အခန်း (၃၆၄-၃၆၆)
Vol. 25 Ch. 364-366
(364)ကပ်ဆိုးကလေးငယ်ကိုဖမ်းခြင်း
"ဘုရင်ကြီးရောက်လာပြီဟေ့" နန်းတော်၏လေယာဥ်ဆင်းသက်ရာနေရာပေါ်၌ လေယာဥ်တစ်စီးသည် ဆင်းသက်ရန်ပြင်သည်ကိုမြင်သည်နဲ့ အစောင့်သည် စတင်အသိပေး လိုက်၏။ထိုအခါ နန်းတော်တစ်ခုလုံး၌ရှိနေသော စစ်သည်တော်များသည် ညီညာစွာဖြင့် ထိုနေရာသို့မြန်ဆန်စွာရောက်ရှိလာပြီး စောင့်စားလိုက်ကြ၏။ လေယာဥ်သည် ဖြေးညင်းစွာဖြင့် လေယာဥ်ရပ်နားရာနေရာ၌သပ်ဆင်း ပြီးသည်နဲ့ တံခါးပေါက်သည်စတင်ပွင့်လာသည်။ "ဘုရင်ကြီး ကြိုဆိုပါတယ်" အတိုင်ပင်ခံဖယ်နဲ့တကွ နန်းတော်၌ရောက်ရှိနေကြသောမူးမတ်များ၊အရာရှိ များနဲ့စစ်သည်တော်များအရိုသေပေးလိုက်ကြလေ၏။ "ဟင် သူတို့တွေက" အတိုင်ပင်ခံဖယ်သည် လေယာဥ်ပေါ်မှဆင်းလာသောသူများကြောင့် အနည်းငယ်မင်သက်မိသွား၏။အဘယ်ကြောင့်ဆိုသော် ကြောက်မက်ဖွယ် စွမ်းအားများထုတ်လွင့်နေသောလူများသည် မိမိဘုရင်နဲ့အတူပါလာသော ကြောင့်ဖြစ်၏။ထိုအခြင်းရာကို အတိုင်ပင်ခံဖယ်တစ်ယောက်တည်းသာ မဟုတ်ပဲ ကျန်သောသူများလည်းခံစားမိကြသည်။သူတို့ထက်လုံးဝအပြတ် သတ်သာလွန်သော စွမ်းရည်များဖြင့်ပြည့်နှက်နေသောသူများသည် မိမိတို့ ဘုရင်နဲ့ပါလာကြောင်း သိလိုက်ကြသည်။ထိုသူများမည်မျှသန်မာကြောင်း ကတော့ သူတို့၏တစ်ကိုယ်လုံးပင်ထိန်းချုပ်၍မရသည့်အချက်ဖြင့်သိနိုင်၏။ "ဖယ်.....သူတို့ကိုငါမိတ်ဆက်ပေးတယ်..ဒါကငါ့ဦးလေးတက်၊သူကတော့ ငါ အဖေပဲ အာသာလို့ခေါ်တယ်၊ဟိုတစ်ယောက်ကတော့ ငါ့အဖေသူငယ်ချင်း လှံ နတ်ဆိုးလို့ခေါ်တယ်...သူတို့တွေက မာစတာအဆင့်စစ်သည်တော်တွေ" ."ဗျာ" ထိုအသံသည် ဖယ်နဲ့အတူ အရိုသေပြုထားသောစစ်သည်တော်များမှ ထွက် လာသောအသံဖြစ်၏။မိမိတို့၏ဘုရင်၏ဖခင်နဲ့ဦးလေးသည် မာစတာအဆင့် စစ်သည်တော်များဆိုပါလား။ မာစတာအဆင့်ဆိုသည်မှာ ဂရိတ်တိုင်းပြည်အတွက် ပုံပြင်သဖွယ်ဖြစ် သော်လည်း လက်ရှိ၌ ထိုစစ်သည်တော်များသည် မိမိတို့ရှေ့မှောက်ရောက်ရှိ နေသောကြောင့် လက်ခံရန်ခဲယှဥ်းနေကြသည်။ "ငါ့အဖေက ဒီနေ့ကစပြီး စစ်သည်တော်တွေကို ကြီးကြပ်ပေးမဲ့စစ်နည်းပြ ပဲ...ငါ့ဦးလေးကတော့ ကာကွယ်စောင့်ရှောက်ရေးစစ်သူကြီးအဖြစ်ထမ်း ဆောင်လိမ့်မယ်...လှံနတ်ဆိုးကတော့..." "ငါလား တိုက်ခိုက်ရမဲ့စစ်သူကြီးလုပ်ချင်တယ်...ငါလှံကသွေးဆာတာကြာ ပေါ့" "ကောင်းပြီ" လှံနတ်ဆိုးသည် သာမန်ကာလျှံကာပြောချင်းဖြစ်သော်လည်း အနား၌ရှိနေ သောသူတိုင်း ချွေးသီးချွေးပေါက်များ ကျဆင်းလာကြလေသည်။လှံ နတ်ဆိုး၏သတ်ဖြတ်ခြင်းအော်ရာသည် သူတို့တောင့်ခံနိုင်သောအရာမဟုတ် သောကြောင့်ဖြစ်၏။ "ဦးလေးစနေတာတော်တော်...ဒီလူတွေက ဦးလေးနဲ့ယှဥ်ရင်... တော်တော် လေးလိုသေးတယ်..မခြောက်ပါနဲ့" ဂျိတ်ကထိုသို့ပြောလိုက်မှသာ လှံနတ်ဆိုး၏အော်ရာများသည် ပျောက်ကွယ် သွားတော့သည်။ထိုအခါမှ စစ်သည်တော်များ အသက်ဝ ဝရှုနိုင်တော့၏။ "အခုမှရောက်စဆိုတော့ ဦးလေးတို့အဖေတို့လဲနားနေကြပါဦး.....ကျနော် လုပ်စရာရှိတာလေးလုပ်ပြီးလညခဲ့မယ်" ဂျိတ်မှပြောလိုက်သဖြင့် အာသာ၊ဦးလေးတက်နဲ့လှံနတ်ဆိုးတို့သည် အစေခံ များ၏လမ်းညွှန်မှုနဲ့အတူ အနားယူရန် ထွက်သွားကြတော့၏။အယ်မလီလေးကတော့ အာသာ၏လက်ပေါ်တွင်ဖြစ်၏။ဖခင်ဖြစ်သူကလည်း မြေးမလေးကို အလွန်ချစ်ခင်ကြောင်းတွေ့သောအခါ ပြုံးမိသည်။ထို့နောက် ဂျိတ်သည် အတိုင်ပင်ခံဖယ်ဘက်သို့လှည့်ကာ..... "ကြည့်ရတာ ကိစ္စတွေရှိတယ်ထင်တယ်..ပြောပါဦး" ထိုအခါမှ အတိုင်ပင်ခံဖယ်ကလည်း ဖြစ်ပျက်နေသောအကြောင်းရာများကို ရှင်းပြရလေ၏။ ဂရိတ်တိုင်းပြည်၏လက်အောက်ခံနယ်မြေများ၌ဖြစ်ပျက် နေသော ကလေးတစ်ယောက်ကိစ္စနဲ့စွန်ရဲအင်ပါယာမှ သူ၏သမီးမှတစ်ဆင့် အကူညီတောင်းသည့်သတင်းကို သိလိုက်ရလေသည်။ "ကောင်းပြီ....ငါဖြေရှင်းလိုက်မယ်...နန်းတော်စာကြည့်တိုက်မှာ ငါစာအုပ်တွေ အသစ်ထပ်ထည့်ထားတယ်..မင်းမကြည့်ရသေးဘူးဆိုတာငါသိတယ်" ထိုစကားကြောင့် အတိုင်ပင်ခံဖယ်သည် ဂျိတ်အား ကျေးဇူးတင်ကြောင်း ပြောပြီး နန်းတော်စာကြည့်တိုက်ထဲသို့ ပြေးဝင်သွားလေသည်။စာကြည့်တိုက် ထဲ၌ သူလိုအပ်သောစာအုပ်များရှိနေသောကြောင့်လည်းဖြစ်၏။ ဂျိတ်သည် အတိုင်ပင်ခံဖယ်အား ပြောပြီးသည်နဲ့ ချက်ချင်းပင် မိမိရှိနေသော နေရာမှပျောက်ကွယ်သွားလေသည်။ ဂရိတ်တိုင်းပြည်၏လက်အောက်ခံတိုင်းပြည်တစ်ခု၏ရွာတစ်ရွာ၌ ကောင် လေးငယ်တစ်ယောက်သည် တစ်ယောက်တည်းရပ်၍နေလေ၏။သူ၏ဘေးပတ်ပတ်လည်တွင်လည်း လူသေအလောင်းဖြင့်ပြည့်နှက်နေလေ၏။ထိုလူသေအလောင်းများအားလုံး တူညီသည့်အချက်မှာ သေသောသူတိုင်းသည် ရှုံတွပိန်လိမ်ပြီး အရိုးခြောက် သာသာ ကျန်ရှိနေခြင်းသာဖြစ်သည်။ "ကောင်လေး မင်းတော်တော်ဆိုးနေပါလား" ထိုကောင်လေးငယ်ကို ပြောလိုက်သူမှာ တစ်ခြားသူမဟုတ် ဂျိတ်သာဖြစ်၏။ "ခင်ဗျားက ကျုပ်ကိုမကြောက်ဖူးဆိုတော့..... တော်တော်သတ္တိကောင်းတဲ့သူ ပဲ" ကောင်လေးငယ်သည် ဂျိတ်အားကြည့်ပြီး ရဲတင်းစွာပြောဆိုလိုက်၏။ထိုသို့ ပြောဆိုချိန်၌ ကောင်လေး၏မျက်လုံးများသည် နီရဲနေပြီး သွေးမျက်လုံးပမာ ရဲရဲတောက်နေ၏။ သူ၏ကိုယ်ကိုလည်း လူသားများ၏ဝိညာဥ်များက လွှမ်းခြုံထား၏။ထိုသို့လွှမ်းခြုံထားမှုကို သာမန်လူများကမြင်နိုင်ခြင်းမရှိ သော်လည်း ဂျိတ်ကတော့ကောင်းစွာမြင်ရ၏။ "မင်းတော်တော်သတ်ပြီးဝိညာဥ်စုပ်ထားတာပါလား..ကပ်ဆိုးကလေးငယ်" ဂျိတ်မှပြောလိုက်သည်နဲ့ ထိုကောင်လေးကလည်း "ခင်ဗျားကလည်း ဘယ်ဆိုးလို့လဲ..ကျုပ်ရဲ့မျက်လုံးတွေကိုတိုက်ရိုက်ကြည့် တာတောင် မသေသေးဘူးနော်" ဟုတ်ပေသည်။ကပ်ဆိုးကလေးငယ်၏မျက်လုံးသည် စင်စစ်တော့လူသတ် လက်နက်သာဖြစ်လေသည်။ထိုမျက်လုံးအား ကြည့်မိသူတိုင်းသည် သူ တို့၏အသက်ဝိညာဥ်ဆုံးရှုံးရမည်ဖြစ်ကာ ထိုဝိညာဥ်များကို ကပ်ဆိုးကလေး ငယ်မှအပိုင်စားရရှိသွားမည်ဖြစ်၏။ ဂျိတ်သည်ချက်ချင်းပင် စနစ်ဖြင့်စစ်ဆေးလိုက်သည်။ထိုအခါ ကပ်ဆိုး ကလေးငယ်သည် ဝိညာဥ်များကိုအလကားယူနေခြင်းမဟုတ်ကြောင်း ကြီးမားသော အကြံစည်ကြီးလုပ်ဆောင်နေကြောင်း ဂျိတ်သိလိုက်ရလေ သည်။နောက်ထပ်သော ဝိညာဥ်အနည်းငယ်မျှကို ကပ်ဆိုးကလေးငယ်မှ စုဆောင်းနိုင်သည်နဲ့ ကြီးမားသောကပ်ဘေးကြီးဖြစ်ပေါ်လာတော့မည်ဖြစ်ရာ ဂျိတ်သည်ချက်ချင်းပင် သူ၏လက်ကိုဖြန့်လိုက်၏။ထိုအခါ ဂျိ တ်၏လက်ဖဝါးထက်၌ ဆင်းတုရုပ်လေးတစ်ခုသည် ရောက်ရှိလာ၏။ထို ဆင်းတုတော်သည် ဘုန်းတော်ကြီးတစ်ပါးအသွင်ရှိကာ ရွှေရောင်ပုတီးကုံးကို ကိုင်စွဲထားသည်။ "ဟင်" ထိုအရုပ်ကိုမြင်သည်နဲ့ ကပ်ဆိုးကလေးငယ်သည် ချက်ချင်းပင်ကြောက်လန့် သွား၏။ထိုအရုပ်မှ သူ့အားကောင်းစွာဒုက္ခပေးနိုင်ကြောင်းရိပ်စားမိသော ကြောင့်ဖြစ်၏။ထို့ကြောင့် ချက်ချင်းပင်ထွက်ပြေးရန်ကြံ၏။ "မလွတ်တော့ဘူးကွ" လက်ဖဝါးထက်၌ရှိသော ဆင်းတုသည် ကောင်းကင်ပေါ်သို့တက်သွား ပြီးသည်နဲ့ ကြည်ညိုဖွယ်ကောင်းလှသော ဘုန်းတော်ကြီးတစ်ပါးဖြစ်သွား၏။ ထိုဘုန်းတော်ကြီးသည် ဂါထာများအား သာယာနာပျော်ဖွယ်ရွတ်ဆိုလိုက် သည်။ထိုသို့ဆိုလိုက်သည်နဲ့... "အား" ကပ်ဆိုးကလေးငယ်သည် သူ၏နားနှစ်ဖက်အားပိတ်ကာ နာကျင်စွာအော်ဟစ် လိုက်၏။ဘုန်းတော်ကြီး၏ဂါထာများသည် သာယာနာပျော်ဖွယ်ကောင်းလှ သော်လည်း သူ့အတွက်တော့ နာကျင်မှုသာဖြစ်၏။ ကောင်းကင်၌ရပ်နေသော ဘုန်းတော်ကြီးမှသူ၏ပုတီးကုံးမှ ပုတီးလေး တစ်လုံးကို ကပ်ဆိုးကလေးငယ်ဆီသို့ပစ်လိုက်၏။ထိုပုတီးလုံးလေးသည် လေထဲ၌ တဖြေးဖြေးကြီးလာပြီး ဂါထာအစီရင်များပြည့်နေသော ပုတီးလုံး ကြီးအသွင်သို့ပြောင်းလဲသွားလေတော့၏။ "မဟုတ်ဘူး" ကပ်ဆိုးကလေးငယ်မှ သူ၏အစွမ်းစများထုတ်၍ထိုပုတီးလုံးအားတားမြစ် ရန်ကြံသည်။ထိုပုတီးလုံးသာ သူနဲ့ထိပါကသူ၏ဘဝပျက်သွားနိုင်ကြောင်း ရိပ်စားမိသောကြောင့်ဖြစ်သည်။သို့သော်လည်း သူ၏အကြံသည်အလုပ်မ ဖြစ်မြောက်ပေ။အကြောင်းမှာ ဘုန်းတော်ကြီး၏သာယာနာပျော်ဖွယ်ဂါထာ ရွတ်ဆိုခြင်းသည် သူ၏အစွမ်းစများထုတ်ခြင်းကို လုံးဝတားဆီးပိတ်ပင်ထား သောကြောင့်ဖြစ်၏။ထို့ကြောင့် ကပ်ဆိုးကလေးငယ်သည် ထိုပုတီးလုံးကြီး မိမိထံပြေးလာသည်ကိုသာ ကြည့်နေလိုက်တော့၏။ ထိုပုတီးသည် ကပ်ဆိုးကလေးငယ်ကို ဖမ်းဆီးလိုက်၏။ဖမ်းဆီးပြီးသည်နဲ့ ပုတီးလုံးသည် မူလသေးငယ်သောပုတီးလုံးလေးအရွယ်သို့ပြန်လည်ရောက် ရှိသွားပြီး ဘုန်းတော်ကြီး၏လက်တော်ထံ၌ပြန်လည်ကိန်းဝပ်လိုက်တော့၏။ "အော်မီတော်ဖော်" ဟုရွတ်ဆိုပြီးသည်နဲ့ ကောင်းကင်၌ရပ်နေသော ဘုန်းတော်ကြီးသည်လည်း ဆင်းတုအသွင်သို့ပြန်လည်ပြောင်းလဲကာ ဂျိတ်၏လက်ထဲသို့ပြန်လည် ရောက်ရှိသွားသည်။ "ပြီးပြီ" ဂျိတ်သည် ထိုဆင်းတုတော်အားပြန်လည်သိမ်းဆည်းလိုက်၏။ထို ဆင်းတုတော်၏လက်ထဲ၌ရှိသော ရွှေရောင်ပုတီးကုံး၌တစ်လုံးသည် အနက် ရောင်အသွင်ရှိသည်ကိုမြင်ရမည်ဖြစ်သည်။ထိုအနက်ရောင်ရှိသောပုတီးလုံး လေးသည် ကပ်ဆိုးကလေးငယ်အား ဖမ်းဆီးချုပ်နှောင်ခြင်း ပြုထားသည့် ပုတီးလုံးလေးသာဖြစ်ပေတော့၏။ ကပ်ဆိုးကလေးငယ်သည်လွန်စွာမှ ဆိုးသွမ်းပြီးအစွမ်းကြီးသောကြောင့် ဂျိ တ်သည် ချက်ချင်းပင်အစွမ်းထက်သောဆင်းတုတော်ထုတ်ပြီး ဖမ်းဆီးလိုက် ရခြင်းပင်ဖြစ်၏။ဤသို့ဖြင့် ဝိညာဥ်များနှုတ်ကာ သောင်းကျန်းသော ကပ်ဆိုး ကလေးငယ်သည် ဂျိတ်၏ဆင်းတုတော်အစွမ်းကြောင့် ဖမ်းဆီးခံလိုက်ရပြီ လည်းဖြစ်သည်။
(365)မျှော်လင့်ချက်ပြန်လည်ထွက်ပေါ်လာခြင်း
ကပ်ဆိုးကလေးငယ်ကိုဖမ်းဆီးပြီးသည်နဲ့ ဂျိတ်သည် နန်းတော်ထဲသို့ပြန်လာ လိုက်လေသည်။ ရောက်သည်နဲ့ မိမိနဲ့တွေ့လိုနေသော စွန်ရဲအင်ပါယာမင်းသမီးနဲ့ခေတ္တ တွေ့ဆုံ လိုက်သည်။တွေ့ဆုံပြီးသည်နဲ့ ထိုကိစ္စသည်လေးနက်ကြောင်း၊ထို့ကြောင့်မိမိ ကိုယ်တိုင် စွန်ရဲအင်ပါယာနန်းတော်လာရောက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ထိုသို့ပြောကြားမိသည်နဲ့ အာသာနဲ့ဦးလေးတက်ဆီသို့ ပြန်လာလိုက်၏။သူ၏ဖခင်နဲ့ဦးလေးတို့က စောင့်နေကြသည်မဟုတ်ပါလား။ "ကျနော်ပြန်ရောက်ပြီ" "ငါ့သားတောင် ဘုရင်ဖြစ်လို့ပါလား..အဖေမင်းကို.." "ရပါတယ်..ဆက်မပြောပါနဲ့..အဖေအခုလိုအသက်ရှင်နေတာကိုက ကျနော် အတွက် အများကြီးဝမ်းသာမိနေတာပါ" ဂျိတ်သည် ဖခင်ဖြစ်သူ၏စကားကို ဖြတ်ပြောပြီး နှစ်သိမ့်ပေးလိုက်သည်။ အာသာလည်း ဂျိတ်၏စကားကြောင့် သူ၏သားဖြစ်သူကို ကျေနပ်စွာကြည့် ရင်းပြုံးမိသည်။အားငယ်လှသောသား၊တစ်ကိုယ်တည်းနေတတ်ပြီး သိုင်း ပညာကိုစိတ်မဝင်စားတတ်သောသား၊စိတ်ထားနူးညံ့လှသောသားက ယခု အခါတွင်တိုင်းပြည်တစ်ခုလုံးအား အုပ်ချုပ်ပြီး ယောကျာ်းကောင်းတစ် ယောက်ဖြစ်နေပြီဖြစ်သည်။ "ရှင်မရေ....မင်းသားတော့.... တကယ်ပဲအရွယ်ရောက်လာပြီကွာ" အာသာသည် သူ၏မိန်းမဖြစ်သူ ဂျိတ်၏မိခင်ဖြစ်သူအား လွမ်းဆွတ်တမ်းတ မိသည်။ထိုသို့အာသာမှ လွမ်းမိသည်ကို ဂျိတ်လည်းသတိထားမိ၏။ထို့ကြော င့် သမီးလေးဖြစ်သူအယ်မလီအား အရင်ဆုံးမုန့်များကျွေးမွေးပြီးသောအခါ နန်းတော်မှသူ၏သူငယ်ချင်းလေးများဖြင့် ဆော့ကစားစေ၏။လှံနတ်ဆိုးက လည်း ဂျိတ်၏အမူရာကိုနားလည်ဘိအလား "ငါလည်း ပတ်လျှောက်ကြည့်လိုက်ဦးမယ်" ဆိုကာ အခန်းထဲမှထွက်ခွာသွားလေသည်။ထိုအခါ အခန်းအတွင်း၌ ဂျိတ်၊ဦ လေးတက်နဲ့အာသာတို့သာ ကျန်ရစ်ခဲ့လေသည်။သုံးယောက်သာ ကျန်ရစ်သည်နဲ့ ဂျိတ်သည်အခန်းကိုသူ၏ချာက္က ရာများဖြင့်ဖုံးလွှမ်းလိုက်လေ သည်။ဂျိတ်၏လှုပ်ရှားမှုကြောင့် အာသာနဲ့ဦးလေးတက်တို့မှာ အနည်းငယ်အံ သြမိသည်။အဘယ်ကြောင့် ဂျိတ်သည်ထိုသို့လုပ်နေသည်ကိုနားမလည်သော ကြောင့်ဖြစ်သည်။ "ဒါလေးအရင်သောက်ပါ" ဂျိတ်မှ သူ၏လက်ထဲ၌ရုတ်ခြည်းဆိုသလိုပေါ်လာသော အရက်ပုလင်းကို အ ဖုံးဖွင့်လိုက်၏။ထို့နောက် ဖန်ခွက်ထဲသို့ ထည့်ကာ ဦးလေးနဲ့ဖခင်ဖြစ်သူအား ကမ်းလိုက်သည်။ "ဒီအရက်က" ထိုအရက်ပုလင်းကိုဖွင့်ဖွင့်ချင်း ထွက်လာသောရနံ့ကြောင့် အာသာနဲ့ဦးလေး တက်တို့သည် တက်ကြွနေပြီဖြစ်၏။ထိုအရက်ပုလင်းမှ ထွက်ပေါ်လာသော ရ နံသည် ယမကာကြိုက်သူဖို့အား အလွန်ပင်ဆွဲဆောင်နိုင်စွမ်းရှိကြောင်း တပ်အပ်သိလိုက်၏။ ထိုရနံထွက်ပေါ်လာသည်နဲ့ သူတို့၏သွေးကြောများမှလည်း ထိုအရက်အား တောင့်တနေကြောင်း ခံစားမိလာသည်။ထိုအရက်မှမသောက်ရလျှင် လူဖြစ်ရ ကျိုးမနပ်ဟုလည်း တစ်ဆက်တည်းတွေးမိလာ၏။ထိုသို့တွေးမိသည့်အတွက် နှစ်ယောက်လုံး မိမိကိုယ့်ကို အံသြမိကြသည်။အဘယ်ကြောင့် ဆိုသော် သူတို့ နှစ်ယောက်သည် ကောင်းပေ့ဟူသောအရက်များသောက်ခဲ့ကြသော်လည်း ထို အရက်များသည် ဂျိတ်၏အရက်ပုလင်းမှထွက်လာသောရနံကိုပင် မမှီဟုခံစားမိသောကြောင့် ဖြစ်သည်။ ("သေစမ်း..ချီးပဲ") နှစ်ယောက်လုံး စိတ်ထဲဆဲရေးမိလိုက်ကြ၏။အကြောင်းမှာ သူတို့၏လက် များသည်တုန်ရင်လာသောကြောင့်ဖြစ်၏။ဤသည်မှာ အရက်သမားများ အရက်မသောက်ရပါက ဖြစ်တတ်သော လက္ခဏာဖြင့်ဆင်တူနေသောကြောင့် ဖြစ်သည်။ထိုသို့သောလက္ခဏာသည် သာမန်လူများ၌သာဖြစ်တတ်သည်ဖြစ် ပြီး လက်ရှိမိမိတို့သည် မာစတာဟူသော အဆင့်၌ရောက်ရှိနေကြသော စစ်သည်များဖြစ်သည်။ဤသည်ကို လက်များတုန်ရင်နေသောကြောင့် ရှက်မိ သွားသည်လည်းဖြစ်သည်။ "သောက်ကြပါ...ဒါကရှားပါးဆေးဖက်ဝင်တွေနဲ့ရောစပ်ပြီး စံချိန်မှီနည်းပညာ နဲ့ပေါင်းစပ်ချက်လုပ်ထားတဲ့အရက်ပဲ" ဂျိတ်၏ချီးမွန်းမှုအတူ အာသာနဲ့ဦးလေးတက်တို့လည်း ထိုအရက်ခွက်အား အရသာခံသောက်လိုက်ကြ၏။ထိုအခါမှ သူတို့၏တုန်ရင်သောလက် များသည် ပြန်လည်တည်ငြိမ်သွားသည်။ "အရက်ကောင်းပဲ" နှစ်ယောက်လုံးသောက်ပြီးသည်နဲ့ မျက်လုံးမိတ်ကာ အရသာခံလိုက်ကြသည်။ ထိုအရက်များသည် သူတို့၏လည်ချောင်းထဲဝင်ရောက်သည်နဲ့ အရက် များ၏အာနိသင်သည်တဖြေးဖြေးခြင်းတက်လာပြီး တစ်ကိုယ်လုံးအား ရှိန်း တိမ်းတိမ်းဖြစ်ပျက်စေပြီးကောင်းမွန်သောခံစားချက်ကိုပေးစွမ်းလေသည်။ ထိုမျှသာမကသေး ထိုအရက်သောက်ပြီးသည်နဲ့ ထိုအရက်များသည် ကိုယ် တွင်းသို့ရောက်ရှိသည်နဲ့ ကိုယ်တွင်း၌ရှိသော ချို့ယွင်းနေသောအရာများ ထိခိုက်ထားသော ဒဏ်ရာမှန်သမျှကို ကုစားပေးလေသည်။ "ဒီအရက်က....." အာသာမှ အံသြတကြီးဆို၏။အကျဥ်းချနှိပ်စက်ခံထားရမှုကြောင့် များစွာ ထိခိုက်ထားသောသူ၏ကိုယ်သည် ပြန်လည်ကောင်းမွန်လာသည်ဟုခံစားမိ သောကြောင့်ဖြစ်၏။ "အဖေ ခံစားတာမမှားဘူး...ဒီအရက်ကပြန်လည်ကုစားပေးနိုင်တယ်....ရော့ နောက်ထပ်နှစ်ပုလင်းရှိသေးတယ်" စားပွဲပေါ်သို့ဂျိတ်သည် အရက်နှစ်ပုလင်းကိုတင်လိုက်သည်။တင်လိုက်သည်နဲ့ အာသာနဲ့ဦးလေးတက်သည် တစ်ယောက်တစ်ပုလင်းစီကိုင်ပြီးသား ဖြစ်သည်။ထိုပုလင်းများကို အာသာနဲ့ဦးလေးတက်မှ သိမ်းဆည်းလိုက်ပြီး ဂျိ တ်ပထမဦးစွာဖောက်ဖွင့်လိုက်သော အရက်ပုလင်းကို သူ့ထက်ငါအသာ ခွက် ထဲထည့်သောက်သုံးကြလေသည်။ "အဖေနဲ့ဦးလေးတို့ကို ပြောစရာရှိတယ်...ဒါကြောင့်ကျနော်အခန်းကို ချာက္က ရာနဲ့ပိတ်ပင်ထားရတာပဲ" ဂျိတ်သည် စကားဝိုင်းလေးကောင်းမွန်စေရန်အရင်ဆုံး ပြန်လည်ကုစားပေး သော အရက်ဖြင့် အစပျိုးထားသည်။ "ပြောလေသား......" "ပြောငါ့တူ.....ဦးလေးတို့နားထောင်ဖို့အသင့်ပါပဲ" အာသာနဲ့ဦးလေးတက်သည် အဖိုးတန်အရက်များအားသောက်သုံးနေရသော ကြောင့် အတော်ပင်စိတ်ရွှင်လန်းနေကြသည်လည်းဖြစ်သည်။ "ကျနော်ပြောချင်တာက အမေအသက်ရှင်သေးတယ်" "ခလွမ်း....ခလွမ်း" ထိုစကားသံဆုံးသည်နဲ့ အာသာနဲ့ဦးလေးတက်တို့၏လက်ထဲမှ ခွက်များပြုတ် ကျကုန်၏။ထိုခွက်များထဲရှိအရက်များလည်း ဖိတ်စင်သွားလေသည်။ "သား..ဒါနောက်စရာမဟုတ်ဘူး....နော်...." "ငါ့တူ နောက်မနေပါနဲ့...ဒါကနောက်စရာမဟုတ်ဘူး" နှစ်ယောက်သားသည် ဂျိတ်အား ခါးသပ်သပ်ကြည့်ပြီး ဂျိတ်၏စကားကြောင့် လွတ်ကျသွားသောမိမိတို့၏အရက်ခွက်ကို ပြန်လည်ကောက်ယူရန်လုပ်လိုက် သည်။ "နောက်နေတယ်ထင်နေတာလား....အမေမသေသေးဘူး....သူကလက်ရှိ ဟဲ လ်ဗင်မှာ" "ဝုန်း" အာသာ၏ကိုယ်ထဲမှ အော်ရာများသည် စတင်ပေါက်ကွဲထွက်ပေါ်လာလေ သည်။ "အကို စိတ်လျော့...." ဦးလေးတက်သည်လည်း အာသာ၏ထုတ်လွှင့်လိုက်သောအော်ရာကြောင့် စိတ်ထိန်းရန်ဖြောင်းဖြ၏။သူသည် လက်ရှိ၌အကိုကြီးအာသာဖြစ်သူထက် အ ဆင့်မြင့်သော်လည်း ထိုအော်ရာများကိုသူတောင့်ခံခြင်းမရှိပေ။ထိုအော်ရာ များသည် သတ်ဖြတ်ခြင်းအော်ရာများဖြစ်သောကြောင့်ဖြစ်၏။ "ထင်တဲ့အတိုင်းပဲ.." သူ၏ဖခင်သည် ထိုစကားကြောင့် စိတ်ထိန်းချုပ်မှုလွတ်ထွက်သွားကြောင်း တွေ့လိုက်ရသည်။သူ၏ဖခင်သည် မိခင်အားမည်မျှချစ်ကြောင်းကို သေချာ နားလည်ပြီးဖြစ်သည်။သူကိုယ်တိုင်လည်း မိခင်ဖြစ်သူအကြောင်းသိချင် သောကြောင့် စနစ်မှအစွမ်းဖြင့်မေးမြန်းဖူးသည်။ အဘယ်ကြောင့်ဆိုသော် မွေးကတည်းက သူသည် ဖခင်သာရှိပြီး မိခင်မရှိ သောကြောင့်ဖြစ်သည်။မိခင်သည် မိမိအားမွေးမွေးပြီးသေဆုံးသွားသည်ဟု ဆိုသော်လည်း ပိုမိုသေချာစေရန် စနစ်ဖြင့်စစ်ဆေးသောအခါ သူ၏နောက်ခံ အကြောင်းရာများ၊မိဘနှစ်ဦးလုံး၏ရာဇဝင်သည် လုံးဝရှုပ်ထွေးနက်နဲနေ သလို နှစ်ယောက်လုံးအသက်ရှင်လျက်ရှိနေသေးကြောင်းသိလိုက်ရလေ သည်။ ထိုသို့ သိလိုက်ရသောအချိန်သည် ဂျိတ်ကိုယ်တိုင်ဖခင်နဲ့ဦးလေးအား လေယာ ဥ်ဖြင့် ခေါ်လာပြီးမိမိတိုင်းပြည်သို့ခေါ်လာချိန်၌ဖြစ်သည်။ထိုစကားကိုသာ ဖခင်ကြားပါက သူထင်သည့်အတိုင်းဖြစ်လာမည်စိုးရိမ်သောကြောင့် လက်ရှိ အချိန်မှသာပြောပြခြင်းလည်းဖြစ်ပေသည်။ အချိန်အနည်းငယ်ကြာတော့ အာသာလည်း ဂျိတ်ဘက်လှည့်ကာ "သား...တကယ်လား...." "တကယ်အဖေ...သူ ဟဲလ်ဗင်မှာ...အဖေကယ်တင်ဖို့.." "ဘယ်လိုလုပ်ရင်..ကယ်တင်နိုင်မှာလဲ..." အာသာသည် ချက်ချင်းပင် ဂျိတ်အားမေး၏။ "အဖေ...မီးတောက်နတ်ဘုရားဖြစ်လာရင်ပေါ့" ဂျိတ်၏စကားကြောင့် အာသာသည် ငြိမ်ကျသွားလေသည်။ထို့နောက် "သားမနောက်ရဘူး....မီးတောက်နတ်ဘုရားဖြစ်ဖို့မပြောနဲ့...မီးတောက် တောင်ပုံပြင်ထဲမှာပဲ..ရှိ.ရှိ" အာသာ၏စကားသည် ငြိ မ်ကျသွားလေသည်။အကြောင်းမှာ ဂျိတ်၏လက်၌ အပြာရောင့်ရောင်သန်းနေသော မီးတောက်တစ်ခုရှိနေသောကြောင့်ဖြစ်၏။ "မဖြစ်နိုင်တာမရှိဘူး...အဖေ....ကျနော်ကူညီရင်ဖြစ်ကိုဖြစ်ရမယ်" ဂျိတ်၏စကားကြောင့် အာသာသည်မျက်ရည်များကျဆင်းလာပြီးလျှင် "ရှင်မရေ...ကိုယ်မင်းကိုကယ်နိုင်တော့မယ်ထင်တယ်.." အာသာ၏မျှော်လင့်ချက်များပြန်လည်ရှင်သန်လာလေတော့သည်။
(366)မီးတောက်နတ်ဘုရား(1)
ကြီးမားကျယ်ပြန့်သောအခန်းကြီးထဲ၌ ဂျိတ်နဲ့အာသာနှစ်ယောက်တည်းသာရှိ လေသည်။ထိုအခန်းသည် ဂျိတ်၏စနစ်အစွမ်းဖြင့် ဖန်တီးထားသောအခန်း လည်းဖြစ်ပြီး လောကငယ်တစ်ခုတည်ရှိနေခြင်းလည်းဖြစ်ပေသည်။ "ရပြီ ဒါဆို..." ဂျိတ်သည် မိမိကိုယ်ကိုပြန်လည်သုံးသပ်ပြီးမှစိတ်ချလိုက်သည်။လက်ရှိ၌ အခန်းတစ်ခုအား လောကငယ်တစ်ခုတစ်ဖွယ်ဖန်တီးတည်ရှိထားခြင်းသည် မလိုလားအပ်သောပြသနာများကို ရှောင်ရှားရန်ဖြစ်သောကြောင့်ဖြစ်၏။ မိမိ၏ဖခင်ကို မီးတောက်နတ်ဘုရားဖြစ်အောင် ပြုလုပ်ပေးခြင်းသည် လောကနိယာမဖြင့် လုံးဝသွေဖယ်ဆန့်ကျင်နေ၏။ စစ်သည်တော်တို့၏အဆင့်အရဆိုပါကလည်း မာစတာဟူသော စစ်သည် တော်အဆင့်သည် နတ်ဘုရားတည်းဟူသောအဆင့်နဲ့အတော်ကြီးကွာခြားနေ သေးသည်ဖြစ်၏။ထို့ပြင် နတ်ဘုရားတည်းဟူသောအဆင့်သပ်သပ်မဟုတ်ပဲ မီးတောက်တို့၏နတ်ဘုရားဖြစ်ရမည်ဖြစ်သောကြောင့် ပို၍ပင်ခက်ခဲလေ သည်။ ထိုသို့သော အကြံစည်ကြီးကို ဂရိတ်တိုင်းပြည်ထဲတွင်သာ လုပ်ပါက ဂရိတ်တိုင်းပြည်ပင်မပြောနဲ့ စစ်သည်တော်ကုန်းမြေကြီးတစ်ခုလုံးပင် ပျက်စီးသွားစေနိုင်လေသည်။ထို့ကြောင့် ဂျိတ်မှ ဒိုင်မေးရှင်းလောကငယ် အခန်းတစ်ခုဖန်တီးလိုက်ရခြင်းသာဖြစ်ပေသည်။ "သေချာလား..သား" "ကျနော်ဖက်က အဖေ့ကို မီးတောက်နတ်ဘုရားဖြစ်အောင် 98%ထိ ကူညီ ပေးနိုင်တယ်...ကျန်တဲ့2%ကတော့ အဖေ့ပေါ်မူတည်တယ်" "ကောင်းပြီ" သားဖြစ်သူမှ လုံးဝအာမခံနေသောကြောင့် အာသာလည်း မိမိ၏စိတ်အခြေ နေကို လုံးဝအသင့်ပြင်ဆင်ထားလိုက်သည်။ ဂျိတ်မှ မိမိအတွက်ပြင်ဆင်ထား ပေးသော ရေကန်ငယ်တစ်ခုထဲသို့ဝင်စိမ်လိုက်သည်။ ထို့နောက် မိမိရှေ့၌ထားရှိသောဆေးပုလင်းသုံးပုလင်းကိုကြည့်လိုက်သည်။ ပထမပုလင်းသည် အကြည်ရောင်ဖြစ်ပြီးနှစ်လိုဖွယ်အော်ရာများဖြင့် ပြည့် နှက်နေသည်။ ဒုတိယပုလင်းသည် အစိမ်းရောင်ဖြစ်ပြီး အနှစ်တစ်သန်း ဟူသောသက်တမ်းပမာဏကိုပေးစွမ်းနိုင်သော မူလသစ်ပင်၏အနှစ်သာရ ဖြစ်သည်။နောက်ဆုံးဆေးပုလင်းသည် အဖြူရောင်ချည်းသပ်သပ်ရှိပြီး ထူးဆန်းသောအော်ရာထွက်နေသည်။ ထို့နောက် ဂျိတ်မှမိမိအတွက်ပြင်ဆင်ထားသော ဆေးပုလင်းငယ်သုံးပုလင်း ကို တစ်ခါတည်းမော့ချလိုက်လေသည်။ "ဂလု....ဂလု" ထိုဆေးပုလင်းများသည် အာသာ၏ကိုယ်ထဲရောက်ရှိသည်နဲ့ စတင်အာနိသင် ပြသလာလေသည်။ထိုဆေးပုလင်းများ၏အစွမ်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ပထမဆေးပုလင်းသည် ကိုယ်ခန္ဓာမှအညစ်ကြေးအဆိပ်တောက်မှန်သမျှကို ဖယ်ရှားပေးပြီး နတ်ဘုရားကိုယ်ခန္ဓာ၏သန်မာမှုအထိ သန်စွမ်းစေနိုင်သည်။ ဒုတိယဆေးပုလင်းသည် အသက်ဓာတ်ကိုဖြည့်စွမ်းပေးသောဆေးဖြစ်ပြီး သုံးရက်တာကာလပတ်လုံး အသက်ဓာတ်ကို ဖြည့်စီးပေးမည်ဖြစ်သည်။ နောက်ဆုံးဆေးပုလင်းကတော့ သဟဇာတဖြစ်စေနိုင်သောဆေးအစွမ်းဖြစ် ပြီး အထူးသဖြင့် မီးတောက်များနဲ့လိုက်လျောညီထွေဖြစ်စေသည်ဖြစ်သည်။ ထိုသို့သောက်သုံးလိုက်ပြီးသည်နဲ့ အာသာ၏ကိုယ်တစ်ခုလုံး လန်းဆန်းသွား သည်ဟုခံစားလိုက်ရလေသည်။လန်းဆန်းရုံသာမကသေး ဆေးပုလင်းသုံး ပုလင်း၏အစွမ်းကြောင့် ချာက္က ရာများပါပြည့်နှက်လာပြီး အဆင့်ချိုးဖျက် ခြင်းကိုစတင်လာလေသည်။ "ဝုန်း...ဝုန်း....ဝုန်း...." အဆင့်ချိုးဖျက်ခြင်းသည် အလွန်ပင်မြန်ဆန်လှပေသည်။မာစတာအဆင့် တစ်မှနေ၍ ဆက်တိုက်ဆိုသလို ချိုးဖျက်လာလေရာ ငါးမိနစ်ဟူသောအချိန် တိုအတွင်း၌ မာစတာအဆင့်တစ်ဆယ် အထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွား ရလေသည်။ "ဟင် မြန်လိုက်တာ" အာသာလည်း ထိုသို့မြန်ဆန်စွာချိုးဖျက်သွားမည်ဟုမထင်မိသောကြောင့် အံ အားသင့်သွားလေသည်။ "မအံသြနဲ့အဖေ...ကျနော်အရင်းမြစ်အများကြီးသုံးထားရတာ...အဖေသာကျ ရှုံးရင် ဒီအရင်းမြစ်သုံးရတဲ့တန်ဖိုးနဲ့အမေစိတ်ပျက်စေလိမ့်မယ်..." ဂျိတ်၏စကားကြောင့် အာသာလည်း သူ၏စိတ်ကိုပြန်လည်ထိန်းချုပ်ရင်း မိမိ၏ဆက်တိုက်အဆင့်တက်မှုများကို ပြန်လည်အာရုံစိတ်ဝင်နှစ်လိုက်၏။ "ဟုတ်နေပြီ..." ဂျိတ်လည်း ဖခင်ဖြစ်သူသည် မာစတာအဆင့်မှ နောက်ထပ်အဆင့်သစ်တစ်ခု သို့ချိုးဖျက်ရန်ပြင်ဆင်နေသည်ကိုကြည့်ပြီး သူ၏လက်မှစာရွက်ကို ဝှေ့ယမ်း ပြီး "သွားစမ်း" ထိုစာရွက်ကို ဂျိတ်သည် ဖခင်ဖြစ်သူထံသို့ပစ်လွှင့်လိုက်သည်။ထိုစာရွက်သည် လည်း ရွှေရောင်အလင်းတန်းအသွင်ဖြင့် အာသာ၏နဖူးထဲသို့ဝင်ရောက်သွား လေသည်။ထိုစာရွက်သည် ပျောက်ကွယ်တိမ်းကောသွားပြီဖြစ်သည့် စစ်သည် တော်တို့၏ဒဏ္ဏာရီလာအဆင့်ချိုးဖျက်နည်းများပင်ဖြစ်လေသည်။ လက်ရှိစစ်သည်တော်ကုန်းမြေ၌မာစတာတည်းဟူသောအဆင့်သည် အမြင့် ဆုံးဖြစ်သည်။ ထိုထက်မြင့်သောအဆင့်မရှိပေ။အကြောင်းမှာ ချိုးဖောက်ရန်နည်းမသိသည့် အတွက်ကြောင့် ဖြစ်ပေသည်။ အာသာသည် လက်ရှိ၌မာစတာအဆင့်အထွတ်ထိပ်ဟူသောအစွမ်းလည်းရှိ သွားပြီဖြစ်သလို ချိုးဖောက်နည်းလည်းသိသွားပြီဖြစ်ရာ "ဝုန်း....." အာသာကို ဗဟိုပြု၍ နယ်မြေစက်ကွင်းတစ်ခုဖြစ်ပေါ်လာလေသည်။ "ဒါပေါ့ ဂရမ်းမာစတာအဆင့်ဆိုတာ" ဂျိတ်သည် ပြုံးရင်းကြည့်လိုက်သည်။မာစတာအဆင့်ပြီးပါက ဂရမ်းမာစတာ ဟူသောအဆင့်ရှိသည်ဖြစ်သည်။ထိုအဆင့်တွင် စစ်သည်တော်တစ်ယောက် သည် သက်တမ်းတစ်ထောင်ထိရှင်သန်နိုင်သလို နယ်မြေစက်ကွင်းဟူသော နယ်မြေထိန်းချုပ်ခြင်းစွမ်းအားလည်းထပ်မံရရှိလာမည်ဖြစ်သည်။ မာစတာအဆင့်ရှိ လူများကို ကြက်ငှက်ကလေးသတ်သလိုအလွယ်တကူ လုပ်ဆောင်စွမ်းရှိလာသည်လည်းဖြစ်၏။ဂရမ်းမာစတာအဆင့်ရောက်ရှိသည် နဲ့ ချာက္က ရာများသည်လည်း အလွန်သန့်စင်သွားပြီး ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိ အထိ ကြောက်မက်ဖွယ်ရာကောင်းလွန်းလာသည်လည်းဖြစ်သည်။ နယ်မြေစက်ကွင်းသည် ပိုင်ရှင်ကို မူတည်ပြီးအမျိုးစားကွဲပြားမှုရှိသည်။ အာသာသည် မီးတောက်နဲ့ပတ်သက်သောအစွမ်းရရှိသူဖြစ်သောကြောင့် ထွက်ပေါ်လာသော နယ်မြေစက်ကွင်းသည်လည်း မီးတောက်နယ်မြေ ဖြစ်သည်။ထိုနယ်မြေသည် မိုင်ငါးဆယ်အကွာဝေးထိရှိ၏။ဤသည်ကလည်း မာစတာအဆင့်၌ စွမ်းအင်အပိုလျှံရှိပြီး အခြေ ခံအုတ်မြစ်ခိုင်မာသောကြောင့် ထိုသို့ကျယ်ပြန့်နေခြင်းဖြစ်သည်။ဂရမ်းမာစတာအဆင့်တက်ရောက်သူသည် အားနည်းသောအခြေနေဖြင့် တက်ရောက်သူဖြစ်ပါက သူ၏နယ်မြေ စက်ကွင်းသည် သေးငယ်နေမည်ဖြစ်သည်။ထိုနယ်မြေစက်ကွင်းကို ချဲ့ထွင် လိုပါက အဆင့်တစ်ဆင့်တိုင်း ကျယ်ပြန့်လာခြင်းကိုစောင့်ဆိုင်းရမည် ဖြစ်သည်။ ထိုနယ်မြေစက်ကွင်း၌ ရောက်နေသောသူတိုင်းသည် နယ်မြေစက်ကွင်း ပိုင်ရှင်၏လိုသလို ထိန်းချုပ်ခြင်းကိုခံစားရမည်ဖြစ်ပြီး သေဆိုသေရှင်ဆိုရှင် ပေးရမည်ဖြစ်သည်။ "ဒါပေမဲ့ မလုံလောက်သေးဘူး" ဂျိတ်သည် အဆင့်တက်ပြီးသောဖခင်ဖြစ်သူကိုကြည့်ကာ ပြောလိုက်သည်။သူ လိုချင်ဖြစ်စေချင်သည်မှာ မီးတောက်နတ်ဘုရားဖြစ်သည်။ဂရမ်းမာစတာ မဟုတ်ပေ။ "ပလုံ" ဂျိတ်သည် ဖခင်ဖြစ်သူစိမ်နေသော ရေကန်ထဲသို့ ဆေးပင်တစ်ပင်ပစ်ထည့် လိုက်သည်။ထိုဆေးပင်သည် ရေကန်ထဲရောက်သည်နဲ့ ပျော်ဝင်သွားကာ အာနိသင်စတင်ပြသလာလေသည်။ ဂရမ်းမာစတာအဆင့်တစ်သို့ရောက်ရှိသွားသော အာသာသည်ထပ်မံပြီး အဆ င့်ချိုးဖျက်မှုစတင်ပြန်လေသည်။ တစ်...နှစ်....သုံး...လေး....ငါး... စသည်ဖြင့်အဆင့်တက်သွားပြန်ရာ နှစ်နာရီဟူသောအချိန်အတွင်း၌ အာသာ သည် ဂရမ်းမာစတာအဆင့်တစ်ဆယ့်အထွတ်ထိပ်အဆင့်သို့ ထပ်မံရောက်ရှိ သွားလေသည်။ အာသာကိုယ်တိုင်လည်း မိမိကိုယ်ကို အံသြမိသည်။သားဖြစ်သူ၏အစီစဥ်ဖြင့် အဆင့်တက်လာနှုန်းသည် မိမိ၏ဘဝသက်တမ်းတစ်လျှောက်အဆင့် တက်သည်ထက်ပင် ပိုမိုမြန်ဆန်နေသောကြောင့်ဖြစ်သည်။ သားဖြစ်သူ၏ဆေးပုလင်းအစွမ်းကြောင့် မိမိသည်အဆင့်တက်မြန်ဆန်နေ ခြင်းလည်းဖြစ်ရာ ထိုဆေးပုလင်းသုံးပုလင်းသည် သာမညောင်ညမဟုတ် ကြောင်း အာသာခံစားမိသည်။ထို့ကြောင့် အဆင့်တက်ရေးကိုသာ အဓိက ထားပြီးအာရုံစိုက်လိုက်၏။ အာသာ၏အဆင့်ချိုးဖောက်မှုမြင့်လာလေ သူ၏အပိုင်ဖြစ်သော နယ်မြေ စက်ကွင်းသည်လည်း ပိုမိုကျယ်ပြန့်လာလေဖြစ်သည်။တစ်ဆင့်ထက်လေ ပိုမို ကျယ်ပြန့်လာလေဖြစ်ရာ ဂရမ်းမာစတာအဆင့်တစ်ဆယ့်သို့ရောက်ရှိ သောအခါ သူ၏နယ်မြေစက်ကွင်း၏အကျယ်သည် မိုင်ငါးထောင်အထိ ကျယ်ပြန့်သွားပြီဖြစ်သည်။ ဤသည်မှာ စစ်သည်တော်တို့သမိုင်း၌ ဂရမ်းမာစတာအဆင့်၏နယ်မြေ စက်ကွင်းအကျယ်ဆုံးတည်းဟူသော စစ်သည်တော်ပင် အာသာကို အရှုံးပေး ရမည်ဖြစ်သည်။အကြောင်းမှာ ထိုစစ်သည်၏နယ်မြေစက်ကွင်းသည် မိုင် တစ်ထောင်သာရှိသောကြောင့်ဖြစ်သည်။ "အိုး....အချိန်ကျပြီ" အာသာသည် ဂရမ်းမာစတာအဆင့်၏အထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွား သည်နဲ့ ဂျိတ်လည်း မိမိ၏ပြင်ဆင်ထားသည်များကို ထုတ်လိုက်လေသည်။ ပြင်ဆင်ထားသောအရာများမှာ မီးတောက်များဖြစ်ပေသည်။ ဂရမ်းမာစတာအဆင့်ပြီးပါက စစ်သည်တော်တို့၏နတ်ဘုရားတည်းဟူသော အဆင့်ကိုရောက်ရှိမည်ဖြစ်သည်။ ထိုနတ်ဘုရားတည်းဟူသောအဆင့်သည် ဂရမ်းမာစတာပြီးပါက ရှိသောအဆင့်ဖြစ်သော်လည်း တက်ရောက်ရန်အလွန်ခဲ ယဥ်းပေသည်။ မာစတာအဆင့်မှ ဂရမ်းမာစတာအဆင့်သို့တက်ရောက်ပါက အောင်မြင်ရန် ရာခိုင်နှုန်းသည် တစ်သောင်းလျှင်တစ်ပုံဖြစ်ပြီး ဂရမ်းမာစတာမှ နတ်ဘုရား အဆင့်သို့တက်နိုင်ရန် အောင်မြင်မှုနှုန်းသည် တစ်ကုဠေလျှင် တစ်ပုံသာ ဖြစ်သည်။ထို့ကြောင့် နတ်ဘုရားအဆင့်တက်ရောက်ရန်မည်မျှခက်ခဲကြောင်း သိသာနိုင်လေသည်.။ အာသာသည်အစွမ်းထက်သော ဆေးပုလင်းများသောက်သုံးထားသော်လည်း စစ်သည်တော်နတ်ဘုရားဖြစ်ရန် လိုနေသေးသည်။ထို့ကြောင့် ဂျိတ်မှ ကြိုတင် ပြင်ဆင်ထားသည်လည်းဖြစ်ပေသည်။ ထို့ပြင် အာသာသည် စစ်သည်တော်နတ်ဘုရားဖြစ်ရုံတင်မဟုတ်ပဲ မီးတောက် တို့၏နတ်ဘုရားရမည်ဖြစ်ရာ မည်မျှခဲယဥ်းခက်ခဲကြောင်း သိနိုင်လေသည်။ ထို့ကြောင့် ဂျိတ်သည် နတ်ဘုရားဖြစ်မြောက်ရေးအတွက် မီးတောက် များ၏အကူညီဖြင့် လုပ်ဆောင်ရန်ရည်ရွယ်ထားခြင်းဖြစ်ပေသည်။ "သွားတော့" ဂျိတ်သည် မီးတောက်များကို ဖခင်ဖြစ်သူရှိရာ ရေကန်ထဲသို့ပစ်ချလိုက်လေ သည်။ထိုမီးတောက်များသည် ရေကန်ထဲရောက်သည်နဲ့ အာသာထံသို့ပြေးဝင် သွားကြလေသည်။မီးတောက်နတ်ဘုရားဖြစ်ရန် စမ်းသပ်မှုသည်ကျ ရောက်လာသည်လည်းဖြစ်သည်။