ၏အားငယ်ပြီးနူးညံလှသော သားငယ်လေးအဖြစ်မှ ရင့်ကျက် ပြီးရဲရင့်လှသော ယောကျာ်း ကောင်းအဖြစ်ပြောင်းလဲသွားကြောင်း အာသာ သိလိုက်ရသဖြင့်ဝမ်းသာမိ၏။ "ဟားးးးးဟားးးးဟားးးဟားး...ကြိုက်တယ်ဗျာ ဒီစကားကို ငါအဘိုးကြီး သဘောကျသွားပြီ" ဂျိတ်လည်း ထိုအသံပိုင်ရှင်ကိုကြည့်လိုက်ရာ သူ၏ဖခင်လိုပင် သံကြိုးအစုံ လင်ဖြင့် အချုပ်နှောင်ကျနေသူဖြစ်ကြောင်း တွေ့လိုက်ရလေ၏။ပိုပြီး ထူးခြားသည်က ထိုလူအိုကြီးသည် သူ၏ချာက္က ရာတည်နေရာပင် အင်းအစီရ င်ဖြင့် ပိတ်နှောင်ထားသည်ကို တွေ့ရလေ၏။ "သားသူ့ကိုလဲကယ်လိုက်ပါ..ဒါအဖေ့သူငယ်ချင်းခရွန်တဲ့..." "ကောင်းပြီ" ဂျိတ်လည်း ဖခင်ဖြစ်သူ၏စကားကြောင့် ထိုလူအိုကြီး၏အချုပ်နှောင်များကို လည်း မြန်ဆန်စွာဖျက်စီးပေးလိုက်သလို အသက်ဓာတ်စုပ်ယူသောပိုးကောင် ကိုလည်း သတ်ပစ်လိုက်ပြန်၏။ "ဝေါ့....ဘယ်သူလုပ်တာလဲကွ...စုံစမ်းကြစမ်း" မျိုးနွယ်စု၏ကြီးကျယ်မြင့်မြတ်သောအခန်းနေရာ၌ရှိနေသော ဘိုးတော်ကြီး တစ်ပါးသည် သွေးများအန်ထုတ်လိုက်ရ၏။အကြောင်းကတော့ရှင်း၏။ သူ၏မွေးထားသောပိုးကောင်နှစ်ကောင် မာလကီးယားသွားသောကြောင့် ဖြစ်၏။ထိုပိုးကောင်နှစ်ကောင်သေဆုံးရခြင်းသည် ဂျိတ်၏လက်ချက်သာ ဖြစ်သည်။ ထိုအကြောင်းရာကိုတော့ ဘိုးတော်ကြီးမသိပေ။ဘိုးတော်ကြီးသိသည်က သူ၏တယုတရမွေးထားရပါသောထိုပိုးကောင်နှစ်ကောင်ကို သတ်သွားသော သူကို လက်စားချေရန်သာဖြစ်ပေသည်။ ............ "ကောင်လေး မင်းငါ့ကိုမကြောက်ဘူးလား..ငါဘာလို့အခုလိုအဖမ်းခံထားရ တာကိုလွတ်ပေးရဲတယ်ဆိုတော့" ခရွန်ဆိုသောလူအိုကြီးမှ ဂျိတ်အားနောက်၏။ "လွတ်ပေးရတာက အဖေပြောပေးလို့ပဲ..နောက်တစ်ချက်က ခင်ဗျားကြီးက ချိတ်ပိတ်ခံထားရတာလေ... ကြောက်စရာလား" "ကြိုက်သွားပြီ...အာသာ...မင်းသားကတော့ တကယ်ယောကျာ်းစစ်စစ်ကွ..ငါ သာမင်းလိုသားမျိုးရှိရင်သေပျော်တယ်" ခရွန်ဆိုသောအဘိုးကြီးသည် ဂျိတ်အားကျေနပ်အားရစွာဖြင့် ကြည့်ကာ ရယ်မောနေ၏။ "သွားကြမယ် အချိန်မရှိဘူး" ဂျိတ်၏ဦးဆောင်မှုအောက်၌ အာသာနဲ့ခရွန်တို့သည် အကျဥ်းထောင်ထဲမှ ထွက်လာခဲ့ကြလေ၏။ "အံမယ်...မင်းတို့က ထောင်ဖောက်ပေးချင်ကြသေးတာပေါ့လေ...ရာရာစစ" ထိုအသံကား အကျဥ်းထောင်ဝင်ပေါက်မှ ဆီးကြိုစောင့်နေလေ၏။အပြင်သို့ ရောက်သောအခါ များစွာသောလူများက မိမိတို့အားစောင့်ကြိုနေကြကြောင်း တွေ့ရလေ၏။ထိုလူများသည် အနည်းဆုံးအနေဖြင့် ပလက်တီနမ်အဆင့်၌ရှိ ကြပြီး မာစတာအဆင့်နီးနီးထိပါရှိကြလေ၏။ "သား ...အဖေ့ကြောင့်အခုလိုဖြစ်ရပြီ" အာသာသည် သူတို့အားဝန်းရံနေသောလူများကိုကြည့်ကာ ဂျိတ်အားပြော၏။ သူ့အဖို့အတွက် ထိုလူများသည် ကြောက်မက်ဖွယ်မကောင်းသော်လည်း သူ၏သားဂျိတ်အတွက် စိုးရိမ်နေသောကြောင့်ဖြစ်၏။ "မပူပါနဲ့..အဖေရယ်...ဒီကောင်တွေကိုကြောက်နေရင် သားအခုလိုလာကယ်ပါ့ မလား" ဂျိတ်မှ နှစ်သိမ့်ပေးပြီး ခရွန်ဆိုသောအဘိုးကြီးအားကြည့်ကာ "ခင်ဗျား နည်းနည်းပါးပါးတော့လုပ်ရှားလို့ရတယ်မလား" "မင်းသာ ကူညီမယ်ဆိုရင်ပေါ့" ခရွန်သည် ဂျိတ်၏အမေးကို အဓိပ္ပါယ်ပါသောအပြောဖြင့်ပြန်လည်ဖြေကြား လိုက်၏။ "ကောင်းပြီ " ဂျိတ်မှာ ပြောပြီးသည်နဲ့ သူ၏လက်ချောင်းများဖြင့် ခရွန်လူအိုကြီး၏ကိုယ် အနှံသို့ ထောက်ပြီး ချိတ်ပိတ်မှုကြီးကိုဖျက်စီးပစ်လိုက်၏။ထိုသို့ဖျက်စီး ပစ်လိုက်သည်နဲ့ "ဝုန်း" ခရွန်အဘိုးကြီး၏ကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသောအော်ရာများထွက် ပေါ်လာလေ၏။ "ဟာ....လှံနတ်ဆိုးကြီးရဲ့ချိတ်ပိတ်မှုပျက်စီးသွားပြီဟေ့" လူတိုင်းရုန်းရင်းဆန်ခတ်ဖြစ်ကုန်၏။ "ကောင်းလိုက်တဲ့ခံစားချက်" ခရွန်ဆိုသောအဘိုးကြီးသည် တစ်ကိုယ်လည်း သက်တောင့်သက်သာဖြစ် သွားသောခံစားချက်ကို ခေတ္တ ခံစားလိုက်ပြီး မူလအခြေနေသို့ရောက်ရှိသွား သည်နဲ့ သူ၏လက်စွပ်မှ လှံကိုထုတ်လိုက်၏။ လက်စွပ်ထဲမှ လှံထွက်ပေါ်လာသည်နဲ့ လှံမှထွက်ပေါ်လာသောသွေးဆာလောင် မှုကို ချက်ချင်းပင် လူတိုင်းနီးပါးခံစားလိုက်ကြရလေ၏။ "ကောင်လေး ငါ့ကိုအခုကြောက်ပြီးလား" ခရွန်သည် သူ၏လှံကိုကျောပေါ်တင်လိုက်ပြီး စနောက်ပြန်၏။ "ခရွန် ငါ့သားကိုစတာများနေပြီ" "မင်းသားက တကယ့်ကောင်ကွ ဒါကြောင့်ငါစနေတာ" အာသာကို ခရွတ်မှပြော၏။ "ကြောက်နေလို့ရှိရင်အစောကတည်းက လာကယ်တာမလုပ်သလို...ခင်ဗျား ကိုလည်း ချိတ်ပိတ်တာမဖွင့်နေဘူး..." "ဟား....ဟား.....ဟား......အာသာရေ မင်းသားကိုငါ့သားအဖြစ်တောင် ငါ လိုချင်သွားပြီဟေ့အခုတော့...ငါနည်းနည်းလေးပွဲ ကြမ်းလိုက်ဦးမယ်" ခရွန်သည် ရယ်မောပြီးသည်နဲ့ သူ၏လှံကိုတစ်ချက်ပွတ်သပ်လိုက်ပြီး "ငါ့ကောင် မင်းလည်းအိပ်နေရတာကြာတော့ ပျင်းနေပြီမဟုတ်လား...ပွဲနည်း နည်းဆူလိုက်ကြစို့" ထိုစကားပြောပြီးသည်နဲ့ လှံမှတစ်ချက်တုန်ခါသွားပြီးသွေးရောင်လက် လာ၏။ "ကဲ...သေပေတော့" ထိုအသံနဲ့ လှံနတ်ဆိုးဟုခေါ်တွင်သော ခရွန်သည် စတင်တိုက်ခိုက်လိုက်ပြီ ဖြစ်၏။
(356)နောက်ကျသွားပြီ
"တိုက်ကြဟေ့" တိုက်ခိုက်သံများကာ ဆူညံပွက်လောရိုက်ခတ်သွား၏။မျိုးနွယ်စုမှ စစ်သည် တော်များသည် လှံနတ်ဆိုးဟုကျော်ကြားသော ခရွန်အား ကြောက်ရွံကြသည် ဖြစ်သော်လည်း မတိုက်ခိုက်ရဲသူများမဟုတ်ကြပေရာ ပြန်လည်တိုက်ခိုက်ကြ လေ၏။ တိုက်ပွဲစဖြစ်သည်နဲ့ မိုးခြိမ်းသံနှယ် ဆူညံပွက်လောရိုက်ခတ်သွားလေ၏။ "မဆိုးကြပေဘူး...ပဲ" ဂျိတ်သည် သူ၏ဖခင်ကိုတွဲထူထားပေးရင်း အခြေနေကိုကြည့်ရှုနေလေ၏။ မိမိကြည့်ရှုလိုက်သည့်အတိုင်းပင် တိုက်ခိုက်သူများ၏စွမ်းရည်သည် မိမိထင် သလိုဖြစ်ကြောင်းသိလိုက်ရလေ၏။ ကောင်းကင်ယံထက်၌ တိုက်ပွဲကဆူညံသွားလေ၏။ သေချာကြည့်မည်ဆိုပါက ကောင်းကင်ထက်၌ လှံနတ်ဆိုးအား များစွာသော စစ်သည််တော်များက ဝိုင်းဝန်းတိုက်ခိုက်နေကြသည်ကို တွေ့ရသည် ဖြစ်သည်။တစ်ယောက်နဲ့အယောက်သုံးရာ ယှဥ်ပြိုင်ရမည်လည်းဖြစ်၏။ မျိုးနွယ်စုမှ ဆင်းသက်လာသော စစ်သည်တော်များဖြစ်သည့်အလျောက် သာမန်စစ်သည်များထက်ပင် ပိုမိုကြမ်းတမ်းကြောင်းတွေ့ရလေ၏။ တိုက်ခိုက်နှုန်း သန်မာမှုနဲ့ လျင်မြန်မှုများက စွန်ရဲအင်ပါယာမှစစ်သည်များ ထက် အဆများစွာသာလွန်ကြောင်း တွေ့လိုက်ရလေ၏။ "ဝုန်း....ဂျိန်း.....ဂျိန်း.....ဝုန်း....ဒိုင်း" တစ်ယောက်သောသူအား အယောက်ငါးဆယ်က တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်လိုက်သော်လည်း လှံနတ်ဆိုးအတွက် ကြောက်မက် ဖွယ်ရာကောင်းခြင်းမရှိနေခဲ့ပေ။သူ၏လှံလေးတစ်ချောင်းက များစွာသော လက်နက်များ၏တိုက်ခိုက်မှုဒဏ်ကို ဇယ်ဆက်မပြတ် ခုခံကာကွယ်လိုက်၏။ "အားပါးပါး မင်းတို့ကဒီလောက်လား..ဒါဆိုငါအပျင်းပြေသွားပြီ..တကယ် လာပြီဟေ့" လှံနတ်ဆိုးကြီးသည် ဆော့ကစားရသည်ကို ပျင်းရိဟန်တူလာသည့်ထင်။ သူ၏လှံကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နဲ့ သူ၏အော်ရာအသွင်ပြင်များက အြောင်းလဲသွားလေ၏။ "သူတကယ်ပွဲကြမ်းပြီ ငါ့သား" အာသာမှ ဂျိတ်အားပြော၏။ လှံသည် သွေးရောင်လက်လာသလို ခရွန်၏မျက်လုံးများကလည်း သွေး ရောင်သန်းစပြုလာလေ၏။ "နတ်ဆိုးတို့၏မဟာလှံ" ထိုသို့ရေရွတ်ပြီးသည်နဲ့ သူ၏လှံတစ်ချက်ကို လေထဲသို့ထိုးချလိုက်၏။ "ဝှီး" လှံ၏ထိုးချက်က မြန်ဆန်လှ၏။ "ရှောင်" အသံပင်မဆုံးသေးပေ။တစ်ယောက်သောစစ်သည်တော်၏ရင်ဝသို့ လှံ နတ်ဆိုး၏လှံကထိုးဖောက်ဝင်ရောက်သွား၏။ "ကြည့်ရတာ ငါလက်ရည်မကျဘူးထင်တယ်" ခရွန်မှဆိုပြီး ဆက်တိုက်ဆိုသလို ထပ်မံတိုက်ခိုက်လိုက်လေ၏။သူ၏လှံသည် ထူးခြားကြောင်း ဂျိတ်မှတွေ့လိုက်ရလေ၏။ခရွန်၏လှံသည် သွေးသောက် ပြီးသည်နဲ့ ပိုမိုထက်မြက်လာသလို ပိုမိုရှည်လျားလာကြောင်း တွေ့ရလေ၏။ လှံသိုင်းတွင် လှံတစ်ချောင်း၏အရှည်သည် အလွန်ပင်အရေးပါလှ၏။ လှံ၏အရှည်ပိုရှည်လေ တိုက်ပွဲတွင် တိုက်ခိုက်မှုဧရိယာကျယ်ပြန့်လာသလို ရန်သူအား တိုက်ခိုက်နိုင်စွမ်းနဲ့သတ်ဖြတ်နိုင်စွမ်းကပိုမိုကြောက်မယ်ဖွယ်လာ သည်လည်းဖြစ်၏။ နောက်ထပ်အချိန်အနည်းငယ်အတွင်း၌ လှံနတ်ဆိုး၏လှံချက်မြန်ဆန်လာ သလို သူ၏လှံချက်ကြောင့် သေဆုံးသွားသော သူများလည်းတဖြေးဖြေးနဲ့ တိုးပွားလာလေ၏။ "သား ဘာမြင်လည်း" ဂျိတ်အား ဖခင်ဖြစ်သူအာသာမှ မေးလိုက်၏။ "လှံနတ်ဆိုးဆိုတာ အလကားပေးထားတာမဟုတ်ဘူးပဲ..သူရဲ့ကျင့်စဥ်ကြောင့် ဖြစ်လာတယ်ဆိုတာငြင်းလို့မရဘူး ပြီးတော့သူက လှံနဲ့တစ်သားတည်းဖြစ် နေတဲ့အခြေနေထိရောက်ထားပြီ..ထူးခြားချက်က သူ့ရဲ့လှံက သတ်ရင်ရန်သူ ရဲ့နှလုံးတစ်နေရာတည်းကိုပဲ ထိုးဖောက်ပြီး သတ်ဖြတ်တာပဲ..အဲ့လိုထိုး ဖောက်သတ်ဖြတ်လိုက်ရင်သူ့ရဲ့လှံက ရန်သူရဲ့နှလုံးသွေးအဆီနှစ်ကိုစုပ်ယူ ပြီး ပိုအားကောင်းလာသေးတယ်..လှံပိုင်ရှင်ကောပေါ့.အဲ့ကျင့်စဥ်ကိုသာသူ ဆက်ကျင့်နေမယ်ဆိုရင် သူ့ရဲ့အသိစိတ်ကွယ်ပျောက်ပြီး တကယ့် လှံနတ်ဆိုး အစစ်ကြီးဖြစ်လာလိမ့်မယ်...သူ့ကိုနိုင်ချင်ရင် အလင်းနတ်ကောင်းကင်တမန် ရဲ့ ဓားနဲ့အလင်းဓားသိုင်းသုံးရင်သုံးမသုံးရင် သူ့ထက်စစ်သည်အဆင့်မြင့်မှ ဖြစ်မယ်" ဂျိတ်သည် ရှင်းလင်းသုံးသပ်ပြလိုက်၏။ဂျိတ်၏သုံးသပ်ပြမှုကြောင့် အာသာ သည် အံသြသွား၏။သူ၏သား သုံးသပ်မှုသည် သူ၏အမြင်ထက်များစွာ ကျော်လွန်သွားပြီဖြစ်သောကြောင့်ဖြစ်၏။ "အဖေ သူ့ကိုပွဲမကြာခိုင်းနဲ့ အဖေ့မြေးမလေး ငိုနေလိမ့်မယ် ကြာနေရင်" "ဘာ.." . အာသာမျက်လုံးပြူးသွားလေ၏။ "တကယ်လား " "အဖေ သားကလိမ်နေတယ်ထင်နေလား အဘိုးခေါ်လာမယ်လို့သူ့ကို ပြောထားတာ" ဂျိတ်၏စကားကြောင့် အာသာသည် ထပ်မံအံသြရပြန်လေ၏။ "အဘိုးကြီး ပွဲမြန်မြန်သိမ်းပါဟ...ငါ...ငါမြေးမလေးနဲ့တွေ့ချင်တယ်" အာသာသည်တိုက်ခိုက်နေသော ခရွန်အား လှမ်းအော်လိုက်၏။ "အံမယ် နောက်ဆုံးတော့ သူစိတ်မရှည်တော့ဘူးပဲ...ငါမြင်ဖူးပြီကွ...ဟား ဟား..ဟားဟား" တိုက်ခိုက်နေသော လှံနတ်ဆိုးသည် သူ၏နီရဲနေသောမျက်လုံးများဖြင့် ရယ်မောပြီး သူ၏လှံကိုထပ်မံဝှေ့ယမ်းလိုက်ပြီး "နတ်ဆိုးလှံချက်တစ်ထောင်" သူ၏နတ်ဆိုးသိုင်းကို ထုတ်သုံးလိုက်လေ၏။မာစတာအဆင့်ရှိသော စစ်သည်တော်တစ်ယောက်၏ကြောက်မက်ဖွယ်ကောင်းသော သိုင်းကျင့်စဥ် ကို ထုတ်သုံးလိုက်သောအခါ ထွက်ပေါ်လာသောစွမ်းအားသည် မှန်းဆ၍မရ နိုင်ပေ။ "ဝုန်း " တစ်ချိန်တည်းတစ်ပြိုင်တည်း ထွက်ပေါ်လာသော လှံချက်တစ်ထောင်သည် လှံနတ်ဆိုးအား ဝန်းရံကာထွက်ပေါ်လာလေ၏။ထိုလှံချက်တစ်ထောင်သည် ဆိုးယုတ်နေသောအော်ရာများဖြင့် ပြည့်နှက်နေပြီး နတ်ဆိုးများ၏ငိုကြွေးသံများလည်း ရံဖန်ရံခါထွက်ပေါ်လာလေ၏။ထိုသို့ ငိုကြွေးမှုပြီးသည်နဲ့ လှံချက်များသည် ရန်သူမှန်သမျှကို တိုက်ခိုက် ပစ်လိုက်၏။ "ကာကွယ်ကြဟေ့" စစ်သည်တော်တိုင်း သူတို့၏လျှိုထားသော သိုင်းကွက်မှန်သမျှ ထုတ်သုံး လိုက်ကြပေ၏။ "အကာကွယ်အင်း...." "ကာကွယ်မှုချပ်ဝတ်တန်ဆာ" အကာကွယ်များကို ချာက္က ရာများထပ်မံဖြည့်စွက် ဖန်တီးပြီး ခုခံကာကွယ်ကြသလို "အဆုံးမဲ့ခုတ်ချက်..." "မရဏလက်သီး" စသောမိမိတို့အစွမ်းအထက်ဆုံးသိုင်းကွက်တိုက်ခိုက်မှုဖြင့် တန်ပြန်တိုက်ခိုက် ကြလေ၏။ သို့သော်လည်း သူတို့ရင်ဆိုင်နေရသည် မာစတာအဆင့်၏ပြိုင်ဘက်ကင်း ဖြစ်သည်ဟု ခေါ်နိုင်သော လှံနတ်ဆိုးဖြစ်နေသလို သူ၏သုံးလိုက်သော သိုင်းကွက်သည်လည်း အရက်စက်ဆုံးကြောက်မက်ဖွယ်ရာအကောင်းဆုံး အသေ သတ်တိုက်ကွက်ဖြစ်နေရာ အဘယ်မှာခံနိုင်မည်နည်း။ "ဝုန်း......ဂျိန်း...." နတ်ဆိုးငိုကြွေးသံပါသော လှံချက်တစ်ထောင်က စစ်သည်တော်များ၏အကာ ကွယ်များနဲ့တိုက်ခိုက်မှုများကို အသာလေးပင်ဖျက်စီးပစ်လိုက်လေ၏။စက္ကူ ပါးကို ထက်ရှလှသောဓားဖြင့် ထိုးခွဲလိုက်သည့်နှယ်ပင်ဖြစ်၏။ "အား" လှံနတ်ဆိုးကိုတိုက်ခိုက်သည့်စစ်သည်တော်တိုင်းအော်ဟစ်လိုက်ရ၏။ အကြောင်းမှာ ထိုလှံချက်များသည် သူတို့၏ရင်ဝ၌ရှိသောနှလုံးအား ထိုး ဖောက်ဝင်ရောက်သွားသောကြောင့်ဖြစ်၏။ "ဘုတ်" ထိုသိုင်းကွက်သုံးလိုက်သည်နဲ့ ပစ်မှတ်ထားခံရတိုင်းသည် လှံချက်ကြောင့် နှလုံးပျက်စီးပြီးသေကြရသည်ချည်းသာဖြစ်ပေ၏။ယခုအခြေနေသည် လည်း ထိုလှံချက်ကြောင့် စစ်သည်များအားလုံးကြွသွားရပြီဖြစ်ချေ၏။လှံ နတ်ဆိုး၏သိုင်းကွက်ပြီးသောအခါ ထွက်ပေါ်လာသောရလာဒ်ကား မြေပြင်၌လဲကျနေသော စစ်သည်တော်များ၏အလောင်းများသာဖြစ်ပေ၏။ "လှံနတ်ဆိုးလို့ ခေါ်တာမဆန်းပါပေဘူးကွယ်" ထိုအသံကထွက်ပေါ်လာလေ၏။အသံထွက်ပေါ်လာရာမှ များစွာသောလူအုပ် ကြီးသည် အကျဥ်းထောင်ဘက်သို့ချီတက်လာကြလေ၏။သူတို့ကိုဦးဆောင် လာသူကတော့ ဖြူဆွတ်နေသော ဆံပင်များရှိသောလူငယ်လေးဖြစ်ကြောင်း တွေ့ရလေ၏။ထိုလူငယ်သည် ထင်သလိုမရိုးရှင်းကြောင်း ကြည့်ရုံဖြင့် သိ နိုင်၏။ ထိုလူငယ်လေးဦးဆောင်သော လူအုပ်ကြီးသည် စည်းစနစ်ကျစွာဖြင့် ဂျိတ် တို့သုံးယောက်အား ထပ်မံဝန်းရံလိုက်၏။ ထိုအဖြစ်ပျက်ကို ဦးလေးတက်မှမြင်သော် "ဟိုက်..သေစမ်းငါနောက်ကျသွားပြီ
('357)မီးမီး..လာပြီ
"အော် မင်းလည်း ပြန်လာရဲတာလား" ဆံဖြူနေသောလူငယ်မှ ဦးလေးတက်ကို ညွှန်ပြလိုက်၏။ "မင်းကငါ့ကိုအခုထိ ရိုင်းစိုင်းယုတ်မာစွာပြောနေတုန်းပဲနော်" ဦးလေးတက်မှ ဆံဖြူကိုယ်တော်လေးအား ပြောပြီး ဂျိတ်တို့ရှိရာတို့ဝင် ရောက်လိုက်၏။သူ၏မြန်ဆန်သောလှုပ်ရှားမှုကြောင့် မည်သူကမျှတားဆီး နိုင်ခြင်းမရှိပေ။ မိမိအားသေစေသည်အထိ ထွက်ပြေးအောင်လုပ်စေခိုင်းသူ မှာ ဆံဖြူလူငယ်လေးဖြစ်ကြောင်း တက်မှသိ၏။သို့သော်လည်း သူ၏လုပ်ပိုင်ခွင့်သည် ထိုလူငယ်လေးထက်သာသည်မဟုတ်ရာ ငြိမ်နေရ ခြင်းလည်းဖြစ်၏။ "အဖေ့ကိုဖမ်းခိုင်းတဲ့တရားခံက အဲ့ဒီသောက်ကျိုးနည်းအဖိုးအိုပေါက်စလေး မဟုတ်လား..ဦးလေးတက်" ဂျိတ်၏စကားကြောင့် ကျန်သောသုံးယောက်လုံးရယ်မောမိလိုက်ကြလေ၏။ ဂျိတ်၏စကားသည် ထိမိသောကြောင့်ဖြစ်၏။ "မင်းအဲ့လိုမပြောရဘူးလေ...အဲ့ဒါမင်းရဲ့ဝမ်းကွဲအကိုတော်တယ်" "အဲ့ဒီအဖိုးပေါက်စက ကျနော်ဝမ်းကွဲအကိုမဖြစ်နိုင်တာ" ဂျိတ်နဲ့ဦးလေးတက်တို့၏စကားပြောသံများကြောင့် ဆံပင်ဖြူရောင်ရှိသော လူငယ်မှာ ဒေါသပွလာလေ၏။သူ၏ဆံပင်အဖြူရောင်ကို သူသည်အမြဲဂုဏ် ယူရသည်ဖြစ်၏။ယနေ့တွင်မှ ဂျိတ်၏အပြောကြောင့် သူအမြဲဂုဏ်ယူရသော ဆံပင်သည် သူ့အားသိက္ခာကျစေခဲ့သည်ဟုခံစားမိရလေ၏။ထို့ကြောင့် ဒေါပွ လာပြီး "တိတ်စမ်း...ကြည့်ရတာ ထောင်ဖောက်တဲ့ပြသနာကမင်းအရင်စတာပဲ... ဖြစ် ရမယ်" "မှန်လိုက်လေ...ငါလုပ်တာပဲ...ငါ့အဖေ့ကိုငါကယ်တာဆန်းလို့လားကွ...." ဂျိတ်မှ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ဂျိတ်ကို ဦးလေးတက်မှနေ၍ "မင်းအဖေ အကျဥ်းကျခံရတာကိစ္စကဘယ်သူမှ မဟုတ်ဘူး....အဲ့မင်းအကို ဝမ်းကွဲပဲ" "အော်..လက်စသတ်တော့...ငါ့အဖေကိုအကျဥ်းချတာမင်းလား... ဦးလေးရဲ့ အမိန့်ပြားရချင်လို့ အကျဥ်းချတဲ့တူဆိုတဲ့ အဖိုးပေါက်စလေးဆိုတာ အခုတော့မျက်စိပွင့်မြင်ဖူးသွားပြီ" ထိုအခါ ဆံဖြူကိုယ်တော်မှ "ဟုတ်တယ်ငါလုပ်တာပဲ...ငါကမျိုးနွယ်စုရဲ့ဓလေ့ထုံးတမ်းအရလုပ်ရတာ ပဲ....မင်းအဖေမှမဟုတ်ဘူး..ငါ့အဖေငါ့အကိုတောင်အကျဥ်းချရမယ်ဆို ရင်တောင်လုပ်ရမှာပဲ" ဂျိတ်သည် ဆံဖြူကိုယ်တော်လေးအား အသေချာကြည့်၏။ထိုဆံဖြူ ကိုယ်တော်လေးသည် ကြည့်ကောင်းသည်ဆိုသော်လည်း သူ၏မျက်လုံး များသည် ကောက်ကျစ်သောမြေခွေးမျက်လုံးအစုံနဲ့တူကြောင်း တွေ့ရ၏။ထို အချက်က သူသာအောင်မြင်ရေးအတွက် မည်သည့်အရာမဆိုချနင်းမည့်သူ ဖြစ်ကြောင်း သိသာစေ၏။ "ဒီကောင်ကိုတွေကို အစီရင်ဝင်္က ပါတွေနဲ့ဝိုင်းထားစမ်း" ဆံဖြူကိုယ်တော်လေးမှ သူ၏လူများအား အမိန့်ပေးလိုက်လေ၏။ထိုအခါ ချီတက်လာသောလူတိုင်းသည် ဂျိတ်တို့ကိုဝန်းရံထားရာမှ ပုံစံအစီစဥ်တကျ ပြောင်းရွေ့လိုက်ကြပြီး တိုက်ခိုက်ရန် အသင့်ဖြစ်သွားကြပြီဖြစ်၏။ ("စနစ်...အဲ့ကောင်အကြောင်းစစ်ဆေးပါ") ("ကောင်းပါပြီ") ဂျိတ်လည်း မောက်မာလွန်းအားကြီးသော ဆံဖြူကိုယ်တော်လေးကို သိချင် စိတ်ဖြစ်သောကြောင့် စစ်ဆေးလိုက်သည်လည်းဖြစ်၏။ ("ဒါကြောင့် ဒီမအေဘေးလေးက မောက်မာနေတာကိုး") ဂျိတ်သည် အကြောင်းရင်းစုံကိုသိလိုက်ရပြီဖြစ်၏။ လက်ရှိတိုက်ခိုက်ရေးမျိုးနွယ်စု၌ အစွမ်းထက်လှပါသည်ဟူသော အကြီးကဲ တိုင်းသည် မျိုးနွယ်စု၏ရတနာနယ်မြေထဲရောက်ရှိနေသောကြောင့်ဖြစ်၏။ ရတနာနယ်မြေ၌ ပျောက်ဆုံးနေသောအဆင့်မြင့်ရတနာများတည်ရှိနေသော ကြောင့် သွားရောက်ရှာဖွေကြသည်လည်းဖြစ်၏။ထိုသို့ရှာဖွေရာ၌ အချိန်သည် အနည်းဆုံးငါးနှစ်မျှကြာညောင်းတတ်၏။ ထိုအခါ တိုက်ခိုက်ရေးဖိုက်တာမျိုးနွယ်စု၏သြဇာအာဏာသည် ဂျိတ်၏ဖခင် ဖြစ်သူထံသို့ရောက်ရှိလာလေ၏။ဤသည်ကို ဆံဖြူကိုယ်တော်လေးမှ အကောက်ကြံကာ အမိန့်အာဏာကို ကိုင်စွဲပြီး ဂျိတ်၏ဖခင်ကိုအကျဥ်းချစေ ပြီး အမိန့်ပြားကိုရှာဖွေစေခြင်းဖြစ်၏။အမိန်ပြားမရရှိသေးသောကြောင့် ဆံ ဖြူကိုယ်တော်လေးသည် လက်ရှိမျိုးနွယ်စု၏အာဏာကို ခေတ္တ မျှသာပိုင်စိုးခွ င့်ရှိနေသေးသည်ဖြစ်၏။သူအာဏာရရှိသည်နဲ့သူ၏ ကျန်သောမျိုးနွယ်စုမှ မွေးချင်းများကိုပင် နယ်အဝေးသို့ပို့လွတ်စေပြီး သူ၏အာဏာကိုတည်မြဲ အောင်လုပ်ဆောင်ခဲ့၏။ရှင်းရှင်းပြောရလျှင် သူ၏အာဏာတည်မြဲရေး အတွက် အကုန်လုပ်ဆောင်မည့်သူမျိုးဖြစ်၏။ အမိန့်ပြားကိုလိုချင်ရခြင်းမှာအကြောင်းရင်းရှိ၏။ထိုအမိန့်ပြားသာရရှိပြီး အ မိန့်ပြားနဲ့ပေါင်းစည်းနိုင်ပါက ထိုသူသည်မျိုးနွယ်စု၏အစစ်မှန်အာဏာကို အမှန်ကန်ဆုပ်ကိုင်နိုင်မည်ဖြစ်သောကြောင့်ဖြစ်၏။ထိုသို့ဖြစ်လာပါက မျိုး နွယ်စု၏ဘိုးဘေးများပင် သူ၏အမိန့်ကိုလိုက်နာရမည်ဖြစ်၏။ထို့ကြောင့် လည်း ဆံဖြူကိုယ်တော်လေးမှ ထိုအမိန့်ပြားနောက်ကို လိုက်လံရှာဖွေ နေသည်လည်းဖြစ်၏။ "သူတို့တကယ်ကြီးမတိုက်ရဲဘူး" လှံနတ်ဆိုးမှရယ်မောစွာပြောလိုက်၏။တကယ်လည်း ဆံဖြူကိုယ်တော်လေး သည် သူ၏လူအင်အားများစွာဖြင့် ဝန်းရံထားသော်လည်း မတိုက်ခိုက်ရဲပေ။ အကြောင်းမှာ သူတို့တွေ့နေရသောသူများသည် လှံနတ်ဆိုးနဲ့ဒေါသစစ်သည် တော်ဟုခေါ်သော ဦးလေးတက်နဲ့ တစ်ခေတ်တစ်ခါကပါရမီရှင်ဟုကျော်ကြား သော အာသာတို့ဖြစ်နေသောကြောင့်ဖြစ်၏။ ထို့ကြောင့်သူ၏အကြံသည် ဂျိတ်တို့အား အချိန်ဆွဲထိန်းသိမ်းရန်သာဖြစ် လေ၏။ "ငါသိတယ် သူတို့က လက်သီးငါးဖော်ကိုစောင့်နေတာ" လှံနတ်ဆိုးနဲ့ဦးလေးတက်မှပြောလိုက်၏။လက်သီးငါးဖော်သည် မျိုးနွယ် စု၏အကျော်ကြားဆုံးသော မာစတာအဆင့်စစ်သည်တော်များဖြစ်ကြ၏။သူ တို့ငါးယောက်သာ ဂိုဏ်းလေးဂိုဏ်းသို့ရောက်သွားပါက ကျိန်းသေပေါက် ကြီးမြတ်သောရာထူးများရရှိကြမည့်သူများဖြစ်ကြသည်။ "ကျတော်မျိုးတို့ရောက်ရှိလာပါပြီ" ထိုအသံနဲ့မြေပြင်ပေါ်သို့ စစ်သည်ငါးယောက်ကျရောက်လာ၏။ထိုစစ်သည် ငါးယောက်ကိုကြည့်လိုက်သည်နဲ့ ရှိန်ချင်စရာကောင်းလှ၏။သူတို့၏တစ်ဦး သူတို့ငါးယောက်သည် စစ်သည်တော်ချပ်ဝတ်များ လုံးဝဝတ်ဆင်ခြင်းမရှိ သောကြောင့် သူတို့၏ကိုယ်ခန္ဓာအပေါ်ပိုင်းကို ထင်ရှားစွာမြင်ရ၏။သူ တို့၏သန်မာထွားကြိုင်းကျစ်လစ်သော ရင်ဘတ်များကျောများပေါ်၌ ဆန်းကြယ်သောတက်တူးကြီးများကနေရာယူထားလေ၏။ သူတို့သည် တိုက်ပွဲများစွာကို သူတို့၏လက်သီးဖြင့်သာတိုက်ခိုက်အောင်မြင် အနိုင်ယူလာသူကြသူများဖြစ်ပြီး ဖိုက်တာတိုက်ခိုက်ရေးမျိုးနွယ် စု၏အထင်ကရကျော်ကြားသူများလည်းဖြစ်၏။ "သူတို့တိုက်ကြမယ်ဆိုရင်လဲ ငါတို့တိုက်ကြတာပေါ့" ဦးလေးတက်မှ သူ၏လက်သီးများအချင်းချင်းတိုက်လိုက်ပြီး တက်ကြွစွာ ပြော၏။လှံနတ်ဆိုးကလဲ သူ၏လှံကိုတစ်ချက်ဝှေ့ယမ်းလိုက်ကာ တိုက်ပွဲကို စိန်ခေါ်ခြင်းပြု၏။မလုပ်ရှားပဲ နေနေသေးသည်ကတော့ ဂျိတ်နဲ့အာသာပင် ဖြစ်၏။ဂျိတ်ကတော့ အခြေနေကိုကြည့်ရှုခြင်းဖြစ်ပြီး ဂျိတ်၏ဖခင်ဖြစ်သူ အာသာကတော့ အားနည်းနေ၍ဖြစ်၏။ထို့ကြောင့် ဖခင်ဖြစ်သူကိုမည်မျှ နှိပ်စက်ထားကြောင်း သိသာစေ၏။ လှံနတ်ဆိုးသည်လည်း သူ၏မူလအစွမ်း၏20%သာပိုင်ဆိုင်ရသေးသည်ကို ဂျိတ်မှသိ၏။ထိုမျှသာပိုင်ဆိုင်ရသေးသော်လည်း ကြမ်းတမ်းနေသည်ဖြစ်ရာ မူလအားအပြည့်ဆိုပါက မည်မျှသန်မာကြောင်းသိသာနိုင်မည်ဖြစ်သည်။ "အော်..မေ့နေတာ....ငါမျိုးနွယ်စုထဲက အိမ်တစ်လုံးလေးမှာ ကလေးမလေး တစ်ယောက် ကျူးကျော်လာတာတွေ့လို့..ငါဖမ်းခိုင်းလိုက်တယ်" ဆံဖြူလူငယ်မှ ရယ်မောကာပြော၏။ ("ငါက မျိုးနွယ်စုထဲဝင်လာတဲ့သူတွေကို မသိဘူးများထင်နေတာလား") ဆံဖြူလူငယ်သည် အမှတ်သညာအားကောင်းသူဖြစ်၏။ထိုကလေးမလေး အား ဦးလေးတက်မှခေါ်လာသည်ဆိုကတည်းက ထိုကလေးမသည် မရိုးရှင်း ကြောင်းသိပြီးသားဖြစ်၏။ထိုကလေးမတစ်ယောက်သည်း တက်၏အိမ် တော်၌ကျန်ခဲ့ကြောင်း သိသောအခါ ပလက်တီနမ်အဆင့်ရှိစစ်သည်ဆယ့်ငါး ယောက်ကိုစေလွတ်ကာ သွားရောက်ဖမ်းဆီးစေခဲ့လည်းဖြစ်၏။ ("ဟိုက်..သေစမ်း.....မြေးလေးကျန်နေတာ ငါမေ့သွားတယ်") ထိုအခါမှ ဦးလေးတက်သည် ဂျိတ်အား "ဂျိတ် တောင်းပန်ပါတယ်...ငါမေ့သွားတယ်" "ရတယ် သွားဖမ်းတဲ့ကောင်တွေ..အကုန်သေနေလောက်လို့...အယ်မလီလေး က အခုကျနော်တို့ဆီလာနေပြီ" "အန်....ဂျိတ်..မင်းဘာတွေပြောနေတာလဲ" ဦးလေးတက်သည် မိမိကိုယ်ကိုအပြစ်တင်နေရာမှာ ဂျိတ်၏စကားကြောင့် ဆွံ အသွားပြန်၏။ထိုအချိန်မှာပင် မြေပြင်ကြီးတစ်ခုလုံး တုန်ခါသွားသည်ကို လူတိုင်း ခံစားလိုက်ကြရလေ၏။ "ဝုန်း....ဝုန်း" "တွေ့လား သူလာနေပြီ" ဂျိတ်၏အပြောက သူတို့အားဆွံအသွားစေ၏။သူ၏သမီးလေးဖြစ်သူလာ သည်က ထိုမျှအထိ ကြမ်းတမ်းစရာလိုသလားမျှစဥ်းစားနေကြလေသည် လည်းဖြစ်၏။ "နင့်မေကလွှား..." တွေ့မြင်လိုက်သူတိုင်း ဆဲမိသွားကြ၏။အကြောင်းမှာ မီတာသုံးဆယ်မျှမြင့် မားလှသော မျောက်ကြီးတစ်ကောင်သည် သူတို့ထံပြေးလာသောကြောင့် ဖြစ်၏။ထိုမျောက်ကြီးသည် စစ်သည်တော်ချပ်ဝတ်တန်ဆာများဝတ်ဆင် ထားသည်သောကြောင့် တလက်လက်တောက်ပနေ၏။ "ခေါင်းကိုသေချာကြည့်ကြစမ်း" လူတစ်ယောက်မှအော်ဟစ်လိုက်သောကြောင့် ကြည့်လိုက်ကြ၏။ "အားပါးပါး..." သူတို့မြင်နေကြသည်ကတော့ မျောက်ခေါင်းပေါ်၌ဇိမ်နဲ့ထိုင်နေသော ကလေး မလေးတစ်ယောက်ဖြစ်၏။ထိုကလေးမလေးသည် ဂျိတ်တို့ရှိရာနေရာကြည့် ပြီး "ဘိုးဘိုးရေ..မီးမီးလာပြီနော်"