အခန်း (၃၇၀-၃၇၂)
Vol. 25 Ch. 370-372
(370)ငှားရမ်းပြီ
"ကိစ္စကတော့ တခြားကိစ္စမဟုတ်ဘူး လိုရင်းပဲပြောပါမယ်...ကျုပ် ခင်ဗျား တိုင်းပြည်မှာမြင်လိုက်ရတဲ့အရာလိုမျိုးလိုချင်တယ်" စွန်ရဲဘုရင်သည် လိုရင်းအားပြောလိုက်သည်။စွန်ရဲဘုရင်မှ ဆက်လက်ပြီး "ကျုပ်ရဲ့အင်ပါယာက မြွေဟောက်အင်ပါယာနဲ့စစ်ဖြစ်နေတယ်ဆိုတာလဲ ခင်ဗျားသိပါတယ်..လောဆယ် ကျုပ်တို့ရှုံးနေတယ်..အဲ့တော့စစ်နိုင်ဖို့အဲ့လို အရာ..လိုအပ်တယ်" ဂျိတ်သည် အခြေနေကိုကောင်းစွာနားလည်၏။စွန်ရဲအင်ပါယာသည် မိမိ တိုင်းပြည်မှ လေယာဥ်များအလိုရှိနေကြောင်းပင် ထိုအရာများက မြွေဟောက်အင်ပါယာနဲ့စစ်ဖြစ်ပါက ပြောင်းလဲနိုင်မည်ဟု ယုံကြည်နေသည်။ တကယ်လည်း လေယာဥ်ပျံပါလာက စွန်ရဲအင်ပါယာသည် အနိုင်ရရှိမည်မှာမ လွှဲဧကန်ဖြစ်၏။ စွန်ရဲဘုရင်သည် အတော်ပင်စိတ်ထိန်းသိမ်းနိုင်သူဖြစ်ကြောင်း ဂျိတ်သိလိုက် လေသည်။အဘယ်ကြောင့်ဆိုသော် ကပ်ဆိုးဆိုက်ရောက်စဥ်ကာလ၌ ဂရိတ် တိုင်းပြည်သည် စွန်ရဲအင်ပါယာ၏လက်အောက်ခံနယ်မြေများကို သိမ်းပိုက် ထားသောကြောင့်ဖြစ်သည်။ဤသည်ကို လက်တုံ့မပြန်ပဲ ငြိမ်နေပြီး မိမိအား လေယာဥ်ဝယ်နိုင်ရန်အတွက် တလေးတစားဖိတ်ခေါ်ထားသောကြောင့် ဖြစ်သည်။ စွန်ရဲအင်ပါယာဘုရင်သည် မိမိတိုင်းပြည်မှလေယာဥ်ပျံများ၏အစွမ်းကို လျော့တွက်ထားပုံရှိသည်။ ဒါကလည်း အပြစ်မဆိုတာပေ။ရှေးခေတ် စစ်သည်တော်များနေထိုင်ရာနေရာ၌ ဂျိတ်မှ စက်မှုတော်လှန်ရေး၏အကျိုး သက်ရောက်မှုကြောင့်ဖြစ်တည်လာသော လေယာဥ်ပျံအသုံးပြုထားသော ကြောင့်ဖြစ်သည်။ "ခင်ဗျားပြောတာနားလည်တယ်...အမှန်တိုင်းပြောရရင် ကျုပ်တို့တိုင်းပြည်က လေယာဥ်ပျံတွေကို ဘာကြောင့်လိုနေရတာလဲ..အင်ပါယာမှာ မာစတာ စစ်သည်တော်မရှိဘူးမပြောနဲ့" ဂျိတ်၏ပြောစကားကြောင့် စွန်ရဲဘုရင်လည်း "ဒါက အရင်ကတည်းကရှိလာတဲ့စည်းမျဥ်းကြောင့်ပါ" စွန်ရဲဘုရင်မှ ဂျိတ်အားရှင်းပြ၏။ယခင်ကတည်းမှ မာစတာအဆင့်စစ်သည် များအား တိုက်ပွဲများ၌မပါရန် တားမြစ်ထား၏။အကြောင်းမှာ မာစတာအဆ င့်များသည် တိုက်ပွဲများကိုအဆုံးဖြတ်ပေးနိုင်စွမ်းရှိရုံတင်မက လွန်စွာ အစွမ်းထက်သောကြောင့်ဖြစ်သည်။ မာစတာအဆင့်၏ဖြစ်တည်မှုသည် အလွန်မြင့်မားပြီး တိုက်ပွဲများ၏နေရာ များကို လုံးဝပျက်စီးအောင်ဖျက်စီးနိုင်သောကြောင့် မာစတာအဆင့်အောက် ရှိစစ်သည်များကိုသာ တိုက်ခိုက်စေခိုင်းကြသည်ဖြစ်သည်။ထိုအခါ ဂျိတ် သည် မိမိတိုင်းပြည်မှ လေယာဥ်များအား လိုအပ်ရခြင်းအကြောင်းရင်းကို သိလိုက်ရလေသည်။ မာစတာအဆင့်စစ်သည်များကိုသာ ကန့်သတ်ထခြင်းဖြစ်ပြီး လေယာဥ်များ ကို မကန့်သတ်ထားပေ။ ပလက်တီနမ်အဆင့်ရှိသော လေယာဥ်အုပ်စုဖြင့်သာ တိုက်ခိုက်လိုက်ပါက သေချာပေါက် မာစတာအဆင့်စစ်သည်၏တိုက်ခိုက်မှုနဲ့ညီမျှသွားမည်ဖြစ် သလို တိုက်ပွဲအားပြောင်းပြန်လန်နိုင်မည်ဖြစ်သည်။ "ကောင်းပြီ....ကျုပ်ဘက်မှာ ခင်ဗျားပြောတဲ့လေယာဥ်ပျံတွေရှိမယ်...ဘယ်လို လုပ်ချင်လဲ" "ဝယ်မှာပေါ့ အများကြီးရှိတယ်မဟုတ်လား" ဂျိတ်မှ စွန်ရဲဘုရင်အား "အဲ့လေယာဥ်တွေက ခင်ဗျားထင်သလိုမလွယ်နေဘူးနော်...ကျနော်ပြမယ်" ဂျိတ်မှ ပြောပြောဆိုဆိုဖြင့် သူ၏လက်ထဲမှ ကျောက်စိမ်းပြားကို ပေးလိုက် သည်။စွန်ရဲဘုရင်ကလည်း ထိုကျောက်စိမ်းပြားယူကာ ကြည့်လိုက်သည်။ ထိုသို့ကြည့်လိုက်သည်နဲ့ သူ၏မျက်နှာသည် လုံးဝတည်ကြည်သွားလေသည်။ ("မ...မဖြစ်နိုင်တာ") စွန်ရဲဘုရင်စိတ်ထဲတုန်လှုပ်နေသည်။ထိုကျောက်စိမ်းပြားသည် သူလိုချင် သော လေယာဥ်ပျံအကြောင်းများပါရှိသောကြောင့်ဖြစ်သည်။သူသည် လေ ယာဥ်တစ်မျိုးတည်းမြင်ဖူးသည်ဖြစ်ပြီး လက်ရှိသူမြင်နေရသည်ကတော့ များ စွာသောလေယာဥ်အမျိုးစားများစွာပင်ဖြစ်သည်။ထိုလေယာဥ် များ၏အစွမ်းထက်ပုံနဲ့ ဝယ်ယူရန် ငှားရန်စသော အသေးစိတ်သော အချက် လက်များနဲ့တကွ စျေးနှုန်းများလည်း ရေးသားထားသည်ဖြစ်လေသည်။ "သေချာကြည့်ပါ...ကျုပ်အချိန်အားတယ်" ဂျိတ်မှ ပြောလာသောကြောင့် "ဒါဆိုအားမနာတော့ဘူး..." စွန်ရဲအင်ပါယာမှ သေချာကြည့်ဖတ်ရှုတော့သည်။ အစွမ်းထက်သောစစ်သည် တော်တစ်ယောက်ဖြစ်သည်မို့ ကျောက်စိမ်းပြားမှ အကြောင်းများကို တစ်နာရီ ဖြင့် အကုန်လုံးအပြီးစီး ဖတ်နိုင်လေသည်။ "ကဲ...ဖတ်ပြီးပြီဆိုတော့..." ဂျိတ်မှလမ်းကြောင်းစပေးလိုက်သည်နဲ့ စွန်ရဲအင်ပါယာဘုရင်မှ..... "အဲ့လေယာဥ်ပျံတွေက ရိုးရှင်းမယ်ထင်တာ..အခုမှမရိုးရှင်းမှန်း သိလိုက်ရ တယ်" စွန်ရဲအင်ပါယာဘုရင်မှ ဝန်ခံလိုက်ရလေသည်။ထိုလေယာဥ်များပိုင်ဆိုင်ထား သော ဂရိတ်တိုင်းပြည်သည် ဘယ်လိုမှမရိုးရှင်းကြောင်း တစ်ခါတည်း သဘောပေါက်လိုက်လေသည်။ "ကောင်းပြီ...ကျုပ်ငှားချင်တာက..." စွန်ရဲဘုရင်မှ ဂျိတ်အားသူအလိုရှိသောလေယာဥ်အမျိုးစားများအားပြော လိုက်လေသည်။သူပြောလိုက်သော လေယာဥ်များသည် တိုက်ခိုက်ရေးလေ ယာဥ်ပျံများ၊သတင်းထောက်လှမ်းရေးဒရုန်းများ၊သယ်ယူပို့ဆောင်ရေးနဲ့ ဗုံးကြဲလေယာဥ်တို့ပါဝင်လေသည်။ ဂျိတ်နဲ့စွန်ရဲဘုရင်၏ဆွေးနွေးမှုသည် သုံးနာရီမျှကြာညောင်းလေသည်။ထိုသို့ ဖြစ်ရခြင်းမှာ စာချုပ်၌ပါရှိသောအကြောင်းရာများကို အချင်းချင်းသဘောတူ ညီပြီးမှ ဖြည့်စွက်ရေးသားနေသောကြောင့်ဖြစ်သည်။ "ကောင်းပြီ..ခင်ဗျားက ဒါတွေကိုငှားမယ်ဆိုတော့...စုစုပေါင်း ရွှေသန်းတစ် ထောင်တစ်ရာ ကျသင့်မယ်...ဒါပေမဲ့...ပထမဆုံးဆိုတော့ သန်းတစ်ထောင်ပဲ ပေးပါ" ("ချီးပဲဟေ့") စွန်ရဲအင်ပါယာ၏စိတ်ထဲဆဲရေးမိသည်။ ထိုသို့သောပမာဏသည် သူ့အတွက် ပင် များပြားသည်ဖြစ်သည်။ဤသည်ကို ဂျိတ်မှပေါ့ပေါ့တန်တန်ပင်ပြောသွား သောကြောင့် ခံပြင်းရခြင်းလည်းဖြစ်သည်။ မိမိသည် ကပ်ဆိုးဆိုက်မှုကြောင့် စစ်သည်များထိခိုက်ထားသောကြောင့် အားနည်းနေချိန်တွင် မြွေဟောက်အင် ပါယာမှ တိုက်ခိုက်ခြင်းခံရသည်။ထို့ကြောင့် စစ်ပွဲ၌ရှုံးခြင်းဖြစ်ပြီး အနိုင်ရရှိ ရန်အတွက် ဂရိတ်တိုင်းပြည်မှလေယာဥ်များသည်သာ အဖြေဖြစ်ရာ မည်မျှ ပင်ကုန်ကျပါစေ ငှားရမ်းရမည်ဖြစ်သည်။ "ကောင်းပြီ" စွန်ရဲဘုရင်မှ လက်ခံလိုက်ပြီး စာချုပ်ချုပ်ဆိုလိုက်လေသည်။ လက်ခံစာချုပ် ချုပ်လိုက်ရသော်လည်း ရင်ထဲ၌ သွေးများယိုနေသလို ခံစားနေရဆဲပင်။ လေယာဥ်များငှားရမ်းသည့်အခါ ငှားရမ်းကာလအတွင်း၌ ထိုလေယာဥ်များ ကို အလိုရှိသလိုအသုံးပြုနိုင်မည်ဖြစ်သည်။ထိုလေယာဥ်များအားမောင်းနှင် နိုင်သော လေယာဥ်မှူးများကိုလည်း ဂရိတ်တိုင်းပြည်မှပင် ထောက်ပံပေးမည် ဖြစ်သည်။စာချုပ်ချုပ်ဆိုရန် တွန်အားအဖြစ်စေဆုံးသောအရာကတော့ လက်ရှိစာချုပ်သည် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် လေယာဥ် များ၌ပစ်ခတ်အသုံးပြုနိုင်သော လက်နက်ခဲယမ်းများကို အကန့်သတ်မရှိပစ် နိုင်မည်ဖြစ်ပြီး ငှားရမ်းကာလအတွင်း လက်နက်ခဲယမ်းကုန်ဆုံးသွားတိုင်း ထောက်ပံပေးနေမည်ဖြစ်သည်။လေယာဥ်ဆီသည်လည်း ထိုနည်း၎င်းပင်။ ထို့ကြောင့် စွန်ရဲဘုရင်သည် ရဲရဲကြီးစာချုပ်ချုပ်လိုက်ခြင်းပင်ဖြစ်သည်။ ဒုတိယအကြိမ်တွင်တော့ ထိုသို့ရရှိနိုင်တော့မည်မဟုတ်ပေ။ ငှားရမ်းချိန်၌ ငှားရမ်းထားသော လေယာဥ်များ၌လက်နက်ခဲယမ်းအပြည့်ဖြည့်ပြီး ငှားရမ်းပေးလိုက်မည်ဖြစ် ပြီး ထိုလက်နက်ခဲယမ်းများကုန်ဆုံးသွားပါက ထပ်မံအသုံးပြုနိုင်ရန်အတွက် ထိုလက်နက်ခဲယမ်းများကိုထိုသုံးပြုလိုသောလက်နက်ခဲယမ်း၏တန်ဖိုးကို ပေးချေမှသာ ရရှိနိုင်တော့မည်ဖြစ်လေသည်။ "ကျေးဇူးဗျာ နောက်လဲအခုလို အကျိုးတူစီးပွားဆက်လုပ်ကိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်...ခင်ဗျားပြောတာတွေက နောက်သုံးရက်ဆိုရောက်ပါမယ်" ဂျိတ်မှပြောဆိုပြီး သူ၏လေယာဥ်ပျံပေါ်သို့တက်သွားလေသည်။ "ဝီး" ဂျိတ်တက်ပြီးသွားသည်နဲ့လေယာဥ်ပျံသည် ကောင်းကင်သို့ပျံတက်ပြီး စွန်ရဲ ဘုရင်မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သည်။ "ဘုရင်ကြီးဒါက" စွန်ရဲအင်ပါယာဘုရင်၏နောက်မှ အမတ်ကြီးသည် ဘုရင်ကြီးအား အံအားသ င့်ဟန်ဖြင့်ပြောပြီး သူ၏လက်မှစာရွက်အားကြည့်ရှုနေလေသည်။ ထိုစာရွက်သည် ဂျိတ်နဲ့လေယာဥ်ငှားရမ်းစာချုပ်ဖြစ်လေသည်။ငှားရမ်း ကာလသည် သုံးလသာဖြစ်သော်လည်း ငှားရမ်းခမှာ ရွှေသန်းတစ်ထောင်ဖြစ် သောကြောင့် အံအားသင့်နေခြင်းဖြစ်သည်။ "ဒါက ရင်းရတာတန်တယ်ပြောလို့ရတယ်...ဝယ်မယ်ဆိုရင်အခုလက်ရှိစာချုပ် ငှားရမ်းခတန်ဖိုးနောက်မှ သုညတစ်လုံးထည့်ပေးရလိမ့်မယ်" ထိုစကားကြောင့် အမတ်ကြီးသည် မျက်လုံးပြူးလာလေသည်။ဝယ်မည့် ကြေးက ပိုမိုများပြားနေသည်မဟုတ်ပါလား။ "ဒါဆို ကျနော်တို့ သူဆီကနေ...နည်းပဲဝယ်ရင်ကော လေယာဥ်လုပ်နည်းနဲ့ လက်နက်ခဲယမ်းလုပ်နည်းတွေဆိုရင်ကော" ထိုအခါ အမတ်ကြီး၏စကားကို စွန်ရဲဘုရင်မှ ခေါင်းခါရမ်းလိုက်သည်။ သူသည်လည်း အစောပိုင်း၌ ထိုသို့တွေးတောမိသေးသည်။ သို့သော်လည်း တန်ကြေးကအလွန်ကြီးမားသေးသည်။တန်ကြေးကြီးကြီးဖြင့် နည်းပညာ များဝယ်နိုင်သည်ဆိုပါကလည်း ထိုနည်းပညာများဖြင့် ဆောက်လုပ်ရမည့် သုံးစွဲရမည့် သတ္ထုများသံများကို မသိသောကြောင့်ဖြစ်သည်။ ဂျိတ်ကလည်း နည်းပညာကိုကြေးကြီးကြီးပေးရောင်းမည်သာဖြစ်သည်။ အကြောင်းမှာ ထိုနည်းပညာများကို စွန်ရဲအင်ပါယာမှ ရရှိပါကလည်း မလုပ် နိုင်သောကြောင့်ဖြစ်သည်။ စက်မှုတော်လှန်ရေး၏အဆင့်ဆင့်များစွာဖြတ်သန်းပြီးမှဖြစ်တည်လာသော လေယာဥ်ပျံကို လွယ်လွယ်လေးရရန်မဖြစ်နိုင်သောကြောင့်ဖြစ်သည်။လေ ယာဥ်ပျံ၌တပ်ဆင်ထားသော အစိတ်ပိုင်းတိုင်းသည် စက်မှုတော်လှန်ရေး၏အောင်မြင်မှုအသီးသီးများစွာမှ ဖြစ်ပေါ်လာသော အရာများစွာကို စုစည်းပြီးဖြစ်တည်လာသည်ဖြစ်သည်။ထိုဖြစ်တည်မှုများဖြ င့် ဆောက်ထားသောလေယာဥ်ပျံကို စွန်ရဲအင်ပါယာမှ အဘယ်ဆောက်နိုင်အံ မည်နည်း။ ""မင်းပြောသလိုလုပ်မယ်ဆိုရင်.ငှားရမ်းခရဲ့တန်ဖိုးကိုပဲနောက်မှာ သုညနှစ် လုံးပေါင်းရလိမ့်မယ်..ဂရိတ်တိုင်းပြည်က ငါတို့ထင်သလိုမရိုးရှင်းဘူး" စွန်ရဲဘုရင်ပါးစပ်မှထွက်လာသော တန်ကြေးကြောင့် အမတ်ကြီးလည်း ငြိမ် ကျသွားလေတော့သည်။ "ဒါပေမဲ့ တန်တယ်ပြောလို့ရတယ်...လေယာဥ်ပျံတွေသာရောက်လာ ရင်...မြွေဟောက်အင်ပါယာကတော့...သနားစရာပဲ" စွန်ရဲဘုရင်မှ မြွေဟောက်အင်ပါယာ အတွက်သနားပေးလိုက်လေသည်။
(371)စစ်ကူရောက်ရှိပြီ..
စွန်ရဲအင်ပါယာ၏နယ်စပ်ဒေသတစ်နေရာ...... "အား..ကယ်ကြပါဦး...." "ကူညီကြပါဦး" စသောအသံများက ဆူညံပွက်လောရိုက်ခတ်နေသည်။ထိုသို့အော်ဟစ်နေ သူများသည် တခြားသူများမဟုတ်ပဲ စွန်ရဲအင်ပါယာစစ်သည်များဖြစ်သည်။ ထိုသို့ အော်ဟစ်နေကြသောသူများသည် တစ်ကိုယ်လုံးထိခိုက်ဒဏ်ရာရထား ရုံမကပဲ ကိုယ်ခန္ဓာအစိတ်ပိုင်းများ ချို့ယွင်းနေသည်။ ဟုတ်ပေသည်။၎င်းတို့သည် စစ်ပွဲဟူသောအကျိုးဆက်ကြောင့် ရရှိလာကြ ခြင်းဖြစ်လေသည်။ ၎င်းတို့သည် စစ်တန်းလျားဆေးကုရုံ၌ရှိနေကြပြီး နာကျင်စွာအော်ဟစ်နေကြ သည်လည်းဖြစ်သည်။ "တောက်...ကျနော်တို့ဘာဆက်လုပ်ကြမလဲ...စစ်သူကြီးကိုး" ထိုမြင်ကွင်းကိုကြည့်ပြီး ဒေါသထွက်စွာဖြင့် စစ်သည်တော်တစ်ယောက်မှ မေး၏။ "..အမျိုးယုတ်မြွေဟောက်ကောင်တွေ" စစ်သူကြီးကိုးသည် မိမိ၏လက်အောက်ငယ်သားများ နာကျင်စွာအော်ဟစ် နေရမှုကြောင့် ဒေါသထွက်ထွက်ဖြင့်အံကြိတ်လိုက်လေသည်။သူ၏ဒေါသ ထွက်မှုကြောင့် သူ၏လက်သီးများတွင်လည်း သွေးကြောများက သိသာ ထင်ရှားစွာပေါ်နေသည်။သူသည်လည်း စစ်ပွဲကြောင့် ဒဏ်ရာအနည်းကျဥ်း ရရှိထားသည်လည်းဖြစ်သည်။ သူ၏နှစ်ရှည်ကာလကြာ စစ်မှုထမ်းလာသောစစ်သည်တော်များ ကိုယ်ခန္ဓာ အစိတ်ပိုင်းများ ပြတ်တောက်ပြီး နာကျင်စွာအော်ဟစ်မှုကို သူလည်းကြားရ သောအခါ မနာကျင်ပဲမနေပေ။ ကပ်ဆိုးကာလဆိုက်ရောက်မှုကြောင့် စွန်ရဲအင်ပါယာစစ်သည်တော်များစွာကျ ဆုံးခဲ့ရလေသည်။ထိုအချိန်၌ မြွေဟောက်အင်ပါယာမှ အလစ်ငိုက်တိုက်ခိုက် လာရာ ကာကွယ်နိုင်ခြင်းမရှိခဲ့ပေ။ကာကွယ်နိုင်ခြင်းမရှိရုံတင်မကပဲ ထိုသို့ ရုတ်ခြည်းဆိုသလို တိုက်ခိုက်မှုကြောင့် နယ်စပ်မြို့အတော်များများပင် မြွေဟောက်အင်ပါယာ၏လက်အောက်သို့ကျရောက်ခဲ့ကြရလေသည်။ လက်ရှိမိမိတို့စခန်းချနေသော မြို့ပင် တစ်ပတ်မျှကြာအောင်တိုက်ခိုက်ပြီး လူအင်အားအကျဆုံးများပေးဆပ်ပြီးမှ ပြန်လည်ရယူထားခြင်းဖြစ်သည်။ လက်ရှိမြို့သာ စစ်ရေးအရအရေးအာသော နေရာဖြစ်သောကြောင့် မြွေဟောက်အင်ပါယာမှ သိမ်းပိုက်ပြီးသည်နဲ့ ချက်ချင်းတုံဆိုင်းခြင်းမရှိပဲ ပြန်လည်တိုက်ခိုက်ရယူထားရသည်ဖြစ်သည်။ လက်ရှိမိမိနေနေသောမြို့သာ နောက်တစ်ကြိမ် ရန်သူလက်အောက်ထဲပါသွားပါက ဆုံးရှုံးမှုကြီးဖြစ်လာနိုင်သောကြောင့် မြွေဟောက်အင်ပါယာမှ လာတိုက်ခိုင်းတိုင်း အတင်းပေကပ်ခုခံရနေရ သည်မှာလည်း ကြာနေပြီဖြစ်သည်။ထိုသို့အတင်းပေကပ်ခုခံကာကွယ်နေရ သောကြောင့် မြို့၏စားနပ်ရိက္ခာများသည်လည်း နှစ်လတည်းဟူသောအတွက် သာ ကျန်ရစ်တော့သည်။ထိုစားနပ်ရိက္ခာကပြသနာမရှိသော်လည်း ဆေးဝါး များကအလွန်အရေးကြီးပြတ်တောက်နေသည်။ လက်ရှိမိမိတို့တပ်စွဲရာမြို့ အား ဆေးဝါးထောက်ပံပေးနိုင်သော မြို့ကလည်း ရန်သူ့လက်အောက်၌ကျ ရောက်နေသည်ဖြစ်ရာ ကြီးစွာသောခက်ခဲမှုကိုဖြစ်ပေါ်စေခဲ့သည်။ လူအင်အားသည်လည်း တဖြေးဖြေးဖြင့်ယုတ်လျော့လာလေသည်။ "ငါလိုးမ...အယ်ဗိန်း" စစ်သူကြီးသည် သူ၏ရှေ့မှမြေပုံကြည့်ပြီး ဆဲရေးလိုက်သည်။လက်ရှိဖြစ် ပျက်နေသော ပြသနာများ၏အစသည် သူဆဲရေးနေသောသူကြောင့်ဖြစ်လေ သည်။ အယ်ဗိန်းသည် လွန်ခဲ့သောငါးနှစ်ခန့်က စွန်ရဲအင်ပါယာ၌ ထောက်လှမ်းရေး၌တာဝန်ထမ်းဆောင်ရသူဖြစ်သည်။တစ်နေ့၌ သူသည် ကြီးမားသောအပြစ်ကြီးကျူးလွန်ပြီးနောက် မြွေဟောက်အင်ပါယာသို့ခိုလှုံ သွားလေသည်။သူ၏စွန်ရဲအင်ပါယာသတင်းအချက်လက်နဲ့မြွေဟောက်အင် ပါယာ၏စစ်ရေးတို့ပေါင်းစပ်သောအခါ စွန်ရဲအင်ပါယာတပ်သည် ရှုံးနိမ့်ရ သည်လည်းဖြစ်သည်။ စစ်သူကြီးကိုးသည် သူ၏စစ်သည်များ နာကျင်စွာအော်တိုင်း အယ်ဗိန်းအား ဒေါသထွက်ပြီးသတ်လိုစိတ်တဖွားဖွားပေါ်ပေါက်လာလေသည်။ အယ် ဗိန်း၏အကြံစည်ကြောင့် မိမိမြို့နဲ့အနီးစပ်ဆုံးသောဆေးဝါးရနိုင်သောမြို့သည် ရန်သူလက်အောက်သို့ရောက်ခဲ့လေသည်။ထိုမျှနဲ့မပြီးသေးပေ။မိမိတို့မြို့သို့ ဝေးကွာသောမြို့မှနေ၌ စားနပ်ရိက္ခာများ၊ဆေးဝါးများနှင့်စစ်ကူရန်လာသော စစ်သည်များကိုလည်း လာရာလမ်းကြောင်းမှာ ကြားဖြတ်တိုက်ခိုက်လုယူ လေ့ရှိသောကြောင့် မိမိမြို့သို့ဘယ်တော့အခါမှ စစ်ကူများလည်းရောက်လာ ခြင်းမရှိခဲ့ပေ။ "စစ်သူကြီးကိုး....ဆေးကုဆောင်တတိယအဆောင်ကလူနာတွေအော်ဟစ်တာ ပိုဆိုးလာလို့ သူတို့ပါးစပ်ကိုအဝတ်စည်းပြီးချုပ်ထားရုံကလွှဲပြီး" သတင်းလာပို့သော စစ်သည်တော်ကလည်း ဆက်မပြောနိုင်တော့ပဲ..ငြိမ်ကျ သွားလေသည်။ စစ်သူကြီးလည်း ထိုစစ်သည်တော်၏သတင်းကြောင့် မျက်နှာညှိုးငယ်သွား လေသည်။ထိုတတိယအဆောင်၌ရှိနေသော စစ်သည်များသည် မြွေဟောက် အင်ပါယာ၏ကောက်ကျစ်သော အဆိပ်တိုက်ခိုက်မှုကြောင့် ထိခိုက်ထား သူများဖြစ်သည်။ထိုသူများသည် ဆေးဝါးရှားပါးမှုကြောင့် မကုနိုင်သေးရာ အဆိပ်၏သက်ရောက်မှုကြောင့် နာကျင်စွာအော်ဟစ်နေကြရလေသညိ။ ထိုအဆိပ်သည် နာကျင်မှုတစ်သောင်းဟူနာမည်ပြောင်ရှိပြီး ထိုနာမည် အတိုင်း အဆိပ်မိသောလူသည် တစ်ကိုယ်လုံး၌ကြီးစွာသော ဝေဒနာကို နာကျင်ဆင်းရဲစွာခံစားကြရလေသည်။ ထိုအချိန်မှာပင် စစ်သည်တော်တစ်ယောက်မှ စစ်သူကြီးရှိရာပြေးလာပြီး "သတင်းကောင်းပဲ..နောက်ငါးမိနစ်နေရင်..စစ်ကူရောက်လာမယ်တဲ့" ထိုစစ်သည်၏စကားကြောင့် စစ်သူကြီးကိုးနဲ့သတင်းကြားသောစစ်သည် တိုင်း အံသြကြပြီး "ငါ့ကိုလာနှောက်နေတာလား" စစ်သူကြီးကိုးသည် မယုံကြည်စွာပြောလိုက်သည်။သူ၏လက်ရှိတပ်စွဲရာမြို့သို့ မည်သည့်စစ်ကူမှ မရောက်လာသည်မှာ နှစ်လကျော်ခဲ့ပြီဖြစ်သည်။ "တကယ်ရောက်လာမှာ..ဒီတစ်ခေါက်သတင်းက ကျုပ်တို့ စွန်ရဲဘုရင်ကြီးဆီ ကနေ ရောက်လာတာ" ဆိုကာ စစ်သည်တော်မှ သူ၏လက်မှအရာကိုပြသ သည်။ "တကယ်ပဲဟ" လူတိုင်းယုံကြည်သွားကြသည်။စစ်သည်တော်လက်ထဲရှိနေသည်က စွန်ရဲ ဘုရင်မှသာအသုံးပြုနိုင်သော အဆင့်သုံးအင်းဖြင့်စီမှန်ထားသော စွန်ရဲ သတင်းပို့စာလိပ်ပင်ဖြစ်လေသည်။ထိုစာလိပ်သည် စွန်ရဲအင်ပါယာနယ်မြေ အတွင်းရှိနေသော မည်သည့်မြို့မဆို ပို့ဆောင်နိုင်စွမ်းရှိလေသည်။ "သတင်းအရ မြို့ထဲက နေရာကွင်းကျယ်ကြီးမှာ ရောက်လာမယ်တဲ့ အဲ့မှာသွား စောင့်ကြပါ" လူတိုင်းစဥ်းစားခန်းဝင်သွားကြပြန်သည်။စစ်ကူလာမည်ဆိုသောကြောင့် မြို့ တံခါးထံသွားရန်ပြင်ဆင်နေသောသူတိုင်း တုံ့ဆိုင်းသွားသည်။စစ်ကူကို ခိုင်ခံ စွာပိတ်လှောင်ထားသောမြို့ရိုးများ၏အလယ်၌ရှိနေသော ကွင်းပြင်၌စောင့်ပါ ဆိုသည်က အတော်ခေါင်းစားစေသည်ဖြစ်သည်။သို့သော်လည်း ဘုရင် ကြီး၏သတင်းတော်ဖြစ်ရာ မယုံကြည်သော်လည်း ရှောင်ဖယ်နိုင်ခြင်းမရှိ ထို နေရာသို့သွားရောက်ပြီးစောင့်ကြလေသည်။ စောင့်ဆိုင်းပြီး ငါးမိနစ်အကြာ၌ "ဟ...ဘာတွေလဲဟ" သူတို့ဆိုင်းစောင့်နေစဥ် ကွင်းပြင်ကျယ်ပေါ်၌များစွာသော အရာများရောက်ရှိ လာလေသည်။ "ဘာကြီးတွေလဲ..." ကောင်းကင်၌ဝဲနေသော သတ္ထုတုံးများကိုကြည့်ပြီး စစ်သည်တော်တိုင်း စိုးထိတ်သွားကြသည်။ "စိတ်မပူကြနဲ့..ဒါတွေကဘုရင်ကြီးစေလွတ်လိုက်တဲ့စစ်ကူတဲ့..အဲ့ကနေတစ် ယောက်က အကျိုးကြောင်းရှင်းပြပါမယ်တဲ့" သတင်းရရှိထားသော စစ်သည်တော်များ အားလုံးကြားအောင်ဖတ်ကြ ကြေညာရလေသည်။ထိုအခါမှ လူတိုင်းစိတ်သက်သာရာရသွားကြ၏။ သူတို့စောင့်ကြည့်နေစဥ်မှာပင် ကောင်းကင်၌ဝဲနေသော အရာများသည် ကွင်းပြင်ကျယ်ပေါ်သို့တစ်စီးပြီးတစ်စီး ဆင်းသက်လာကြလေသည်။ သို့သော်လည်း ယာဥ်ပျံများက အလွန်များပြားနေရာ ကွင်းပြင်ကျယ်ပေါ်သို့ အားလုံးဆင်းသက်ခြင်းမရှိပဲ တစ်ချို့သောယာဥ်များက လေပေါ်တွင်သာ ပျံသန်းနေဆဲဖြစ်သည်။ "ကျီ " တစ်ခုသောလေယာဥ်ပေါ်မှ တံခါးသည်ပွင့်လာပြီး အထဲမှလူတစ်ယောက် သည် ဆင်းသက်လာလေသည်။ "ဟင်" ထိုသူကိုမြင်သူတိုင်း စစ်သည်တော်များအံအားသင့်သွားကြလေသည်။အံ အားသင့်သည်မှာလည်း အကြောင်းရင်းများစွာပင်။ ဆင်းလာသောသူသည် ယခုမှနှစ်ဆယ်အရွယ်သာရှိသေးသောကြောင့်ဖြစ်ပြီး သူ၏စစ်သည်တော်အ ဆင့်ကြောင့်ဖြစ်လေသည်။ငယ်ရွယ်သော်လည်း သူ၏စစ်သည်တော်အဆင့် သည် ပလက်တီနမ်ရှစ်သို့ရောက်နေပြီဖြစ်သည်။ ထို့ပြင်သူဝတ်ထားသော စစ်သည်ချပ်ဝတ်တန်ဆာကလည်း မိမိတို့ဝတ်ဆင် ထားသော ချပ်ဝတ်တန်ဆာနဲ့ကွဲပြားနေသည်။မိမိတို့စစ်သည်ချပ်ဝတ်တန်ဆာ က ကြီးမားလေးလံလှပြီး မိမိတို့မျက်စိရှေ့၌ငယ်ရွယ်သော သူ၏ချပ်ဝတ်တန်ဆာက ပေါ့ပါးလှပြီး သွားလာရလွယ်ကူမည်ပုံစံမျိုး ဖြစ်သည်။ စစ်သည်တော်တိုင်း၏မျက်လုံး၌သိသာစေသည်ကတော့ ထိုစစ်သည် တော်၏စစ်သည်ချပ်ဝတ်တန်ဆာ၏ပခုံး၌ လက်သီးပုံတံဆိပ်ပါရှိနေသည် ဖြစ်သည်။ထိုသူ၏လက်၌ လေးထောင့်ပြားအရာတစ်ခုကို ကိုင်ဆောင်ထား ပြီး အမျိုးမည်မသိရသောသတ္ထုစပ်များဖြင့်ပြုလုပ်ထားသည်ဟုယူဆရလေ သည်။ထိုစစ်သည်တော်သည် သူ၏လက်မှအရာကိုကြည့်ကာ စစ်သူကြီးကိုး ထံလျှောက်လာပြီး "တွေ့ရတာဝမ်းသာပါတယ် စစ်သူကြီးကိုး...ကျနော်ကတော့ စွန်ရဲဘုရင်ကြီး စေလွတ်လိုက်တဲ့စစ်ကူတပ်က တာဝန်ရှိသူပါ...လျူလို့ခေါ်လို့ရပါတယ်" လျူမှ စတင်မိတ်ဆက်လိုက်လေသည်။စစ်သူကြီးကိုးကလည်း "စစ်ကူလာတာဆိုတော့...ဘာတွေပါသလဲ" "ပါပါတယ် စားနပ်ရိက္ခာတွေ၊အဆင့်မြင့်ဆေးဝါးတွေ ပါပါတယ်" ထိုစကားကြောင့် ကြားလိုက်ရသောစစ်သည်တော်တိုင်း ပျော်ရွှင်မိသွား သည်။ဆေးဝါးများပါလာသောကြောင့် မိမိတို့၏စစ်သည်တော်များကို ကယ်တင်နိုင်တော့မည်ဖြစ်သောကြောင့်ဖြစ်သည်။ "ပြီးတော့ ရန်သူ့နယ်မြေတွေကို ပြန်သိမ်းပိုက်ဖို့လည်း စစ်အင်အားတွေပါပါ တယ်." "တကယ်လား..လျူ" "တကယ်ပေါ့..အကျိုးကြောင်းရှင်းပြနိုင်ဖို့ ကျနော်ကို..ဆွေးနွေးလို့နေရာ လေးဆီ ပြပေးပါလား"
(372) ပြန်လည်တိုက်ခိုက်ပြီ..
"ဒီနေရာပါ" စစ်သည်တော်တစ်ယောက်မှ မိမိတို့စစ်သည်များဒဏ်ရာကုသသောနေရာသို့ ပို့ဆောင်ပြသလေသည်။ ထိုစစ်သည်လေး၏နောက်တွင်လိုက်ပါလာသောအဖွဲ့သည် လူအင်အားငါး ဆယ်ပါရှိသော တပ်ဖွဲ့ဖြစ်ပြီး သန့်ရှင်းတောက်ပြောင်သော အဖြူရောင် စစ်ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားပြီး ကုသသူများဖြစ်ကြောင်းအမှတ် သားပါရှိလေသည်။ သူတို့၏မျက်နှာများကိုလည်း အကာကွယ်တစ်ခုဖြင့် ဖုံးကွယ်ထားကြလေသည်။ဂရိတ်တိုင်းပြည်၏စစ်တပ်တွင် တာဝန်ထမ်း ဆောင်သောဆေးတပ်ဖွဲ့လည်းဖြစ်ပေသည်။ ထိုအဖွဲ့သည် စစ်ကူလာသောလေယာဥ်များထဲမှရောက်လာကြခြင်းဖြစ်ပြီး ထို ဆေးကုသဆောင်ထဲသို့ရောက်ရှိလာသည်နဲ့ အခြေနေအား အကဲခတ်ကြည့်ရှု လိုက်လေသည်။ အခြေနေအတော်ဆိုးဝါးနေကြောင်းတွေ့ရလေသည်။ နာကျင်စွာအော်ဟစ်နေသောအသံများစွာက ဆေးကုဆောင်ကိုဖုံးလွှမ်း ထားသည်လည်းဖြစ်ပေသည်။ "ဆေးဖြန်းပါ" ထိုအခါ တပ်သားနှစ်ယောက်မှ အမျိုးမည်မသိသော ဆေးများဖြန်းချလိုက် သည်။ထိုသို့လုပ်ဆောင်လိုက်သည်နဲ့ သွေးပျက်ခြောက်ခြားဖွယ်နံစော်လှပါသ ည့်ဆိုသောနေရာသည် အနံသက်များကင်းစင်သွားလေသည်။ ထိုအဖွဲ့မှ ခေါင်းဆောင်ဖြစ်ဟန်တူသောတစ်ယောက်သည် ဒဏ်ရာထိခိုက် သူများကိုကြည့်ရှုလိုက်၏။ထို့နောက် သူ၏ဆေးတပ်သားများအားကြည့်ကာ "သာမန်ထိခိုက်ထားတဲ့သူတွေကို ပိုးသတ်သန့်ရှင်းပေးပြီး ဆေးတိုက်ထား လိုက်...ကျန်တဲ့သူတွေကို သူတို့ကို စိတ်ငြိမ်ဆေးနဲ့အိပ်ဆေးအရင်ပေးထားပြီးရင် ဆေး(++++)ကို ပေး ထားလိုက်ပါပြီးတော့ အဆိပ်မိနေတဲ့သူတွေက..." ဆက်တိုက်ဆိုသလိုညွှန်ကြားချက်များပေးလိုက်လေတော့သည်။ ခေါင်းဆောင်ဖြစ်သူ၏အမိန့်ကျလာသည်နဲ့ ကျန်သောသူများကလည်း ထိုအ စီစဥ်အတိုင်းလိုက်နာဆောင်ရွက်ကြလေသည်။ထိုသို့လုပ်ဆောင်ကြသည်နဲ့ နာကျင်အော်ဟစ်နေရသော ဆေးကုဆောင်၏အသံများလည်း တဖြေးဖြေးဖြင့်ငြိမ်သက်သွားလေသည်။ "ဒီလူတွေကို အကိုက်ခဲပျောက်ဆေးပေးထား..ပြီးရင်..." စသော အစီစဥ်များကလည်း ဆက်တိုက်ဆိုသလိုပင်ပေးနေဆဲဖြစ်သည်။ထို အဖြစ်ပျက်များကို ဆေးတပ်ဖွဲ့အား နေရာလိုက်ပြပေးသော စစ်သည်တော် လေးမှ အံအားသင့်စွာကြောင်ကြည့်နေမိသည်။ သူ၏စစ်သည်တော်များသည် ဆေးတပ်ဖွဲ့၏ကုသမှုအောက်၌အချိန်တစ်နာရီ ဟူသော ကာလတိုလေး၌သက်သာလာကြသောကြောင့်ဖြစ်သည်။ "အဆိပ်မိတဲ့သူတွေကို ဒီဆေးထိုးကြ" စသောအသံထွက်ပေါ်ပြီးသည်နဲ့ အဆိပ်ဝေဒနာခံစားနေသောလူနာ များ၏အသံများလည်း ပျောက်သွားကြောင်း တွေ့ရလေသည်။ "ခင်ဗျားတို့က တကယ်တော်တာပဲ" စစ်သည်လေးမှ မနေနိုင်ပဲချီးမွန်းမိသည်။ "ရပါတယ် ကိစ္စမရှိဘူး..ဒါက ကျုပ်တို့တာဝန်ပါပဲ" တစ်နာရီအတွင်း၌ မိမိတို့စစ်သည်များသက်သာသွားကြောင်းတွေ့ရသော ကြောင့် ဝမ်းသာမိသည်။စစ်သည်အများစုသည် ချက်ချင်းကြီးတော့မ ကောင်းလာသော်လည်း နှစ်ရက်မျှအနားယူလိုက်သည်နဲ့ ပုံမှန်ပြန်ဖြစ်လာကြ တော့မည်ဖြစ်သည်။ စစ်သူကြီး ကျနော်တို့စစ်သည်တော်လုံးဝကောင်းသွားပြီ" စစ်သူကြီးကိုးအား ဝမ်းသာအားရဖြင့် စစ်သည်တော်တစ်ယောက်မှလာ ရောက်ပြောသည်။ "ကျေးဇူးပါ လျူ...မင်းတို့စစ်ကူမလာရင်..ငါတို့အဖြစ်ကပြောစရာမရှိဘူး" "ကျနော်တို့ကို ကျေးဇူးမတင်ပါနဲ့..ခင်ဗျားတို့ရဲ့ဘုရင်ကြီးကိုပဲကျေးဇူးတင် ပါ" လျူက ပြုံးပြီးပြောလိုက်သည်။ စစ်သည်တော်လေးသည် စစ်သူကြီးအား ဝမ်းသာအားရပြောနေသည်။သူ ပြောနေသည်က စစ်ကူလာသောအဖွဲ့၏ဆေးကုသပုံကိုဖြစ်သည်။ လျူကတော့ စစ်သူကြီးမား စစ်သည်တော်လေးအားပါးတရပြောပုံကိုကြည့် ကာ စိတ်ထဲတွေးမိသည်။လက်ရှိမိမိတို့နေထိုင်သောနယ်မြေများသည် တိုက်ခိုက်ရေးကိုသာဦးစားပေးကြသည်ဖြစ်ရာ ကျန်သောနေရာများ၌ဖွံ့ဖြိုး မှုသည်လွန်စွာမှ အားနည်းလှပေသည်။အထူးသဖြင့် ဆေးကုသမှု နယ်ပယ်၌လည်း အားနည်းလေသည်။ လျူသည်လည်း ယခင်က ဆေး ပညာ၌အကုန်စင်တတ်မြောက်ခဲ့သည်ဟူယူဆမိသည်။သို့သော်လည်း ဂျိတ် အုပ်စိုးသောအခါ သူသိထားသောဆေးပညာသည် ဆေးပညာ နယ်ပယ်၏ဝင်ပေါက်အဆင့်မျှသာရှိသေးကြောင်း သိရှိလိုက်လေသည်။ ထိုအခါ ပိုမိုတတ်ကျွမ်းလေ့လာလိုစိတ်ဖြင့် ဂရိတ်စစ်တပ်၏ဆေးတပ်ထဲသို့ ဝင်ရောက်ခဲ့သည်လည်းဖြစ်ပေသည်။လက်ရှိ မိမိတို့ကုသသောဆေးဝါး များသည် မိမိတို့အတွက်သာမန်အဆင့်မျှသာရှိသော်လည်း စွန်ရဲအင်ပါယာ စစ်သည်များအတွက်တော့ ထိုဆေးဝါးများကုသပုံသည် အဆင့်မြင့်သည်ဟု ယူဆကြမည်ဖြစ်သည်။ "ကဲ..ဒါဆိုရင် ကျနော်တို့စစ်တိုက်တာက" "ကျနော်တို့ဖက်က ခုခံယုံပဲတတ်နိုင်တာလေ..ပြီး တော့ကျနော့်စစ်သည်တော်တွေပြန်ကောင်းလာရင်တောင်..." "မဟုတ်ဘူး ကျနော်ပြောချင်တာက ဒီလိုပါ..စစ်တိုက်တာက ကျနော်တို့တာဝန် ပါ...ခင်ဗျားတို့ကိုလုပ်ခိုင်းမှာက ကျနော်တို့တိုက်ခိုက်ပြီးနောက်ကနေ မြို့တွေ ကို ပြန်လည်ထိန်းချုပ်ပေးဖို့ပါ" လျူ၏စကားကြောင့် စစ်သူကြီးကိုးသည် အံအားသင့်သွားသည်။ လျူ၏စကားအရဆိုလျှင် စစ်တိုက်သည်က အလွန်ပင်လွယ်ကူလှသည်။ "တစ်မျိုးမထင်ပါနဲ့...ဒါက ကျနော်တို့နယ်မြေပါ...လျူပြောသလိုလွယ်မယ်လို့ မထင်ပါဘူး" စစ်သူကြီးကိုးမှ ပြန်လည်ပြောသည်။သူ၏အမြင်အရ လက်ရှိရန်သူများ သိမ်းပိုက်ထားသောမြို့ နယ်မြေများသည် မိမိတို့ရောက်ဖူးအကျွမ်းဝင်ဖူးသောသူများအတွက်ပင် ပြန်လည်သိမ်းယူရန်က ခက်ခဲနေသည်ဖြစ်သည်ကို လျူမှအသာလေးပြော နေသောကြောင့်ဖြစ်သည်။ "စစ်သူကြီးကိုး..ကျနော်တို့ဘာနဲ့လာတယ်ဆိုတာသိမှာပါ..အဲ့ဒါတွေနဲ့သာဆိုရင် ကော" ထိုအခါ စစ်သူကြီးငြိမ်သက်သွားသည်။သူတို့စီးလာသောလေယာဥ်ပျံနဲ့ဆိုပါ က မဖြစ်နိုင်စရာမရှိကြောင်းပြန်လည်တွေးမိသွားသည်။ "ကောင်းပြီ..လျူဒါဆိုမင်းဘယ်လိုလုပ်စေချင်လဲ" လျူသည် ပြုံးလိုက်ပြီး.. "စစ်သူကြီးကို တောင်းဆိုစရာရှိပါတယ်...အဲ့ဒါက ကျနော်ကိုစစ်သူကြီးရဲ့ စစ်တိုက်တာမှာခေါင်းဆောင်ဖြစ်ခွင့်ပေးပါ..အဲ့ဒါပါပဲ..ကျနော်တို့ဘယ်လို တိုက်ခိုက်တယ်ဆိုတာလဲ... စစ်သူကြီးကို ပြသမှာပါ...ပြီးတော့ကျနော်တို့မြို့ တစ်မြို့တိုက်လို့ ရှုံးတယ်ဆိုရင် ဒီကပါလာတဲ့ လေယာဥ်ပျံတွေကို အလကား ပေးပစ်မယ်" "ဟေ" စစ်သူကြီးကိုး နဲ့စစ်သည်တော်လေးအံအားသင့်လန့်ဖြတ်သွားကြသည်။ ငယ်ရွယ်သော လျူသည် အလွန်ပင်ရဲတင်းလှသောကြောင့်ဖြစ်သည်။ "ကောင်းပြီ...ငါရဲ့စစ်တိုက်ခွင့်ကို မင်းကိုပေးအပ်တယ်...မင်းပြောသလိုလုပ် ကြတာပေါ့" စစ်သူကြီးကိုးမှ လက်ခံလိုက်သည်။ဘယ်လိုတွေးတွေး သူ၏ဘက်မှ လုံးဝ အရှုံးမရှိသောကြောင့်လည်းဖြစ်ပေသည်။ ရှုံးနိမ့်ပါကလည်း မိမိတို့တပ်မှ အစွမ်းထက်သောလေပေါ်ပျံ အရာများကိုရရှိမည်လည်းဖြစ်ရာလက်ခံလိုက် လေသည်။ "ကောင်းပြီ...စစ်သူကြီးကိုး...ကျနော်နဲ့လိုက်ခဲ့ပေးပါ" လျူမှာပြောဆိုပြီး ရပ်နားခဲ့ရာလေယာဥ်နေရာသို့ပြန်သွားလိုက်သည်။ စစ်သူကြီးကိုးလည်း လျူနောက်မှလိုက်သွားလိုက်သည်။ စစ်သူကြီးကိုးသာမက လက်ရှိတပ်စွဲရာမြို့၌ လုံးဝကောင်းမွန်သေးသော စစ်သည်တော်များနဲ့ဒဏ်ရာအသေးဖွဲ့သာရရှိထားသော စစ်သည်တော်များကို လည်း လေယာဥ်များပေါ်သို့ တက်စေခိုင်းလိုက်လေသည်။လျူ၏စကားကို သူတို့လည်းမပယ်ဝံပေ။စစ်သူကြီးမှ အမိန့်လွှဲအပ်ထားသောကြောင့် ဖြစ်သည်။ ("မိုက်လိုက်တာ") စစ်သူကြီးကိုးတစ်ယောက် လေယာဥ်ပေါ်ရောက်ရောက်ခြင်းခံစားမိသည်။ တစ်ခါမှမကြုံဖူးသောအတွေ့ကြုံက်ို လက်ရှိအချိန်၌ခံစားမိသောကြောင့် ဖြစ်သည်။ လျူကတော့ လေယာဥ်ပေါ်ရောက်သည် ချက်ချင်းပင် ပျံတက်ရန်အမိန့် ပေးလိုက်လေသည်။ထိုအခါလေယာဥ်သည်လည်း ကောင်းကင်ပေါ်သို့ ချက်ချင်းပျံတက်သွားလေသည်။ "ထောက်လှမ်းရေးယာဥ်ကနေ အချက်လက်တွေရပြီလား" လျူသည် လေယာဥ်ပေါ်ရှိ ထူးခြားဆန်းပြားသော စက်များနဲ့ဖန်သားပြင် တစ်ခုရှိရာနေရာထိုင်ခုံတွင် ထိုင်လိုက်ကြောင်း ကိုးတွေ့ရလေသည်။ "ရပါပြီ...ပို့ထားပါတယ်" ထိုအသံသည် ထွက်ပေါ်လာပြီးသည်နဲ့ ဖန်သားပြင်ပေါ်တွင် မြေပုံတစ်ခုပုံစံ ပေါ်လာကြောင်းတွေ့ရလေသည်။ ("ဒါက....") ဖန်သားပြင်ပေါ်တွင်ပေါ်နေသည်က အလွန်အသေးစိတ်ဖန်တီးရေးဆွဲထား သောမြေပုံတစ်ခုဖြစ်ကြောင်း တွေ့ရှိလိုက်ရသောကြောင့်ဖြစ်သည်။မိမိ တို့၏လက်ရှိအသုံးပြုနေသော မြေပုံသည်ပင် ထိုမြေပုံထက်မပြည့်စုံကြောင်း ကိုး ဝန်ခံရပေမည်။ "ဒါက အစောကတည်းက ထောက်လှမ်းရေးလေယာဥ်အမျိုးစားကို နယ်မြေ လေ့လာခိုင်းထားတာလေ" လျူမှ စစ်သူကြီးကိုးအား အကျိုးကြောင်းရှင်းပြသည်။ "ဘယ်မြို့ကိုအရင်တိုက်ခိုက်စေချင်လဲ" လျူမှ မေးလာသောအခါ စစ်သူကြီးကိုးမှ မိမိရှေ့၌ပေါ်နေသော မြေပုံမှမြို့ကို ပြောပြီး "အဲ့မြို့ကိုအရင်တိုက်ခိုက်သိမ်းယူစေချင်တယ်..ဒါမှ နောက်မြို့တွေသိမ်းပိုက် ရင်လွယ်ကူသွားမှာ" "ကောင်းပါပြီ" ထို့နောက်လျူသည် ထိုင်ခုံပေါ်၌ထိုင်ပြီး ခေါင်းဆောင်တစ်ခုကို ကောက် ခေါင်းလိုက်ပြီးသည်နဲ့ "စစ်သည်တော်အားလုံး အခုပြောနေတာက မင်းတို့ရဲ့အကြီးကဲခေါင်းဆောင် လျူပါ...စစ်သူကြီးကိုးဆီကနေ စစ်တိုက်မိန့်ခေါင်းဆောင်ခွင့်ရရှိလာပါ ပြီ..ချက်ချင်းစစ်တိုက်ရန်အတွက်++++မြို့သို့ဦးတည်ထွက်ခွာပါ.." ထိုစကားဆုံးသည် မြေပြင်ပေါ်တွင်ရပ်နေသော လေယာဥ်များနဲ့ကောင်းကင် ပေါ်၌ရပ်နေသောလေယာဥ်များက လျူစီးနင်းသောလေယာဥ်နောက်မှ လိုက်ပါပျံသန်းသွားကြလေသည်။ စစ်သူကြီးကိုးမှ လေယာဥ်ပျံထဲ၌နေရသည်မှာ အလွန်ကောင်းမွန်ကြောင်း တွေ့ရှိလျုက်ရလေသည်။ထို့နောက် မိမိအတွက်အထူးဆန်းဖြစ်သောဖန်သား ပြင်မှ အစက်ပြောက်လေးများအား သေချာကြည့်ရှုနေသည်။လျူ၏ရှင်း ပြချက်အရ ထိုအစက်ပြောက်လေးများသည် ပျံသန်းနေသောလေယာဥ်ပျံ များဖြစ်ကြောင်းသိထားပြီးဖြစ်သည်။ "ဒီအစက်ပြောက်ကိုယ်စားပြုတဲ့လေယာဥ်သုံးစီးက ဘာလို့မလိုက်လာတာလဲ" စစ်သူကြီးသည် လျူအားမေးလိုက်သည်။လျုမှ ပြုံးလိုက်ပြီး "အဲ့လေယာဥ်တွေကို တမင်မခေါ်လာတာ အဲ့လေယာဥ်တွေသာ တကယ် တိုက်ခိုက်လိုက်ရင်...မြို့ကလုံးဝပြာကျသွားလိမ့်မယ်" လျူ၏စကားကြောင့် စစ်သူကြီးကိုး ကြက်သီးမွှေးညင်းများထသွားလေ တော့သည်။