အခန်း (၂၀၁၅-၂၀၁၈)
Vol. 107 Ch. 2015-2018
အခန်း (၂၀၁၅) - လောကမှာ မင်းကို ဘယ်သူ မသိလို့လဲ
~"လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ပြည်တွင်းက ကျွမ်းကျင် ပညာရှင် တချို့ကို ကျွန်မ စည်းရုံးထားတယ်... သူတို့ အားလုံး ဒီကို အမြန်ဆုံး ရောက်လာအောင် နည်းလမ်း ရှာလိုက်ပါ့မယ်"
ယွီဖုန်းရှန်း မစောင့်နိုင်တော့ပေ။ ပြောရင်းနှင့် သူမ ဖုန်းကောက်ကိုင်လိုက်ပြီး ပြည်တွင်းရှိ လူများကို ဆက်သွယ်ရန် ပြင်လိုက်လေ၏။
ဖုန်းမခေါ်ခင်၊ သူမ ယွီကျင်းနမ် ကို တဖန် ကြည့်လိုက်သည်။
"ကြွယ်ဝခြင်း အသင်း နဲ့ နေမဝင်အင်ပါယာ ကိစ္စတွေ အကုန်လုံး ဦးလေးကိုပဲ အပ်ပါတယ်"
"ဒါပေါ့၊ ဦးလေးတို့က မိသားစုတွေပဲလေ"
ယွီကျင်းနမ် လက်ကာပြလိုက်ပြီး သူမ ဖုန်းခေါ်နေသည်ကို ကြည့်နေလိုက်သည်။ သူ ခေတ္တ စဉ်းစားလိုက်ပြီးနောက် အစီအစဉ် အချို့ကို စတင် ချမှတ်လိုက်လေ၏။
...
အခြား တစ်ဖက်တွင်၊ ပြင်ပလောက ဆူပူလှုပ်ရှားနေချိန်၌၊ ယဲ့ဖန်သည် အန်းကျူပရင့်စ်၏ ပြင်းပြသော ချစ်ခြင်းမေတ္တာတွင် လုံးဝ နှစ်မြှုပ်နေလေ၏။
...
အန်းကျူ မိသားစု၏ မင်းသမီးလေးသည် ယနေ့ည အနည်းငယ် စိတ်လှုပ်ရှား လွန်ကဲနေ၏။
ယဲ့ဖန် ပင်လျှင် တုန်လှုပ်သွားရလောက်အောင် ရူးသွပ်နေလေ၏။
သူမ၏ ကျယ်ဝန်းသော တိုက်ခန်းကြီး အတွင်း၊ ဝင်ပေါက် နံရံမှသည် ဝင်ပေါက်၊ ဆိုဖာ၊ ဧည့်ခန်း၊ ကော်ဖီစားပွဲ၊ လသာဆောင်၊ ရေချိုးခန်း၊ ရေပန်း၊ အိပ်ခန်း၊ ကြမ်းပြင် အထိ...
နေရာ အားလုံးနီးပါးသည် စစ်မြေပြင် အဖြစ် ပြောင်းလဲသွားလေတော့သည်။
နောက်ဆုံးတွင် ယဲ့ဖန် တွေဝေ ငေးငိုင်သွားရ၏။
အန်းကျူပရင့်စ်တွင် မည်သည့် အားအင်မှ မကျန်တော့ပေ။ ရွှံ့ကဲ့သို့ ပျော့ခွေသွားပြီ ဖြစ်သော်လည်း၊ သူမသည် ယဲ့ဖန်အား ဆက်လက် လုပ်ဆောင်စေလိုနေဆဲပင်။
သူမ မျက်လုံးများပင် မဖွင့်နိုင်တော့ဘဲ၊ အသက်ရှူသံများ အလွန် အားနည်းလာကာ အချိန်မရွေး သတိလစ်သွားနိုင်သည့် အခြေအနေ ရောက်မှသာ၊ ဆက်လုပ်ရန် အော်ဟစ်ခြင်းကို ရပ်တန့်လိုက်လေတော့သည်။
ယဲ့ဖန် အနည်းငယ် သံသယ ဝင်လာ၏။
အန်းကျူပရင့်စ် က ဒီည တစ်ညတည်းနဲ့ အကုန် ရူးသွပ်ပစ်ဖို့ ကြံစည်နေတာလား။
သူမ ဆက်မလုပ်တော့သည့် အကြောင်းရင်းမှာလည်း သူမတွင် ဆက်လက် လုပ်ဆောင်ခိုင်းရန် အားအင် မရှိတော့သောကြောင့်သာ ဖြစ်လောက်ပေသည်။
နောက်တစ်နေ့ နိုးလာသောအခါ၊ ယဲ့ဖန် မျက်လုံး ဖွင့်လိုက်သည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံး ရှုပ်ပွနေသည်ကို တွေ့လိုက်ရ၏။
သူနှင့် အန်းကျူပရင့်စ်၏ အဝတ်အစားများ စုတ်ပြဲနေရုံ သာမက၊ စောင်များပင် စုတ်ပြတ်သတ်နေလေ၏။
အန်းကျူပရင့်စ် မှာမူ သတိလစ်နေသကဲ့သို့ အိပ်ပျော်နေဆဲပင်။ သူ့ဘေးနားတွင် လဲလျောင်းနေ၏။
သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင် အမှတ်အသားများ များစွာ ကျန်ရှိနေသေးသည်။ အချို့မှာ ကြိုးတုပ်ခံရခြင်းကြောင့် ဖြစ်ပြီး၊ အချို့မှာ မနေ့ညက သူမ ရူးသွပ်နေစဉ် ယဲ့ဖန် ချန်ထားခဲ့သော အရာများ ဖြစ်လေ၏။
သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ရာ အဆင်ပြေကြောင်း အတည်ပြုနိုင်လိုက်သည်။ သူမသည် စိတ်လှုပ်ရှားလွန်း၍ အားကုန်ခန်းသွားခြင်းသာ ဖြစ်ပြီး၊ ခဏတာ အနားယူရန် လိုအပ်နေခြင်း ဖြစ်၏။ ယဲ့ဖန်သည် နေရာမှာတင် သူမအား ပြန်လည် အားပြည့်လာစေရန် ကုသပေးလိုက်သည်။ သူမကို အနားယူခိုင်းပြီးနောက်၊ ခန္ဓာကိုယ်ကို လုံရုံမျှသာ ဖုံးအုပ်ထားသော အဝတ်အစားများကို ဝတ်ဆင်လိုက်ပြီး ရေချိုးခန်းသို့ ဝင်ကာ ရေချိုးလိုက်လေ၏။
ထို့နောက် သူမ၏ အဝတ်ခန်းထဲမှ သန့်ရှင်းသော အဝတ်အစား အသစ်တစ်စုံကို ရှာဖွေ ဝတ်ဆင်လိုက်သည်။ နေ့လည်စာ ပြင်ဆင်နေစဉ် သူ၏ ဖုန်းကို ဖွင့်လိုက်၏။
မနေ့ညက သူနှင့် အန်းကျူပရင့်စ် နေမဝင်အင်ပါယာ တော်ဝင် မိသားစုမှ ထွက်ခွာလာပြီးနောက်၊ တော်ဝင် မိသားစုက ပြင်ပလောကသို့ သတင်းအချက်အလက် အချို့ ထုတ်ပြန်လိုက်ကြောင်းနှင့် ထိုသတင်းအချက်အလက်များက မည်မျှ လှုပ်ခတ်မှု ဖြစ်စေခဲ့ကြောင်းကို ယဲ့ဖန် သိရှိလိုက်ရသည့် အချိန်လည်း ဖြစ်ပေသည်။
သူ့ဖုန်းထဲတွင် စာတိုများ၊ မက်ဆေ့ခ်ျများနှင့် Missed Calls ပေါင်းစုံ ရောက်ရှိနေလေ၏။
ထိုအထဲတွင် နေမဝင်အင်ပါယာမှ ဆာမီယာ၊ ရှယ်လီ နှင့် အခြားသူများ သာမက၊ နဂါးနိုင်ငံမှ ကျူးရှောင်ကျောင်း လည်း ပါဝင်နေ၏။
ယဲ့ဖန်၏ အာရုံကို အဖမ်းစားဆုံးမှာ ချန်းဖေးအယ်၏ အရာများပင် ဖြစ်လေ၏။
ချန်းဖေးအယ်သည် ဖုန်းအကြိမ်ရေ ဒါဇင်ကျော် ခေါ်ဆိုထားပြီး၊ စာတို အနည်းဆုံး ဒါဇင်ကျော် ပေးပို့ထားသည်။ ၎င်းတို့ကြား အချိန်ကွာခြားချက်မှာ အလွန် ကြီးမား၏။ မနေ့ညမှ သန်းခေါင်ယံ အထိ၊ မနက်စောစော အထိ၊ ဒီမနက်ခင်း အထိ၊ ပြီးတော့ ခုနလေးတင် အထိပင်။
ဆာမီယာ၊ ရှယ်လီ၊ ကျူးရှောင်ကျောင်း နှင့် အခြားသူများကို အလျင်စလို စာပြန်ပြီးနောက်၊ ယဲ့ဖန်လည်း နေ့လည်စာ ပြင်ဆင်လိုက်ပြီး ချန်းဖေးအယ် ထံ အမြန် ဖုန်းပြန်ခေါ်လိုက်လေ၏။
ဖုန်းဝင်သွားသည်နှင့် တပြိုင်နက်၊ ချန်းဖေးအယ် ချက်ချင်း ကိုင်လာပါ၏။ ထို့နောက် သူမသည် သေစေနိုင်သော မေးခွန်းများကို ဆက်တိုက် မေးမြန်းလေတော့သည်။
"လူယုတ်မာ... မနေ့ညကတည်းက အခုထိ ကြာနေပြီ... ဘာလို့ ဖုန်းမဖွင့်တာလဲ"
"ဒီလောက် ကြာကြီး ဘာတွေ လုပ်နေတာလဲ"
"ပြီးတော့... ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့တာတွေ၊ ဒီလောက် အန္တရာယ် များတာတွေကို ဘာလို့ ကြိုမပြောတာလဲဟယ်..."
"အခု ဘယ်မှာလဲ... အပြင်ထွက်ခဲ့... တွေ့ပြီး စကားပြောကြမယ်..."
သူမ၏ မေးခွန်းပေါင်းစုံကို နားထောင်ရင်း ယဲ့ဖန် ခေါင်းကိုက်လာသဖြင့် အမြန် ဖြတ်ပြောလိုက်ရ၏။
"ရပ်... ရပ်လိုက်ဦး"
"ငါ တစ်နေ့ဝက်လောက် အလုပ်ရှုပ်နေတာ... ထမင်းတောင် မစားရသေးဘူး... နေ့လည်စာ အရင် စားပါရစေဦး... နောက်ကျရင် ဟိုတယ် လာပြီး မင်းကို လာရှာပါမယ်"
"ကောင်းပြီ... ကျွန်မ အရင် ရေချိုးပြီး ရှင့်ကို စောင့်နေမယ်"
ချန်းဖေးအယ် ခဏတာ တုံ့ဆိုင်းနေပြီးမှ ဖုန်းချလိုက်လေ၏။
"..."
---
အခန်း (၂၀၁၆) - ငါ့ကို မေးချင်တာလား... ဒါမှမဟုတ် ငါနဲ့ အိပ်ချင်တာလား
~"ရေချိုးပြီး ဟိုတယ်မှာ စောင့်နေမယ် ဟုတ်လား... ဘာလို့ ဒီစကားက တမျိုးကြီး ဖြစ်နေရတာလဲ"
ချန်းဖေးအယ်၏ စကားကို ကြားလိုက်ရသောအခါ ယဲ့ဖန်၏ ဦးနှောက် ရှော့ခ် ဖြစ်သွားလေ၏။
ချန်းဖေးအယ် က သူ့ကို ရည်ရွယ်ချက် ရှိနေပြီး၊ သူ့ခန္ဓာကိုယ်ကို မက်မောနေသည်ဟု သံသယ ရှိစရာ ကောင်းသော်လည်း...
ချန်းဖေးအယ် က ဒီလောက်ထိ ရဲတင်းသည်ဟု သူ မမှတ်မိပါချေ။
ဒါ့အပြင် သူတို့ ဆက်ဆံရေးက အဲ့ဒီ အဆင့်ထိ မရောက်သေးဘူး မလား။
"သူမ စိတ်လှုပ်ရှားသွားတာလား... ဒါမှမဟုတ် ငါပဲ တလွဲ တွေးမိတာလား"
...
နေ့လည်စာ စားပြီးနောက်၊ အန်းကျူပရင့်စ် အတွက် စာတစ်စောင် ရေးမှတ်ထားခဲ့ပြီး ပဲလေ့စ် ဟိုတယ် (Palace Hotel) သို့ ပြန်ရောက်သောအခါမှသာ ဘာဖြစ်နေလဲ ဆိုတာ သူ နောက်ဆုံးတော့ နားလည်သွားလေ၏။
ချန်းဖေးအယ် ရေချိုးပြီး စောင့်နေမည်ဟု ပြောတာက၊ သူမ မနေ့ည သန်းခေါင်ယံ အထိ အလုပ်ရှုပ်နေပြီး ရေချိုးချိန် မရလိုက်သောကြောင့် ဖြစ်သည်။
စောစောကလည်း အိပ်ရာထ နောက်ကျသွားသဖြင့်၊ ယဲ့ဖန်ကို တွေ့ဆုံရန် မနိုးမချင်း စောင့်ပြီးမှ ရေချိုးလိုက်ခြင်းက ပိုကောင်းမည်ဟု တွေးလိုက်ခြင်း ဖြစ်လေ၏။
ယဲ့ဖန်ကို ပေတေတေ ပုံစံမျိုးနှင့် မတွေ့ချင်ရုံ သက်သက်ပါပဲ၊ တခြား ရည်ရွယ်ချက် မရှိပါချေ။
သို့သော် ဟိုတယ် အခန်းသို့ ရောက်သောအခါ၊ ချန်းဖေးအယ် သည် သေသပ်လှပသော မိတ်ကပ် အပါးစား လိမ်းခြယ်ထားပြီး၊ ပွရောင်းရောင်း ရေချိုးဝတ်ရုံ ကိုသာ ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ သူမ၏ ပခုံးသားများနှင့် ခြေထောက်များသည် တစ်ဝက်တစ်ပျက် ပေါ်နေပြီး၊ ခေါင်းလျှော်ရည်နှင့် ရေချိုးဆပ်ပြာ ရနံ့ သင်းသင်းလေး ရောစပ်နေသော သဘာဝ ကိုယ်သင်းနံ့ တစ်ခု သူမ ကိုယ်ပေါ်မှ ထွက်ပေါ်နေလေ၏။
ယဲ့ဖန် မချုပ်တည်းနိုင်ဘဲ သူမကို အကဲခတ်လိုက်ပြီး မေးလိုက်၏။
"မင်း ..ကိုယ့်ကို မေးချင်တာလား... ဒါမှမဟုတ် ကိုယ်နဲ့ အိပ်ချင်တာလား"
တစ်ချိန်တည်း၌၊ ခေါင်းအုံး တစ်လုံး ပျံဝဲလာသည်။
"အိပ်မက် မက်နေလိုက်!"
"ငါ အခုလေးတင် ရေချိုးပြီး နေ့လည်စာ စားထားတာလေ"
ယဲ့ဖန် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ခေါင်းအုံးကို ဖမ်းလိုက်သည်။
"ခေါင်းအုံးက ငါ့ရှေ့ ရောက်နေပြီ... မင်းက ငါနဲ့ အိပ်ဖို့ အရိပ်အမြွက် ပြနေတာ မဟုတ်ဘူးလို့ ပြောနေတုန်းလား"
"နေမဝင်အင်ပါယာ တော်ဝင် မိသားစု ဆီ ညစာ သွားစားပြီး... ဘုရင်မကြီးရဲ့ ဆုချတာ ခံရပြီးနောက် မင်း မောက်မာလာတယ် ပေါ့လေ... ဟုတ်လား"
ချန်းဖေးအယ် သူ့ကို ဒေါသတကြီး မျက်စောင်းထိုးလိုက်သည်။
"ငါက နင့်လိုမျိုး... ကြည့်ကောင်းတဲ့ ဆန့်ကျင်ဘက် လိင်ကို တွေ့တာနဲ့ စိတ်ကူးယဉ်တတ်တဲ့သူ လို့ ထင်နေလား"
"ငါက ကြည့်ကောင်းတဲ့ ဆန့်ကျင်ဘက် လိင်ကို တွေ့ရင် စိတ်ကူးယဉ်တတ်တယ် လို့ ဘယ်သူ ပြောလဲ... ဒါက အသရေဖျက်မှုပဲ... အသရေဖျက်မှုနဲ့ တရားစွဲမယ်"
ယဲ့ဖန် သူမနှင့် ငြင်းခုံလိုက်ရာ၊ ရင်းနှီးသော ခံစားချက်များ လျင်မြန်စွာ ပြန်လည် ရောက်ရှိလာလေ၏။
သူ ပြုံးလိုက်ပြီး ခေါင်းခါလိုက်၏။
"ထားလိုက်ပါတော့... မင်းက တော်တော် ဉာဏ်ကောင်းပြီး ငါ ချောတာကို သိမြင်နိုင်လို့... ဒီကိစ္စကို ခွင့်လွှတ်ပေးလိုက်မယ်"
"ပြောပါဦး... ဘာလို့ နေ့ခင်းကြောင်တောင်ကြီး ဟိုတယ်မှာ လာတွေ့ခိုင်းတာလဲ"
"စကားကို ဆင်ခြင်ပါ"
ချန်းဖေးအယ် သူ့ကို မျက်စောင်းထိုးလိုက်သည်။
"ဟိုတယ်တို့၊ သီးသန့် တွေ့ဆုံမှုတို့ လျှောက်မပြောနဲ့... ကြည့်ရတာ ငါတို့က ရှက်စရာ ကောင်းတဲ့ ကိစ္စ တစ်ခုခု လုပ်တော့မယ့် ပုံစံ ပေါက်နေတယ်"
"ငါတို့က ကြီးမြတ်တဲ့ ရည်မှန်းချက် တစ်ခုကို အကောင်အထည် ဖော်နေကြတာ"
"ဒီကိစ္စကို ဖွင့်ချလို့ ရမလား"
ယဲ့ဖန် မေးလိုက်သည်။
"အာ..."
ချန်းဖေးအယ် စကားမပြောနိုင် ဖြစ်သွားသည်။ သူမ ယဲ့ဖန်ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းစဉ် အမြန် ပြောင်းလိုက်၏။
"ဘာပဲဖြစ်ဖြစ်... အကုန်လုံးက မစ်ရှင် အတွက်ပဲလေ"
"ဒါနဲ့... ရှင် အဆင်ပြေရဲ့လား"
"စတန့်စ်လေဆိပ် က သတင်းတွေ အရ၊ ပြီးတော့ ကျွန်မတို့ သတင်းရင်းမြစ်တွေဆီက ရတဲ့ သတင်းတွေ အရ ဆိုရင်... ငရဲတံခါးဝက ကျည်ဆန်မိုး ရွာသွန်းမှု လို့ ပြောရင် မမှားဘူး... ရှင်လည်း အများကြီး ပြင်ဆင်မသွားဘူးလေ... အဲ့ဒီမှာ သူတို့နဲ့ ပဋိပက္ခ ဖြစ်ဖို့ အလျင်စလို စတင်လိုက်တာ..."
သူမ မေးခွန်းများ ဆက်တိုက် မေးမြန်းလိုက်လေ၏။
သူမ ယဲ့ဖန်ကို မစ်ရှင် အကြောင်း မေးမြန်းနေသော်လည်း၊ သူမ၏ အကြည့်နှင့် စကားလုံးများက ယဲ့ဖန် အပေါ် ထားရှိသော စိုးရိမ်ပူပန်မှုကို ဖော်ပြနေ၏။
ချန်းဖေးအယ် ယဲ့ဖန်ကို ဟိုတယ် ခေါ်လိုက်သည့် အကြောင်းရင်းမှာ၊ ယဲ့ဖန် နိုင်ငံတော် ရတနာကို ပြန်လည် ရယူခဲ့သည့် စိတ်လှုပ်ရှားဖွယ် လုပ်ငန်းစဉ်ကို သိချင်ရုံ သာမက၊ ဒီကိစ္စကြောင့် ယဲ့ဖန် ထိခိုက်ဒဏ်ရာ ရခဲ့သလား ဆိုတာကို ပိုပြီး သိချင်နေပုံ ရသည်။
ယဲ့ဖန် သူမ၏ မေးခွန်းများကို ဖြေကြားရင်း အခြေအနေကို ဖြည်းဖြည်းချင်း နားလည်လာလေ၏။
ချန်းဖေးအယ် နောက်ထပ် မေးခွန်းအချို့ မေးပြီး သူ၏ အဖြေကို ကြားလိုက်ရသောအခါ၊ သူမ အလွန် တုန်လှုပ်သွားပြီး သူ့ကို ထပ်မံ ထိုးနှက်မိမတတ် ဖြစ်သွားသည်။ သူမ၏ မျက်နှာထားတွင် အပြစ်တင်လိုစိတ်နှင့် စိုးရိမ်ပူပန်မှုများ ရောထွေးနေသည်ကို တွေ့လိုက်ရသောအခါ၊ သူ ချန်းဖေးအယ်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်လေ၏။
တခဏချင်းတွင် ချန်းဖေးအယ် မှင်သက်သွားသည်။
ယဲ့ဖန်၏ လက်က သူမ၏ ခါးကို ဖက်လိုက်ပြီး၊ သူမ၏ ခန္ဓာကိုယ်ကို သူ့ခန္ဓာကိုယ်နှင့် ကပ်ထားလိုက်သည်ကို ခံစားမိလိုက်မှသာ သူမ အသိပြန်ဝင်လာသည်။ သူမ၏ မျက်နှာတွင် သဘာဝ မဟုတ်သော အနီရောင်များ လွှမ်းခြုံသွားပြီး၊ သူ့ရင်ခွင်ထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်လေ၏။
"ဘာ... ဘာလုပ်တာလဲ"
"လက်တွဲဖော် ရွေးချယ်ရမယ့် အချိန် နဲ့ ရမ္မက်ဆန်ရမယ့် အချိန်ကို ခွဲခြား မသိဘူးလား"
"နေ့ခင်းကြောင်တောင်ကြီးလေ... ပြီးတော့ ငါက နဂါးနိုင်ငံ လုံခြုံရေး အဖွဲ့ဝင် တစ်ယောက်နော်..."
ချန်းဖေးအယ် ရုန်းကန်လိုက်သောအခါ၊ သူ့ရင်ခွင်ထဲမှ လွတ်မြောက်အောင် မလုပ်နိုင်ခဲ့သော်လည်း၊ ရေချိုးဝတ်ရုံ၏ ခါးပတ်ကြိုး ပြေလျော့သွားလေ
တော့သည်။
အခန်း (၂၀၁၇) - သူမက အရမ်း ဆွဲဆောင်မှု ရှိလွန်းတယ်
~ချန်းဖေးအယ်၏ တုံ့ပြန်မှု လျင်မြန်ခြင်း မရှိလျှင်၊ ပထမ အခိုက်အတန့်၌ သူမ၏ ရုန်းကန်မှုကို ရပ်တန့်လိုက်ပြီး ခါးပတ်ကြိုးကို အမြန် ပြန်ဆွဲကာ တင်းကျပ်စွာ ချည်နှောင်နိုင်ခြင်း မရှိလျှင်၊ သူမ အကုန်လုံးကို ဖွင့်ပြမိသွားပေလိမ့်မည်။
"မြန်မြန် လွှတ်စမ်း"
ရေချိုးဝတ်ရုံ ခါးပတ်ကို ချည်နှောင်ပြီးနောက်၊ ချန်းဖေးအယ်၏ လှပသော မျက်နှာလေး သဘာဝ မဟုတ်ဘဲ နီမြန်းလာပြီး ယဲ့ဖန်၏ ရင်ဘတ်ကို လက်သီးဖြင့် ထုရိုက်လိုက်သည်။
ယဲ့ဖန် လုံးဝ ဂရုမစိုက်ပေ။ သူမကို သူ့ရင်ခွင်ထဲသို့ တစ်ဖန် ပြန်ဆွဲသွင်းလိုက်ပြီး သူမ၏ ခေါင်းကို သူ့ရင်ဘတ်နှင့် ကပ်ထားလိုက်သည်။
"မင်း ပါးစပ်ကသာ ကြမ်းတမ်းပေမယ့် စိတ်ထား နူးညံ့တယ် ဆိုတာ ကိုယ် သိပါတယ်... စိတ်မပူပါနဲ့... ကိုယ် ဘာလုပ်ရမလဲ ဆိုတာ သိပါတယ်"
"ကိုယ် လုံးဝ ယုံကြည်မှု မရှိရင်... ဒီလို အန္တရာယ် များတဲ့ လုပ်ရပ်ကို မစွန့်စား ဘူးလေ"
...
"အခုလည်း ဒီအတိုင်းပဲ... နောင်လည်း ပြောင်းလဲမှာ မဟုတ်ဘူး"
"ရှင်..."
ချန်းဖေးအယ်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားပြီး၊ တောင့်တင်းနေသော ခန္ဓာကိုယ် လျင်မြန်စွာ ပျော့ပျောင်းသွားလေ၏။
ယခင်က သူမ၏ ခုခံမှုနှင့် ရုန်းကန်မှုများလည်း ရပ်တန့်သွားသည်။
ချန်းဖေးအယ် ယဲ့ဖန်ကို ဤအတိုင်း ဖက်ထားခွင့် ပြုလိုက်သည်။
သူမ၏ ခေါင်းကို သူ့ရင်ဘတ်နှင့် ကပ်ထားလိုက်သည်။
ယဲ့ဖန်၏ ညီလေး ကလည်း သူမကို အလေးပြုနေသည်ကို ခံစားလိုက်ရသည့် အချိန်ကျမှသာ ချန်းဖေးအယ်၏ ပါးပြင်များ ထပ်မံ နီမြန်းလာပြီး၊ ယဲ့ဖန်၏ ပခုံးကို ထပ်မံ ထုရိုက်လိုက်တော့၏။
"တော်ပြီ... လွှတ်တော့"
"ရယ်စရာကြီး... ဘာလို့ ဒီလောက် ခံစားလွယ်နေရတာလဲ"
"ကိုယ့်ကိုယ်ကို အထင်မကြီးနဲ့ဦး... ခုနက မေးခွန်းတွေ မေးတာက အဖွဲ့အစည်း ကိုယ်စား ရှင့်ကို စိတ်ပူလို့ မေးတာ... ကျွန်မတို့ လုံခြုံရေး အဖွဲ့ ဆိုတာ နဂါးနိုင်ငံရဲ့ ထက်မြက်တဲ့ ဓားသွား တစ်လက် ဆိုပေမယ့်၊ အဖွဲ့အစည်း အတွင်းက လူသားဆန်တဲ့ ဂရုစိုက်မှုတွေကိုလည်း အလေးထားတယ်... ညီအစ်ကို မောင်နှမ တစ်ယောက်ချင်းစီကို တန်ဖိုးထားတာနော်"
ယဲ့ဖန် သူမကို ဖွင့်မချပေ။ သူမ မျက်နှာပေါ်ရှိ သွေးရောင်လွှမ်းနေမှုကို ကြည့်ပြီး ပြုံးလိုက်သည်။
"ကိုယ် သိပါတယ်... သိပါတယ်... ဖေးအယ် က လုံခြုံရေး အဖွဲ့ထဲက ဂရုစိုက်တတ်တဲ့ အဖွဲ့ဝင် တစ်ယောက်ပါ... ကိုယ်တို့ အဖွဲ့ကလည်း နွေးထွေးတဲ့ အဖွဲ့အစည်း တစ်ခုပါပဲ"
"မပြုံးနဲ့..."
ချန်းဖေးအယ် သူမ၏ အဖြစ်မှန် ပေါ်သွားပြီ ဖြစ်ကြောင်း ရိပ်မိပုံ ရသည်။ အပြင်ပန်းတွင် မာကျောသယောင် ဟန်ဆောင်ပြီး အတွင်းစိတ်တွင် ပျော့ညံ့နေသော ပုံစံဖြင့် ယဲ့ဖန်ကို ချက်ချင်း မျက်စောင်းထိုးလိုက်သည်။
"ခုနက ခွင့်ပြုချက် မရဘဲ ကျွန်မကို ဖက်လိုက်တဲ့ ကိစ္စ စာရင်းမရှင်းရသေးဘူးနော်"
"ကျွန်မတို့ ဆက်ဆံရေး ကောင်းမွန်လို့၊ ပြီးတော့ ကျွန်မက အဖွဲ့အစည်း ကိုယ်စား လာကြည့်တာမို့လို့... ရှင် ကြိုက်သလို လုပ်လို့ ရမယ် မထင်နဲ့... နောက်တစ်ခါ ထပ်လုပ်ရင် ကျွန်မရဲ့ ရင်ဘတ်နဲ့ ခြေထောက်တွေကို သတိထား... ရှင့်ရဲ့ ပြစ်မှုကျူးလွန်တဲ့ ကိရိယာကို ချိုးပစ်လိုက်မယ်"
သူမစကားကြောင့် ယဲ့ဖန် သူမ၏ ရင်ဘတ်နှင့် ခြေထောက်များကို ကြည့်လိုက်သည်။ သူ ဇဝေဇဝါ ဖြစ်သွားသည်။
သူ့ရဲ့ ပြစ်မှုကျူးလွန်တဲ့ ကိရိယာကို ကိုင်တွယ်ဖို့ ဒီနှစ်ခုကို သုံးမယ်လို့ သူမ ဆိုလိုတာလား။
အဲ့ဒီလို ဆိုရင် နည်းနည်း စိတ်လှုပ်ရှားစရာ မကောင်းလွန်းဘူးလား။
"လူယုတ်မာ..."
ချန်းဖေးအယ် ခဏတာ ကြောင်အသွားပြီးနောက်၊ ယဲ့ဖန်၏ အတွေးများကို ခန့်မှန်းမိသွားပုံ ရသည်။ သူ့ရင်ဘတ်ကို ထပ်မံ ထိုးလိုက်ပြန်သည်။
"ရှင့်ခေါင်းထဲက ညစ်ပတ်တဲ့ အတွေးတွေကို ဖယ်ထားလိုက်လို့ ရမလား"
"ကျွန်မတို့က အရေးကြီးတဲ့ ကိစ္စတွေ ပြောနေတာ"
"အလေးအနက်ထားရမယ့် ကိစ္စတွေ ပြောဖို့ အခွင့်ကောင်း ကြုံတုန်း... ရှင့်ရဲ့ ညစ်ပတ်တဲ့ အတွေးတွေက လေထုကို ပျက်စီးစေတယ်"
"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ... ငါ ညစ်ပတ်ပါတယ်... ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ့မယ်... မင်း ပြောတာ မှန်ပါတယ် ဟုတ်ပြီလား"
ယဲ့ဖန်က သူမ နှုတ်အားဖြင့် အနိုင်ယူတာကို ခွင့်ပြုပေးလိုက်သည်။
"အရေးကြီးတဲ့ ကိစ္စတွေ ဆက်ပြောကြတာပေါ့"
သူ ပြုံးလိုက်ပြီး ချန်းဖေးအယ်၏ နီမြန်းနေသော မျက်နှာနှင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်ဘတ်ကို ဆက်လက် ကြည့်ရှုနေလိုက်သည်။
ချန်းဖေးအယ် စိတ်ငြိမ်အောင် ထားချင်ပုံ ရသည်။ အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ပြီးနောက်၊ အရေးကြီး ကိစ္စများ ဆက်ပြောရန် ပြင်လိုက်သည်။
"ခုနက ကျွန်မတို့ နေမဝင်အင်ပါယာ ခရီးစဉ်ရဲ့ အဓိက ရည်မှန်းချက် အကြောင်း ပြောနေတာ... နောက်ဆက်တွဲ လုပ်ငန်းတွေ ကိုင်တွယ်ရဦးမယ်"
သို့သော် ယဲ့ဖန်၏ အကြည့်ကို သတိထားမိသောအခါ၊ အထူးသဖြင့် ယဲ့ဖန်၏ အကြည့်က သူမ၏ အတွေးများကို ဖောက်ထွင်းမြင်နေသလို ခံစားလိုက်ရသောအခါ၊ သူမ၏ လှပသော မျက်နှာလေး ထပ်မံ ပူထူလာပြန်သည်။ နှလုံးခုန် မြန်လာပြီး ပါးစပ်ဖျား ရောက်နေသော စကားလုံးများ တန့်သွားရသည်။
ခဏတာ ကြောင်အသွားပြီးနောက်၊ ချန်းဖေးအယ် ရှက်ရွံ့စွာဖြင့် ယဲ့ဖန်ကို ထပ်မံ ထိုးလိုက်မိသည်။
"ဘာတွေ ကြည့်နေတာလဲ... ရှင့်ကြောင့် အတွေးတွေ ပြတ်တောက်ကုန်ပြီ... အခု ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး"
ထိုအခါ၊ ယဲ့ဖန် တစ်ယောက် အပြစ်ကင်းကြောင်း ပြသလိုက်သည်။
သူ ဘာမှ မလုပ်ရသေးပါ။
လေထု အနေအထားက ဒီအဆင့် ရောက်နေပြီ ဖြစ်သောကြောင့် အခွင့်ကောင်းယူပြီး ဖက်လိုက်ရုံပါပင်။
ချန်းဖေးအယ်ကို ဖက်လိုက်ပြီးနောက် ဖြစ်ပျက်ခဲ့သော မတော်တဆမှု သေးသေးလေးကတော့ သူ့ရည်ရွယ်ချက် လုံးဝ မဟုတ်ပါ။ ချန်းဖေးအယ်က အရမ်း ဆွဲဆောင်မှု ရှိလွန်း၍ ဖြစ်သွားရခြင်းပါ။
သူ ထိုသို့ မလုပ်ချင်ပါ။
ပြီးတော့ တစ်ယောက်ယောက်ကို အပြစ်တင်ချင်လျှင်၊ အဝတ်အစား နည်းနည်းလေးသာ ဝတ်ထားသည့်၊ မိတ်ကပ် ပါးပါးလေး လိမ်းထားသော၊ တစ်ကိုယ်လုံး နူးညံ့ပြီး မွှေးကြိုင်နေအောင် လုပ်ထားသည့် ချန်းဖေးအယ်ကိုပဲ အပြစ်တင်ရမှာပေါ့။
---
အခန်း (၂၀၁၈) - ချန်းဖေးအယ် ဂနာမငြိမ် ဖြစ်နေခြင်း
~ချန်းဖေးအယ်ကို ဖက်လိုက်သော အချိန်မှာ ယဲ့ဖန် ဘာကြောင့် ဒီလောက် အနေရခက်သွားရသလဲ ဆိုလျှင်၊ ဒီလို အခြေအနေမျိုးမှာ သာမန် ယောကျာ်း တစ်ယောက် ဖြစ်ပေါ်လာမည့် တုံ့ပြန်မှုမျိုး သူ ဖြစ်သွား၍ပင်။
ထိုအဖြစ်အပျက်မှာ ဘာမှားလို့လဲ။ ချန်းဖေးအယ်မှာ တာဝန် အပြည့်အဝ ရှိသည် မဟုတ်ပါလော။
သူမ အမှားတွေချည်းပဲ။
သူမက အရင် စတင် တိုင်တောသည်ကိုး။
ယဲ့ဖန် ချန်းဖေးအယ်ကို နစ်နာသလို၊ မကျေနပ်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
ချန်းဖေးအယ် ခံနိုင်ရည် မရှိတော့ပုံ ရသည်။ သူမ ယဲ့ဖန်ကို အပြင်သို့ အမြန် တွန်းထုတ်လိုက်တော့၏။
"ကဲ... သွားစရာ ရှိတာ သွားတော့"
"နေမဝင်အင်ပါယာ ခရီးစဉ်ရဲ့ အရေးကြီးဆုံး ကိစ္စ ပြီးသွားပြီ... ရှင် ကျန်းကျန်းမာမာ ဘေးကင်းကင်း ရှိနေတာ မြင်ရတော့ အဖွဲ့အစည်းက စိတ်ချသွားပြီ"
"ဒီည ကိုးပြည်ထောင်ဖိုကြီးကို နဂါးနိုင်ငံ ပြန်သယ်သွားတော့မယ်... ရှင်က နောက်မှ အင်ပါယာ ပရဟိတ လေလံပွဲမှာ လုပ်ထုံးလုပ်နည်းတွေ သွားလုပ်လိုက်... ပြီးရင် ပြည်တော်ပြန်ဖို့ ပြင်ဆင်လို့ ရပြီ"
"နဂါးနိုင်ငံ ပြန်ရောက်ရင် ရှင့်အတွက် ဆုလာဘ်တွေ ရောက်လာလောက်ပြီ... ရှင့်အတွက် အကြီးမားဆုံး ဆုလာဘ် ရအောင် ကျွန်မ အစွမ်းကုန် ကြိုးစားပေးပါ့မယ်"
ယဲ့ဖန် သူမ၏ တွန်းထုတ်မှုကြောင့် တံခါးဝသို့ ရောက်သွားသည်။ သူမ၏ ရှက်ရွံ့ပြီး ဒေါသထွက်နေသော ပုံစံကို မြင်လိုက်ရသောအခါ၊ သူမကို ထပ်မံ စနောက်ချင်စိတ် ဖြစ်ပေါ်လာသည်။ သူ ကျေးဇူးတင်သော မျက်နှာထားကို အမြန် လုပ်ပြလိုက်သည်။
"ဖေးအယ်... မင်းက ငါ့အပေါ် တကယ် ကောင်းလွန်းတယ်"
"ဒီလို လုပ်ရင် ကောင်းမလား... မင်း တစ်ကိုယ်တည်း ဖြစ်နေတာ နှစ်တွေ အများကြီး ကြာနေပြီ ဆိုတော့... စိတ်ဖိစီးမှုတွေ များနေလောက်ပြီ... မင်း ရေချိုးပြီးခါစ ဆိုတော့... ဒီနေ့ ငါ့ကိုယ်ငါ စွန့်လွှတ်ပြီး မင်းကို အဖော်ပြုပေးလိုက်ရမလား"
တစ်ခုတည်းသော တုံ့ပြန်မှုမှာ သိပ်မပြင်းထန်သလို သိပ်မပေါ့ပါးလှသော ချန်းဖေးအယ်၏ ကန်ချက်နှင့် အတူ၊ ဒေါသတကြီး အော်ဟစ်လိုက်သော "လစ်လိုက်တော့" ဆိုသည့် အသံသာ ဖြစ်သည်။
ထို့နောက် ဟိုတယ် အခန်းထဲမှ အကန်ခံလိုက်ရပြီး ထွက်လာသည်နှင့် တပြိုင်နက်၊ တံခါး ဝုန်းခနဲ ပိတ်သွားတော့သည်။
"ကြည့်ပါဦး... ရှက်ရင်လည်း ရှက်တယ် ပေါ့... ဘာလို့ ဒီလောက် ပြာယာခတ်နေရတာလဲ"
ယဲ့ဖန် ဂရုမစိုက်ပေ။ တံခါးဝတွင် ရေရွတ်လိုက်ပြီးမှ ဟန်ဆောင် သက်ပြင်းချကာ ထွက်ခွာလာခဲ့သည်။
ဧည့်ခန်းတံခါး နောက်ကွယ်တွင်၊ တံခါးကို မှီလျက် ရပ်နေသော ချန်းဖေးအယ်မှာတော့.. မျက်နှာ နီရဲနေပြီး ရင်တွေ ခုန်နေသည်။
ဘာကြောင့်လဲ ဆိုတော့ ထိုယဲ့ဖန် အစုတ်ပလုတ်၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရတဲ့ အချိန်၊ သူမ ခေါင်းက သူ့ရင်ဘတ်နှင့် ကပ်သွားသော အချိန်၊ ပြီးတော့ ယဲ့ဖန်က အဲ့ဒီ စကားတွေကို သူမ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည့် အချိန်မှာ... သူမ ရင်တွေ တကယ် ဗလောင်ဆူသွားခဲ့ရ၍ပင်။
ထိုအခိုက်အတန့်မှာ သူမ လက်လှမ်းပြီး ယဲ့ဖန်ကို ပြန်ဖက်လိုက်ချင်စိတ်၊ မော့ကြည့်ပြီး သူ့ကို နမ်းလိုက်ချင်စိတ်တွေတောင် ဖြစ်ပေါ်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် အရေးကြီးသော အချိန်တွင် သူမ၏ ပရော်ဖက်ရှင်နယ် စိတ်ဓာတ်က သူမကို ပြန်ဆွဲတင်လိုက်နိုင်သဖြင့်၊ သူမ စိတ်လွတ်မသွားခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင်၊ ထိုသို့ ဖြစ်တာတောင်၊ ခုနက ယဲ့ဖန်၏ အကြည့်က သူမရဲ့ အတွင်းစိတ်ကို ဖောက်ထွင်း မြင်သွားသလို ခံစားလိုက်ရ၏။
သို့ကြောင့် သူမ တကယ်ပဲ နည်းနည်း ကြောက်သွားမိသည်။
ယဲ့ဖန်က သူမ၏ တကယ့် အတွေးတွေကို မြင်သွားမှာ၊ ပြီးရင် သူမ သူ့ကို ဘယ်လို ဆက်ဆံရမှန်း မသိ ဖြစ်သွားမှာကို သူမ ကြောက်နေမိသည်။
သို့သော် သူမ၏ ဆင်ခြင်တုံတရားက ယဲ့ဖန်ကို မောင်းထုတ်
လိုက်နိုင်သော်လည်း၊ သူ တကယ် ဝေးသွားပြီ ဆိုတာကို ခံစားလိုက်ရသည့် အခါ၊ သူမ၏ စိတ်ခံစားမှုတွေက ဟာတာတာ ဖြစ်သွားစစေ၏။
ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ တွေ့ပြီးလျှင်၊ သူမက ကိုးပြည်ထောင်ဖိုကြီးကို ယူပြီး နဂါးနိုင်ငံ ပြန်ရတော့မည်၊ ယဲ့ဖန်ကတော့ နေမဝင်အင်ပါယာမှာ ရက်အနည်းငယ် ဆက်နေရဦးမည်လေ။
သူတို့ နှစ်ယောက် အချိန်အတိုင်းအတာ တစ်ခုထိ ထပ်တွေ့ဖို့ မဖြစ်နိုင်တော့ပေ။ ထို့အပြင်၊ ဘယ်တော့မှ ထပ်တွေ့ရမလဲ ဆိုတာလည်း သူမ မသိပေ။
"ဒီလူက တကယ်ပါပဲ... ငါ နဂါးနိုင်ငံ ပြန်တော့မယ် ဆိုတာ သိရက်နဲ့... မသွားခင် ကောင်းတာလေး တစ်ခွန်းလောက်တောင် မပြောတတ်ဘူး"
ဒီအချိန်မှာ ချန်းဖေးအယ် စိတ်ထဲတွင် မိန်းမပျိုလေး တစ်ယောက်၏ နာကျည်းချက်မျိုးတောင် ဖြစ်ပေါ်လာမိသည်။
ထိုအချိန်တွင် သူမ၏ ဖုန်း တုန်ခါပြီး အသံမြည်လာကာ၊ မျက်နှာပြင် လင်းလာတော့၏။
မက်ဆေ့ခ်ျ တစ်စောင် ဝင်လာပုံ ရသည်။
ယဲ့ဖန်ဆီက ဖြစ်နေသည်ကို ချန်းဖေးအယ် တွေ့လိုက်ရ၏။
"ဆောရီးပါ ဖေးအယ်... ခုနက ငါ စိတ်လှုပ်ရှား လွန်သွားပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ခဲ့ဘူး"
"အဓိက ကတော့ မင်းက အရမ်း လှပပြီး ဆွဲဆောင်မှု ရှိလွန်းနေတာကိုး... ငါ့ စိတ်ခံစားချက်တွေ နိုးကြားလာတဲ့ အခါ၊ ထိန်းချုပ်ဖို့ ပိုခက်ခဲသွားတယ်"
"အိမ်အပြန် ခရီးလမ်း ဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးပါတယ်... လေယာဉ် ဆိုက်တာနဲ့ ဘေးကင်းကြောင်း ပြောပြဖို့ မမေ့နဲ့နော်"
မက်ဆေ့ခ်ျ ဖတ်ပြီးနောက်၊ ချန်းဖေးအယ်၏ အနည်းငယ် နာကျည်းနေသော စိတ်ခံစားချက်များ ချက်ချင်း ပျောက်ကွယ်သွားပြီး၊ သူမ၏ မျက်နှာထားသည် တိမ်ထူရာမှ နေသာသကဲ့သို့ ပြောင်းလဲသွားသည်။
ယဲ့ဖန်က အရင် ဖြစ်ရပ်ကို ထပ်ပြောနေသည်ကို တွေ့သောအခါ၊ သူမ ဒီလူ့ကို ခြိမ်းခြောက်ချင်သော်လည်း၊ စဉ်းစားပြီးနောက် ယဲ့ဖန်ကို သတိပေးချင်သော စကားလုံးများ၊ စိတ်ကူးမယဉ်ဖို့ ပြောချင်သော စကားလုံးများကို ပြန်ဖျက်လိုက်သည်။ အစားထိုး အနေဖြင့် သူမ ပြန်ပို့လိုက်သည်မှာ -
"သိပါပြီ... သတ္တိခဲလေး... နေမဝင်အင်ပါယာမှာ အရာအားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်"