← Chapters

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

(352)မျိုးနွယ်စုသို့ပြန်ခြင်း

နန်းတော်၏အခန်းတစ်ခုထဲ၌ ဂျိတ်နဲ့ဦးလေးတက်တို့နှစ်ဦးထိုင်နေကြ၏။ဦး လေးတက်သည် ဂျိတ်အားစေ့စေ့စပ်စပ်ကြည့်နေသည်ဖြစ်ရာ ဂျိတ်ပင်နေရ ခက်စေ၏။ "ဘာလို့ပြူးကြည့်နေတာလဲ..ဦးလေးတက်" "ဂျိတ်ဟုတ်ပါတယ်နော်..." မယုံသောမျက်လုံးဖြင့် ဦးလေးတက်သည်ပြူး၍ကြည့်၏။ "ကျနော်အစစ်ပဲ နောက်မှပြောပြမယ်..ဘာကြောင့်ဦးလေးက ပျောက်နေရာ ကနေ ချက်ချင်းကြီးပေါ်လာရတာလဲ" ဂျိတ်သည် တည့်ဒိုးမေးလိုက်၏။ "ဟုတ်တယ်... ငါပြောပြမယ်..အရင်ဆုံး ငါအရက်လေးသောက်ပါရစေဦး" ပြောပြောဆိုဆိုဖြင့် ဦးလေးတက်သည် အဆာပြေရန်အလို့ငှာ သူ၏ရှေ့၌ချထားသော အရက်ပုလင်းကို တစ်ခါတည်းတစ်ကျိုက်တည်း မော့ချလိုက်၏။ "အားပါးပါး..ကောင်းလိုက်တဲ့အရက်..." ဦးလေးတက်သည် အရက်ပုလင်းအား တစ်ကျိုက်တည်းဖြင့်အကုန်သောက် ပြီးနောက် ချီးမွမ်းလိုက်၏။ထို့နောက် "အမှန်တိုင်းပြောရရင် ဦးလေးတို့ကသာမန်လူတွေမဟုတ်ပေ ဘူး...ရှေးဟောင်းမျိုးနွယ်ကလူတွေပဲ" ထိုစကားကြောင့် ဂျိတ်၏မျက်ခုံးအနည်းငယ်မြင့်သွား၏။တကယ်ကြီး သူ သည်လည်း ရှေးဟောင်းမျိုးနွယ်စုမှလူတစ်ယောက်ပါလား။ "ဒါနဲ့ စကားမစပ် မင်းကိုအရင်မေးရမယ်..မင်းဘယ်လိုလုပ်ပြီး အခုလိုဘုရင် ဖြစ်သွားပြီး စစ်သည်တော်အဆင့်တွေမြင့်လာရတာတုန်း" ဦးလေးတက်သည် ဂျိတ်အား ပြူးကျယ်နေသောမျက်လုံးဖြင့်ကြည့်ပြီး ထပ်မံမေးလိုက်၏။ဂျိတ်သည် စစ်သည်တော်လမ်းစဥ်လျှောက်ရန်ခက်ခဲ သောသူဖြစ်သောကြောင့် သာမန်လူကဲ့သို့နေထိုင်စေရန် ဂျိတ်၏ဖခင်ပြော ကြားဖူးသည်ကို သူကောင်းကောင်းကြီးမှတ်မိသောကြောင့်ဖြစ်၏။ "ဒါကတော့ ဒီလိုပါ" ဂျိတ်ကလည်း ကြိုတင်စီစဥ်ထားသော ဇာတ်လမ်းတစ်ခုကိုပြောပြလိုက်ရ လေ၏။ဂျိတ်သည် တစ်နေ့၌ ထူးဆန်းသောလူတစ်ဦးဖြင့်ဆုံကြောင်း၊ထိုလူမှ မိမိ၏စိတ်အားသဘောကျသောကြောင့် တပည့်ဖြစ်လက်ခံကာ သင်ကြား ပေးကြောင်း၊ထို့ကြောင့်သာ ယခုလိုအစွမ်းထက်လာသည့်အပြင် ဂရိတ် တိုင်းပြည်ကိုပါ အုပ်ချုပ်လာနိုင်ကြောင်း ရှင်းပြလိုက်၏။ ထိုဇာတ်လမ်း၏အသွားလာများ ဇာတ်အိမ်တည်ဆောက်မှုကျစ်လစ်လှသော ကြောင့် ဦးလေးတက်ပင် ယုံကြည်သွားကာ ဂျိတ်အား သဘောကျစွာပြုံး လိုက်၏။ အလွန်ညံဖျင်းလှသောသူ၏တူတော်သည် စိတ်ထားကောင်းရုံမှလွှဲပြီး ကျန် သောနေရာ၌အသုံးမကျသူတစ်ယောက်ဖြစ်၏။ထိုလိုတူက ကံကောင်းစွာဖြင့် ဆရာတစ်ပါးတွေ့ပြီးနောက် ဂရိတ်တိုင်းပြည်အား အုပ်ချုပ်ပြီး အစွမ်းထက် လာကြောင်း သိလိုက်မြင်ရသောအခါ ပီတိမျက်ရည်ပင်ကျမိ၏။ ထို့ပြင် မိမိလက်ရှိအသက်ရှင်နေရသည်မှာလည်း ဂျိတ်၏ဆရာမှ ကုသထား ခြင်းဖြစ်ကြောင်း ဂျိတ်မှရွှီရှောင်ပြောကြားထားရာ ထိုဆရာကို ဦးလေးတက် မှာ အလွန်ပင်အထင်ကြီး၏။ "တော်တော်အစွမ်းထက်ပြီး ဒဏ္ဏာရီထဲကအဆင့်လောက်ရှိမယ်ထင်တယ်" သူ့ကိုယ်သူ​ပြောကာ တွေးမိနေ၏။ထို့နောက် ဦးလေးတက်သည် ဂျိတ်အား ကြည့်ကာ ("အကိုကြီးခင်ဗျားသားက တကယ်ကြီးပျင်းလာပြီ") "မဆိုးဘူး..ကြည့်ရတာ ဘိုးဘေးတွေက ငါတို့ကိုမပစ်ထားဘူးထင်ပါရဲ့..ဒါဆို ငါ့နောက်လိုက်ခဲ့လို့ရပြီ...ငါပေးမဲ့လက်စွပ်ထဲကပစ္စည်းက မလိုလောက်တော့ ပါဘူး" ဦးလေးတက်မှ ဂျိတ်အား ပြောလိုက်၏။ "ဘာလို့ ကျနော်ကဦးလေးနောက်လိုက်ရမှာလဲ" "မလိုက်ချင်ဘူးလား...မင်းအဖေဆီလေ" အဖေဟူသောစကားကြောင့် ဂျိတ်၏စိတ်တစ်ခုလုံး ဗြောင်းဆန်ကုန်လေ၏။ "ဝုန်း" ကြီးမားသောအော်ရာပင် ဂျိတ်၏ကိုယ်မှထွက်လာလေ၏။အဖေဟူသော စကားက ဂျိတ်၏စိတ်နှလုံးကို ဆုပ်ကိုင်လိုက်သည်ဖြစ်သည်။ယခင် ဘဝ၌လည်း မိဘမေတ္တာမဲ့သူတစ်ယောက်အနေဖြင့် လက်ရှိဘဝ၌မိမိ၏ဖခင် ရှိကြောင်းသိလိုက်ရသောအခါ ထိန်းချုပ်ရန်မဖြစ်နိုင်ပေ။ "ငါ့တူကလူလား ဘာကောင်လားဟ" ဦးလေးတက် ပင် ဗလုံးပထွေးပြောဆိုမိ၏။ထိုအော်ရာများသည် သူ့ထက်ပင် ပြင်းထန်သောကြောင့်ဖြစ်၏။မိမိထက်အဆင့်နိမ့်သော သူ၏တူမှာ အလွန် ပြင်းထန်သောအော်ရာထွက်ပေါ်မှုကြောင့် ပို၍ပင် အားရလေ၏။ဤသည်က ကောင်းသောလက္ခဏာမဟုတ်ပါလား။ "ဟုတ်တယ် မင်းအဖေကအသက်ရှင်သေးတယ်...ပြီးတော့ မင်းကိုပေးစရာရှလို့ငါ့ကိုလွတ်လိုက်တာပဲ" "ဘာကြောင့် ဦးလေးကပြင်းထန်တဲ့ဒဏ်ရာရရတာလဲ..ပြီးတော့ဘာလို့အဖေ ကမလာနိုင်ရတာလဲ" ဂျိတ်သည် လွတ်ထွ​က်သွားသော အော်ရာများပြန်လည်ထိန်းသိမ်းလိုက်ပြီး ပျော်ရွှင်ဟန်ရှိသောမျက်နှာအနေထားမှ တည်ကြည်သော အနေထားဖြင့် ပြန် မေးလိုက်၏။ ("အကိုကြီးသွေးသားပီသပါပေတယ်") ဂျိတ်၏အမူရာများ ပြောဆိုပုံများကိုကြည့်ပြီးရင် ဦးလေးတက်မှ ပို၍ပင် အားတက်လာလေ၏။ဂျိတ်သည် ကိစ္စတစ်ခုလုံးအား မဖုံးကွယ်ပဲသိချင်နေ ကြောင်း သိလိုက်ရလေ၏။စဥ်းစားကြည့်ပါလေ အဘယ်ကြောင့် ဖခင်တစ် ယောက်က သူ့၏သားထံပြန်မလာပဲ ဦးလေးအားလွတ်ရသနည်း။ထို့ပြင် အ ဘယ်ကြောင့် သွေးထွက်သံယိုဖြင့်ပြန်ရောက်လာရသနည်း။ထို့အခြင်းရာများ ကိုမြင်ပြီး ပါက ထိုသို့မမေးမှသာရူးကန်းနေမည်ဖြစ်၏။ ဇာတ်လမ်းအကြောင်းစုံကို ဥိီးလေးတက်မှရှင်းပြလိုက်ရလေ၏။ဂျိ တ်၏ဖခင်သည် ရှေးဟောင်းမျိုးနွယ်စုသုံးစုမှ မျိုးနွယ်စုတစ်ယောက် ဖြစ်ကြောင်း၊ ဂျိတ်၏အဘေးဟုခေါ်ရမည့် ဂျိတ်ဖခင်၏အဘိုးဖြစ်သူတွင် သားသုံးယောက်ရှိကြောင်း ထိုသားသုံးယောက်မှ သားခြောက်​ယောက်နဲ့သမီး လေးယောက်မွေးကြောင်း ထိုထဲတွင် ဂျိတ်၏ဖခင်သည် ပါရမီပါသည့်အပြင် ထူးချွန်ထက်မြက်သောကြောင်း ရှေးဟောင်းမျိုးနွယ်စုကို ဆက်ခံရမည့်သူ အဖြစ် ရွေးချယ်ခြင်းခံရကြောင်းပြောပြ၏။နောက်ပိုင်းတွင် ဂျိတ်၏ဖခင် သည် မိခင်ဖြစ်သူနဲ့တွေ့ဆုံပြီး မျိုးနွယ်စုမှထွက်ကာ ဂရိတ်တိုင်းပြည်၌နေထိုင် ကြောင်းနဲ့ လက်ရှိ၌အကျဥ်းကျခံရှိနေကြောင်း ဆိုလိုက်၏။ ဂျိတ်သည် သူ၏ဖခင်သည်ဒုက္ခရောက်နေကြောင်း သိလိုက်သည်နဲ့ သူ၏သတ်ဖြတ်ချင်စိတ်များ ထိန်းချုပ်ရာမှလွတ်ထွက်သွား၏။ "ငါ့တူက တကယ်တမ်းဘာ...ဘာလဲ" ဦးလေးတက်သည် သူ၏ကိုယ်ခန္ဓာက ထိန်းချုပ်မှုမှလွတ်သွားကြောင်း ရိပ်စားမိ၍ထိန်းချုပ်ရန် ကြိုးစားသော်လည်း ခက်ခဲနေကြောင်းတွေ့ရ လေ၏။ သူ၏တူသည် ဒေါသထွက်သောအခါ၌ ရန်သူသန်းပေါင်းများစွာကို ကိုယ်တိုင်ကိုယ်ကျသုတ်သင်ပြီး စစ်မြေပြင်၌ကြည့်ရှုသော သွေးစွန်းနေသော မဟာသတ်ဖြတ်ခြင်းနတ်ဆိုးတစ်ကောင်လိုဟုပင် ခံစားမိလာလေ၏။သူ သည်လည် သိန်းပေါင်းများစွာသတ်ဖြတ်ဖူးသော်လည်း သူ၏တူ၏လက်ရှိ ထုတ်လွင့်နေသော အော်ရာမှီရန်ခက်ခဲကြောင်း သတိထားမိ၏။ ("လက်စသတ်တော့ ငါ့တူက လူတွေကြားထဲဖုံးကွယ်အယောင်ဆောင်နေတဲ့ သွေးစွန်းနဂါးတစ်ကောင်ပဲ") "သူအကျဥ်းကျခံနေတာကို လွတ်ဖို့တစ်နည်းပဲရှိတယ် အဲ့တာ..လက်ရှိမျိုးနွယ် စုသားတွေ ပြိုင်ပွဲဝင်ရမယ် ပထမရမဲ့သူက ကြိုက်ရာတောင်းဆိုခွင့်ရှိတယ်.." ဦးလေးတက်သည် ဂျိတ်အားကြည့်ပြီး ရည်ရွယ်ပြောလိုက်၏။သူသည် ဂျိ တ်၏လက်ရှိအဆင့်အား ကြည့်ပြီးပြောလိုက်ခြင်းဖြစ်၏။ "ကောင်းပြီ....ကျုပ်ကိုလမ်းပြပေးပါ သွားကြတာပေါ့" ဂျိတ်သည် ဒေါသကားချုပ်တည်းကာ ပြောလိုက်၏။ "ကောင်းပြီ...သွားကြတာပေါ့ ..." ဦးလေးတက်သည် တက်ကြွနေသော ဂျိတ်အားကြည့်ကာ ဝမ်းသာအားရစွာ ဖြင့် ပြောလိုက်၏။ထို့​နောက် ဦးလေးတက်သည် ဂျိတ်အား ခေါ်ကာ ဂရိတ် တိုင်းပြည်မှ ထွက်ခွာလာခဲ့လိုက်၏။ဂျိတ်သည်လည်း ဦးလေးနောက်မှ လိုက် လာခဲ့လေ၏။ တိုင်းပြည်အပြင်သို့ရောက်သည်နဲ့ ဦးလေးတက်သည် လက်ခုပ်တီးကာ ဂါထာ ရွတ်လိုက်၏။ထိုသို့လုပ်လိုက်သည်နဲ့.... "ဟီး" ကောင်းကင်ယံမှ အလွန်လှပသောတောင်ပံများရှိသည့် နတ်မြင်းပျံတစ် ကောင်သည် ဦးလေးတက်ရှေ့သို့ဆင်းသက်ကာအရိုသေပြု၏။ "ငါ့တူဂျိတ် ဒါနဲ့သွားရင် ငါတို့တစ်လပဲကြာမယ်" ဦးလေးတက်သည် ဂျိတ်အား အားရပါးရကြွားဝါလိုက်၏။နတ်မြင်းပျံသည် အလွန်ပင်ရှားပါးသည် မဟုတ်ပါလား။ "နတ်မြင်းပျံလား ဝါး...လှလိုက်တာ" ထွက်ပေါ်လာသောအသံသေးသေးလေးကြောင့် "သောက်ပလုတ်တုတ် ဘယ်က ကလေးကိုမင်းခေါ်လာတာလဲ " ဂျိတ်၏လက်ထဲ၌ရှိနေသော ကလေးမလေးအား မြင်လိုက်ရသောကြောင့် ဦး လေးတက် လန့်ဖြတ်သွား၏။ "အော် ပြောဖို့မေ့နေတာ...ဒါက ကျုပ်သမီးလေးလေ အယ်မလီတဲ့...သမီး လေး အဲ့ဒါသမီးအဘိုးရဲ့ညီလေးလေ...ဘိုးဘိုးလေး" ထိုသို့ ဂျိတ်မှပြောလိုက်သည် အယ်မလီ၏မျက်လုံးများတောက်ပလာပြီး.... "ဟုတ်ကဲ့ပါ...မဂ်လာပါ...ဘိုးဘိုးယေးလေ...မီးမီးကအယ်မလီပါရှင့်" ထိုသို့နှုတ်ဆက်လိုက်၏။ "ဘာ....သူက" ဦးလေးတက်ကတော့ အံသြရင်းအံသြနေရလေ၏။ ဂျိတ်သည် သူ့အား ထိတ်လန့်အောင်အလွန်လုပ်နေသည်ဖြစ်သောကြောင့်ဖြစ်၏။ ရုတ်တရက် မြေးမလေးရလာသည်က ချက်ချင်းလက်ခံရန် ခက်ခဲသောကြောင့်ဖြစ်၏။ "ကောင်းပြီ... မြေးမလေးရေ..ဘိုးဘိုးလေးကအခုသမီးရဲ့အဘိုးဆီသွားကြ မှာ.." "ယေး ဘိုးဘိုးဆီသွားမယ်" အယ်မလီသည် ပျော်ရွှင်နေ၏။ "ဒါနဲ့သွားမယ်ဆို အဆင်မပြေဘူးနော်..ဦးလေးတက်.." "ဒါလဲမသွားရင်မရောက်ဘူးနော်" ဦးလေးတက်သည် နတ်မြင်းပျံအား ခွစီးလိုက်ပြီး ဂျိတ်အားပြော၏။ သူ၏နတ်မြင်းပျံထက် မြန်သောအရာမရှိကြောင်း အထင်သေးသည့်ဟန် ဖြစ်၏။ "ဒါနဲ့သွားမှာလေ" ဂျိတ်သည် သူ၏ကောင်းကင်ကိုလက်ညှိုးထိုးပြလိုက်၏။ထိုသို့ထိုးပြသည်နဲ့ ကောင်းကင်ယံ၌ ကြီးမားသော ယာဥ်တစ်စင်းသည် ပျံလျက်ရှိနေသည် ဖြစ်၏။ "ငလူး" ဦးလေးတက် အဖို့တော့ အံသြရလွန်း၍ ဆဲရသောနေ့တစ်နေ့ဖြစ်လာ လေ၏။

(353)ဆံဖြူကိုယ်တော်လေး

ကောင်းကင်ယံ၌လေယာဥ်တစ်စင်းသည် အသံထက်မြန်သောနှုန်းဖြင့် ပျံသန်းသွားလာနေ၏။ထိုလေယာဥ်အတွင်း၌ ဦးလေးတက်၊ဂျိတ်နဲ့သမီး လေးအယ်မလီတို့ရှိကြ၏။နတ်မြင်းပျံသည်လည်း ထိုလေယာဥ်ထဲ၌ပါရှိ၏။ "ငါဘာတွေမြင်နေရတာလဲ..." ဦးလေးတက် ရူးချင်သလိုဖြစ်လာ၏။မတွေ့တာကြာပြီဖြစ်သော သူ၏တူ လေးသည် တွေ့တွေ့ချင်းမှာပင် အံအားသင့်ဖွယ်ဖြစ်ရပ်များကို တစ်ခုခုပြီး တစ်ခုလုပ်ပြနေလေ၏။ ဘုရင်၊မြေးမလေးနဲ့လက်ရှိ သူရောက်ရှိနေသော လေယာဥ်များသည် သူ၏ဘဝတွင် တုန်လှုပ်ခြောက်ခြားစေခဲ့သောအရာများဖြစ်လာလေ၏။ "အားပါးပါး....မင်းပြောတဲ့လေယာဥ်က ငါ့နတ်မြင်းပျံတောင် ဘာမှမဟုတ် တော့ဘူးပဲ" ဖြစ်ရပ်မှန်ကို ဦးလေးတက် ဝန်ခံလိုက်ရလေ၏။ထိုလေယာဥ်သည် သူ၏မြင်းပျံထက် မြန်ဆန်သည့်အပြင် အတွင်း၌ နေထိုင်ရသည်မှာလည်း အလွန်ပင်ဇိမ်ကျသောကြောင့် ဖြစ်၏။နတ်မြင်းပျံဖြင့်သာ ခရီးသွားပါက လေဖိအားဒဏ်ကိုအနည်းငယ် ခံစားရမည်ဖြစ်၏။ထိုအခါ အကာကွယ် အဖြစ်ချာက္က ရာကို ထုတ်သုံးရမည်ဖြစ်၏။ လေယာဥ်ထဲ၌နေသောအခါ နတ် မြင်းပျံစီးရသည်ထက် လွန်စွာသက်သောင့်သက်သာဖြစ်သည့်အပြင် အားအင်အပြည့်ဖြည့်နိုင်မည်ဖြစ်၏။ ဦးလေးတက်၏သိလိုစိတ်သည် လေယာဥ်အပေါ်၌ များစွာပြင်းပြထက်သန် နေပြီဖြစ်၏။ထို့ကြောင့် ဦးလေးတက် မေးသောလေယာဥ်နဲ့ပတ်သက်သော အကြောင်းရာမှန်သမျှကို ဖြေရှင်းပေး၏။ထိုအခါ ဦးလေးတက်သည် လေ ယာဥ်နဲ့ပတ်သက်ပြီး လုံးဝအစွဲလမ်းကြီးပြီး ရှုးသွပ်သွားပြီဖြစ်၏။ "ငါ့တူ ဒီလေယာဥ်ဘယ်နှစီးရှိလဲ" ဦးလေးတက်သည် လေယာဥ်အားလိုချင်ကြောင်း ဂျိတ်ကောင်းစွာရိပ်စားမိသည်။ "အများကြီးရှိတယ်..ဒီလေယာဥ်က အရေးပေါ်ယူလာရလို့ သိပ်ပြီးမကောင်း လှဘူး..ဦးလေး လက်ရှိတော့ ဦးလေးကိုလက်ဆောင်အဖြစ်ပေးထား မယ်...အဖေကိုပြန်ခေါ်ပြီးရင်တော့ ဦးလေးကြိုက်တဲ့လေယာဥ်နဲ့ထပ်လဲ ပေါ့..ဘယ်လိုလဲ" "ကြိုက်တယ်ငါ့တူ" ဦးလေးတက်သည် ဝမ်းသာအားရဖြင့် ချက်ချင်းပင် လက်ခံလိုက်လေ၏။ (."ဟနေပါဦး...ဦးလေးကတူဖြစ်သူကို လက်ဆောင်ပေးရမှာလေ...ငါကဘာ လို့လက်ဆောင်မပေးပဲ... ယူနေရတာလဲ") ဦးလေးတက်မှ လက်ဆောင်ပေးရန်ကြံရွယ်သော်လည်း တူဖြစ်သူသည် တိုင်းပြည်တစ်ခု၏ရှင်ဘုရင်တစ်ပါးဖြစ်သည့်အပြင် လိုလေသေးမရှိ ကြွယ်ဝသောကြောင့် ထိုအစီစဥ်ကို လက်လျော့လိုက်လေ၏။ "ဦးလေးက လေယာဥ်နဲ့ပတ်သက်ပြီး ပိုသိသွားအောင် လေယာဥ်က ai(ည ဏ်ရည်တု)နဲ့ သင်လိုက်လေ" "ကောင်းသားပဲ" ဦးလေးတက်သည် တက်ကြွစွာပင် လေယာဥ်ထိန်းချုပ်ခန်းသို့သွား၍ စတင် လေ့လာသင်ယူလိုက်လေ၏။ဂျိတ်လည်း ဦးလေးဖြစ်သူ၏တက်ကြွနေမှုကို ကြည့်ကာ ပြုံးမိ၏။ထို့နောက် သမီးဖြစ်သူအယ်မလီအား ကြည့်လိုက်၏။ သမီးဖြစ်သူသည် လေယာဥ်ပေါ်၌ ဘာသာစကားနဲ့ပတ်သက်သော ဂိမ်းကစား နေသည်ဖြစ်၏။ထိုဂိမ်းသည် ငယ်ရွယ်သောကလေးများအတွက် အသိညဏ် တိုးတက်ရေးနဲ့ စာတတ်မြောက်ရာ၌ များစွာအထောက်ကူဖြစ်သောကြောင့် ဂျိ တ်မှဆော့ကစားစေခြင်းဖြစ်၏။ "လက်စသတ်တော့ ဒါကြောင့်ကိုး...." ဂျိတ်သည် သူ၏လက်ထဲ၌ရှိနေသော တံဆိပ်ပြားကို ကြည့်နေရင်း ပြော လိုက်၏။ထိုတံဆိပ်ပြားသည် ဦးလေးတက်မှ အသက်ရင်းပြီးမိမိထံ ယူဆောင်လာသော အရာဖြစ်၏။ထိုအရာသည် မျိုးနွယ်စု၏ခေါင်းဆောင် အဖြစ်လက်ခံကြောင်း အသိမှတ်ပြုပေးနိုင်သော တံဆိပ်ပြားဖြစ်၏။ ထို့ကြောင့် ဦးလေးတက်သည် ဂျိတ်ထံယူဆောင်လာရခြင်းဖြစ်ပြီး ဂျိတ်သာ သာမန်လူဆိုပါက ပေးရုံသာပေးမည်ဖြစ်၏။သို့သော် ဂျိတ်သည် သာမန်လူ မဟုတ်ရုံမက အစွမ်းထက်သောစစ်သည်ဖြစ်လာသည်ဖြစ်ရာ မျိုးနွယ်စုထံသို့ ပါ ပြန်လည်ခေါ်​ဆောင်လာခဲ့ခြင်းဖြစ်သည်။ "မဆိုးဘူး အဆင့်ငါးရောက်လုနီးနီးရဲ့အချုပ်နှောင်အစီရင်ရဲ့သော့လဲ ဖြစ် နေတာကိုး" ထိုတံဆိပ်ပြားသည် မြင်ရသည်ထက်ပိုမိုဆန်းကြယ်ကြောင်း ဂျိတ်ရိပ်စားမိ သည်။တံဆိပ်ပြားသပ်သပ်တင်မဟုတ်ပဲ အစီရင်အတွက်သော့တစ်ချောင်း လည်းဖြစ်နေသည်ကိုတော့ ဂျိတ်၏မျက်လုံးများမှ လွတ်မြောက်နိုင်ခြင်းမရှိ ပေ။ ထိုတံဆိပ်ပြားကြောင့် မိမိ၏ဖခင်သည် ဒုက္ခရောက်နေကြောင်း သိထားပြီး ဖြစ်သောကြောင့် ပြန်လည်သိမ်းဆည်းထားလိုက်၏။ လေယာဥ်သည် ပျံသန်းရာ၌အလွန်မြန်ဆန်သော်လည်း အထဲ၌ရှိနေသောသူ တိုင်းသည် မြေပြင်၌ရှိနေသယောင်ခံစားရမည်ဖြစ်၏။အယ်မလီလေး ကတော့ လေယာဥ်ကိုစီးရသည့်အပြင် မိမိကြိုက်နှစ်သက်သော ရေခဲမုန့်ပါစား ရသောကြောင့် အလွန်မင်းပျော်ရွှင်နေလေ၏။ ဦးလေးဖြစ်သူကလည်း လေယာဉ်နဲ့ပတ်သက်သည်များကို သင်ကြားနေရ သောကြောင့် သူလည်းပျော်ရွှင်ပီတိဖုံးနေသည်ဖြစ်သည်။ဂျိတ်လည်း သူ တို့၏အပျော်ကို ကြည့်ကာ ခေတ္တ အိပ်စက်လိုက်၏။အိပ်စက်သည်ထင်စာ လျှင် သူ၏စိတ်ကိုအလုပ်ပေးသည်ဆိုမှ ပို၍မှန်ကန်မည်ဖြစ်သည်။ လေယာဥ်သည်လည်း သူ၏မြန်ဆန်သောအရှိန်နှုန်းတိုင်းဆက်လက်သွားရှိ နေသည်ဖြစ်၏။သူ၏မြန်ဆန်သောအမြန်နှုန်းကြောင့် နတ်မြင်းပျံဖြင့်တစ်လ သွားရမည့်ခရီးသည် ရက်ပိုင်းလေးဖြစ်သွားလေတော့၏။ လေယာဥ်ပျံသန်းပြီး သုံးနာရီအကြာ "ရှေ့လာမည့်အကွာဝေးအနည်းငယ်အတွင်း၌ ကောင်းကင်ပျံဝဲလင်းတ အုပ်စုရှိကြောင်း တွေ့မ်ိပါသည်။အကောင်ရေငါးရာခန့်ရှိသည်။" "ဘာ" ဦးလေးတက်သည် လေယာဥ်၏အသိပေးချက်ကြောင့် လန့်ဖြတ်သွား လေ၏။ထိုကောင်းကင်ပျံဝဲလင်းတများရှိရာနေရာသို့ နာရီပိုင်းအတွင်း ရောက်ရှိလာမည်ဟုမထင်မိသောကြောင့် ဖြစ်၏။ပုံမှန်အတိုင်းဆိုပါက ထို နေရာသို့ရောက်ရန် နှစ်ပတ်မျှသွားရမည်ဖြစ်သော်လည်း လက်ရှိ၌ရောက်လု နီးနေပြီဖြစ်၏။ ကောင်းကင်ပျံဝဲလင်းတများသည် အကောင်ကြီးမားပြီး ကားတစ်စီးမျှရှိ၏။ ထိုသို့သောအကောင်များသည် မိမိတို့ပိုင်နက်ထဲရောက်ရှိလာသော သားကောင်မှန်သမျှကို အုပ်စုလိုက်တိုက်ခိုက်ခြင်းဖြင့် ဖမ်းယူစားသောက် တတ်၏။သူတို့၏အုပ်စုလိုက်တိုက်ခိုက်ခြင်း၊သူတို့၏ချွန်ထက်သော နှုတ်သီး နဲ့ကလက်သည်းများကြောင့် အတော်ပင်ကြောက်မက်ဖွယ်ကောင်းသော သတ္တ ဝါအဖြစ်တည်ရှိ၏။ "အလိုလျောက်သတ်ဖြတ်ခြင်းစနစ်ကို အသက်သွင်းပါပြီ...ခရီးသွား ရာ၌မြန်ဆန်မှုကိုဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် အပူစွမ်းအင်အခြေပြု လေဆာလက်နက်ကိုရွေးချယ်လိုက်ပါသည်။" ကောင်းကင်ပျံဝဲလင်းတအုပ်လိုက်ကြီးကို ဦးလေးတက်မှမည်သို့ရင်ဆိုင်ရ မည်ဟု ဆုံးဖြတ်နေဆဲ၌ လေယာဥ်ပျံမှ အလိုလျောက်တွက်ချက်လေ့လာပြီး တိုက်ခိုက်ရန်ပင် ပြင်ဆင်ထားလိုက်၏။ "ကျွီ " လေယာဥ်တောင်ပံနှစ်ဖက်မှ သေးငယ်သော အရွယ်စားရှိလက်နက်နှစ်ခု ထွက်ပေါ်လာလေ၏။ထိုလက်နက်နှစ်ခု၏ထိပ်မှ အနီရောင်အလင်းတန်း လေးထွက်လာပြီးသည်နဲ့ ဦးလေးတက်အတွက် နောက်ထပ်ရင်သပ်ရှုမော ဖွယ်မြင်ကွင်းကိုမြင်လိုက်ရလေ၏။ "ဂီး...ဂီး...." လေယာဥ်ပျံမှ လေဆာလက်နက်အသုံးပြုချိန်၌ ကောင်းကင်ပျံဝဲလင်းတ များသည် ကောင်းကင်ယံ၌ပျံသန်းပြီး သူတို့၏သားကောင်များကိုရှာဖွေနေ ချိန်ဖြစ်သည်။ လေဆာလက်နက်၏ထပ်မှ အနီရောင်လေးလင်းလာပြီး ထိုအလင်းတန်း လေးသည် လေယာဥ်၏ရှေ့၌ပျံသန်းနေသော ကောင်းကင်ပျံဝဲလင်းတ များ၏ကိုယ်ကို ထိမှန်ပြီးဖောက်ထွင်းသွားလေသည်။ထိုသို့ဖောက်သွား သော်လည်းကောင်းကင်ပျံဝဲလင်းတများသည် မည်သို့မျှမဖြစ်ပေ။ သို့သော်လည်း "ဝုန်း" လေဆာလက်နက်၏အလင်းတန်းထိမှန်ပြီးသွားသော ကောင်းကင်ပျံဝဲလင်း တများသည် သုံးစက္က န့်အကြာ၌ သူတို့၏တစ်ကိုယ်လုံးသည် မီးထတောက်ပြီး လောင်ကျွမ်းပြာကျသွားလေတော့၏။ထိုလေဆာလက်နက်၏အလင်းတန်း ထိမိကုန်သမျှသော လင်းတတိုင်းသည် မီးလောင်ကျွမ်းပြာကျကာ သေဆုံး ကြရသည်ချည်းဖြစ်၏။ထိုအဖြစ်ကြောင့် ဦးလေးတက်သည် လေဆာ လက်နက်ကို သဘောကျသွားလေ၏။ ပုံမှန်ဆိုလျှင် ကောင်းကင်လင်းတတစ်ကောင်သေဖို့အရေး သူ၏အစွမ်းထက်တိုက်ကွက်များသုံးနေရသောကြောင့်ဖြစ်၏။ အကောင်ရေငါးရာအနက် သုံးရာကျော်မျှသောလင်းတများသည် ချက်ချင်း ဆိုသလို မီးလောင်ကျွမ်းပြာကျကာ သေဆုံးသွားသောကြောင့် ကျန်သော အကောင်များသည် ကြောက်လန့်သွားကြပြီး မိမိတို့ခြေဦးတည်ရာသို့ပျံသန်း ပြေးကြလေ၏။ ထိုသို့ဖြစ်ပျက်သွားသောကြောင့် လေယာဥ်သည် အနှောင့်ယှက်ဘေးကင်းစွာ ဖြင့် ဆက်လက်ပျံသန်းမောင်းသွားလေတော့၏။ ....,.....................

"မင်းရခဲ့လား" ထိုသို့အမေးခံရသောကြောင့် မေးခံရသောလူရွယ်သည် ကြမ်းပြင်ပေါ်သို့ ဒူး ထောက်ကာ "ခွင့်လွတ်ပေးပါ...ကျနော်မျိုးမရခဲ့ပါဘူး" ဒူးထောက်နေသောသူသည် အစွမ်းထက်သောစစ်သည်တော်တစ်ဦးဖြစ်ပြီး သတ်ဖြတ်ခြင်းအော်ရာများရစ်သိုင်းနေ၏။ထိုသူသည် အစွမ်းထက် သော်လည်း သူ၏ရှေ့မှလူကိုအလွန်ကြောက်ရွံပေ၏။ သူ၏ရှေ့၌ရှိနေသောသူသည် မျိုးနွယ်စု၌အစွမ်းထက်သော ဆံဖြူ ကိုယ်တော်လေးဖြစ်၏။သူသည် သူ့ထက်အစွမ်းနည်းပါးသော်လည်း ပါရမီရှိ သောကြောင့် ကြောက်ရွံလေးစားရသည်ဖြစ်၏။ထိုပါရမီဖြင့်သာဆိုပါက အချိန်အနည်းငယ်ရုံဖြင့် သူ့ထက်ကျော်သွားမည်ဖြစ်သောကြောင့်ဖြစ်၏။ "ဖြောင်း" ထိုတောင်းဆိုသောလူရွယ်သည် လက်ဝါးတစ်ချက်ကြောင့် နောက်သို့လွင့်စင် သွားရလေသည်။ "မင်းတော်တော် အသုံးမကျတဲ့ကောင်ပဲ...ဟိုကောင်ကတစ်ယောက်တည်းပြီး တော့ ဆေးမိထားတာလေနောက်ပြီး လက်သီးငါးဖော်ရဲ့သိုင်းကွက်မိထား တာနော်" မေးမြန်း​ပြောပြနေသောသူသည် လွင့်သွားသောသူကို စေ့စေ့စပ်စပ်ကြည့် ကာ ပြော၏။လွင့်သွားသောသူကလည်း သူ့အားရိုက်သည်ကိုဒေါသမထွက်ပဲ ရိုသေစွာဖြင့် ကြမ်းပြင်ပေါ်၌ပြန်လည်ဒူးထောက်ကာအရိုသေပြုပြီး "သူကမျိုးနွယ်စုရဲ့ တားမြစ်သိုင်းထုတ်သုံးမယ်လို့မထင်မိလို့ပါ" "အော်" မေးမြန်းသောသူသည် တစ်ခွန်းသာထွက်နိုင်ပြီး "ကောင်းပြီး သွားတော့ ဒါဆိုတော့မင်းနဲ့မဆိုင်တော့ဘူး" မေးမြန်းသောသူသည် ဒူးထောက်နေသူအား ထွက်သွားစေပြီးလျှင် "တက်..တက်...မင်းအဲ့သိုင်းတတ်နေမယ်လို့ငါမထင်မိဘူး..." ဆံဖြူကိုယ်တော်လေး၏မျက်လုံး၌ ဒေါသမီးများတောက်လောင်လျက်ရှ်ိနေ လေ၏။

(354)ပြန်တွေ့ကြပြီ

"ရောက်ပြီ" ဦးလေးတက်၏ပြောမှုကြောင့် ဂျိတ်သည် မိမိဖခင်၏မျိုးနွယ်စုသို့ရောက်လာ ပြီဖြစ်ကြောင်းသိလိုက်၏။ထို့ကြောင့် ဦးလေးတက်အား လေယာဥ်ကို မြေပြင်သို့သက်ဆင်းစေလိုက်၏။ မြေပြင်ပေါ်သို့ရောက်ရှိသည်နဲ့လေယာဥ်အား သိုလှောင်လက်စွပ်ထဲထည့်ပြီး ဦးလေးလက်ထဲ ပေးလိုက်၏။ဦးလေးတက်ကလည်း ထိုလက်စွပ်အား တန်ဖိုးထားဝတ်ဆင်လိုက်ပြီး အယ်မလီလေးကို ပွေ့ချီပြီး မျိုးနွယ်စုတည်ရှိ ရာသို့ချီတက်လာကြလေ၏။လေယာဥ်တစ်စီး၏တည်ရှိမှုသည် ပြသနာများ စွာတက်သွားနိုင်သည်လည်းဖြစ်သောကြောင့်ဖြစ်၏။ "ဘယ်သူတွေလဲ " မြင့်မြတ်ဟန်ရှိသော စစ်သည်တော်နှစ်ယောက်ရုပ်တုကြီးရှိရာနေရာမှ အစော င့်စစ်သည်နှစ်ဦး၏မေးမြန်းသံထွက်ပေါ်လာလေ၏။ "ငါကွ သေချာကြည့်" ဦးလေးတက်၏အပြောကြောင့် စောင့်ကြပ်နေကြသောစစ်သည်နှစ်ယောက် သည် လန့်ဖြတ်သွားကြပြီး "ဟာ....ဆရာတက်..ဆိုတာမသိလိုက်လို့ပါ" စစ်သည်နှစ်ယောက်လုံးအရိုသေပြုလိုက်ကြလေ၏။ "သူက ငါ့တူပဲ ဂျိတ်လို့ခေါ်တယ်" ဦးလေးတက်သည် ဂျိတ်ကိုမိတ်ဆက်ပေးပြီး ဝင်ပေါက်ထဲသို့ဝင်လိုက်ကြ လေ၏။စင်စစ်အားဖြင့် ဝင်ပေါက်ဟူသောနေရာသည် မြင့်မြတ်သော စစ်သည်ရုပ်တုနှစ်ခု၏အလယ်၌ဖြောင့်ဖြူးနေသောလမ်းငယ်လေးကိုဆို ခြင်းဖြစ်၏။ ထိုလမ်းလေးကိုဖြတ်သန်းလိုက်သည်နဲ့ စောစောကနဲ့မတူထူးခြားသော မြင်ကွင်းကိုတွေ့လိုက်ရလေ၏။ လူဦးရေများပြားထူထပ်လှသောမြို့တော်သို့ရောက်ရှိသွားသည်လည်းဖြစ်၏။ ("ဒီကောင်လေးတော့ တစ်ခုခုပဲ") ရိုးရှင်းသောဝင်ပေါက်၌ရှိသောစစ်သည်နှစ်ဦးရုပ်တုသည် လက်ရှိမြင်ကွင်း ကိုဖုံးကွယ်တားဆီးပေးသောစစ်သည်တော်ရုပ်တုများဖြစ်ကြ၏။ထိုနေရာသို့ ကျော်ဖြတ်လာသူတိုင်း လက်ရှိမြင်ကွင်းကိုကြည့်ပြီး အံအားသင့်သွားကြ သည်ဖြစ်၏။ ဂျိတ်မှာတော့ တစ်ချက်ပင် မတုန်လှုပ်သောကြောင့် ဦးလေး တက်မှအနည်းငယ်အံအားသင့်မိ၏။အမှန်တကယ်တော့ ဦးလေးတက်သည် ဂရိတ်တိုင်းပြည်ထဲမရောက်လောက်သောကြောင့် ဖြစ်၏။ "အဖေဘယ်မှာလဲ" "ငါခေါ်သွားပေးမယ်" ဦးလေးတက်သည် ဂျိတ်၏စကားကြောင့် မျိုးနွယ်စု၏ခေါင်းဆောင်များ နေထိုင်ရာအပိုင်းသို့ခေါ်ဆောင်သွား၏။မျိုးနွယ်စုနေထိုင်ရာဒေသ၌လူ များသည် အလွန်ပင်များပြားလှပေ၏။ထို့ကြောင့် အုပ်ချုပ်သူများနေထိုင် ရာ၊ချမ်းသာကြွယ်ဝသောသူဌေးများနေထိုင်ရာ၊သာမန်လူတန်းစားနဲ့တခြား ခြားသောသူများ နေထိုင်ရာဟူ၍အမျိုးမျိုးခွဲခြားသတ်မှတ်ထား၏။ ရှေးဟောင်းမျိုးနွယ်စုများသည် လူသားတို့နေထိုင်ရာလောကနှင့် အဆက်ဖြတ်နေထိုင်ကြသောသူများဖြစ်၏။ရှေးဟောင်းမျိုးနွယ်စုများ အနက် သုံးစုသည် အသန်မာဆုံးအင်အားအကြီးဆုံးဖြစ်၏။ ၎င်းတို့မှာ ဓားစစ်သည်မျိုးနွယ်စု၊လှံစစ်သည်မျိုးနွယ်စုနှင့် ဂျိ တ်၏ရှေးဟောင်းမျိုးနွယ်စုဖြစ်သော ဖိုက်တာမျိုးနွယ်စုတို့ဖြစ်၏။ ဂျိတ်၏ရှေးဟောင်းမျိုးနွယ်စုသည် ဖိုက်တာတိုက်ခိုက်ရေးသမားများထွက် ပေါ်ရာမျိုးနွယ်စုဟုကျော်ကြား၏။ ဦးလေးတက်သည် ဂျိတ်နဲ့အယ်မလီလေးအား ခေါ်ဆောင်သွားရာလမ်း၌ပင် ရှိသေး၏။သတင်းကား မြန်ဆန်စွာပြန်နှံ့ပြီးဖြစ်၏။ "ဆရာတက်က သူရဲ့တူနဲ့ပြန်လာတယ်ကွ..ကလေးမလေးတစ်ယောက်တောင် ပါသေး" ဆရာတက်သည် ပြင်းထန်စွာဒဏ်ရာရရှိပြီး မျိုးနွယ်စုမှထွက်ခွာသွားကြောင်း ကို သိသောသူမှာအနည်းငယ်သာရှိ၏။လက်ရှိသတင်းကို ကြားလိုက်ရချိန်၌ ဆံဖြူကိုယ်တော်လေးသည် ဝမ်းသာအားရစွာဖြင့် "ဆရာတက်ကိုဖမ်းပြီး တံဆိပ်ပြားယူလာခဲ့ကြ" အချိန်တစ်ခုကြာတော့ ဦးလေးတက်သည် သူ၏အပိုင်စားရာအိမ်တော်သို့ ဂျိ တ်နဲ့အတူရောက်ရှိလာလေ၏။သူ၏လက်တွင်လည်း အယ်မလီလေးအားပွေ့ လျက်သားရှိ၏။ သူတို့သည် စစ်သည်တော်တို့၏အမြန်နှုန်းကိုအသုံးပြုကာ မြန်ဆန်စွာလှုပ်ရှား ပြေးလွှားလိုက်သောကြောင့်ဖြစ်၏။ အယ်မလီလေးကိုလည်း အကာကွယ် ဖန်တီးပြီးခေါ်ဆောင်လာခဲ့ခြင်းလည်းဖြစ်၏။ "ငါ့တူ ခဏနားနေ ဦးလေး အဝတ်စားလဲပြီးရင် သွားတွေ့ကြမယ်" ဦးလေးတက်သည် ဂျိတ်အားပြောပြီးသူ၏အိမ်ခန်းထဲသို့ဝင်သွားလေ၏။ ဦးလေးတက်၏အိမ်တော်သည် အလွန်ခမ်းနားလှ၏။ခမ်းနားသလို ထိုအိမ် တော်၌လုပ်ကိုင်နေသော လူလည်း များစွာပင်ရှိကြလေ၏။ဤသည်မှာ ဦးလေးတက်သည် မျိုးနွယ်စု၌အာဏာရှိကြောင်းဖော်ပြရာရောက်ရ၏။ သူဝင်သွားသည်နဲ့ ဂျိတ်သည် အယ်မလီလေးအား ဧည့်ခန်းထဲ၌ ထိုင်စေပြီး လျှင် " သမီးလေး ခဏထိုင်နေနော် သမီးရဲ့ဘိုးဘိုးကိုသွားခေါ်လိုက်ဦးမယ်" "ဟုတ်" အယ်မလီလေး ကလည်း ခေါင်းညိတ်လိုက်၏။ ဂျိတ်သည် စင်စစ်အားဖြင့် သူ၏ဖခင်ရှိသောနေရာကိုသိ၏။သို့သော်လည်း ဦးလေးတက်ကို မိမိ၏ခွန်အားကိုချက်ချင်းမချပြလိုသေးသောကြောင့် အခွ င့်ရေးရှာဖွေနေခြင်းဖြစ်၏။လက်ရှိ၌ ထိုအခွင့်ရေးရသောအခါ ချက်ချင်းပင် အသုံးပြုလိုက်၏။ ဂျိတ်သည် သမီးဖြစ်သူအား ဧည့်ခန်းထဲ၌နေစေပြီးလျှင် ဖခင်ရှိရာနေရာသို့ ဦးတည်ကာသွားလိုက်၏။ ဆယ့်ငါးမိနစ်ကြာသောအခါ "ငါ့တူသွားကြစို့....ဟင် ဘယ်ရောက်သွားတာလဲ" "ဖေဖေလား ဖိုးဖိုးကိုသွားခေါ်တယ်" အယ်မလီလေး၏စကားနဲ့အတူ မျိုးနွယ်စုနေရာတစ်ခု၌ ဆူညံပွက်လော ရိုက်ခတ်နေ၏။ "ကျူးကျော်သူဟေ့ ဖမ်းကြစမ်း" ထိုအသံများက ဆူညံနေ၏။ "ဟိုက် ငါ့တူတော့လုပ်ချလိုက်ပြီ" ဦးလေးတက်သည် အခြေနေကိုသိလိုက်ပြီဖြစ်၏။ဂျိတ်သည် စိတ်ဆန္ဒ ပြင်းပြနေသောကြောင့် သူ့ကိုပင်မစောင့်ဆိုင်းတော့ပဲ သောင်းကျန်းပြီးရှာဖွေ နေပြီဖြစ်ကြောင်းရိပ်စားမိလေ၏။ "သမီးလေး အဘိုးလေးလည်း ခဏသွားကြည့်လိုက်ဦးမယ်" ဆိုကာ အယ်မလီလေးရှေ့မှ ဦးလေးတက်သည် ပြေးသွားလိုက်၏။ လွန်ခဲ့သောဆယ့်ငါးမိနစ်ခန့်က "ဟေ့ဘယ်သူလည်း ဘာလို့ဝင်လာတာလဲ" "ငါလားလူတစ်ယောက်လာရှာတာ" ဂျိတ်သည် မျိုးနွယ်စုအကျဥ်းထောင်ဂိတ်ဝင်ပေါက်၌စောင့်ကြပ်နေသော သူများကိုပြန်လည်ဖြေကြားလိုက်သည်။ "ဘယ်သူလဲ" "အာသာ" "ဒါဆိုပြန်တော့ အဲ့အမျိုးယုတ်ကိုတွေ့ခွင့်မပေးဘူး" အစောင့်၏စကားဆုံးသည်နဲ့ ဂျိတ်၏လက်သီးသည် ထိုသူနဲ့စတင်မိတ်ဆက်ခဲ့ ချေပြီ။ "ဝုန်း" အထိုးခံသူ၏တစ်ကိုယ်လုံးစုတ်ပျက်သတ်သွားပြီး အကြောသေဆုံးသွားကာ စစ်သည်တော်ဘဝမှချက်ချင်းပင် ဒုက္ခိတဘဝသို့ရောက်ရှိသွားလေ၏။ "မင်းကငါ့အဖေကိုစော်ကားရဲတယ်ပေါ့" ဂျိတ်မှတစ်ခွန်းသာ ပြောလိုက်ပြီးအထဲသို့ဆက်ဝင်၏။ "သူ့ကိုဖမ်းကြဟေ့" ကျန်ရှိနေသော အစောင့်ကလည်း သူ၏သူငယ်ချင်းထိခိုက်သွားသောကြောင့် ဂျိတ်အား သူ၏ဓားဖြင့်ပိုင်း၏။ဂျိတ်မှထိုဓားအားရှောင်တိမ်းပြီးလျှင် လက်သီးတစ်ချက်တည်းဖြင့် ဘဝတုံးစေပြန်၏။ "ဒေါင်....ဒေါင်..." အကျဥ်းထောင်စောင့်ကြပ်ရာ နေရာတစ်ခုလုံးဆူညံသွားလေ၏။ "ရန်သူဝင်လာပြီ...သတ်ကြဟေ့" မျိုးနွယ်စုမှစစ်သည်များ၏အသံများဆူညံသွားလေ၏။အကျဥ်းထောင် ထဲ၌ရှိကြလေသော သူတိုင်းလည်း အံသြသွားကြ၏။အဘယ်ကြောင့် ဆို သော် အကျဥ်းထောင်၌ထိုသို့မဖြစ်သည်မှာနှစ်ရာချီကြာမြင့်ခဲ့ပြီဖြစ်သော ကြောင့်ဖြစ်၏။ "တစ်ယောက်ယောက်တော့မွှေနေပြီဟေ့ အာသာ" "ငါလည်းကြားပါတယ် ခရွန်..." အကျဥ်းထောင်ထဲ၌ရှိသောလူအိုကြီးနှစ်ယောက်ကအချင်းချင်းစကားပြော လိုက်ကြ၏။သူတို့သည် အပြစ်ကြီးထိထားသောကြောင့်ထင် ပြင်းထန်သော ဒဏ်ခတ်ခြင်းကို ခံထားရသူများဖြစ်ကြ၏။သူတို့တစ်ကိုယ် လုံး၌ဒဏ်ရာဒဏ်ချက်များရှိနေပြီး သွေးများကျဆင်းနေ၏။ သူတို့၏လည်ပင်းခြေလက်များတွင်လည်းသံကြိုးများကချည်ထောင်ထား သေး၏။ထို့ပြင် အဆုံးဆိုးကတော့ သူတို့၏ကိုယ်ထဲ၌ အသက်ဓာတ်ကိုစား သုံးသောပိုးကောင်ကလည်းရှိနေသေး၏။ထိုပိုးကောင်မှ အသက်ဓာတ်စား သုံးတိုင်း သူတို့နှစ်ယောက်သည် ပြင်းစွာသောဝေဒနာကို ခံစားကြရ၏။ သို့သော်လည်း သူတို့သည် အေးဆေးစွာပင်စကားပြောနိုင်ကြသေး၏။ဤ အချက်ကိုကြည့်ခြင်းအားဖြင့် စိတ်ဓာတ်သန်မာသူများဖြစ်ကြောင်း သိနိုင် လေသည်။ "ဝုန်း.....ဝုန်း....." အကျဥ်းထောင်အရပ်၌အသံများကား ဆက်တိုက်ဆိုသလိုဆူညံပွက်လော ရိုက်ခတ်နေလေ၏။ထိုအသံများနဲ့အတူ လူများ၏ကြောက်လန့်သံများက လည်း ထွက်ပေါ်လျက်ရှိ၏။ "ဝုန်း" ခိုင်ခံပါပေ့ဟူသောအကျဥ်းထောင်တံခါးကြီးသည် လက်ရှိ၌လူငယ်တစ် ယောက်၏တစ်ချက်တည်းသောလက်သီးချက်ကြောင့် ဗုန်းဗုန်းလဲကျသွားခဲ့ လေ၏။ ထိုလူငယ်သည် လဲကျသွားသောတံခါးကြီးကိုအသာပင် ခွကျော်ပြီး အကျဥ်း ထောင်ထဲသို့တစိုက်မတ်မတ်ဝင်ရောက်သွား၏။ကျန်သောသူများကြည့်မိပါ က ထိုလူငယ်သည် ထိုအကျဥ်းထောင်နေရာကို မိမိ၏အိမ်အလားပင် ကျွမ်းကျင်စွာလည်ပတ်သွားလေပြီးလျှင် တစ်ခုသောအခန်းဝအရှေ့၌ရပ် လိုက်လေ၏။ ရပ်ပြီးသည်နဲ့ထိုအခန်း၏တံခါးကိုလည်း သူ၏သန်မာလှသောလက်အား သပ်သပ်ဖြင့် ဖျက်စီးပြီးလျှင် အထဲသို့ဝင်သွားလေ၏။ "သောင်းကျန်းနေတဲ့သူက အဲ့လောက်ငယ်မယ်လို့ငါမထင်မိဘူး အာသာ" အကျဥ်းကျနေသော ခရွန်ဆိုသောသူမှပြော၏။ "မင်းဘယ်သူလဲကောင်လေး" အာသာသည် သူ၏ရှေ့၌ရှိနေသောလူငယ်ကိုမြင်ဖူးသလိုလိုအတွေးဖြင့်ကြ ည့်ကာမေးလိုက်၏။ "သား..ပြန်ရောက်လာပါပြီ..အဖေ..ကျနော်ကဂျိတ်ပါ" "ဘာ...."

All Chapters