← Chapters

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

CHAPTER 412 ငါက ကမ္ဘာဂြိုဟ်က လာတာ

တိတ်ဆိတ်ခြင်း။ ယခုအချိန်၌ အသံပိတ်ထားသော ခလုတ်အား နှိပ်ထားသကဲ့သို့ တိတ်ဆိတ်လို့ နေသည်။

ထိတ်လန့်ဖွယ်ကောင်းသော ဧကရာဇ် အကြီးအကဲက ယဲ့ဖန်ရှေ့တွင် ကလေးကဲ့သို့ လေးစားစွာဖြင့် ဒူးထောက်နေသည်ကို လူတိုင်း မြင်နေရသည်။

ဂရေးကလန်သားများသည် ယခင်က ယဲ့ဖန်၏ နောက်ခံကို မသိခဲ့ကြပေ။ ယခုအချိန်၌ သူတို့သည် အိပ်မက်ထဲ ရောက်နေသကဲ့သို့ ခံစားနေကြရသည်။

ဂလု!

ပီယားသည် တံတွေးကို မနည်းမျိုချလိုက်ပြီး သူ့နဖူးမှ ချွေးများ တဒီးဒီးစီးကျလာသည်။ ဤမြင်ကွင်းက နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံးအား ထိတ်လန့်သွားစေ လိမ့်မည်ဆိုတာကို သူ သေချာပေါက် ရိပ်စားမိနေသည်။

ဧကရာဇ် အကြီးအကဲ၏ ဘိုးဘေးက အသက်ရှင်လျက် ရှိနေလိမ့်ဦးမည်ဟု မည်သူမျှ ထင်မထားမိချေ။ ပို၍ အံ့ဩစရာ ကောင်းသည်က သူသည် လူငယ်လေး တစ်ယောက် ဖြစ်နေခြင်းပင်။

ထို့စဉ် ယဲ့ဖန်က ငရဲဝံပုလွေဆိုးအား မတ်တပ်ရပ်စေလိုက်ပြီး အလွန်သနားသော အကြည့်များဖြင့် ပြောလိုက်သည်။

“ကောင်လေး ထတော့”

*ကောင်လေးတဲ့လား*

လူငယ်လေးတစ်ယောက်က ဧကရာဇ် အကြီးအကဲကို ကောင်လေးလို့ ခေါ်နေသည်။ လူတိုင်း သူတို့၏ ယုံကြည်မှုအပေါ် မေးခွန်းထုတ်ချင်လာသည်။

သို့သော် ယဲ့ဖန်၏ စကားကို ကြားပြီးနောက် ဧကရာဇ် အကြီးအကဲ၏ မျက်လုံးများက ချက်ချင်း နီရဲကာ စိုစွတ်လာ၏။

ထို့နောက် သူသည် ကိုယ်ကိုကိုင်း၍ အလွန် ရိုသေ လေးစားဟန်ဖြင့် ပြောလာသည်။

“ကျွန်တော့်အဘိုးဆီကနေ ကျွန်တော်တို့ရဲ့ ဘိုးဘေး အကြောင်း ဇာတ်လမ်းတွေ ကျွန်တော် ကြားခဲ့ဖူးပါတယ်။ ကျွန်တော့်နှလုံးသားထဲမှာ ဘိုးဘေးက ကျွန်တော့် ယုံကြည်ရာအဖြစ် အမြဲ ရှိနေပါတယ်”

“ဘိုးဘေးကြောင့်သာ မဟုတ်ဘူးဆိုရင် ငရဲကလန် ရှိလာမှာ မဟုတ်ပါဘူး”

သူ၏ အဘိုးနှင့် အဖေတို့ ထွက်မသွားခင်က အမူအရာကို ငရဲဝံပုလွေဆိုး မှတ်မိနေပါသေးသည်။ သူတို့၏ မျက်နှာထက်တွင် ကြောက်ရွံ့ခြင်း သို့မဟုတ် ဝမ်းနည်းခြင်းမျှ ရှိမနေဘဲ ဂုဏ်ယူဝင့်ကြွားဟန်နှင့် သတ္တိရှိ နေဟန် တို့သာ ကြီးစိုးနေခဲ့သည်။

ဧကရာဇ် အကြီးအကဲ၏ စကားများကို ကြားပြီး ယဲ့ဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သို့သော် ဤမြင်ကွင်းကို ကြည့်ပြီး ပီယား ပို၍ ထိတ်လန့်ကာ ဒေါသထွက်လာသည်။

သူ၏ ထိတ်လန့်မှုအား အတင်းအကြပ် ထိန်း၍ ယဲ့ဖန်ထံသို့ ခွေးပေါက်ကဲ့သို့ မျက်နှာချိုသွေးသော အပြုံးဖြင့် မော်မော်ကြွားကြွားဖြင့် ခပ်သွက်သွက် လျှောက်လာသည်။

“ဟားဟား … ကြည့်ရတာ ကြက်ဥက ကျောက်တုံးကို ရန်စနေသလို ဖြစ်သွားတယ်ထင်တယ်။ ကျုပ်တို့က မိသားစုတွေ ဖြစ်နေပင်မယ့် တစ်ယောက်နဲ့တစ်ယောက် မသိဘူး ဖြစ်နေကြတာပဲ”

“အရှင်ဘိုးဘေး၊ ခင်ဗျားက ဧကရာဇ် အကြီးအကဲရဲ့ ဘိုးဘေး ဆိုမှတော့ ခင်ဗျားက နဂါးငွေ့တန်း အင်ပါယာရဲ့ ဘိုးဘေး ဆိုလည်း မှန်ပါတယ်ဗျာ။ အစတုန်းက ခင်ဗျားကို ကမ္ဘာမြေသား တစ်ယောက်လို့ ကျုပ် ထင်ခဲ့မိတာ၊ ဒါကြောင့်လည်း ကျုပ်တို့ကြားမှာ နားလည်မှု လွဲသွားခဲ့ တာပါ။ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ”

ပီယား ဖြီးဖြန်း၍ ပြောလိုက်သည်။ ဧကရာဇ် အကြီးအကဲကြောင့် ယဲ့ဖန်က သူ့ကို ရန်သူအဖြစ် မသတ်မှတ်လောက်ဟု ပီယား ယုံကြည်နေသည်။

သို့သော် ယဲ့ဖန်က ပီယားအား စူးစိုက်ကြည့်ကာ မနှစ်မြို့ဖွယ် ကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။

“မင်း မှားနေပြီ။ ငါက ကမ္ဘာမြေသားတစ်ယောက်ပဲ။ ငါကိုက … ယဲ့ဖန်ပဲ”

*ဘာ*

သူ့စကားကြောင့် ပီယား တစ်ခဏမျှ ကြောင်အသွားသည်။ ထိုစဉ် ယဲ့ဖန်က ဆက်ပြောလာသည်။

“အိုး ငါက နတ်ဆိုးတစ်ကောင်လေ။ နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို သတ်တဲ့ နတ်ဆိုးမျိုးပေါ့”

သူ၏ ခက်ထန်သော စကားများအဆုံး၌ ယဲ့ဖန်သည် နတ်ဆိုး ချီဓာတ်များကို ထုတ်လွှတ်လာသည်။ ပီယား ချက်ချင်း ဆိုသလို ထိတ်လန့်၊ ကြောက်ရွံ့သွားသည်။

“မင်း … မင်း”

ပီယား မြန်နိုင်သမျှ မြန်မြန် နောက်ဆုတ်မိသည်။ သူ နားဝေတိမ်တောင် ဖြစ်နေ၏။ သူ လုံးဝကို မှင်တက်နေသည်။

ဧကရာဇ် အကြီးအကဲ၏ ဘိုးဘေးက နတ်ဘုရားတို့၏ ထိပ်တန်း ရန်သူဖြစ်သည့် နတ်ဆိုးတစ်ကောင် ဖြစ်နေ လိမ့်မည်ဟု သူ ထင်မှတ်မထားမိပါ။

*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*

ယဲ့ဖန်၏ ပြင်းထန်ကြမ်းကြုတ်သည့် ချီဓာတ်ကို အာရုံခံမိ ပြီးနောက် ပီယား ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်။

“ဧကရာဇ် အကြီးအကဲ ကျွန်တော့်ကို ကူပါဦး”

သူ၏ ကြောက်စိတ်မွှန်နေသော စကားကို ကြားပြီးနောက် ငရဲဝံပုလွေဆိုးက အထင်သေးသော အပြုံးမျိုး ပြုံးလာပြီး ပြန်ပြောလိုက်သည်။

“မင်းကို ကူညီရမယ်ဟုတ်လား။ စောက်ရူး”

“ငရဲကလန်က နတ်ဆိုးတွေအတွက်ပဲ တိုက်ခိုက်ပြီးတော့ နတ်ဆိုးတွေ အတွက်ပဲ သေဆုံးမှာ”

*ဘာ*

ကြောက်စိတ်ကြောင့် ပီယား၏ ခြေထောက်များ ခွေယိုင် လာသည်။ သူ၏စိတ်ဝိညာဉ်သည်လည်း ထိတ်ထိတ် ပျာပျာ ဖြစ်လာသည်။

သူ ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးရန် ကြံလိုက်သည်။

*မြန်မြန်၊ မြန်မြန်၊ မြန်မြန်ပြေးရမယ်*

သူ ဆာရို ဂြိုဟ်နယ်မြေအတွင်းမှ ထွက်ပြေးချင်ပြီး ဤသတင်းအား အင်ပါယာထံသို့ ပြန်ယူသွား ချင်နေသည်။

ဂရေးကလန် သစ္စာဖောက်ပြီ၊ နတ်ဆိုးတွေ ပြန်ပေါ်လာပြီ၊ ဧကရာဇ် အကြီးအကဲတောင်မှ ပုန်ကန်လေပြီ။

နဂါးငွေ့တန်း အင်ပါယာတော့ ပရမ်းပတာ ဖြစ်တော့မည်။ ချက်ချင်းဆိုသလိုပင် ပီယား၏ မျက်နှာက အလွန်အမင်း ဖြူရော်လာသည်။

သို့သော် သူ မီတာဒါဇင်နှင့်ချီ၍ ထွက်ပြေးပြီး မကြာခင်မှာပင် သူ့ပြေးလမ်းရှိ လေထဲတွင် ကြီးမားသော နတ်ဆိုး လက်တစ်ဘက် ပေါ်လာသည်။

“မဖြစ်ဘူး”

ပီယား အသည်းအသန် အော်လိုက်မိသည်။

ရွှစ်!

ပီယား၏ ဦးခေါင်းသည် ချက်ချင်းဆိုသလို ပြတ်ထွက် သွားသည်။ သူ၏ အလောင်းသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

ပီယား၏ မျက်နှာတွင် ကြောက်စိတ်အပြင် ထိတ်လန့်စိတ် များနှင့် ပြည့်နှက်နေသည်။

သူသည် နဂါးငွေ့တန်း အင်ပါယာ၏ ကိုးယောက်မြောက် တော်ဝင်သခင် ဖြစ်သော်လည်း ပုရွက်ဆိတ်ကဲ့သို့ လက်ဝါး တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။

သို့သော် ဖရိုဖရဲအခြေအနေက မပြီးသေးချေ။ ပီယားအား တစ်ချက်တည်းဖြင့် သတ်လိုက်ပြီးနောက် ယဲ့ဖန်သည် သူ၏ အလောင်းပေါ်သို့ နင်းလာသည်။ ထို့နောက် သူ၏ လက်ဖဝါးမှ အနက်ရောင် အလင်းတန်းများ လင်းလက် လာ၏။

ထို့နောက် သူသည် အလောင်းအား အားနှင့် ဆောင့်ဆွဲ လိုက်သည်။ ဂျွတ်ခနဲ အသံနှင့်အတူ ပီယား၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ကွဲထွက်လာသည်။

တစ်ချိန်တည်းမှာပင် ပီယား၏ စိတ်ဝိညာဉ်ထံမှ စူးရှသော အော်သံ ထွက်ပေါ်လာသည်။

*ငါ့စိတ်ဝိညာဉ်*

ပီယားတစ်ယောက် သူ၏ စိတ်ဝိညာဉ်အား ဆွဲဖြဲခံလိုက် ရသလို ခံစားလိုက်ရသည်။

“ဆာ … ကျုပ် … ကျုပ်ကို မသတ်ပါနဲ့။ ကျုပ်က တော်ဝင်အမိန့်ကို ဖြန့်ဝေပေးရမယ့် တာဝန်ပဲ ယူထားရတာပါ။ ခင်ဗျားကို တကယ် သတ်ချင်နေတဲ့သူက ကျုပ်အစ်ကိုကြီး နဂါးငွေ့တန်း အင်ပါယာရဲ့ ဧကရာဇ်ပါ”

ပီယား အလွန်အမင်း ကြောက်လန့်လို့နေသည်။ သူ၏ ခန္ဓာကိုယ် ဖျက်ဆီးခံထားရစဉ်က သူ ထိတ်ထိတ်ပျာပျာ ဖြစ်ရုံလောက်သာ ဖြစ်ခဲ့သည်။

သို့သော် သူ၏ စိတ်ဝိညာဉ်သာ ပျက်ဆီးသွားပါက သူ ဘယ်သောအခါမှ ပြန်လည်ဝင်စားနိုင်မည် မဟုတ်တော့ပေ။

“ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးပါ။ ကျုပ် ပြန်ရောက်သွားတဲ့ အချိန်ရောက်ရင် ကျုပ်အစ်ကိုကို အဲ့အတွေးတွေကို စွန့်လွှတ်လိုက်ဖို့ နားချပေးပါ့မယ်။ မင်းရဲ့ ဂုဏ်သတင်းကို ဧကရာဇ်ရဲ့ ဘိုးဘေးအဖြစ် ချီးမြှင့်ဂုဏ်ပြု ခံရမယ်လို့ ငါ ကတိပေးပါတယ်”

ပီယားသည် ယဲ့ဖန်ထံမှ ခွင့်လွှတ်မှုကို တောင်းခံနေသည်။ သို့သော် ယဲ့ဖန်က သူ၏ စကားများကို လျစ်လျူရှုထားသည်။

သူသည် မျက်လုံးမှတစ်ဆင့် ခရမ်းရောင်အလင်းများ ထုတ်ဖော်လိုက်ပြီး ပီယား၏ စိတ်ဝိညာဉ်အား ဖျစ်ညှစ် လိုက်သည်။

သူသည် သူ၏ စိတ်ဝိညာဉ်အား ရှာဖွေစမ်းစစ်နေသည်။ သူ ဘယ်ကနေ ကမ္ဘာဂြိုဟ်ကို သိတာသလဲ ဆိုတာနှင့် နဂါးငွေ့တန်း အင်ပါယာ၏ ဧကရာဇ်က အဘယ်ကြောင့် ကမ္ဘာဂြိုဟ်အား ရှင်းလင်းပစ် ချင်နေတာလဲ ဆိုတာကို သူ သိချင်နေသည်။

“အား…အား…အား”

ရုတ်တရက် ပီယားသည် သူ၏ စိတ်ဝိညာဉ်အား ဓားဖြင့် မွှမ်းသလို ခံစားလိုက်ရသည်။ ယဲ့ဖန်က သူ၏ မှတ်ဉာဏ် များကို ရှာဖွေဖတ်ရှုနေ ပြီးနောက် မျက်မှောင်ကြုတ် လာသည်။

ပီယားက အမှိုက်သာသာအဆင့်လောက်သာ ရှိသည်ကို သူ သိလိုက်ရသည်။ နဂါးငွေ့တန်း အင်ပါယာ၏ ဧကရာဇ်က ‘ကမ္ဘာဂြိုဟ်’ ဟူသော စကားလုံးကို ဘယ်လို သိလာတာလဲ ဆိုတာကို ပီယား မသိသလို ဘာကြောင့် ဧကရာဇ်က ကမ္ဘာဂြိုဟ်အား သုတ်သင်ပစ်ချင်နေတာလဲဆိုတာကိုပါ မသိချေ။

ပီယား ဘာဆိုဘာမှမသိပေ။ သူသည် အရူးတစ်ယောက်နှင့် တူနေသည်။

“အသုံးမကျလိုက်တာ”

ယဲ့ဖန်သည် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် သူ့လက်ဖဝါးထက်တွင် ငရဲမီးတစ်ခု ပေါ်လာသည်။

ဝီ!

ပီယား၏ စိတ်ဝိညာဉ် မီးမြှိုက်ခံလိုက်ရသည်။

“မလုပ်နဲ့”

ပီယား၏ စိတ်ဝိညာဉ်က အသည်းအသန် အော်ဟစ် လေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ စိတ်ဝိညာဉ်သည် မုန့်မုန့်ညက်ညက် ကြေအောင် မီးမြှိုက်ခံ လိုက်ရသည်။

သူ သေသွားလေပြီ။ နဂါးငွေ့တန်း အင်ပါယာ၏ ကိုးယောက်မြောက် တော်ဝင်သခင်သည် ယဲ့ဖန်လက်ထဲတွင် ကြက်တစ်ကောင် သို့မဟုတ် ဝက်တစ်ကောင်ကဲ့သို့ သတ်ဖြတ်ခံ လိုက်ရလေ၏။

ဘေးပတ်လည်မှ ဂရေးကလန်သားများသည် ယဲ့ဖန်အား ထိတ်လန့်ပြီး လေးစားနေဟန်ဖြင့် ကြည့်နေကြသည်။ ယဲ့ဖန်သည် ဂရေးကလန်၏ ဘိုးဘေးအား ငရဲဝံပုလွေဆိုးကို အနိုင်ယူနိုင်ရန် စကားလုံးများဖြင့် ကူညီခဲ့သည်။

ယဲ့ဖန်သည် ဧကရာဇ် အကြီးအကဲအား သူ့ကို ဘိုးဘေးအဖြစ် မှတ်ယူလာအောင် လုပ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ကိုးယောက်မြောက် တော်ဝင်သခင်အား တစ်ချက်တည်းဖြင့် သတ်ခဲ့သည်။

ထို့ကြောင့် ယဲ့ဖန်သည် ဂ‌ရေးကလန်သားတိုင်း၏ စံပြပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ သို့သော် ယဲ့ဖန်သည် သူတို့၏ အပြုအမူများကို ဂရုမစိုက်ချေ။

သူသည် တစ်ဘက်လှည့်၍ ငရဲဝံပုလွေဆိုးအား မျက်မှောင် ကြုတ်၍ မေးလိုက်သည်။

“နဂါးငွေ့တန်း အင်ပါယာရဲ့ ဧကရာဇ်က ဘာလို့ ကမ္ဘာဂြိုဟ်ကို သုတ်သင်ချင်နေတာလဲဆိုတာ မင်း သိလား”

သူ့စကားအဆုံးတွင် ငရဲဝံပုလွေဆိုး၏ မျက်နှာထားက လေးနက်သွားသည်။ ထို့နောက် သူက ပြန်ဖြေလာသည်။

“ဘိုးဘေး၊ နဂါးငွေ့တန်း အင်ပါယာရဲ့ ဧကရာဇ်မှာ ပင်ကိုအစွမ်းအစတွေ ရှိပါတယ်။ သူက ရက်စက်ပြီး လူစိတ်ကင်းမဲ့တယ်။ ဒါပေမယ့် သူ့နှလုံးသားထဲမှာ လူတစ်ယောက်ပဲ ရှိနေပါတယ်။ အဲ့လူက နဂါးငွေ့တန်း အင်ပါယာရဲ့ ဘုရင်မပါ”

*နဂါးငွေ့တန်း အင်ပါယာရဲ့ ဘုရင်မ*

ယဲ့ဖန် ပို၍ မျက်မှောင်ကြုတ်သွားသည်။ ထိုစဉ် ဂရေးထူက ယဲ့ဖန်၏ သံသယကို ရိပ်စားမိပြီး ချက်ချင်း ရှင်းပြလာသည်။

“တကယ်တမ်းက နဂါးငွေ့တန်း အင်ပါယာရဲ့ တကယ့် အုပ်ချုပ်သူ အစစ်က နဂါးငွေ့တန်း အင်ပါယာရဲ့ ဧကရာဇ် မဟုတ်ပါဘူး၊ အရှင်မ ပါ”

“အရှင်မက နဂါးငွေ့တန်းတစ်ဝိုက်ကို အကြီးအကျယ် ပြောင်းလဲအောင် လုပ်ခဲ့တာပါ။ ဥပမာ ပြောရရင် ဧကရာဇ် အကြီးအကဲက အရင်ဧကရာဇ်ကို သတ်ခဲ့တုန်းက သူ ဘေးကင်းခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ သူက အရင်အရှင်မရဲ့ သဘောတူညီမှုကို ရခဲ့လို့ပါ”

*ငါ နားလည်ပြီ*

ယဲ့ဖန် ခေါင်းညိတ်လိုက်သော်လည်း သံသယဝင်နေဆဲပင်။ ကမ္ဘာဂြိုဟ်နှင့် ဘုရင်မကြားက ပတ်သက်မှုကို သူ သိချင်နေမိသည်။

သို့သော် ဧကရာဇ် အကြီးအကဲ ထပ်ပြောလာသည့် စကားအဆုံးတွင်တော့ ယဲ့ဖန် ထိတ်လန့်သွားရသည်။

“ဘိုးဘေး အရင်ဘုရင်မက သေသွားပါပြီ။ ဒါပေမယ့် လက်ရှိဘုရင်မက ... ကမ္ဘာဂြိုဟ်က လာခဲ့တာပါ”

CHAPTER 413 မီးဘီလူးကောင် အသတ်ခံလိုက်ရပြီ၊ ဆန်းကြယ်ရေခဲ ပေါ်လာပြီ

သုံးရက်ကြာပြီးနောက် ယဲ့ဖန်သည် ဆာရိုဂြိုဟ် နယ်မြေအတွင်းမှ ထွက်ခွာလာခဲ့သည်။ ဧကရာဇ် အကြီးအကဲနှင့် ဂရေးထူတို့ နှစ်ယောက်လုံးသည် ဆာရိုဂြိုဟ် နယ်မြေအား ကာကွယ်ရန် တာဝန်ယူထားရသည်။

ထို့နောက်တွင်မူ ယဲ့ဖန်သည် နတ်ဆိုးအိုကြီး ဘက်ခါ၏ စိတ်ဝိညာဉ်ကို ရှာဖွေရန် သူ၏ခရီးလမ်းကို ဆက်ခဲ့လေသည်။

ကျွီရာ သေဆုံးပြီးနောက်ပိုင်းတွင် နတ်ဆိုးအိုကြီးသည် တစ်နေ့ပြီးတစ်နေ့ ပို၍ ထိုင်းမှိုင်းလာပြီး မချင့်မရဲ ဖြစ်လာသည်။ သူသည် ရုပ်သေးရုပ်အဖြစ်သို့ ပြောင်းလဲနေသည်။

“စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်”

ယခုအချိန်၌ ယဲ့ဖန်၏ မျက်လုံးများသည် တလက်လက် တောက်ပလာပြီး ခေလန်၏ ကမ္ဘာခြား စစ်သင်္ဘောနှင့် ခရီးနှင်ကာ ကျယ်ပြောသော စကြဝဠာအတွင်း၌ ပျောက်ကွယ် သွားသည်။

….

တစ်နေ့ပြီးတစ်နေ့ ယဲ့ဖန် ခရီးနှင်ခဲ့သည်။ ဆာရိုဂြိုဟ် နယ်မြေသည် အလွန်ကို ကျယ်ပြောလှသဖြင့် ယဲ့ဖန်သည် ထိုနယ်မြေအတွင်း၌ တစ်ပတ်ကြာမြင်ခဲ့သည်။

ခရီးလမ်းတွင် ယဲ့ဖန်သည် နတ်ဘုရား တပည့် အထွတ်အထိပ်အဆင့်နှင့် နတ်ဆိုးသတ်ဖြတ်ခြင်း ဒုတိယ အဆင့်အား ချိုးဖောက်ရန် ကြံစည်ထားခဲ့သည်။

သို့သော် သူ ထပ်ခါထပ်ခါ ကျရှုံးခဲ့သည်။

ဝုန်း!

ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက် ယဲ့ဖန်သည် စိတ်ပျက်လက်ပျက်နှင့် မျက်လုံး ပြန်ဖွင့်လိုက်သည်။

“ကျရှုံးပြန်ပြီ”

ယဲ့ဖန် မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။ သူသည် နတ်ဘုရားအဆင့် အမြုတေများနှင့် စွမ်းအင်များကို လုံလောက်စွာ စုပ်ယူခဲ့ပြီးပြီ ဖြစ်သည်။ သို့သော် သူ အဆင့်တက်ရန် မအောင်မြင်ခဲ့ချေ။

“ကြည့်ရတာ ငါ တခြားနည်းလမ်း ရှာရမယ်နဲ့ တူတယ်”

ထို့နောက် ယဲ့ဖန်သည် စစ်သင်္ဘော ပြတင်းပေါက် အပြင်သို့ လှမ်းကြည့်လိုက်သည်။

မီးဂြိုဟ်တစ်ခုပါလား။ ဂြိုဟ်တစ်ခုလုံးအား မီးတောင် များဖြင့် ဖုံးလွှမ်းထားသည်။

များစွာသော ကြမ်းကြုတ်သည့် မီးကောင်သားရဲများက ဖိနှိပ်နိုင်သော ဟန်ပန်များဖြင့် ဂြိုဟ်ပေါ်တွင် ထကြွ သောင်းကျန်းလျက်ရှိသည်။

မီးကောင်သားရဲအဖွဲ့များအား လူသားများ၏ မြို့များသို့ စုပြုံဝင်ရောက် နေကြသည်။ မြို့များစွာတို့တွင် ပျက်စီးခြင်းနှင့် သေကျေ၊ ဒဏ်ရာရသူများနှင့် ပြည့်နှက် နေသည်။

“ဒီနည်းလမ်းက အလုပ်ဖြစ်လောက်တယ်”

ယဲ့ဖန်၏ မျက်လုံးများ တောက်ပလာသည်။ ထို့နောက် သူသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး စစ်သင်္ဘော တစ်ခုလုံးအား ကျုံ့သွားစေပြီး သူ၏ အင်္ကျီလက်အတွင်းသို့ ထည့်သိမ်း လိုက်သည်။

ထို့နောက် သူသည် ဂြိုဟ်ဆီသို့ ဦးတည်လိုက်သည်။

…

ထို့သို့သောအချိန်၌ မီးဂြိုဟ်၏ အကြီးဆုံးမြို့တော်တွင် ဂြိုဟ်ခေါင်းဆောင် ဖြစ်သူ မီးဘုရင်က မျက်စိပျက် မျက်နှာပျက်နှင့် မျက်မှောင်ကြုတ်ကာ ရေရွတ်နေသည်။

“နတ်ဘုရားတွေက မီးကလန်ကို သုတ်သင်ချင်နေတာလား”

“မီးကောင်သားရဲတွေက အားလုံးကို ဖျက်ဆီးနေတယ်။ ငါ့မြို့သူမြို့သားတွေနဲ့ ငါ့အမတ်တွေ၊ မင်း ….”

မီးဘုရင် နာကျင်စွာ ဟစ်အော်မိသည်။ ဤမြင်ကွင်းကို ကြည့်ပြီး ဂြိုဟ်ပေါ်မှ လူသားတိုင်း အလွန်တရာ ပူဆွေးလာကြသည်။

ကမ္ဘာပျက်နေတာပါလား။

ဒါက မီးကလန်၏ ပျက်သုဉ်းခြင်း ဆိုက်ကပ်လာသော နေ့ပင်။

နှစ်တစ်ရာကျော် မမြင်ခဲ့ရသည့် တွေ့ရဲခဲလှသော မီးကောင် သားရဲများက ကိုယ်ထင်ပြလာသည်။ နှစ်တစ်သောင်းကျော် မမြင်ခဲ့ရသည့် မီးကောင်သားရဲ အုပ်ကြီးကလည်း ထွက်ပေါ်လာသည်။

သူတို့ ပေါ်ပေါက်လာမှုက လူသားများ၏ ပျက်သုဉ်းခြင်းကို ညွှန်ပြလို့နေ၏။

“အား…အား…အား…”

မြို့ထဲတွင် ငယ်သံပါအောင် အော်ဟစ်သံများနှင့် ပြည့်နှက် နေသည်။ ကြီးမား၍ မီးများနှင့် သားရဲကောင်များက မြို့အား တစ်စစီ ဖျက်ဆီးလို့နေသည်။

သားရဲများက သူတို့၏ တောင်ပံများအား တဖျပ်ဖျပ် ခတ်လိုက်သည်နှင့် လူသား အယောက် တစ်ရာကျော်ကို မီးသင့်၍ လောင်ကျွမ်းစေခဲ့သည်။

မြို့တော်သည် မော်တယ်ကမ္ဘာ၏ ကြေးချွတ် သန့်စင်ဘုံလေ အလား ထင်မှတ်ရသည်။ ထို့အပြင် မြို့တော် ပြိုလဲပျက်စီး သွားပြီးနောက် များစွာသော မီးကောင်သားရဲများ ဝင်ရောက် လာသည်။

တစ်ကောင်ပြီးတစ်ကောင်။

များပြားလှသည့် မီးကောင်သားရဲများက မြို့တော်အား မီးမြှိုက်၍ ပြာကျအောင် လုပ်နေကြသည်။ သူတို့သည် ငရဲမှ အဖျက်စွမ်းအင်ရှိသော မီးတစ္ဆေများနှင့် သဏ္ဌာန်တူနေသည်။

“ဟဟ … အားနည်းပြီး သေးနုပ်တဲ့ ပုရွက်ဆိတ် လိုကောင်တွေ။ မင်းတို့ သေဖို့အဆင်သင့်ပဲလား”

ဧရာမ မီးဘီလူးကောင်ကြီးက ကြောက်မက်ဖွယ်ကောင်း၍ ခပ်အက်အက်အသံနှင့် ပြောလာသည်။ ထို့နောက်တွင် မီးကောင်သားရဲကောင်အုပ်က မြို့တွင်းမှ လူသားများထံသို့ နောက်ဆုံးပိတ် တိုက်ခိုက်မှုများ ပြုလုပ်လာကြသည်။

“သွားသေလိုက်”

လူသားများ ရူးမတတ် ဒေါသထွက်နေကြသည်။ သူတို့ မိသားစုဝင်များနှင့် ဆွေမျိုးများ အသတ်ခံလိုက် ရသည်ကို သူတို့ ကြည့်နေခဲ့ရသည်။

အသက်ရှင်နေသေးသော လူသားများက ရူးသွပ်သော ဆုံးဖြတ်ချက်များနှင့် မီးကောင်သားရဲများထံသို့ ပြေးဝင် လာကြသည်။

ချက်ချင်းဆိုသလိုပင် မြို့တစ်ခုလုံး၌ စူးရှလှသော အော်သံများနှင့် တိုက်ပွဲဖြစ်သံများနှင့် ပြည့်နှက်လာသည်။

သို့ရာတွင် မီးသားရဲကောင်များက များလွန်းလှသည်။ တစ်ဘက်တွင်တော့ လူသားများ၏ အရေအတွက်က လျော့ကျလာသည်။

လူသားများ စိတ်ဓာတ်ကျလာသည်။ မီးဘုရင်တောင်မှ သွေးအလိမ်းလိမ်း ဖြစ်နေပြီး အခြေအနေဆိုးနေ၏။

ဂျွတ်!

ထိုစဉ် ပြင်းထန်သော ချီလှိုင်းတစ်လှိုင်း ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ ထိုချီဓာတ်ကို အာရုံခံမိပြီးနောက် လူသားများ အလွန် စိတ်အားတက်ကြွလာသည်။

မြို့အား ဖုံးလွှမ်းနေသော မီးတောက်များ အားပျော့ လာသည်ကို သူတို့ သတိထားမိလာသည်။

ရေခဲခေတ် စတင်လာသလိုပင်။ ရုတ်တရက် ပြောင်းလဲ လာမှုက လူသားများနှင့် သားရဲများကို အလွန် ထိတ်လန့်သွားစေသည်။

သူတို့အားလုံး ကောင်းကင်သို့ မော့ကြည့်လိုက်စဉ်တွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က နတ်ဘုရား ကဲ့သို့ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။

ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်လေးက သူ၏ လက်ဖဝါးအား လှုပ်ခါလာသည်။ ချက်ချင်းဆိုသလိုပင် မြို့၏ လမ်းများ၌ အရိုးကွဲမတတ် အေးစက်သော ချီဓာတ်များဖြင့် ပြည့်နှက်လာသည်။

အေးစက်သော ချီဓာတ်က အလွန်ကြောက်မက်ဖွယ် ကောင်းလှပေ၏။

မီးကောင်သားရဲများသည် ထိုအေးစက်သော ချီဓာတ်နှင့် ထိမိသည်နှင့် ရေခဲပန်းပုရုပ်အဖြစ်သို့ ပြောင်းလုနီးပါး ဖြစ်သွား ကြသည်။

တစ်ကောင်၊ ဆယ်ကောင်၊ အကောင်တစ်ရာ။

မျက်တောင်တစ်ခတ် အတွင်းမှာပင် လမ်းမများထက်မှ မီးကောင်သားရဲများသည် ရေခဲ ထုထည်များ အဖြစ် အသွင်ပြောင်းသွားကြသည်။

*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*

မီးဘုရင်နှင့် သူ၏ နောက်လိုက်ငယ်သားများအားလုံး အလွန် မှင်တက်သွားကြသည်။

အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးက တစ်ချက်တည်းနှင့် မီးကောင်သားရဲ အကောင်တစ်ရာကို အေးခဲသွားအောင် လုပ်လိုက်သည်။ အံ့ဩဖွယ်ကောင်းလှပေ၏။

သို့သော် တိုက်ခိုက်မှုသည် အစသာ ရှိသေးသည်။

ရုတ်တရက် လူငယ်လေးအား ဆီးနှင်းများနှင့် ဖုံးအုပ်လာသည်။ သူ ဆက်၍ တိုက်ခိုက်နေသည်။ တိုက်ကွက် တစ်ကွက်ချင်းစီတိုင်းတွင် ရာနှင့်ချီသော မီးကောင် သားရဲများကို အေးခဲသွားအောင် သူ လုပ်နိုင်ခဲ့ပြီး ၎င်းတို့အား ကောင်းကင်ထက်မှ ပြုတ်ကျလာအောင် လုပ်နိုင်ခဲ့သည်။

မီးကောင်သားရဲများ မြေကြီးပေါ်သို့ မိုးစက်များကဲ့သို့ တဖြုတ်ဖြုတ် ပြုတ်ကျလာသည်။ ရုတ်တရက် မြေကြီးသည် အေးခဲနေသော မီးကောင်သားရဲများနှင့် ပြည့်နှက်နေပြီး သမုဒ္ဒရာကဲ့သို့ ဖြစ်လာသည်။

ထိတ်လန့်ဖွယ်ကောင်းလှပေသည်။

ထိုသို့သောအချိန်၌ မြို့ထဲရှိ လူသားတိုင်း ထိတ်လန့် နေကြသည်။ မီးဘုရင်တောင်မှ ပျော်ရွှင်မှုကြောင့် တုန်ယင်နေသည်။

“အိုး ဝိုး။ ဒီအေးခဲစေတဲ့ စွမ်းအင်က စကြဝဠာထဲက ထိပ်တန်း ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ဆန်းကြယ် ရေခဲခန္ဓာကိုယ်က လာတာ ဖြစ်ကိုဖြစ်ရမယ်”

မီးဘုရင်၏ အသံသည် ကြောက်စိတ်ကြောင့် တုန်ခါနေ၏။ ထို့နောက် သူသည် မြေကြီးပေါ် ဝပ်တွား၍ ကောင်းကင်မှ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးထံသို့ ဆုတောင်း လေတော့သည်။

“ဆန်းကြယ်ရေခဲ နတ်ဘုရားကို အရိုအသေပေးပါတယ်။ လူသားတွေရဲ့ မီးဘုရင်ဖြစ်တဲ့ ကျွန်တော်မျိုးက အသင့်ရဲ့ ကူညီမှုကို သိပ်ကို ကျေးဇူးတင်မိပါတယ်”

မီးဘုရင်၏ အပြုအမူနောက်တွင် မြို့ထဲရှိ အခြားလူသားများ အားလုံး ချက်ချင်း ဒူးထောက် ဝပ်တွားလာကြသည်။

ထို့နောက် သူတို့ အလွန် ကြည်ညိုလေးစားဟန်ဖြင့် သံပြိုင်ရေရွတ်လေတော့သည်။

“ဆန်းကြယ်ရေခဲ နတ်ဘုရား”

“ဆန်းကြယ်ရေခဲ နတ်ဘုရား”

“ဆန်းကြယ်ရေခဲ နတ်ဘုရား”

ယခုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးသည် ဂြိုဟ်ပေါ်မှ လူသားအားလုံး၏ နတ်ဘုရား ဖြစ်လာခဲ့သည်။

ဂါး။

ထိုစဉ် အကြီးဆုံး မီးဘီလူးကောင်ကြီးက ယဲ့ဖန်ထံသို့ ပြင်းထန်သော ချီဓာတ်များဖြင့် ပြေးဝင်လာသည်။ သို့သော် ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးက အထင်သေးသလို ပြုံးနေသည်။

ထို့နောက် သူက လက်သင်္ကေတစ်ခုကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။ ထို့နောက်တွင်မူ ဆန်းကြယ်ရေခဲ ဘောလုံးတစ်ခုက ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်နှင့်အတူ သူ၏ လက်ပေါ်မှ ထွက်ပေါ်လာသည်။

“ဖောက်ခွဲပစ်လိုက်စမ်း”

ဆန်းကြယ်ရေခဲ ဘောလုံးသည် ကြောက်မက်ဖွယ် ကောင်းသော မီးဘီလူးကောင်ထံသို့ ပျံသန်း ဝင်ရောက်သွားသည်။

မီးဘီလူးကောင်အား သေစေနိုင်သော ချီဓာတ်များက ဖုံးလွှမ်းလာသည်။ ထို့ကြောင့် ထိုသားရဲကောင်သည် ချက်ချင်း နောက်လှည့်၍ ထွက်ပြေးလေတော့သည်။

သို့သော် ၎င်း၏ ခန္ဓာကိုယ်အရွယ်အစားကြောင့် အချိန်မီ မရှောင်တိမ်းလိုက်နိုင်ပေ။

ဝုန်း!

ဝုန်းခနဲ အသံနှင့်အတူ ဆန်းကြယ်ရေခဲ ဘောလုံးသည် ပြင်းထန်သော အရှိန်နှင့်အတူ ပေါက်ကွဲ သွားသည်။

မီးဘီလူးကောင်သည် နာကျင်မှုကြောင့် တုန်ခါသွားသည်။ ထို့အတူ ၎င်း၏ သွေးများက ကောင်းကင်ထက်မှ လွင့်စဉ်လာ၏။

သို့သော် ဤသည်မှာ သားရဲကောင်အတွက် အဆုံးသတ်ခြင်း ၏ အစသာ ရှိသေးသည်။

ထိတ်လန့်ဖွယ် ကောင်းသော ဆန်းကြယ်ရေခဲ ဘောလုံးများက လူငယ်လေး၏ လက်ဝါးထက်၌ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ကောင်းသော အဖျက်စွမ်းအင် ဆန်းကြယ်ရေခဲ ချီဓာတ် များက မြို့တစ်ခုလုံးသို့ ပျံ့နှံ့လာသည်။

“ဂါး…”

မြို့တစ်ခုလုံးတွင် သားရဲကောင်၏ မာန်ဖီသံများ ပဲ့တင်ထပ် နေသည်။ မီးဘီလူးကောင်သည် ကြောက်စိတ်မွှန် လို့နေသည်။ ၎င်းသည် တတ်နိုင်သမျှ မြန်မြန် ထွက်ပြေး နေ၏။

သို့သော် ဆန်းကြယ်ရေခဲ ဘောလုံးများက ပို၍ လျင်မြန်စွာ ရွေ့လျားလာကြသည်။

မီးဘီလူးကောင်၏ မျက်လုံးတွင် ထိတ်လန့်မှုနှင့် ကြောက်စိတ်များဖြင့် ပြည့်နှက်လို့နေသည်။

ဆန်းကြယ်ရေခဲ ဘောလုံးများ စတင်၍ ပေါက်ကွဲလာသည်။ ထို့နောက်တွင်မူ မီးကောင်သားရဲများကြားမှ သွေးနှင့် အသားများက နေရာအနှံ့သို့ လွင့်စဉ်ထွ က်လာသည်ကို လူသားများ မြင်တွေ့လိုက်ရသည်။

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော မီးကောင် သားရဲများ သေသည်အထိ အေးခဲ ခံလိုက်ရသည်။

အဆုံးတွင် ကမ္ဘာတုန်လောက်သည့် မာန်ဖီသံနှင့်အတူ ဧရာမ မီးဘီလူးကောင်သည် ၎င်း၏ အသွေးအသားများသည် ရေခဲတုံးလေးအဖြစ် မြေကြီးပေါ် တစ်စစီ ပြုတ်ကျ လာသည်။

မီးဘီလူးကောင်ကြီး အသတ်ခံလိုက်ရပြီ။

ဆန်းကြယ်ရေခဲ ပေါ်ထွက်လာချေပြီ။

CHAPTER 414 ရူးချင်စရာကောင်းသော အဆင့်တက်မှု

တိတ်ဆိတ်လို့သွားသည်။

ကြောက်မက်ဖွယ် ကောင်း‌သော မီးဘီလူးကောင်ကြီး ပေါက်ကွဲ သွားပြီးနောက် ဂြိုဟ်တစ်ခုလုံး တိတ်ဆိတ်လို့ သွားသည်။

ဂြိုဟ်ပေါ်မှ လူသားတိုင်း ကောင်းကင်အား ထိတ်လန့်တကြား မော့ကြည့် နေကြသည်။ သူတို့ သရဲသဘက်များအဖြစ် သတ်မှတ်ထားခဲ့ကြသော မီးကောင်သားရဲများ လုံးဝ ပျက်ဆီး သွားလေတော့သည်။

ထိုအဖြစ်ကို သူတို့ လက်ခံရန် ခက်ခဲလို့နေသည်။

ဂလု!

မီးဘုရင်သည် တံတွေးအား မနည်းမျိုချရင်း ရေရွတ် လိုက်မိသည်။

“ဆန်း … ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်က အဲ့လောက် ကြောက်ဖို့ကောင်းတာလား”

မီးဘုရင်သည် လောင်ကျွမ်းနေသော ဂြိုဟ်တစ်ခုလုံး လျင်မြန်စွာ အေးမြလာသည်ကို အာရုံခံမိသည်။

ဂြိုဟ်၏ အပူချိန်သည် တစ်ဟုန်ထိုး ထိုးကျလာသည်။ ထို့ကြောင့် မီးဘုရင်နှင့် အခြားလူသားများ အားလုံး အားတက် လာကြ၏။

ထို့နောက် သူတို့အားလုံးသည် လေထဲမှ ပုဂ္ဂိုလ်ထံသို့ တလေးတစားနှင့် အရိုအသေပေး၍ ပြိုင်တူ ဟစ်ကြွေး လိုက်ကြသည်။

“ဆန်းကြယ်ရေခဲ နတ်ဘုရား”

လူသားတိုင်း ရူးသွပ်စွာ ဟစ်အော်နေကြသည်။ ယခုအချိန်၌ ယဲ့ဖန်သည် မီးဂြိုဟ်ပေါ်မှ လူသားတိုင်း၏ ကယ်တင်ရှင် ဖြစ်လာခဲ့ဟန် တူသည်။

သူသည် ဂြိုဟ်၏ အစစ်အမှန် နတ်ဘုရား ဖြစ်လာခဲ့သည်။ သို့သော် ထိုအစစ်အမှန် နတ်ဘုရားက ဂြိုဟ်ပေါ်၌ ရှိမနေတော့ပေ။

မီးကောင်သားရဲများကို သုတ်သင်ပြီးနောက် သူသည် လှစ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

“သူ ထွက်သွားပြီ။ ငါတို့ နတ်ဘုရားက ထွက်သွားပြီလား”

လူသား မီးဘုရင်သည် ရှင်းလင်းနေသော အလွန် ကျေးဇူးတင်၍ နားလည်သော မျက်လုံးများဖြင့် ကောင်းကင်အား မော့ကြည့်နေသည်။

“ငါ့နောက်လိုက်အပေါင်းတို့ ဆန်းကြယ်ရေခဲ နတ်ဘုရားက ငါတို့ကို ကူညီပေးခဲ့တယ်”

“ဒီနေ့ကစပြီး ငါတို့ဂြိုဟ်ကို ဆန်းကြယ်ရေခဲဂြိုဟ်လို့ ခေါ်တွင်မယ်။ ငါတို့ ဆန်းကြယ်ရေခဲ နတ်ဘုရားရဲ့ ရုပ်တုကို ဖန်တီးပြီးတော့ နေ့ရောညပါ ပူဇော်ကြမယ်”

မီးဘုရင်သည် ဂြိုဟ်ပေါ်ရှိ လူသားတိုင်း၏ သဘောထားနှင့် ထပ်တူကျစွာ ပြောဆိုလိုက်သည်။ ထို့ကြောင့် လူသားတိုင်း တက်ကြွလာကြသည်။

သို့သော် ယဲ့ဖန်က သူတို့၏ ဆန္ဒများကို လျစ်လျူရှု ထားသည်။

….

စကြဝဠာထဲ ရွက်လွှင့်နေရင်း ယဲ့ဖန်သည် သူ့လက်ဖဝါးကို ကြည့်နေမိသည်။ သူ့လက်ဖဝါးကို ဆီးနှင်းခဲ ခပ်ပါးပါး လေးများက ဖုံးအုပ်ထားသည်။ ထိတ်လန့်ဖွယ် ကောင်းသော ရေခဲချီဓာတ်ကြောင့် သူ တုန်လှုပ်နေဆဲပင်။

“ဒါ ဆန်းကြယ်ရေခဲရဲ့ အင်အားလား”

ယဲ့ဖန် ပြုံး၍ ရေရွတ်မိသည်။ သူ အန်းရှီကို ကယ်ခဲ့စဉ်အခါက သူ၏ နှလုံးသား အစိတ်အပိုင်းအား သူ တစ်ခါ အသုံးပြုခဲ့ ဖူးသည်။

ထို့နောက်တွင် ဆန်းကြယ်ရေခဲ၏ ရင်းမြစ်က သူ့နှလုံးသားထဲရှိ လစ်ဟာသွားသော နေရာ၌ ဝင်ရောက် လာခဲ့သည်။

ယဲ့ဖန်သည် ပြိုင်ဘက်ကင်း ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်၏ ရင်းမြစ်အား သူ အဆင့်တက်ရန်အတွက် အထောက်အကူ အဖြစ် အသုံးပြုရန် သူ မစီစဉ်ထားခဲ့ပေ။ သို့သော် ယခုအခါတွင် သူ အမှန်တကယ် လိုအပ်နေ၍သာ အသုံးပြုခဲ့ ရခြင်း ဖြစ်သည်။

“နောက်တစ်ဆင့်က ထိပ်တန်း အဆိပ်ခန္ဓာကိုယ်ရဲ့ ရင်းမြစ်ပဲ”

ယဲ့ဖန် တီးတိုးရေရွတ်လိုက်သည်။ ထို့နောက်တွင် သူ့မျက်လုံးများ အနည်းငယ် တောက်ပလာကာ ကျယ်ပြော သော စကြဝဠာတွင်း၌ သူ ပျောက်ကွယ် သွားခဲ့သည်။

….

မကောင်းဆိုးဝါးဂြိုဟ်။

ထိုဂြိုဟ်သည် ဆာရိုဂြိုဟ်နယ်မြေတွင်းရှိ အလွန်တရာ ထူးဆန်းသော ဂြိုဟ်တစ်ခု ဖြစ်သည်။

ထိုဂြိုဟ်တွင် လူသားများသည် အခြားသက်ရှိများ၏ အစာ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျင် သတ္တဝါများက ဤဂြိုဟ်ကို ကြီးစိုးနေကြခြင်း ဖြစ်လေသည်။

မြက်ပင်များ၊ သစ်ပင်များ၊ ငါးများနှင့် သားရဲများ အားလုံးသည် ကြောက်မက်ဖွယ် ကောင်းသော မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲ ဖြစ်ပေါ်နေကြသည်။

ထိုမကောင်းဆိုးဝါးများက လူသားများကို အချိန်တိုင်း အမဲလိုက်လျက် ရှိ၏။ လူသားများ တစ်သုတ်ပြီး တစ်သုတ် သုတ်သင်ခံလိုက်ရသည်။

မိသားစုများ တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးခဲ့ကြ ရသည်။

၎င်းသည် လူသားအားလုံး၏ ငရဲပင်။ သို့သော် ယနေ့သည် လူသားများတွင် အလွန် ကြီးမြတ်သော နေ့တစ်နေ့ ဖြစ်လာသည်။

ဧရာမ ကမ္ဘာခြား စစ်သင်္ဘောတစ်စင်းက မကောင်းဆိုးဝါး ဂြိုဟ်ပေါ်သို့ ဆင်းသက်လာသည်။

စစ်သင်္ဘောထဲမှ အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး ထွက်လာသည်။ သူသည် အလွန် နတ်ဆိုးဆန်၍ ထူးဆန်းလှသည်။

သူ စစ်သင်္ဘောထဲမှ ထွက်လိုက်သည်နှင့် အတောင်ပံပါသော မှော်သားရဲများစွာတို့က ကောင်းကင်ထက်မှနေ၍ သူ့ထံ တစ်ဟုန်ထိုး ပျံသန်းဝင်ရောက်လာသည်ကို သူ မြင်လိုက် ရသည်။

ဧရာမ သစ်ပင် မကောင်းဆိုးဝါးများက သူတို့၏ ဆိုးယုတ်၍ ရက်စက်လှသော အမြစ်များအား လူငယ်လေးထံသို့ ဖိနှိပ်နိုင်သော အမူအရာဖြင့် ဖြန့်ကျက်လာသည်။

လေတိုးသံများနှင့်အတူ ကောင်းကင်၌ ကြမ်းကြုတ်သော ချီဓာတ်များဖြင့် ပြည့်နှက်လာကာ ထိုလူသား လူငယ်လေးအား အရသာရှိသော စားသောက်ဖွယ်အဖြစ် မှတ်ယူနေကြသည်။

မကောင်းဆိုးဝါးများဂြိုဟ်ပေါ်မှ လူသားတိုင်း ထိတ်လန့် သွားကြသည်။ သူတို့သည် ယဲ့ဖန် အသတ်ခံရတော့မည်ကို ကြိုမြင်နေသကဲ့သို့ ယဲ့ဖန်အတွက် အလွန် သနားနေ ကြသည်။

ထိုစဉ် ထူးဆန်းသည့် အနက်ရောင်ချီဓာတ်များက ယဲ့ဖန်၏ ခန္ဓာကိုယ်ပတ်လည်မှ ထွက်ပေါ်လာသည်။ ထိုအနက်ရောင် ချီဓာတ်သည် မိစ္ဆာဆန်၍ ဆိုးယုတ်လှပေ၏။

ယဲ့ဖန်သည် ရွှင်းအာ၏ မွေးရာပါအမှတ်အား ကုသ ပေးခဲ့စဉ်က အနက်ရောင် အဆိပ်ကို ပုလင်း ငယ်လေးဖြင့် စုဆောင်းခဲ့သည်။

ထို့နောက် ယဲ့ဖန်သည် ထိုအနက်ရောင် အဆိပ်အား ပြန်လည် သန့်စင်၍ ထိပ်တန်း အဆိပ်ဓာတ်ငွေ့အဖြစ် ဖန်တီးခဲ့သည်။

“သွားသေလိုက်တော့”

ယဲ့ဖန်၏ မျက်လုံးများက ခက်ထန်လာကာ လက်ဖဝါးကို လှုပ်ယမ်း၍ မကောင်းဆိုးဝါးများထံသို့ လျှပ်စီးကဲ့သို့ အရှိန်ဖြင့် ပြေးဝင်သွားသည်။

ရွှစ်! ရွှစ်! ရွှစ်!

ထိုသို့သော အချိန်၌ ဂြိုဟ်ပေါ်မှ လူသားများသည် စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ သူတို့ ကြည့်နေ စဉ်မှာပင် ယဲ့ဖန်သည် သေမင်းနယ်မြေထဲသို့ ဝင်ရောက် လာသည်။

အတောင်ပံပါသော သားရဲများက ထိုနယ်မြေထဲသို့ ချဉ်းကပ်လာကြပြီးနောက်တွင် တုန်ယင်ကာ ချက်ချင်း သေဆုံးသွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။

သစ်ပင် မကောင်းဆိုးဝါးများ၏ အမြစ်များသည် ထိုနယ်မြေထဲသို့ ရောက်လာသည်နှင့် ဆွေးမြည့်ကာ ပျက်စီး၍ ရွှံ့စေးများအဖြစ် ပြောင်းလဲသွားပြီး မြေဆီလွှာ အတွင်း၌ ပျောက်ကွယ်သွားသည်။

ချက်ချင်းဆိုသလိုပင် မကောင်းဆိုးဝါးဂြိုဟ်ပေါ်မှ လူတိုင်းနှင့် အရာအားလုံး မှင်တက်သွားကြသည်။

အနက်ရောင်ချီဓာတ်များက သေခြင်းတရားအား ကိုယ်စား ပြုနေပုံပေါ်သည်။ ၎င်းဖြတ်သွားသည့် နေရာတိုင်း၌ သတ္တဝါများအား ရွှံ့စေးများအဖြစ် အသွင်ပြောင်းလဲ ပစ်သည်။

“သေလိုက်ကြတော့”

ယဲ့ဖန်သည် သေမင်းနတ်ဘုရားကဲ့သို့ လေထဲ ပျံသန်းရင်း ထိပ်တန်း အဆိပ်ချီငွေ့အား ဆက်တိုက် ထုတ်လွှတ်နေ၏။

ထို့ကြောင့် သစ်ပင် မကောင်းဆိုးဝါးများသည် ရွှံ့စေးများ အဖြစ် ပြောင်းလဲသွားပြီး ကျန်မကောင်းဆိုးဝါးများ သုတ်သင်ခံ လိုက်ရသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးပါတကား။

ကြောက်မက်ဖွယ် ကောင်းလှသည်။

ဂြိုဟ်ပေါ်မှ လူသားတိုင်း တိုက်ပွဲအား စိတ်လှုပ်ရှားကာ ကြောက်လန့်တကြား ကြည့်နေကြသည်။

ဂြိုဟ်မှ လူသားဂြိုဟ်ခေါင်းဆောင်သည် ယဲ့ဖန်အား သရဲတစ္ဆေကို ကြည့်နေသကဲ့သို့ တအံ့တဩ ကြည့်နေသည်။

“ထိပ်တန်း အဆိပ်ခန္ဓာကိုယ်။ ဝိုး၊ အဲ့ဒါ စကြဝဠာထဲက ထိပ်တန်း ပြိုင်ဘက်ကင်း ခန္ဓာကိုယ် ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ထိပ်တန်း အဆိပ်ခန္ဓာကိုယ်ပဲ”

မကောင်းဆိုးဝါးဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်သည် ထိတ်လန့်ကာ တက်ကြွလို့နေသည်။

လူသားတိုင်းသည် ဂြိုဟ်ပေါ်မှ တိုးပွားလာသည့် မကောင်းဆိုးဝါးများ၏ အကျပ်ကိုင်မှုကို အမြဲ ရင်ဆိုင်ခဲ့ ရသည်။ သူတို့သည် ကျွန်ပြုခံရပြီး အမဲလိုက် ခံရသည်။

သို့သော် ယခုအခါတွင် သူတို့၏ ကယ်တင်ရှင် ရောက်ရှိလာလေပြီ။

ချက်ချင်းဆိုသလိုပင် ဂြိုဟ်တစ်ဝိုက်မှ လူသားများက ယဲ့ဖန်အား ဦးညွှတ်၍ အရိုအသေပေးကြသည်။

“မကောင်းဆိုးဝါးအားလုံးကို သတ်ပစ်။ လူသားတွေ ပေါ်ထွန်းလာတော့မယ်”

“ထိပ်တန်းအဆိပ်ခန္ဓာကိုယ် အသက်ရှည်ပါစေ”

လူသားအားလုံး တက်ကြွလာကြသည်။ ကြောက်စရာ ကောင်းသော မကောင်းဆိုးဝါးများ တစ်ကောင်ပြီး တစ်ကောင် သုတ်သင်ခံရသည်ကို ကြည့်ပြီး အလွန် ပျော်ရွှင်လာကြသည်။

နောက်ဆုံးတွင် အသန်မာဆုံး မှော်ဝင်သားရဲ အသေဆိုးနှင့် သေဆုံးသွားရပြီးနောက် ဂြိုဟ်တစ်ခုလုံး၌ မည်သည့် မကောင်းဆိုးဝါးမျှ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း မရှိတော့ချေ။

မကောင်းဆိုးဝါးများ သုတ်သင်ခံလိုက်ရလေပြီ။ လူသားများ ဂြိုဟ်ကို စိုးမိုးနိုင်တော့မည်။

ယဲ့ဖန် ထွက်သွားပြီးနောက် မကောင်းဆိုးဝါးဂြိုဟ်အား ထိပ်တန်း အဆိပ်ခန္ဓာကိုယ်ဂြိုဟ်ဟု အမည်ပြောင်းလဲ ခဲ့သည်။

ထို့အပြင် ဂြိုဟ်ပေါ်တွင် ဧရာမ ရုပ်တုကြီးတစ်ခု တည်ဆောက်ခဲ့ ကြပြီး ထိပ်တန်း အဆိပ်နတ်ဘုရားဟု ခေါ်ဆိုခဲ့ကြသည်။

…

ယဲ့ဖန်သည် လူသတ်စက်ကဲ့သို့ သတ်ဖြတ်ရင်း ကျင့်စဉ် ကျင့်ကြံခဲ့သည်။ သူသည် ဂြိုဟ်များစွာတို့ကို ဖြတ်ကျော်၍ ခရီးဆန့်ခဲ့၏။

သူ၏ ဆန်းကြယ်ရေခဲရင်းမြစ်က ပိုပို၍ အင်အားကြီး လာသည်။ သူ၏ ထိပ်တန်းအဆိပ်ချီဓာတ်က သူ၏ ခန္ဓာကိုယ်တွင်း၌ နေထိုင်လာသည်။

သူသည် သူ၏ ထိပ်တန်းအဆိပ် ရင်းမြစ်အား ဆွဲထုတ်၍ ပြန်လည်သန့်စင်ကာ သူ၏ နှလုံးသားနှင့် ပေါင်းစပ် လိုက်သည်။

ယခုအချိန်တွင် ယဲ့ဖန်၏ နှလုံးသား၌ အရင်းအမြစ် နှစ်ခုဖြစ်သည့် ဆန်းကြယ်ရေခဲ ရင်းမြစ်နှင့် ထိပ်တန်း အဆိပ်ရင်းမြစ်တို့ ပါဝင်နေခဲ့သည်။

တစ်နေ့တွင်။

ဝုန်း!

ယဲ့ဖန်သည် ထိတ်လန့်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်ဖော်ရင်း နတ်ဘုရား တပည့် အထွတ်အထိပ်အဆင့်သို့ အဆင့်တက်သွားခဲ့သည်။

ထို့နောက်တွင် သူသည် နတ်ဘုရား ဆရာသခင် တစ်ပိုင်းအဆင့်အား တိုက်ရိုက်ဖြတ်ကျော်၍ နတ်ဘုရား ဆရာသခင် စဦးအဆင့်သို့ တန်း၍ အဆင့်တက် သွားလေသည်။

ထို့အပြင် သူသည် သူ၏ နတ်ဆိုးသတ်ဖြတ်ခြင်း ဒုတိယ အဆင့်အား ချိုးဖောက်နိုင်ခဲ့ပြီး တတိယအဆင့်သို့ ဝင်ရောက် သွားနိုင်ခဲ့သည်။

ကြောက်မက်ဖွယ် ကောင်းလှ၏။

ယခုလိုအချိန်၌ ယဲ့ဖန်သည် အလွန် သွေးပျက်ဖွယ် ကောင်းသော အင်အားစုတစ်ခုအဖြစ် ပြောင်းလဲနေခဲ့သည်။

ယခင်က သူသည် သူ့ထက် သိုင်းအဆင့် ဆယ့်သုံးဆင့် မြင့်သောသူကိုသာ အနိုင်ယူနိုင်ခဲ့သည်။ ယခုအခါတွင်တော့ သူသည် သူ့ထက် သိုင်းအဆင့် ဆယ့်လေးဆင့်မြင့်သော ရန်သူများကို အနိုင်ယူနိုင်ပြီဟု ယုံကြည်ချက် ရှိလာသည်။

ထို့ပြင် သူသည် ဆာရိုဂြိုဟ်နယ်မြေတွင်းရှိ ဂြိုဟ်များစွာ တို့တွင် တစ်ကိုယ်တည်း ကျင့်ကြံရင်း အမည်နာမ အသစ်များ ဆက်၍ ရရှိခဲ့သည်။

ဆန်းကြယ်ရေခဲ နတ်ဘုရား။

ထိပ်တန်းအဆိပ် နတ်ဘုရား။

ပြိုင်ဘက်ကင်း ခန္ဓာကိုယ် နတ်ဘုရား။

အမှောင်နတ်ဘုရား။

သူ ခရီးဆန့်ခဲ့သည့် ဂြိုဟ်တိုင်း၌ ရုပ်တုများစွာ တည်ဆောက် လာခဲ့ကြသည်။ ရုပ်တုတစ်ခုချင်းစီသည် ယဲ့ဖန်၏ ရုပ်တုသာ ဖြစ်သည်။

All Chapters