အခန်း (၃၅၈-၃၆၀)
Vol. 24 Ch. 358-360
(358)အယ်မလီလေး၏ဒေါသ
"သတ်ကြဟေ့" ဆံဖြူလူငယ်မှအရင်ဆုံးအမိန့်ပေးလိုက်၏။ထိုမျောက်ကြီးသာ လှံနတ်ဆိုးတို့ အနားရောက်ရှိပါက တိုက်ပွဲအားသာချက်သည် ပြောင်းပြန်ဖြစ်သွားနိုင်သော ကြောင့်ဖြစ်၏။ "ချ....." မျိုးနွယ်စုမှ စစ်သည်တော်များ၏အသံများဟိန်းထွက်လာပြီး ပြေးလာသော လူဝံအား တိုက်ခိုက်ကြလေ၏။ "ဂါး" မျောက်ကြီးလည်း ဟိန်းဟောက်ကာ တိုက်ပွဲအားဆာလောင်သောစိတ်ဖြင့် ပြေးလာလေ၏။သူ၏အရှိန်ကိုပင်မြင့်လိုက်သေး၏။အယ်မလီလေးကတော့ သူ၏ခေါင်းပေါ်၌ ထိုင်လျက်ပါသွားလေ၏။ "မင်းတို့လဲ သေစမ်း" လက်သီးငါးဖော်လည်း သူတို့၏သန်မာထွားကြိုင်းလှသောကိုယ်ခန္ဓာနဲ့အတူ သူတို့၏ခွန်အားကို ထုတ်ဖော်ပြသလျက် တိုက်ပွဲကိုစတင်ဆင်နွှဲလိုက်လေ၏။ သူတို့၏ဦးတည်ရာကတော့ လှံနတ်ဆိုးတို့ဖက်ကိုပင်ဖြစ်၏။ "ငါသွားမယ် ..." "ငါကောပဲ" ဦးလေးတက်နဲ့လှံနတ်ဆိုးတို့က လက်သီးငါးဖော်ရှိရာသို့ပြေးဝင်သွား လိုက်၏။ တိုက်ပွဲနှစ်ပွဲသည် တစ်ချိန်တည်း၌ဖြစ်ပေါ်လာခဲ့သည်ဖြစ်၏။ "ဝုန်း...ဝုန်း...ဝုန်း" မည်မျှပြင်းထန်သည်ကတော့ ဆိုဖွယ်ရာမရှိ။အချိန်တိုင်းစက္က န့်တိုင်း မြေကြီး များကတုန်ဟီးပြီး မြေမှုန့်ဖုန်မှုန့်များ ထောင်းထလျက်ရှိလေ၏။ "ဝီး...ဝီး...ဝီး" "ဘယ်ဆိုးလို့လဲ မင်းတို့ငါးယောက်တော်တော်လေးတိုးတက်လာပါတယ်" လှံနတ်ဆိုးမှရယ်မောပြီး တိုက်ခိုက်လိုက်၏။လှံတစ်ချက်ချက်သည် သေခြင်း တရားကိုကောင်းစွာသိမြင်စေနိုင်သောကြောင့် လက်သီးငါးဖော်လည်း သတိထားတိုက်ခိုက်လေ၏။ထို့ပြင် ဦးလေးတက်၏တိုက်ခိုက်မှုကြောင့် လည်း အနည်းငယ်တုံ့ဆိုင်းမိသည်။ ဦးလေးတက်၏တိုက်ခိုက်ပုံများသည်လည်း လှံနတ်ဆိုးကဲ့သို့ကြောက်မက်ဖွ ယကောင်းခြင်းမရှ်သော်လည်း သတိထားစရာဖြစ်၏။ဦးလေးတက်၏ လက်သီးချက်သည် မျိုးနွယ်စု၌ကျော်ကြား၏။သူ၏အားအပြည့်လက်သီး ခွန်အားသပ်သပ်ဖြင့် တောင်တစ်ခုလုံးဖြိုနိုင်သောကြောင့် ဖြစ်၏။လက်သီး ငါးဖော်၏လက်သီးချက်များကိုပင် တန်းတူယှဥ်နိုင်သည်အထိ အားပြင်း၏။ ထို့ကြောင့် လှံနတ်ဆိုးနဲ့ဦးလေးတက်တို့ထက် လက်သီးငါးဖော်သည် လူအင်အားသာချေသော်လည်း သတိထားတိုက်ခိုက်နေရခြင်းဖြစ်၏။ "ဝီး....ဝီး....ဝုန်း....ဝီး" ချာက္က ရာဓားများ၊လှံများကတော့ လေထဲ၌ ပျံဝဲနေကြလေ၏။မသိလျှင် နှစ် သစ်ကူးပွဲကျင်းပသော မီးရှုးမီးပန်းပင်တူသေး၏။ထိုသို့ပြောရခြင်းမှာ လည်း လူတိုင်း၏ချာက္က ရာသည် မတူညီကြသောကြောင့်အရောင်မျိုးစုံရှိ နေသည်ဖြစ်၏။ "ဂီး" မျောက်ကြီးမှ သူ့ထံပြေးဝင်လာသော ချာက္က ရာဓားလှံများကို ဟိန်းဟောက် လိုက်၏။ "ခလွမ်း....ဝုန်း" ထိုဟိန်းသံကြောင့် ချာက္က ရာဓားလှံများသည် လေထဲ၌ပင် ပျက်စီးသွားရလေ တော့၏။ "တိုက်ကြ" မိမိတို့ပစ်လွတ်သော ချာက္က ရာလက်နက်များမှ မထိရောက်သောကြောင့် မျိုး နွယ်စုမှစစ်သည်တော်များသည် သူတို့ကိုယ်တိုင် သူတို့၏လက်နက်များကိုင်စွဲ လျက် တိုက်ပွဲအတွင်းသို့ကိုယ်တိုင်ဝင်ရောက်လိုက်ကြလေ၏။ "မဆိုးဘူး...မျောက်က ဟိန်းသံပါသုံးတယ်ဟ..ငါ့အပိုင်သာဖြစ်ရင်" ဆံဖြူကိုယ်တော်၏မျက်လုံးများက တပ်မက်မှုများဖြင့် ပြည့်နှက်သွား လေ၏။ "သူ့ကိုအရှင်ဖမ်းကြစမ်း..ကလေးမလေးကတော့ သေပါစေ" "ဟုတ်" မျောက်ကြီးနဲ့တိုက်ခိုက်သောစစ်သည်တော်များအရေတွက်သည် တ ဖြေးဖြေးဖြင့်များပြားလာလေ၏။အရေတွက်များလာလေလေ မျောက်ကြီး အဖို့ တိုက်ခိုက်ခုခံရခက်ခဲလာလေဖြစ်၏။အကြောင်းမှာ မျောက်ကြီး၏ဟိန်း သံသည် သူတို့အတွက် ထိခိုက်မှုအနည်းငယ်သာဖြစ်စေပြီး မျောက် ကြီး၏လက်သီးချက်များက သူတို့ကို ထိရောက်မှုမရှိသောကြောင့်ဖြစ်၏။ မျောက်ကြီး၏လက်သီးများ ထိခိုက်မှုမရှိရခြင်းမှာ အယ်မလီလေးသည် ရန်သူများအား မထိခိုက်စေရန်နဲ့ လမ်းရှင်းစေရန်သာ ပြောဆိုထားသောကြောင့်ဖြစ်၏။ဤသည်ကို မျိုးနွယ်စုကစစ်သည်များက သိရှိခြင်းမရှိပဲ မျောက်ကြီးသည် အကောင်သာကြီးပြီး အသုံးမကျဟုပြောင် နှောက်စော်ကားပြီး တိုက်ခိုက်ကြလေသည်။ "ဂါး" မျောက်ကြီးသည် အလွန်ဒေါသထွက်သွား၏။သူ၏ညဏ်ရည်သည် လူသား တို့၏ညဏ်ရည်နဲ့အတူတူဖြစ်ရာ မသိပဲနေမည်လား။ထိုစကားများဖြင့် ပြောဆိုတိုက်ခိုက်လာတိုင်း စိတ်ကိုချုပ်တီးပြီး ခုခံကာကွယ်နေသည်ဖြစ်၏။ မျောက်ကြီးသည် အယ်မလီလေးကိုပါကာကွယ်ရသည်ဖြစ်သောကြောင့် တိုက်ခိုက်မှု၏ အများစုကို ရှောင်တိမ်းနိုင်ခြင်းမရှိရာ တိုက်ခိုက်မှုမျက သူ့ အပေါ်သို့ကျလာသည်။သို့သော်လည်း သူ၏ကိုယ်ခန္ဓာသည် အလွန်သန်မာ သည်ဖြစ်ပြီး ဝတ်ဆင်ထားသောချပ်ဝတ်ကြောင့် မထိခိုက်ခြင်းသာဖြစ်၏။ "မျောက်ပေါ်ကကလေးမကိုသတ်ကြစမ်း" စစ်သည်တစ်ဦးမှ အရင်ပြောလိုက်ပြီး မျောက်ကြီး၏ဦးခေါင်းထက်ရှိ ကလေးမထံခုန်ပြေးဝင်သွား၏။မြန်ဆန်လှသောအရှိန်ကြောင့် တခေတ္တ အတွင်း အယ်မလီလေးနားရောက်ရှိသွား၏။ "သတိထား.." အာသာမှ စိုးရိမ်စိတ်ကြီးစွာဖြင့် ပြောသော်လည်း သူ၏အသံသည် အယ်မလီ လေးထံမရောက်နိုင်ပေ။ဝေးကွာသောကြောင့်ဖြစ်၏။ "သူတို့ကိုထုချလိုက်တော့...တော်တော်ရှုပ်တာပဲ..မီးမီးကဖိုးဖိုးနဲ့တွေ့ချင်နေ ပြီ" ထိုစကားကို အယ်မလီလေးသည် မျောက်ကြီးအားပြောလိုက်သည်နဲ့ မျောက် ကြီး၏မျက်နှာသည် ငှက်ပျောခိုင်ကြီးအားတွေ့သည့်နှယ် ပြုံးဖြဲသွားလေ၏။ "ဘာလဲဟ" အယ်မလီနားရောက်လာသောစစ်သည်တော်သည် မျောက်ကြီး၏အပြုံးနဲ့ အတူ ကြောက်စရာအန္တရာယ်အငွေ့သက်ရလိုက်ကြောင်းရိပ်မိသော်လည်း နောက်ကျသွားခဲ့လေပြီ။ "ဟင်....ဟာ...." စစ်သည်တော်တိုင်း အနည်းငယ်ရပ်တန့်သွားကြ၏။သူတို့ထဲမှ စစ်သည်တော် တစ်ယောက်သည် မျောက်ကြီး၏မြန်ဆန်သောလက်ကြောင့် သေပွဲဝင်လိုက် ရပြီဖြစ်၏။သူသေပုံမှ ဧရာမလက်ကြီးထဲပြားချပ်အောင် ဖိညစ်ခံလိုက်ရပြီး သေခြင်းဖြစ်၏။ "ဂီး" မျောက်ကြီးသည် သူ၏စိတ်ကိုဖွင့်ချလိုက်ပြီဖြစ်၏။ "ဖြောင်း..ဖြောင်း" မျောက်ကြီး၏လက်သီးချက်များ လက်ဖဝါးရိုက်ချက်များက အစောကသူနဲ့ လားလားမျှပင်မတူညီတော့ အချက်တိုင်း၌တစ်ယောက်ကတော့ အမြဲလွင့် စက်သွားရသည်ဖြစ်၏။လက်သီးချက်မိလိုက်သောသူတိုင်းသည် အဝေးသို့ လွင့်စင်သွားပြီး ကံမကောင်းသောသူကတော့ တစ်ခါတည်း ဖုန်မှုန့်ဘဝ ရောက်သွားရ၏။အဝေးသို့လွင့်သောသူများလည်း အသက်ရှင်နေ သော်လည်း ဒုက္ခိတဘဝရောက်သွားရန်လုံးဝသေချာလေ၏။ မျောက်ကြီး၏အသေသတ်တိုက်ကွက်များထုတ်သောအခါ သူ၏သွားလာ မှုသည်မြန်ဆန်လာပြီး တားဆီးတိုက်ခိုက်ဝံ့သူမရှိတော့ပေ။မျောက် ကြီး၏ရုတ်ခြည်းဆိုသလို ကြမ်းတမ်းလာမှုက မျိုးနွယ်စုစစ်သည်တော်များ အား အကြောက်တရားရိုက်သွင်းပေးသလိုဖြစ်ပျက်စေခဲ့သည်။ "မျောက်ကြီးတော်တယ်" ဂျိတ်သည် သူ၏ဖခင်ဖြစ်သူကိုယ်ထဲသို့ ချာက္က ရာများထည့်သွင်းပေးနေရင်း ချီးကျူးလိုက်၏။မျောက်ကြီးသည် အယ်မလီလေး၏အလိုကျလည်း လုပ် ပေးသလို သူ၏စိတ်ကျေနပ်စေရန်လည်း အသေသတ်ပစ်သည်ဖြစ်၏။လူ များမသိလိုက်သောအချက်မှာ မျောက်ကြီးသည် အယ်မလီလေးကြောက်ရွံ မည်စိုးသောကြောင့် သတ်ဖြတ်ရာ၌ ထိန်းချုပ်ထားသည်ဆိုသည်ကိုပင်။ သူ၏လက်ဖြင့်ဖိညစ်ခြေသောအခါ အယ်မလီလေးသည် သေသောစစ်သည် တော်၏ရုပ်ပျက်ဆင်းပျက်ဖွယ်အလောင်းနဲ့သွေးများမမြင်ရတော့ပေ။ နောက်ပြီး လက်သီးဖြင့် ထိုးသတ်သောအခါ အဝေးသို့လွင့်ပြီးသေသူနဲ့ ဖုန်မှု န့်အဖြစ်တစ်ခါတည်း ကူးပြောင်းသွားကြသည်သာဖြစ်၏။ဤသည်က အယ် မလီလေးအား သွေးပျက်ဖွယ်မမြင်စေလိုသောကြောင့်ဖြစ်၏။ဤသို့ဖြင့် အချိန်ခဏလေးဖြင့် အယ်မလီလေးသည် သူ၏အဘိုးအနားသို့ရောက်ရှိလ ညလေတော့၏။ "ဟင်...ဘိုးဘိုးက ဘာလို့စုတ်ပျက်နေတာလဲ" အယ်မလီလေးသည် လွန်စွာမှညဏ်ကောင်းသူလည်းဖြစ်၏။ဂျိတ်နဲ့ရုပ်ဆင် သူသည် သူ၏ဘိုးဘိုးဖြစ်ကြောင်း တပ်အပ်သိ၏။သို့သော်လည်း သူမ၏ဘိုးဘိုးဖြစ်သူသည် တစ်ကိုယ်လုံးစုတ်ချာနေသည့်အပြင် သွေးများ လည်း ထွက်ကြောင်း သူ၏ဝတ်ဆင်ထားသောအဝတ်စားများက ဖော်ပြ နေ၏။ "နင်....နင်တို့...ငါ့ဘိုးဘိုးကိုအနိုင်ကျင့်ရဲတယ်ပေါ့လေ.....ဝိုင်းရိုက်ကြစမ်း" အယ်မလီမှဒေါသကြီးစွာအော်ဟစ်လိုက်၏။ဤသည်ကိုတော့ ဂျိတ်ပင်မမျှော် လင့်မိသောအချက်ဖြစ်၏။အယ်မလီလေးကိုယ်မှ ထူးခြားပြီးဖော်ပြ၍မရနိုင် သော အော်ရာသည် နေရာအနှံသို့ပြန့်သွား၏။ ပြန့်နှံပြီးသည်နဲ့ တိုက်ခိုက်နေသောသူတိုင်း ရပ်တန့်လိုက်ကြ၏။အဘယ် ကြောင့်ဆိုသော် ကြီးမားသောဘေးအန္တရာယ်ကိုအာရုံခံမိလိုက်ကြသောကြော င့်ဖြစ်၏။
(359)ပိုးကောင်နတ်ဆရာ
("စနစ် ဘာတွေဖြစ်ကုန်တာလဲ") ("အဓိကအကြောင်းရင်းသည် သင်၏သမီးလေးကြောင့် ဖြစ်၏။သူ၏အမိန့် အာဏာစတင်ဖြန့်ကျက်မှုကြောင့် မိုင်တစ်ရာအတွင်း၌ရှိနေသော တိရစ္ဆာန် များသည် သူ၏အမိန့်အတိုင်းနာခံရန် ပြေးလာကြသော်ကြောင့် ထိုသို့ ဖြစ်လာခြင်းဖြစ်ပါသည်။") ("ဒါဆို သူရဲ့ကိုယ်ခန္ဓာအစွမ်းကနိူးထပြီးစတင်အသုံးချလို့ရနေပြီပဲ") ဂျိတ်သည် တွေးမိလိုက်သည်။တစ်ဆက်တည်းမှာပင် သူ၏ဖခင်အားချာက္က ရာဖြည့်တင်းမှုကိုဆက်လက်တိုးလိုက်၏။ ("ငါ့အဖေကတော်တော်လေးသန်မာချေတာပဲ") ဂျိတ်သည် သူ၏ဖခင်ကိုယ်ခန္ဓာထဲသို့ချာက္က ရာများထည့်သွင်းသည်မှာ အချိန် အနည်းငယ်ကြာပြီဖြစ်သော်လည်း ယခုထိပြည့်ခြင်းမရှိသောကြောင့် ဖြစ်၏။သူ၏ဖခင်သည်လည်း မာစတာစစ်သည်တစ်ယောက်ဖြစ်ကြောင်း သိ ထားပြီးဖြစ်၏။သို့သော်လည်း သူ၏ချာက္က ရာလမ်းကြောင်းသည် အဆင့်တူ စစ်သည်များထက် လေးဆပိုကြီးကြောင်းတွေ့ရလေ၏။ထို့ကြောင့်လည်း ဂျိ တ်၏ချာက္က ရာထည့်သွင်းမှုရပ်တန့်ခြင်းမရှိသေးသည်လည်းဖြစ်၏။ (."ငါ့သားက ငါမရှိတုန်းတော်တော်လေးပြောင်းလဲသွားတာပဲ") အာသာသည် ဂျိတ်မှမိမိအားချာက္က ရာဖြည့်တင်းပေးသည်ကိုကြည့်ရင်းတွေး မိ၏။သူသည် ချုပ်နှောင်ထားခံရသည်မှာကြာညောင်းပြီဖြစ်သောကြောင့် သူ့ ကိုယ်အတွင်း၌ ချာက္က ရာသည် မရှိသလောက်ပင်ဖြစ်နေ၏။ဂျိတ်မှ သူ၏ချာ က္က ရာထည့်သွင်းသောအခါ သူ၏ကိုယ်မှလိုလိုလားလားပင် စုပ်ယူလေ၏။ ("ဟင်..ငါ့သားက...") ဂျိတ်၏ချာက္က ရာသည် မိမိကိုယ်တွင်းဝင်ရောက်လာသောအခါ အလွန်မင်း ထူးခြားကြောင်း တွေ့ရလေ၏။မိမိ၏ကိုယ်မှချာက္က ရာနဲ့လိုက်ဖတ်ပြီး အလွန် သန့်စင်သောကြောင့်ဖြစ်၏။မိမိ၏သားသည် မာစတာအဆင့်မရောက်သေး ကြောင်း သူသိ၏။သို့သော်လည်း ဂျိတ်၏အားဖြည့်ပေးမှုကြောင့် သူ၏ချာ က္က ရာသည်30%ထိ ပြန်လည်ပြည့်လာပြီဖြစ်၏။ "ရပြီသား" အာသာ၏ပြောမှုကြောင့် ဂျိတ်လည်း ချာက္က ရာဖြည့်တင်းမှုရပ်တန့်လိုက်၏။ သူ၏ဖခင်သည် မိမိချာက္က ရာကုန်ခမ်းမည်စိုးရိမ်သောကြောင့် ရပ်ခိုင်းမှန်း သိ၏။သူ၏ဖခင်မသိသည်ကား ဂျိတ်၏ချာက္က ရာသည် သူ၏ဖခင်အား ပြည့် တင်းအောင်ဖြည့်နိုင်သည့်အပြင် ပိုလျှံသည်ဆိုသည်ပင်ဖြစ်၏။ "မြေးလေး...ဖိုးဖိုးဆီလာပါဦး" "ဟုတ်...ဖိုးဖိုး...မြေးလေးကိုပွေ့ပေး" အယ်မလီလေး၏ချစ်စရာကောင်းသောအပြုမှုနဲ့စကားကြောင့် အာသာပင် ရယ်မောမိပြီးသဘောကျသွား၏။သူ၏မြေးမလေးက အလွန်ပင်ချစ်စရာ ကောင်းသောကြောင့်ဖြစ်၏။ "ဟာ...ဘာတွေလဲ" များစွာသော တိရစ္ဆာန်များသည် မိမိတို့ရှိရာနေရာသို့ပြေးဝင်လာကြောင်း စစ်သည်တော်များတွေ့ရလေ၏။ထိုတိရစ္ဆာန်များသည် အမျိုးစုံပင်ဖြစ်၏။ အိမ်ကြက်မှအစ တောရိုင်းသားရဲမျိုးစုံပင်ဖြစ်၏။ "ညောင်း......ဝုတ်.....ဂီး" တိုက်ပွဲဆိုသည်ထက် လူသားနဲ့တိရစ္ဆာန်များတို့၏သတ်ပုတ်ပွဲနဲ့ပင်ဆင်တူ သွားလေ၏။များစွာသော အကောင်ပလောင်တို့သည် အယ်မလီလေး၏အမိ န့်ကြောင့် အသက်ပင်ပဓာနမထားပဲ တိုက်ခိုက်ကြတော့၏။ထိုပြသနာ တို့၏အဓိကလက်သည်လေးကတော့ အာသာ၏လက်မောင်းထက်၌ပွေ့ပြီး ချိုချဥ်စားနေလေ၏။အယ်မလီလေးသာ အေးဆေးဖြစ်နေသော်လည်း ကျန် သောသူများအဖို့အတွက်တော့ ကမ္ဘာပျက်ကိန်းသာဖြစ်၏။ "ဒီအကောင်တွေကိုရှင်းသတ်ကြစမ်း" မျိုးနွယ်စုမှစစ်သည်တော်များသည် မိမိတို့ထံပြေးဝင်လာသောအကောင် တိုင်းကို စတင်သတ်ဖြတ်လိုက်ကြလေ၏။ "ဝုန်း....ရွှမ်း...." ထိုဓားချက်များ လက်သီးချက်များကြောင့် ပြေးဝင်လာသောအကောင် များသည် သေပွဲဝင်ကြရတော့၏.။ အရည်အသွေးထက် အရေတွက်များပြားသော်လည်း စစ်သည်များက အရည်သွေးက အဓိကဖြစ်ကြောင်း လုပ်ပြခဲ့ကြ၏။သို့သော်လည်း ထိုအရေ တွက်သည် ဟန့်တားစေရုံသာဖြစ်ကြောင်း အချိန်နှောင်းမှသိလိုက်ကြ လေ၏။ "မြေးမလေး စီးလာတဲ့မျောက်ကြီးကော" အာသာသည် အယ်မလီလေးအား မေးလိုက်၏။အယ်မလီလေးမှ "သူပြောတာ သူ့ကိုစိတ်ဆိုးအောင်လုပ်တဲ့ကောင်တွေကို ပညာသွားပေးမယ် ပြောတာပဲ" "အို" အာသာမှ အံသြမိ၏။သူ၏မြေးမလေးသည် မျောက်ကြီးနဲ့လည်း စကားပြောနိုင်စွမ်းရှိကြောင်းသိလိုက်ရလေ၏။သူမရှိခင်အချိန်၌ ဘာတွေ များဖြစ်ပျက်သွားသလဲ မသိတော့ပေ။သူ၏သားကလဲ ကြမ်းတမ်းထက်မြက် လာသလို သူ၏မြေးမလေးလဲ မရိုးရှင်းကြောင်း သိလိုက်ရလေ၏။ "အဖေ ထင်သလိုပါပဲ အဖေ့မြေးမလေးက သားရဲသခင်ကိုယ်ခန္ဓာမျိုးနိူးထ ထားတာ.. နောက်ဆိုရင်သူက သားရဲတွေရဲ့အရှင်သခင်မဖြစ်လာလိမ့်မယ်" အာသာ ဆွံအသွားလေ၏။သူ၏မြေးမလေးသာအရွယ်ရောက်ပြီး ထိုသို့ ဖြစ်လာပါက ကြောက်မက်ဖွယ်ကောင်းသွားမည်ဖြစ်၏။ထိိုသို့ဖြစ်လာမည်ဆို ပါက လက်ရှိကတည်းကပင် ကာကွယ်ရမည်ဖြစ်၏။မိမိမြေးမလေးအား ရန်လိုနေသူသည် မည်မျှရှိကြောင်း အာသာအနေဖြင့်ကောင်းကောင်းကြီး သိ၏။ထို့ကြောင့် သူ၏မြေးမလေးကိုလည်း အကောင်းဆုံးကာကွယ်ပေးရန် ဆုံးဖြတ်လိုက်၏။ စစ်သည်များနဲ့ တိရစ္ဆာန်တို့၏တိုက်ပွဲကား ပြီးဆုံးမည်ပုံမပေါ်ပေ။တိရစ္ဆာန် များသည် သေကြေသော်လည်း ဆက်တိုက်ဆိုသလိုတိုက်ခိုက်နေကြသည် ဖြစ်၏။ထို့ကြောင့် စစ်သည်တော်များကလည်း မိမိတို့၏လက်နက်ဖြင့် သတ်ဖြတ်ရလေတော့၏။ထိုသို့မလုပ်ပါကလည်း မိမိတို့သာ ခံကြရမည် ဖြစ်၏။ "မင်းအနောက်မှာ" စစ်သည်တစ်ယောက်မှ နောက်တစ်ယောက်ကိုသတိပေးသော်လည်း နောက်ကျခဲ့လေပြီ။ "ဖြောင်း" ကြီးမားသောလက်ချောင်းများက သတိပေးခြင်းခံရသော စစ်သည်တော်ကို ရိုက်သတ်ပစ်လိုက်ပြီဖြစ်၏။ "ဂါး" မျောက်ကြီးသည် သတ်ဖြတ်ပြီးသည်နောက်တစ်နေရာသွားပြီး နောက် စစ်သည်တော်များအား ဆက်လက်သတ်ဖြတ်၏။စစ်သည်တော်များသည် သာမန်တိရစ္ဆာန်များသည် မိမိတို့အတွက် အသက်အန္တရာယ်မပေးစေနိုင် သော်လည်း အလွန်ပင်အနှောင့်ယှက်ဖြစ်သောကြောင့် သတ်ဖြတ်ရလေ၏။ သူတို့မသိသည်က ထိုသာမန်တိရစ္ဆာန်များသည် တည်ကြက်ဖြစ်ပြီး အဓိက အန္တရာယ်သည် မျောက်ကြီးဖြစ်သည်ဆိုသည်ကိုပင်။သူတို့သည် သာမန် တိရစ္ဆာန်များနဲ့အလုပ်ရှုပ်နေသောကြောင့် မျောက်ကြီးအတွက် အခွင့်ရေး များရရှိသွား၏။ထိုအခွင့်ရေးကို အသုံးချကာ မျောက်ကြီးသည် သူ၏လက်သီးများဖြင့် ထိုစစ်သည်တော်များအား သတ်ဖြတ်ပစ်၏။ စစ်သည်တော်များသည် သန်မာသော်လည်း မျောက်ကြီး၏လက်သီးဖြင့်တွေ့ သောအခါ ပျော့တော့နေသော မုန့်ပမာပင် သေကြေသွားရလေ၏။ "ဝုန်း...ဝုန်း....ဝုန်း...." လေခွင်းသံများ ပေါက်ကွဲသံများပြည့်နှက်နေ၏။ တိုက်ခိုက်မှုများက မြေပေါ်သာမက လေပေါ်မှာပါ တည်ရှိ၏။တစ်မိနစ် ဟူသောအချိန်အတွင်း၌ ထောင်ချီသောတိုက်ခိုက်မှုပြီးဆုံးသွားပြီလည်း ဖြစ်၏။ "လက်သီးငါးဖော် ဗျူဟာ" တစ်ဖက်တွင်လည်း တိုက်ပွဲက လွန်စွာပြင်းထန်လှ၏။ လက်သီးငါးဖော်မှ ဗျူဟာချပြီးတိုက်ခိုက်လိုက်သည်နဲ့ ကြောက်ခမန်းလိလိ ခွန်အားများရရှိသွား၏။ထို့ပြင် သူတို့တစ်ဦးချင်းကို တိုက်ခိုက်ပါကလည်း ငါးယောက်နဲ့တစ်ပြိုင်တည်းတွေ့သလို ဖြစ်ပျက်နေရာ လှံနတ်ဆိုးပင် ထိုး ဖောက်နိုင်ခြင်းမရှိပေ။ "ငါသာအရင်လို အားအင်အပြည့်ဆို မင်းတို့သေနေတာကြာပေါ့" "ဟုတ်ပါတယ် အရင်လို ခင်ဗျားအားပြည့်နေရင် ကျုပ်တို့ငါးဖော်က မရဲပင်မဲ့ အခုက ခင်ဗျားကအားနည်းနေတယ်လေ" လက်သီးငါးဖော်မှ ရယ်မောလိုက်ပြီး လှံနတ်ဆိုးအားတိုက်ခိုက်လိုက်၏။တစ် ချိန်တည်း တစ်ပြိုင်တည်းဆင်းသက်လာသော လက်သီးဆယ်လုံး ။ဆင် လက်သီးသိုင်းကိုအသုံးပြုထားသည်ဖြစ်ရာ တစ်ပြိုင်တည်း ဆင်ဆယ်ကောင် ဖြင့် ထိပ်တိုက်တွေ့လိုက်ရသလိုပင်ဖြစ်၏။ "ထိုးဖောက်ခြင်း" လှံနတ်ဆိုးမှ သူ၏လှံကိုဆက်တိုက်ဆိုသလို လက်သီးဆယ်လုံးရှိရာအရပ်သို့ ထိုးချလိုက်၏။ "ထန်..ထန်" သံချင်းသံထိတွေ့လိုက်သည်ပမာ ဆူညံသံများသာ ထွက်ပေါ်လာလေ၏။ သို့သော်လည်း လှံနတ်ဆိုးမှအနည်းငယ်အရေးနိမ့်နေကြောင်း သိသာစွာမြင် ရလေ၏။ "ကျုပ်ကိုပါမေ့နေတာလား...တောင်ခွင်းလက်သီး" လာပါပြီ။တက်၏နာမည်ကြီးကျော်ကြားလှသောလက်သီးကလည်း လှံ နတ်ဆိုးဘက်မှကူညီလာလေ၏။ "ဝုန်း" လေထုပင် အသံမြည်လာရသည်အထိ ထိုးချက်အားကပြင်းထန်ပေ၏။ ထိုအခါမှ လှံနတ်ဆိုးဘက်မှအရေးနိမ့်ရာ ပြန်လည်ထလာလေ၏။သူတို့ တိုက်ခိုက်နေရာနေရာသို့ မည်သူကမျှဝင်ရောက်ရဲခြင်းမရှိပေ။အကြောင်းမှာ မာစတာစစ်သည်များ၏တိုက်ခိုက်မှုသည် အလွန်ပြင်းထန်သောကြောင့် ဖြစ်၏။တစ်ခါတစ်လေ မြေကြီးပေါ်၌ဆက်တိုက် တိုက်ခိုက်နေမည်ဖြစ် သော်လည်း ခဏကြာလျှင်ကောင်းကင်၌ပျံပြီးတိုက်ခိုက်နေမည်လည်း ဖြစ်၏။ထိုသို့ပျံသန်းတိုက်ခိုက်နိုင်ခြင်းကလည်း မာစတာအဆင့်၏အောက်မှ စစ်သည်များထက်ကြီးစွာသော ကွာခြားချက်ဖြစ်ပေါ်စေ၏။ "ဟေ့ ဟိုမှာ နတ်ဆရာထွက်လာပြီ" အာသာသည် ဂျိတ်အားပြောပြ၏။ဂျိတ်လည်း ကြည့်လိုက်ရာ အရွယ်အိုမင်း နေသော လူကြီးသည် ပိုးကောင်များခြံရံလျက် မိမိအားဒေါသတကြီးကြည့် နေကြောင်းတွေ့လိုက်ရလေ၏။သိလိုက်လေပြီ။မိမိသည် သူ၏ပိုးကောင် များကိုသတ်ဖြတ်လိုက်သောကြောင့် ဖြစ်ကြောင်း သိလိုက်ပြီဖြစ်၏။ထို့ကြော င့် ထိုနတ်ဆရာအား ရင်ဆိုင်ရန်အလုပ် အာသာမှဟန့်တားကာ "သူ့ကိုအဖေ့တာဝန်ထားလိုက်စမ်းပါ"
(360)နောက်ဆုံးတိုက်ကွက်
"ကောင်းပြီ ဂရုစိုက်ပါ" ဂျိတ်သည် သူ၏ဖခင်ကိုခွင့်ပြုလိုက်၏။သူ၏ဖခင်သည် ယခင်လောက်မ ကောင်းသေးသော်လည်း တိုက်ခိုက်နိုင်သည်ကတော့ ပြောစရာမလိုပေ။ "သောက်အဖိုးကြီး..ခင်ဗျားနဲ့ကျုပ်စာရင်းရှင်းရအောင်" အာသာသည် မြေးမလေးအယ်မလီအား သားဖြစ်သူလက်ထဲအပ်ပြီးသည်နဲ့ စတင်စိန်ခေါ်တော့၏။ "ငလူးမ အာသာ...အရင်လိုသေချင်နေပြီလား" ပိုးကောင်နတ်ဆရာသည် ဂျိတ်အားဒေါသထွက်ရာမှ မိမိအားဆဲလာသော အာသာကြောင့်ဒေါသထွက်သွားရပြန်၏။သူ၏ဒေါသ သည် လူပြောင်းသွား သည်ဖြစ်သည်။ "အရင်တုန်းက ခင်ဗျားက ကံကောင်းသွားတာပါ အခုတော့ကံကောင်းမလား ကျုပ်သိချင်မိပါရဲ့" အာသာသည် သူ၏အကြောများဖြေလျော့ပြီး ယခင်အတိုင်းကိုယ်တွင်းချာက္က ရာကို လှည့်ပတ်လိုက်၏။ထိုအခါ သူ၏တစ်ကိုယ်လုံးမီးတောက်လာပြီး သူ၏ကိုယ်အပေါ်ပိုင်းတွင်ဝတ်ရုံမျှသာဝတ်ဆင်ထားသော အဝတ်စားများက လောင်ကျွမ်းပြာကျသွားလေ၏။ "ဖိုးဖိုးက ချောတယ်" အယ်မလီလေး၏စကားကြောင့် ဂျိတ်ပင်ပြုံးမိ၏။သူ၏ဖခင်သည် တိုက်ခိုက် ရန်လုပ်ဆောင်သောအခါ သူ၏ကိုယ်၌မီးတောက်လာပြီး သူ၏အဝတ်စား များလောင်ကျွမ်းစေခဲ့သည်။ထိုအခါ သူ၏သန်မာကြံခိုင်တောင့်တင်းလှ သော ကိုယ်ခန္ဓာကထင်ရှားစွာပေါ်ပေါက်လာလေ၏။အနီရောင်မီးများက အာသာအားပိုမိုထင်ရှားစေခဲ့လေ၏။ ဝမ်းဗိုက်ကြွက်သားများက နေရာတကျအစီရီတည်ရီနေပြီး ယောကျာ်း ကောင်းတစ်ယောက်၏ပုံစံအသွင်ပြင်ရှိကာ အဆီဟူ၍မရှိသည့်ပုံစံမျိုး ဖြစ်၏။နောက်ပြီး တည်ငြိမ်ရင်ကျက်ခန့်ငြားပြီး ရုပ်၌ရင့်ကျက်စေသော အသွင်ပြင်ဖြစ်သည် ပသိုင်းမွှေးလည်းရှိရာ လူကြီးလူကောင်းဆန်သည့်ပုံစံ အသွင်ပြင်ဖြစ်စေ၏။ (ဝမ်းဗိုက်ကြွက်သားတွေနဲ့ကြံခိုင်တောင့်တင်းလှပြီးကိုယ်ခန္ဓာစောင်ရမ်း မိုက်သော အယ်မလီလေး၏အဖိုး)ဂျိတ်ထိုသို့တွေးမိသည်နဲ့ စိတ်ထဲတော့ခိုး လုလုဖြစ်သွား၏။ "ရော့ အဖိုးကြီး သေစမ်း" "မြန်လိုက်တာ" ကြည့်မိသူတိုင်း လန့်သွားကြ၏။အာသာသည် ချက်ချင်းဆိုသလို ဂျိ တ်၏အနားမှပျောက်ကွယ်သွားပြီး ပိုးကောင်နတ်ဆရာအနားရောက်ချသွား သောကြောင့်ဖြစ်၏။ရောက်သွားသည်နဲ့ မီးတောက်နေသောလက်သီးဖြင့် ပိုးကောင်နတ်ဆရာအား ထိုးချ၏။ထိုအခါ နတ်ဆရာလည်း မြန်ဆန်စွာပင် သူ၏တောင်ဝှေးဖြင့်ခုခံကာကွယ်လိုက်၏။ "ဝုန်း" ထိုးချက်ပြင်းထန်သောကြောင့် နတ်ဆရာပင်ခြေလှမ်းနှစ်ဆယ်မျှဆုတ်လိုက် ရ၏။ "သောက်အာသာ ပိုသန်မာလာတာပေါ့" အမှန်တော့ အာသာလည်း အံသြနေသည်ဖြစ်၏။သူ၏သားချာက္က ရာသည် အလွန်သန့်စင်သောကြောင့် သူ၏ထိုးချက်ကိုပင်တိုးတက်လာစေကြောင်း သိ လိုက်ရသောကြောင့်ဖြစ်၏။ "သေစမ်း..အာသာ...ငါ့ရဲ့မရဏပိုးကောင်" ပိုးကောင်နတ်ဆရာ၏တောင်ဝှေးမှ လက်သီးဆုပ်လောက်အရွယ်စားရှိသော အမဲရောင်ပိုးကောင်ငါးကောင်ထွက်ပေါ်လာလေ၏။ထိုပိုးကောင်များသည် အလွန်မြန်ဆန်သလို ကြောက်မက်ဖွယ်ရာကောင်း၏။အကြောင်းမှာ ထို ပိုးကောင်များကို အမျိုးစားစုံလင်လှသောအဆိပ်များကြွေးမွေးပြီး စောင့် ရှောက်ပြုစုပေးရသောကြောင့်ဖြစ်၏။ ထိုသို့လုပ်ဆောင်ပြီးသောကြောင့် ထို ပိုးကောင်များသည် ပစ်မှတ်ထားသူအား တိုက်ရိုက်ကိုက်သည်ဖြစ်စေ သို့မဟုတ် ပိုးကောင်၏ကိုယ်ခန္ဓာအစိတ်ပိုင်းတစ်ခုခုဖြင့်ဖြစ်စေ ထိမိရုံဖြင့် ဆယ်စက္က န့်အတွင်းအရိုးဆွေးပြာကျ သေဆုံးရမည်ဖြစ်၏။ "မီးတောက် အကာကွယ်" အာသာသည် မြန်ဆန်လွန်းသော မရဏပိုးကောင်ငါးကောင်ကြောင့် ထွက်ပြေးခြင်းမရှိပဲ ချာက္က ရာအကာကွယ်ဖန်တီးလိုက်၏။ထိုအကာကွယ်ကို မီးတောက်များဖြင့် ဖုံးလွှမ်းလိုက်စေ၏။ "ဂျိန်း.....ဂျိန်း....." ပိုးကောင်ငါးကောင်၏တိုက်ခိုက်အားကလည်းပြင်းလှ၏။မာစတာအဆ င့်၏အကာကွယ်ကို ချိုးဖောက်နိုင်သည်အထိအားပြင်းလှရာ နောက်ထပ် သောသုံးချက်မြောက်တိုက်ခိုက်မှု၌ မီးတောက်အကာကွယ်ကြီးမှာ ပျက်စီး သွားလေတော့၏။ပျက်စီးသွားသည်နဲ့ အာသာကိုဆက်လက်တိုက်ခ်ိုက်ကြ လေ၏။ "မီးတောက်အရှိန်ဟုန်" အာသာသည် ခြေလှုပ်ရှားသိုင်းကိုသုံးပြီး မိမိထံလမ်းကြောင်းမတူပြေးဝင် လာသော ပိုးကောင်ငါးကောင်ကို ရှောင်တိမ်းလိုက်၏။သူ၏ခြေထောက်တွင် လည်း အနီရောင်မီးတောက်များကရစ်ပတ်လွှမ်းခြုံထား၏။ "မီးတောက်လောင်ကျွမ်းခြင်း" အာသာသည် မီးတောက်များဖြင့် ပစ်လွတ်တိုက်ခိုက်လိုက်၏။အနီရောင် မီးတောက်များက မရဏပိုးကောင်များအားလောင်ကျွမ်းစေလိုက်၏။ သို့သော်လည်း ပိုးကောင်များမှာ ဘာမှမဖြစ်ပေ။ "မီးလောင်မယ်ထင်နေလား ငါ့ပိုးကောင်ကမီးမကြောက်ဘူးကွ" နတ်ဆရာကြီးသည်ရယ်မောကာပြောလိုက်၏။ ("အဖေက မီးတောက်နဲ့ပတ်သက်ရင်တော်တော်လေးအကျွမ်းတဝင်ရှိလှတာ ပဲ") ဂျိတ်သည် သူ၏ဖခင်ဖြစ်သူ၏တိုက်ပွဲကိုကြည့်ကာသုံးသပ်နေ၏။မီး စွမ်းအားသည် အာသာ ငွေအဆင့်သို့ရောက်ချိန်၌ပေါ်ပေါက်လာသော စွမ်းအင်ဖြစ်၏။ထိုစွမ်းအင်ကို မျိုးနွယ်စုမှရှိသောမီးနဲ့ဆိုင်ရာသိုင်းများနဲ့ သူ၏မီးအပေါ်နားလည်သဘောပေါက်မှုတို့နဲ့တွဲဖက်လိုက်သောအခါ အလွန် ကြောက်မက်ဖွယ်ရာကောင်းသောပါရမီရှင်အဖြစ်ရောက်သွားခဲ့သည်လည်း ဖြစ်၏။ အာသာသည် အလွန်မြန်သော မရဏပိုးကောင်ငါးကောင်ကိုရှောင်တိမ်းနေ သောအဖြစ်ကိုကြည့်ရင်း ပိုးကောင်နတ်ဆရာသည် ရယ်မောနေမိ၏။မိမိအား အာချောင်သောလူမှာ မိမိ၏ပိုးကောင်များကြောင့် သောက်လုပ်ရှုပ်နေပြီ ဖြစ်၏။ "သေစမ်း" နတ်ဆရာသည် သူ၏တောင်ဝှေးမှနောက်ထပ် မရဏပိုးကောင်နှစ်ကောင်ကို ထပ်ထုတ်လိုက်၏။ထိုအခါ မရဏပိုးကောင်သည် ခုနှစ်ကောင်အထိရောက်ရှိ သွား၏။အရေတွက်တိုးလာသည်နဲ့ အာသာ၏လှုပ်ရှားမှုသည် အကြပ်ကျဥ်း ထဲသို့ရောက်ရှိသွားလေတော့၏။ "သွားပြီ" အာသာမှ ရေရွတ်လိုက်၏။သူလုပ်မိသောအမှားတစ်ခုကြောင့်လွတ်လမ်း ပျောက်သွားပြီး ချောင်ပိတ်မိသွားလေတော့၏။ထို့ကြောင့် နေရာအနှံ့မှ ပိုးကောင်ခုနှစ်ကောင်သည် အာသာထံပြေးဝင်လာလေ၏။သူတို့၏ချွန် ထက်သော သွားများကို ပြသပြီး ကိုက်ဖြတ်ရန်ကြိုးစားလိုက်ကြ၏။ "အာသာ မင်းသေပြီ" ပိုးကောင်နတ်ဆရာမှရယ်မောကာ ပြောလိုက်၏။သူသည်အလွန်ပျော်ရွှင် နေ၏။အဘယ်ကြောင့်ဆိုသော် ဖိုက်တာတိုက်ခိုက်သူမျိုးနွယ်စု၌နာမည်ကျော် ပါရမီရှင်ဖြစ်ခဲ့သည့်သူသည် မိမိ၏လက်ချက်ကြောင့် သေရတော့မည်ဖြစ် သောကြောင့်ဖြစ်၏။ "အဲ့လိုထင်လား" အာသာအနားသို့ ပိုးကောင်များကိုက်ခါနီး၌ အာသာ၏အပြုံးထွက်ပေါ်လာ လေ၏။ထိုအပြုံးကိုမြင်သည်နဲ့ နတ်ဆရာသည် တစ်ခုခုမှားနေကြောင်း သိ လိုက်ပြီး သူ၏ပိုးကောင်များအား ပြန်ဆင့်ခေါ်ရန်ကြိုးပမ်းလိုက်၏။ သို့သော်လည်း နောက်ကျခဲ့လေပြီ။အာသာအနားသို့ ပိုးကောင်ခုနှစ်ကောင် ရောက်လာသည်နဲ့ အာသာအပေါ်လွှမ်းခြုံထားသောမီးတောက်သည် အနီ ရောင်မှအပြာရောင်သို့ပြောင်းလဲသွားပြီး "မီးတောက်လောင်ကျွမ်းခြင်း" သန့်စင်အားကောင်းလှသော အပြာရောင် မီးတောက်များကို မိမိနားကပ်လာသော မရဏပိုးကောင်ခုနှစ်ကောင်အား လောင်ကျွမ်းစေလိုက်၏။ "ဗီ.....ဗီ.....ဗီ" မီးမကြောက်ဘူးဆိုသော ပိုးကောင်များသည် သူတို့၏ကိုယ်၌အပြာရောင် မီးတောက်များတိုက်စားမှု ကြောင့် နာကျင်စွာအော်ဟစ်ရင်းသေဆုံးသွားရတော့၏။ "အား...." ပိုးကောင်များသေဆုံးသည်နဲ့ နတ်ဆရာကြီးသည်လည်း သွေးများတပွက် ပွက်အန်တော့၏။အကြောင်းမှာ ထိုပိုးကောင်များနဲ့ချိတ်ဆက်ထားသော ကြောင့်ဖြစ်၏။ "အာသာ မင်းသေရတော့မယ်" "အိုး ခြောက်တော့ကြောက်ရမယ်ပေါ့" အာသာမှပြန်လည်တုံပြန်လိုက်၏။နတ်ဆရာလည်း သူ၏တောင်ဝှေးကို ရိုက် ချိုးပစ်၏။ "ခွမ်း" ထိုအခါ တောင်ဝှေးထဲမှ အဖြူရောင်ပိုးကောင်လေးရှိကြောင်း တွေ့လိုက်ကြ ရလေ၏။ထိုပိုးကောင်လေးသည် ငြိမ်သက်အိပ်စက်လျက်ရှိလေ၏။ "အာသာမင်းသေကိုစေရမယ် ငါရဲ့နောက်ဆုံးအကွက်နဲ့သေရမယ်" နတ်ဆရာသည် သူ၏တောင်ဝှေးကျိုးရာမှထွက်ပေါ်လာသော ပိုးကောင်လေး ကိုသူ၏ဘယ်လက်ဖြင့်ကိုင်ထား၏။သူ၏ညာဘက်ရှိလက်ညှိုးအား သွေး ထွက်အောင် သွားဖြင့်ကိုက်ပစ်၏။ထိုအခါသွေးထွက်လာသည်။သွေးထွက် လာသည်နဲ့ သွေးထွက်နေသော ညာလက်ညှိုအား ဘယ်လက်၌ရှိနေသော ပိုးကောင်နားသို့ကပ်လိုက်၏။ ထိုသို့လုပ်လိုက်သည်နဲ့ငြိမ်သက်အိပ်စက်နေသော ပိုးကောင်သည် ချက်ချင်းပင်ထလာပြီး သွေးများအားသောက်သုံးလေ၏။ သွေးသောက်ရုံတင်မကပဲ သွေးထွက်ရာ ညာလက်ညှိုးထဲသို့ပါ ဝင်ရောက်၌ နတ်ဆရာ၏ကိုယ်ထဲသို့ ဝင်ရောက်သွားလေ၏။ "ဟားဟား...ငါ့ကိုဘယ်သူမှမတားနိုင်တော့ဘူးကွ" နတ်ဆရာသည် အရူးတစ်ယောက်သဖွယ်ရယ်မောပြီး ကောင်းကင်ကြီးအား အော်ဟစ်နေ၏။ ထိုနတ်ဆရာ၏နောက်ဆုံးအကွက်ဆိုသောအရာမှ ဆိုးဝါးသောတစ်ခုခုဖြစ် တော့မည်ဖြစ်ကြောင်း ဂျိတ်ခံစားမိ၏။