အခန်း (၂၀၁၉-၂၀၂၂)
Vol. 107 Ch. 2019-2022
အခန်း (၂၀၁၉) - အလှပဂေးလေး စကားမပြောနိုင်တော့... ရူးသွပ်သွားရုံသာ
~"မင်း ငါ့ကို ထပ်ပြီး အသရေဖျက်နေပြန်ပြီ... ငါ့မှာ အဲ့လောက် သတ္တိ မရှိပါဘူး... မဟုတ်ရင်..."
ယဲ့ဖန် ချန်းဖေးအယ် ထံသို့ အဓိပ္ပာယ် ပါသော မက်ဆေ့ခ်ျ တစ်စောင် ပြန်ပို့လိုက်သည်။
စာပို့ပြီးနောက် တစ်ဖက်လူက ပြန်မပို့သည်ကို မြင်သောအခါ သူ ဂရုမစိုက်တော့ပေ။
အင်ပီးရီးယဲလ် ပဲလေ့စ် ဟိုတယ်မှ ထွက်ခွာလာချိန်တွင် အချိန်တန်ပြီဟု ယူဆသဖြင့်၊ အန်းကျူပရင့်စ် ကို ဖုန်းခေါ်လိုက်သည်။
သူမ ခုတင်ပေါ်မှ မထနိုင်လောက်အောင် အားနည်းနေသေးကြောင်း အတည်ပြုပြီးနောက်၊ ယဲ့ဖန်က အစားအသောက် အချို့ ထုပ်ပိုးပြီး ဆေးဝါးအချို့ ယူကာ အန်းကျူပရင့်စ်၏ တိုက်ခန်းသို့ သွားလိုက်သည်။
ထို့နောက် ဆေးဝါးနှင့် သူ၏ ဆေးပညာကို အသုံးပြုပြီး အန်းကျူပရင့်စ်ကို ပြန်လည် ကုသပေးလိုက်သည်။
သို့သော် သူ မမျှော်လင့်ထားမိသည်မှာ၊ အန်းကျူပရင့်စ်ကို ကုသပေးလိုက်ပြီး၊ သူမ ထပင် မထိုင်နိုင်သေးခင်မှာပင်၊ ဤ အတတ်ဗလာ မြေခွေးမလေးသည် သူ့လည်ပင်းကို လက်များဖြင့် ချိတ်လိုက်ပြီး သူ့အပေါ် ခွလိုက်ခြင်း ဖြစ်သည်။
ကြည့်ရတာ နောက်တစ်ကျော့ ထပ်ပြီး ရူးသွပ်ဦးမည့် ပုံပင်။
ယဲ့ဖန် အနည်းငယ် လက်မြှောက်ချင်သွားသည်။ သူ သူမ၏ ကျောကို ဖွဖွလေး ပုတ်လိုက်သည်။
"ဒီ နှစ်ရက် အတွင်း တစ်ဘဝစာ စွမ်းအင်တွေကို အကုန် ထုတ်သုံးပစ်တော့မလို့လား"
"တော်ပါတော့... လွန်သွားရင် မြေကြီး ဖြစ်နေရင်တောင် ပျက်စီးသွားလိမ့်မယ်... လွန်ကဲတာက မမီတာနဲ့ အတူတူပဲ"
"လွှတ်တော့... အောက်ထပ်ဆင်းပြီး ကိုယ်လက်လှုပ်ရှား လိုက်လုပ်ကြရအောင်"
သို့သော် အန်းကျူပရင့်စ် ဆွဲသီးလေး တစ်ခုလို သူ့ကို တွယ်ကပ်ထားသည်။
ယဲ့ဖန် သူမကို ဖွဖွလေး ပုတ်လိုက်သော်လည်း၊ သူမ လက်မောင်းများကို မဖြေလျော့ဘဲ ဆက်လက် ချိတ်ထားသည်။ ကလေးဆိုးလေး တစ်ယောက်လို သူ့လည်ပင်းပေါ်တွင် လက်မောင်းများကို ယိမ်းထိုးနေပြီး၊ နူးညံ့မှု လှိုင်းလုံး တစ်ခု သူ့အပေါ် လွှမ်းခြုံလာသည်။
"ဟင့်အင်း..."
"မောင် အားနေတာ ရှားလို့ပါ... နောက်ရက်နည်းနည်းကျရင် ကျွန်မလည်း နားလို့ ရပြီလေ... မောင့်ကို ပူဆာချင်လို့ပါ..."
"ကျွန်မကို ခဏလောက် ပိုင်ဆိုင်ခွင့် ပေးပါ..."
"လိမ္မာပါ..."
ယဲ့ဖန် သူမ၏ ကျောကို ထပ်ပုတ်လိုက်ပြီး၊ သူမ လက်ကို ဆွဲဖယ်ရန် ပြင်လိုက်သည်။
"အို... ဟင့်အင်း..."
အန်းကျူပရင့်စ် သူ့ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ ယဲ့ဖန်နှင့် ကပ်နေချင်သည်။
သည်အချိန်မှာ ယဲ့ဖန်လည်း တစ်ခုခုကို ခံစားလိုက်ရ၏။
ဒီ မြေခွေးမလေး၏ ကျောကို ထပ်ပုတ်လိုက်ပြီး သူမ မျက်လုံးတွေကို ကြင်နာစွာ ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"ဒီ နှစ်ရက် ဘာလို့ ဒီလောက် တွယ်ကပ်နေရတာလဲ"
"ဒါ ကိုယ် ရင်းနှီးတဲ့ အန်းကျူပရင့်စ် ပုံစံ မဟုတ်ဘူးနော်"
"မောင်နဲ့ အတူတူ နေချင်လို့ပါ..."
အန်းကျူပရင့်စ် ဒီနေ့ အထူး နူးညံ့ပြီး ချစ်စရာ ကောင်းနေသည်။ သူမ၏ အသံက ပျော့ပျောင်းပြီး မူနွဲ့နေ၏။
ယဲ့ဖန် သူမကို အကဲခတ်လိုက်ပြီး ဟန်ဆောင် မေးလိုက်သည်။
"မင်း ဓမ္မတာ လာနေတဲ့ အချိန်လည်း မဟုတ်ပါဘူး၊ ပရင့်စ်ရယ်"
"အာ၊ စိတ်ပျက်စရာကြီး..."
အန်းကျူပရင့်စ် မျက်နှာ နီရဲသွားသည်။ သူမ ယဲ့ဖန်ကို ဖွဖွလေး ရိုက်လိုက်သည်။
"အဲ့ဒါနဲ့ ဘာမှ မဆိုင်ပါဘူး"
"နောက်နှစ်ရက်နေရင် အင်ပါယာ ပရဟိတ လေလံပွဲ ရှိတယ်လေ... အဲ့ဒီ လေလံပွဲ တက်ပြီးရင်၊ မောင် နဂါးနိုင်ငံ ပြန်သွားနိုင်ခြေ များတယ် ဆိုတာ ကျွန်မ သိပါတယ်"
" နဂါးနိုင်ငံ ပြန်သွားရင်... ကျွန်မတို့ ဘယ်တော့မှ ပြန်တွေ့ရမလဲ မသိဘူး"
"ဪ..."
ထိုအခါမှ ယဲ့ဖန် ဘာဖြစ်နေလဲ ဆိုတာ နားလည်သွားသည်။ သူ အခွင့်ကောင်းယူပြီး သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ ကျောကို ဖွဖွလေး ပုတ်ပေးလိုက်သည်။
"အရင်တုန်းကလိုမှ မဟုတ်တာ... အခု ခရီးသွားရတာ အရမ်း အဆင်ပြေနေပြီပဲ"
"နေမဝင်အင်ပါယာကနေ နဂါးနိုင်ငံကို ပျံသန်းရင် (၁၀) နာရီလောက်ပဲ ကြာတာပါ ..ပရင့်စ်ရာ "
"ပြီးတော့ ဖုန်းတွေ၊ ဆိုရှယ်မီဒီယာ အကောင့်တွေလည်း ရှိသားပဲ... အချိန်မရွေး ဖုန်းခေါ်လို့၊ ဗီဒီယို ကော ခေါ်လို့ ရပါတယ်"
"သိပါတယ်... ဒါပေမယ့် ကျွန်မ.. မောင်နဲ့ မခွဲချင်ဘူး"
အန်းကျူပရင့်စ် ယဲ့ဖန်ကို မှီထားလိုက်သည်။
"ဒါကြောင့် မောင် နေမဝင်အင်ပါယာမှာ ရှိနေတုန်း... မောင်နဲ့ အချိန် ပိုကုန်ဆုံးချင်လို့ပါ"
"ကျွန်မ မောင့်ကို လွမ်းပြီး မောင်နဲ့ ထပ်ပြီး ပျော်ပါးချင်တဲ့ အခါကျရင်... ဘယ်လောက်ကြာမှ ဖြစ်လာမလဲ မသိဘူးလေ"
ယဲ့ဖန် သူမကို နားလည်သော်လည်း၊ ရယ်ရမလို ငိုရမလို ဖြစ်နေသည်။
သူ ဘာမှ ဆက်မပြောတော့ဘဲ သူမကို ပိုမို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
သို့သော် အန်းကျူပရင့်စ် စကားတစ်ခွန်းမှ မပြောဘဲ သူ့ဘောင်းဘီကို ဆက်လက် ဆွဲချွတ်နေသည်။
ယဲ့ဖန်၏ ခါးပတ်ကို ဖြုတ်ပြီး ဘောင်းဘီကို ဆွဲချွတ်လိုက်ပြီးနောက်၊ သူမသည် ရူးသွပ်မှု အသစ် တစ်ခုကို စတင်လိုက်ပြန်သည်။
ဒီတစ်ခါတော့ ယဲ့ဖန် မတားဆီးတော့သလို နားချခြင်းလည်း မပြုတော့ပေ။ သူမ ရူးသွပ်ခွင့် ပေးလိုက်၏။
ဆန်းပြားသော ကစားနည်းတွေပဲ ဖြစ်ဖြစ်၊ ဇာတ်ရုပ် သရုပ်ဆောင်တာ (Roleplaying) ပဲ ဖြစ်ဖြစ်... သူ သူမနှင့် ပူးပေါင်းပြီး သူမ စိတ်တိုင်းကျ ကျေနပ်အောင် လုပ်ပေးလိုက်သည်။
မကြာမီမှာပင် သန့်ရှင်း သပ်ရပ်ထားသော ကြမ်းပြင်သည် စစ်မြေပြင် တစ်ခု အဖြစ် တဖန် ပြန်လည် ပြောင်းလဲသွားပြီး၊ ရှုပ်ပွသွားတော့သည်။
အန်းကျူပရင့်စ် ကတော့ ထပ်ခါတလဲလဲ လုံးဝ ရူးသွပ်ပြီးနောက် သူမ၏ ကန့်သတ်ချက်ကို ရောက်ရှိသွားကာ၊ ထပ်မံ အိပ်ပျော်သွားလေ၏။
အခန်း (၂၀၂၀) - အလှပဂေးလေး စကားမပြောနိုင်တော့... ရူးသွပ်သွားရုံသာ (၂)
~နောက် နှစ်ရက် အတွင်း၊ မိန်းမ တစ်ယောက် ဘယ်လောက် ရူးသွပ်နိုင်သလဲ ဆိုတာကို ယဲ့ဖန် နက်နက်ရှိုင်းရှိုင်း နားလည်သွားရသည်။
အပြင်ထွက် ထမင်းစားချိန်နှင့် အိပ်ချိန်မှလွဲ၍ ကျန်အချိန်များတွင် အန်းကျူပရင့်စ် သည် ယဲ့ဖန်ကို ခုတင်ပေါ်တွင်သာ ချုပ်နှောင်ထားလေ၏။
ထို့ကြောင့် ယဲ့ဖန် ကဲ့သို့ သန်မာသော သူပင်လျှင် နေမဝင်အင်ပါယာ နှစ်ပတ်လည် ပရဟိတ လေလံပွဲ နီးကပ်လာသည့် အချိန်၌ ခါးအနည်းငယ် နာကျင်လာရသည်။
အန်းကျူပရင့်စ်လည်း သက်သာလှသည် မဟုတ်ပေ။
ယဲ့ဖန်၏ ဆေးပညာဖြင့် ပြန်လည် ကုသပေးထားသော်လည်း၊ သူမ၏ ခြေထောက်များကို စေ့၍ မရနိုင်တော့ချေ။
ယောဂ လအနည်းငယ်လောက် မကစားဘဲနှင့်တော့ မူလအတိုင်း ပြန်ဖြစ်ဖို့ မလွယ်ကူပေ။
"ဒီည နှစ်ပတ်လည် ပရဟိတ လေလံပွဲ မသွားခင် ကောင်းကောင်းလေး တစ်ခုခု စားရမယ်"
သူမ သူ့ကို မခွဲနိုင် မခွာရက် ဖြစ်နေပြီး၊ အသည်းနှလုံးထဲထိ ချစ်နေမှန်း သိနေသဖြင့် ယဲ့ဖန် အပြစ်မတင်ရက်ပေ။ သူမကို ထပ်မံ ကုသပေးပြီးနောက်၊ အဝတ်အစားသစ် လဲလှယ်ရန် အဝတ်ဘီဒို ဆီသို့ သွားလိုက်သည်။
"မဟုတ်ရင် အာဟာရ ပြတ်ကုန်လိမ့်မယ်"
"ဟင့်အင်း... မောင်က နဂါး တစ်ကောင်လို ရဲရင့်နေတုန်းပါ... ကျွန်မကသာ အာဟာရ မမှီတော့တာ"
အန်းကျူပရင့်စ် အနည်းငယ် အသိပြန်ဝင်လာပြီး ရှက်ရွံ့သွားပုံ ရသည်။
"ကိုယ်..ခဏနေကျရင် လိပ်ဟင်းရည်၊ အားဆေးရည်နဲ့ ကမာကောင် တချို့ လုပ်ပေးမယ်လေ..."
"မလုပ်တာ ပိုကောင်းမယ် ထင်တယ်... စားပြီးရင် အပူတွေ ပြန်တက်လာပြီး သွေးဆူလာမှာ ကြောက်လို့"
လောလောဆယ် ယဲ့ဖန် ဒီကိစ္စတွေထဲ ထပ်မပါဝင်ချင်တော့ပေ။
သူ နည်းနည်း ပင်ပန်းနေပြီလေ။
သူ့ခန္ဓာကိုယ်က ဘာမှ မဖြစ်သော်ငြား၊ တကယ်လို့သာ အားဆေးတွေ စားလိုက်ရင် သွေးတွေ ပြန်ဆူလာပြီး စိတ်ကို မထိန်းချုပ်နိုင်တော့မှာ စိုးရိမ်ရသည်။
"အပြင်ထွက်စားကြမယ်... ပြီးရင် ကိုယ်လက်လှုပ်ရှား နည်းနည်း လုပ်ကြမယ်... ဒီည ပရဟိတ လေလံပွဲ အတွက် ပြင်ဆင်ကြတာပေါ့"
ပြောရင်းနှင့် သူ အန်းကျူပရင့်စ် အတွက် အဝတ်အစား အသစ်တစ်စုံ ယူပေးလိုက်သည်။ သူတို့ နှစ်ဦး ပြင်ဆင်ပြီးနောက် အစားအသောက် ရှာဖွေရန်နှင့် လေ့ကျင့်ခန်း လုပ်ရန် ထွက်ခွာလာခဲ့ကြ၏။
ညနေစောင်းသည့် အချိန်တွင်၊ သူတို့သည် အထူး ညနေခင်း ဝတ်စုံများကို လဲလှယ်ဝတ်ဆင်ပြီး ဆိုသဘီး လေလံ အိမ်တော် ဌာနချုပ် သို့ အတူတူ ထွက်ခွာလာခဲ့ကြ၏။
ထိုအချိန်တွင် ဆိုသဘီး လေလံ အိမ်တော် ဌာနချုပ် ၌ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်း သူဌေးကြီးများ၊ လုပ်ငန်းရှင်ကြီးများနှင့် မှူးမတ်များ ရောက်ရှိနေကြပြီ ဖြစ်သည်။
အချင်းချင်း ရင်းနှီးကျွမ်းဝင်သော သူဌေးများ၊ နာမည်ကျော်ကြားသူများနှင့် မှူးမတ်များသည် သုံးလေးယောက် တစ်ဖွဲ့ စုရုံးကာ သောက်စား စကားစမြည် ပြောဆိုနေကြ၏။
တစ်ကိုယ်တည်း နေတတ်သော အထက်တန်းလွှာ ပုဂ္ဂိုလ်ကြီး အချို့ကမူ မိတ်ဆွေများ၏ ဖိတ်ကြားမှုကို ငြင်းပယ်ပြီး၊ တစ်ယောက်တည်း သောက်စားကာ လေလံပစ္စည်း စာရင်းကို ကြည့်ရှုနေကြ၏။
လေထုသည် အလွန် သဟဇာတ ဖြစ်ပြီး တည်ငြိမ်နေသည်။
လူအများ စိတ်ကူးယဉ်ထားသော အထက်တန်းလွှာ လူ့အဖွဲ့အစည်း ပုံစံနှင့်လည်း ကိုက်ညီနေသည်။
သို့သော် ဟိတ်ဟန်ထုတ်လွန်းသော ရိုးလ်ရွိုက် (Rolls-Royce) ကားတစ်စီး ရောက်လာသည့် အချိန်အထိပင်။
ခေါင်းလိမ်းဆီများ ရွှဲနစ်နေအောင် လိမ်းထားပြီး၊ ခန္ဓာကိုယ်နှင့် ကပ်နေသော ဝတ်စုံ (Slim Suit) ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ရောက်လာသည်။ ကြည့်ရတာ နုနယ်ပျိုမြစ်သော လူချောလေး တစ်ယောက်လိုပင်။
အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော သက်တော်စောင့် အများအပြား ကားပေါ်မှ ဆင်းလာပြီး သူ့အတွက် တံခါးဖွင့်ပေးကြ၏။ သူ့ကို ကြိုဆိုရန် တန်းစီ စောင့်ဆိုင်းနေကြ၏။ လူချောလေးသည် ရိုးလ်ရွိုက် ကားပေါ်မှ မောက်မာသော ပုံစံဖြင့် ဖြည်းညှင်းစွာ ဆင်းလာသည်။ သူ ပတ်ဝန်းကျင်ကို မထီမဲ့မြင် ကြည့်လိုက်ပြီး ဆိုသဘီး လေလံ အိမ်တော် ဌာနချုပ် ထဲသို့ ဝင်ရောက်သွားလေ၏။
ထို့နောက် သူသည် မောက်မာသော ကုမ္ပဏီ ဥက္ကဋ္ဌ တစ်ယောက်ကဲ့သို့ ဘေးနားရှိ လူများကို အေးစက်စွာ မေးခွန်းများ ဆက်တိုက် မေးမြန်းလိုက်ရာ၊ ဘေးနားရှိ လူများက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဖြေကြားနေကြ၏။
မူလက တည်ငြိမ်ပြီး၊ သိုသိပ်ကာ၊ အဆင့်အတန်း မြင့်မားသော လေထုသည် တခဏချင်း ပျက်စီးသွားသကဲ့သို့ ဖြစ်သွားသည်။
လူအများ၏ အကြည့်များ သူ့ဆီသို့ ရောက်ရှိသွားကြ၏။
လူချောလေး ကတော့ လုံးဝ ဂရုစိုက်ပုံ မရပေ။ သူနှင့် ရင်းနှီးသော သူဌေး အချို့ လာရောက် နှုတ်ဆက်သည့် အခါတွင်ပင်၊ သူ ခေါင်းအနည်းငယ် ညိတ်ရုံသာ ညိတ်ပြပြီး အထူး မောက်မာ ဝင့်ကြွားနေလေ၏။
နေမဝင်အင်ပါယာမှ အဆင့်အတန်း မြင့်မားသော သူဌေးကြီး အနည်းငယ် လာရောက် နှုတ်ဆက်မှသာ၊ သူ ရပ်တန့်ပြီး စကားစမြည် ပြောဆိုလေ၏။
သူ၏ အပြုအမူက အေးစက်ပြီး အထက်စီးဆန်နေသည်။
"ဒီလူက ဘယ်သူလဲ... ကြည့်ရတာ တော်တော် အရှိန်အဝါ ကြီးမယ့်ပုံပဲ"
"သူ့ကို သိတဲ့လူ ရှိလား"
တခဏချင်းတွင် ရောက်ရှိနေသော သူဌေးကြီးများ၊ လုပ်ငန်းရှင်ကြီးများနှင့် မှူးမတ်များ အားလုံး အံ့သြသွားကြပြီး စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာကြ၏။
အားလုံးက တီးတိုး မေးမြန်း စုံစမ်းနေကြ၏။
ဒီည ပရဟိတ လေလံပွဲ တက်ရောက်လာသူတွေက ကမ္ဘာတစ်ဝှမ်းက နာမည်ကျော်ကြားသူတွေနှင့် သူဌေးတွေ ဆိုတော့၊ အချင်းချင်း မသိကြတာ ပုံမှန်ပါပဲ။
လူငယ်၏ အပြုအမူက လူတွေကို မသက်မသာ ဖြစ်စေသော်ငြား၊တစ်ဖက်လူက အရမ်း မောက်မာနေတာ မြင်ရတော့ ဘယ်သူမှ စောဒက မတက်ရဲကြပေ။ သူတို့ မထိပါးနိုင်သည့် သူဌေးကြီး တစ်ယောက် ဖြစ်နေမှာကို ကြောက်ရွံ့နေကြ၏။
အခန်း (၂၀၂၁) - ပြိုင်ဘက်ကင်းတဲ့ သူပါလား
~ဘာပဲပြောပြော ဒီညသည် နေမဝင်အင်ပါယာ၏ နှစ်ပတ်လည် ပရဟိတ လေလံပွဲ ကျင်းပချိန် ဖြစ်လေရာ ကမ္ဘာတဝှမ်းမှ အထက်တန်းစားများ၊ ဩဇာအာဏာကြီးမားသူများ အားလုံး စုဝေး ရောက်ရှိနေကြခြင်း ဖြစ်ပေသည်။
ထိုအထဲမှ အချို့သောသူများသည် ထိုနုနယ်ပျိုမြစ်သော လူချောလေးနှင့် တကယ်ပင် ရင်းနှီးကျွမ်းဝင်ကြလေ၏။ အနည်းငယ် စဉ်းစားတွေးတောပြီး စုံစမ်းမေးမြန်းလိုက်ကြပြီးနောက် တစ်ဖက်လူ၏ အထောက်အထားကို သူတို့ သိရှိသွားကြတော့သည်။
သူကား ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး ငွေကြေးအုပ်စုကြီး ဖြစ်သော ရေကန်ငါးကန် ငွေကြေးအုပ်စု (Five Lakes Financial Group) ၏ ဒုတိယသားဖြစ်သူ ပတ်ထျန်းရီ ပင်တည်း။
သူ၏ အဆင့်အတန်းမှာ နေမဝင်အင်ပါယာမှ မင်းသား၊ မင်းသမီးများနှင့် ယှဉ်ပြိုင်၍ မရနိုင်သော်ငြား မြို့စားကြီးမိသားစုတချို့၏ မျိုးဆက်သစ်များနှင့်မူ ယှဉ်နိုင်စွမ်း ရှိနေသေး၏။
ထို့ကြောင့် သူ အနည်းငယ် မောက်မာဝင့်ကြွားနေခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စဟုပင် ဆိုရပေမည်။
တခဏချင်းတွင် လူတိုင်းက ပုံမှန်မဟုတ်ဟု မခံစားရသည့်အပြင် မိတ်ဖွဲ့လိုသူများက အခွင့်ကောင်းယူကာ သွားရောက်ဂုဏ်ပြုခြင်း၊ နှုတ်ဆက်ခြင်းများ ပြုလုပ်ကြလေတော့သည်။
မကြာမီအချိန်အတွင်း နာမည်ကျော်ကြားသူများနှင့် သူဌေးကြီးများ ပိုမိုများပြားစွာ ပတ်ထျန်းရီအနားတွင် စုဝေးရောက်ရှိလာကြ၏။
ပတ်ထျန်းရီနှင့် အတော်အတန် ရင်းနှီးသူအချို့က သူ့ကို ကူညီထောက်ပံ့ပေးကြ၏။
"သခင်လေးပတ်က ဒီည ပရဟိတလေလံပွဲရဲ့ အပိတ်ပစ္စည်းဖြစ်တဲ့ 'ချင်မင်ပွဲတော်ကာလ မြစ်ကမ်းတလျှောက်' ပန်းချီကားအတွက် လာတာလို့ ကြားတယ်"
"သခင်လေးပတ်ရဲ့ အဆင့်အတန်းနဲ့ ကြွယ်ဝချမ်းသာမှုအရဆိုရင် ဒီည ဒီစုဆောင်းမှုက သခင်လေးပတ်လက်ထဲ ရောက်မှာ သေချာသလောက်ပါပဲဗျ"
"ဟားဟား... အရှေ့အာရှ ယဉ်ကျေးမှု အသိုင်းအဝိုင်းက လူတွေပဲ ဒါကို စိတ်ဝင်စားကြတာလေ... သခင်လေးပတ်က ဒီတစ်ခါလာတဲ့ အရှေ့အာရှ ယဉ်ကျေးမှု အသိုင်းအဝိုင်းထဲမှာ အရေးအပါဆုံး ပုဂ္ဂိုလ်ဖြစ်လောက်တယ်... သံသယဖြစ်စရာ မလိုပါဘူး... ဒီပစ္စည်းက သခင်လေးပတ်လက်ထဲ သေချာပေါက် ရောက်သွားမှာပါ"
"ဘယ်သူမှ ဒီလောက် မျက်စိကန်းပြီး သခင်လေးပတ်ဆီကနေ ဒီစုဆောင်းမှုကို လာလုရဲမယ် မထင်ပါဘူး"
ဧည့်သည်အားလုံးနီးပါးသည် ပတ်ထျန်းရီမှာ ဒီည "ချင်မင်ပွဲတော်ကာလ မြစ်ကမ်းတလျှောက်" ပန်းချီကားအတွက် ရောက်လာခြင်း ဖြစ်ကြောင်း ရုတ်တရက် သိရှိသွားကြလေ၏။ အလိုက်အထိုက် သိတတ်သူ အများအပြားကလည်း နောက်ပိုင်း ပတ်ထျန်းရီ၏ လမ်းကို ဝင်မပိတ်မိစေရန် တိတ်တဆိတ် သတိပြုမှတ်သားထားလိုက်ကြ၏။
ပတ်ထျန်းရီ အလွန်မောက်မာသော်လည်း သူ့ကို ထောက်ခံသူများ ရှိနေသည်ကို တွေ့သောအခါ ကျက်သရေရှိစွာ ပြုမူပြလေ၏။ သူ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်၏။
"အားလုံးက ကျွန်တော့်ကို သိပ်ပြီး မြှောက်လွန်းနေပါပြီ"
"ဒီည ပရဟိတလေလံပွဲမှာ နာမည်ကျော်ကြားတဲ့သူတွေ မရေမတွက်နိုင်အောင် ရှိနေတာပါ... သူတို့ထဲမှာ နောက်ခံရှိတဲ့သူတွေ၊ ဂုဏ်သရေရှိတဲ့သူတွေ အများကြီး ပါပါတယ်... ကျွန်တော်က ဘယ်လိုလုပ်ပြီး အရှေ့အာရှ ယဉ်ကျေးမှု အသိုင်းအဝိုင်းရဲ့ ဂုဏ်အရှိဆုံး ပုဂ္ဂိုလ်ကြီးပါလို့ ကိုယ့်ကိုယ်ကို ခေါ်ရဲမှာလဲ"
"ခင်ဗျားတို့ ကြိုက်တာရှိရင် နောက်ပိုင်းကျရင် ဈေးခေါ်ကြပါ... ကျွန်တော်တို့ အားလုံးက နေမဝင်အင်ပါယာရဲ့ ပရဟိတလုပ်ငန်းအတွက် တစ်တပ်တစ်အား ပါဝင်နေကြတာပဲလေ"
ချက်ချင်းပင် သူ့ကို ချီးကျူးသံများ ပိုမိုထွက်ပေါ်လာသည်။
"သခင်လေးပတ်က အရမ်းနှိမ့်ချတာပဲ"
"ဒီလေလံပွဲကို တက်ရောက်တဲ့ အရှေ့အာရှ ယဉ်ကျေးမှု အသိုင်းအဝိုင်းထဲက ထိပ်တန်းပုဂ္ဂိုလ်က ခင်ဗျား မဟုတ်ရင် တခြားဘယ်သူ ဖြစ်နိုင်ဦးမှာလဲဗျာ"
"ဒါ့အပြင် သခင်လေးပတ်ရဲ့ ရည်မှန်းချက်က တကယ်ကြီးမားလွန်းတယ်... နေမဝင်အင်ပါယာရဲ့ ပရဟိတလုပ်ငန်းအတွက် ပါဝင်ကူညီနေတာတဲ့... ဒီရည်ရွယ်ချက် တစ်ခုတည်းနဲ့တင် အတုယူစရာ ကောင်းနေပါပြီဗျ"
လူများ ပိုမိုများပြားစွာ ပတ်ထျန်းရီအနားတွင် စုဝေးလာကြပြီး အားလုံးက ထွေရာလေးပါး ပြောဆို ရယ်မောနေကြလေ၏။
ပတ်ထျန်းရီ၏ မျက်နှာ ပိုမိုတောက်ပလာ၏။
အန်းကျူပရင့်စ်နှင့် ယဲ့ဖန်တို့၏ကား ဆိုသဘီး လေလံအိမ်တော် ဌာနချုပ်အဝင်ဝသို့ ရောက်ရှိလာသည့် အချိန်အထိပင်။
ပထမဆုံးအနေဖြင့် ဆိုသဘီးလေလံအိမ်တော်၏ အထက်ပိုင်းခေါင်းဆောင်အချို့ ကိုယ်တိုင်ကိုယ်ကျ ထွက်လာပြီး နွေးထွေးစွာ ကြိုဆိုကြ၏။
မကြာမီမှာပင် ကောင့်စီဘီမိသားစုနှင့် ဖော့ခ်စီးတီးရဲတပ်ဖွဲ့ အထက်ပိုင်းခေါင်းဆောင်များကဲ့သို့သော အင်ပါယာ၏ ဒေသခံ နာမည်ကျော်ကြားသူ အများအပြား ဝိုင်းရံလာကြ၏။
ထို့နောက် ပတ်ထျန်းရီအနားတွင် ရှိနေသော မှူးမတ်အချို့လည်း သူတို့ကို သွားရောက်ကြိုဆိုကြ၏။
အခြေအနေ ရုတ်တရက် ပြောင်းလဲသွားလေ၏။
ပတ်ထျန်းရီအနားတွင် ကျန်ရစ်နေသေးသော သူဌေးများနှင့် နာမည်ကျော်ကြားသူ အများအပြားသည် သွားရောက်မကြိုဆိုကြသော်လည်း စိတ်မပါတော့ဘဲ ငေးငိုင်နေကြ၏။ သူတို့၏ အာရုံစိုက်မှု အချို့သည် အန်းကျူပရင့်စ်နှင့် ယဲ့ဖန်တို့ထံ ရောက်ရှိနေကြောင်း သိသာလှ၏။
အခြားသူများနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ပြုံးရွှင်နေသော ပတ်ထျန်းရီ၏ မျက်နှာထား ရုတ်တရက် မသိမသာ ပြောင်းလဲသွားရသည်။
နေမဝင်အင်ပါယာ၏ ဒေသခံမှူးမတ်များ ပိုမိုများပြားစွာ ယဲ့ဖန်နှင့် အန်းကျူပရင့်စ်တို့ထံ ပျားအုံကဲ့သို့ တိုးဝင်သွားကြသည်ကို မြင်လိုက်ရသောအခါ၊ အထူးသဖြင့် သူတို့က ယဲ့ဖန်ကို ဝိုင်းရံထားကြသည်ကို တွေ့လိုက်ရသောအခါ သူ့မျက်ခွံများ လှုပ်ရှားသွားလေ၏။ ထို့နောက် မိတ်ဆွေဟောင်းအချို့ကို ကြည့်ပြီး ပြောလိုက်၏။
"ကျွန်တော်က နေမဝင်အင်ပါယာရဲ့ အခြေအနေကို သိပ်မရင်းနှီးဘူးဗျ... ဟိုအလှပဂေးလေးကို ရင်းနှီးသလို ရှိပေမယ့် သူ့နာမည်ကို မမှတ်မိတော့ဘူး"
"ပြီးတော့ သူ့ဘေးက အာရှသားမျက်နှာက ကျွန်တော့်အတွက် ပိုပြီးတောင် စိမ်းနေသေးတယ်... သူတို့က ဘယ်သူတွေလဲ မသိဘူးနော်"
လောလောဆယ် ပတ်ထျန်းရီအနားတွင် ဝိုင်းရံနေသူများမှာ နေမဝင်အင်ပါယာက ဖိတ်ကြားထားသော နိုင်ငံခြားဧည့်သည်များ၊ အထူးသဖြင့် ကိုရီးယားလူမျိုးများသာ ဖြစ်ကြ၏။ သူတို့လည်း ဒီက အခြေအနေကို သိပ်နားမလည်ကြပေ။ အန်းကျူပရင့်စ်နှင့် ယဲ့ဖန်တို့အနားရှိ ခမ်းနားသော မြင်ကွင်းကို တွေ့လိုက်ရသောအခါ သူတို့လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြလေ၏။
ပတ်ထျန်းရီ၏ မေးခွန်းနှင့် မကောင်းသော မျက်နှာထားကို မြင်လိုက်ရသောအခါ သူတို့ အလျင်အမြန် ပြောလိုက်ကြ၏။
"သွားမေးကြည့်လိုက်ကြရအောင်ဗျ"
---
အခန်း (၂၀၂၂) - မင်းက ကောင်စုတ်လေး တစ်ကောင် ဖြစ်နေတာကိုး
~ပြောပြီးသည်နှင့် တပြိုင်နက် လူအများအပြားသည် နေမဝင်အင်ပါယာမှ သူတို့၏ မိတ်ဆွေများကို မေးမြန်းလိုက်ကြ၏။
အချို့ကလည်း ရောက်ရှိနေသော ဧည့်သည်အချို့ကို စကားပြောရန် ကြိုးစားလိုက်ကြ၏။
ပတ်ထျန်းရီသည် လူမရေမတွက်နိုင်အောင် ဝိုင်းရံခြင်းခံထားရပြီး ဒီည၏ အစစ်အမှန် ဗဟိုချက်မ ဖြစ်ပုံ ရသော အန်းကျူပရင့်စ်နှင့် ယဲ့ဖန်တို့ကို ကြည့်နေမိသည်။ သူ ဝိုင်နီကို သောက်လိုက်ပြီး တိတ်ဆိတ်နေလိုက်၏။
"သခင်လေးပတ်... သတင်းရပြီ"
ပတ်ထျန်းရီ ဝိုင်နီ ဒုတိယတစ်ငုံ သောက်ပြီးသည့် အချိန်တွင် သူ့အဖော် တစ်ယောက်က အကျိုးပြုမှုအတွက် ဆုတောင်းခံသကဲ့သို့ ပတ်ထျန်းရီဆီ လျှောက်လာသည်။
"အဲ့ဒီ အလှပဂေးလေးက အန်းကျူပရင့်စ်ပါ... အန်းကျူမြို့စားကြီး မိသားစုရဲ့ သမီးပါ... သူက ဆိုသဘီးလေလံအိမ်တော်ရဲ့ တာဝန်ခံလည်း ဖြစ်သလို အန်းကျူဆေးဘက်ဆိုင်ရာ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌအသစ်လည်း ဖြစ်ပါတယ်... သူက အန်းကျူမြို့စားကြီး မိသားစုထဲမှာ ဩဇာအာဏာကြီးမားသူပါ"
"မစ္စစ် အန်းကျူပရင့်ဘေးက အာရှသား အကြောင်းကတော့... သူက နဂါးနိုင်ငံက လာတယ်ဆိုတာပဲ ကြားရတယ်... နာမည်က ယဲ့ဖန်တဲ့... မစ္စစ် အန်းကျူပရင့်ရဲ့ ချစ်သူပါ... ဒါပေမယ့် ကျွန်တော့်မိတ်ဆွေက သူ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ အသေးစိတ် မပြောပြချင်ဘူးဗျ"
"အဲ့ဒီမိတ်ဆွေက ကျွန်တော့်ကို ဒီလူကို မရန်စဖို့၊ စော်ကားဖို့ မပြောနဲ့... သတိထားဖို့တောင် လိမ္မာပါးနပ်စွာ သတိပေးသွားပါတယ်"
"နဂါးနိုင်ငံ... နာမည်က ယဲ့ ဟုတ်လား"
ပတ်ထျန်းရီ မျက်ခုံးများ အနည်းငယ် တွန့်ချိုးလိုက်ပြီး လက်ထဲမှ ဝိုင်ခွက်ကို ချလိုက်လေ၏။
"နဂါးနိုင်ငံက နာမည်ကြီး ယဲ့မိသားစုကများလား"
"မဖြစ်နိုင်ပါဘူး... ယုတ္တိအရ ပြောရရင်... နဂါးနိုင်ငံက ယဲ့မိသားစုဆိုရင် ကျွန်တော် ကောင်းကောင်း မှတ်မိနေသင့်တာ"
"ဒီလူ့မျက်နှာက ကျွန်တော့်အတွက် အရမ်းစိမ်းနေတယ်... သူက အဲ့ဒီမိသားစုက လူနဲ့ မတူပါဘူး"
သတင်းလာပို့သော သူဌေးက ခေါင်းခါလိုက်၏။
"နဂါးနိုင်ငံက နာမည်ကြီး ယဲ့မိသားစု မဟုတ်တာ သေချာပါတယ်... ကျွန်တော့်မိတ်ဆွေကလည်း ဒါကို ပြောပါတယ်"
"သူပြောပုံအရဆိုရင်... ဒီယဲ့ဖန်က နေမဝင်အင်ပါယာမှာ နာမည်ရဖို့အတွက် သူ့မိသားစု အင်အားကို အားကိုးခဲ့တာ မဟုတ်ဘူးတဲ့"
ပတ်ထျန်းရီ လှောင်ပြောင်လိုက်သည်။
"အသုံးချစရာ မိသားစုနောက်ခံ မရှိဘဲနဲ့... နာမည်ရဖို့ ဘာကို အားကိုးမှာလဲ... မိန်းမအိမ်ကို ဝင်ပြီး မိန်းမလုပ်စာ ထိုင်စားတာလား"
ထိုအခါ၊ သူ့စကားအား သူဌေးက ခဏတာ စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ဖြစ်နိုင်ပါတယ်"
"ယောက်ျားပြည့်တန်ဆာလား"
ပတ်ထျန်းရီ ဒါကို ကြားလိုက်ရသောအခါ ချက်ချင်းပင် မထီမဲ့မြင် ဖြစ်သွားလေ၏။
သို့သော် ထိုအချိန်တွင် သူ့ဘေးနားရှိ အခြားတစ်ယောက်က မိတ်ဆွေတစ်ယောက်နှင့် ဖုန်းပြောပြီးသွားကာ စကားဝိုင်းထဲ ဝင်လာသည်။
"သခင်လေးပတ်... ကျွန်တော်လည်း သတင်းတချို့ ကြားတယ်"
"ဒီယဲ့ဖန်က နဂါးနိုင်ငံက ရှေးဟောင်းပစ္စည်း အရောင်းအဝယ်သမား တစ်ယောက်ပါ... သူက နဂါးနိုင်ငံ မေပယ်ရွက်ပြခန်းကို ကိုယ်စားပြုပြီး ပရဟိတလေလံပွဲကို တက်ရောက်တာပါဗျ"
"သူ အခု ဒီလောက် နာမည်ကြီးနေတာက သူ့ချစ်သူ မစ္စစ် အန်းကျူပရင့်ကြောင့် ဖြစ်လောက်ပါတယ်"
လူအများအပြား ဒါကို ကြားသောအခါ အလျင်အမြန် သဘောတူလိုက်ကြ၏။
"သူက မိန်းမအားကိုးတဲ့ ကောင်ပါပဲ"
"သခင်လေးပတ်နဲ့ ယှဉ်လို့ မရပါဘူး"
"ပုရွက်ဆိတ်နဲ့ လမင်းကြီးကို ယှဉ်သလိုပါပဲ"
"သူတို့က ဒေသခံဖြစ်နေတဲ့ အားသာချက်လေး ရှိနေလို့ပါ... ကိုရီးယားမှာ ကျင်းပတဲ့ ပရဟိတလေလံပွဲသာ ဆိုရင်... သူတို့က သခင်လေးပတ်နဲ့ အတူတူ ဝိုင်သောက်ခွင့်တောင် ရမှာ မဟုတ်ပါဘူးဗျာ"
"..."
ပတ်ထျန်းရီ စိတ်သက်သာရာ ရသွား၏။ လေထုကို ပေါ့ပါးသွားစေရန်နှင့် သူ့အင်အားကို ပြသရန် စကားအနည်းငယ် ပြောဖို့ ပြင်လိုက်သည်။
ထိုအခိုက်အတန့်တွင်၊ ဆိုသဘီးလေလံအိမ်တော် ဌာနချုပ်အပြင်ဘက်တွင် အထူးလိုင်စင် နံပါတ်ပြားများ တပ်ဆင်ထားသော မေဘတ်ကား နှစ်စီး ရုတ်တရက် ရောက်ရှိလာလေ၏။
ထို့နောက် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော သက်တော်စောင့်အချို့ ကားပေါ်မှ ဆင်းလာပြီး မေဘတ်တံခါးများကို ဖွင့်ပေးလိုက်ကြ၏။
ချောမောသော လူငယ် နှစ်ဦး ကားပေါ်မှ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြပြီး ပခုံးချင်းဖက်လျက် ဆိုသဘီး လေလံအိမ်တော် ဌာနချုပ်ဆီသို့ လျှောက်လှမ်းလာကြ၏။
ယဲ့ဖန်နှင့် အန်းကျူပရင့်စ်အနားရှိ သူဌေးများနှင့် နာမည်ကျော်ကြားသူ အများအပြားသည်လည်း သူတို့ကို မြင်သောအခါ နွေးထွေးစွာ နှုတ်ဆက်ကြလေ၏။
ထိုလူငယ်နှစ်ဦးသည် လူတိုင်း၏ နှုတ်ဆက်မှုကို တုံ့ပြန်ပြီးနောက် လူအုပ်ကြီး ဝိုင်းရံနေသော အန်းကျူပရင့်စ်နှင့် ယဲ့ဖန်တို့ကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားကြပြီး အမြန် လျှောက်သွားလိုက်ကြ၏။
ထို့ပြင် သူတို့သည် အန်းကျူပရင့်စ်နှင့် စကားအနည်းငယ်သာ ပြောဆိုပြီးနောက် ယဲ့ဖန်၏ ပခုံးကို ဖက်လိုက်ကြလေ၏။
သူတို့ အချင်းချင်း အရမ်းရင်းနှီးပုံ ပေါ်နေသည်။
"အဲ့ဒါ သခင်လေးဝုဖ်ဂန်းနဲ့ သခင်လေး အာဂျိုင်းဟန်ဆန်လေ"
"ဖော့ခ်စီးတီး သခင်လေး သုံးယောက်ထဲက နှစ်ယောက်ပဲ"
"တစ်ယောက်က အန်းကျူမြို့စားကြီး မိသားစုနဲ့ ထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့ ဝုဖ်ဂန်းအာလ် မိသားစုရဲ့ အနာဂတ် ဆက်ခံသူ... နောက်တစ်ယောက်က အာဂျိုင်းမြို့စားကြီး မိသားစုရဲ့ အနာဂတ် ဆက်ခံသူ"
"သူတို့က ယဲ့ဖန်နဲ့ အရမ်းရင်းနှီးပုံ ရတယ်... အန်းကျူပရင့်စ်ထက်တောင် ယဲ့ဖန်နဲ့ ပိုရင်းနှီးနေကြသေးတယ်"
"..."
ပတ်ထျန်းရီအနားရှိ လူများ တအံ့တဩ မရေရွတ်ဘဲ မနေနိုင်ကြတော့ပေ။
ပတ်ထျန်းရီ ဟိတ်ဟန်ထုတ်ပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း စကားလုံးများကို ပြန်မျိုချလိုက်ရလေ၏။