အခန်း (၃၆၁-၃၆၃)
Vol. 25 Ch. 361-363
(361)ဖောက်ပြန်ခြင်း
"ရပ်လိုက်ကြ" လက်သီးငါးဖော်နဲ့တိုက်ခိုက်နေသော ဦးလေးတက်နဲ့လှံနတ်ဆိုးတို့သည် တိုက်ခိုက်နေရာမှ ရပ်တန့်လိုက်ကြ၏။လက်သီးငါးဖော်သည်လည်း ဆက်လက်တိုက်ခိုက်ခြင်းမရှိပဲ ရပ်ကြည့်နေကြသည်။အကြောင်းမှာ ပိုးကောင်နတ်ဆရာကြီး၏ပြောင်းလဲမှုကြောင့်ဖြစ်၏။ "ပိုးကောင်က တော်တော်ရွံဖို့ကောင်းတာပဲ" ဂျိတ်သည် ပိုးကောင်နတ်ဆရာကြီးကိုကြည့်ပြီးရွံရှာမိ၏။ပိုးကောင်သည် နတ် ဆရာကြီး၏ကိုယ်ထဲဝင်ရောက်ပြီးသည်နဲ့ သွေးလမ်းကြောင်းအတိုင်း တိုးဝင်သွားပြီးလျှင် နောက်ဆုံး၌ နှလုံးထဲ၌ရပ်တန့်လိုက်လေ၏။နှလုံးထဲ ရောက်ပြီးသည်နဲ့ ပိုးကောင်သည် သူ၏လက်ခြေများဖြင့် နှလုံးကိုခြေကုပ် လိုက်၏။ထိုသို့ခြေကုပ်လိုက်ပြီးသည်နဲ့ သူ၏ကိုယ်တွင်းမှ သန်းပေါင်းများ စွာသောပိုးကောင်လေးများကို စတင်ထုတ်လွှတ်တော့၏။တစ်ခါထုတ်လွှတ် ပါက သန်းပေါင်းချီလှသောပိုးကောင်လေးများကို ထုတ်လွှတ်ခြင်း ဖြစ်သည်။ထိုသို့ လုပ်ဆောင်သည်ကိုမြင်ရသောကြောင့် ဂျိတ်မှရွံဖွယ်ကောင်း သည်ဟုဆိုခြင်းဖြစ်သည်။ နှလုံးထဲသို့ရောက်ရှိနှင့်ပြီးသော ပင်မပိုးကောင်သည် နှလုံးမှနေ၍ များစွာ သောပိုးကောင်တို့ကိုထုတ်လွှတ်၏။နှလုံးသွေးလွတ်ကြောနဲ့နှလုံး သွေးပြန်ကြောတို့မှ မရေတွက်နိုင်သောပိုးကောင်ငယ်လေးများကို ဆက်တိုက်ထုတ်လွှတ်၏။ထိုထုတ်လွှတ်ခြင်းခံရသောပိုးကောင်ငယ်လေး များသည် သွေးကြောများမှတစ်ဆင့်ပြန့်နှံသွားကြပြီး ပိုးကောင်နတ် ဆရာ၏ကိုယ်ခန္ဓာတစ်ခုလုံးသို့ ပြန့်နှံသွား၏။ထိုသို့ပြန့်နှံသွားသောဖြစ်စဥ် သည် ကြာညောင်းသည်ဟုထင်ရသော်လည်း နှစ်မိနစ်ကာလဟူသော အတွင်း၌ အများကြီးပြောင်းလဲ ဖြစ်ပျက်သွားသည်ဖြစ်၏။ ထုတ်လွှတ်ခြင်းခံရသောပိုးကောင်ငယ်လေးများသည် ပိုးကောင်နတ် ဆရာကြီး၏ကိုယ်ခန္ဓာနေရာအနှံ၌ကုတ်တွယ်ပြီး နေထိုင်လိုက်ကြ၏။ ထို့နောက်ဓာတ်တစ်မျိုးကိုစတင်ထုတ်လွှတ်လိုက်ကြလေ၏။ပိုးကောင်ငယ် လေးများစွာ၏ကပ်တွယ်ခြင်းခံရသောနေရာတိုင်းသည် အလွန်မာကြော သောအရေပြားများဖြစ်လာကြ၏။ဤသည်မှာ ပိုးကောင်ငယ်လေး များ၏ကိုယ်ခန္ဓာသန်စွမ်းမှုသတ္တိပေတည်း။ ထိုသို့သောဖြစ်စဥ်တစ်ခုလုံးကို ဂျိတ်မှမြင်ရသောကြောင့် အလွန်ပင်ရွံရှာဖွယ် ကောင်းသည်ဟုဆိုရခြင်းဖြစ်သည်။ထိုပိုးကောင်ကို မဟာနှလုံးသိမ်းခြင်း ပိုးကောင်ဟုခေါ်၏။ထိုပိုးကောင်သည် သေးငယ်သော်လည်း ဖိုမလိင် အစုံ80ထိပါရှိသောပိုးကောင်ဖြစ်ပြီး တစ်ကောင်တည်းဖြင့် မျိုးပွှားနှုန်း အလွန်မြန်ဆန်သောကြောင့် ကြောက်မက်ဖွယ်ကောင်း၏။ ထိုပိုးကောင်သည် မိမိအားလက်ခံသောနှလုံး၌နေထိုင်ပြီး ပိုးကောင်ငယ်များ အားထုတ်လွှတ်ပြီး နှလုံးသွေးကိုစားသုံးတတ်၏။ပိုးကောင်ငယ်များ ကပ်တွယ်ခြင်းခံရသောလက်ခံကောင်သည် အလွန်မာကြောပြီး အချိန်တစ်ခု တာအထိအလွန်အစွမ်းထက်မည်ဖြစ်ပြီး သေဆုံးသွားမည်ဖြစ်၏။လက်ခံ ကောင်သေဆုံးပါက ပိုးကောင်ငယ်လေးများပါလိုက်လံသေဆုံးမည်ဖြစ်ပြီး ပင်မပိုးကောင်ကသာ သေသောလက်ခံကောင်၏နှလုံးသွေးကို ကုန်စင်အောင်သောက်ပြီးသည်နဲ့ ထိုလက်ခံကောင်မှထွက်ပြီး နောက်ထပ် သောလက်ခံကောင်ကို ရှာဖွေမည်ဖြစ်သည်။ထိုပိုးကောင်သည် အသုံးပြုသူကို ပါ အန္တရာယ်များသောပိုးကောင်ဖြစ်သော်လည်း ပိုးကောင်နတ်ဆရာမှ အနိုင်ရရှိရေးအတွက်သိသိကြီး အသုံးချသည်ဖြစ်၏။ "ဟားဟား...ငါပိုသန်မာလာတယ်ကွ" အများ၏ရှေ့မှောက်၌မှာပင် ပိုးကောင်နတ်ဆရာ၏ပြောင်းလဲမှုကြီးက သိသာထင်ရှားလာ၏။ပိုးကောင်နတ်ဆရာကြီး၏တစ်ကိုယ်လုံး သံမဏိ အရောင်ပြောင်းလဲသွားကာ သူ၏အော်ရာသည်လည်း မြန်ဆန်စွာတိုးတက် လာလေ၏။ သေချာပေါက်ပင် ထိုသံမဏိရောင်ပြောင်းလဲရခြင်းသည် ပိုးကောင်ငယ်များစွာကုပ်တွယ်ထားခြင်းကြောင့်ဖြစ်ပေါ်လာသောရလာဒ်ပင် ဖြစ်၏။ ပိန်လှသော ပိုးကောင်နတ်ဆရာသည် မြန်ဆန်စွာပင် လူသန်ကြီးတစ် ယောက်လိုပြောင်းလဲသွားပြီး ထွားကြိုင်းကြံခိုင်သော အသွင်ပြင်အဖြစ် ပြောင်းလဲသွား၏။ထိုကြံခိုင်လှသောကိုယ်ပေါ်၌လည်း ကြီးမားထင်ရှား သိသာသောသွေးကြောများကိုကောင်းစွာမြင်နိုင်သည်။ထိုသွေးကြောများထဲ တွင် တစ်စုံတစ်ခုကသွားလာနေသောကြောင့် သွေးကြောများ၌လှုပ်စိလှုပ်စိ ဖြစ်နေသည်ကိုလည်း သိသာစွာမြင်နိုင်လေ၏။ "သူရဲ့အဆင့်က မာစတာအဆင့်ကိုးထိထိုးတက်သွားပြီဟ" ဦးလေးတက်နဲ့လှံနတ်ဆိုးမှပြောလိုက်၏။သူတို့အားလုံး၏လက်ရှိအမြင့်ဆုံး အဆင့်သည် ခုနှစ်အထိသာရှိနိုင်သော်လည်း ပိုးကောင်နတ်ဆရာ၏အဆင့် သည် သူတို့ထက်သာလွန်သွားပြီဖြစ်၏။ "မီးတောက်ပြာတိုက်ခိုက်မှု" မီးတောက်ရာချီသောတိုက်ခိုက်မှုကို အာသာမှ ပိုးကောင်နတ်ဆရာကိုပစ်လွတ် လိုက်၏။ထိုအခါ မီးတောက်ပြာများစွာက ပိုးကောင်နတ်ဆရာကိုထိခိုက်ထိ မှန်လိုက်လေ၏။ "ဟားဟား....နာလဲမနာဘူး" ပိုးကောင်နတ်ဆရာသည် မိမိအားထိခိုက်လာသော မီးတောက်များအား ခါချကာ အာသာထံသို့ပြေးဝင်သွားလေ၏။ "ဝုန်း" မာစတာအဆင့်ကိုးရှိအစွမ်းကိုပိုင်ဆိုင်ထားသောကြောင့်အလွန်ပင်မြန်ဆန်လှ ပေ၏။ခေတ္တ အတွင်း၌ ပိုးကောင်နတ်ဆရာသည် အာသာအနားသို့ရောက်ရှိ သွားပြီး ရိုက်ချလိုက်လေ၏။အာသာကလည်း အတွေ့ကြုံရှိသူပီပီ သူ၏ကိုယ်ခန္ဓာကိုချာက္က ရာအကာကွယ်များအထပ်ထပ်မြန်ဆန်စွာဖန်တီးပြီး ကာကွယ်လိုက်၏။ "ဖြောင်း...ခွမ်း" သို့သော်လည်း ရိုက်ချက်သည်အလွန်ပြင်းထန်လှသည်ဖြစ်ရာ အထပ်ထပ်ကာ ကွယ်ထားသောချာက္က ရာအကာကွယ်များသည် ပျက်စီးကာ အာသာကိုထိမှန် လေ၏။ထိုရိုက်ချက်သည် ကာကွယ်ထားသော ချာက္က ရာအကာကွယ်များကို ဖြတ်သန်းလာရခြင်းကြောင့် အားလျော့သွားသော်လည်း အားပါရှိနေဆဲ ဖြစ်၏။ ထိုရိုက်ချက်ကြောင့် အာသာလည်း အတော်ပင်လွင့်စင်သွားရလေ၏။ထိုသို့ လွင့်စင်သွားသည်ကို ပိုးကောင်နတ်ဆရာမှအလွတ်ပေးခြင်းမရှိပဲ နောက်မှ လိုက်ကာ ထပ်မံထိုးချလိုက်လေ၏။ ပိုးကောင်နတ်ဆရာ၏ထိုးချက်သည်အလွန်ကြောက်ခမန်းလိလိကောင်းလှ ပေ၏။မာစတာအဆင့်ကိုးရှိခွန်အား အားလုံးကိုသူ၏ထိုးချက်ထဲ၌ထည့် သွင်းထားခြင်းဖြစ်၏။ထိုထိုးချက်ကိုသာ အာသာထိလိုက်ပါက သေလျှင် သေမသေပါက တစ်သက်လုံးလူကျိုးကန်းသွားစေသည်အထိဖြစ်ပျက်နိုင် လေ၏။ ဤသည်ကလည်း အာသာသည် ကာလရှည်များစွာချုပ်နှောင်ထားခြင်းခံရ သောကြောင့် သူ၏အစွမ်းသတ္တိများလျော့ကျသွားရခြင်းနဲ့လည်းဆိုင်ပေ၏။ "ဒါတော့ ငါဝင်ပါမှ" ဂျိတ်သည် သမီးလေးအားပွေ့နေရင်းမှ ကျန်လက်တစ်ဖက်ဖြင့်မသိမသာ လှုပ်ရှားလိုက်၏။ "လေဟာနယ်..ရွေ့ပြောင်းခြင်း" ပိုးကောင်နတ်ဆရာ၏ထိုးချက်သည် အာသာ၏ဝမ်းဗိုက်သို့ဦးတည်ပြီးထိုးချ လိုက်ခြင်းဖြစ်သော်လည်း ဂျိတ်၏လှည့်ကွက်ကြောင့် ဦးတည်ရာပြောင်းလဲ သွားကာ အာသာ၏ဝမ်းဗိုက်ဘေးသို့ပွတ်ကာသီကာရှောင်တိမ်းထိုးချမိသလို ဖြစ်သွားလေ၏။ "ဝုန်း" "ဟာ....." ကြည့်မိသူတိုင်း အံသြသွားကြလေ၏။အာသာသေပြီဟုထင်မှတ်သော်လည်း ပိုးကောင်နတ်ဆရာမှလွှဲချော်သွားကြောင်းတွေ့ကြလိုက်သည်။ပိုးကောင်နတ် ဆရာကတော့ ဒေါသကြီးထွက်လျက်ရှိ၏။သူသေချာချိန်ထားပါလျက် မထိ သွားသောကြောင့် ဖြစ်၏။ မထိသွားသော်လည်း အာသာကလည်း အနည်းငယ်ထိခိုက်သွားရလေ၏။ထို လက်သီးချက်၏လေခွင်းချက်ကို ဘေးမှကပ်လျက်ရှိနေသောကြောင့် ခံစား လိုက်ရခြင်းဖြစ်၏။ "ချာက္က ရာဖြင့်ကုစားခြင်း" အာသာလည်း ပိုးကောင်နတ်ဆရာထိုးချက်ဘေးမှကပ်သီလေးလွတ်သွား သည်နဲ့ မြန်ဆန်စွာဝေးရာသို့ခေတ္တ တိမ်းရှောင်ရင်း သူ၏လျှို့ဝှက်သိုင်းကို ထုတ်သုံးလိုက်၏။ထိုသို့သုံးလိုက်သည်နဲ့ အာသာအားအမှီပြု၍လေပွေကြီး တစ်ခုပေါ်လာပြီးလျှင် ပတ်ဝန်းကျင်မှရှိရှိသမျှသော ချာက္က ရာများစွာကိုစုပ်ယူ လေတော့၏။ ထိုလေပွေကြီးသည် ချာက္က ရာများစွာကိုစုပ်ယူပြီးလျှင် အာသာ၏ကိုယ်ထဲသို့ ပြန်လည်ဖြည့်တင်းပေး၏။ "တောက်...ဒီသောက်ဦးလေးသာငါ့ကိုအဲ့ဒါပေးလိုက်ရင် ဒုက္ခခံနေစရာမလို တာကို" ဆံဖြူလူငယ်မှာ ထိုမြင်ကွင်းကိုကြည့်ပြီး မလိုတမာစိတ်ဖြင့်တွေးတော နေ၏။သူသည် အာသာထံမှ မျိုးနွယ်စုတံဆိပ်ပြားနဲ့ထိုသိုင်းကျမ်းကို လိုချင် တပ်မက်သောကြောင့် ဖမ်းဆီးကာတောင်းခဲ့ခြင်းဖြစ်၏။သို့သော်လည်း အာသာသည် သူထင်သည်ထက် ခေါင်းမာသူဖြစ်ကြောင်း ပေါ်လာသောအခါ မရပဲဖြစ်နေ၏။ထို့ကြောင့် အာသာကိုအကျဥ်းထောင်ထဲ၌ရက်စက်သောနည်း များဖြင့် ဖမ်းဆီးထားခဲ့သည်လည်းဖြစ်၏။ လျှို့ဝှက်သိုင်းကြောင့်အာသာသည် အခြေနေပြန်လည်ကောင်းမွန်လာ လေ၏။သူ၏ကိုယ်တွင်းချာက္က ရာသည်လည်း ခြောက်ဆယ်ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်တင်းပြီးသွားပြီလည်းဖြစ်၏။ "ပြန်တိုက်ကြမယ်...မီးတောက်လက်သီး" ထိုသို့အာသာရေရွတ်လိုက်သည်နဲ့ မာသာ၏လက်သီးနှစ်ဖက်၌ ရေးထိုးထား သောတက်တူးများသည် လှုပ်ရှားလာပြီး လက်သီးကိုမီးတောက်များဖြင့် ဖုံးလွှမ်းသွား၏။ "အဆင့်လေးမီးတောက်အင်း" ဂျိတ်မှမြင်သည်နဲ့သိလိုက်၏။သူ၏ဖခင်သည် အလွန်စွန့်စားတတ်သူ ဖြစ်ကြောင်းသိလိုက်၏။လူ၏ကိုယ်ခန္ဓာ၌ အဆင့်လေးအင်းတက်တူးထိုးရဲ သည်အထိ စိတ်အားထက်သန်သည်ကို ယခုမှသိလိုက်ရလေ၏။အင်းများကို ကိုယ်၌တက်တူးထိုးပါက လွန်စွာအစွမ်းထက်သော်လည်း ဆိုးကျိုးလည်း ရှိ၏။ဆိုးကျိုးကတော့ ထိုးသူအား အစွမ်းထက်စေရန်မဖြစ်နိုင်သည့်အပြင် မူလထက်ပိုမိုအစွမ်းလျော့စေရန် ဒုက္ခဖြစ်စေသောကြောင့်ဖြစ်၏။အောင်မြင် ရန်မှာလည်း လူအယောက်တစ်ထောင်၌တစ်ယောက်သာဖြစ်၏။ထို့ကြောင့် အာသာသည် စွန့်စားရဲသူဖြစ်ကြောင်းသိနိုင်သည်။အာသာနဲ့ ပိုးကောင်နတ် ဆရာပြန်လည်တိုက်ခိုက်လိုက်ကြလေ၏။ အာသာသည် ပိုးကောင်နတ်ဆရာထက် အဆင့်နိမ့်ပါးသော်လည်း သူ၏မီးတောက်အင်းက ထိုလိုအပ်ချက်ကိုဖာထေးပေးလိုက်ရာ အပြိုင်ဆိုင် အကြိတ်နယ်ချကြလေ၏။သူတို့နှစ်ယောက်ချပုံကကြောက်စရာပင်။လေထဲ၌ မည်သည့်လက်နက်မှမသုံးပဲ လက်သီးချင်းထိုးချင်းခြေဖြင့်ကန်ခြင်းစသော ရှေးခေတ်တိုက်ခိုက်နည်းဟန်ကိုသာအသုံးပြုနေကြသောကြောင့်ဖြစ်၏။ထို နှစ်ယောက်၏တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်နေသော နေရာတိုင်းရပ်တန့် သွားကြရပြီး သူတို့နှစ်ဦးကိုသာ ကြည့်ရှုနေကြလေ၏။ "မင်းမဆိုးဘူးပဲ...ငါမင်းကို...အားအား" ပိုးကောင်နတ်ဆရာမှ အာသာကိုတိုက်ခိုက်နေရင်းမှ အော်ဟစ်လိုက်၏။သူ သည်တိုက်ခိုက်နေရင်း အလွန်နာကျင်မှုဒဏ်ကိုခံစားလိုက်ရသောကြောင့် ဖြစ်၏။ "နတ်ဆရာပြသနာတက်ပြီ...ဒီကောင်...သူ့ဘာသာသူပြန်ဒဏ်ခံနေရတာပဲ" ဂျိတ်မှချက်ချင်းသိလိုက်၏။ပိုးကောင်နတ်ဆရာ ဤသို့ဖြစ်ရခြင်းသည် သူ၏အတွင်းမှပိုးကောင်များ ရုတ်ခြည်းဆိုသလို ဖောက်ပြန်လာသောကြောင့်ဖြစ်၏။
(362)အိမ်ပြန်ပြီ
"ဦးလေးတက်၊လှံနတ်ဆိုး၊အဖေ ဒီကိုမြန်မြန်လာ ပြသနာကြီးတယ်" ဂျိတ်မှ သုံးယောက်လုံးကို စိတ်ချင်းဆက်သွယ်လိုက်၏။ထိုသို့ဆက်သွယ် လိုက်သည်နဲ့ သုံးယောက်လုံးသည် ဂျိတ်၏အနားသို့ချက်ချင်းရောက်လာ ကြ၏။သူတို့သုံးယောက်အနေဖြင့် မည်သည့်အကြောင်းကြောင့် မိမိတို့အား ခေါ်မှန်းမသိသော်လည်း တစ်စုံတစ်ခုကြောင့်တော့ဖြစ်ကြောင်း သိထား ကြ၏။ "အကာကွယ်ဖန်တီးခြင်း" ဂျိတ်မှ သူ၏လက်မှအင်းတစ်ချက်ကို မီးတောက်စေပြီးလျှင် မြေပြင်သို့ပစ် ချလိုက်၏။ထိုသို့ပစ်ချလိုက်သောအင်းချပ်သည် မြေပြင်သို့ကျရောက်သည်နဲ့ ဂျိတ်တို့အား အပြာရောင်အကာကွယ်တစ်ခုကဖုံးလွှမ်းသွား၏။ "အောင်မလေး နှမြောလိုက်တာ" ထိုစကားကိုပြောသူက လှံနတ်ဆိုးပေတည်း။သူသည် ထိုအင်းအကြောင်းကို ကောင်းကောင်းကြီးသိသောသူဖြစ်၏။သူသည်အင်းဝါသနာအလွန်ပါသူ လည်းဖြစ်ရာ ဂျိတ်သုံးလိုက်သောအင်းသည် သာမန်မဟုတ်ကြောင်း ရိပ်စားမိ သည်။ ရေအကာကွယ်အင်း...အဆင့်လေးအမျိုးစားဖြစ်ပြီး...ဆယ့်ငါးမိနစ်ခုခံကာ ကွယ်နိုင်၏။ထိုအချိန်မျှသာကာကွယ်ပေးနိုင်သော်လည်း ထိုကာကွယ်စဥ် အချိန်အတိုင်း၌ ထိုအကာကွယ်ကိုချိုးဖောက်ဖို့က လုံးဝခက်ခဲလှပေ၏။နှစ် တစ်ရာအထီးကျန်သူသာ အိမ်တွင်းအောင်းရင်း ရည်းစားရချင်ရသွားနိုင်၏။ ကာကွယ်ချိန်အတွင်း၌ မာစတာအဆင့်ရှိစစ်သည်ရာချီတိုက်ခိုက်လျှင်ပင် မ ပျက်စီးနိုင်သည်အထိ အားကောင်းသောအင်းဖြစ်၏။ "ဟင် ဘာကြီးလဲ" ဂျိတ်သည် အင်းချပ်ပစ်ချခါနီး၌ နောက်တစ်ခုကိုလည်းပစ်လိုက်သေးသည် ဖြစ်၏။ဤသည်ကို လက်သီးငါးဖော်နဲ့ကျန်သောတစ်ချို့တစ်လေက မြင်လိုက်ကြရ၏။မြန်ဆန်လှသောကြောင့် သူတို့တားဆီးချိန်မရကြပေ။ထို အရာကတော့ ဝေဒနာကို နာကျင်စွာခံစားနေရသော ပိုးကောင်နတ်ဆရာအနီး သို့ဖြစ်၏။ဂျိတ်ပစ်လိုက်သောအရာသည် အသံဖမ်းထားသောအရာဖြစ်ပြီး ပြန်လည်ထုတ်လွှင့်ပေးနိုင်သော သေတ္တာပိစိလေးတစ်လုံးဖြစ်၏။ "မင်းတို့ခံစားကြစမ်း" ဂျိတ်သည် အကာကွယ်ထဲနေရင်း လူယုတ်မာတို့၏အပြုံးမျိုးဖြင့်ပြုံးလိုက်၏။ ထိုအခြင်းရာကို ဖြတ်ခနဲမြင်မိသော ဦးလေးတက်ပင် ကြက်သီးမွှေးညင်း များထလာလေ၏။ ထိုသေတ္တာလေးသည် ပိုးကောင်နတ်ဆရာအနီးသို့ရောက်သည်နဲ့ ရုတ်ခြည်း ဆိုသလို အသက်ဝင်လာပြီး "အား.....ပူလိုက်တာဗျာ......" ထိုအသံကြီးဟိန်းထွက်လာလေ၏။ထိုအသံကြီးသည် လွန်စွာမှကျယ်လောင် သည်ဖြစ်ရာ ပိုးကောင်နတ်ဆရာနဲ့အတော်တန်အောင်လှမ်းသော စစ်သည် တော်များ၏နားများပင် ကန်းလုမတတ်ဖြစ်သွားကြသည်။အနီးဆုံးနေရာ၌ ရှိ နေသော ပိုးကောင်နတ်ဆရာဆိုလျှင် ဆိုဖွယ်မရှိတော့ပေ။ ထွက်ပေါ်လာသောအသံကြီးသည် ဂျိတ်သည်တွေ့မိတွေ့ရာထည့်သွင်းထား ခြင်းဖြစ်ပြီး မည်သည့်အသံထည့်ထည့် ဂျိတ်လိုချင်သည်ကတော့ ထိုအသံ ကြောင့် ပိုးကောင်နတ်ဆရာပြသနာတက်လျှင်ပြီးရော လုပ်ထားသည်လည်း ဖြစ်၏။ ဂျိတ်၏အစီစဥ်သည်အလွန်အောင်မြင်သည်ဆို၍ပြောလို့ရသည်။ ဂျိ တ်တို့ကတော့ ထိုအသံကြားရန်မဖြစ်နိုင်ပေ။ဂျိတ်ဖန်တီးထားသောအစီရင် သည် အသံပါလုံအောင်လုပ်ထားသောကြောင့်ဖြစ်၏။ "ဝီ.ဝီ.....ဝီ.ဝီ.ဝီ......." ပိုးကောင်နတ်ဆရာကိုယ်ထဲ၌ရှိနေသော ပိုးကောင်တို့၏အားနည်းချက်သည် အသံလှိုင်းဖြစ်၏။ယခုလို အနီးနား၌ ကြီးမားကျယ်ပြန့်လှသော အသံလှိုင်းကြီးတစ်ခုဖြစ်ပေါ်လာ သောအခါ ပိုးကောင်များအတွက် မဟာငရဲတစ်ခုဖြစ်သွားကြ၏။ "အား....သေပါပြီ" နဂိုကတည်းကမှ ပိုးကောင်များကြောင့် အခြေနေမဟန်သော ပိုးကောင်နတ် ဆရာကြီးမှာ ထိုအသံလွင့်သေတ္တာလေးကြောင့်ပိုအခြေနေဆိုးသွားလေ၏။ အသံလွင့်သေတ္တာလေးမှာလည်း အသံဆိုးကြီးဖြင့် အဆက်မပြတ်အော်နေ လေလေ ပိုးကောင်နတ်ဆရာအတွက်တော့ ငရဲ၌ခံစားရသလိုဖြစ်လေလေ ဖြစ်၏။ ပိုးကောင်နတ်ဆရာမှ ထိုအသံလွင့်သေတ္တာအားထိန်းချုပ်ရန်ကြိုးပမ်း သော်လည်း သူ၏ကိုယ်ခန္ဓာကိုသူမပိုင်တော့ပေ။သူ၏ကိုယ်တွင်းရှိ ပိုးကောင် များပိုင်စိုးသွားပြီး လုပ်ချင်ရာလုပ်နေကြသောကြောင့်ဖြစ်၏။ "အားလုံးပြေးကြဟေ့ မသေချင်ပြေးကြ" ဆံဖြူလူငယ်လေးသည် ပိုးကောင်နတ်ဆရာ၏အခြေနေကို ကြည့်ပြီးသည်နဲ့ တစ်ချိုးတည်းပြေးတော့၏။သူ၏နောက်ပါများသည်လည်း ထိုနည်းတူပင်။ အကြောင်းမှာ အသံလှိုင်းကြောင့် ပိုးကောင်နတ်ဆရာကြီး၏ကိုယ်သည် ထွား ကြိုင်သန်မာသောပုံစံမှ ဘောလုံးကြီးတစ်လုံးအသွင်သို့ပြောင်းလဲသွားသော ကြောင့်ဖြစ်၏။ထိုသို့ဖြစ်ရခြင်းမှာလည်း အသံလွင့် သေတ္တာ၏အဆက်မပြတ်အသံလှိုင်းကြောင့် ပိုးကောင်နတ်ဆရာ၏ကိုယ်ခန္ဓာ ထဲ၌ ရှိကြသော ပိုးကောင်တို့သည်လည်း အသံလှိုင်းနဲ့ဝေးရာထွက်ပြေးကြ ရန် လုပ်ဆောင်လိုက်ကြ၏။ ထိုသို့လုပ်ဆောင်ကြရင်း ပိုးကောင်နတ်ဆရာ၏ကိုယ်ထဲ၌ ပိုးကောင်များ ပြေးမိပြေးရာပြေးကြရာ တစ်ကိုယ်လုံးသွေးကြောများဖောင်းကားလာရာမှ နောက်ဆုံး၌ ဘောလုံးအသွင်သို့ရောက်ရှိသွားခြင်းဖြစ်၏။ထိုသို့ဘောလုံး အသွင် ပြောင်းလဲလေလေ ပိုးကောင်နတ်ဆရာ၏ကိုယ်သည် ပတ်ဝန်းကျင်မှ ချာက္က ရာများကို ဖိစုပ်လေဖြစ်လာ၏။ထိုသို့ဖိစုပ်လေ ပေါက်ကွဲခါနီးဖြစ်လေ ဖြစ်သော ဗုံးတစ်လုံးအသွင်တူလာသည်ဖြစ်ရာ ဆံဖြူလူငယ်နဲ့နောက်ပါများ ထွက်ပြေးသွားရလေခြင်းလည်းဖြစ်၏။သူတို့ထွက်ပြေးပြီး နောက်စက္က န့် ပိုင်းဟူသောအချိန်၌ ဖောသောလုံးဝန်းနေသော နတ်ဆရာကိုယ်ခန္ဓာသည်........ "ဝုန်း...ဝရော" ကြီးမားကျယ်ပြန့်လှသော ဧရာမပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားလေတော့၏။ ထိုပေါက်ကွဲမှုကြီးသည် အလွန်ကျယ်ပြန့်ပြီးကြီးမားလွန်းသောကြောင့် ဝေး သောနေရာ၌ရှိနေကြသောမျိုးနွယ်စုမှ လူများပင်သတိထားမိကြလေ၏။ "ဟ....ဘာလား...ဟ..." "ဘယ်သူတွေ လာတိုက်ခိုက်နေတာလဲ" "ဒါငါတို့မျိုးနွယ်စုခေါင်းဆောင်တွေနေတဲ့နေရာဘက်ကဟေ့" မျိုးနွယ်စု၌ရှိနေကြသောလူတိုင်း ပေါက်ကွဲခြင်းကြောင့် ထိတ်လန့်ကြကုန် လေ၏။မထိတ်လန့်ပဲ နေပါရိုးလား။ဝေးကွာသော်လည်း ပေါက်ကွဲ အား၏သက်ရောက်မှုကြောင့် မြေပြင်မှာ ငလျင်ကဲ့သို့တုန်ခါသွားပြီး ချာက္က ရာလှိုင်းရိုက်ခတ်မှုပါဖြစ်လာခဲ့သောကြောင့် တစ်ချို့သောသူများမှာ ထိခိုက် ဒဏ်ရာများရကြလေ၏။ "ငလူးမသားပဲဟေ့" ဆံဖြူလူငယ်သည် မြေကြီးမှပြာသီပြာယာထကာ ဖုန်တထောင်ထောင်းထနေ သော သူ၏ကိုယ်ကို ဖုန်ခါလိုက်၏။ "ဝေါ့" ပေါက်ကွဲအား၏ရိုက်ခတ်မှုကြောင့်သူ၏ကိုယ်ခန္ဓာအတွင်းအင်္ဂါများ ထိခိုက် သွားသောကြောင့်ဖြစ်၏။ဒါတောင်မှ သူသည် ချာက္က ရာအကာကွယ်များ အင်း အကာကွယ်များ ချပ်ဝတ်တန်ဆာအကာကွယ်များသုံးထားသောကြောင့် ယခုလောက်သာထိခိုက်ခြင်းဖြစ်၏။ "ငလူးမသားလေး" ဒီတစ်ခေါက်ဆဲရေးသူတွေကတော့ လက်သီးငါးဖော်ပင်။သူတို့လို မာစတာအ ဆင့်ရှိလူများပင် ထိုပေါက်ကွဲမှုကြောင့် ထိခိုက်သွားရသည်ဖြစ်ရာ လပိုင်းခန့် အချိန်ယူပြီးကုသကြရမည်ဖြစ်၏။ ထိုသို့ပြောင်းလဲမှုကြီးဖြစ်ပေါ်လာမည်ဟု လည်း ဘယ်သူမှမထင်ထားမိသည်ကလည်း ထိုသို့ဖြစ်ပျက်စေခဲ့သည်လည်း ဖြစ်၏။ ပိုးကောင်နတ်ဆရာကိုယ်ခန္ဓာ မာစတာနောက်ဆုံးအဆင့်၏ပေါက်ကွဲမှုသည် ပြင်းထန်လှသောအဖျက်အားပြင်းဗုံးဆယ့်နှစ်ခုကို တစ်ပြိုင်တည်းဖောက်ခွဲမှုနဲ့ တူညီလှ၏။ထိုအခြင်းရာက အနီးနားရှိသမျှသော စစ်သည်တော်တို့ကို သတ်ဖြတ်စေခဲ့ပြီး အဆင့်မြင့်သောစစ်သည်တော်များနဲ့ ကောင်းပေ့ဟူသော အကာကွယ်သုံးသောသူတို့သာ ရှင်သန်ကျန်ရစ်ခဲ့၏။ပိုးကောင်နတ်ဆရာ ကိုယ်တွင်း၌ရှိသော ပိုးကောင်များစွာသည်လည်း ထိုပေါက်ကွဲမှုနဲ့အတူ ဇာတ်လမ်းချုပ်သိမ်းငြိမ်းအေးသွားခဲ့သည်ဖြစ်သည်။ "ငါထင်သလိုပဲ မဆိုးဘူး." ပေါက်ကွဲမှုကြီး၏အဓိကလက်သည်ကြီးဖြစ်သော ဂျိတ်သည် သူ၏အကာကွယ်ကိုပေါက်ကွဲပြီးငါးမိနစ်ခန့်ကြာမှ ပြန်လည်ရုတ် သိမ်းလိုက်၏။သူ၏လုပ်ဆောင်မှုကြောင့် မျိုးနွယ်စုမှစစ်သည်တော်တိုင်း ထိခိုက်မိသူတိုင်း၊ မသေသွားသောသူတိုင်း အမျက်ချောင်းချောင်းထွက်နေမည်ကိုလည်း သိပြီးသားဖြစ်၏။ ("ငါ့အဖေ့ကိုပညာပေးချင်တဲ့နတ်ဆရာ..... အခုတော့ဒင်းလည်းအနိစ္စ သဘောနဲ့ကိစ္စချောသွားပြီ") "တော်သေးတယ် ငါတို့မသေလို့" ဦးလေးတက်သည် သက်သာရာစွာပြောနေပြီး လှံနတ်ဆိုးမျက်နှာကတော့ရှုံမဲ့ နေ၏။အဆင့်လေးအင်းသည် ထိုသို့အဆုံးသတ်သွားသောကြောင့်ဖြစ်၏။ "ကျနော်တို့ပြန်ကြရအောင် ဦးလေးတက်..လေယာဥ်ထုတ်" ဂျိတ်၏စကားဆုံးသည်နဲ့ ဦးလေးတက်သည် သူ၏သိုလှောင်လက်စွပ်မှ ထုတ်လိုက်၏။ မြန်ဆန်စွာလုပ်ဆောင်လိုက်၏။မဟုတ်ပါက မျ်ိုးနွယ်စုမှ အကြီးကဲများရောက်ရှိလာပါက ပြသနာဆက်လက်တက်သွားနိုင်သောကြောင့် ဖြစ်၏။ "ဟ မင်းမေကလွှား...ဘာကြီးလဲ" ကောင်းကင်ယံ၌ကြီးမားသောအရာကြီးပျံနေသောကြောင့် လှံနတ်ဆိုးသည် လန့်ဖြတ်သွားသည်ဖြစ်၏။ဂျိတ်၏ဖခင်ကလည်း ထိုသို့မဖြစ်သော်လည်း အံ သြသွားသည်ဖြစ်၏။ "ကဲကဲ...ကျနော်တို့အိမ်ပြန်ကြမယ်"
(363)ဗျူဟာသစ်
"ဘာကြီးလဲဟ...." ဆံဖြူလူငယ်တစ်ယောက် ကောင်းကင်ယံကို အံအားသင့်စွာငေးကြည့်နေ မိ၏။အကြောင်းမှာ ကြီးမားလှသောအရာကြီးက မြန်ဆန်လွန်းလှသောအရှိန် ဖြင့် မိမိရှေ့မှထွက်ခွာသွားသောကြောင့်ဖြစ်သည်။ထို့အရာက သူသိထားသမျှ သောအရာများကို ဇောက်ထိုးမိုးမျှော်ဖြစ်ပျက်စေခဲ့၏။ ကောင်းကင်ယံထက်၌ လေယာဥ်တစ်စင်းသည် ပျံသန်းသွားလာနေလျက် ရှိ၏။ထိုလေယာဥ်ထဲတွင် လူကြီးလေးယောက်နဲ့ ကလေးငယ်တစ်ယောက်တို့ ပါရှိ၏။ကလေးငယ်သည် အယ်မလီလေးဖြစ်ပြီး သူသည် စတော်ဘယ်ရီ ရေခဲမုန့်ကိုအားပါးတရစားနေ၏။ ဂျိတ်နဲ့ဦးလေးတက်တို့ကတော့ အေးမြလန်းဆန်းသော သစ်သီးဖျော်ရည် သုံးဆောင်ပြီးအနားယူနေကြ၏။အယ်မလီလေးလည်းရှိသောကြောင့် ဦး လေးတက်သည် ဖျော်ရည်သောက်သုံးနေသည်လည်းဖြစ်၏။ကလေးမလေး ရှေ့၌ အရက်ကြီးကိုင်ပြီး သောက်သုံးနေခြင်းက လုံးဝမသင့်တော်သော ကြောင့်ဖြစ်၏။ ဖျော်ရည်ကိုမသောက်နိုင်သလို အနားမယူနိုင်သူတွေကတော့ အာသာနဲ့လှံ နတ်ဆိုးတို့ဖြစ်၏။သူတို့သည် ဂျိတ်နဲ့ဦးလေးတက်ကို မျက်လုံးကျွတ်ကျ လုမတတ်စိုက်ကြည့်နေကြသည်။ ("ဟားဟား.....သူတို့လဲငါ့လိုဖြစ်သွားတာပဲ") ဦးလေးတက်သည် စိတ်ထဲ၌ကြိတ်ပြုံးမိသည်။သူသည်လည်း လေယာဥ်တွေ့ ပြီး စစီးစဥ်အခါတုန်းကထိုသို့ဖြစ်ပျက်ခဲ့သည်မဟုတ်ပါလား။ နောက်ဆုံး၌ လှံနတ်ဆိုးမှ စတင်ကာပြောဆိုလိုက်လေတော့သည်။ "ကောင်လေး... ဒါကဘာလဲငါမမြင်ဖူးဘူး...ငါသက်တမ်းတစ်လျှောက် သွားလာနေတာကြာလှပြီ...တစ်ခါမှမတွေ့ဖူးဘူး" "မတွေ့ဖူးဘူးဆိုရအောင် ဒီလေယာဥ်က မကြာသေးဘူး အနည်းဆုံးနှစ်နှစ် လောက်ပဲရှိမယ်" "အော်.... ဒါကြောင့်ကိုး" လှံနတ်ဆိုးမှ မိမိဘာသာပြန်လည်ဖြေရင်း သက်ပြင်းချလိုက်လေ၏။ကြည့်ရ သည်မှာ သူအဖမ်းခံရစဥ်အတွင်း၌ အပြင်လောကကြီးသည်ပြောင်းလဲသွားခဲ့ ပြီဟုခံစားမိသောကြောင့်ဖြစ်၏။ "ဒါကိုသိပ်ပြီး မထူးဆန်းကြပါနဲ့...ဂရိတ်တိုင်းပြည်ရောက်ရင်ပိုပြီးဒီထက် ဆန်းကြယ်တာအများကြီးရှိသေးတယ်" "ဟေ..." ဂျိတ်၏စကားကြောင့် လှံနတ်ဆိုးနဲ့အာသာတို့ အာမေဋိတ်သံများပင်ထွက် သွားကြ၏။ဦးလေးတက်လည်း မျက်လုံးကြီးပြူးလာပြီး.. "ကောင်လေး... တကယ်ပြောတာလား...မင်း...အဲ့လိုအထူးဆန်းတွေရှိသေး ရင်...ငါ့ကိုပေးရမယ်" ."ပေးပါမယ်...ဦးလေးရယ် ကျနော်ကငမွဲလည်းမဟုတ်ပဲနဲ့ကို...." ဂျိတ်၏စကားကြောင့် ဦးလေးတက်သည်ကျေနပ်စွာပြုံးလိုက်၏။ "မင်းအသက်လည်းကြီးလှပြီ...ကိုယ့်တူကိုလက်ဆောင်ပေးမယ်မရှိဘူး... တောင်းမယ်ဆိုတာကြီးပဲ" အာသာသည် ဦးလေးတက်အား ပြောလိုက်သည်။သူ၏ပြောမှုကြောင့် ဦး လေးတက်လည်း မျက်နှာကြီးမဲ့သွားပြီး "အစကတော့ပေးမလို့လေ..ရွှေပြားတစ်သိန်းလောက်လေ...ဒါပေမဲ့ မင်းသား ကိုက လူမဆန်တာကွသိလား...သူကဂရိတ်တိုင်းပြည်ရဲ့ဘုရင်လေ...အဲ့ တော့..ငါသာရွှေပြားတစ်သိန်းပေးရင်...မျက်နှာပျက်ရာမကျဘူးလား" ဥိီးလေးတက်မှပြန်လည်ချေပလိုက်၏။ထိုအခါ အာသာသည်အံသြရပြန်၏။ "သား သူပြောတာဟုတ်လား..." အာသာ၏အမေးကြောင့် ဂျိတ်လည်း ဟုတ်ကြောင်းပြောပြီးအဘယ်ကြောင့် ဘုရင်ဖြစ်ပေါ်လာရသည်ကို ထြစ်ကြောင်းကုန်စင်ရှင်းပြရလေတော့၏။ဂျိတ် သည် မိမိကြိုတင်ပြင်ဆင်ထားသောလုပ်ကြံဇာတ်ကို စတင်ပြောပြရလေ တော့သည်။မိမိသည် ထူးဆန်းသော လူထူးဆန်းကြီးနဲ့တွေ့ကြောင်း ၊ထိုလူ ထူးဆန်းကြီးမှမိမိအား ယခုလိုစစ်သည်အဆင့်မြင့်မားရန်နဲ့ များပြားသော ဥစ္စာရင်းမြစ်များပေးခဲ့ကြောင်း ရှင်းပြလိုက်၏။ထို့ကြောင့်သာ ဘုရင်တစ်ပါး ဖြစ်လာရကြောင်း ဇာတ်ကြောင်းကို ကျစ်လစ်ခိုင်မာအောင် အထောက်အထားနဲ့တကွ ပြော ပြရလေ၏။ ထိုအဖြစ်ပျက်များကို လှံနတ်ဆိုးလည်းအသာလေးနားထောင်နေလေ၏။ သူ၏မျက်နှာသည် လူထူးဆန်းကြီးဟူသောအရောက်၌ ပျက်သွားကာ... "အဲ့လူထူးဆန်းကြီးရှိသေးလား..ရှိရင်လှံတစ်ချက်လောက်အကဲစမ်းချင် သေးတယ်" "ဟသောက်ရူး" အာသာနဲ့ဦးလေးတက်နှစ်ယောက်လုံး လှံနတ်ဆိုးအား ဆူလိုက်သည်ဖြစ်၏။ ဂျိတ်ပြောပုံအရဆိုလျှင် ထိုလူထူးဆန်းကြီးသည် မိမိတို့ထက်အဆပေါင်းများ စွာသန်စွမ်းသလို ကြီးမားသောနောက်ခံလည်းရှိ၏။ဤသည်ကို လှံနတ်ဆိုး ပြောပုံက ရန်စသလိုဖြစ်စေသောကြောင့်ဖြစ်၏။ "ဆရာတော့မရှိဘူး... တစ်ခြားတစ်ယောက်တော့ရှိတယ်...သူ့နာမည်ကလှံ ဘုရင်လို့ခေါ်တယ်" "လှံဘုရင်တဲ့လား" နာမည်ကြားသည်နဲ့ လှံနတ်ဆိုး၏စိတ်များတက်ကြွလာလေ၏။နာမည်ကိုက ပြိုင်ဘက်ကင်းကြောင်း မောက်မာစွာဆိုထားသည်ဖြစ်ရာ သူ၏စိတ်များတက် ကြွလာပြီး ယခုချက်ချင်းပင် ဂရိတ်တိုင်းပြည်အားရောက်လိုစိတ်ပြင်းထန် လာလေသည်။ဂျိတ်ကလည်း သူ၏စိတ်ကိုသတိထားမိရာ "လက်ရှိအမြန်နှုန်းထက် အသံထက်အမြန်နှုန်းရှစ်ဆနဲ့ပြေးပါ" အမိန့်ပေးလိုက်သည်နဲ့ သူတို့စီးနေသောလေယာဥ်သည် လိပ်တစ်ကောင်မှ ချီ တာတစ်ကောင်အသွင်သို့ပြောင်းလဲသည်အထိ မြန်ဆန်သွားလေတော့၏။ "ဟ မြန်လိုက်တာ" လှံနတ်ဆိုးနဲ့အာသာတို့သည် လေယာဥ်၏အမြန်နှုန်းကြောင့် ထိတ်လန့်သွား ရ၏။လေယာဥ်အတွင်း၌ရှိနေသောသူတို့အဖို့ မည်သို့မျှမခံစားရသော်လည်း လေယာဥ်ပြတင်းပေါက်မှကြည့်၍သော်လည်းကောင်း၊လေယာဥ်တည်နေရာ ဖော်ပြရာ မြေပုံကိုကြည့်၍လည်းကောင်း အလွန်မြန်ဆန်စွာသွားနေကြောင်း သိရသည်ဖြစ်သည်။ .........................
"ဘုရင်မင်းမြတ်က " "မရှိသေးပါဘူး အပြင်သွားပုံပေါ်တယ်" "ကောင်းပြီ....အတိုင်ပင်ခံ...ဘုရင်မင်းမြတ်ကို ကျနော်လျှောက်တင်သွားတာ လေ ပြောပေးပါ" ချပ်ဝတ်တန်ဆာအပြည့်ဝတ်ဆင်ထားသော စစ်သည်တစ်ယောက်သည် အတိုင်ပင်ခံဖယ်အား သတင်းးပေးပြီးသည်နဲ့ ထွက်ခွာသွားလေ၏။ "အင်း...ဘုရင်ကြီးလာမှဖြစ်မယ်" ဖယ်သည် အတွေးများတွေးမိနေ၏။သတင်းအရဆိုလျှင် ဂရိတ်တိုင်းပြည် သည် လက်အောက်ခံတိုင်းပြည်များစွာကို ပိုင်စိုးနိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း ထူးဆန်းပြီးကြောက်မက်ဖွယ်ကောင်းသောအရာတစ်ခုက အဆက်မပြတ်ဖြစ်ပွားနေသောကြောင့် ဘုရင်ထံလျှောက်တင်ရခြင်း ဖြစ်သည်။ ထိုထူးဆန်းသောအရာသည် ကလေးငယ်တစ်ယောက်ဖြစ်ပြီး ထိုကလေးငယ် ရောက်သွားသောနေရာတိုင်း၌ လူသေများဖြင့်သာပြည့်နှက်နေပြီး အသက် ရှင်ကျန်ရစ်သူမရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုကလေးငယ်ကို တပ်ဖွဲ့ဖွဲ့ပြီး သွားရောက်တိုက်ခိုက်ခဲ့သေး သည်။သို့သော်လည်း ထိရောက်မှုမရှိသည့်အတွက် တစ်ဆင့်ဆင့်ဖြင့်တင်ပြ ရင်း နောက်ဆုံး၌ ဂျိတ်ထံတင်ပြရမည့်အဆင့်ထိဖြစ်ပေါ်လာခဲ့လေသည်။ ထိုကလေးငယ်သည် သိမ်းပိုက်ပြီးဖြစ်သော ဂရိတ်တိုင်းပြည်လက်အောက်ခံ နေရာများ၌ဖြစ်ပျက်နေသည်ဖြစ်ရာ အလွန်ပင်အရေးကြီးပေသည်။ထိုကိစ္စ ကိုသာမဖြေရှင်းနိုင်ပါက ဂရိတ်တိုင်းပြည်ကိုသစ္စာခံရန် ထိုနယ်မြေများက အ ယုံကြည်မရှိလာနိုင်သောကြောင့်လည်းဖြစ်၏။ ................. "ဘာကွ...ဘယ်လိုဖြစ်ပြီးရှုံးနိမ့်တာလဲ" စွန်ရဲအင်ပါယာ၏နန်းတော်ထဲ၌ စွန်ရဲဘုရင်မင်းမြတ်သည်ဒေါသထွက် နေသည်။အကြောင်းမှာ မြွေဟောက်အင်ပါယာနဲ့တိုက်ခိုက်သောအခါ မိမိ ဘက်မှစစ်သည်များသည် အထိကျရှုံးခြင်းများစွာဖြင့်တပ်ပြန်ခေါက်လာရ သောကြောင့်ဖြစ်သည်။ "နောက်ထပ်တပ်တွေထပ်လွတ်..ပြီးတော့...စစ်ရေးကျွမ်းကျင်တဲ့ စစ်သေနာပတိတွေပါ ထပ်လွတ်" "အဲ့လိုလုပ်လဲ နိုင်ဖို့မဖြစ်နိုင်သေးပါဘူးအရှင်မင်းကြီး" ထိုသို့လျှောက်တင်သူကတော့ စွန်ရဲအင်ပါယာ၏အောင်မြင်မှုများစွာကိုရှာဖွေ ပေးနိုင်သော စစ်သေနာပတိကြီးအေဗယ်မှ ဖြစ်၏။ "ဘာကြောင့်လဲ" စွန်ရဲဘုရင်မင်းမြတ်၏မိန့်မှုကြောင့် "မှန်လှပါ....ဒီတစ်ခါမှမြွေဟောက်အင်ပါယာကနေ ထူးဆန်းတဲ့သေနင်္က ဗျူဟာတွေထုတ်သုံးလာပါတယ်..အဲ့ဒီဗျူဟာကြောင့် ကျနော်တို့ရဲ့ အစွမ်းထက်လှပါပေ့ဆိုတဲ့ ဗျူဟာတွေအသုံးမဝင်ဖြစ်ကုန်ပြီး.. သေကြေရှုံးနိ မ့်ခဲ့ရတာပါ..သူတို့ကိုနိုင်ဖို့ဆိုရင် ကျနော်တို့ဖက်ကနေလဲ...ဗျူဟာပြောင်းလဲဖို့ လိုပါတယ်" စစ်သေနာပတိ၏လျှောက်တင်မှုကြောင့် စွန်ရဲအင်ပါယာဘုရင်မင်းမြတ် လည်း "ဒါဆိုဘယ်လိုဗျူဟာနဲ့တိုက်ရင်ကောင်းမလဲကွဲ့" "ကျနော်မျိုးစဥ်းစားမိတာရှိပါတယ် အရှင်မင်းမြတ် ဂရိတ်တိုင်းပြည်ကိုစစ်ချီ တုန်းကတွေ့ခဲ့တဲ့ လေယာဥ်ဆိုတဲ့အရာပါ...ကျနော်မျိုးတို့သာအဲ့လိုအရာရခဲ့ ရင်" ထိုသို့ပြောသည်နဲ့ ဘုရင်မင်းမြတ်သည် ယခင်အကြောင်းရာများအား ပြန်လည်စဥ်းစားမိ၏။ "မဖြစ်နိုင်ဘူး...မြွေဟောက်အင်ပါယာ ကအင်အားများလွန်းတယ် အဲ့လေယာ ဥ်လေးနဲ့နိုင်ဖို့မဖြစ်လောက်ပါဘူး" ဘုရင်ပြောသည်လည်း ဟုတ်ပေ၏။ထိုအရာသည် အစွမ်းထက်သော်လည်း တစ်ခုတည်းသာရှိ၏။ "အရှင်မင်းကြီး ကျနော်မျိုးပြောတာဆုံးအောင်နားစွင့်ပေးပါ... ကျနော်မျိုးတို့ သာအဲ့လိုလေယာဥ်ကို ရာနဲ့ချီပိုင်ဆိုင်ထားမယ်ဆိုရင်...." စစ်သေနာပတိမှဆက်မပြောသော်လည်း ဘုရင်သည်ဆိုလိုရင်းကို သဘောပေါက်နေပြီဖြစ်သည်။ထိုလိုအရာသာ အရေတွက်များများရှိနေမည် ဆိုပါက "ဟုတ်တယ်....မင်းပြောတာမှန်တယ်....အခုချက်ချင်း ဂရိတ်တိုင်းပြည်ကငါ့ သမီးကိုအဲ့ကိစ္စနဲ့ပတ်သက်ပြီးဆောင်ရွက်ပေးဖို့ပြောချေ...အဲ့ကိစ္စလုပ်ပေး ရင်... သမီးကိုအဖေအပြစ်မတင်တော့ဘူးလို့"