← Chapters

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

CHAPTER 418 သူတို့ဘာသာသူတို့ လမ်းလျှောက်ထွက်လာလိမ့်မယ်

“ကျုပ် အဲ့ဒီစိတ်ဝိညာဉ်အားလုံးကို ယူမယ်”

ယဲ့ဖန်၏ စကားကို ကြားပြီးနောက် ရောင်းဝယ်ရေးဌာနမှ လူများအားလုံး မှင်တက်သွားကြသည်။

သော့ထိန်း တဆာသည် မျက်မှောင်ကြုတ်၍ ကျန့်ချမ်အား သံသယဖြစ်စိတ်ဖြင့် မေးလိုက်သည်။

“ကျန့်ချမ် သူ ဘယ်သူလဲ”

ကျန့်ချမ်သည်လည်း ယဲ့ဖန်၏ စကားကြောင့် အလွန် ထိတ်လန့်နေကာ ပါးစပ်တောင် မဟနိုင်ချေ။ ချက်ချင်း ဆိုသလိုပင် သူ ချွေးများ စို့တက်လာသည်။

သော့ထိန်း တဆာ၏ အမေးကြောင့် သူက အင်တင်တင်ဖြင့် ပြောလိုက်သည်။

“သူ … သူက မစ္စတာယဲ့လေ။ သူက တိုက်ပွဲဝင် စိတ်ဝိညာဉ်တွေ ဝယ်ဖို့အတွက် စိတ်ဝိညာဉ် တိုက်ပွဲ မြို့တော်ကို လာတာ”

*အိုး ငါ သိပြီ*

သော့ထိန်း တဆာက သူ့စကားများကို နားလည်သွားသည်။ သို့သော် ယဲ့ဖန်က နတ်ဘုရား ဆရာသခင်အဆင့်သာ ရှိသည်ကို သူ သတိထားမိပြီးနောက် အနည်းငယ် အထင်သေးသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ကောင်လေး မင်းက တကယ့်ကို အာသီသ ပြင်းတာပဲ။ တိုက်ပွဲဝင် စိတ်ဝိညာဉ် တစ်ခုချင်းစီက စကြဝဠာသုံး ဒင်္ဂါး တစ်ထောင်ကျော် တန်တယ်။ ရာနဲ့ချီတဲ့ စိတ်ဝိညာဉ်တွေဆို စုစုပေါင်း စကြဝဠာသုံး ဒင်္ဂါး ထောင်နဲ့ချီကုန်မှာ”

“မင်း အဲ့လောက် တတ်နိုင်သလား”

သော့ထိန်း တဆာသည် ယဲ့ဖန်၏ ဝယ်နိုင်စွမ်းကို အကဲဖြတ် နေသကဲ့သို့ တောက်ပနေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို မေးလိုက်သည်။

စကြဝဠာသုံး ဒင်္ဂါးတွေလား။

စကြဝဠာသုံး ဒင်္ဂါးတစ်ခုသည် နဂါးငွေ့တန်း ဒင်္ဂါး အခုတစ်ရာနှင့် ညီမျှသည်။ စကြဝဠာသုံး ဒင်္ဂါး ထောင်နှင့်ချီမည်ဆိုလျင် နဂါးငွေ့တန်း ဒင်္ဂါး သန်းပေါင်း သောင်းချီ၍ ကုန်ချမည်ဖြစ်ပြီး ထိုမျှလောက်နှင့်ဆိုလျင် D အဆင့် ကမ္ဘာခြား စစ်သင်္ဘောတစ်စီး ဝယ်ယူနိုင်နေပြီ ဖြစ်သည်။

စုစုပေါင်း ကုန်ကျစရိတ်သည် တကယ့်ကို ငွေကုန်ကြေးကျ များလှ၏။

နတ်ဘုရား အရှင်သခင်အဆင့်များတောင်မှ ထိုမျှ ငွေကြေးကို တတ်နိုင်ခဲ လှသဖြင့် နတ်ဘုရား ဆရာသခင် အဆင့်များ ဆိုလျင် ပြောနေစရာတောင် မလိုတော့ပေ။

ယခုအချိန်၌ လူတိုင်းက ယဲ့ဖန်အား အလွန်သံသယဝင်သော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ သို့သော် သော့ထိန်း တဆာ၏ အမေးကို ကြားပြီးနောက် ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။

“ဟင့်အင်း ကျုပ် မတတ်နိုင်ဘူး”

*ဘာ*

ထိုကဲ့သို့ ရိုးစင်းလှသော တုံ့ပြန်မှုကို ကြားပြီးနောက် ထောင်မှူး တဆာ စိတ်ဓာတ်ကျသွားသည်။

“ကောင်းပါ့ကွာ၊ မင်းမှာ ပိုက်ဆံမရှိဘူးဆိုတော့ မင်း ငါ့ကို နောက်ပြောင်ဖို့ ဒီကိုလာတာပဲ ဖြစ်ရမယ်။ မင်းက ဒီမှာ ပြဿနာ လာရှာချင်တာပဲ။ မင်း သေချင်နေတာလား”

သော့ထိန်း တဆာ၏ စကားများက အလွန်ပြင်းထန်လှသည်။ သော့ထိန်း တဆာ၏ စကားအဆုံး၌ အစောင့်များက ချက်ချင်း ပြေးတက်လာကြသည်။

သူတို့အားလုံး ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သည်။ ထောင်မှူး တဆာ အမိန့်ပေးလိုက်သည်နှင့် သူတို့ ယဲ့ဖန်ကို သတ်ပြီး သူ၏ သွေးများဖြင့် ကြမ်းပြင်ကို ပက်ဖျန်းပစ်မည် ဖြစ်လေသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ယဲ့ဖန်သည် ပျာယာမခတ်သွားဘဲ မခိုးမခန့် မျက်နှာပေး ဖြစ်လာ၏။

“ကျုပ်မှာ ပိုက်ဆံ မရှိဘူး ဒါပေမယ့် ဒါတော့ ရှိတယ်”

ထိုသို့ပြောပြီး ယဲ့ဖန်သည် လက်ဖဝါးကို ဆန့်ထုတ်လိုက် သောအခါ ဆန်းကြယ်ရေခဲ ဘောလုံး တစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ရောင်းဝယ်ရေးဌာနတစ်ခုလုံးအား ပြင်းထန်သော ချီဓာတ်များက ဖုံးအုပ်သွားပြီး အပူချိန်သည် လည်း သုညမှတ်သို့ ထိုးကျသွား၏။

ထို့ကြောင့် လူတိုင်း တုန်ယင်သွားကြသည်။

“ဒါက …”

သော့ထိန်း တဆာ စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသည်။

ထိုရေခဲဘောလုံးအတွင်းမှ ဆန်းကြယ်ရေခဲ စွမ်းအင်ကို ခံစားမိပြီး သော့ထိန်း တဆာ ထိတ်လန့်တကြား ရေရွတ် လိုက်မိသည်။

“ဆန်းကြယ်ရေခဲ စွမ်းအင် ပါဝင်နေတဲ့ ရေခဲဘောလုံးလား”

ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်သည် စကြဝဠာတွင်းရှိ ထိပ်တန်း ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ဆယ်ခုထဲမှ တစ်ခု ဖြစ်သည်။

ဆန်းကြယ်ရေခဲ စွမ်းအင်ကို စကြဝဠာအနှံ့တွင် မြင်တွေ့ခဲလှ၏။

ဆန်းကြယ်ရေခဲ စွမ်းအင်ဖြင့် ပြုလုပ်ထားသော ရေခဲ ဘောလုံးသည် အလွန် တန်ဖိုးမြင့်လှပေသည်။

“အိုး ဒါက တကယ့် ဆန်းကြယ်ရေခဲ ဘောလုံးပဲ။ ဒီဘောလုံးက နတ်ဘုရား သေနာပတိ အထွတ်အထိပ် အဆင့်ကိုတောင်မှ သတ်ပစ်နိုင်တယ်။ နတ်ဘုရား အရှင်သခင် အဆင့်ကိုတောင်မှလည်း ဒဏ်ရာအပြင်းအထန် ရအောင် လုပ်နိုင်တာပဲ”

သော့ထိန်း တဆာက အလွန်ပျော်မြူးနေသော မျက်လုံး များဖြင့် ပြောလာသည်။ သို့သော် သူက ယဲ့ဖန်ကို ပြန်ကြည့်၍ ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက် သည်။

“ဟမ့် မင်းရဲ့ ရေခဲဘောလုံးက ကောင်းပင်မယ့်လည်း ရာနဲ့ချီတဲ့ တိုက်ပွဲဝင် စိတ်ဝိညာဉ်တွေအတွက် မတတ်နိုင် သေးဘူးလို့ ငါ ထင်တယ်”

“မင်း ငါ့ကို ရေခဲဘောလုံး ဆယ်ခုပေးမယ်ဆိုရင် ငါ အပေးအယူကို စဉ်းစားပေးမယ်”

ဆယ်ခုတဲ့လား။

အခြေအနေကို နားထောင်ပြီးနောက် ကျန့်ချမ် မှင်တက် သွားသည်။

ဆန်းကြယ်ရေခဲ ဘောလုံးများသည် အလွန် တန်ဖိုးကြီး လှ၏။ ဆန်းကြယ်ရေခဲ ဘောလုံးတစ်ခုကို လေလံ စံအိမ်၌ စကြဝဠာသုံး ဒင်္ဂါး ထောင်နှင့်ချီ၍ ရောင်းချနိုင်သည်။

ဒါက အသက်ကယ် ထိပ်တန်း ရတနာ ဖြစ်သည်။ ဆန်းကြယ်ရေခဲ ဘောလုံးများသည် စကြဝဠာသုံး ဒင်္ဂါး သန်းနှင့်ချီ၍ တန်ဖိုးရှိလေသည်။

….

ထို့နောက် ကျန့်ချမ်သည် ယဲ့ဖန်အား စိုးရိမ်တကြီးနှင့် ခပ်တိုးတိုး ပြောလေသည်။

“မစ္စတာယဲ့ သူနဲ့ အပေးအယူ မလုပ်နဲ့။ ရာနဲ့ချီတဲ့ တိုက်ပွဲဝင် စိတ်ဝိညာဉ်တွေက ဆန်းကြယ်ရေခဲ ဘောလုံး ဆယ်ခုနဲ့ မတန်ဘူး”

သို့သော် သူ၏ သတိပေးစကားကို ကြားပြီး ယဲ့ဖန်က ပြုံး၍ ပြန်ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး”

ထို့နောက် ယဲ့ဖန်က နောက်ထပ် ဆန်းကြယ်ရေခဲဘောလုံး ကိုးလုံးကို ချက်ချင်း ထုတ်လိုက်သည်။ လူတိုင်း ထပ်မံ၍ ထိတ်လန့်သွားကြသည်။

ဆန်းကြယ်ရေခဲ ဘောလုံး ဆယ်ခုတောင်လား။

ရုတ်တရက် ရောင်းဝယ်ရေး ဌာနတစ်ခုလုံး၌ ကြောက်မက်ဖွယ် ကောင်းသော ရေခဲစွမ်းအင်များနှင့် ပြည့်နှက် သွားသည်။

အစောင့်များအားလုံး အေးခဲသွားသည်။

ထိတ်လန့်ဖွယ်ကောင်းလှ၏။

ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင်က နတ်ဘုရား အရှင်သခင်အဆင့် တစ်ယောက်ကို တောင်မှ အလွယ်တကူ သတ်နိုင်နေသည်။

အဖျက်စွမ်းအင် ကြီးမားလှသည့် လက်နက်များပါတကား။

သော့ထိန်း တဆာတောင်မှ မျက်ခုံးခပ်လှုပ်လှုပ် ဖြစ်လာ သည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်”

သော့ထိန်း တဆာသည် အလွန်စိတ်လှုပ်ရှားနေဟန်ဖြင့် ဆန်းကြယ်ရေခဲ ဘောလုံးဆယ်လုံးကို စိုက်ကြည့်နေသည်။

အကယ်၍ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအင်ကို ဆန်းကြယ်‌ရေခဲ ဘောလုံးများထံသို့ ပို့လွှတ်လိုက်ပါက သူ ချက်ချင်း ထိုအရာများကို ထိန်းချုပ်နိုင်လာပေလိမ့်မည်။

သူသာ ထိုဘောလုံးများကို အသက်သွင်းလိုက်ပါက ရောင်းဝယ်ရေး ဌာနတစ်ခုလုံးကို ဖောက်ခွဲပစ်နိုင်သည်ဟု သော့ထိန်း တဆာ ခံစားလိုက်မိသည်။

*ဒီဆန်းကြယ်ရေခဲ ဘောလုံးနဲ့ နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိဆိုတဲ့ ငါ့အစ်ကိုရဲ့ တော်ဝင်ရာထူးရယ်နဲ့ဆိုရင် စိတ်ဝိညာဉ်သခင်က ဘာမှမဟုတ်တော့ဘူး*

သော့ထိန်းတဆာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာသည်။ ထိုစဉ် ယဲ့ဖန်က လက်ကို သာမန်ကာလျှံကာ ဝှေ့ယမ်း၍ ပြုံးကာ ပြောလိုက်သည်။

“ကဲ ဒီရေခဲဘောလုံးတွေ အားလုံးက ခင်ဗျားဟာတွေပဲ။ ခဏနေရင် အဲ့စိတ်ဝိညာဉ်တွေအားလုံးကို ပို့လိုက်ပါ”

ထိုသို့ပြောပြီး ယဲ့ဖန်သည် ရောင်းဝယ်ရေးဌာန၏ တံခါးဝသို့ ချက်ချင်း လျှောက်သွားသည်။

*ဘာရယ်*

ယဲ့ဖန်၏ စကားကြောင့် ကျန့်ချမ် နားဝေတိမ်တောင် ဖြစ်သွားသည်။ ယဲ့ဖန်က သော့ထိန်း တဆာကို လိပ်စာမပေးသွားသည့်အတွက် သူ အံ့ဩနေသည်။

ထို့ကြောင့် ကျန့်ချမ် ယဲ့ဖန်နောက်သို့ ပြေးလိုက်သွားသည်။ ရောင်းဝယ်ရေး ဌာနတစ်ခုလုံး တစ်စက္ကန့်အတွင်း တိတ်ဆိတ် သွားသည်။

ထို့နောက် လူတိုင်း ဝါးလုံးကွဲမတတ် ရယ်မောကြလေသည်။

“ဟားဟား … သူဌေး အဲ့ကောင်က ဒီအတိုင်း ထွက်သွားတာလား။ သူက လိပ်စာတောင် ပေးမသွားဘူး။ ကျွန်တော်တို့က ဒီသောက်စိတ်ဝိညာဉ်တွေကို ဘယ်ကို သွားပို့ရမှာလဲ”

“ရယ်ရလွန်းလို့ အူတောင်နာတယ်။ အဲ့အရူးက ငါတို့သူဌေးကို ဒီရတနာတွေ ဒီအတိုင်း လက်ဆောင် ပေးသွားတာပဲ”

“ဘုရား ဘုရား အဲ့ဒါတွေက ဆန်းကြယ်ရေခဲ ဘောလုံးတွေနော်။ အဲ့လူမှာ ဒီ့ထက်ပိုပြီး ရှိနေလောက်တယ်”

ခန်းမထဲမှ အစောင့်တိုင်းတွင် လောဘစိတ်များ ဖုံးလွှမ်း လာသည်။ ထိုစဉ် သော့ထိန်း တဆာက မနှစ်မျို့ဖွယ် ကောင်းသော မျက်နှာထားဖြင့် ပြောလာသည်။

“ဟီးဟီး … ကြည့်ရတာ အဲ့ကောင်လေးက ရတနာသိုက် တစ်ချို့က ရတနာတွေကို ရှာတွေ့လာတာ ဖြစ်မယ်။ မဟုတ်ရင် သူ ဒီလောက် ရက်ရောမှာ မဟုတ်ဘူး”

“စိတ်မကောင်းစရာက သူ မကြာခင် သေရတော့မယ် ဆိုတာကို သူ မသိတာပဲ”

…

ထိုသို့သောအချိန်၌ ကျန့်ချမ်သည် ရောင်းဝယ်ရေး ဌာနအပြင်၌ ဒေါသတကြီး ခြေဆောင့်နေသည်။

“သိုးမည်း၊ မင်းက တကယ့်ကို သိုးမည်းပဲ”

ယခုအချိန်၌ ကျန့်ချမ်သည် သူ အကြီးအကျယ် နစ်နာ သွားရသည်ဟု ထင်မိကာ ယဲ့ဖန်အား နောင်တရနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“မစ္စတာယဲ့ အဲ့တိုက်ပွဲဝင် စိတ်ဝိညာဉ်တွေက ဆန်းကြယ် ရေခဲ ဘောလုံးဆယ်ခုစာတောင် မတန်ဘူး။ ခင်ဗျား အလိမ်ခံလိုက်ရပြီ”

“ပြီးတော့ ခင်ဗျား လိပ်စာ‌တောင် မထားခဲ့ဘူး။ ထောင်မှုး တဆာက သူ ဘာဘောလုံးမှ မရပါဘူးလို့ ငြင်းလောက်တယ်”

*ငြင်းမယ်ဟုတ်လား*

ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။

“အဲ့ရေခဲဘောလုံးတွေ ရပါတယ်လို့ သူ့ကို ကျုက် ဝန်မခံ ခိုင်းပါဘူး။ စောင့်ကြည်နေလိုက်၊ အဲ့တိုက်ပွဲဝင် စိတ်ဝိညာဉ်တွေ သူတို့ဘာသာသူတို့ လမ်းလျှောက် ထွက်လာလိမ့်မယ်”

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် ကျန့်ချမ် မှင်တက်သွားသည်။

*တိုက်ပွဲဝင် စိတ်ဝိညာဉ်တွေက သူတို့ဘာသူတို့ လှောင်အိမ် ထဲကနေ သပိတ်မှောက်လိမ့်မယ်တဲ့လား*

*ဒါ မဖြစ်နိုင်ဘူးလေ*

ယခုအချိန်၌ ကျန့်ချမ်သည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေမိသည်။ သူ သိထားသလောက်ဆိုရင် သော့ထိန်း တဆာသည် လောဘကြီးသောသူ ဖြစ်သည်။ တိုက်ပွဲဝင် စိတ်ဝိညာဉ်တွေကို သူ ဘယ်တော့မှ သပိတ်မှောက်ခွင့် ပြုမည် မဟုတ်။

….

ထိုစဉ် ရောင်းဝယ်ရေးဌာန၏ ခန်းမထဲမှ တစ်စုံ တစ်ယောက်က ထအော်လာသည်။

“သူ … သူဌေး၊ ဘာဖြစ်တာလဲမသိဘူး။ အဲ့ဆန်းကြယ် ရေခဲဘောလုံးတွေက စအက်လာပြီ”

*ဘာ*

သူ၏ အော်သံကို ကြားပြီး လူတိုင်း ထိတ်လန့်သွားကြသည်၊ အထူးသဖြင့် သော့ထိန်း တဆာ ထိတ်ထိတ်ပျာပျာ ဖြစ်ကာ တုန်ယင်လာ၏။

ဆန်းကြယ်ရေခဲဘောလုံး ဆယ်လုံး၌ အက်ရာများစွာ ပေါ်လာသည်။

ထို့ကြောင့် သူသည် ခပ်သုတ်သုတ် ပြေးလာရင်း သူ၏ စိတ်ဝိညာဉ် စွမ်းအင်ကို ဘောလုံးများထံသို့ ပို့လွှတ်၍ ထိန်းချုပ်ရန် ပြင်လိုက်သည်။

သို့သော် သူ့ကို ထိတ်လန့်သွားစေသည့် အချက်က ထိုဆန်းကြယ် ရေခဲဘောလုံးများကို သူ၏ စိတ်ဝိညာဉ် စွမ်းအင်ဖြင့် ထိန်းချုပ်၍ မရခြင်းပင်။ ထိုသို့ ဖြစ်လာရမည့် အစား ဆန်းကြယ်သော စွမ်းအင်တစ်ခု၏ ထိန်းချုပ်မှု အောက်သို့ ရောက်နေသကဲ့သို့ ၎င်းတို့က ပို၍ ပြင်းထန် လာသည်။

“မဖြစ်ဘူး ပြေးကြ”

ထိုစဉ်‌ သော့ထိန်း တဆာ ကြက်သီးတဖြန်းဖြန်းထကာ ကတုန်ကယင် ဖြစ်သွားသည်။ တဆာ ချက်ချင်း လှစ်ခနဲ ထွက်ပြေးရန် ပြင်လိုက်သည်။

ထိုစဉ်။

ဝုန်း! ဝုန်း! ဝုန်း!

ဆန်းကြယ်ရေခဲ ဘောလုံး ဆယ်ခုလုံး ပေါက်ကွဲလာပြီး ခန်းမတစ်ခုလုံး ကမ္ဘာတုန်လောက်သည့် ပေါက်ကွဲသံများဖြင့် ပဲ့တင်ထပ်သွားလေတော့သည်။

CHAPTER 419 အိမ်ပြန်မယ်

ဂျွတ်! ဂျွတ်! ဂျွတ်!

ထိုသို့သော အချိန်၌ ရောင်းဝယ်ရေးဌာနတစ်ခုလုံး၌ ဆိုးယုတ်သော ချီဓာတ်များဖြင့် ပြည့်နှက်လာသည်။

ဆန်းကြယ်ရေခဲ ဘောလုံးနှင့် အနီးကပ်ဆုံး ဖြစ်နေသည့် အစောင့်များကို ဆီးနှင်းများက ချက်ချင်း ဖုံးလွှမ်းသွားသည်။

ထို့နောက် သူတို့ အေးခဲသွားကာ ရေခဲထုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူတို့ တစ်စစီ အက်ကွဲသွားလေ၏။

ဤမျှ သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး သော့ထိန်း တဆာနှင့် ဘေးပတ်လည်မှ အစောင့်များ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။

ပြေး။

သူတို့အားလုံး တံခါးဝသို့ သုတ်ခြေတင်၍ ပြေးကြလေသည်။

ထိုစဉ်။

ဝုန်း! ဝုန်း! ဝုန်း!

ခန်းမတစ်ခုလုံး ကမ္ဘာတုန်လောက်သည့် ပေါက်ကွဲသံများနှင့် ပဲ့တင်ထပ်သွားကာ ဖိနှိပ်နိုင်သော ဆန်းကြယ်ရေခဲ စွမ်းအင်က ဖုံးလွှမ်းလာသည်။

တစ်ခု၊ ဆယ်ခု၊ အခုနှစ်ဆယ်။

....

သေစေနိုင်သော ချီဓာတ်များက ခန်းမအတွင်း ပျံ့နှံ့လို့နေ၏။ အစောင့်များ ရေခဲရုပ်တုများအဖြစ်သို့ ပြောင်းလဲသွားကာ တစ်ယောက်ပြီး တစ်ယောက် တစ်စစီ ကျိုးပဲ့သွား လေတော့သည်။

မနှစ်မြို့ဖွယ်ကောင်းလှသည်။ ကြောက်မက်ဖွယ် ကောင်းလှ၏။ ခန်းမထဲမှ လူတိုင်း မှင်တက်နေကြသည်။

“မဖြစ်ဘူး”

သော့ထိန်း တဆာ ဟစ်အော်လိုက်မိသည်။ နတ်ဘုရား အရှင်သခင်အဆင့် ဖြစ်သော်လည်း ဆန်းကြယ်ရေခဲစွမ်းအင် ရှေ့တွင် သူ့ကိုယ်သူ သေးနုပ်သော ပုရွက်ဆိတ်ထက်တောင် အားနည်းသည်ဟု ခံစားမိနေသည်။

သူ အားကုန်သုံး၍ ခုခံသော်လည်း သူ၏ အရေပြားသည် အေးခဲလာကာ တစ်လက်မချင်းစီ အက်ကွဲလာသည်။ သူ၏အရိုးများ ကျိုးကြေသွားတော့မည်ဟု သူ ခံစားနေ ရသည်။

“အား...”

စူးရှသော အော်သံနှင့်အတူ ထောင်မှူး တဆာ ချက်ချင်း အေးခဲ သွားလေသည်။ တစ်ချိန်တည်းမှာပင် သူသည် ရေခဲ ရုပ်တုအဖြစ် အသွင်ပြောင်းသွားလေတော့သည်။

သူ၏ အေးခဲနေ‌သော မျက်နှာ၌ ကြောက်ရွံ့၊ ထိတ်လန့် နေစိတ်များ ထင်ဟပ်နေသေး၏။

ထို့နောက် သော့ထိန်း ‌တဆာ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်း ဖြစ်သွား လေ‌တော့သည်။

...

ထိုစဉ် ကျန့်ချမ်သည် ရောင်းဝယ်ရေးခန်းမ၏ အပြင်ဘက်၌ ယဲ့ဖန်အား မကျေမချမ်း ပြောနေသေးသည်။

“လေလံစံအိမ်မှာဆိုရင် ဆန်းကြယ်ရေခဲဘောလုံးတစ်လုံးကို စကြဝဠာသုံး ဒင်္ဂါး လေးသိန်းနဲ့ ရောင်းလို့ရတယ်။ ဆန်းကြယ်ရေခဲ ဘောလုံးဆယ်လုံးဆိုရင် စကြဝဠာသုံး ဒင်္ဂါး လေးသန်းတန်နေပြီ”

“မင်း စကြဝဠာသုံး ဒင်္ဂါးတစ်ရာနဲ့ဆိုရင် စိတ်ဝိညာဉ် ကလန်က မိန်းမပျိုလေးတွေနဲ့ အိပ်လို့ရတယ်ကွ။ ပြောရမယ်ဆိုရင် စကြဝဠာသုံး ဒင်္ဂါးလေးသန်းဆိုရင် မင်း စိတ်ဝိညာဉ်ကလန်က မိန်းကလေးတွေနဲ့ အကြိမ် လေးသောင်းတောင် အိပ်လို့ရတာကွ”

“တစ်နေ့ လေးကြိမ်ပဲ ထားဦး၊ မင်း သူတို့နဲ့ ရက်တစ်သောင်း လောက် နေလို့ရတာကွ”

ယခုအချိန်၌ ကျန့်ချမ်သည် ဒေါသနှင့် နောင်တရစိတ်တို့ ကြောင့် သွေးအန်မတတ် ဖြစ်နေသည်။

*ပိုက်ဆံလေ*

*မင်း ဘာလို့ ပိုက်ဆံကို ဒီလိုလွန်ကဲတဲ့ အမူအရာနဲ့ ဖြုန်းတီးပစ်ရတာလဲ*

ကျန့်ချမ်းသည် ယဲ့ဖန်အား အလွန် ရန်လိုသော မျက်လုံးများဖြင့် ကြည့်နေသည်။

*ဒီကောင်က တကယ့်ကို သိုးမည်းပဲ။ စိတ်ဝိညာဉ်ကလန်က မိန်းမပျိုလေးတွေနဲ့ ရက်တစ်သောင်းလောက် နေလို့ရတဲ့ အခွင့်အရေးကို ဘယ်လိုလုပ် ဖြုန်းတီးပစ်နိုင်ရတာလဲ*

*တိုက်ပွဲဝင် စိတ်ဝိညာဉ်တွေက သူတို့ဘာသူတို့ သပိတ်မှောက် လိမ့်မယ်လို့တောင် သူက ယုံကြည် နေသေးတယ်*

*မင်း လာနောက်နေတာလား*

*အဲ့ဒါက ငါ ယုံဖို့ခက်....*

*ဟမ်*

ကျန့်ချမ် မကျေမနပ် ညည်းညူနေစဉ် ရုတ်တရက် ထိတ်လန့်သွားသည်။ ဆီးနှင်းများက ရောင်းဝယ်ရေးဌာန၏ ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့နေသည်ကို သူ မြင်လိုက်ရသည်။

ထို့နောက်။

ဝုန်း!

ကမ္ဘာတုန်လောက်သည့် ပေါက်ကွဲမှုနှင့်အတူ ရောင်းဝယ်ရေး ခန်းမတစ်ခုလုံး လုံးဝပြိုကျသွား၏။ ရောင်းဝယ်ရေးဌာန၏ အနက်ရောင်သံမဏိဘောင်တောင်မှ အေးခဲသွားသည်။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

ကျန့်ချမ် အလွန် သွေးပျက်နေသည်။

ပျက်စီးသွားပြီ။

တစ်ခဏ အတွင်းမှာပင် ရောင်းဝယ်ရေးဌာနတစ်ခုလုံး ပျက်စီး သွားသည်။

“မဟုတ်ဘူး ... ဒါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်ရမယ်။ ဒါ ထင်ယောင်ထင်မှား ဖြစ်နေတာ”

ကျန့်ချမ် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေသည်။

သော့ထိန်းတဆာ ရောင်းဝယ်ရေးဌာနသည် စိတ်ဝိညာဉ် တိုက်ခိုက်ခြင်း ဂြိုဟ်တစ်ဝိုက်တွင် အကြီးဆုံးနှင့် အတောင့်တင်းဆုံး ရောင်းဝယ်ရေးဌာန ဖြစ်သည်။ နတ်ဘုရား အရှင်သခင်အဆင့်တောင်မှ မဖျက်ဆီးနိုင်ချေ။

သို့သော် ယခုအခါတွင် ...

လေတိုးသံနှင့်အတူ ပျက်စီးမှုများသည် တစ်စစီ ဖြစ်သွားလေသည်။ ထို့နောက်တွင်မူ အနက်ရောင် မြူခိုးများက အပျက်အစီးများ ကြားထဲမှ ထွက်လာသဖြင့် ကျန့်ချမ် ကြက်သီး တဖြန်းဖြန်းထလာရသည်။

*အဲ့ဒါတွေက ... နတ်ဆိုးတွေပဲ*

“မစ္စတာယဲ့ ပြေးတော့”

ကျန့်ချမ် ကြောက်လန့်ကာ သေးထွက်ကျမတတ် ဖြစ်နေသည်။ နတ်ဆိုးစိတ်ဝိညာဉ် တစ်ခုချင်းစီသည် အလွန် ရက်စက်လှသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဆိုး စိတ်ဝိညာဉ်များ ဒါဇင်နှင့်ချီ၍ လွတ်မြောက်လာလေသည်။

*ဒါ ... ဒါ ကပ်ဘေးဖြစ်လာလိမ့်မယ်*

ကျန့်ချမ်သည် ချက်ချင်း သုတ်ခြေတင် ပြေးလေတော့သည်။ သို့သော် သူ ပြေးနေစဉ်တွင် ယဲ့ဖန်က ရပ်မြဲရပ်နေသည်ကို သူ သတိထားမိသွားသည်။

*ရူးနေပြီ*

*ရူးလိုက်တဲ့ကောင်*

ကျန့်ချမ် အံ့ဩသွားသည်။ နတ်ဘုရား အရှင်သခင် အဆင့်တွေတောင်မှ ထိုစိတ်ဝိညာဉ်များကြောင့် တစ်စစီ စုတ်ဖြဲခံရသဖြင့် နတ်ဘုရား ဆရာသခင်အဆင့်ဆို ပြောနေစရာပင် မလိုလောက်ပေ။

ယဲ့ဖန်က ကြောက်၍ ငြိမ်နေသည်ဟု ကျန့်ချမ် ထင်သွားသည်။ သို့သော် သူသည် ယဲ့ဖန်အား အော်ဟစ်၍ သတိဝင်အောင် လုပ်ရန် ပြင်နေချိန်တွင် နတ်ဆိုး စိတ်ဝိညာဉ်များက အနက်ရောင် အရိပ်များအဖြစ် အသွင်ပြောင်း သွားသည်။

ထို့နောက် သူတို့သည် ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ ရိုသေစွာ နှုတ်ဆက်လာသည်။

“နတ်ဆိုး ဟာတက သခင်ကြီးကို ဂါဝရပြုပါတယ်”

“နတ်ဆိုး စီရိုက သခင်ကြီးကို ဂါဝရပြုပါတယ်”

“နတ်ဆိုး ခူဆန်က သခင်ကြီးကို ဂါဝရပြုပါတယ်”

....

ကမ္ဘာတုန်လောက်သည့် နှုတ်ဆက်သံများကို ကြားပြီး ကျန့်ချမ် သွေးပျက်သွားသည်။

ထိတ်လန့်ဖွယ်ကောင်းလှ၏။

ဒါဇင်နှင့်ချီသော ကြောက်မက်ဖွယ် ကောင်းသည့် နတ်ဆိုး များက ဒူးတစ်ဘက်ထောက်၍ သူတို့သခင်ကြီးကို နှုတ်ဆက်နေသည်။ မည်မျှ ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါလိမ့်။

ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးစိတ်ဝိညာဉ်များ၏ စိတ်လှုပ်ရှားနေ‌သော မျက်နှာများကို ကြည့်ပြီး မိမိ မိသားစုဝင်ကို မှတ်မိသွားသော ကလေးငယ်များနှင့် တူသည်ဟု ကျန့်ချမ် ခံစားလိုက်မိသည်။

သူတို့၏ စိတ်လှုပ်ရှား ပျော်မြူးနေသော မျက်နှာများက မယုံနိုင်စရာ ကောင်းလှသည်။

“သ...သခင်ကြီးတဲ့လား”

ကျန့်ချမ် ယဲ့ဖန်အား မယုံသင်္ကာ မျက်လုံးများဖြင့် ကြည့်နေမိသည်။ သူက နတ်ဆိုး စိတ်ဝိညာဉ်များစွာ၏ သခင်ကြီး ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။

ကျန့်ချမ် ထိတ်လန့်နေစဉ် ယဲ့ဖန်က လက်ကိုခါ၍ အမိန့်ပေး လာသည်။

“အိမ်ပြန်ကြမယ်”

*အိမ်ပြန်မှာလား*

ထိုမျှ ရိုးစင်းသော စကားကို ကြားပြီးနောက် ဒါဇင်နှင့်ချီသော နတ်ဆိုး စိတ်ဝိညာဉ်များ၏ မျက်လုံးများ နီရဲကာ စိုစွတ်လာသည်။

ထို့နောက်တွင်မူ သူတို့၏ မျက်လုံးအိမ်၌ မျက်ရည်များဖြင့် ပြည့်လျှံလာ၏။ ယခုကဲ့သို့ အချိန်အခါမျိုးအား သူတို့ စောင့်မျှော်နေခဲ့ရသည်မှာ ကြာလှပြီ ဖြစ်သည်။

“ဟုတ်ကဲ့ပါ သခင်ကြီး”

ဒါဇင်နှင့်ချီသော နတ်ဆိုးစိတ်ဝိညာဉ်များက ချက်ချင်း အနက်ရောင် ချီမျှင်စုများအဖြစ် အသွင်ပြောင်းကာ ယဲ့ဖန်၏ လက်မောင်းထံသို့ လှစ်ခနဲ ပြေးဝင်သွားကြသည်။

ယဲ့ဖန်၏ လက်မောင်းသည် အသွေးအသားများဖြင့် ကြီးမားနေပြီ ဖြစ်သည်။ ဒါဇင်နှင့်ချီသော နတ်ဆိုး စိတ်ဝိညာဉ်များ သူ၏ အရေပြားထဲသို့ ဝင်ရောက် သွားပြီးနောက် သူတို့အားလုံးသည် အနက်ရောင် အစက်များ အဖြစ် ပြောင်းလဲသွားကာ ဆိုးယုတ်၍ ကြောက်မက်ဖွယ် ကောင်းလှသော အနက်ရောင် ဦးခွံအဖြစ် အသွင်ပြောင်း သွားသည်။

ထို့နောက်တွင်မူ ယဲ့ဖန်က ကျန့်ချမ်နား လျှောက်လာပြီး

“သွားကြမယ်၊ နောက်တစ်ခုကို”

*နောက်တစ်ခုလား*

ကျန့်ချမ် ကြောက်လန့်ကာ တုန်ယင်သွားသည်။

*သူ ပြောချင်တာက ...*

ဖြစ်နိုင်ချေကို တွေးမိပြီးနောက် ကျန့်ချမ် ကြောက်လန့်ကာ တုန်ယင်သွားသည်။ သို့သော် ယဲ့ဖန်အား နောက်ထပ် စိတ်ဝိညာဉ် ရောင်းဝယ်ရေးဌာနသို့ ခေါ်သွားခြင်းက သူ၏ တစ်ခုတည်းသော ရွေးချယ်စရာသာ ဖြစ်သည်။

...

ယနေ့တွင်။

စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်တစ်ခုလုံး ရူးသွပ်ဖွယ် ဖြစ်ရပ်များနှင့် ပြည့်နှက်နေ၏။

ဂြိုဟ်တစ်ခုလုံးသို့ ကြောက်မက်ဖွယ်ကောင်းသော ဟာရီကိန်း မုန်တိုင်း ဝင်သွားသကဲ့သို့ တိုက်ပွဲဝင် စိတ်ဝိညာဉ် ရောင်းဝယ်ရေး ဌာနများ တစ်ခုပြီးတစ်ခု ပျက်ဆီး သွားကြသည်။

ထိုသို့သောအချိန်၌ ဆင်ခြေဖုံးရပ်ကွက်တစ်ခု၏ အခန်း ကျဉ်းလေး၏ ကြမ်းပြင်အလယ်၌ မန္တန်တစ်ခု ရှိနေသည်။ ရုတ်တရက် ထိုမန္တန်မှ အလင်းများ တောက်ပလာသည်။

ထို့နောက် ထိုနေရာသည် လှိုင်းလုံးများသဖွယ် တအိအိလှုပ်လာသည်။

ဝုန်းခနဲ အသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ကျောက်တုံး တစ်တုံးကဲ့သို လူတစ်ယောက် ပြုတ်ကျလာသည်။

“ဝေါ့ ...”

ကြမ်းပြင်ပေါ် ပစ်ကျလာသည်နှင့် သူ ချက်ချင်း သွေးအန်မိသည်။

ထိုသူသည် သေဆုံးသွားသော သော့ထိန်း တဆာပင်။

“သေစမ်း၊ သေစမ်း၊ သေစမ်း”

သော့ထိန်း တဆာသည် အလွန် ကြောက်လန့်၍ မုန်းတီးနေသော မျက်လုံးများနှင့် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

“ငါ့အစ်ကို ပေးထာတဲ့ ကိုးသက်မန္တန်ကြောင့် ငါ အသက်ရှင်တယ် ဆိုရုံလေး ရှင်ခဲ့တာပဲ”

သော့ထိန်း တဆာ ကြောက်စိတ်မွှန်နေသေးသည်။ သူ ကပ်သီးလေး လွတ်မြောက်လာခြင်းပင်။

“မျိုးမစစ်ကောင်၊ မင်းက င့ါရောင်းဝယ်ရေးဌာနကို ဖျက်ဆီးပြီး ငါ့တိုက်ပွဲဝင် စိတ်ဝိညာဉ်တွေကို ဓားပြတိုက် သွားတယ်။ မင်းနဲ့ငါ ဘယ်တော့မှ ကမ္ဘာမကျေဘူးကွ”

ထိုသို့ပြောဆိုပြီး သော့ထိန်းတဆာသည် အခန်းထဲမှ ထွက်လာသည်။

သူ့အစ်ကိုဖြစ်သူ စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်၏ နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိအား သူ့အတွက် လက်စားချေပေးရန် သူ တောင်းဆိုချင်နေသည်။

စာစဉ် (၂၈) ဤတွင် ပြီးပါပြီ။

Chapter 420

စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်၏ စိတ်ဝိညာဉ်ပြိုင်ကွင်း၌

ယနေ့တွင် အရှေ့၊အနောက်၊ တောင်နှင့်မြောက်အရပ်ရှိ အင်အားအကြီးဆုံး တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ အားလုံး ဤနေရာ၌ စုဝေးရောက်ရှိနေကြသည်။

ကြီးမားသော စိတ်ဝိညာဉ် ပြိုင်ကွင်းတစ်ခုထဲ၌ လူများစွာတို့ဖြင့် ကျပ်ညက်လို့နေ၏။ တိုက်ပွဲဝင် စိတ်ဝိညာဉ်များ သည်လည်း ရာနှင့်ချီ၍ ရှိနေကြသည်။

နတ်ဆိုးစိတ်ဝိညာဉ်တစ်ခုချင်းစီ၏ ခန္ဓာကိုယ်အား စိတ်ဝိညာဉ် ပျက်သုဉ်းခြင်း သံများဖြင့် ပြုလုပ်ထားသော သံခြေချင်းများ ခပ်နှောင်ထားသည်။

ချွင်! ချွင်! ချွင်! ချွင်!

ပြိုင်ကွင်းအား လေးနေရာခွဲထားသည်။

ပထမနေရာကား စိတ်ဝိညာဉ်တို့၏ ဘုရင် ဘက်ခါ။

ဒုတိယတစ်နေရာအား တောင်ပိုင်း တိုက်ပွဲဝင် စိတ်ဝိညာဉ်တို့၏ ဘုရင်ဖြစ်သူ၊ မိစ္ဆာတို့၏အရှင်။

အနောက်ပိုင်း စိတ်ဝိညာဉ်တို့၏ ဘုရင် မဟူရာသစ်နက်။

အရှေ့ပိုင်းဘုရင် ကြံကြီး။

ထိုကြီးမြတ်သော နတ်ဆိုးလေးကောင်သည် ယခုနှစ်၏ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်အရပ်တို့မှ တိုက်ပွဲဝင် စိတ်ဝိညာဉ် ကြယ်ပွင့်များ ဖြစ်ကြသည်။

သူတို့လေးယောက်လုံး၏အနောက်၌ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအကောင် နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် လိုက်ပါလာကြသည်။

ယနေ့တွင် သူတို့သည် ဤဗဟိုတိုက်ပွဲကွင်းပြင်၌ တိုက်ခိုက်ကြလိမ့်မည်။ ထိုသည်သာမက‌သေး ဗဟိုတိုက်ပွဲ ကွင်းပြင်၏ ပတ်လည်၌ များစွာသော စိတ်ဝိညာဉ် ဆရာသခင်များ ထိုင်နေကြပြီး သူတို့အားလုံးသည် ပွဲကြည့်ပရိသတ်များ ဖြစ်ကြသည်။

အထူးသဖြင့် ထိပ်ဆုံးပလ္လင်၌ နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိဖြစ်သူ ရိုဒါက ငြိမ်သက်စွာ ထိုင်နေ၏။ သူသည် နှုတ်ခမ်းကိုတွန့်၍ ရက်စက်ကြမ်းကြုတ်သော အပြုံးမျိုး ပြုံးနေသည်။

“လူကြီးမင်းအပေါင်းတို့”

ရိုဒါ၏အသံ ထွက်ပေါ်လာသည်နှင့် စိတ်ဝိညာဉ်ပြိုင်ကွင်း၏ ဆူညံပွက်လောရိုက်နေသောအသံများ ရုတ်တရက် တိတ်ကျသွားသည်။

လူတိုင်းက ခန့်ညားသော သူ့မျက်နှာအား အကြိမ်ပေါင်းများစွာ လှမ်းကြည့်မိကြသည်။

“ဒီနေ့က စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်ရဲ့ ဘုရင်တစ်ပါး မွေးဖွားလာတဲ့နေ့ပဲ”

ရိုဒါ၏ မျက်လုံးများက အောက်ဘက်ရှိ ရာနှင့်ချီသော နတ်ဆိုးများအား လှမ်းကြည့်လာသည်။

“နတ်ဆိုးစိတ်ဝိညာဉ်က နတ်ဘုရား စိတ်ဝိညာဉ်ထက် ပိုပြီးသန်မာတာကို လူတိုင်း သိကြမှာပါ၊ နှစ်တိုင်းနီးပါး နတ်ဆိုးစိတ်ဝိညာဉ်က ဘုရင်ဖြစ်ခဲ့တယ်”

“ဒါပေမဲ့ ဒီနှစ်မှာတော့ ကျုပ်တို့ စိတ်ဝိညာဉ်တွေရဲ့ ဘုရင်ကို မလိုချင်ဘူး၊ ဘုရင်တို့ရဲ့ ဘုရင်ကိုပဲ လိုချင်တယ်”

*ဘုရင်တို့ရဲ့ဘုရင်တဲ့လား*

ထိုစကားများကို ကြားပြီးနောက် စိတ်ဝိညာဉ် ဆရာသခင်များအားလုံး ဇဝေဇဝါဖြစ်သွားကြသည်။

“ဒီရာနဲ့ချီတဲ့ နတ်ဆိုးစိတ်ဝိညာဉ်တွေကို လူတိုင်း မြင်ကြမှာပါ၊ ဒီနေ့ သူတို့တွေက သွေးသံတရဲရဲနဲ့ သတ်ဖြတ်ကြပြီးတဲ့နောက်မှာတော့ အနိုင်ရသူသာ ရှင်ကျန်ပြီး ရှုံးနိမ့်သူက သေရမှာပါ။ ပြိုင်ကွင်းလေးခုထဲက တစ်ခုပဲ အသက်ရှင် ကျန်ရစ်နိုင်မယ်၊ ကျန်ပြိုင်ကွင်းသုံးခုလုံး ဖျက်ဆီးခံရမယ်”

“ဟူးရေး”

ရိုဒ၏စကား ဆုံးသွားသည်နှင့် စိတ်ဝိညာဉ်ပြိုင်ကွင်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။

ယခင်ပြိုင်ပွဲများသည် သေခြင်းရှင်ခြင်းပြိုင်ပွဲနှင့် သိပ်မတူချေ၊ အနိုင်ရသူနှင့် ရှုံးနိမ့်သူသာ ရှိခဲ့သည်။

ယခုခါတွင်တော့ ရိုဒါက သေခြင်းရှင်ခြင်း တိုက်ပွဲကို ပြင်ဆင်ထားသည်။

ထို့နောက်တွင်မူ ရိုဒါ၏မျက်နှာက ပိုပို၍ တွေဝေလာသည်။

“ဒါတွေက သေရမှာကိုမကြောက်တဲ့ နတ်ဆိုးစိတ်ဝိညာဉ်တွေပဲ၊ သူတို့တွေ တိုက်ခိုက်ကြမယ်၊ အသက်ရှင် ကျန်မယ့်ပြိုင်ကွင်းက တစ်ခုပဲရှိရမယ်၊ စစ်ပွဲသာမရှိဘူးဆိုရင် နတ်ဆိုးအားလုံး သေသွားကြရမယ်”

ထိုသို့ပြောပြီးနောက် ရိုဒါက လက်ဝှေ့ယမ်းပြလိုက်သည်။

ဝုန်း!

ရုတ်တရက် ပြိုင်ကွင်းတစ်ခုလုံးရှိ နတ်ဆိုးစိတ်ဝိညာဉ်အားလုံး၏ လက်ထိတ်သံနှင့် ခြေချင်းသံများ ဆူညံစွာ ထွက်ပေါ်လာ၏။

အဖြူရောင် မီးခိုးငွေ့များ မျောလွင့်လာပြီးနောက် နတ်ဆိုးစိတ်ဝိညာဉ်များအားလုံး သေသည်ထက် ပိုဆိုးသည့် မီးလောင်တိုက်သွင်းခြင်းကို ခံစားရလေတော့သည်။

နာကျင်ခြင်း။

အဓိက နတ်ဆိုးလေးကောင်သာမက အနီးအနားရှိ ရာနှင့်ချီသော နတ်ဆိုးများအားလုံး တုန်ယင်ကာ ဖြူဖတ်ဖြူရော် ဖြစ်နေ ကြသည်။

သူတို့၏ မျက်ဝန်းတွင်း၌ ဒေါသစိတ်နှင့် အရှက်ခွဲခံရခြင်းတို့နှင့် ထင်ဟပ်ပြည့်နှက်နေ၏။

ထို့အတူ နတ်ဆိုးစိတ်ဝိညာဉ်များ နာကျင်နေသည့် မြင်ကွင်းကို ကြည့်ပြီး ဘေးပတ်လည်ရှိ စိတ်ဝိညာဉ် ဆရာသခင်များ သွေးဆူလာကြသည်။

“သတ်…သတ်…သတ်”

ဟစ်ကြွေးသံများ ထွက်ပေါ်လာ၏။ စိတ်ဝိညာဉ် ဆရာသခင်တိုင်း၏ မျက်လုံး၌ အလွန်အမင်း ရက်စက် ကြမ်းကြုတ်လိုစိတ်များ ပေါ်လွင်နေသည်။

“ဘက်ခါ ငါတို့ မြောက်ပိုင်း တိုက်ခိုက်ရေးနယ်မြေကိုယ်စား ကျန်တဲ့နတ်ဆိုးခေါင်းဆောင် သုံးကောင်ကို သတ်ပစ်လိုက်စမ်းပါ၊ သူတို့အားလုံးကို သတ်ပစ်လိုက်”

“ဟဟဟ … မဟူရာသစ်နက်၊ မင်းက ငါတို့ အနောက်ပိုင်း‌ဒေသရဲ့ တိုက်ခိုက်ရေးဘုရင်ပဲ၊ ငါတို့ကို အရှက်ရအောင် မလုပ်နဲ့ကွ”

“ကြံကြီး ဒါ မင်းအပေါ် မူတည်နေပြီ၊ သူတို့က မင်းရဲ့တစ်နယ်တည်းသားတွေ မဟုတ်တော့ဘူး၊ ရန်သူတွေပဲ။ သူတို့အားလုံးကို သတ်ပစ်လိုက်”

“….”

ယခုအချိန်၌ ဩဘာပေးသံများဖြင့် ဆူညံလို့နေ၏။

စိတ်ဝိညာဉ် ဆရာသခင်များအားလုံး မတ်တပ်ထရပ်ကာ အောက်ဘက်ရှိ နတ်ဆိုးများအား ဒေါကြီးမောကြီးနှင့် အော်ပြော နေကြသည်။

သူတို့မျက်လုံးထဲတွင် တိုက်ပွဲဝင် စိတ်ဝိညာဉ်များသည် တိုက်ခိုက်ကြသည့် သတ္တဝါအဆင့်သာ ရှိကြသည်။

နတ်ဆိုးစိတ်ဝိညာဉ် တစ်ခုချင်းစီသည် သူတို့မျက်လုံးထဲတွင် ကစားစရာ အရာများသာ ဖြစ်လေသည်။

ထိုစကားများက ပြိုင်ကွင်းထဲရှိ နတ်ဆိုးများအား အလွန် ဒေါသထွက်စေ၏။

နတ်ဆိုးတိုင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ထိုစိတ်ဝိညာဉ် ဆရာသခင်အားလုံးကို သတ်ဖြတ်ရန် မစောင့်နိုင် ကြတော့ချေ။

ဤမြင်ကွင်းကိုကြည့်ပြီး နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါ၏ မျက်နှာ၌ စိတ်လှုပ်ရှားနေဟန်များနှင့် ပြည့်နှက်လာသည်။

သူက လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“ဘုရင်တို့ရဲ့ဘုရင်၊ သေခြင်းရှင်ခြင်း တိုက်ပွဲကြီး စကြတော့”

“ဟေး”

ထိုအမိန့်သံ ပဲ့တင်ထပ်သွားပြီးနောက် ပြိုင်ကွင်းတစ်ခုလုံး ပွက်ပွက်ညံ သွားသည်။

ရူးမတတ် အော်ဟစ်သံများနှင့် ထိုစိတ်ဝိညာဉ် ဆရာသခင်များ၏ မျက်နှာကို ကြည့်ပြီး ပြိုင်ကွင်းထဲရှိ နတ်ဆိုးစိတ်ဝိညာဉ်များက ပိုပို၍ ငြိမ်သက်လာကြသည်။

ဝမ်းနည်းခြင်း။

နတ်ဆိုးစိတ်ဝိညာဉ်တိုင်း၏ ရင်ထဲ၌ ဝမ်းနည်းစိတ်များနှင့် ပြည့်နှက်လို့ လာသည်။ သူတို့သည် ထိပ်တန်း နတ်ဆိုးများ ဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင်တော့ ပြိုင်ကွင်းထဲရှိ သားရဲများ အဖြစ်သို့ အဆင့်နှိမ့်ခံနေရသည်။

လူတို့၏ အပျင်းပြေကစားစရာများ၊ ဆူဆဲခံရသူများ ဖြစ်လာခဲ့ ရသည်။

ဤသို့ အရှက်ခွဲခံရခြင်းသည် သူတို့တစ်ယောက်ခြင်းစီ၏ ရင်ထဲမှ သတ်ဖြတ်လိုစိတ်အား အလွန်အမင်း နှိုးဆွပေးသလိုပင်။

“ညီအစ်ကိုတို့”

နတ်ဆိုးအိုကြီး ဘက်ခါ၏ မျက်ဝန်းတွင်း၌ မျက်ရည်များနှင့် ပြည့်နှက်လို့ နေ၏။ သူသည် သူ၏ အတူနေခဲ့ဖူးသော ညီအစ်ကိုများ တစ်ယောက်ပြီးတစ်ယောက် သေသွားခဲ့ကြသည်ကို သူ ဝမ်းနည်းစွာ ကြည့်နေခဲ့ရသည်။

“ငါ ... အိမ်ကိုလွမ်းတယ်”

မိသားစု!

ထိုစကားလုံးကို ကြားသည်နှင့် ကျန်နတ်ဆိုးခေါင်းဆောင် သုံးယောက် အပါအဝင် ရာနှင့်ချီသော နတ်ဆိုးများ အားလုံး တုန်ယင် သွားကြသည်။

တစ်ယောက်ပြီးတစ်ယောက် မျက်ရည်များ စီးကျလာသည်။

သူတို့၏အိမ်သည် ပျက်ဆီးသွားလေပြီ။ သူတို့လူများ သေဆုံး သွားကြသည်။

မဟူရာ သစ်နက်နတ်ဆိုးက မျက်လုံးကိုမှိတ်၍ မျက်ရည်ကို စီးကျစေလိုက်ပြီး သူ့ရင်ထဲ၌ အတောမသတ်နိုင်သော ဝမ်းနည်းမှုများ စိုးမိုးလို့နေသည်။

“ငါ့သခင်ကြီးရဲ့ သင်ပြမှုတွေကို ငါလွမ်းတယ်၊ ငါ့ညီအစ်ကိုရဲ့ ရယ်သံကို ငါ လွမ်းတယ်၊ ငါ နတ်ဆိုးဂြိုဟ်ကြီးရဲ့ တောင်တန်းနဲ့ နတ်ဆိုးဂြိုဟ်ကြီးရဲ့ ရေမြေကို လွမ်းတယ်”

ဤသည်ကို ကြားပြီး နတ်ဆိုးတိုင်း ငိုကြွေးကြသည်။

သူတို့ ပင်ပန်းနေကြသည်။ သူတို့ အိမ်ပြန်လိုကြ၏။

“သခင်ကြီးက ပြောဖူးတယ်၊ ငါတို့က မိသားစုဝင်တွေတဲ့၊ ငါတို့ အတူရှင်သန်ပြီး အတူသေဆုံးကြမယ်”

ကြောက်မက်ဖွယ်ကောင်း‌သော မျက်နှာထားရှိသည့် ကြံကြီးက ပြောလာသည်။

“ညီအစ်ကိုတို့ အိမ်ပြန်ကြမယ်”

ထိုသို့ပြောပြီးနောက် နတ်ဆိုးလေးကောင်က တစ်ယောက်ကို တစ်ယောက် အချိန်အတော်ကြာ စိုက်ကြည့် နေကြပြီး သူတို့၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ပွင့် ပေါ်ထွက်လာ၏။

လက်သီးချင်း တိုက်လိုက်ကြပြီးနောက် နောက်လှည့်ကာ ပွဲကြည့်စင်ရှိရာသို့ တဖြည်းဖြည်း ပြန်လျှောက် လာကြသည်။

သူတို့နောက်၌ ရာနှင့်ချီသော နတ်ဆိုးများက နီးကပ်စွာ လိုက်ပါ လာကြသည်။

အန္တရာယ်ပေးနိုင်သော နတ်ဆိုး အငွေ့အသက်များပါတကား။

သူတို့သည် တစ်ယောက်ကိုတစ်ယောက် ချစ်ခင်၍ အချင်းချင်း ပြန်မသတ်ကြချေ။

နတ်ဘုရားများကိုသာ ယဇ်ပူဇော်၍ အင်မော်တယ်များကိုသာ သတ်ဖြတ်ကြသည်။

ဝုန်း!

နတ်ဆိုးခေါင်းဆောင် လေးယောက်နှင့် ရာနှင့်ချီသော နတ်ဆိုးများက မတိုက်ခိုက်ဘဲ ပွဲကြည့်စင်ဘက်သို့ ပြန်လျှောက် လာသည်ကိုမြင်ပြီး စိတ်ဝိညာဉ် ဆရာသခင်များ အကြီးအကျယ် မျက်နှာပျက်သွားကြသည်။

“ချီးတဲ့မှ၊ မင်းတို့ ဘာစောက်ချိုးချိုးနေတာလဲ”

“ပြန်သွားကြ၊ ပြန်ချကြလေ၊ ဘုရင်တို့ရဲ့ဘုရင်အတွက် ချကြလေ၊ ခွေးမသားတွေရ”

“ရူးနေပြီလား၊ မင်းတို့ သေချင်နေကြတာလား”

“…”

ထိုသို့သောအချိန်၌ ပွဲကြည့်စင်များမှ ဒေါသတကြီး ဆူပူကြိမ်းမောင်းသံနှင့် ဆဲရေးတိုင်းထွာသံများ ထွက်ပေါ်လာ၏။

ထိုအချိန်တွင် နတ်ဆိုးများအားလုံး ငြိမ်နေကြသည်။ သူတို့သည် ဒီအတိုင်း ပွဲကြည့်စင်များထံသို့ ပြန်လှည့်လာနေကြသည်။

နတ်ဆိုးစိတ်ဝိညာဉ်များ၏ ခြေသံများက စိတ်ဝိညာဉ် ဆရာသခင်များအားလုံး ခေါင်းမွေးထောင်သလို ခံစားလာရသည်။

ဆန့်ကျင်ခြင်း။

အားလုံး ပုန်ကန်နေကြလေသည်။ ဤမြင်ကွင်းက နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါအား ပို၍ သုန်မှုန်သွားစေသည်။

“ကောင်းတယ်၊ သိပ်တော်တဲ့ နတ်ဆိုးခေါင်းဆောင်တွေ၊ မင်းတို့က သေတွင်းတူး နေမှတော့ ငါက မင်းတို့ဆန္ဒကို ဖြည့်ဆည်း ပေးရမှာပေါ့”

ထိုသို့ပြောပြီး ရိုဒါက အချက်ပြလိုက်သည်။

ရုတ်တရက် နတ်ဆိုးများ၏ လက်ထိတ်နှင့် ခြေချင်းများမှ လျှပ်စီးကြောင်းများ ဆက်တိုက်ထွက်ပေါ်လာသည်။

အဖြူရောင် မီးခိုးငွေ့များ တလိပ်လိပ်ထလာပြီး နတ်ဆိုး စိတ်ဝိညာဉ်တိုင်း အရှိုးရာများနှင့် ဖုံးလွှမ်းသွားသည်။ သို့သော် သူတို့က ထိုဒဏ်ရာများကို လျစ်လျူရှုထားကြသည်။

ကျိုးကြေနေသော လက်များနှင့် ဆက်၍ရွေ့လျားနေကြသည်။ ခြေထောက်များ ကျိုးနေသော်လည်း ရှေ့သို့ ဆက်လှမ်း နေကြသည်။

သူတို့ သတ်ချင်နေကြသည်။ ကမ္ဘာပေါ်က နတ်ဘုရားတိုင်းကို သတ်ချင် နေကြသည်။

“သေကြစမ်း”

ကြမ်းတမ်းစွာ ကြုံးဝါးသံနှင့်အတူ နတ်ဆိုးစိတ်ဝိညာဉ်တိုင်းက ပွဲကြည့်စင်များထံသို့ ဦးတည်၍ ပြေးဝင်သွားကြသည်။

“အား …”

ထိုနတ်ဆိုးစိတ်ဝိညာဉ်များသည် အလွန်တရာကိုမှ ရက်စက် လွန်း၏။

သူတို့၏ခန္ဓာကိုယ်များ လောင်မြိုက်နေတာတောင်မှ သူတို့သည် ဥပေက္ခာပြု၍ ထိုစိတ်ဝိညာဉ်ဆရာသခင်များကို ဆက်၍ သတ်ဖြတ်ကြသည်။

“အား”

ရှောင်ရန် အချိန်နှောင်းသွားသည့် စိတ်ဝိညာဉ် ဆရာသခင် တစ်ယောက်သည် နတ်ဆိုးအိုကြီး ဘက်ခါကြောင့် တစ်စစီ ဖြစ်သွားလေတော့သည်။

အဖြူရောင် မီးခိုးလုံးများ တလိပ်လိပ်ထနေပြီး မီးလောင် ဒဏ်များက သူ့အား တစ်ကိုယ်လုံး တုန်ယင် သွားစေသည်။ သို့သော် သူ၏မျက်လုံးထဲတွင်တော့ ရူးသွပ်မှုနှင့် သတ်ဖြတ်လို စိတ်များဖြင့်သာ ပြည့်နှက်နေ၏။

ဝုန်း!

ထိုသို့သောအချိန်၌ ရာနှင့်ချီသော နတ်ဆိုးစိတ်ဝိညာဉ်များက ပွဲကြည့်စင်များ၌ သတ်ဖြတ်လို့နေကြသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး စတင်လာလေတော့သည်။

စာစဉ် ၂၈ ဤတွင် ပြီးပါပြီ။

All Chapters