← Chapters

ချင်းယွဲ့ဂိုဏ်း၏တာအိုကလေးငယ် ဘိုင်ဝူ

Vol. 58 Ch. 573

ချင်းယွဲ့ဂိုဏ်း၏တာအိုကလေးငယ် ဘိုင်ဝူ

Vol. 58 Ch. 573

ဧရာမရုပ်တုကြီးတစ်ခုအလား နှာမောင်းမဲ့ ရေဆင်ကြီးသည် တုန်တက်သွားပြီးနောက်၊ ၎င်း၏ ဝမ်းဗိုက်မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။

ကြေမွသွားသော မျက်တွင်းများထဲတွင် မကျေနပ်မှုများပြည့်နှက်နေလျက် နောက်ဆုံး ထွက်သက်ကို ရှူထုတ်လိုက်လေ၏။

ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူ နှစ်ဦး၏ အင်အားနှင့် ရင်ဆိုင်နိုင်စွမ်းရှိသော နတ်ဆိုးကြီးတစ်ကောင်သည် နောက်ဆုံးတွင် အသက်စွမ်းအင် အားလုံး ကင်းမဲ့သွားခဲ့ပြီ ဖြစ်သည်။

[ကျောက်စိမ်းဖြူမြို့တော်အဆင့် မျက်လုံးစိမ်းရေဆင်ကို သတ်ဖြတ်ပြီး။ စုစုပေါင်း သက်တမ်း ၃၆၀၂၀၀ နှစ်၊ ကျန်ရှိသော သက်တမ်း ၁၄၃၀၀၀ နှစ်၊ စုပ်ယူခြင်းပြီး။]

မသေမျိုးဂူအတွင်း၌ သေဆုံးခြင်းနှင့် သတ်ဖြတ်ခြင်းမှာ မဆန်းတော့ပေ။ ရေတွက်၍မရနိုင်သော ကျင့်ကြံသူများနှင့် နတ်ဆိုးများ ဤနေရာတွင် ကျဆုံးခဲ့ဖူးသည်။

သို့သော် ကျောက်စိမ်းဖြူမြို့တော်အဆင့် နတ်ဆိုးစစ်သူကြီးသုံးဦး တစ်ပြိုင်နက်တည်း သေဆုံးခြင်းမှာမူ ဤနေရာတွင် ဖြစ်ပွားခဲ့ဖူးသမျှ အဖြစ်အပျက်များထဲတွင် အကြမ်းကြုတ်ဆုံး အဖြစ်အပျက်များထဲ၌ ပါဝင်ပေလိမ့်မည်။

"ဟူး..."

ချီယန် သည် သူတို့အားလုံးထဲတွင် အားအနည်းဆုံး စိုက်ထုတ်ခဲ့ရသူ ဖြစ်ကောင်းဖြစ်ပေမည်။ သူသည် အစမှအဆုံး သံမဏိအမိန့်တိုကင်ပြားကိုသာ ထိန်းချုပ်နေခဲ့ပြီး လုံးဝ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိပေ။

သို့သော်လည်း အသက်ဝင်လှသော ဝိညာဉ်ရုပ်သေးရုပ်နှစ်ခုမှာ အဖြူရောင် အလင်းတန်းများအဖြစ်ပျော်ဝင်သွားပြီး ဂိုဏ်းချုပ်ရှန်း၏ မျက်ခုံးအလယ်သို့ တိုးဝင်သွားသည်ကို ကြည့်ရင်း သူ၏ အသက်ရှူသံများပြင်းထန်လာကာ မျက်လုံးများထဲတွင် အံ့ဩမဆုံး ဖြစ်နေရတော့သည်။

အစောပိုင်းက သူ၏ အာရုံတစ်ခုလုံးမှာ နဂါးနန်းတော်မှ နတ်ဆိုးစစ်သူကြီးပေါ်တွင်သာ ရှိနေခဲ့ခြင်းပင်။ နတ်ဆိုးသုံးကောင်လုံး သေဆုံးသွားပြီးသည့် ယခုအချိန်ကျမှသာ ဤအခြေအနေ၏ မယုံကြည်နိုင်စရာ ကောင်းပုံကို သူ သတိထားမိတော့သည်။

ချီယန် ဆိုသည်မှာ မည်သူနည်း။

ချင်းယွဲ့ဂိုဏ်း၏ နန်ဟုန် သားတော်ခုနစ်ပါး ထဲတွင်ပါဝင်သူဖြစ်ပြီး သူ၏ မြင့်မြတ်သော အဆင့်အတန်းမှာ မေးခွန်းထုတ်စရာ မလိုပေ။

ထို့ပြင် သူသည် ဂိုဏ်း၏ အကြီးအကဲ ခြောက်ဦးထဲမှ တစ်ဦးလည်း ဖြစ်သည်။

ဂိုဏ်းချုပ်များစွာနှင့် တာအိုကလေးငယ်များ၏ ရှေ့မှောက်တွင် ချီယန်သည် မိမိကိုယ်မိမိ နှိမ့်ချနေတတ်သော်လည်း၊ အင်အားကြီးသူတစ်ဦး ဖြစ်ရခြင်း၏ ယုံကြည်မှုမျိုးတော့ ရှိနေခဲ့သည်။

သို့သော် ယခုမူ... မိမိထက်ပင် ပိုမိုစွမ်းအားကြီးမားသောကြောက်မက်ဖွယ် တည်ရှိမှုကြီးများမှာ အသက်မဲ့နေသော အရာဝတ္ထုများသာ ဖြစ်နေသည်လော။

၎င်းတို့ကိုသုတ်သင်ခဲ့သည့်အရာမှာ ဂိုဏ်းချုပ်ရှန်းနှင့်အတူ ၎င်းသယ်ဆောင်လာသော ဝိညာဉ်ရုပ်သေးရုပ်များ ဖြစ်နေသည်လော။

ဤကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းမှာ ချင်းယွဲ့ဂိုဏ်း အကြီးအကဲတစ်ဦးအနေဖြင့် အတွေ့အကြုံများစွာ ရှိလင့်ကစား၊ သူ့အတွက်တော့ အနည်းငယ် ရူးသွပ်စရာကောင်းပြီး ထိတ်လန့်စရာလည်း ကောင်းနေဆဲပင်။

အမှန်ပင်၊ ဝိညာဉ်ရုပ်သေးရုပ်ထက် ပို၍ ထိပ်လန့်စရာမှာ..

ချီယန်သည် သူ၏ ခေါင်းကို ဖြည်းညင်းစွာ လှည့်လိုက်ပြီး တင်ပျဉ်ခွေ ထိုင်နေသော လူငယ်လေးဆီသို့ အကြည့်ပို့လိုက်၏။

အစောပိုင်းက လက်ဝါးတစ်ချက်တည်းဖြင့် ကျောက်စိမ်းဖြူမြို့တော်အဆင့် ငါးနတ်ဆိုးကို နှိမ်နင်းလိုက်ခြင်းမှာ ဝိညာဉ်ရုပ်သေးရုပ်များထက်ပင် ပို၍ အံ့အားသင့်စရာ ကောင်းနေခဲ့သည်။

ထိုငါးနတ်ဆိုး၏ စွမ်းအားမှာ လျှော့တွက်၍မရကြောင်း နားလည်ထားရမည်။

သူ၏ ချင်လွမ် မသေမျိုးစစ်သည်ကို အပြည့်အဝ အသက်သွင်းထားသည့်တိုင်အောင် ထိုငါးနတ်ဆိုးသည် အနည်းငယ်မျှပင် နိမ့်ကျမသွားခဲ့ပေ။

ထိုကဲ့သို့ တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သော စစ်သူကြီးတစ်ဦးသည် မည်သို့ကြောင့် ဤမျှ ထူးဆန်းစွာနှင့် ရှင်းရှင်းလင်းလင်း မရှိဘဲ သေဆုံးသွားရသနည်း။

မသေဆုံးမီ နောက်ဆုံးအချိန်တွင် ထိုငါးနတ်ဆိုးသည် အဘယ်အရာကိုမြင်တွေ့ခဲ့ရသဖြင့် သူ၏ မျက်လုံးများထဲတွင် ထိုမျှအထိ ကြောက်ရွံ့မှုများ ပြည့်နှက်သွားခဲ့ရသနည်း။

အကြီးအကဲ ချီယန်သည် ပြင်းထန်သော သံသယများဖြင့် လွှမ်းမိုးခံထားရပြီး၊ သူသည် အလိုအလျောက် ရှန်းယီ ထံသို့ လျှောက်လှမ်းသွားကာ တစ်စုံတစ်ခုကို မေးမြန်းရန် ပါးစပ်ဟလိုက်သည်။

သို့သော် သူ စကားမပြောမီမှာပင် အကြီးအကဲ လျိုရှီချန်း၏ တားမြစ်သော အကြည့်ကို သတိထားမိလိုက်သည်။

"..."

အကြီးအကဲလျိုသည်လည်း သူ၏ ဒဏ်ရာများကို အလျင်အမြန် ကုသနေပြီး၊ ယခုအခါတွင်မူ အင်အားအချို့ပြန်လည်ရရှိလာကာ မြေပြင်မှ ယိမ်းယိုင်လျက် ထရပ်လိုက်ပြီ ဖြစ်၏။

ချီယန် ဘာမေးချင်သလဲဆိုတာကို သူ သိသည်။

သို့သော် လျိုရှီချန်း ကိုယ်တိုင်လည်း မရေရာမှုများ ခံစားနေရသော်လည်း အခြားသူကို မေးခွန်းများ မထုတ်ရန် တားဆီးလိုက်ခြင်း ဖြစ်သည်။

အကြီးအကဲလျို၏ ထူးခြားချက်မှာ

သူသည် ရှန်းယီကို အစကတည်းက စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

နန်ယန်ထွက်ပေါ်လာစဉ်က သူသည် ဤလူငယ်ကို တာအိုချပ်ပြားပုံစံဖြင့် စတင်တွေ့ဆုံခဲ့ဖူးသည်။

ထိုအချိန်က ရှန်းယီမှာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်သို့ပင် မရောက်ရှိသေးချေ။

ကောင်းကင်ဓားဂိုဏ်းမှ လျူရှင်းရှန်း ကပင် နဂါးတစ်ကောင်ရဲ့အရှိန်အဝါတွေဟု ဟန်ဆောင်ပန်ဆောင် ချီးကျူးခဲ့ဖူးသည်။

ထိုကဲ့သို့သော မြှောက်ပင့်စကားမျိုးမှာ နန်ယန်ရတနာနယ်မြေကို ရရှိရန်အတွက် မျက်နှာသာပေးလိုသောကြောင့်သာ ဖြစ်ကြောင်း လူတိုင်းက သိကြသဖြင့် မည်သူမျှ ဂရုမစိုက်ခဲ့ကြပေ။

သို့သော် လျိုရှီချန်းကမူ ထိုလူငယ်သည် အမှန်တကယ်ပင် အထင်ကြီးစရာ ကောင်းသည်ဟု တွေးမိခဲ့သည်။

မည်သို့ပင်ဆိုစေ သူသည် အကြီးအကဲအဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီး မသေမျိုးဂိုဏ်းမှ တပည့်များစွာနှင့် ထိတွေ့ဖူးသူ ဖြစ်ရာ၊ နန်ယန်ရတနာနယ်မြေမှ လာသော ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ရှန်းယီအပေါ် ထားရှိသော လေးစားမှုနှင့် ကျေးဇူးတင်မှုများကို သူ မည်သို့ မသိဘဲ နေပါမည်နည်း။

အားလုံးက ရတနာနယ်မြေတစ်ခုတည်းက လာကြခြင်း ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းမှာ နတ်ဘုရားစိတ်ဝိညာဉ် အဆင့်မျှသာ ရှိသေးသော်လည်း၊ ဟင်းလင်းပြင်လျှောက်လှမ်းခြင်း ဒုတိယအဆင့်ရှိသော အမျိုးသမီးကျင့်ကြံသူ ယဲ့ဝင်ရွှမ် ဆိုသူကိုပင် အရှိန်အဝါ မှေးမှိန်သွားစေခဲ့၏။

ဤအရာက မည်သူမဆို လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။

အခြားအကြီးအကဲများလည်း ယင်းကို မြင်တွေ့ခဲ့ကြပေလိမ့်မည်။

သို့သော် သူတို့၏ အာရုံမှာ ရတနာနာ်မြေဆီသို့သာ ရောက်ရှိနေခဲ့ကြခြင်း ဖြစ်သည်။

"ဟူး..."

အကြီးအကဲ လျိုရှီချန်းသည် မျက်လုံးများကို မှိတ်ကာ သက်ပြင်းတစ်ချက် တိုးညှင်းစွာ ချလိုက်မိသည်။

ရှန်းယီသည် အရည်အချင်းရှိသည်ဟု သူ တွေးခဲ့သော်လည်း၊ ဤမျှအထိ ဖြစ်လိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။

လအနည်းငယ်အတွင်းမှာပင်၊ သူ၏ မျက်စိရှေ့မှောက်မှာပင် ရှန်းယီသည် ပြန်လည်မွေးဖွားလာသောမသေမျိုးတစ်ပါးကဲ့သို့ အသွင်ကူးပြောင်းသွားခဲ့ပြီး၊ သာမန်နတ်ဘုရားစိတ်ဝိညာဉ်အဆင့်မှသည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း၏ အထွတ်အထိပ်သို့ နီးကပ်သော နယ်ပယ်အထိ တိုက်ရိုက် ပျံတက်သွားကာ၊ လျိုရှီချန်းပင်လျှင် အံ့ဩလောက်အောင် အစွန်းရောက်သည့် စွမ်းအားမျိုးကို ပြသခဲ့သည်။

ဂိုဏ်းချုပ်ချင်း ပြန်လည်မွေးဖွားလာပြီလား။

လျိုရှီချန်း မျက်လုံးများကို ပြန်ဖွင့်လိုက်၏။ နန်ဟုန် သားတော်ခုနစ်ပါးထဲတွင် တစ်ချိန်က အားကိုးရဆုံးသော ထိုဂိုဏ်းချုပ်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံရသဖြင့် တစ်စုံတစ်ခုသောအစီအမံများကို ချန်ထားခဲ့ပြီး၊ အနှစ်တစ်သိန်းကြာမှ ပြန်လည်မွေးဖွားလာကာ ယခု ဂိုဏ်းချုပ်ရှန်းအဖြစ် ပြန်ရောက်လာခြင်းများလော။

သို့မဟုတ် နန်ယန်ရတနာနယ်မြေ၏ အရှိန်အဝါကိုယ်တိုင်က မိမိကိုယ်မိမိကယ်တင်ရန် ကြိုးစားရင်း ယခု ဂိုဏ်းချုပ်ရှန်း ဖြစ်လာစေရန် ပေါင်းစည်းပေးလိုက်ခြင်းလော။

စစ်မြေပြင်များမှ တိုက်ခိုက်လာခဲ့သော ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူတစ်ဦးအနေဖြင့် လျိုရှီချန်းသည် ဘဝအကြောင်းကို သိသည်။

ကံကြမ္မာအကြောင်းကို သိသည်၊ သို့သော် သူသည် ယင်းတို့ကို တစ်ခါမျှ မယုံကြည်ခဲ့ဖူးပေ။

ထိုအရာများသည် တည်ရှိသော်လည်း တစ်စုံတစ်ယောက်ကိုသာ အထူးတလည် မျက်နှာသာပေးလေ့ မရှိပေ။

မဟုတ်ပါက ခရမ်းရောင်ဟုန်မုန့်ချီ၏ အကာအကွယ်ကို ရရှိထားသော ပါရမီရှင်အများစုမှာ အဘယ်ကြောင့် သူတို့၏ ထွန်းတောက်ချိန်တွင် ကျဆုံးကုန်ကြရသနည်း။

သို့သော် ယခုမူ၊ သူသည် ယင်းကို အတိုင်းအတာတစ်ခုအထိ ရုတ်တရက် ယုံကြည်သွားမိတော့သည်။

မဟုတ်ပါက ဤမင်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသောပုံရိပ်သည် သူ့ကို အဘယ်ကြောင့် အဆက်မပြတ်တုန်လှုပ်မှုများ ပေးနေရသနည်းဆိုသည်ကို ရှင်းပြရန် အလွန် ခက်ခဲလှပေလိမ့်မည်။

အင်အားကို ဘေးဖယ်ထားလျှင်ပင် နန်ယန်ရတနာနယ်မြေမှ ကျင့်ကြံသူများသည် ဂိုဏ်းချုပ်ရှန်းအပေါ် အဘယ်ကြောင့် ထိုမျှအထိ အထင်ကြီးလေးစားမှုများ ရှိနေကြသနည်းဆိုသည်ကို အကြီးအကဲလျို ယခုမှပင် နားလည်သွားတော့သည်။

မိမိ၏ သေဆုံးမည့်အချိန်ကို လက်ခံထားရသော အခိုက်အတန့်တွင်၊ ဤပုံရိပ်သည် တည်ငြိမ်သော ခြေလှမ်းများဖြင့် ဝင်ရောက်လာကာ ဘေးအန္တရာယ်လမ်းကြောင်းကို တည်ငြိမ်စွာ ကြားဖြတ်တားဆီးပေးခဲ့ပုံမှာ... ထိုပုံရိပ်ကို မေ့ပျောက်ရန် အမှန်တကယ်ပင် ခက်ခဲလှပေ၏။

သူသည် ရှန်းယီဆီသို့ လျှောက်သွားကာ လက်ယှက်ကာ ပြောလိုက်သည်။ "အကြီးအကဲလျိုမှာ ဂိုဏ်းချုပ်ရှန်းကို မေးစရာ မေးခွန်းတစ်ခု ရှိပါတယ်။အဲ့ဒီ ချိပ်ပိတ်ထားတဲ့ အမိန့်စာလွှာက ဂိုဏ်းချုပ်ဆီမှာ ရှိနေသေးလား"

All Chapters