← Chapters

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

CHAPTER 406 အဆိုးရွားဆုံး နည်းလမ်းတွေနဲ့ ပြန်ပေးဆပ်ရမယ်

နတ်ဆိုးဧကရာဇ်သည် စကြဝဠာထဲတွင် ထိပ်သီးပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်ကို လူတိုင်း သိထားကြသည်။

များစွာသော သတ္တဝါများက သူ့အား သူတို့၏ အရှင်သခင် အဖြစ် မှတ်ယူထားကြသည်။ များစွာသော နတ်ဘုရားများနှင့် နတ်ဆိုးများက သူ့ကျေးကျွန်တွေထဲက တစ်ယောက် ဖြစ်ချင်ခဲ့ ကြသည်။

နတ်ဆိုးဧကရာဇ်နှင့် ပတ်သတ်သည့် ဒဏ္ဍာရီများနှင့် ယုံတမ်းပုံပြင် များစွာ ရှိသည်။

*သူက ဘာလို့ ဒီရောက်နေတာလဲ*

ထိတ်လန့်စရာကောင်းလှသည်။

ကျွီရာသည် မျက်ခုံးတလှုပ်လှုပ် ဖြစ်လာကာ နဖူး၌ ချွေးများ စို့လာသည်။ နတ်ဆိုးအိုကြီး ဘက်ခါက ယဲ့ဖန်ကို အဘယ်ကြောင့် သခင်ကြီးဟု ခေါ်နေသလဲဆိုတာကို သူ နားလည်သွားရသည်။

ထိုအချိန်ကတည်းက ထိုလူက နတ်ဆိုးဧကရာဇ် ဖြစ်သည် ဆိုတာကို သူ ရိပ်မိခဲ့သင့်သည်။ ထိုကဲ့သို့ ဒဏ္ဍာရီ ပုဂ္ဂိုလ်အား သူ သတ်ချင်ခဲ့သည်ကို ပြန်အမှတ်ရမိပြီး ကျွီရာ တစ်ကိုယ်လုံး တုန်ယင်ကာ မေ့လဲမတတ် ဖြစ်နေ၏။ ထို့နောက် သူ မြေကြီးပေါ် လဲကျသွားသည်။

သူ့နည်းတူ လူနှစ်ယောက်သည်လည်း ကြောက်လန့်ကာ မြေကြီးပေါ် လဲကျသွားသည်။ ထိုနှစ်ယောက်သည် ကူးယန်နှင့် ကူးထျန်းတို့ပင် ဖြစ်သည်။

သူတို့၏ ဘောင်းဘီခွကြားမှ ကျင်ငယ်ရည်များ စိမ့်ထွက် လာသည်။ သူတို့နှစ်ယောက်လုံး၏ မျက်နှာများ ပြာနှမ်းနေ ကြသည်။

“နတ်ဆိုး … နတ်ဆိုးဧကရာဇ်တဲ့။ ဘယ်လိုလုပ် သူက …”

ကူးယန် နားဝေတိမ်တောင် ဖြစ်နေကာ နားနှင့်ဆတ်ဆတ် ကြားလိုက်ရသည့် စကားများကို မယုံကြည်နိုင် ဖြစ်နေ၏။

ယဲ့ဖန်သည် သိပ်မကြာခင်အချိန်က သူ့မျက်လုံးထဲတွင် နိမ့်ကျသော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်ခဲ့သည်။

ထို့နောက်တွင် သူ၏ ဦးလေးအရင်းခေါက်ခေါက် ဖြစ်သူ ကူးဖုန်းက ယဲ့ဖန်ရှေ့ ဒူးထောက်ခဲ့သဖြင့် သူ အလွန် ထိတ်လန့်ခဲ့ရသည်။

ယဲ့ဖန်က ဂြိုဟ်ခေါင်းဆောင် လေးယောက်လုံးကို ထိခိုက်အောင် လုပ်ခဲ့စဉ်ကလည်း သူ ထပ်မံ၍ ထိတ်လန့်ခဲ့ ရပြန်သည်။

သို့သော် ယခုအခါတွင် ဆာရိုဂြိုဟ်နယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းသော လောကသခင်တောင်မှ ထိုလူရှေ့တွင် ဒူးထောက်၍ သေးငယ်သော ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ ပြုမူနေ၏။

ကူးယန် သေမတတ် ကြောက်လန့်သွားသည်။ ကူးထျန်း သည်လည်း မျက်ဖြူလန်ကာ ချက်ချင်း သတိလစ်သွားသည်။

သူ အထင်သေးထားသည့် သူ၏ အစ်ကိုနှင့် ညီမတို့က နတ်ဆိုးဧကရာဇ်အား သူတို့၏ ကျောထောက်နောက်ခံအဖြစ် ရထားလိမ့်မည်ဟု ကူးထျန်း လုံးဝ ထင်မှတ်မထားခဲ့မိပါ။

“မဟုတ်ဘူး၊ မဟုတ်ဘူး”

ထိုအချိန်တွင် ကျွီရာသည် ရုတ်တရက် မြေကြီးပေါ် လဲကျနေရာမှ ပြန်ထလာသည်။ ထို့နောက် ကျွီရာသည် ဆာရိုဂြိုယ်နယ်မြေ၏ လောကသခင် ဂရေးထူအား ထိတ်ထိတ်ပျာပျာဖြင့် အော်ပြောလိုက်သည်။

“အရှင် သူက နတ်ဆိုးဧကရာဇ် ဖြစ်နေရင်တောင်မှ ဘာအရေးစိုက်စရာ လိုလို့လဲ။ ကျွန်တော်တို့က နတ်ဘုရားတွေဆိုတာကို မေ့မနေပါနဲ့ဦး”

“နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေက ရန်သူတွေပါ။ သူက အားနည်းနေတုန်းပါပဲ။ အကယ်၍ သူ့ကို ခင်ဗျား အခုမသတ်ဘူးဆိုရင် အခြား နတ်ဘုရား အင်အားစုတွေက ခင်ဗျားကို သတ်လိမ့်မယ်”

သူက သေမင်းခံတွင်းဝသို့ ရောက်လုနီးနီး ဖြစ်နေသည်ကို ကျွီရာ ရိပ်စားမိသည်။ သို့သော် သူသည် ဂရေးထူအား နတ်ဆိုးဧကရာဇ်ကို သတ်လာအောင် စည်းရုံး၍ သူ၏ အသက်ရှင်နိုင်မည့် အခွင့်အရေးကို သူ ဖန်တီးနေသည်။

*ဟမ်*

ကျွီရာ၏ စကားကြောင့် ကူးယန် ချက်ချင်း စိတ်အားတက် လာသည်။

*ဟုတ်သားပဲ*

*လောကသခင်က ယဲ့ဖန်ကို သတ်လာအောင် ငါ စည်းရုံး နိုင်သရွေ့ ငါ အသက်ရှင်နိုင်မယ့် အခွင့်အရေးကို ရှာတွေ့နိုင် သေးတာပဲ*

ထို့ကြောင့် ကူးယန် ပါးစပ်ဟရန် ကြံလိုက်သည်။

ဖြောင်း!

ထိုစဉ် သူသည် အသံတစ်သံကို ကြားလိုက်ရသည်။ ကူးယန် မော့ကြည့်လိုက်သောအခါ ဂရေးထူက ရုတ်တရက် ထရပ်ကာ ကျွီရာအား သူ့လက်ဖဝါးဖြင့် ရိုက်နှက် လိုက်သည်ကို မြင်လိုက်ရသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ကူးယန် မိုးကြိုးပစ်ချခံ လိုက်ရသလို လုံးဝ မှင်တက်သွားသည်။

ထို့နောက်တွင်မူ ဂရေးထူက ကျွီရာအား ခွေးတစ်ကောင် အမြီးတက်နင်းခံလိုက်ရသကဲ့သို့ ဒေါသတကြီး စိုက်ကြည့်ကာ မာန်မဲလိုက်သည်။

“မျိုးမစစ်ကောင် …. မင်းကများ နတ်ဆိုးဧကရာဇ်ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ။ မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

“လောကသခင် ခင်ဗျား ….”

ကျွီရာသည် အလွန် ကြောက်လန့်ကာ အကြီးအကျယ် စိတ်ပျက်သွားသည်။

နတ်ဘုရားများ၏ လောကသခင်က နတ်ဆိုးဧကရာဇ်နှင့် ပတ်သက်၍ သိပ်အရေးစိုက်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားမိပါ။

*ဒါ … မဖြစ်နိုင်ဘူးလေ*

သို့သော် ကျွီရာ မသိခဲ့သည်က ဂရေးထူသည် နတ်ဆိုး ဧကရာဇ်နှင့် ကမ္ဘာဂြိုဟ်ပေါ်၌ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပြီးပြီ ဆိုတာကိုပင်။

ထိုစဉ်အခါက အမှောင်ဘုရင်သည် ဂရေးထူ၏ ကိုယ်ပွားအား လက်ချောင်းနှစ်ချောင်းဖြင့် သတ်ခဲ့သည်။

ယဲ့ဖန်ကို ထိခိုက်အောင် သူ လုပ်ခဲ့လျင် အမှောင်ဘုရင်နှင့် စကြဝဠာတွင်း လူစုကွဲနေသည့် အခြား ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုးများက သူ့ကို တစ်စစီဆွဲဖြဲ၍ သူ၏ ကလန်တစ်ခုလုံးကို သုတ်သင်ပစ်လိမ့်မည်ကို ဂရေးထူ ကောင်းကောင်းကြီး သိနေသည်။

ယခုအချိန်၌ ဂရေးထူသည် ကျွီရာအား မျက်လုံးကျွတ် ထွက်မတတ် ပြူးကြည့်ကာ ပြောလိုက်သည်။

“ခွေးသူတောင်းစား၊ ဒီလူအိုကြီးက မင်းကို အစောကြီး ကတည်းက သတ်ခဲ့သင့်တာ”

ဂရေးထူက ဒေါသူပုန်ထနေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ မာန်မဲနေ၏။

“မင်းမှာ အသိတရား လုံးဝမရှိဘူးလားကွ။ မင်း ယောကျ်ား တစ်ယောက်ဆိုတာ ဘယ်လိုမျိုး နေထိုင်သင့်သလဲ ဆိုတာကို မင်း မသိဘူးလား”

“မင်း ဘာလို့ နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲမှာ ဝင်ပါခဲ့တာလဲ။ မင်း သေသင့်တယ်။ မင်း သေကိုသေသင့်တယ်”

“အဲ့ဒီနတ်ဆိုးတွေက သနားစရာ မကောင်းခဲ့ဘူးလား။ အဲ့နတ်ဆိုးတွေက ချစ်စရာမကောင်းခဲ့ဘူးလား။ မင်းလိုမျိုး ပါးကွက်သားက သူတို့ကို သတ်နိုင်ခဲ့ရတာလဲ’

နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲ၌ ပါဝင်ခဲ့သည့် ကျွီရာ၏ အပြုအမူက သစ္စာဖောက်သော အပြုအမူ ဖြစ်နေဟန်ဖြင့် ယခုအချိန်တွင် ဂရေးထူသည် ငိုလုမတတ် ဖြစ်နေသည်။

*သောက်ကျိုးနည်း*

ကျွီရာ နားဝေတိမ်တောင် ဖြစ်သွားရသည်။ ကူးယန် သည်လည်း ကြောင်အသွားရ၏။

သူတို့သည် နတ်ဘုရား လူသားများသာ ဖြစ်သည်။ သို့သော် သူတို့၏ လောကသခင်က နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲအကြောင်းကို သူ့အဖေ ထိုစစ်ပွဲ၌ သေသွားသည့် ဟန်ဖြင့် အသားကုန် ဟစ်အော်၍ ပြောနေသည်။

ကူးရှုံးနှင့် ကူးမိန်တို့တောင်မှ ထိတ်လန့်သွားကြသည်။ ဂရေးထူက ယဲ့ဖန်ကို အစွမ်းကုန် မျက်နှာလုပ်၍ ဖားနေမှန်း သူတို့ ရိပ်မိသည်။

ဆာရိုဂြိုဟ်နယ်မြေ၏ သေခြင်းတရားကို ယူဆောင်လာသူ ဂရေးထူက ယဲ့ဖန်ရှေ့တွင် နှိမ့်ချသော အမူအရာဖြင့် ပြုမူနေသည်ကို ကြည့်ပြီး ကူးရှုံးနှင့် ကူးမိန်တို့ ယဲ့ဖန်အား စိတ်ရှုပ်ထွေးနေသော အမူအရာများဖြင့် ငေးကြည့် မိကြသည်။

“နတ်ဆိုးဧကရာဇ် အရှင်မင်းမြတ်၊ ကျေးဇူးပြုပြီး ဒီသုံးယောက်ကို အရှင့်သဘောကျ စီမံလိုက်ပါ”

ဂရေးထူက ရိုသေမှုအပြည့်ဖြင့် ယဲ့ဖန်ရှေ့ ဒူးတစ်ဘက် ထောက်ကာ ပြောလိုက်သည်။ ဂရေးထူ၏ စကားကို ကြားပြီးနောက် ယဲ့ဖန်က နှုတ်ခမ်းကို တွန့်၍ ပြုံးကာ ပြောလိုက်သည်။

“နတ်ဆိုးရှစ်ကောင်”

“ဒီမှာပါ”

နတ်ဆိုးရှစ်ကောင်လုံး လူအုပ်ထဲမှ လျင်မြန်စွာ ထွက်လာပြီး ဒူးတစ်ဘက်ထောက်လာသည်။ ယဲ့ဖန် ထပ်ပြောလာသော စကားက သူတို့အား တက်ကြွသွားစေသည်။

“နတ်ဆိုးအိုကြီး ဘက်ခါရဲ့ စိတ်ဝိညာဉ် ဘယ်ရောက်နေသလဲ ဆိုတာကို အရက်စက်ဆုံး နည်းလမ်းတွေနဲ့ စစ်ဆေး မေးမြန်းပြီးတော့ နတ်ဆိုးတွေကို သတ်ခဲ့တဲ့သူတွေကို အဆိုးရွားဆုံး နည်းလမ်းတွေနဲ့ ပြန်ပေးဆပ်ခိုင်းလိုက်”

“အမိန့်အတိုင်းပါ သခင်ကြီး”

နတ်ဆိုးရှစ်ကောင်လုံး အလွန် စိတ်လှုပ်ရှားနေကြသည်။

လက်တုံ့ပြန်ခြင်း။ နောက်ဆုံးတော့ လက်တုံ့ပြန်မယ့် အချိန်ကို ရောက်လာချေပြီ။

ထို့နောက် နတ်ဆိုးရှစ်ကောင်လုံးက မတ်တပ်ရပ်ကာ ကျွီရာထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။

“မလုပ်နဲ့”

ကျွီရာ သေမတတ် ကြောက်လန့်နေသည်။ သူ၏ ခန္ဓာကိုယ် တစ်ဝက်သည် စုတ်ပြတ်နေ၏။ သူသည် နောက်ဆုံးသော ဝင်လေ၊ထွက်လေကို ရှူနေရသည်။

ကျွီရာသည် သေခြင်းတရားကို စောင့်မျှော်နေရုံသာ တတ်နိုင် တော့သည်။

သူ စ၍ အော်ဟစ်လိုက်သည်နှင့် လက်ခြောက်ချောင်း နတ်ဆိုးက ချက်ချင်း သူ့လက်မောင်းကို ဖမ်းဆွဲကာ အားနှင့် ဆွဲဖြုတ်လိုက်သည်။

ဂျွတ်ခနဲ အသံနှင့်အတူ သူ့လက်မောင်းတစ်ဖက် လွင့်ထွက် သွားပြီး သွေးများ ပန်းထွက်လာ၏။ ယခုအချိန်၌ ကျွီရာသည် မခံမရပ်နိုင်ဖြင့် ငယ်သံပါအောင် အော်ဟစ်နေရသည်။

တစ်ချိန်တည်းမှာပင် ကူးဖုန်းသည် ကူးယန်ထံသို့ လှမ်းလာနေ၏။ ကူးရှုံးနှင့် ကူးမိန်တို့သည့်လည်း ယခုလေးတင် သတိပြန်လည်လာသည့် ကူးထျန်းထံသို့ လျှောက်သွားသည်။

တစ်လှမ်းပြီးတစ်လှမ်း။

ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းက ကူးယန်နှင့် ကူးထျန်းတို့အား သူတို့၏ အသက်အတွက် ပို၍ ကြောက်လန့် လာစေသည်။

ဘုန်းခနဲ အသံနှင့်အတူ ငကြောက်နှစ်ယောက်သည် ချက်ချင်း ဒူးထောက်ကာ ကူးဖုန်း၊ ကူးရှုံးနှင့် ကူးမိန်တို့အား အသားကုန် တောင်းပန်လေတော့သည်။

“ဦးလေး၊ ကျွန်တော့်ကို ချမ်းသာပေးပါဗျာ။ ကျွန် … ကျွန်တော် ဦးလေးလိုပဲ နတ်ဆိုးဧကရာဇ်အပေါ်မှာ သစ္စာရှိ ပါ့မယ်လို့ ကတိပေးပါတယ်။ ကျွန်တော် သေရင်တောင်မှ အဲ့လိုဆုံးဖြတ်ခဲ့တဲ့ ကျွန်တော့် ဆုံးဖြတ်ချက်အတွက် နောင်တရမှာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို တစ်ခါလောက် အခွင့်အရေး ပေးပါ”

“အစ်ကိုကြီး၊ ညီမလေး၊ ငါတို့က မိသားစုတွေလေ။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးဖို့ နတ်ဆိုးဧကရာဇ်ကို တောင်းဆိုပေးပါကွာနော်။ ငါ မှားသွားပါတယ်။ ငါ တကယ် မှားသွားပါတယ်”

ယခုအချိန်၌ ကူးယန်နှင့် ကူးထျန်းတို့သည် အလွန် နောင်တရနေကြသည်။ အကယ်၍ သူတို့သာ ကူးဖုန်း၊ ကူးရှုံးနှင့် ကူးမိန်တို့ကဲ့သို့ တူညီသော ဆုံးဖြတ်ချက်မျိုး ပြုလုပ်ခဲ့ပါက သူတို့သည် နတ်ဆိုးဧကရာဇ်၏ ဘေး၌ ဂုဏ်ယူ ဝင့်ကြွားစွာ ရပ်နေနိုင်မည် ဖြစ်ပြီး လောကသခင်နှင့် အခြားသိုင်းပညာရှင်များ၏ လေးစားမှုကို ခံယူနိုင် ပေလိမ့်မည်။

သို့သော် ယခုအခါတွင် သူတို့သည် လမ်းဘေးခွေးများကဲ့သို့ ခွင့်လွှတ်ပေးပါရန် တောင်းပန်နေရသည်။

“မင်းကို ခွင့်လွှတ်ပေးရမယ် ဟုတ်လား”

ကူးဖုန်းက တင်းမာသော အကြည့်များဖြင့် ပြောလိုက်သည်။

“ကူးဖုန်း မင်း ငါ့ကို ရိုက်စားလုပ်ခဲ့တဲ့အတွက် မင်းကို ငါ အပြစ်မတင်ဘူး၊ ဘာလို့လဲဆိုတော့ ငါတို့က မိသားစုတွေ မို့လိုပဲ။ ဒါပေမယ့် မင်း သူ့ကို ထိခိုက်အောင် မလုပ်ခဲ့သင့်ဘူး၊ ဘာကြောင့်လဲဆိုတော့ သူက ငါ့သခင်ကြီး ဖြစ်နေလို့ပဲ”

ကူးဖုန်း၏ စကားကို ကြားပြီးနောက် ကူးယန် ချက်ချင်း မှင်တက်သွားသည်။ ထို့နောက် သူ ဖြည်းဖြည်းချင်း ခေါင်းမော့ ကြည့်လိုက်သည်။

ရွှစ်!

ထိုစဉ် အေးစက်စက် အလင်းတန်းတစ်ခု လှစ်ခနဲ ဖြတ်သွားသည်။ ထို့နောက်တွင်မူ ကူးယန်၏ လည်ပင်းမှ သွေးများ ပန်းထွက်လာပြီး နားဝေတိမ်တောင် ဖြစ်နေသော မျက်နှာထားမျိုး ဖြစ်နေသည့် သူ၏ ဦးခေါင်းသည် မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။

ဤမျှ သွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်ပြီး ကူးထျန်း ကြောက်လန့်ကာ တုန်ယင်သွားသည်။

သူ ပါးစပ်ဟ၍ တစ်ခုခု ပြောရန် ကြံလိုက်ချိန်တွင် ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရသည်။

“ပါးစပ် ပိတ်ထား”

ထို့နောက်တွင် ကူးရှုံးက ကူးထျန်း၏ ဦးခေါင်းအား ခြေထောက်ဖြင့် နင်းချေလိုက်သည်။

CHAPTER 407 နဂါးငွေ့တန်း အင်ပါယာ ဧကရာဇ်၏ အမိန့်

ဆာရိုဂြိုဟ်နယ်မြေ၌ ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ကူးလန်ဂြိုဟ်၊ ခမ်းကလန်ဂြိုဟ်၊ ကျွီရာဂြိုဟ်၊ ဥဒေါင်း ဂြိုဟ်နှင့် မီးခြင်္သေ့ဂြိုဟ်တို့၏ ဂြိုဟ်ခေါင်းဆောင်များ ညတွင်းချင်း ပြောင်းသွားခဲ့သည်။

ယခင် ဂြိုဟ်ခေါင်းဆောင်များ၏ အိမ်တော်များ တစ်ညတည်းနှင့် သုတ်သင်ခံလိုက်ရသည်။ မည်သူမျှ အသက်ရှင် ကျန်ရစ်ခြင်း မရှိပေ။

ကူးဖုန်းသည် ဂြိုဟ်ငါးခု၏ ခေါင်းဆောင်အသစ် ဖြစ်လာသည်။ သူ၏ အရည်အချင်းရှိသော လက်ထောက် များသည် ကူးရှုံးနှင့် ကူးမိန်တို့ ဖြစ်သည်။

ထို့အပြင် ဂြိုဟ်ငါးခုတွင် ဘာတွေ ဖြစ်ပျက်သွားခဲ့သလဲ ဆိုတာနှင့် ဂြိုဟ်ခေါင်းဆောင် ငါးယောက်ကို သတ်လိုက်သူက မည်သူလဲဆိုတာကို ဆာရိုဂြိုဟ်နယ်မြေ တစ်ဝိုက်မှ မည်သူမျှ ပြောဆိုခွင့်မရှိချေ။ ဂြိုဟ်ခေါင်းဆောင် ငါးယောက်၏ သေဆုံးမှုက ဆာရိုဂြိုဟ်နယ်မြေ၌ အဆန်းကြယ်ဆုံးသော ရာဇဝတ်မှု ဖြစ်လာသည်။

…

ထိုသို့သောအချိန်တွင် ဂ‌ရေးကလန်၌ နတ်ဆိုးအိုကြီး ဘက်ခါသည် တန်ဖိုးကြီးသော ခြံဝန်းအတွင်းရှိ မြေကြီးပေါ်၌ ငူငိုင်ငိုင်နှင့် ထိုင်နေသည်။

သူ၏ မျက်လုံးများသည် တောက်ပခြင်း မရှိတော့ချေ။ ထို့ကြောင့် သူသည် ငေးငိုင်၍ စိတ်ရှုပ်နေသော မျက်နှာထား ပြန်ဖြစ်သွားသည်။

သူသည် စိတ်ဝိညာဉ် မရှိဘဲ ရှင်လျက်နှင့် သေနေသော ဖုတ်ကောင်ကဲ့သို့ လမ်းလျှောက်နေသည်။ နတ်ဆိုးအိုကြီး ဘက်ခါ၏ စိတ်ထိခိုက်နေသော အမူအရာကို ကြည့်ရင်း ယဲ့ဖန်သည်‌ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ငါတို့ ဘက်ခါရဲ့ စိတ်ဝိညာဉ်ကို ရှာတွေ့မှ ဖြစ်မယ်၊ မဟုတ်ရင် သူ တစ်သက်လုံး ဒီအတိုင်း နေသွားရလိမ့်မယ်”

ထို့နောက် ယဲ့ဖန်သည် နတ်ဆိုးရှစ်ကောင်အား စိုက်ကြည့်၍ ပြောလိုက်သည်။

“ကျွီရာက သူ မသေခင် ဘက်ခါရဲ့ စိတ်ဝိညာဉ် ဘယ်မှာရှိလဲဆိုတာ ပြောသေးလား”

ယဲ့ဖန်၏ စကားကို ကြားသည်နှင့် နတ်ဆိုးရှစ်ကောင်သည် ကပျာကယာနှင့် ကိုယ်ကိုရို့လိုက်ပြီး သူတို့ထဲက တစ်ယောက်က ပြန်ဖြေလိုက်သည်။

“သခင်ကြီး။ ကျွီရာက နတ်ဆိုးကပ္ပတိန်ရဲ့ စိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ကနေ ခွဲထုတ်ပြီးတော့ သူ့ခန္ဓာကိုယ်ကို အလောင်းကောင်ကျွန် အဖြစ် မွမ်းမံခဲ့တယ်လို့ ပြောပါတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်ကိုတော့ စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်မှာ ဈေးကြီးကြီးနဲ့ ရောင်းလိုက်တယ်လို့ ပြောပါတယ်”

*စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်*

ထိုနာမည်ကို ကြားသည်နှင့် ယဲ့ဖန် မျက်မှောင် ပိုကြုတ်သွားသည်။ လက်ခြောက်ချောင်း နတ်ဆိုးက ယဲ့ဖန်ကို ခပ်သွက်သွက် ရှင်းပြလိုက်သည်။

“စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ကို နဂါးငွေ့တန်း အင်ပါယာက မပိုင်ပါဘူး။ အဲ့ဒါက သီးခြားဂြိုဟ်တစ်ခုပါ။ အဲ့ဂြိုဟ်က အရမ်း ကြောက်ဖို့ကောင်းပါတယ်။ အဲ့ဂြိုဟ်မှာ သိုင်းပညာရှင်တွေ အများကြီး ရှိတယ်လို့ ပြောကြပါတယ်။ ကမ္ဘာခြား မုဆိုးတွေက အဲ့မှာ သူတို့ ရလာတဲ့ စိတ်ဝိညာဉ်တွေကို ပြန်ရောင်းကြတာပါ”

“ဂြိုဟ်ပေါ်မှာ စိတ်ဝိညာဉ် တိုက်ပွဲပြိုင်ကွင်းတွေ ရှိပါတယ်။ စိတ်ဝိညာဉ်တွေက အဲ့ပြိုင်ကွင်းထဲမှာ တစ်ခုနဲ့တစ်ခု ရက်ရက်စက်စက် တိုက်ခိုက်ကြရပါတယ်။ အင်အား အကြီးဆုံး စိတ်ဝိညာဉ်တွေသာ အသက်ရှင်ကျန်ရစ်တာပါ။ အဲ့ဒါကြောင့် အဲ့မှာရှိတဲ့ စိတ်ဝိညာဉ်တွေက အတော်လေး သန်မာကြပါတယ်။ အဲ့ဂြိုဟ်မှာ စိတ်ဝိညာဉ် တိုက်ခိုက်ခြင်း ဘုရင်များစွာ ရှိပါတယ်”

လက်ခြောက်ချောင်း နတ်ဆိုး၏ စကားများကို နားထောင်ပြီးနောက် ယဲ့ဖန်နှင့် အခြားသူများအားလုံး ချက်ချင်း မျက်နှာထား တင်းမာလာကြသည်။

အကယ်၍ ဘက်ခါ၏ စိတ်ဝိညာဉ်သာ ထိုဂြိုဟ်၌ ရောင်းချခံလိုက်ရပါက သူ၏ စိတ်ဝိညာဉ်က အသက်ရှင် သေးသလား ဒါမှမဟုတ် သေသွားပြီလား ဆိုသည်ကို မည်သူမျှ သေချာမသိနိုင်ပေ။

ထိုအချိန်၌ ခြေသံများ ထွက်ပေါ်လာပြီးနောက် ဆာရိုဂြိုဟ် နယ်မြေ၏ လောကသခင် ဂရေးထူက ခြံဝန်းထဲသို့ ခပ်သွက်သွက် ပြေးလာသည်။

“နတ်ဆိုးဧကရာဇ် အရှင်မင်းမြတ်”

ယဲ့ဖန်နှင့် မျက်နှာချင်းဆိုင်လိုက်မိသည်နှင့် ဂရေးထူက ကိုယ်ကိုရို့လိုက်သည်။ ဤသည်ကို ကြည့်၍ ယဲ့ဖန်၏ မျက်လုံးများက တလက်လက် တောက်ပလာသည်။

ဂရေးထူသည် အရေးကြီးကိစ္စသာ မရှိပါက သူ့ကို မနှောင့်ယှက်ရဲသည်ကို သူ သိသည်။ ထို့ကြောင့် ယဲ့ဖန် သူ့ကို ချက်ချင်း စကားစလိုက်သည်။

“ဘာကိစ္စရှိလို့လဲ”

“အရှင်မင်းမြတ် နဂါးငွေ့တန်း ဧကရာဇ်ရဲ့ ကိုးယောက် မြောက် တော်ဝင်သခင်က ဆာရိုဂြိုဟ်နယ်မြေကို ရောက်လာ ပါတယ်”

ထို့နောက် ဂရေးထူက တလေးတစားနှင့် ဆက်ပြော လိုက်သည်။

“ဒီကျွန်အိုကြီးက အရှင်မင်းမြတ်ကို ကိုးယောက်မြောက် တော်ဝင်သခင်ကို ကြိုဆိုတဲ့ ညနေခင်း စားသောက်ပွဲကို တက်ရောက်ပေးစေချင်ပါတယ်”

*ကိုးယောက်မြောက် တော်ဝင်သခင်*

ထိုအမည်နာမကို ကြားပြီး ယဲ့ဖန် မျက်မှောင်ကြုတ် သွားသည်။ ကိုးယောက်မြောက် တော်ဝင်သခင်က နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံးကို အုပ်ချုပ်သူ ဧကရာဇ်၏ ညီတော်မှန်း သူ သိသည်။

သို့သော် ဘာကြောင့် ဂရေးထူက ပွဲတက်ရန် ဖိတ်ရသနည်း ဆိုတာကို သူ နားမလည်သေးပေ။

ဂရေးထူက ယဲ့ဖန် ဇဝေဇဝါ ဖြစ်သွားသည်ကို သတိထားမိပြီး ခပ်မြန်မြန် ရှင်းပြလိုက်သည်။

“အစတုန်းကတော့ ဒီကျွန်အိုကြီးက အရှင်မင်းမြတ်ရဲ့ ကျင့်ကြံခြင်းကို မနှောင့်ယှက်ရဲပါဘူး။ ဒါပေမယ့် ကိုးယောက်မြောက် တော်ဝင်သခင်ရဲ့ အလည်လာခြင်းက အရှင်မင်းမြတ်နဲ့ ပတ်သက်နေလို့ပါ”

ဂရေးထူက ယဲ့ဖန်ကို အချိန်ကြာကြာ စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။

“သူက ကမ္ဘာဂြိုဟ်ကို လိုက်ရှာနေပါတယ်”

*ဘာ*

သူ့စကားအဆုံးတွင် ယဲ့ဖန်၏ မျက်နှာက မီးပွင့်မတတ် ဖြစ်လာသည်။

*ကမ္ဘာဂြိုဟ်*

ထိုနာမည်သည် စကြဝဠာထဲမှ သိုင်းပညာရှင်များအတွက် အလွန် ထူးဆန်းနေ၏။ ဆာရိုဂြိုဟ်နယ်မြေမှ သိုင်းပညာရှင် များသည် အလွန်ဆုံး နေအဖွဲ့အစည်းကိုသာ သိရှိကြသည်။ သူတို့ ကမ္ဘာဂြိုဟ်နှင့် ပတ်သက်၍ တစ်ခါမှ မကြားခဲ့ဖူးပေ။

ယခု ကိုးယောက်မြောက် တော်ဝင်သခင်က ‘ကမ္ဘာဂြိုဟ်’ အကြောင်း ပြောဆိုလာသဖြင့် ယဲ့ဖန်၏ ပျောက်ဆုံးနေသော မိတ်ဆွေများနှင့် ပတ်သက်၍ သူ သေချာပေါက် စုံစမ်း မေးမြန်းလို့ ရနိုင်လောက်သည်။

ထိုအခါတွင် ယဲ့ဖန် စိတ်လှုပ်ရှားလာသည်။

…

ဂရေးဂြိုဟ်သည် အမှောင်ထဲရောက်နေသည်မှာ နှစ်နဲ့ချီ ကြာခဲ့လေပြီ။ သို့သော် ဂြိုဟ်ပေါ်၌ အမှောင်ထု မရှိသော မြို့တစ်မြို့ ရှိသည်။

ထိုမြို့၏ ကြီးမားသော ခန်းမအတွင်း၌ လူများစွာတို့ဖြင့် ပြည့်နှက်လျက် ရှိသည်။

စားပွဲဝိုင်းများတွင် အထူးတလည် စီမံထားသော အကောင်းစားဝိုင်များ နှင့်အတူ ထူးကဲသော သစ်သီးမျိုးစုံနှင့် ရှားပါးသားရဲများ၏ အသားများဖြင့် ချက်ပြုတ်ထားသော အရသာရှိသည့် အစားအသောက်များနှင့် ပြည့်နှက်နေသည်။

ယမကာများနှင့် ပန်းကန်တိုင်းတွင် ပြည့်နှက်နေသော အစားအသောက်များသည် အလွန် တန်ဖိုးကြီးလှသည်။ ဝိုင်တစ်ခွက်နှင့် အစားသောက် ပန်းကန်များသည် သိုင်းပညာရှင်တိုင်း၏ ပိုင်ဆိုင်မှုများထက် ပို၍ အဖိုးထိုက် တန်လှပေ၏။

ဂရေးကလန်၏ အင်အားစုများနှင့် ဂိုဏ်းသားများသည် ဆက်တိုက် ပျော်ရွှင်ရယ်မောနေကြပြီး ယမကာများ သောက်လျက် ရှိနေကြသည်။ ထို့ကြောင့် ခန်းမထဲမှ လေထုသည် တက်ကြွလန်းဆန်းလျက် ရှိသည်။

သို့သော် လူများစွာသည် ဂရေးကလန်၏ ဘိုးဘေးဖြစ်သူ ဂရေးထူနှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်တို့ ဂရုတစိုက် စကားပြောဆိုနေသော အခန်းထောင့် တစ်နေရာသို့ မရည်ရွယ်ဘဲ လှမ်းလှမ်းကြည့် မိကြပြီး သခင်ကြီး အစစ်က ဂရေးထူ မဟုတ်ဘဲ အနက်ရောင်ဝတ်စုံနှင့် လူငယ်သာ ဖြစ်သည်ဟု ထင်နေမိ ကြသည်။

ကျွီ!

ထိုစဉ် ခန်းမတံခါး ပွင့်လာပြီး လူတစ်စု ဝင်ရောက်လာသည်။ ရှေ့ဆုံးမှလူသည် အသက်သုံးဆယ် အရွယ်ရှိပြီး ဆံပင် ရွှေအိုရောင်ရှိ၍ မုတ်ဆိတ်မွှေး ရိတ်ထားသောကြောင့် ဧကရာဇ်တစ်ပါးကဲ့သို့ ခံ့ညားထည်ဝါနေကာ အံ့ဖွယ် ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်လျက် ရှိသည်။

သူ့နောက်မှ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အစိမ်းရောင် အသားအရေနှင့် အဘိုးအို တစ်ယောက် လိုက်ပါလာသည်။ ထိုအနက်ရောင်ဝတ်စုံနှင့် အဘိုးအို၏ အနောက်မှ နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့် လေးယောက် ထပ်မံ၍ လိုက်ပါလာသည်။

ထိုအသက်သုံးဆယ်အရွယ် အမျိုးသားကို မြင်သည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထို့နောက်တွင်မူ ဂရေးထူနှင့် အခြား ဂရေးကလန်သားများအားလုံး ကြမ်းပြင်ပေါ် ဝပ်တွား၍ ရိုသေသမှုဖြင့် ကျယ်လောင်စွာ နှုတ်ဆက် လာကြသည်။

“ကိုးယောက်မြောက် တော်ဝင်သခင်ကို အရိုအသေ ပေးပါတယ်”

သူတို့၏ အပြုအမူကို ကြည့်ပြီး အသက်သုံးဆယ်အရွယ် အမျိုးသားက ကျေနပ်သွားသလို ခေါင်းညိတ်လိုက်သည်။

နဂါးငွေ့တန်း အင်ပါယာ၏ ကိုးယောက်မြောက် တော်ဝင်သခင် ဖြစ်သော သူသည် ဤကဲ့သို့ အထူးတလည် အလေးထားခံရသင့်ပေသည်။

သို့သော် ထိုအချိန်တွင် ထောင့်နားမှ လူငယ်တစ်ယောက်က သူ့ကို လုံးဝ လေးစားခြင်းမရှိဘဲ အေးအေးဆေးဆေး ထိုင်၍ ဝိုင်ကို ဖြည်းဖြည်းချင်း သောက်နေသည်ကို ကိုးယောက်မြောက် တော်ဝင်သခင် သတိထားမိသွားသည်။

*ဟမ်*

ဤသည်ကို ကြည့်ပြီး ကိုးယောက်မြောက် တော်ဝင်သခင် ပီယား ချက်ချင်း မျက်မှောင်ကြုတ် သွားသည်။ တစ်စုံတစ်ယောက်က တော်ဝင်သခင် သို့မဟုတ် တော်ဝင် မျိုးနွယ်အား မရိုမသေပြုခြင်းကို ယခုမှ သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

*သူက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ*

“အတင့်ရဲလိုက်တာ”

ပီယားက ချက်ချင်း အော်ဟစ်လိုက်သဖြင့် ဂရေး ကလန်သားများ အားလုံး ကြောက်လန့်သွားသည်။

“ကိုးယောက်မြောက် တော်ဝင်သခင် ဘာများဖြစ်လို့ပါလဲ”

ဂရေးကလန်၏ ဘိုးဘေး ဇဝေဇဝါ ဖြစ်သွားသည်။ ကိုးယောက်မြောက် တော်ဝင်သခင်က ခန်းမထဲ ဝင်လာလာချင်းမှာပဲ ဒေါသတကြီး ပြုမူလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။

“ဘာဖြစ်လို့လဲ ဟုတ်လား”

ပီယားက အေးစက်ခက်ထန်သော မျက်လုံးများဖြင့် ပြန်မေးလိုက်ပြီး ရုတ်တရက် ထောင့်နားမှ ယဲ့ဖန်အား လက်ညှိုးထိုးကာ မေးလိုက်သည်။

“ဂရေးထူ မင်းက တော်‌တော် အတင့်ရဲတာပဲ။ မင်းရဲ့ ကလန်သားတွေက တော်ဝင်မျိုးနွယ်ကို မရိုမသေ လုပ်ရဲတယ်လား။ မင်း ဘာအမှားလုပ်မိသလဲဆိုတာ မင်း နားလည်ပြီလား”

ပီယား၏ စကားကြောင့် ဂရေးထူ တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် သူ မချိပြုံးပြုံးလိုက်မိသည်။ ယခုအချိန်၌ ပီယားက သေမင်းကို ရန်စနေမှန်း သူ ရိပ်မိလိုက်သည်။ သူက ဘယ်လိုလုပ်ပြီး သူ့ကို အရိုအသေပေးဖို့ နတ်ဆိုးဧကရာဇ်ကို ပြောရဲရတာပါလိမ့်။

*မင်း ငါ့ကို လာနောက်နေတာလား*

ဂရေးထူ၏ မျက်လုံးများက တောက်ပလာပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“တောင်းပန်ပါတယ် ကိုးယောက်မြောက် တော်ဝင်သခင် ခင်ဗျား။ အဲ့အရှင်က ဂရေးကလန်သား တစ်ယောက် မဟုတ်ပါဘူး။ ပြီးတော့ နဂါးငွေ့တန်း အင်ပါယာသား တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါကြောင့် သူက တော်ဝင်သခင်ကို အရိုအသေမပေးတာပါ”

“စိတ်ကိုလျော့ပါ ကိုးယောက်မြောက် တော်ဝင်သခင်ခင်ဗျား”

*အာ*

ဂရေးထူ၏ စကားကြောင့် ပီယားသည် ထိတ်လန့်သွားကာ ဂရေးထူက ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်ကို အရှင်ဟု ခေါ်ဝေါ်လိမ့်မည်ဟု သူ ထင်မထားမိခဲ့ချေ။

ပို၍ အံ့ဩစရာကောင်းသည်က သူသည် ဂရေး ကလန်သားလည်း မဟုတ်သလို နဂါးငွေ့တန်း အင်ပါယာမှ လူလည်း မဟုတ်ပေ။

*ဒါဆို သူက ဘယ်သူလဲ*

ပီယားက ထိုလူငယ်၏ နောက်ခံကို သိချင်လှသည်။ ထိုစဉ် အနက်ရောင်ဝတ်ရုံနှင့် အဘိုးအိုက ချောင်းဟမ့်လိုက်သဖြင့် ပီယား သူမေးချင်သည့်အကြောင်းအရာကို မျိုသိပ် လိုက်ရသည်။

“အဟမ်း”

ပီယား ချောင်းဟမ့်လိုက်သည်။ ထို့နောက် ထိုလူငယ်ကို လျစ်လျူရှု၍ သူ့ထိုင်ခုံသို့ ဖြည်းညှင်းစွာ လျှောက်သွား လိုက်သည်။

“အင်း … ဂရေးထူ ကျုပ်က ဒီကို ဧကရာဇ်ရဲ့ အမိန့်ကြောင့် ရောက်လာရတာပဲ”

*ဘာ*

ပီယား၏ ပွင့်လင်းသော စကားကြောင့် ဂရေးထူ ချက်ချင်း ထိတ်လန့်သွားရသည်။ နဂါးငွေ့တန်း အင်ပါယာကို အုပ်ချုပ်သူ ဧကရာဇ်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ဂရေးထူ သိထားသည်။

ယခု သူက ကိုးယောက်မြောက် တော်ဝင်သခင်ကို အမိန့်လွှဲအပ်ရန် စေလွှတ်လိုက်သည် ဆိုမှတော့ ဒါက အရေးကြီးသော ကိစ္စ ဖြစ်ရပေမည်။

“အရှင်မင်းမြတ်ရဲ့ အမိန့်က ဘာများလဲဆိုတာ ကျွန်တော်မျိုး သိချင်မိပါတယ်”

ဂရေးထူက ပီယားအား သေချာ မေးမြန်းလိုက်သည်။ ယခုအချိန်တွင် ယဲ့ဖန်အပါအဝင် ခန်းမထဲမှ လူတိုင်းက ပီယားအား သိချင်စိတ်ဖြင့် ဝိုင်းကြည့်နေကြသည်။

သို့သော် ပီယား၏ စကားကို ကြားလိုက်ရချိန်တွင် လူတိုင်း ထိတ်လန့်သွားကြသည်။

“အရှင်မင်းမြတ်က ဆာရိုဂြိုဟ်နယ်မြေက သိုင်းပညာရှင် အားလုံးကို စုစည်းခိုင်းလိုက်တယ်”

“ပြီး‌တော့ နေအဖွဲ့အစည်းဆီကို ချီတက်ပြီးတော့ ကမ္ဘာဂြိုဟ်ကို ရှာပြီး ဖျက်ဆီးဖို့ စေခိုင်းလိုက်တယ်”

CHAPTER 408 ဘာလို့လဲဆိုတော့ ငါက ယဲ့ဖန်လေ

*ကမ္ဘာဂြိုဟ်ကို ရှာပြီး ဖျက်ဆီးလိုက်*

ပီယား၏ စကားကြောင့် ယဲ့ဖန်နှင့် ဂရေး၏ မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ ကြောက်စိတ် ကြောင့် ဂရေးထူ၏ နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာသည်။

ထို့နောက် သူသည် ယဲ့ဖန်အား လှမ်း၍ ခိုးကြည့်လိုက်သည်။ ယဲ့ဖန်က တည်တည်ငြိမ်ငြိမ် ဖြစ်နေသေးသည်ကို မြင်လိုက်ရသည့်အခါမှသာ သူ စိတ်သက်သာရာရပြီး သက်ပြင်း ချမိသည်။

“ကိုးယောက်မြောက် တော်ဝင်သခင်၊ ခင်ဗျားက ဘာလို့ အဲ့လိုဂြိုဟ်သေးသေးလေးကို ဖျက်ဆီးချင်ရတာလဲ”

“အဲ့ဂြိုဟ်က နဂါးငွေ့တန်း အင်ပါယာရဲ့ တော်ဝင်မျိုးနွယ်ကို ထိပါးလို့လား”

ဂရေးထူက ဇဝေဇဝါဖြင့် မေးလိုက်သည်။ ယခင်တုန်းက ဂရေးထူသည် ရတနာများ ရှာဖွေရန်အလို့ငှာ ကမ္ဘာမြေသို့ ခရီးထွက်ခဲ့သည်။

သို့သော် သူ၏ စစ်တပ်ခြင်းတစ်ခုလုံး ချေမှုန်းခံလိုက်ရသည်။

သတင်းစကားက ဆာရိုဂြိုဟ် နယ်မြေတစ်ဝိုက်သို့ ပျံ့နှံ့သွားသော်လည်း တော်ဝင်မျိုးနွယ်၏ နားသို့ သတင်း မရောက်သေးပေ။

နတ်ဘုရားသတ်ဂြိုဟ်မှ အရာအားလုံးကို ဖျက်ဆီးခြင်းထက် ရတနာများကို ခိုးယူလုယက်ခြင်းက ပို၍ အကျိုးရှိ သေးသည်။

အခြားသော အကြောင်းပြချက်များ ရှိမည်မှာ သိသာလှသည်။

ဂရေးထူ၏ စကားကြောင့် ကိုးယောက်မြောက် တော်ဝင် မင်းသားက ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဟမ့် အဲ့ဂြိုဟ်က တော်ဝင်မျိုးနွယ်ကို မထိပါးပါဘူး၊ ဒါပေမယ့် အဲ့ဂြိုဟ်က လူတစ်ယောက်သာ အသက်ဆက်ရှင် နေခဲ့မယ်ဆိုရင် အဲ့လူက နဂါးငွေ့တန်း အင်ပါယာရဲ့ အရှင်မင်းမြတ်ကို ရန်စလာလိမ့်မယ်”

*လူတစ်ယောက်ကလား*

ပီယား၏ စကားကြောင့် ဂရေးထူ ချက်ချင်း ရင်တုန် လာသည်။

“ဘာလဲ။ ဂရေးထူ မင်းက ငါ့အမိန့်ကို မနာခံချင်တာလား”

ကိုးယောက်မြောက် တော်ဝင်သခင်က မျက်မှောင်ကြုတ် လာပြီး သူ့မျက်လုံးများက အေးစက်လာသည်။

ဂရေးထူသည် ချက်ချင်း ကြောက်လန့်၍ တုန်လှုပ်သွားကာ အင်တင်တင်ဖြင့် ခပ်သွက်သွက် ရှင်းပြလိုက်သည်။

“ဒီနိမ့်ကျတဲ့ လက်အောက်ငယ်သားက အဲ့လိုကိစ္စမျိုး ဘယ်တော့မှ မလုပ်ရဲပါဘူး။ ဒါပေမယ့် နေအဖွဲ့အစည်းက ပျောက်ဆုံးသွားပါပြီ။ ကမ္ဘာဂြိုဟ်ကို ရှာလို့မတွေ့ နိုင်တော့ပါဘူး”

“ဒီတစ်ကြိမ်မှာ အရှင်မင်းမြတ် စိတ်ပျက်သွားမှာကို ကျွန်တော် စိုးရိမ်မိပါတယ်”

*ဘာ*

ဂရေးထူ၏ စကားကို နားထောင်ပြီးနောက် ပီယား ဒေါသထွက် လာသည်။ တင်းမာသော အကြည့်များဖြင့် သူက ပြန်မေးလိုက်သည်။

“ပျောက်သွားတယ် ဟုတ်လား”

“အဲ့ဒါက ပျောက်သွားတယ်ဆိုရင်လည်း ဆာရိုဂြိုဟ် နယ်မြေထဲက သိုင်းပညာရှင်အားလုံးကို စုစည်းပြီး နေအဖွဲ့အစည်းနားက ဂြိုဟ်အားလုံးကို ဖျက်ဆီးပစ်လိုက်။ အဲ့နေရာတစ်ခုလုံးကို ပျက်စီးသွားအောင် လုပ်လိုက်။ ဒါဆို ငါတို့ ကမ္ဘာဂြိုဟ်ကို သေချာပေါက် ဖျက်ဆီးနိုင်မှာပဲ”

“မင်း အမိန့်အတိုင်း မလုပ်နိုင်ဘူးဆိုရင် ငါ နဂါးငွေ့တန်း အင်ပါယာအနှံ့က သိုင်းပညာရှင်တွေကို စုစည်းပြီးတော့ ဆာရိုဂြိုဟ်နယ်မြေကို ပျက်စီးအောင် လုပ်ခိုင်းလိုက်မယ်။ အဲ့လိုဆိုရင် ကမ္ဘာဂြိုဟ်လည်း ပျက်စီးသွားမှာပဲလေ”

*ဘာ*

ကိုးယောက်မြောက် တော်ဝင်သခင်၏ စကားကို ကြားပြီး ခန်းမထဲရှိ ဂရေးကလန်သားများအားလုံး ကြောက်လန့် သွားကြသည်။

*ရက်စက်လွန်းတယ်*

*နေအဖွဲ့အစည်းနားက ဂြိုဟ်အားလုံးကို ဖျက်ဆီးပြီးတော့ အဲ့နေရာတစ်ခုလုံး ပျက်ကိန်း ဆိုက်သွားအောင် လုပ်တဲ့လား*

*မဟုတ်ရင် သူက ဆာရိုဂြိုဟ်နယ်မြေတစ်ခုလုံးကို ပျက်ဆီးအောင် လုပ်မယ်တဲ့*

*သူ ... သူက ကမ္ဘာဂြိုဟ်ကို ဘယ်နည်းနဲ့မဆို ဖျက်ဆီးပစ်မှာပဲ*

ဂရေးကလန်သားများအားလုံး ဒေါသထွက်လာကြသည်။ နဂါးငွေ့တန်း အင်ပါယာ၏ ဧကရာဇ်က ဆာရိုဂြိုဟ် နယ်မြေအား ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးရန် အမိန့်ပေးလိုက်ပြီး ထိုသို့မလုပ်ပါက ဆာရိုဂြိုဟ်အား ကမ္ဘာဂြိုဟ်နှင့်အတူ ဖျက်ဆီးပစ်မည်ဟု ဆိုလာသည်။

မည်မျှ ရက်စက်လိုက်သနည်း။

ဂရေးထူ၏ မျက်နှာက ချက်ချင်း သုန်မှုန်သွားသည်။

“ကိုးယောက်မြောက် တော်ဝင်သခင် ကျွန်တော်တို့ ဘာလို့ ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးရမှာလဲဗျ”

“အဲ့မှာ အရှင်မင်းမြတ်ကို ရန်စတဲ့သူ တစ်ယောက် ယောက်များ ရှိနေလို့လား”

ချက်ချင်းဆိုသလိုပင် အားလုံး၏ အကြည့်များအား ပီယားထံသို့ စုပြုံ၍ ရောက်ရှိလာသည်။ ဂရေးကလန်သား များ၏ ကြောက်ရွံ့စိတ်ကို အာရုံခံမိပြီး ပီယားက လှောင်ရယ်၍ ပြောလိုက်သည်။

“အရှင်မင်းမြတ်ကို ရန်စတဲ့သူက ယဲ့ဖန်ပဲ”

ထို့နောက် ပီယားက ဂရေးထူအား မခိုးမခန့် မျက်နှာပေးဖြင့် ဆက်ပြောလိုက်သည်။

“ဂရေးထူ တစ်ခုခုကို ရွေးလိုက်။ ကမ္ဘာဂြိုဟ်နဲ့ ယဲ့ဖန်ကို ဖျက်ဆီးပစ်ရင်ပစ်”

“ဒီလိုမှမဟုတ်ရင် ဆာရိုဂြိုဟ်နယ်မြေနဲ့ ဂရေးကလန်က ကမ္ဘာဂြိုဟ်နဲ့ ယဲ့ဖန်တို့လို့ သေဆုံးရလိမ့်မယ်”

...

ပီယား၏ စကားကို ကြားပြီးနောက် ဂရေးထူ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်လာသလို သူ့နဖူး၌ ချွေးများ စို့လာသည်။

ဂရေးထူသာမက အခြားဂရေးကလန်သားများအားလုံး သုန်မှုန် သွားကြသည်။

သို့သော် ထိုသို့သောအချိန်၌ သူတို့ ရုတ်တရက် ခြေသံတစ်သံကို ကြားလိုက်ရပြီး ထောင့်၌ တိတ်ဆိတ်စွာ ထိုင်နေသော ယဲ့ဖန်က ဖြည်းဖြည်းချင်း မတ်တပ်ရပ်ကာ ကိုးယောက်မြောက် အရှင်သခင်ထံသို့ လှမ်းလာနေသည်ကို မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ယဲ့ဖန်က ပီယားအား တင်းမာသော အကြည့်များဖြင့် ကြည့်နေသည်။ ထို့နောက် သူ စကားစလာသည်။

“မင်းက ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးချင်တာလား”

“မင်းက ယဲ့ဖန်ကို သတ်ချင်တာလား”

*ဘာ*

သူ့ကို တစ်စက်ကလေးမျှ မလေးစားသည့် လူငယ် တစ်ယောက်က ယခု သူ့အား မေးခွန်းမေးလာရဲလိမ့်မည်ဟု ပီယား လုံးဝ ထင်မထားခဲ့မိချေ။

“ရဲတင်းလိုက်တာ”

ပီယားက ယဲ့ဖန်အား ဒေါသတကြီး စိုက်ကြည့်နေသည်။

“ဟေ့ကောင် မင်းက ငါ့ကို အရိုအသေတောင် မပေးခဲ့ဘူး။ အခု မင်းကများ ငါ့ကို မေးခွန်းလာထုတ်ရဲသေးတယ်။ မင်း သေချင်နေတာပဲ”

“ဂရေးကလန်ရဲ့ ဘိုးဘေးက ဒီမှာ ရှိနေတာဆိုတော့ မင်းမှာ ရွေးချယ်စရာနှစ်ခု ရှိတယ်”

“မင်း ငါ့ရှေ့လာပြီး ငါ့ခြေထောက်ရှေ့မှာ တလေးတစားနဲ့ ဦးညွှတ်မယ်ဆိုရင် ငါ မင်းကို ခွင့်လွှတ်ပေးမယ်”

“မဟုတ်လို့ကတော့ ငါ မင်းကို ကမ္ဘာမြေသားအဖြစ် သတ်မှတ်ပြီး အခုချက်ချင်း မင်းကို သတ်ပစ်မယ်”

*ဘာ*

ပီယား၏ စကားကြောင့် ဘေးပတ်လည်မှ ဂရေး ကလန်သားများ ပို၍ စိတ်တိုလာသည်။ ယဲ့ဖန်သည် ဂရေးဘိုးဘေး၏ အရေးကြီးပုဂ္ဂိုလ် ဖြစ်သလို ဂရေးကလန် သားများအတွက်လည်း အရေးကြီးပုဂ္ဂိုလ် ဖြစ်သည်။

ကိုးယောက်မြောက် တော်ဝင်သခင် တော်တော်လွန်လာပြီပဲ။

သို့သော် ပီယား၏ စကားကို ကြားပြီးနောက် ယဲ့ဖန်က မနှစ်မြို့ဖွယ်ကောင်း၍ ကြောက်မက်ဖွယ် ကောင်းသော အပြုံးမျိုးဖြင့် ပြောလိုက်သည်။

“မင်း ငါ့ကို ကမ္ဘာမြေသား တစ်ယောက်လို သတ်မှတ်စရာ မလိုပါဘူး၊ ဘာလို့လဲဆိုတော့ ငါက ကမ္ဘာမြေသား ယဲ့ဖန် မို့လို့ပဲ”

...

ယဲ့ဖန်၏ စကားကို ကြားပြီး ပီယား နားဝေတိမ်တောင် ဖြစ်သွားသည်။

*ယဲ့ဖန်တဲ့လား*

*သူက ယဲ့ဖန်တဲ့*

*ဒါ ... လုံးဝ မဖြစ်နိုင်ဘူး*

“သေစမ်း”

ပီယား ချက်ချင်း ထိတ်လန့်သွားကာ သူ့နောက်မှ နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့် လေးယောက်အား အလျင်အမြန် အော်လိုက်သည်။

“မင်းတို့ ဘာကြောင်ကြည့်နေတာလဲ။ သူက အရှင်မင်းမြတ် သတ်ချင်နေတဲ့ ယဲ့ဖန်ဆိုတဲ့သူလေ၊ မြန်မြန် အခုချက်ချင်း သူ့ကိုသတ်ကြ”

အကြောင်းပြချက် မရှိ။ ဖြေရှင်းချက် မရှိချေ။

ယဲ့ဖန်ဟူသည့် နာမည်ကို ကြားသည်နှင့် သူက ချက်ချင်း သတ်ချင်နေသည်။ နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့် လေးယောက်လုံး ရုတ်ချည်း တက်ကြွလာသည်။

ရှေ့၌ ရှိနေသည့် သူက ယဲ့ဖန် အစစ် ဟုတ်လား၊ မဟုတ်လားဆိုတာကို သူတို့ ဂရုမစိုက်ပေ။ သူတို့ သူ့ကို သတ်နိုင်သရွေ့ သူတို့၌ တောက်ပသော အနာဂတ်များ ရှိလာမည် ဖြစ်သည်။

“သေလိုက်တော့”

သိုင်းပညာရှင် လေးယောက်လုံးက ဖိနှိပ်နိုင်သော ဟန်ပန်ဖြင့် လူသတ်သိုင်းကွက်များကို ထုတ်သုံးကာ ယဲ့ဖန်အား တိုက်ခိုက်လာသည်။

ဝုန်း! ဝုန်း! ဝုန်း!

ခန်းမတစ်ခုလုံး ပြင်းထန်သော ချီဓာတ်ကြောင့် ပေါက်ကွဲ ထွက်သွားသည်။ ချက်ချင်းဆိုသလိုပင် အစောင့်အရှောက် လေးယောက်၏ လူသတ်သိုင်းကွက်များက ယဲ့ဖန်၏ ဦးခေါင်းနားသို့ နီးကပ်လာသည်။

သို့သော် ယဲ့ဖန်က တိုက်ခိုက်မှုများကို လျစ်လျူရှု၍ ရှေ့သို့ ဆက်လျှောက်လာသည်။ သူ၏ အပြုအမူကို ကြည့်ပြီး အစောင့်အရှောက် လေးယောက်လုံး ဝမ်းသာသွားကြသည်။

*အရူး*

သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် မိုက်ရူးရဲဆန်ရုံသာမက ရူးလည်း ရူးနေသေးသည်ဟု ထင်နေကြသည်။

*သူက ငါတို့ တိုက်ကွက်ကို မခုခံဘူးလား။ သူက အရူးပဲ*

ဝုန်း!

ချက်ချင်းဆိုသလိုပင် လူသတ်သိုင်းကွက် လေးကွက်က ယဲ့ဖန်၏ ဦးခေါင်းနားသို့ ရောက်ရှိလာသည်။

ရွှစ်! ရွှစ်! ရွှစ်! ရွှစ်!

ထိုစဉ် လူတိုင်း အသံလေးသံကို ကြားလိုက်ရပြီး လေထဲသို့ သွေးများ ပန်းထွက်လာသည်ကို မြင်လိုက်ရသည်။

အစောင့်အရှောက် လေးယောက်လုံးသည် သူတို့၏ ကျောများအား လက်ဝါးတစ်ဖက်စီက ထုတ်ချင်းဖောက် သွားသဖြင့် ချက်ချင်း အေးစက်တောင့်တင်းသွားကြသည်။

သေစေနိုင်သော သိုင်းကွက်များ ချက်ချင်း ပျောက်ကွယ် သွားလေသည်။

....

ဤမြင်ကွင်းကြောင့် ပီယားနှင့် အနက်ရောင် ဝတ်စုံ ဝတ်ထားသော အကြီးအကဲတို့ အကြီးအကျယ် ကြောက်လန့် သွားကြသည်။

“ဂရေးကလန်ရဲ့ အကြီးအကဲ လေးယောက်”

“မင်းတို့ ပုန်ကန်နေတာပဲ”

သူတို့၏ မျက်စိရှေ့တည့်တည့်တွင် ဂရေးကလန်၏ မဟာအကြီးအကဲ လေးယောက်က အစောင့်အရှောက် လေးယောက်၏ နောက်တွင် ရပ်နေကြသည်။

သူတို့အားလုံးသည် နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့်များ ဖြစ်သည်။ သူတို့အားလုံးက အစောင့်အရှောက် လေးယောက်အား သေစေနိုင်သော သိုင်းကွက်များဖြင့် တိုက်ခိုက်လိုက်ကြခြင်း ဖြစ်သည်။

သို့သော် ပီယား၏ စကားကြောင့် ဂ‌ရေးကလန်၏ မဟာအကြီးအကဲ လေးယောက်က ပြုံးလာသည်။ ဂရေးထူသည်လည်း ပြုံးနေ၏။

ဂရေးထူနှင့် ဂ‌ရေးကလန်၏ မဟာအကြီးအကဲ လေးယောက်က ယဲ့ဖန်နောက်တွင် ရပ်လိုက်ကြသည်။

“ဟုတ်တယ် ငါတို့ ပုန်ကန်တာပဲ”

“ဂရေးကလန်က ကမ္ဘာဂြိုဟ်ရယ်၊ ယဲ့ဖန်ရယ်နဲ့အတူ ရှင်သန်ပြီး သေဆုံးမယ်လို့ ကျိန်ဆိုတယ်”

All Chapters