← Chapters

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

CHAPTER 394 သူတို့ကို အမှတ်တရ လက်ဆောင်ပစ္စည်းအဖြစ် သဘောထားလိုက်

“မဖြစ်နိုင်ဘူး”

ယခုအချိန်တွင် ဟဲလန်၏ ဂြိုဟ်ခေါင်းဆောင် အိမ်တော်၏ ခန်းမတွင်းရှိ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးအား ငေးကြည့်နေမိသည်။

တစ်ဘက်လူက ပန်းပုထုထားသော မျက်နှာတစ်ခြမ်းကို တပ်နေသည်ကို ကြည့်ရင်း ဟဲလန် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသည်။

ထို့အပြင် သူ့မျက်နှာ၌ မယုံကြည်နိုင်ဟန်များဖြင့် ပြည့်နှက်လာသည်။

*တူလိုက်တာ*

*သူတို့က တစ်ယောက်နဲ့တစ်ယောက် သိပ်တူတာပဲ*

ထိုစဉ် ဟဲလန်သည် သူ့ကိုယ်သူ နတ်ဆိုးဂြိုဟ်ပေါ်သို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။

ထိုမျက်နှာတစ်ခြမ်း၏ ရှေ့မှောက်တွင် သူ့ကိုယ်သူ သေးနုပ်သော ပုရွက်ဆိတ်လေးသာ ဖြစ်သည်ဟု ခံစားသွားရသည်။

နတ်ဆိုးဆန်၍ ထူးဆန်းသော ပန်းပု မျက်နှာသည် မောက်မာ၍ ထိန်းချုပ်ရ ခက်ခဲလှသည်။

ထိုမျက်နှာအား သူ တစ်သက်လုံး မေ့ဖျောက်နိုင်မည် မဟုတ်ချေ။

*ဟမ်*

ဟဲလန်၏ အမူအရာကို ကြည့်ပြီး ခန်းမထဲမှ အခြားသူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

“ဂြိုဟ်ခေါင်းဆောင်၊ ခင်ဗျား ဘာဖြစ်နေတာလဲဗျ။ ဒီကောင်လေးက နတ်ဆိုးဧကရာဇ်နဲ့ တူလို့လား”

သူတို့အားလုံး အလွန် သိချင်စိတ် ပြင်းပြစွာဖြင့် ဟဲလန်အား စိုက်ကြည့်နေကြသည်။ ထိုစဉ် ရုတ်တရက် မာန်မဲသံတစ်သံကို သူတို့ ကြားလိုက်ရသည်။

“မဟုတ်သေးဘူး။ သူက ဟဲကလန်သား မဟုတ်ဘူး”

အကြီးအကဲတစ်ယောက်က ထိုအနက်ရောင် ဝတ်စုံနှင့် လူငယ်လေးအား တင်းမာသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

“မင်း ဘယ်သူလဲ။ မင်းကို ဘယ်သူက ဝင်ခွင့်ပေးလိုက်တာလဲ”

ထိုအကြီးအကဲ၏ စကားကို ကြားပြီး ခန်းမထဲ၌ ပွက်လောရိုက်သွားလေတော့သည်။

*ဘာ*

*သူက ဟဲကလန်သား မဟုတ်ဘူးလား*

*ဒါ မဖြစ်နိုင်ဘူးလေ*

“တစ်စုံတစ်ယောက်က ဟဲကလန်ဂိုဏ်းသားယောင်ဆောင်ပြီး ခန်းမထဲ ခိုးဝင်လာရဲတယ်ပေါ့လေ”

*အာ*

အခြားသူများအားလုံး မယုံသင်္ကာ ဖြစ်သွားကြသည်။

*သူ ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ*

ဟဲကလန် အင်အားစုများ ဒေါသထွက်လာကြသည်။ ထိုအနက်ရောင် ဝတ်စုံနှင့် လူငယ်လေး ခန်းမထဲ ခိုးဝင်လာသည်ကို သူတို့ သတိမပြုမိကြချေ။

ဤကိစ္စသာ လူသိရှင်ကြား ဖြစ်သွားပါက ဟဲကလန်တစ်ခုလုံး မျက်နှာပျက်ရပေလိမ့်မည်။ မာန်မဲသံများ ထပ်၍ ထွက်ပေါ်လာသည်။

“သေစမ်း၊ သူက ဟဲကလန်သား မဟုတ်ဘူးဟ”

“အဲ့ဒီအနက်ရောင် ဝတ်ရုံနဲ့လူက ဟဲကလန်သား မဟုတ်ဘူးပဲ။ သူ့ကိုယ်သူ ပုန်းကွယ်နေနေတာ။ မင်း ဘယ်သူလဲ”

“မျိုးမစစ်တွေ၊ ကိုးယောက်တောင်။ လူကိုးယောက်က ဟဲကလန်သားတွေ မဟုတ်ဘူး”

ထိုစကားများကို ကြားပြီးနောက် သူတို့အားလုံး အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး၏ အနောက်၌ အနက်ရောင်ဝတ်ရုံနှင့် လူရှစ်ယောက် ရပ်နေသည်ကို သတိထားမိသွားသည်။

ထိုလူရှစ်ယောက်၏ အရေပြား သို့မဟုတ် မျက်နှာကိုမှ သူတို့ မမြင်ရပေ။

သူတို့အားလုံးသည် ညတာ၏ တစ္ဆေသရဲများကဲ့သို့ ထူးဆန်းသော ချီဓာတ်များကို ထုတ်ဖော်လျက်ရှိသည်။

ခန်းမထဲမှ လူတိုင်း မှင်တက်သွားကြသည်။ အမည်မသိ လူကိုးယောက် ခိုးဝင်လာသည်ကို မည်သူမျှ သတိမထားမိကြချေ။ အံ့ဩစရာကောင်းလှသည်။

“အစောင့်တွေ၊ အစောင့်တွေ”

“သူတို့ကို ဖမ်းကြစမ်း။ သူတို့အားလုံးကို ဖမ်းလိုက်ကြ”

ဟဲကလန်၏ အင်အားစုများက ကျယ်လောင်စွာ ဟစ်အော်လာကြသည်။ ထိုစဉ် ရုတ်တရက် ခပ်သုတ်သုတ် ခြေသံနှင့်အတူ လူတစ်ယောက်က အထဲသို့ ဒယိမ်းဒယိုင်ဖြင့် ပြေးဝင်လာသည်။

“ဂြိုဟ်ခေါင်းဆောင်၊ သေကုန်ပြီ။ သူတို့အားလုံး သေကုန်ပြီ ...”

ထိုသူ၏ စကားကိုကြားပြီး အခြားသူများအားလုံး မှင်တက်သွားကြသည်။ ဟဲလန်၏ မျက်နှာက ချက်ချင်း တင်းမာသွားပြီး ပြန်မေးလိုက်သည်။

“ကူးဖုန်း မင်း ဘာလို့ ဒီလောက် ထိတ်လန့်တုန်လှုပ်နေရတာလဲ။ အရမ်း ရိုင်းတယ်ကွ။ ဒီအပြုအမူက နံပါတ်တစ် အဖွဲ့ခေါင်းဆောင် ပြုမူသင့်တဲ့ အပြုအမူနဲ့ တစ်ခြားစီပဲကွ”

ဟဲလန် ကံဆိုးသလို ခံစားနေရသည်။ သူ၏ နှစ်ငါးရာပြည့် မွေးနေ့၌ သည်လောက် ပြဿနာတက်လိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။

လူစိမ်းများက သူ့ခန်းမထဲ ဝင်လာသတဲ့။ ရှက်ဖို့ကောင်းလိုက်လေခြင်း။

ကူးဖုန်းသည် အလွန် ဖြူဖတ်ဖြူရော် ဖြစ်နေပြီး သူ့နဖူးမှ ချွေးများ တဒီးဒီးကျလို့နေသည်။ ထို့နောက် သူက ကြောက်စိတ်မွှန်နေသော ယုန်တစ်ကောင်ကဲ့သို့ အသည်းအသန် ဖြေရှင်းလာသည်။

“ဂြိုဟ်ခေါင်းဆောင်၊ ကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်သွားလို့ပါ။ တန်ဆောင်းထဲက ဟဲကလန်သားတွေ အားလုံး နတ်ဆိုးအရိုးတွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရလို့ပါ”

တိတ်ဆိတ်လို့သွားသည်။

ကူးဖုန်း၏ စကားက အသံပိတ်သော ခလုတ်အား နှိပ်ချလိုက်သကဲ့သို့ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဟဲလန်နှင့် ဟဲကလန်မှ အခြားအင်အားစုများအားလုံး သူတို့ မြင်လိုက်၊ ကြားလိုက်ရသည်များကို မယုံနိုင်သလို ဖြစ်နေကြ၏။

“ကူးဖုန်း မင်း ရူးနေပြီလား”

ဟဲလန်က ကူးဖုန်းက ဒေါသတကြီး စိုက်ကြည့်ကာ ခက်ထန်စွာ အော်ဟစ်လိုက်သည်။

“အဲ့ဒီ နတ်ဆိုးအရိုးတွေက အသက်မရှိဘူးကွ။ ဘယ်လိုလုပ် အဲ့ဒါတွေက လူသတ်နိုင်မှာလဲ”

ဟဲလန်၏ စကားကြောင့် ကူးဖုန်းက မချိပြုံးပြုံး၍ ရှင်းပြလိုက်သည်။

“ဂြိုဟ်ခေါင်းဆောင်၊ အဲ့ဒါ တကယ်ပါ။ တန်ဆောင်းထဲက ဟဲကလန်သားအားလုံး အသတ်ခံလိုက်ရပါပြီ။ သူတို့ကို သတ်လိုက်တာက နတ်ဆိုးအရိုးတွေ ....”

ကူးဖုန်းသည် ပြောနေရာမှ ယဲ့ဖန်နှင့် ယဲ့ဖန်နောက်မှ အနက်ရောင် ဝတ်ရုံနှင့် အခြားလူ ရှစ်ယောက်ကို မြင်သွားပြီး ပြောလက်စ စကားများ ရပ်သွားသည်။

ထို့နောက် ကူးဖုန်း၏ မျက်နှာက အလွန်တရာမှကို ဖြူရော်လာသည်။ ထို့နောက် သူသည် မြေကြီးပေါ် ပစ်လဲကျသွားပြီး ကတုန်ကယင် ဖြစ်သွားသည်။

ခန်းမထဲမှ အခြားသူများအားလုံး ကူးဖုန်း၏ မျက်နှာပေါ်မှ အဆုံးအဆမဲ့သော ကြောက်ရွံ့နေသည့်စိတ်ကို သတိထားမိသွားသည်။

*ဟမ်*

ဤသည်ကို ကြည့်ပြီး အခြားသူများ မျက်မှောင်ကြုတ်သွားကြသည်။ သို့သော် ထိုသို့သော အချိန်၌ နတ်ဆိုးဆန်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“ကျုပ် သူ့အတွက် သက်သေခံပေးနိုင်တယ်။ သူ အမှန်ကို ပြောနေတာ”

*ဘာ*

ချက်ချင်းဆိုသလိုပင် အခြားသူများက ယဲ့ဖန်ကို စိုက်ကြည့်လာကြသည်။

ထို့နောက် ယဲ့ဖန်၏ ခက်ထန်သော မျက်နှာထားကို သူတို့ မြင်တွေ့လိုက်ရသည်။ ခဏအကြာတွင် ယဲ့ဖန်နောက်မှ အနက်ရောင် ဝတ်ရုံနှင့် လူရှစ်ယောက်က သူတို့၏ ဝတ်ရုံများကို ဆွဲခွာလာကြသဖြင့် အရိုးစုများ ထင်းခနဲ ထွက်ပေါ်လာသည်။

အခြားသူများအားလုံး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ကြောက်လန့်သွားကြသည်။

အရိုးစုတွေပါလား။

ထိုထူးဆန်းသော လူရှစ်ယောက်က အရိုးစုများ ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားမိပေ။

“နတ်ဆိုးအရိုးတွေ၊ အိုး မဖြစ်ဘူး။ အဲ့ဒါ ဟဲရှန်ရဲ့ နတ်ဆိုးအရိုးပဲ”

“ဟိုဟာက ဟဲဟွိုက်ရဲ့ နတ်ဆိုးအရိုး”

“ငါ့မြေးရဲ့ နတ်ဆိုးအရိုးက သူ့ခန္ဓာကိုယ်ပေါ်မှ ကပ်တွယ်နေရတာလဲ။ ီးပဲ”

ခန်းမတစ်ခုလုံး ရုတ်ချည်းဆိုသလို ပွက်လောရိုက်သွားသည်။ ဟဲကလန်သားများ မျက်ခုံးလှုပ်လာသလို ခံစားမိသည်။

အရိုးစု ရှစ်ခုလုံးက ဟဲကလန်၏ တိုက်ရိုက်မျိုးဆက်များကို ပေးထားသော နတ်ဆိုးအရိုးများဖြင့် ဖြစ်တည်နေသည်ကို သူတို့ သတိထားမိသွားကြသည်။

ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ဟဲကလန်သားများအားလုံး အလွန်အမင်းကို ကတုန်ကယင် ဖြစ်လာသည်။

“နတ်ဆိုးတွေ ပြန်ရှင်လာပြီ။ သေစမ်း”

ဟဲကလန်သားများ မစင်ထွက်ကျမတတ် ကြောက်လန့်သွားကြသည်။

ဟဲလန်သည် ထိုင်ခုံမှ ရုတ်တရက် ထခုန်မိပြီး ယဲ့ဖန်အား ကြောက်လန့်တကြား စိုက်ကြည့်ကာ ပြောဆိုလာသည်။

“မင်းကိုး။ ဒါ တကယ်ပဲ ... မင်းကိုး”

အခန်းထဲမှ မည်သူမျှ ‘မင်း’ ဟူသည့် စကားလုံးက ဘယ်သူ့ကို ရည်ညွှန်းနေမှန်း မသိကြချေ။ သို့သော် ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။

“ဟုတ်တယ်၊ ငါပဲ။ ငါ အကြွေးပြန်သိမ်းဖို့ ပြန်လာပြီ”

*အကြွေးသိမ်းဖို့*

ယဲ့ဖန်၏ စကားကို ကြားပြီး ဟဲလန်၏ ခန္ဓာကိုယ်က တုန်ယင်လာကာ သူ့မျက်နှာကလည်း ဖြူရော်လို့လာ၏။

*ငါတော့ သေပြီ*

*အဲ့ဒီလူ ပြန်လာပြီ*

ဟဲလန်သည် အားအင်များ ဆုတ်ယုတ်သွားသကဲ့သို့ ပြာနှမ်းနေသော မျက်နှာနှင့် ထိုင်ခုံပေါ် ပစ်လဲကျသွားသည်။

သို့သော် တိုက်ပွဲကား မပြီးသေးချေ။ ထိုစဉ် ယဲ့ဖန်က ဟဲလန်အား တင်းမာခက်ထန်သော မျက်နှာထားဖြင့် ကြည့်၍ ပြောလိုက်သည်။

“မင်းက အရိုးတွေကို သိမ်းဆည်းရတာ သဘောကျတယ်လို့ ပြောနေကြတယ်။ အဲ့ဒီတော့ ငါက ဒီက လူတိုင်းရဲ့ အရိုးကို ဆွဲထုတ်ပြီး သူတို့ကို လက်ဆောင်ပစ္စည်းအဖြစ် ထားမလို့ စီစဉ်နေတာ”

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် ခန်းမတစ်ခုလုံး ကြောက်လန့်ကာ တုန်ယင်သွားသည်။ ထို့နောက်တွင်မူ ယဲ့ဖန်၏ အနောက်မှ နတ်ဆိုး ရှစ်ကောင်က ခန်းမထဲမှ အခြားသူများထံသို့ ရုတ်တရက် ပြေးဝင်သွားကြသည်။

ဝှစ်! ဝှစ်! ဝှစ်!

ကြမ်းပြင်ပေါ်သို့ သွေးများ ပက်ဖြန်းလာပြီးနောက် ခန္ဓာကိုယ်များမှ အရိုးဖြူများ တစ်ချောင်းပြီးတစ်ချောင်း ဆွဲထုတ်ခံလိုက်ရသည်။

ထို့အပြင် ခန်းမတစ်ခုလုံး၌ ငယ်သံပါအောင် စူးစူးဝါးဝါး အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။

အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီးပင်။

နတ်ဆိုးရှစ်ကောင်သည် ကျားရိုင်း ရှစ်ကောင်က သိုးအုပ်အား ဝင်ဆွဲသကဲ့သို့ သွေးတဆာဆာနှင့် သတ်ဖြတ်နေကြသည်။

ဟဲကလန်၏ အင်အားစုများသည် နတ်ဘုရား သေနာပတိအဆင့်နီးပါး ရှိကြသူများ ဖြစ်သည်။

သို့သော် သူတို့သည် နတ်ဆိုးရှစ်ကောင်ရှေ့တွင် ပုရွက်ဆိတ်ကဲ့သို့ သေးနုပ်သွားကြသည်။

နတ်ဆိုးရှစ်ကောင်သည် တိုက်ကွက်တစ်ခုချင်းစီတိုင်းတွင် ခြေလက်အင်္ဂါများ ပြတ်ထွက်သွားအောင် လုပ်၍ အရိုးများကို ဆွဲထုတ်နေကြသည်။

ဟဲကလန်၏ အင်အားစုများ တစ်ယောက်ပြီး တစ်ယောင် ငယ်သံပါအောင် အော်ဟစ်ရင်း သေဆုံးသွားကြသည်။

သူတို့အားလုံးအား ကြောက်စိတ်များက ဖုံးလွှမ်းသွားကြသည်။

ကူးလန်ဂြိုဟ်၏ ကမ္ဘာပျက်ကပ်ကား ရောက်ရှိလို့လာချေပြီ။

CHAPTER 395 ဒီဂြိုဟ်က နတ်ဆိုးတွေအပိုင်ပဲ

ကူးလန်ဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင် အိမ်တော်သည် ကြေးချွတ်သန့်စင်ဘုံကဲ့သို့ ဖြစ်လာလေသည်။ အိမ်တော်၌ စူးရှသော အော်ဟစ်သံများဖြင့် ပဲ့တင်ထပ်နေသည်။

ဟဲကလန်သားများ၏ အော်သံများတွင် ငရဲကျနေသကဲ့သို့ အလွန်အမင်း ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက် ပျက်သုဉ်းနေခြင်းများ ပါဝင်နေသည်။

သွေးပျက်ဖွယ်ကောင်းသည့် ဂျွတ်ဟူသော အသံနှင့်အတူ ဟဲကလန်၏ အကြီးအကဲတစ်ယောက်သည် လက်ဝါးသိုင်းကွက်တစ်ခုကြောင့် သေဆုံးသွားလေတော့သည်။

သူ၏အလောင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်နှင့် ခန်းမတစ်ခုလုံး အလောင်းများဖြင့် ပြည့်နှက်သွားသည်။

သွေးဆာလွန်းလှသည်။

ကြမ်းပြင်တွင် ဖြူစွတ်နေသော အရိုးများနှင့်အတူ ကပ်ညိလျက်ရှိသော အသားဖတ်နှင့် ပြည့်နှက်လျက် ရှိသည်။

လူသေအလောင်းများကို ကြည့်ပြီး အသက်ရှင်ကျန်နေသေးသော သူများသည် မျက်ရည်ဝဲတက်ကာ တုန်ယင်လာသည်။

“သေပြီ၊ သူတို့အားလုံး သေကုန်ပြီ”

ဟဲလန်သည် သူ၏ထိုင်ခုံပေါ်သို့ ငူငိုင်ငိုင်နှင့် ပစ်လဲကျသွားသည်။ သူ့ကလန်သားများကို သူ ဝေခွဲပေးခဲ့သည့် နတ်ဆိုးအရိုးများက သူ့ကလန်သားများ၏ အရိုးများကို ဆွဲထုတ်နေကြသည်။

ကံကြမ္မာလှည့်ကွက်ပါတကား။

“မဖြစ်နိုင်ဘူး၊ ခင်ဗျားက သေသွားပြီလေ၊ ဘယ်လိုလုပ် ခင်ဗျားက ပြန်ရှင်လာတာလဲ”

ဟဲလန်သည် ယဲ့ဖန်၏ မျက်လုံးအား စေ့စေ့ကြည့်၍ မေးလိုက်သည်။ ထို့အပြင် ဟဲလန်၏ အိုမင်းနေသော ခန္ဓာကိုယ်သည် အကြောက်တရားကြောင့် တုန်ယင်လို့နေသည်။

ထိုစဉ်အချိန်တုန်းက နတ်ဆိုးဧကရာဇ်သည် တယွမ်ချောက်နက်ထဲ ကျ၍ သေဆုံးသွားပြီးနောက် များစွာသော အင်အားကြီး နတ်ဘုရားများ၏ ရည်မှန်းချက်က ကြီးထွားလာကာ နတ်ဆိုးဂြိုဟ်အား တိုက်ခိုက်ခဲ့ကြသည်။

အကယ်၍ နတ်ဆိုးဧကရာဇ်သာ အသက်ရှင်နေသေးသည်ကို သူတို့ သိခဲ့ပါလျင် မဟာမိတ် သုံးဖွဲ့လုံး ချင်းနင်းဝင်ရောက်ခြင်း၌ ပူးပေါင်းခဲ့မည် မဟုတ်ပါ။

ယခုအခါတွင် နတ်ဆိုးဧကရာဇ် ပြန်လာပြီ ဖြစ်သဖြင့် နတ်ဘုရားများ၊ အင်မော်တယ်များနှင့် မကောင်းဆိုးဝါးများအတွက် ကြောက်မက်ဖွယ်ကောင်းသော ဘေးအန္တရာယ် ဖြစ်ပေါ်လာတော့မည်ဟု ဆိုလိုနေသည်။

ထိုသို့ရှိနေစဉ်တွင် ဟဲလန်သည် နတ်ဆိုးများ ပြန်လည်ဆုံစည်းခြင်းအား ကြည့်နေရသကဲ့သို့ ခံစားနေမိသည်။

ထို့ကြောင့် ဟဲလန်သည် ပိုပို၍ ကြောက်လန့်လာမိသည်။

“ဟဲကလန်ဆိုတာက အစပဲ ရှိသေးတယ်”

“ငါက နတ်ဆိုးအားလုံးကို ပြန်ပေါင်းစည်းမှာ။ ငါ နတ်ဘုရားတွေရဲ့ သွေးနဲ့ သွေးချောင်းစီးသွားအောင် လုပ်မှာ”

“မင်း သေဖို့အဆင်သင့်ပဲလား”

ထိုသို့ပြောပြီး ယဲ့ဖန်သည် သူ၏ လက်သည်းအား ဟဲလန်၏ ဦးခေါင်းထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“မဟုတ်ဘူး”

ဟဲလန်သည် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြုံးဝါးလိုက်သည်။

“မင်းက နတ်ဆိုးဧကရာဇ် ဖြစ်နေရင်တောင်မှ မင်းက အပြည့်အဝ ပြန်နလန်မထူနိုင်သေးဘူး။ မင်းက ဒီအတိုင်း သေးနုပ်တဲ့ နတ်ဘုရား တပည့်အဆင့်ပဲ ရှိသေးတာ”

“ငါ မင်းကို သတ်လိုက်နိုင်သရွေ့ ငါက နတ်ဘုရားတွေရဲ့ သူရဲကောင်း ဖြစ်လာမှာပဲ”

ဟဲလန်သည် သူ၏ အကြောက်တရားအား စိတ်ထဲ၌ ထိန်းချုပ်ထားလိုက်သည်။ သူသည် နတ်ဆိုးဧကရာဇ်အား သတ်ချင်နေခဲ့သည်။ သူသည် နတ်ဘုရားများ၏ လေးစားခြင်းကို ခံယူလိုနေသည်။

“သွားသေလိုက်တော့”

ဟဲလန်သည် ရူးသွပ်နေသော ကျားဘုရင်ကဲ့သို့ ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။

ဝုန်း! ဝုန်း! ဝုန်း!

ယခုအချိန်တွင် ခန်းမတစ်ခုလုံးသည် ဟဲလန်၏ အားကုန်ထုတ်သုံးထားသော သိုင်းကွက်အား မခံနိုင်ဟန်ဖြင့် တုန်ခါလာသည်။

“တော် … တော်တော် သန်မာတာပဲ”

တံခါးဝ၌ ရပ်နေသော ကူးဖုန်းသည် ဖြူဖတ်ဖြူရော် ဖြစ်နေသော မျက်နှာဖြင့် ရေရွတ်လိုက်မိသည်။

ဂြိုဟ်ခေါင်းဆောင် လူအိုကြီး တိုက်ကွက် ထုတ်ဖော်သည်ကို သူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် ဂြိုဟ်ခေါင်းဆောင်၏ တိုက်ပွဲဝင်ခွန်အားက ထိတ်လန့်ဖွယ် ကောင်းလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့မိပါ။

“အဲ့နေရာမှာ ငါသာဆိုရင် သူရဲ့ချီဓာတ်နဲ့တင် ငါ ပေါက်ကွဲသွားလောက်ပြီ”

ကူးဖုန်းသည် မျက်ခုံးတလှုပ်လှုပ်နှင့် ရေရွတ်နေသည်။ ထို့နောက် သူသည် ယဲ့ဖန်ကို လှမ်းကြည့်၍ စိုးရိမ်တကြီး ဆက်ရေရွတ်နေမိသည်။

“သူရဲ့ခွန်အားက နတ်ဘုရား တပည့်အဆင့်နဲ့ပဲ ညီမျှနေသေးတယ်။ သူက ဒီသိုင်းကွက်ကို ခံနိုင်ပါ့မလား”

နတ်ဘုရား တပည့်အဆင့်တစ်ယောက်က နတ်ဘုရား အရှင်သခင်အဆင့်၏ သိုင်းကွက်ကို ခုခံနိုင်သည်ဟု သူ တစ်ခါမှ မကြားဖူးခဲ့ချေ။

သို့သော် ထိုသို့သောအချိန်တွင် ….

လက်တစ်ချောင်းတည်း။

ယဲ့ဖန်က ဟဲလန်၏ အားကုန်ထုတ်ထားသော သိုင်းကွက်အား တားဆီးရန် လက်ချောင်းတစ်ချောင်းသာ ဆန့်ထားသည်ကို ကူးဖုန်း မြင်လိုက်ရသည်။

ကူးဖုန်းသည် ထိတ်လန့်မှုနှင့် မယုံသင်္ကာစိတ်တို့ကြောင့် မျက်နှာပျက်သွားသည်။

“သူတော့ သေမှာပဲ။ အဲ့နတ်ဆိုးက အရမ်း သွေးကြီးတာပဲ”

ကူးဖုန်း၏ မျက်နှာက ပြာနှမ်းလို့လာသည်။

နတ်ဘုရား တပည့်အဆင့်က နတ်ဘုရား အရှင်သခင်အဆင့်၏ အားကုန်ထုတ်သုံးထားသော သိုင်းကွက်အား လက်ချောင်းတစ်ချောင်းတည်းဖြင့် တားဆီးနိုင်သည်ဟု သူ လုံးဝ မယုံကြည်နိုင်ပါ။

ဝုန်း!

ထိုစဉ် ကြောက်မက်ဖွယ်ကောင်းသော သိုင်းကွက်နှစ်ခုက တစ်ခုနှင့်တစ်ခု ထိပ်တိုက် တွေ့ဆုံသွားလေတော့သည်။

ရွှစ်! ဂျွတ်!

အရေပြားများ ပြဲလန်သွားပြီး အရိုးများ ကျိုးကြေသွားသံကို ကူးဖုန်း ကြားလိုက်ရသည်။ ထို့ကြောင့် ကူးဖုန်း ပြင်းထန်စွာ တုန်လှုပ်သွားရသည်။

“သူ သေသွားပြီလား”

ကူးဖုန်းသည် မချိပြုံးပြုံး၍ သူ့မျက်လုံးအား စိတ်မပါလက်မပါဖြင့် ဖွင့်လိုက်သည်။ သို့သော် သူ မျက်လုံးဖွင့်လိုက်ပြီးနောက် နားဝေတိမ်တောင် ဖြစ်သွားသည်။

ယဲ့ဖန်၏ လက်ချောင်းဖြင့် ထိပ်တိုက် ရင်ဆိုင်မိသော ဟဲလန်၏ လက်သီးသည် တစ်စစီ ကျိုးကြေလို့သွား၏။

ယဲ့ဖန်၏ လက်ချောင်းတွင် အံ့မခန်း ကြီးမားများပြားသော ခွန်အားများ ပါဝင်နေပုံရပြီး ဟဲလန်၏ သံမဏိ လက်သီးအား တစ်စစီ ကျိုးကြေသွားစေပြီး အရေပြားများ ကွာကြသွားစေခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဟဲလန်၏ သံမဏိလက်သီးသည် ဆိုးရွားလှသော စွတ်စွတ်ဖြူနေသည့် အရိုးချောင်းများ ဖြစ်သွားသည်။

ပြင်းထန်၍ ဖိနှိပ်နိုင်လှသော စွမ်းအင်က ဟဲလန်၏ လက်သီးမှနေ၍ သူ၏ လက်မောင်းတစ်လျှောက် ပျံ့နှံ့သွားသည်။

ဂျွတ်! ဂျွတ်!

အရိုးကျိုးသံနှင့်အတူ သူ၏လက်မောင်းတစ်လျှောက်မှ သွေးသံတရဲရဲနှင့် အရေပြားများ စုတ်ပြဲ သွားလေတော့သည်။

ထို့နောက် ဟဲလန်၏ လက်မောင်းမှ သွေးနှင့် အရေပြားများက လေထဲ လွင့်စဉ်ထွက်လာပြီး သူ၏ လက်မောင်းသည်လည်း သွေးသံတရဲရဲနှင့် ကြမ်းပြင်ပေါ်သို့ ပြတ်ကျသွားလေတော့သည်။

သွေးသံတရဲရဲနှင့် အရေပြားများ တစ်ခုပြီးတစ်ခု ကွာကျလာပြီး ပို၍ ဆိုးရွားလှသော အရိုးဖြူများ ထင်းခနဲ ပေါ်လာသည်။

“အား”

နာကျင်လှသော အော်သံနှင့်အတူ ဟဲလန်၏ မျက်နှာတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်လို့နေပြီး သူသည် ကြောက်လန့်တကြားနှင့် ခပ်သုတ်သုတ် ပြန်ဆုတ်နေသည်။

သို့သော် သူ့ခန္ဓာကိုယ်ထဲသို့ ရောက်နေသည့် ထိုချောက်ချားဖွယ်ကောင်းသည့် ကြီးမားများပြားလှသော စွမ်းအင်က အရှိန်မသေသေးပေ။

သူ နောက်သို့ဆုတ်နေရင်း သူ၏ သွေးသံတရဲရဲနှင့် အရေပြားက တစ်စပြီးတစ်စ ကွာကျလာပြီး အရိုးများက ပိုပို၍ ထင်းလာသည်။

ကြောက်မက်ဖွယ်ကောင်းလာသည်။ ထိတ်လန့်ဖွယ်ကောင်းလှသည်။

ကူးဖုန်း မှင်တက်သွားရသည်။ ယခုအချိန်၌ ကူးဖုန်းသည် သူ့အမြင်အာရုံကိုတောင်မှ သံသယ ဝင်နေမိ၏။

*နတ်ဆိုးက နတ်ဘုရား အရှင်သခင်အဆင့်ရဲ့ သွေးသံတရဲရဲ အရေပြားတွေကို လက်ချောင်း တစ်ချောင်းတည်းနဲ့ ဖျက်ဆီးပစ်လိုက်တာလား*

*ဒါ …. လုံးဝ မဖြစ်နိုင်ဘူးလေ*

*သူက ဟဲလန်ထက် သိုင်းအဆင့် ဆယ့်နှစ်ဆင့်တောင် နိမ့်နေသေးတယ်။ သူ … သူက ဟဲလန်ကို အနိုင်ယူဖို့ လက်ချောင်းတစ်ချောင်းပဲ သုံးခဲ့တယ်*

ယခုအချိန်၌ ကူးဖုန်းသည် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထလို့နေသည်။

ဤကဲ့သို့ အဖြစ်မျိုးအား သိုင်းလောက သမိုင်း၌ တစ်ယောက်တစ်လေတောင်မှ လုပ်နိုင်ခဲ့သည်ဟု ကူးဖုန်း တစ်ခါမှ မကြားခဲ့ဖူးပါ။

ဒါက မဖြစ်နိုင်ချေ။ သို့သော် ထိုအဖြစ်က သူ့မျက်စိရှေ့တည့်တည့်၌ အမှန်တကယ် ဖြစ်ပျက်လို့နေသည်။ ထို့ကြောင့် ကူးဖုန်းသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်လို့နေသည်။

“သေစမ်း၊ အဲ့ဒါ မိစ္ဆာ လက်တစ်ချောင်း သိုင်းကွက်ပဲ။ ပင်မ ထိပ်တန်း နတ်ဘုရား ဆယ်ယောက်ကို မင်း သတ်ခဲ့တုန်းက သုံးခဲ့တဲ့ မိစ္ဆာ လက်တစ်ချောင်း သိုင်းကွက်ပါလား”

ဟဲလန်သည် ကြောက်လန့်တကြား အော်ဟစ်နေရင်း သူ၏ ဦးခေါင်းမှ အရေပြားများ အလွှာလိုက် ကွာကျသွားသဖြင့် သူ၏ စွတ်စွတ်ဖြူနေသော ဦးခွံထဲမှ တလက်လက်တောက်နေသော စိတ်ဝိညာဉ်မီးလျှံသာ ကျန်ရစ်ခဲ့သည်။

“နတ်ဘုရား တပည့်အဆင့်က မိစ္ဆာ လက်တစ်ချောင်း သိုင်းကွက်ကို သုံးနေနိုင်ပါလား”

“နတ်ဆိုးဧကရာဇ်။ မင်းက နတ်ဆိုးဧကရာဇ်ပဲ။ နတ်ဘုရားတွေ ပွဲသိမ်းပြီ …. ပြီးတော့ စကြဝဠာကြီးက နိဂုံးချုပ်ပြီ”

ဟဲလန်၏ အသံသည် အလွန် ဝမ်းနည်းညှိုးငယ်နေပြီး စိတ်မချမ်းမြေ့စရာ ကောင်းလှသည်။

ထိုစဉ် သူ၏ ခန္ဓာကိုယ်မှ ကျန်ရှိနေသော သွေးသံတရဲရဲနှင့် အသားစများ ကြမ်းပြင်ပေါ်သို့ ကွာကျလာပြီး မတ်မတ်ရပ်နေသော အရိုးစုသာ ကျန်ရစ်ခဲ့တော့သည်။

ဂျွတ်!

ထိုသို့သော အချိန်၌ ဟဲလန်၏ အရိုးများထဲမှ အရိုးတစ်ချောင်း ကျိုးသံကို ကြားလိုက်ရသည်။ ထို့နောက်တွင် အရိုးကျိုးသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ဟဲလန်၏ အရိုးစုသည် ပင့်ကူမျှင် အရွယ်အစားရှိ အက်ရာများစွာဖြင့် ပြည့်နှက်လာသည်။

ဘုတ်!

ဟဲလန်၏ အရိုးစုတစ်ခုလုံး တစ်စစီ ဖြစ်ကာ မြေကြီးပေါ် ပြုတ်ကျသွားပြီးနောက် ပြာအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

သူသည် သူ၏ စိတ်ဝိညာဉ်နှင့်အတူ သေဆုံးသွားလေတော့သည်။

ဂလု!

ဤမြင်ကွင်းကို ကြည့်ပြီး ကူးဖုန်းသည် တံတွေးကို မနည်းမျိုချလိုက်ရပြီး သူ့မျက်လုံးက ပြူးကျယ်လို့နေ၏။

လက်ချောင်းတစ်ချောင်းတည်းနဲ့လား။

လက်ချောင်းလေးတစ်ချောင်းလေးနှင့် နတ်ဘုရား တပည့်အဆင့်က နတ်ဘုရား အရှင်သခင်အဆင့်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကိုပါ သတ်ပစ်လိုက်သည်။

*ထူး …. ထူးဆန်းလိုက်တဲ့လူပါလား*

သို့သော် ယဲ့ဖန်သည် ကူးဖုန်း၏ အပြုအမူများကို လျစ်လျူရှုထားသည်။ သူသည် ပုရွက်ဆိတ်တစ်ကောင်အား သတ်လိုက်သကဲ့သို့ တည်ငြိမ်လို့နေ၏။

ထို့နောက် ယဲ့ဖန်သည် တံခါးဝဘက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီး သူ့နောက်မှ နတ်ဆိုး ရှစ်ကောင် လိုက်ပါလာသည်။

ထိုစဉ် ခက်ထန်သော အသံတစ်သံက ကူးဖုန်း၏ နားထဲသို့ ဝင်ရောက်လာသည်။

“အခုချိန်ကစပြီး မင်းက ဒီဂြိုဟ်ခေါင်းဆောင် အသစ်ပဲ။ ဒီဂြိုဟ်က နတ်ဆိုးတွေရဲ့ အပိုင်ပဲ”

*ဘာရယ်*

ကူးဖုန်း တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက်တွင်မူ သူ တက်ကြွသွားသည်။ ဒုန်းခနဲ အသံနှင့်အတူ ကူးဖုန်းသည် ဒူးထောက်၍ ယဲ့ဖန်အား အရူးအမူး အော်ဟစ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် သခင်ကြီး”

CHAPTER 396 ရန်သူများ ရောက်ရှိလာခြင်း

မနက်အစောပိုင်းတွင် သတင်းတစ်ပုဒ်က ကူးလန်ဂြိုဟ်အနှံ့သို့ ဟာရီကိန်း မုန်တိုင်းသဖွယ် ပျံနှံ့သွားသည်။

ဂြိုဟ်ခေါင်းဆောင် ဟဲလန်နှင့် သူ၏ ကလန်တစ်ခုလုံး သုတ်သင်ခံလိုက်ရလေပြီ။

သတင်းအရ ဂြိုဟ်ခေါင်းဆောင်၏ အိမ်တော်၌ သွေးများက စမ်းချောင်းသဖွယ် စီးဆင်းနေပြီး အလောင်းများက တောင်လိုပုံနေသည်ဟု ဆိုသည်။

ဟဲကလန်မှ သိုင်းပညာရှင်များ၏ အရိုးများက သူတို့၏ ခန္ဓာကိုယ်ထဲမှ ရက်ရက်စက်စက် ဆွဲထုတ်ခံထားရသည်။ ထို့ကြောင့် ဂြိုဟ်ခေါင်းဆောင်၏ အိမ်တော်၌ စွတ်စွတ်ဖြူနေသော အရိုးများဖြင့် ပြည့်နှက်လို့နေသည်။

ဂြိုဟ်ပေါ်မှ လူတိုင်းသည် လူသတ်သမား၏ အသိုင်းအဝိုင်းကို ခန့်မှန်းနေကြသည်။

သို့သော် ထိုကလန်အား ငရဲမှ နတ်ဆိုးများက သုတ်သင်သွားသည်ဆိုတာကိုတော့ မည်သူမျှ မသိကြချေ။

ကူးလန်ဂြိုဟ်ရှိ မြို့တစ်ခု၏ ဆင်ခြေဖုံးရပ်ကွက်၌ ခြံဝန်းလေးနှင့် အိမ်တစ်အိမ် ရှိသည်။

ကူးရှုံးနှင့် ကူးမိန်တို့ ထိုသတင်းကို ကြားလိုက်ရစဉ်တွင် နှစ်ယောက်လုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။

ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူတို့သည် ယဲ့ဖန် ဟူသော လူတစ်ယောက်ကို ရုတ်တရက် အမှတ်ရသွား၏။

ကူးမိန်၏ ထိတ်လန့်နေသော မျက်နှာ ကွယ်ပျောက်မသွားခင် သူမသည် ဘေးသို့ ခပ်သွက်သွက် လှည့်၍ ကူးရှုံးကို မေးလိုက်သည်။

“ရှုံး၊ အစ်ကိုယဲ့ မနေ့ညက ဘယ်အချိန်လောက် ပြန်လာတာလဲ”

*ဟမ်*

ကူးရှုံး တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် သူသည် မျက်မှောင်ကြုတ်ကာ စက္ကန့်အနည်းငယ်မျှ တွေးလိုက်သည်။

“ညကိုးနာရီတော့ နည်းနည်းကျော်မယ် ထင်တယ်။ ဘာ … အဲ့တိုက်ခိုက်မှုကို အစ်ကိုယဲ့ လုပ်တယ်လို့ မင်း ထင်နေတာလား”

ကူးရှုံးသည် ချက်ချင်း ထိတ်လန့်ကာ တုန်ယင်သွားပြီး ကပျာပယာ ခေါင်းခါ၍ ငြင်းဆန်လေသည်။

“မဖြစ်နိုင်ဘူး၊ အစ်ကိုယဲ့က ဆန်းကြယ်တဲ့သူဆိုတာကို ငါ လက်ခံတယ်၊ ဒါပေမယ့် ဂြိုဟ်ခေါင်းဆောင်ရဲ့ အိမ်တော်ထဲမှ သိုင်းပညာရှင်တွေ အများကြီး ရှိနေတာလေ။ ဂြိုဟ်ခေါင်းဆောင် ဟဲလန်ကလည်း နတ်ဘုရား အရှင်သခင်အဆင့်ပဲ။ အစ်ကိုယဲ့က သန်မာတယ်ဆိုရင်တောင်မှ သည်လိုကိစ္စမျိုးကို သူ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး”

ကူးမိန်သည်လည်း ကူးရှုံး နည်းတူ တွေးမိပါသည်၊ သို့သော် သူမသည် မရည်ရွယ်ဘဲ ယဲ့ဖန်နှင့် ပတ်သက်နေလိမ့်မည်ဟု တွေးနေမိသေးသည်။

ကူးလန်ဂြိုဟ်၌ ထိုကဲ့သို့ ကိစ္စမျိုးအား လုပ်ဆောင်နိုင်သူဟူ၍ ယဲ့ဖန် တစ်ဦးတည်းသာ ရှိမည်ဟု သူမ အလိုလို သိနေသည်။

“ရှုံး၊ မိန်။ မင်းတို့ တကယ် ပြန်ရောက်နေတာပဲ”

ကူးရှုံးနှင့် ကူးမိန်တို့ စကားဆက်ပြောနေစဉ်တွင် အပြင်ဘက်မှ ရွဲ့တဲ့တဲ့ ပြောသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။ သူတို့ ချက်ချင်း ထိတ်လန့်သွားကြသည်။

သို့သော် သူတို့ ထရပ်လိုက်သည်နှင့် လူဆယ်ယောက်က သူတို့ကို ဝိုင်းထားလာသည်။

သူတို့အားလုံးသည် အလွန်သန်မာသော ချီဓာတ်များ ပိုင်ဆိုင်ထားသည့် နတ်ဘုရား ဆရာသခင်အဆင့်များ ဖြစ်ကြသည်။

သူတို့ အတူတကွ ရပ်နေကြသဖြင့် သူတို့၏ ကြောက်မက်ဖွယ် ချီဓာတ်များက ကူးရှုံးနှင့် ကူးမိန့်တို့အား ကြောက်ရွံ့စေပြီး တုန်ယင်သွားစေခဲ့သည်။

“ကူးထျန်း မင်း …”

လူငယ်တစ်ယောက် လျှောက်လာနေသည်ကို မြင်ပြီး ကူးရှုံး၏ မျက်နှာက ချက်ချင်း တင်းမာသွားသည်။

ထိုသူသည် ကူးရှုံး၏ ညီ ကူးထျန်း ဖြစ်သည်။ သူတို့သည် သွေးသား တော်စပ်သော်လည်း စိတ်ဓာတ်ချင်း မတူပေ။ ကူးထျန်းသည် ယုတ်မာ၍ ဝတ်ကျေတမ်းကျေ အလုပ်လုပ်ရင်း အကွက်ချောင်းနေတတ်သူ ဖြစ်သည်။ သူသည် အမြဲ ကူးမိန်အား ကူးထို့နှင့် လက်ဆက်စေချင်ခဲ့သည်။ သို့သော် ကူးရှုံးနှင့် ကူးမိန်တို့က သူပြောသည့်စကားကို အသည်းအသန် ငြင်းဆန်ခဲ့ကြသည်။

သို့သော် ကူးထျန်းသည် ဘယ်သောအခါမှ လက်မလျော့ခဲ့။ သူသည် ကူးမိန်ကို ဆွဲ၍ သူမအား ကူးထို့၏ ခုတင်ပေါ်သို့ ပစ်တင်ခဲ့သေးသည်၊ သို့သော် အဆုံးသတ်တွင်တော့ ကူးရှုံးက သူမအား ကယ်ဆယ်နိုင်ခဲ့သည်။

ထိုအချိန်မှစ၍ ကူးရှုံးနှင့် ကူးမိန်တို့သည် ကူးထျန်းနှင့် လုံးဝ ရေစက်ဖြတ်လိုက်လေတော့သည်။ မထင်မှတ်ဘဲ ကူးထျန်းက သူတို့နှင့် ဆက်၍ ပြောဆိုဆက်ဆံချင်နေသေးသည်။

“ဟီးဟီး … ရှုံး၊ မိန်။ မတွေ့ရတာ ကြာပြီနော်”

ကူးထျန်းက သူတို့နှစ်ယောက်အား မချိုမချဉ်မျက်နှာပေးနှင့် ထိုအစ်ကိုကြီးနှင့် ညီမလေးက သူ၏ မိသားစုဝင်မဟုတ်သယောင် နှုတ်ဆက်လာသည်။ သူတို့သည် သူ မြင့်မားသော အဆင့်အတန်းအား ရရှိရန် နင်းချချင်သည့် လှေကားထစ်များ သာသာပင် ဖြစ်သည်။

“ကူးထျန်း မင်း ဘာအတွက် ဒီကို လာတာလဲ”

ကူးရှုံးက ဒေါသထွက်နေသော မျက်လုံးများဖြင့် အော်လိုက်သည်။ ထိုအခါ ကူးထျန်းက တင်းမာသော မျက်နှာထားဖြင့် ပြောလာသည်။

“ရှုံး ထပ်ပြီး အပြစ်မရှိသလို ဟန်ဆောင်မနေစမ်းပါနဲ့။ ငါက မင်းတို့ကို ဒုတိယ သခင်လေး ကူးထို့ ဘယ်ရောက်နေသလဲဆိုတာ မေးမလို့ လာတာ”

*ဘာ*

သူ့စကားကြောင့် ကူးရှုံးနှင့် ကူးမိန်၏ မျက်နှာပေါ်၌ ကြောက်စိတ်များ ဖုံးလွှမ်းလာသည်။ ထို့နောက် ကူးရှုံးက လိမ်ပြောလိုက်သည်။

“မင်းက ကူးထို့ရဲ့ လက်ပါးစေလေ။ သူ ဘယ်မှာလဲဆိုတာ မင်း ရှင်းရှင်းလင်းလင်းကို သိထားမှာပဲလေ။ ငါတို့က ဘယ်သိမလဲ”

“မင်း မသိဘူး ဟုတ်လား”

ကူးထျန်း၏ အပြုံးက မနှစ်မြို့ဖွယ်ကောင်းလာပြီး လန့်ချင်စရာ ကောင်းလာပြီး သူက ဆက်ပြောလာသည်။

“ကောင်းပြီလေ၊ မင်းက သူ ဘယ်မှာလဲဆိုတာကို မပြောချင်မှတော့ ငါက မင်းပါးစပ်ဟလာအောင် လုပ်ပေးရမှာပေါ့”

ထိုသို့ပြောပြီး ကူးထျန်းက အခန်းထဲ အတင်းဝင်လာသည်။ ထို့နောက် သူတို့သည် ခြေသံများစွာကို ကြားလိုက်ရပြီး ရှင်းလင်းပြတ်သားသော မျက်နှာထားနှင့် လူငယ်တစ်ယောက် ဖြည်းညှင်းစွာ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။

ထိုသူကို မြင်သည်နှင့် ကူးရှုံးနှင့် ကူးမိန်တို့ နှစ်ယောက်လုံး ပြာနှမ်းသွားသည်။

ကူးယန်ပါလား။

ကူးထို့၏ အစ်ကိုကြီး ဖြစ်သလို ကူးလန်ဂြိုဟ်၏ နံပါတ်တစ် နတ်ဘုရား ဆရာသခင်အဆင့် သိုင်းပညာရှင်လည်း ဖြစ်သည်။

ကူးယန်သည် တစ်ချိန်က သူ့ထက် အဆင့်လေးဆင့် မြင့်သော နတ်ဘုရား သေနာပတိအဆင့် တစ်ယောက်အား သတ်ခဲ့ဖူးသည်။

ထိုအချိန်မှစ၍ ကူးယန်သည် ကူးလန်ဂြိုဟ်ပေါ်၌ ထူးဆန်းသော နံပါတ်တစ် နတ်ဘုရား ဆရာသခင်အဆင့် သိုင်းပညာရှင်အဖြစ် ကျော်ကြားလာသည်။

သူ သည်လောက် မြန်ဆန်စွာ ရောက်ချလာလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိပါ။ ကူးယန်၏ ခြေလှမ်းတိုင်းက ကူးရှုံးနှင့် ကူးမိန်တို့အား မြေကြီးထဲသို့ ဝပ်ဆင်းသွားအောင် နင်းချေလိုက်သလိုပင်။

ကူးယန် ရပ်လိုက်သည်နှင့် ကူးရှုံးနှင့် ကူးမိန်တို့ သူတို့ကိုယ်ပေါ် အလွန်ကြီးမားသော ဝန်တစ်ခု ပစ်တင်လိုက်သလို ခံစားလိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းလှသည်။

သူတို့မျက်လုံးထဲတွင် ကူးယန်သည် နတ်ဆိုးကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။

သူသည် သူ၏ ရန်သူများအား ခြေလှမ်းနှင့်ပင် အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်နေသည်။ သူ၏ ခွန်အားကား အံ့မခန်းပင်။

“ပြောမလား အသေခံမလား”

ကူးယန်က ကူးရှုံးနှင့် ကူးမိန်တို့ကို စိုက်ကြည့်ကာ ပြင်းထန်၍ သန်မာသော ချီဓာတ်တို့နှင့်အတူ မေးလိုက်သည်။

“ငါ့ညီကို ဘယ်သူ သတ်တာလဲ”

သူ့ညီကို နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်က ကာကွယ်ပေးထားသည်ကို ကူးယန် သိသည်။ ထို့ကြောင့် ကူးရှုံးနှင့် ကူးမိန်တို့က ကူးထို့အား တစ်စက်ကလေးမျှ ထိခိုက်အောင် မလုပ်နိုင်ချေ။

ထိုသို့ဖြစ်သောကြောင့် ကူးထို့ကို သတ်လိုက်သော အခြားတစ်ယောက် ရှိကိုရှိနေလိမ့်မည်။

ကူးယန်၏ ကြုံးဝါးသံအဆုံးတွင် ကူးရှုံးနှင့် ကူးမိန်တို့၏ မျက်နှာများက ချက်ချင်း ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။

ဤသည်ကို ကြည့်ပြီး ကူးထျန်းက လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

“ရှုံး၊ မိန်။ အမှန်အတိုင်း ပြောလိုက်စမ်းပါ”

“အမှန်အတိုင်း ပြောရရင် ငါက မင်းတို့ရဲ့ စကြဝဠာ ကိုဩဒိနိတ်ကို ကူးထို့ကို ပေးလိုက်တာ။ အဲ့ဒါကြောင့် ကူးထို့က မင်းတို့ကို ဖမ်းမိသွားတာ။ ဒါပေမယ့် ငါတို့ ဒုတိယသခင်လေးရဲ့ အလောင်းကို စကြဝဠာထဲမှာ ရှာတွေ့ခဲ့တယ်”

ကူးထျန်းက ခက်ထန်သော အကြည့်များဖြင့် ဆက်ပြောလာသည်။

“မင်းနဲ့အတူ အနက်ရောင်ဝတ်စုံနဲ့ လူရွယ်တစ်ယောက် ကူးလန်ဂြိုဟ်ကို ပြန်လာတာကို တစ်ယောက်ယောက်က မြင်လိုက်တယ်။ အဲ့လူက ကူးထို့ကို သတ်လိုက်တဲ့သူပဲ ဖြစ်ရမယ်”

“သူ ဘယ်သူလဲဆိုတာ ငါ့ကို ပြောစမ်း”

….

ကူးထျန်း၏ စကားကြောင့် ကူးရှုံးနှင့် ကူးမိန်တို့၏ မျက်နှာများ ပြာနှမ်းသွားသည်။ သူတို့နှစ်ယောက်လုံး ပြာနှမ်းနေသော မျက်နှာများဖြင့် ကူးထျန်းအား စိုက်ကြည့်လာကြသည်။

“ကူးထျန်း မင်း ဘယ်လိုလုပ် အပြင်လူတစ်ယောက်ကို မင်းမိသားစုဝင်တွေကို ထိခိုက်အောင် လုပ်ဖို့ ကူညီပေးရတာလဲ”

“မျိုးမစစ်ကောင်။ ကူးထျန်း မင်းက ကျေးဇူးကန်းပြီး ရက်စက်တဲ့လူပဲ”

သူက ငမိုက်သားပင်။

သူတို့၏ ကျိန်ဆဲသံများကို ကြားပြီး ကူးထျန်း၏ မျက်နှာ တင်းမာသွားသည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်”

ထိုသို့ပြောပြီး ကူးထျန်းက တစ်ဘက်လှည့်ကာ ကူးယန်အား တလေးတစား ပြောလိုက်သည်။

“သခင်လေး၊ သူတို့က အရမ်းခေါင်းမာပြနေကြတယ်။ သခင်လေး သူတို့ကို သေစေချင်သလား၊ ရှင်စေချင်သလားဗျ”

ကူးထျန်း၏ စကားကြောင့် ကူးယန်က ခေါင်းညိတ်၍ ခြေကိုမြှောက်ကာ ကူးရှုံးအား အားနှင့် ကန်ကျောက်လိုက်သည်။

ဝုန်း!

ကူးရှုံး၏ ရင်ဘက် ချက်ချင်း ထောက်ခနဲ ကျိုးသွားသည်။ ထို့အပြင် ကူးရှုံးသည် လေး၊ ငါးမီတာခန့် လွင့်ထွက်သွားပြီးမှ ပြန်လဲကျသွားသည်။ ထို့နောက်တွင်မူ သူ သွေးအန်လေတော့သည်။

ကူးမိန်၏ မျက်နှာထက်တွင် အကြောက်တရားတို့ စိုးမိုးလာသည်။ သူမ ကူးရှုံး ထနိုင်ရန်အတွက် ကူညီပေးရန် ပြင်လိုက်စဉ်တွင် ကူးယန်က သူမလည်ပင်းကို ညှစ်၍ ပင့်မြှောက်လိုက်သည်။

“မိန်”

ကူးရှုံး အလွန် ထိတ်လန့်ကာ ထပ်မံ၍ သွေးအန်မိသည်။ သူ၏ အပြုအမူကို ကြည့်ပြီး ကူးယန်က ရက်စက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဒါ မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ငါ့ညီကို သတ်သွားတဲ့ အဲ့အနက်ရောင်ဝတ်စုံနဲ့ လူရဲ့ နာမည်ကို ပြောစမ်း။ သူ ဘယ်မှာလဲ”

“မင်း သူ့နာမည် ပြောရင် မင်းညီမ အသက်ရှင်မယ်။ အေး မပြောဘူးဆိုရင်တော့ မင်း ညီမ သေကို သေရမယ်”

တောက်!

ကူးရှုံး၏ နဖူး၌ ချွေးများ စို့တက်လာသည်။ ကူးရှုံး အကျပ်ရိုက်လို့နေ၏။

တစ်ယောက်က သူ၏ အသက်သခင် ကျေးဇူးရှင်၊ နောက်တစ်ယောက်က သူ့ညီမလေး။

….

“ရှုံး … မလုပ်နဲ့ … အဲ့ဒါကို ဘယ်တော့မှ မရွေးချယ်လိုက်နဲ့ …”

ကူးရှုံး ချီတုံချတုံ ဖြစ်နေစဉ်တွင် ကူးမိန်က အားကုန်သုံး၍ အော်ဟစ်လာသည်။ သူမ၏ အပြုအမူက ကူးယန်အား လုံးဝ ဒေါသထွက်သွားစေသည်။

“သောက်ကောင်မ၊ မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

ထိုသို့ပြောပြီး ကူးယန်က ကူးမိန်ကို လည်ပင်းညှစ်သတ်ရန် ကြံစည်လိုက်သည်။ ထိုစဉ် တံခါးဝသို့ လှမ်းလာသော နောက်ထပ် ခြေသံတစ်သံကို သူတို့ ကြားလိုက်ရသည်။

ထိုခြေသံကို ကြားပြီး လှည့်ကြည့်လိုက်သော အခန်းထဲမှ လူများအားလုံး အလွန်အမင်း တုန်ယင်လာကြသည်။

All Chapters