← Chapters

အခန်း (၃၈၂-၃၈၄)

Vol. 26 Ch. 382-384

အခန်း (၃၈၂-၃၈၄)

Vol. 26 Ch. 382-384

CHAPTER 382 ကျုပ် အချက်နှစ်ရာလောက် ထပ်လိုချင်လို့

ဧရာမ ကမ္ဘာခြား စစ်သင်္ဘောများစွာတို့သည် ကမ္ဘာပေါ်သို့ လွှမ်းမိုးနိုင်သော ချီဓာတ်နှင့်အတူ ရစ်ဝဲ၍ ရောက်ရှိလာသည်။

ကမ္ဘာတစ်ခုလုံး ကြောက်လန့်၍ တုန်လှုပ်လာသယောင် ထင်ရသည်။

ဧရာမ စစ်သင်္ဘောတစ်စီး၏ ‘ဂရေး’ ဟူသော စာလုံးပါသည့် အလံများကို မြင်သည်နှင့် သူတို့ ချက်ချင်း ပွက်လောရိုက်သွားကြသည်။

ဂရေးကလန်ပါလား။

သူတောင်းစားအိုကြီး၏ မျက်နှာက လျင်မြန်စွာ ပြာနှမ်းလို့လာသည်။

ဂရေးကလန်၏ လက်ရှိကလန်ခေါင်းဆောင်က ကမ္ဘာမြေပေါ်သို့ ရောက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားမိခဲ့ပါ။

….

ကမ္ဘာမြေ၏ သိုင်းပညာရှင်များအားလုံး ဤကဲ့သို့ အဖြစ်မျိုးကို မမျှော်လင့်ထားသဖြင့် အလွန်သောက ရောက်လာကြသည်။

သူတို့နှင့် ဆန့်ကျင်ဘက်တွင်တော့ ကမ္ဘာခြား မုဆိုးများသည် အလွန်တက်ကြွလို့လာသည်။

“ဒါ ခေါင်းဆောင်ရဲ့ စစ်သင်္ဘောပဲ။ အိုး … ဝိုး … ဒါ နာမည်ကြီးနေတဲ့ ဂရေဆန်ကိုယ်တိုင်ပါလား။ ဒါ သိပ်ကို စိတ်လှုပ်ရှားစရာ ကောင်းတာပဲ”

“ဟားဟား … ကမ္ဘာမြေသားတွေ၊ မင်းတို့အားလုံး ကံဆိုးမိုးမှောင်ကြပြီကွ။ မင်းတို့အားလုံး ဘယ်လောက်ပဲ ကြိုးစားရုန်းကန်ပါစေ သေရမှာပဲကွ”

….

ယခုအချိန်တွင် ကမ္ဘာခြား မုဆိုးတစ်ယောက်ချင်းစီက ကမ္ဘာမြေ၏ သိုင်းပညာရှင်များကို ကြည့်၍ အသည်းအသန် အော်ဟစ်ပြောဆိုနေသည်။

တစ်ဘက်တွင်တော့ အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးသည် ပျော်လွန်း၍ ငိုတောင်ငိုချင်နေသည်။

အကယ်၍ ဂရေဆန်သာ အနည်းငယ် နောက်ကျသွားခဲ့လျင် သူမ၏ စိတ်ဝိညာဉ်သည် ယဲ့ဖန်ကြောင့် သုတ်သင်ခံရလောက်သည်။

ထို့ကြောင့် အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးသည် ကပ်ဘေးတစ်ခုမှ ရှင်ကျန်ရစ်သကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။

သူမ၏ စိတ်ဝိညာဉ်သည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပြန်ဝင်သွားသည်။ ထို့နောက် သူမသည် ထိပ်တန်း စစ်သင်္ဘော အစုအဖွဲ့ဆီသို့ သူမ၏ ကျိုးကြေနေသော ခန္ဓာကိုယ်ဖြင့် လှစ်ခနဲ ပြေးသွားသည်။

သူမ ထိုသင်္ဘောအစု ရှေ့သို့ရောက်သည်နှင့် သူမသည် အကြီးဆုံး ကမ္ဘာခြား စစ်သင်္ဘောရှေ့၌ မျက်ရည်လည်ရွဲနှင့် တိုင်တန်းလေတော့သည်။

“ခေါင်းဆောင် ဒီက ရှေးလူမျိုး တစ်ယောက်က ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်းအစစ်ကို သိနေပါတယ်။ သူ့ကြောင့် ကျွန်မ အသတ်ခံရလုနီးပါး ဖြစ်ခဲ့ပါတယ်”

*ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်းအစစ်လား*

သူမစကားကို ကြားပြီး ကမ္ဘခြား ဓားပြများ တိတ်ဆိတ်သွားကြသည်။ ထို့နောက်တွင်မူ အကြီးဆုံး စစ်သင်္ဘောထံမှ ခက်ထန်၍ ထိတ်လန့်ဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

“မင်း သေချာလား”

“ကလန်ခေါင်းဆောင်၊ ကျွန်မ ခေါင်းဆောင်ကို ဘယ်တော့မှ မလိမ်ပါဘူး”

အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးသည် ကြောက်စိတ်ကြောင့် ရင်တုန်ပန်းတုန် ဖြစ်ကာ ဖြူဖတ်ဖြူရော် ဖြစ်နေသော မျက်နှာနှင့် ပြောလိုက်သည်။

“ကျွန်မ ကမ္ဘာမြေသား တစ်ယောက်နဲ့ ခုနလေးတင် တိုက်ခိုက်ခဲ့တာပါ။ သူက တူညီတဲ့ ကိုးဆင့်လျှို့ဝှက်သိုင်းကျမ်းကို သုံးပြီး ကျွန်မကို တစ်ချိန်လုံး ဖိနှိပ်ထားခဲ့တာပါ”

“သူက ကိုးဆင့်ကလန်က တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်နေမလားလို့ ကျွန်မ တွေးမိပါတယ်”

*ကိုးဆင့်ကလန်ရဲ့ တစ်ဦးတည်းသော အသက်ရှင် ကျန်ရစ်သူ*

သူမစကားကြောင့် အကြီးဆုံး စစ်သင်္ဘောထဲမှ ဂရေဆန်သည် ချက်ချင်း ထခုန်မိသွားပြီး သူ့မျက်လုံးသည်လည်း လောဘနှင့် ဝမ်းမြောက်မှုကြောင့် တလက်လက် တောက်နေ၏။

“ဘုရား မတာပဲ။ ဘုရားသခင်က ဂရေးကလန်ကို စောင်မတာပဲ”

“ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်းက အတော့်ကို ကြောက်ဖို့ကောင်းတာ။ တကယ်လို့ ကိုးဆင့်ကလန်ရဲ့ အသက်ရှင်ကျန်ရစ်သူကို ငါ အရှင်ဖမ်းနိုင်ခဲ့မယ်ဆိုရင် ငါ ဆုလာဒ်အနေနဲ့ နယ်ပယ်တွေ အများကြီးရပြီးတော့ အရှင်သခင်ဆိုတဲ့ ဘွဲ့ထူးကို ပေးအပ်ချင် ခံရမှာပဲ”

“ငါ ဒီလူသားကို ဖမ်းပြီးသွားရင် ငါ ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်း အစစ်ကို ရမှာပဲ။ ငါ ဆုလာဘ်များများရဖို့ သူ့ကို နဂါးငွေ့တန်း အင်ပါယာဆီ အပ်လိုက်လို့လည်း ရတယ်။ ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင် ပစ်လို့ရနေတာပဲ”

ဂရေဆန်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာသည်။ ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်း အစစ်ရဲ့ ကြောက်မက်ဖွယ်ကောင်းသော အင်အားအကြောင်းကို သူ ကြားဖူးသည်။

*အကယ်၍ ဒီကြောက်ဖို့ကောင်းတဲ့ လျှို့ဝှက်သိုင်းကျမ်းကို ငါ ရခဲ့မယ်ဆိုရင် ဂရေးကလန်က မကြာခင် စကြဝဠာထဲမှာ ကျော်ကြားလာလိမ့်မယ်*

ထို့နောက် ဂရေဆန်က အကြီးဆုံး ကမ္ဘာခြား စစ်သင်္ဘောအား ထိန်းချုပ်၍ ယဲ့ဖန်ထံသို့ ဦးတည်လိုက်သည်။

“ပုရွက်ဆိတ်လိုကောင်၊ ငါ့ကို ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်း အစစ် ပေးစမ်း၊ ပြီးရင် ဒူးထောက်ပြီး ငါ့ကို အညံ့ခံလိုက်”

“မဟုတ်လို့ကတော့ မင်း သေရမယ်”

ဂရေဆန်၏ အသံက ကမ္ဘာတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ ထိုသို့သော အချိန်တွင် ကမ္ဘာမြေမှ သိုင်းပညာရှင်များ၏ မျက်နှာက သုန်မှုန်လာသည်။

တောက်! တောက်!

ရဲရဲနီနေသော သွေးများက ယဲ့ဖန်၏ ရင်ဘတ်မှာ စီးကျလျက်ရှိ၏။ သူ့ရင်ဘတ်သည် နတ်ဘုရား အလင်းတော် အမြောက်၏ ပစ်ခတ်မှုကြောင့် ဆိုးဆိုးရွားရွား ပုံပျက်လျက် ရှိနေသည်။

သို့သော် သူသည် မည်သည့်နာကျင်မှုကိုမှ မခံစားရသည့် စက်ရုပ်လိုပင်။

သူသည် ဂရေးကလန်၏ ထိပ်တန်း စစ်သင်္ဘောများကို စိုက်ကြည့်ရင်း မနှစ်မြို့ဖွယ်ကောင်းသော အပြုံးနှင့် ပြောလိုက်သည်။

“နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ”

*ဘာ*

ယဲ့ဖန်၏ စကားကိုကြားပြီး စစ်သင်္ဘောများထဲမှ ဂရေးကလန်သားများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။

အကြီးဆုံး စစ်သင်္ဘောထဲမှ ဂရေဆန်တောင်မှ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။

“မင်းက ငါ့ကို စောင့်နေတာလား”

သေးနုပ်သော ကမ္ဘာမြေသား တစ်ယောက်က သူ့ကို လုံးဝ မကြောက်ဘဲနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။

*မဖြစ်နိုင်ဘူး*

သို့သော် သူသည် ယဲ့ဖန်၏ မောက်မာသော ပြောဆိုပြုမူပုံကို သူ စက်ဆုပ်ရွံရှာနေသေးသည်။

“ဒါပေါ့”

ထိုစဉ် ယဲ့ဖန်က အပြုံးကြီးပြုံး၍ ပြောလာသည်။

“ဂရေးကလန်ရဲ့ သေဆုံးမှုအနဲ့အတူ ကမ္ဘာဂြိုဟ်က ပေါ်ထွန်းလာလိမ့်မယ်လို့ ကျုပ် အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးသားပဲလေ”

“မင်း မသေရင် ဘယ်လိုလုပ် ကမ္ဘာဂြိုဟ်က ပေါ်ထွန်းလာနိုင်မှာလဲ”

ယဲ့ဖန်၏ စကားကို ကြားပြီး အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး၊ နတ်ဘုရား သေနာပတိအဆင့်များနှင့် ထိပ်တန်း စစ်သင်္ဘောများထဲမှ သိုင်းပညာရှင်များ ချက်ချင်း ဒေါသအိုး ပေါက်ကွဲသွားသည်။

သည်လောက် စိတ်ကြီးဝင်နေသော သူကို သူတို့ ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ကမ္ဘာမြေသားများက သေမင်းနှုတ်ခမ်းဝသို့ ရောက်နေချိန်တွင် လွတ်လွတ်လပ်လပ် ပြောဆိုရဲလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိချေ။

ဂရေဆန်၏ မျက်နှာတောင်မှ မည်းမှောင်လာသည်။ ထို့နောက် သူက ဒေါသတကြီး ပြောလာသည်။

“ရူးလိုက်တာ”

“ဒီလိုဆိုမှတော့ ငါက မင်းကို ယောကျ်ားတစ်ယောက်က ဘယ်လိုနေထိုင်ရတယ်ဆိုတာကို သင်ပေးရတာပေါ့”

ထိုသို့ပြောပြီး ဂရေဆန်က ခလုတ်တစ်ခုကို ဖိချလိုက်သည်။

ဝုန်း!

အလင်းတန်းတစ်ခုက ယဲ့ဖန်ထံသို့ ချက်ချင်း ပစ်ခွင်းလာသည်။ ထိုအလင်းတန်းသည် နတ်ဘုရား အလင်းတော် အမြောက်၏ ၂.၀ ဗားရှင်း ဖြစ်သည်။

ထိုအမြောက်၏ ပစ်ခတ်မှုတစ်ခုက နတ်ဘုရား သေနာပတိ နောက်ဆုံးအဆင့်၌ ရှိနေသောသူအား ချေမှုန်းနိုင်သည်။

ကြောက်မက်ဖွယ်ကောင်းလှသည့် ပစ်ခတ်မှုပါတကား။

ဖိနှိပ်နိုင်သော အလင်းတန်းက ကောင်းကင်တစ်ခုလုံးအား ဆေးနီရောင် ခြယ်သလာ၏။ အလင်းတန်းက ယဲ့ဖန်အား ချိန်ရွယ်၍ ပစ်ခတ်ထားသည်ဆိုသော်လည်း ၎င်း၏ ဖိနှိပ်နိုင်သော အရှိန်က သူတောင်းစားအိုကြီးနှင့် အခြား ကမ္ဘာမြေပေါ်မှ သိုင်းပညာရှင်များကိုတောင်မှ နောက်သို့ လွင့်ထွက်သွားစေခဲ့သည်။

ထို့ကြောင့် ကမ္ဘာမြေမှ သိုင်းပညာရှင်များအားလုံး သွေးအလိမ်းလိမ်း ဖြစ်လာရသည်။

“မဖြစ်ဘူး”

အလင်းတန်းက ယဲ့ဖန်၏ ကိုယ်ခန္ဓာအား ဖုံးအုပ်သွားသည်ကို မြင်လိုက်ရသဖြင့် ကမ္ဘာမြေမှ သိုင်းပညာရှင်များအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။

“သခင်ကြီး”

သွေးစွန်းတစ္ဆေနှင့် ယဲ့ဖန်၏ အခြား လွှမ်းမိုးနိုင်သော လက်အောက်ငယ်သားများ အလွန် ပူဆွေးလာကြသည်။

ယဲ့ဖန်က သန်မာသည်ကို သူတို့ သိသော်ငြားလည်း နတ်ဘုရား အလင်းတော် အမြောက် ၂.၀ ဗားရှင်းက ထင်မှတ်မထားလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့ ရိပ်စားမိပါသည်။

ထို့ကြောင့် သူတို့ ယဲ့ဖန်အတွက် ချွေးတဒီးဒီး ကျလာကြသည်။

သို့သော် တိုက်ပွဲကား မပြီးသေးပေ။

ဝုန်း! ဝုန်း! ဝုန်း!

ဒုတိယအကြိမ် ပစ်ခတ်မှု။

တတိယအကြိမ် ပစ်ခတ်မှု။

စတုတ္ထအကြိမ် ပစ်ခတ်မှု။

….

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရား အလင်းတော် အမြောက်က ယဲ့ဖန်ထံသို့ အချက်တစ်ရာနီးပါး ပစ်ခတ်ပြီးပြီ ဖြစ်သ်ည။

ထို့ကြောင့် လေထုသည် အက်ကွဲကာ မီးသင့်ထားသည့် အနံ့မျိုး ထွက်ပေါ်နေသည်။

“သူ … သူ သေသွားပြီလား”

အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက ထိတ်လန့်နေသော မျက်နှာနှင့် ကမ္ဘာခြား စစ်သင်္ဘောကို ဇဝေဇဝါ စိုက်ကြည့်လိုက်မိသည်။

သူ မေးချင်နေတာကို ဂရေဆန်က သိနေပုံပေါ်သည်။ ထို့နောက် သူက မခိုးမခန့်ပြုံး၍ ပြောလိုက်သည်။

“မစိုးရိမ်နဲ့၊ ငါ သူ့ခန္ဓာကိုယ်ကို နတ်ဘုရား အလင်းတော် အမြောက် ၂.၀ ဗားရှင်းနဲ့ ဖျက်ဆီးလိုက်ပြီးပြီ။ အလင်းတန်းတွေ ပျောက်ကွယ်သွားရင် ငါ သူ့စိတ်ဝိညာဉ်ကို ထုတ်ယူလိုက်မှာ”

“ပြီးရင် ငါတို့ ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်း အစစ်ကို ရယူနိုင်တော့မယ်။ အဲ့နောက်ပိုင်းတော့ ငါတို့ သူ့စိတ်ဝိညာဉ်ကို နဂါးငွေ့တန်း အင်ပါယာလက်ထဲ အပ်လိုက်တာပေါ့”

သူ့စကားကို ကြားပြီးနောက် အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး ကျေနပ်သွားသည်။

*ငါ နားလည်သွားပြီ*

*ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်း အစစ်ကို ရယူပြီးတော့ ကိုးဆင့်ကလန်က အသက်ရှင်ကျန်ရစ်သူရဲ့ စိတ်ဝိညာဉ်ကို နဂါးငွေ့တန်း အင်ပါယာကို သူတို့ သိုင်းကျမ်းကို ရသွားမှာကို စိုးရိမ်စရာ မလိုဘဲ အပ်လိုက်မယ်*

*ဒါ တကယ့်ကို ကောင်းလိုက်တဲ့ အစီအစဉ်ပဲ*

ထို့နောက် အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးက နတ်ဘုရား အလင်းတော်များ ဖုံးအုပ်နေသည့် နေရာကို လှမ်းကြည့်ရင်း လှောင်ရယ်၍ ပြောဆိုလိုက်သည်။

“ငနာလေး၊ မင်း တော်တော် ကံဆိုးတာပဲ။ အခုကစပြီး ကိုးဆင့် လျှို့ဝှက်သိုင်းကျမ်းအစစ်ကို ပိုင်ဆိုင်တဲ့သူက ငါတစ်ယောက်တည်းပဲ ရှိလာတော့မှာ”

အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး၏ အပြုံးက ပို၍ ကြီးမားလာသည်။

ထိုစဉ် …

ဂျွတ်! ဂျွတ်!

တစ်ခုခု ဝါးစားနေတဲ့ အသံပါလား။

ထို့နောက်တွင် အလင်းများ လွင့်ပြယ်သွား၏။ များစွာသော ပုရွက်ဆိတ်များက နတ်ဘုရား အလင်းတော်အား အရူးအမူး စားသောက်နေကြပြီး လေထုထဲရှိ အဖြူရောင် တိမ်များကြားထဲမှ လူတစ်ယောက် ပေါ်လာသည်။

ထိုသူသည် အမှန်စင်စစ် ယဲ့ဖန်ပင်။ သူသည် မည်သည့် ထိခိုက်ဒဏ်ရာမျှ မရရှိပေ။

သို့သော် သူက အလင်းတန်းအား သူကိုယ်တိုင် စားချင်နေဟန်ဖြင့် ပုရွက်ဆိတ်များကို သုန်မှုန်နေသော အကြည့်ဖြင့် စိုက်ကြည့်လို့နေသည်။

ထင်မှတ်မထားဘဲ ပုရွက်ဆိတ်များက သူ့ထက်အရင် လက်ဦး၍ စားသွားသည်။

“ဒီကောင်လေးတွေက အစားအတွက်နဲ့ နတ်ဆိုးနဲ့ယှဉ်ပြီး လုယက်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ထိုသို့ပြောရင်း ယဲ့ဖန်က အကြီးဆုံး စစ်သင်္ဘောအား လှမ်းကြည့်၍ မေးလိုက်သည်။

“ဟေး ငါ့ကို ထပ်ပေးလို့ ရဦးမလား။ ငါ အချက်နှစ်ရာလောက် ထပ်လိုချင်လို့”

CHAPTER 383 မင်းက အဆင့်မမီဘူး

*ငါ အချက်နှစ်ရာလောက် ထပ်လိုချင်လို့*

ယဲ့ဖန်၏ သတ္တိရှိသော စကားကို ဂရေဆန်တစ်ယောက် ကြားလိုက်ရချိန်တွင် သူ့ထိုင်ခုံကနေ ပြုတ်ကျမတတ် ဖြစ်သွားသည်။

*ချီးပဲ*

*နတ်ဘုရား အလင်းတော် အမြောက် ၂.၀ ဗားရှင်းက ဂေါ်ဖီထုပ်လို ဈေးပေါတယ်များ မှတ်နေလား*

*အဲ့အမြောက်က နတ်ဘုရားအဆင့် စွမ်းအင်ကနေ ပြောင်းလဲထားတာကွ*

*အလင်းတန်း တစ်ခုကတင် နဂါးငွေ့တန်း ဒင်္ဂါး တစ်သောင်း တန်တယ်*

*အချက် နှစ်ရာလောက် ဟုတ်လား။ ခွေးမသား၊ မင်းလောက် အရှက်မရှိတဲ့သူမျိုး ငါ တစ်ခါမှ မမြင်ဖူးသေးဘူး*

စစ်သင်္ဘောထဲမှ ကလန်သားတိုင်း မှင်တက်နေကြသည်။

နတ်ဘုရား အလင်းတော် အမြောက်၏ ၂.၀ ဗားရှင်းမှ ပစ်ခတ်မှု အချက်တစ်ရာကျော်သည် နတ်ဘုရား သေနာပတိ ဆယ်ယောက်ကျော်အား စက္ကန့်ပိုင်းအတွင်း သတ်နိုင်သည်။

*သူ ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ။ မဖြစ်နိုင်တာကြီးကို*

သို့သော် ထိတ်လန့်ဖွယ်အကောင်းဆုံး အချက်ကား ပုရွက်ဆိတ်အုံကြီးပင်။

အခြားသူများသည် နတ်ဘုရားအဆင့် အလင်းတန်းများကို ပုရွက်ဆိတ်များက ဝါးမျိုလိုက်သည်ကို ရှင်းလင်းစွာ မြင်ခဲ့ပြီးပြီ ဖြစ်သည်။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး”

အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး နားဝေတိမ်တောင် ဖြစ်သွားရသည်။ ထို့နောက် ခေလန်ကို ကမ္ဘာမြေပေါ်မှ ပုရွက်ဆိတ်များက ဝါးမျိုသွားသည်ဟု ယဲ့ဖန် ပြောခဲ့ဖူးတာကို သူမ သတိရသွားသည်။

ယခင်တုန်းက ယဲ့ဖန်က သူမကို လှည့်စားနေသည်ဟု သူမ ယုံကြည်ခဲ့သည်။

“ငါ ဘာလို့ ဒီပုရွက်ဆိတ်တွေကို ရင်းနှီးနေသလို ခံစားနေရတာလဲ”

အစိမ်းရောင် အသားအရေနှင့် အခြား ကမ္ဘာခြားမုဆိုးများ မျက်ခုံးလှုပ်လာသလို ခံစားမိလာကြသည်။

ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူတို့သည် ပုရွက်ဆိတ်များကို ကြည့်ရင်း သူတို့ ထိတ်ထိတ်ပျာပျာ ဖြစ်ကာ ရင်တုန်ပန်းတုန် ဖြစ်လာသလို ခံစားမိပြီး ထိုပုရွက်ဆိတ်များသည် ပုရွက်ဆိတ်များနှင့် မတူဘဲ ငရဲမှ ပြန်လာသော သေမင်းနတ်ဘုရားများဟု သူတို့ ခံစားနေမိသည်။

“ဝိညာဉ်စား ပုရွက်ဆိတ်တွေ”

ထိုစဉ် ဂရေဆန်က ထိတ်လန့်တကြား ရေရွတ်လာသဖြင့် အခြားသူများအားလုံး ကြောက်လန်ကာ တုန်ယင်လာသည်။

*ဝိညာဉ်စား ပုရွက်ဆိတ်တွေလား*

*နတ်ဘုရားတွေ၊ မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးတွေနဲ့ တစ္ဆေတွေရဲ့ ပါးကွက်သား*

*လုံးဝ မဖြစ်နိုင်ဘူးလေ*

အခြားသူများအားလုံး ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားကြသည်။

ဂရေဆန်ဆို သတိလစ်မတတ် ဖြစ်နေ၏။ သူသည် ဝိညာဉ်စား ပုရွက်ဆိတ်များနှင့် ယဲ့ဖန်တို့အား သရဲသဘက်ကို မြင်တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်တကြားနှင့် ကြည့်နေမိသည်။

“ဝိညာဉ်စား ပုရွက်ဆိတ်တွေက ကျွန်ပြုခံနေရတယ်။ မဟုတ်ဘူး … ဒါ တကယ် မဖြစ်နိုင်ဘူး”

ပထမဆုံး အကြိမ်ပင်။

ဝိညာဉ်စား ပုရွက်ဆိတ်များအား အခြားသက်ရှိတစ်မျိုးက ထိန်းချုပ်ထားသည်ကို မြင်တွေ့နေရခြင်းက ပထမဆုံး အကြိမ်ပင်။

အကယ်၍ ဤသတင်းသာ စကြဝဠာထဲ ပျံ့နှံ့သွားပါက စကြဝဠာတစ်ခုလုံး အကြီးအကျယ် ထိတ်လန့် သွားစေလောက်သည်။

ထို့ပြင် ဂရေဆန်သည် ယဲ့ဖန်အား လေ့လာကြည့်သောအခါ သူ့အား တစ်နေရာရာ၌ တွေ့ဖူးနေသလို၊ ရင်းနှီးနေသလို ခံစားချက်မျိုး ရနေသည်။

သူသည် အလွန် ရင်းနှီးသလိုနှင့် ထူးဆန်းသလို ခံစားနေရသည်။

သို့သော် မကြာမီမှာပင် ထိုခံစားချက်နေရာ၌ အလိုရမ္မက်က အစားထိုး ဝင်ရောက်လာ၏။

“ဒီလူက ဝိညာဉ်စား ပုရွက်ဆိတ်တွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်မျိုးကို တတ်မြောက်ထားတာပဲ ဖြစ်ရမယ်”

“ရတနာပဲ။ အဲ့နည်းလမ်းက တကယ့်ကို အဖိုးအတန်ဆုံး ရတနာပဲ”

ဂရေဆန်သည် စိတ်လှုပ်ရှားမှုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။ ထို့နောက် သူက ကမ္ဘာခြား စစ်သင်္ဘောအဖွဲ့အား အလောသုံးဆယ်နှင့် အော်ပြောလိုက်သည်။

“ဂရေးကလန်ရဲ့ အသေခံ အစောင့်အရှောက်တွေ”

သူ၏ ကြုံးဝါးသံနှင့်အတူ ကမ္ဘာခြား စစ်သင်္ဘောတိုင်းမှ ဟစ်အော်သံတို့က ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ကျွန်တော်မျိုးတို့ ဒီမှာပါ”

ကောင်းကင်တစ်ခုလုံး ကျယ်လောင်သော ဟစ်အော်သံများနှင့် ပဲ့တင်ထပ်နေ၏။

သူတို့၏ ပြန်ဖြေသံကို ကြားသည်နှင့် ဂရေဆန်က ယဲ့ဖန်အား စိုက်ကြည့်၍ လှောင်ရယ်သံနှင့်အတူ ပြောလိုက်သည်။

“အဲ့ဒီ ဝိညာဉ်စား ပုရွက်ဆိတ်တွေက သားပေါက်အဆင့်ပဲ ရှိသေးတယ်။ သူတို့တွေက အဲ့လူရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်”

“အသေခံ အစောင့်အရှောက်တွေ အဲ့လူကို သတ်ကြ”

“သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး သူ့စိတ်ဝိညာဉ်ကို ထုတ်ယူကြ”

….

ဂရေဆန်၏ စကားအဆုံးတွင် ကမ္ဘာခြား စစ်သင်္ဘောတပ်ဖွဲ့တစ်စုလုံး အော်ဟစ်သံများနှင့် ပျံ့နှံ့လို့လာပြန်သည်။

ကျွီ! ကျွီ! ကျွီ!

သင်္ဘော၏ နှစ်ပေါင်းများစွာ ပိတ်ထားသော တံခါးပေါက်များ ပွင့်လာပြီးနောက် နတ်ဆိုးဆန်သော လူများစွာ ခုန်ထွက်လာကြသည်။

တစ်ယောက်၊ သုံးယောက်၊ ငါးယောက်။

….

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိတ်လန့်ဖွယ်ကောင်းသော သိုင်းပညာရှင် ဆယ့်နှစ်ယောက် ဆင်းသက်လာပြီး ယဲ့ဖန်အား ဝိုင်းထားကြသည်။

သူတို့အားလုံးသည် နတ်ဘုရား သေနာပတိ အထွတ်အထိပ်အဆင့်များ ဖြစ်ကြ၏။

သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များက အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးထက် အဆပေါင်းများစွာ ပို၍ သန်မာနေသေးသည်။

သူတို့၏ ထိုင်းမှိုင်းသော မျက်လုံးများမှအပ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များဖြင့် ဖုံးအုပ်နေသည့် ရုပ်သေးရုပ်လိုပင်။

ကြောက်မက်ဖွယ်ကောင်းသော အဖွဲ့ကို မြင်သည်နှင့် အခြားသူများ ကြောက်လန့်ကာ ချွေးစို့လာကြသည်။

အသေခံ အစောင့်အရှောက်တွေ။

ဤထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်ပြီး အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများ လိပ်ပြာလွင့်မတတ် ဖြစ်သွားကြသည်။

“နှစ်တစ်ရာကျော်အတွင်း အသေခံ အစောင့်အရှောက်တွေ ပြန်ပေါ်လာတာ ဒါ ပထမဆုံးအကြိမ်ပဲ”

ကမ္ဘာခြားမုဆိုးတိုင်း အသေခံအစောင့်အရှောက်များ၏ ကြောက်စရာကောင်းသော တိုက်ပွဲဝင် ခွန်အားကို ကောင်းကောင်းကြီး နားလည်ထားကြသည်။

သူတို့သည် နတ်ဘုရား သေနာပတိ အထွက်အထိပ်အဆင့် ရှိသော ဖုတ်ကောင် ဆယ့်နှစ်ကောင်လိုပင်။

သူတို့သည် မည်သည့် နာကျင်မှု သို့မဟုတ် အကြောက်တရားကိုမှ မခံစားရပေ။

သူတို့ သိသည့်တစ်ခုတည်းသော အရာကား ဘယ်လိုသတ်ဖြတ်ရမည်ဆိုတာကိုပင်။

သူတို့ကို တားဆီးသည့် မည်သူမဆို သေရလိမ့်မည်၊ သူတို့ကို မနာခံသည့် မည်သူမဆို ပျက်သုဉ်းသွားလိမ့်မည်။

ဖုတ်ကောင်များကို ထိန်းချုပ်သည့် မည်သည့် လျှို့ဝှက်သိုင်းကွက်မှ မရှိပါက ဂရေးကလန်၏ ဘိုးဘေးသည် သူ၏ကလန်တွင်းမှ ပိုင်ဆိုင်မှုများကို ဖန်တီးရန် မဆိုထားနှင့် ထိတ်လန့်ဖွယ် ကောင်းသော ဂရေးကလန်ကို တည်ထောင်နိုင်မည် မဟုတ်ပေ။

အသေခံ အစောင့်အရှောက် ဆယ့်နှစ်ယောက်သည် ဂရေဆန်၏ ဝှက်ဖဲပင်။

ဝုန်း! ဝုန်း! ဝုန်း!

အသေခံ အစောင့်အရှောက် ဆယ့်နှစ်ယောက် ဆင်းသက်လာသည်နှင့် သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များ ရှိသည့် နတ်ဆိုးများကဲ့သို့ ယဲ့ဖန်အား ချက်ချင်း ဝိုင်းထားလိုက်ကြသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ယဲ့ဖန်၏ သူငယ်အိမ် ကျဉ်းမြောင်းလာသည်။

အသေခံ အစောင့်အရှောက် တစ်ယောက်ချင်းစီသည် ယဲ့ဖန်ထက် အဆင့် ဆယ့်သုံးဆင့် ပိုမြင့်သည်။ အသေခံ အစောင့်အရှောက် ဆယ့်နှစ်ယောက်၏ တိုက်ခိုက်မှုက ယဲ့ဖန်အတွက် သေချာပေါက် အသက်အန္တရာယ် ရှိသည်။

“ဒီလိုဆိုမှတော့ ငါရဲ့ အန္တိမ တိုက်ပွဲဝင်ခွန်အားကို မင်းတို့နဲ့ စမ်းသပ်ကြည့်ရတာပေါ့”

ယဲ့ဖန်က အလွန်ရူးသွပ်နေသော အကြည့်များဖြင့် ရေရွတ်လာသည်။ ထို့နောက် သူသည် လက်တစ်ဘက်ကို လှုပ်လိုက်သောအခါ ဓားကျိုးတစ်လက် ထွက်ပေါ်လာသည်။

ဝိညာဉ်စား ပုရွက်ဆိတ်များစွာသည် သူ့ဦးခေါင်းထက်၌ ဝဲပျံနေပြီး ပြင်းထန်သော ချီဓာတ်ကို ထုတ်လွှတ်နေ၏။

“သူတို့ကို သတ်”

ယဲ့ဖန် အမိန့်ပေးလိုက်သည်။ ထို့နောက်တွင်မူ ဝိညာဉ်စား ပုရွက်ဆိတ်များက ဘေးပတ်လည်မှ အသေခံ အစောင့်အရှောက်များထံသို့ ပြေးဝင်သွားသည်။

ထို့ပြင် ယဲ့ဖန်သည်လည်း ဓားကျိုးကို ကိုင်ဆွဲ၍ သူ့ရန်သူများအား ခုတ်ပိုင်းလာသည်။

ပြင်းထန်သော တိုက်ပွဲကား ချက်ချင်း ဖြစ်ပေါ်လာလေသည်။

တိုက်ပွဲကိုကြည့်ရှုရင်း အခြားသူများအားလုံး ကြောက်လန့်ကာ တုန်လှုပ်သွားကြသည်။

ယဲ့ဖန်သည် နတ်ဆိုးလိုပင်။ အသေခံ အစောင့်အရှောက်များအား ဓားချက်တစ်ချက်တည်းဖြင့် လွယ်လင့်တကူ ခုတ်ပိုင်းနိုင်သည်။

သို့သော် အသေခံ အစောင့်အရှောက်များသည် မည်သည့်နာကျင်မှုကိုမျှ မခံစားရပုံပေါ်နေပြီး ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်၌ ဓားဒဏ်ရာများစွာ ချန်ထားရစ်ခဲ့သည်။

ဒဏ်ရာအတွက် ဒဏ်ရာ။

သွေးသံတရဲရဲနှင့် တိုက်ခိုက်မှုပင်။ ဤသည်မှာ နတ်ဆိုးများကြားမှ တိုက်ပွဲပင် ဖြစ်လေသည်။

ဝိညာဉ်စား ပုရွက်ဆိတ်များသည် အသေခံ အစောင့်အရှောက်များကို ကိုက်ဖြတ်သည်နှင့် ရိုက်နှက်ခံရပြီး ချက်ချင်း အဝေးသို့ လွင့်ထွက်သွားရသည်။ အသေခံ အစောင့်အရှောက်များသည် မည်သည့် နာကျင်မှုကိုမျှ မခံစားရပေ။

ဝုန်း! ဝုန်း! ဝုန်း!

သွေးမိုးရွာနေသလား မှတ်ယူရလောက်သည်။ ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါတကား။

အခြားသူများ၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် အသေခံ အစောင့်အရှောက်များထက် ပို၍ ရူးသွပ်နေသေးသည်။

ဒဏ်ရာများစွာနှင့် ပြည့်နှက်နေသော်လည်း သူ့မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်နှင့် ရူးသွပ်မှုများဖြင့် ပြည့်နှက်လျက် ရှိနေသည်။

တိုက်၊ တိုက်၊ တိုက်။

သူသည် လူသားတစ်ယောက်နှင့် မည်သို့မျှ မတူသလို မည်သည့် နာကျင်မှုကိုမျှ မခံစားရပေ။ သူ ဆက်၍ တိုက်ခိုက်နေ၏။

ဝှစ်!

ထိုစဉ် အသေခံ အစောင့်အရှောက်တစ်ယောက်၏ ဦးခေါင်း ပြတ်သွားသည်။ အခြား အသေခံ အစောင့်အရှောက်များ၏ မှုန်မှိုင်းနေသော မျက်ဝန်းများသည် ကြောက်စိတ်များကြောင့် တောက်ပလာသည်။

ယဲ့ဖနသည် သေခြင်းတရား၏ စာမျက်နှာအသစ်ကို ဖွင့်လှစ်လိုက်သလိုပင်။

ရွှစ်!

ယဲ့ဖန်၏ နောက်ကျောကို ချွန်ထက်နေသော လက်သည်းတစ်ခုက တိုက်ခိုက်လာသဖြင့် သွေးသံတရဲရဲနှင့် ဒဏ်ရာများ ဖြစ်ပေါ်လာသည်။

သို့သော် သူသည် နာကျင်မှုကို လုံးဝ ဂရုမစိုက်ဘဲ အသေခံ အစောင့်အရှောက်၏ နဖူးအလယ်တည့်တည့်အား ခုတ်ပိုင်းလိုက်သဖြင့် ထိုအသေခံအစောင့်အရှောက် နှစ်ပိုင်း ပိုင်းခံလိုက်ရလေတော့သည်။

ကြောက်စရာကောင်းလိုက်လေခြင်း။

ထိုအချိန်တွင် ယဲ့ဖန်၏ ရူးသွပ်စေလောက်သော အပြုအမူက ဂရေဆန်အား ကြောက်လန့် သွားစေသည်။ ထို့အတူ အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးသည်လည်း လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။

ရူးသွပ်သော အသေခံ အစောင့်အရှောက်များက ပို၍ ရူးသွပ်တတ်သော ယဲ့ဖန်နှင့်မှ လာဆုံရလေတော့သည်။

ဘုတ်!

အသေခံအစောင့်အရှောက်များ တစ်စစီ ခုတ်ပိုင်းခံလိုက်ရပြီးနောက် မြေကြီးပေါ် ပြုတ်ကျလာသည်။

တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်။

….

သူတို့သည် ပွက်ပွက်ဆူနေသော အိုးထဲ ပြုတ်ကျလာသော ဖက်ထုပ်များကဲ့သို့ ဆက်တိုက် အောက်သို့ ပြုတ်ကြလာသည်။

ယဲ့ဖန်သည် အသေခံအစောင့်အရှောက် ဆယ်ယောက်ကို သတ်ဖြတ်ပြီးသဖြင့် သူ့တစ်ကိုယ်လုံး ဆိုးရွားလှသော သွေးထွက်သံယို ဒဏ်ရာများနှင့် ပြည့်နှက်နေ၏။

သို့သော် သူ့မျက်လုံးထဲတွင် အထင်သေးသော အကြည့်များနှင့် ပြည့်နှက်နေသေးသည်။

သူသည် နောက်ဆုံးသော အသေခံအစောင့်အရှောက် နှစ်ယောက်အား စိုက်ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။

“အသေခံအစောင့်အရှောက်တွေက သေဖို့ ကြောက်နေတာလား။ မင်းတို့က အဆင့်မမီဘူးပဲ”

ယဲ့ဖန်၏ စကားကို ကြားပြီး အသေခံအစောင့်အရှောက်များ၏ မျက်နှာတွင် အလွန် ကြောက်လန့်နေဟန်များ ထင်ဟပ်လာ၏။

နောက်ဆုံးသော အသေခံအစောင့်အရှောက် နှစ်ယောက်သည် နောက်သို့ လှည့်၍ ထိတ်လန့်တကြား ထွက်ပြေးရန် ပြင်လာတော့သည်။

CHAPTER 384 အဲ့သလောက် အင်အားကြီးလို့လား

*သူတို့ ထွက်ပြေးနေတယ်*

နောက်ဆုံးသော အသေခံ အစောင့်အရှောက် နှစ်ယောက် အဝေးသို့ ထွက်ပြေးနေသည်ကို အခြားသူများ မြင်သွားပြီးနောက် ကောင်းကင်တစ်ခုလုံး၌ ဆူညံသွားလေတော့သည်။

*မဖြစ်နိုင်ဘူးလေ*

အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးနှင့် ကမ္ဘာခြားမုဆိုးများ ထိတ်လန့်ကာ မျက်လုံးပြူးမတတ် ဖြစ်သွားသည်။

အသေခံ အစောင့်အရှောက်များ၏ ရက်စက်တတ်မှုနှင့် ပတ်သက်သော ပုံပြင်ပေါင်းများစွာကို သူတို့ ကြားခဲ့ဖူးပါသည်။

အသေခံ အစောင့်အရှောက်များအား မမြင်တွေ့ရသည်မှာ နှစ်တစ်ရာ ရှိနေပြီ ဖြစ်သော်လည်း သူတို့သည် ယခင်အတိုင်း ကြောက်မက်ဖွယ် ကောင်းနေဆဲပင်။

*သူက အသေခံ အစောင့်အရှောက်တွေကို ကြောက်လန့်အောင် လုပ်လိုက်တယ်၊ သောက်ရမ်း မိုက်တယ်ကွာ*

အကြီးဆုံး စစ်သင်္ဘောထဲတွင် ဂရေဆန်၏ မျက်နှာက မည်းမှောင်လို့နေသည်။

“မျိုးမစစ်ကောင်တွေ၊ မင်းတို့က အစေခဲ အစောင့်အရှောက်တွေလေ။ မင်းတို့ ထွက်ပြေးလို့ မရဘူး”

ဂရေဆန် ဒေါသထွက်ကာ သွေးအန်မိတတ် ဖြစ်နေသည်။

အသေခံ အစောင့်အရှောက်များသည် ဂရေးကလန်မှ တိုက်ရိုက်မျိုးဆက်များ၏ ကြောက်မက်ဖွယ် အကောင်းဆုံး ဝှက်ဖဲ ဖြစ်သည်။

သူတို့သည် သူတို့၏ ခေါင်းဆောင်အတွက် သေသည်အထိ တိုက်ခိုက်ကြလိမ့်မည်။

ထင်မှတ်မထားစွာပင် ကျန်ရှိနေသော အသေခံ အစောင့်အရှောက်များက ကြောက်လန့်တကြား ထွက်ပြေးနေကြသည်။

*ချီးပဲ*

ဂရေဆန်သည် အသေခံ အစောင့်အရှောက်များကို ကျိန်ဆဲချင်နေသည်။ အသေခံ အစောင့်အရှောက်များ ကြောက်တတ်လိမ့်မည်ဟု သူ ဘယ်သောအခါကမှ သိမထားခဲ့ပါ။

ထို့ကြောင့် ဂရေဆန်၏ မျက်နှာသည် ဒေါသမီးများဖြင့် တောက်လောင်လျက် ရှိသည်။

ဝှစ်!

ထိုစဉ် အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်သန်းသားပြီး အသေခံ အစောင့်အရှောက် နှစ်ယောက်၏ ခန္ဓာကိုယ်အား ခါးမှနေ၍ ခုတ်ပိုင်းလိုက်သဖြင့် ကိုယ်နှစ်ခြမ်းပြတ်ကာ သွေးများက ကောင်းကင်၌ သွေးများ ဖြန်းပက်သွားသည်။

ထို့နောက် ယဲ့ဖန်သည် သူ့ဓားအား လွှဲယမ်းလိုက်သဖြင့် အသေခံ အစောင့်အရှောက် နှစ်ယောက်၏ နဖူးအလယ်တည့်တည့်၌ သွေးသံတရဲရဲနှင့် အပေါက်များ ဖြစ်ပေါ်လာ၏။

ထို့နောက်တွင်မူ သူတို့၏ ပုံပျက်နေသော အလောင်းများက မြေကြီးပေါ် ပြုတ်ကျသွားသည်။

တိတ်ဆိတ်ခြင်း။

ထို့အတူ ကောင်းကင်တစ်ခွင်၌လည်း တိတ်ဆိတ်မှုများ စိုးမိုးလျက် ရှိသည်။

နတ်ဘုရား ဆရာသခင်အဆင့် အယောက်နှစ်ရာကျော် အသတ်ခံလိုက်ရလေပြီ။

နတ်ဘုရား သေနာပတိအဆင့် တစ်ဝက်ခန့်လည်း အသတ်ခံလိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော အသေခံ အစောင့်အရှောက် ဆယ့်နှစ်ယောက်တောင်မှ သေသွားကြရသည်။

အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများအားလုံး ကြောက်စိတ်များဖြင့် ပြည့်နှက်သွားကြသည်။

သေးငယ်သော ကမ္ဘာဂြိုဟ်လေးက နတ်ဘုရားအဆင့် သိုင်းပညာရှင်များ၏ သင်္ချိုင်းမြေ ဖြစ်လာလိမ့်မည်ဟု သူတို့ ဘယ်သောအခါကမှ ထင်မထားခဲ့ကြပေ။

အသေခံ အစောင့်အရှောက် ဆယ့်နှစ်ယောက်နှင့် ဂရေးကလန်၏ ကမ္ဘာခြား မုဆိုးများ သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့သည့် သတင်းက နဂါးငွေ့တန်း အင်ပါယာသို့ ရောက်ရှိသွားပါက အင်ပါယာတစ်ခုလုံး ထိတ်လန့်သွားပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် ယဲ့ဖန်သည် သူတို့၏ အပြုအမူကို လုံးဝ ဂရုမစိုက်ချေ။

ထို့နောက် သူသည် သူ့လက်ဖဝါးအား လှုပ်ခါလိုက်သောအခါ ထိတ်လန့်ဖွယ်ကောင်းသည့် သွေးအလိမ်းလိမ်းနှင့် နတ်ဘုရားအဆင့် အမြုတေများ ထွက်ပေါ်လာသည်။

“ကောင်းလိုက်တဲ့ အားဆေးတွေပါလား”

ယဲ့ဖန်က စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပနေသည့် မျက်လုံးများဖြင့် ရေရွတ်လာသည်။

သို့သော် ထိုစဉ် ချောက်ချားဖွယ်ကောင်းသော ကြုံးဝါးသံက ရုတ်တရက် ထွက်ပေါ်လာသည်။

“ရှေးလူသား မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”

ထိုအသံသည် ဂရေဆန်၏ အသံပင်။

သွေးအလိမ်းလိမ်းနှင့် နတ်ဘုရားအဆင့် အမြုတေ ဆယ့်နှစ်ခုက သူ့အား အလွန် သွေးပွက်ပွက်ဆူ စေ၏။

ဂရေဆန်သည် သူ၏ စစ်သင်္ဘောထဲမှ လှစ်ခနဲ ထွက်လာပြီး ယဲ့ဖန်ထံသို့ ပြင်းထန်သော စိတ်ဆန္ဒတို့ဖြင့် ပြေးဝင်လာသည်။

“ငရဲကိုသွားလိုက်တော့”

ဂရေဆန်သည် ကြမ်းကြုတ်သော ချီဓာတ်များ ပါဝင်နေသည့် မျက်လုံးများဖြင့် ဟစ်ကြွေးလာသည်။

သူ့စိတ်ထဲတွင် နောက်ဆုံး ကျန်ရှိသော အသေခံ အစောင့်အရှောက် နှစ်ယောက်၏ အပြုအမူသည် ရှက်ဖွယ်အတိပင်။

ထိုကဲ့သို့ သူအား အရှက်ရအောင် လုပ်သောသူကား ယဲ့ဖန်ပင်။ ထို့ကြောင့် သူ၏ အရှက်တရားအား ယဲ့ဖန်၏ သွေးဖြင့် ပြန်ဆေးကြောရန် လိုအပ်သည်။

ဝုန်း!

သူ၏ ပြင်းထန်သော ခြေဖဝါးက ဆင်းသက်လာစဉ်တွင် သူနှင့် ယဲ့ဖန်ကြားမှ လေဟာနယ်သည် အက်ကွဲလာသည်။

ကမ္ဘာဂြိုဟ်၏ မြေမျက်နှာပြင်တောင်မှ ဧရာမ ခြေရာတစ်ခု၏ သဏ္ဍာန်ကဲ့သို့ ကျွံဝင်သွားလေသည်။

“ဘယ် … ဘယ်လိုအင်အားမျိုးပါလိမ့်”

သူတောင်းစားအိုကြီးနှင့် ကမ္ဘာပေါ်ရှိ အခြား သိုင်းပညာရှင်များ ချောက်ချားကာ ချက်ချင်း အဝေးသို့ ရှောင်တိမ်းလိုက်ကြသည်။

ဤသို့ ထိတ်လန့်၍ အင်အားကြီးလာသော ခြေဖဝါးနှင့် ရင်ဆိုင်မိပါက သူတို့ ခန္ဓာကိုယ်များ အချိန်မရွေး ပေါက်ကွဲသွားနိုင်သည်ဟု သူတို့ ခံစားမိနေ၏။

ထို့ကြောင့် သူတို့အားလုံး ဒေါသအိုး ပေါက်ကွဲသွားကြသည်။

တိုက်ပွဲ၏ တစ်ခြားတစ်ဘက်တွင်တော့ အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုး၏ မျက်နှာပေါ်မှ အကြောက်တရားများသည် လျင်မြန်စွာ လွင့်ပြယ်သွားသည်။

ထို့နောက် သူတို့သည် အလွန် တက်ကြွ၍ ထိတ်လန့်နေသော မျက်လုံးများဖြင့် ပြောဆိုလိုက်မိသည်။

“နတ်ဘုရား အရှင်သခင် ဖြစ်ခါနီးအဆင့်။ ငါတို့ ကလန်ခေါင်းဆောင်က သူနဲ့ တိုက်ခိုက်တော့မှာလား”

“ကြောက်ဖို့ကောင်းလိုက်တာ။ နတ်ဘုရား အရှင်သခင် ဖြစ်ခါနီးအဆင့်တွေက နတ်ဘုရား သေနာပတိ အထွတ်အထိပ်အဆင့်တွေကို အသာလေး အနိုင်ယူနိုင်တယ်”

“အိုး … ဝိုး။ ငါတို့ ကလန်ခေါင်းဆောင် ရန်သူနဲ့ တိုက်ခိုက်နေတာကို ငါ အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ အရမ်း ထိတ်လန့်ဖို့ကောင်းတာပဲ”

….

အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးနှင့် အခြားကမ္ဘာခြားမုဆိုးများသည် လှောင်ပြုံးများနှင့် ယဲ့ဖန်အား အလွန် သနားသလို အကြည့်များနှင့် ဝိုင်းကြည့်နေကြသည်။

ယဲ့ဖန် အသားလုံး ဖြစ်သွားတော့မည်ကို သူတို့အားလုံး ရိပ်စားမိနေကြသည်။

နတ်ဘုရား အရှင်သခင် ဖြစ်ခါနီးအဆင့်သည် နတ်ဘုရား သေနာပတိအဆင့်အထက်နှင့် အတော်လေး မြင့်သောအဆင့်၌ ရှိသည်။

နတ်ဘုရား အရှင်သခင် ဖြစ်ခါနီးအဆင့်တစ်ယောက်သည် နဂါးငွေ့တန်းတစ်ခုအား သူ၏ ဆုလာဘ်နယ်မြေအဖြစ် ရယူနိုင်သည်။ သန်းရာချီသော သက်ရှိများ၏ သေခြင်း ရှင်ခြင်းကို သူ ဆုံးဖြတ်နိုင်သည်။

သူတို့သည် နယ်ပယ်တစ်ခုရှိ သက်ရှိများကို လွယ်လင့်တကူ ဖျက်ဆီးနိုင်ပြီး သက်မဲ့နယ်မြေ အဖြစ် ဖန်တီးနိုင်သည်။

သူတို့သည် အလွန်တရာမှ ထိတ်လန့်ဖွယ်ကောင်းလှသည်။

ဝုန်း!

ထိုစဉ် ဂရေဆန်၏ ခြေဖဝါးက ယဲ့ဖန်၏ ကိုယ်ခန္ဓာထံသို့ နီးကပ်လာသည်။

ဂျွတ်!

ယဲ့ဖန်၏ မျက်နှာသည် ကြောက်လန့်သွားပုံပေါ်ပြီး ဤကဲ့သို့ ပြင်းထန်သော အင်အားတစ်ခုနှင့် ရင်ဆိုင်လိုက်ရသဖြင့် သူ၏ လက်ပြင်ရိုးတစ်ဘက် ကျိုးသွားလေသည်။ အသားလုံး ဖြစ်အောင် နင်းခြေခံလိုက်ရတော့မလို သူ ခံစားလိုက်ရသည်။

“သေစမ်း”

သူ့မျက်လုံးများ အေးစက်သွားပြီးနောက် ယဲ့ဖန်သည် ရုတ်တရက် သူ့ဓားကျိုးအား ဝင့်ကာ နတ်ဘုရားအဆင့် စွမ်းအင်နှင့် ဂရေဆန်၏ ခြေဖဝါးအား ခုတ်ပိုင်းလိုက်သည်။

လေတိုးသံနှင့်အတူ ဓားကျိုးသည် လျှပ်စီးကဲ့သို့ အရှိန်နှင့် အပေါ်သို့ ထိုးတက်လာသည်။

“ကောင်းကင်လက်နက်ပါလား”

ဂရေဆန်၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားပြီးနောက် အထင်သေးသလို ပြုံးလာသည်။

ဂရေးကလန်မှ နတ်ဘုရား သေနာပတိအဆင့်များနှင့် အကြီးအကဲများသည် ကောင်းကင် လက်နက်များအား သူတို့၏ အသက်များကဲ့သို့ ယုယ၍ တန်ဖိုးထားလေသည်၊ သို့သော် ဂရေးကလန်၏ ခေါင်းဆောင် ဖြစ်သူ ဂရေဆန်ကမူ ထိုလက်နက်များအား လုံးဝ အလေးမထားပေ။

“ကောင်းကင်လက်နက်လား၊ အဲ့တော့ ဘာလုပ်ရမှာလဲ”

“သွားသေလိုက်တော့”

ထိုသို့ပြောပြီး ဂရေဆန်သည် ရုတ်တရက် အောက်သို့ အရှိန်မြှင့်၍ ဆင်းသက်လာသည်။

ချွင်!

ဓားကျိုးသည် ရုတ်ရက် ပြန်ကန်သံ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် ဓားသွားပေါ်၌ အက်ရာများနှင့် ပြည့်နှက်သွားသည်။

နတ်ဆိုးနဂါးသည်လည်း ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်မိကာ ဓားကျိုးသည် ဆန့်ကျင်ဘက် အရပ်သို့ လွင့်ထွက်သွား၏။

ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ယဲ့ဖန်၏ မျက်နှာသည် ချက်ချင်း သုန်မှုန်လာကာ ချက်ချင်း သူ့အင်္ကျီစကို ဝှေ့ယမ်းလိုက်သည်။

များစွာသော ဝိညာဉ်စား ပုရွက်ဆိတ်များက ဂရေဆန်၏ ခြေဖဝါးထံသို့ တိုးဝင်လာသည်။

သို့သော် သူတို့ ခြေဖဝါးထံသို့ တိုးဝင်သွားသည်နှင့် ပုရွက်ဆိတ်များအားလုံး ရုတ်ချည်း တန့်သွားကြသည်။

ချောက်ချားဖွယ်ကောင်းလှသည်။

ခြေဖဝါးသည် အောက်သို့ဆက်၍ ဆင်းသက်လာသည်။

“ရှေးလူသား၊ မင်း ဘယ်လောက်ပဲ ထူးဆန်းတဲ့ ကောင် ဖြစ်နေပါစေ၊ မင်းက ငါ့မျက်လုံးထဲမှာတော့ ဘာမဟုတ်တဲ့ ပုရွက်ဆိတ်အဆင့်ပဲ ရှိသေးတယ်”

ဂရေဆန်က အလွန်တရာမှကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေဟန်ဖြင့် ပြောလာသည်။

သူ၏ ခြေဖဝါး၌ ဖြစ်တည်နေသော အင်အားသည် ဝိညာဉ်စား ပုရွက်ဆိတ်များနှင့် ဓားကျိုးအား သိသာစွာ ဖိနှိပ်နိုင်သည်။ ထို့နောက်တွင် ထိုခြေဖဝါးသည် ယဲ့ဖန်ထံသို့ ပြင်းထန်စွာ ကျရောက်လာသည်။

“သခင်ကြီး”

“ယဲ့ဖန်”

သူတောင်းစားအိုကြီး၊ သွေးစွန်းတစ္ဆေနှင့် အခြား ကမ္ဘာပေါ်မှ ထိပ်တန်း သိုင်းပညာရှင်များအားလုံး စိုးရိမ်မှုကြောင့် မျက်လုံးပြူး မျက်ဆံပြူးဖြစ်နေကြသည်။

သို့သော် အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများအားလုံး စိတ်သက်သာရာရသလို သက်ပြင်းချမိသွားကြသည်။

*သူ သေတော့မှာပဲ*

*ဒီလူထူးဆန်းကောင် နောက်ဆုံးတော့ သေတော့မှာပဲ*

အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများအားလုံးသည် ယဲ့ဖန်၏ သနားစဖွယ် ဖြစ်နေသော မျက်နှာနှင့်အတူ သူ ပျက်သုဉ်းသွားသည်ကို မြင်ချင်နေကြလေသည်။

သို့သော် ယဲ့ဖန်၏ မျက်နှာထက်၌ မည်သည့် ကြောက်ရွံ့မှုမျိုးမှ ထင်ဟပ်မနေပါ။ ထိုအစား သူ၏ မျက်နှာထက်၌ အလွန်တရာ ရူးသွပ်နေမှုမျိုးသာ ဖြစ်ပေါ်နေ၏။

“နတ်ဘုရား အရှင်သခင် ဖြစ်ခါနီးအဆင့်လား။ အဲ့ဒါက အရမ်း အင်အားကြီးမားနေတာမို့လို့လား”

ထိုသို့ပြောပြီး ယဲ့ဖန်သည် သူ့လက်ထဲမှ နတ်ဘုရားအဆင့် အမြုတေဆယ့်နှစ်ခုကို ချက်ချင်း မျိုချလိုက်သည်။

ဝုန်း! ဝုန်း! ဝုန်း!

ရူးချင်စရာကောင်းလှသော နတ်ဘုရားအဆင့် စွမ်းအင်များသည် သူ့ကိုယ်တွင်း၌ ချက်ချင်းဆိုသလို နတ်ဆိုး ခွန်အားအဖြစ် အသွင်ပြောင်းသွားလေတော့သည်။

သူ၏ ဘယ်လက်ထဲမှ နတ်ဘုရားအဆင့် စွမ်းအင်နှင့် ညာလက်ထဲမှ နတ်ဆိုး စွမ်းအင်များနှင့်အတူ ယဲ့ဖန်၏ ကြမ်းကြုတ်သော ချီဓာတ်များက အလွန်အမင်း ဖိနှိပ်ချုပ်ချယ်လာနိုင်သည်။

ဖျောက်!

ယဲ့ဖန်၏ ချီဓာတ်များ တိုးပွားလာသည်။ သူသည် အစစ်အမှန် နတ်ဘုရား နောက်ဆုံးအဆင့်သို့ ချက်ချင်း အဆင့်တက်သွားလေသည်။

ထို့နောက် သူသည် အစစ်အမှန် နတ်ဘုရား အထွတ်အထိပ်အဆင့်သို့ အဆင့်တက်လာပြန်သည်။

ကြောက်မက်ဖွယ်ကောင်းသော လေပြင်းက ရုတ်တရက် အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြားကမ္ဘာခြားမုဆိုးများအား နောက်သို့ လွင့်ထွက်သွားအောင် တိုက်ခတ်လာ၏။

သူတို့၏ အံ့အားသင့်နေသော မျက်လုံးများအောက်မှာပင် ယဲ့ဖန်က ဟစ်အော်လာသည်။

“ပျက်စီးစမ်း”

ထို့နောက် ယဲ့ဖန်သည် သူ၏ သံမဏိလက်သီးအား ဝင့်၍ ရှေ့သို့ဆန်ကာ ထိုးနှက်လိုက်သည်။ တစ်ချိန်တည်းမှာပင် နတ်ဘုရားစွမ်းအင်နှင့်အတူ ခြေဖဝါးတစ်ဘက်က ကျရောက်လာ၏။

All Chapters