အခန်း (၄၂၁-၄၂၃)
Vol. 29 Ch. 421-423
Chapter 421
ဝုန်း!
ထို့သို့သောအချိန်၌ စိတ်ဝိညာဉ် တိုက်ပွဲပြိုင်ကွင်းကြီးတစ်ခုလုံး ငရဲကျလုနီးပါးဖြစ်နေ၏။ အော်ဟစ် သတ်ဖြတ်သံများက သွေးပျက်စရာကောင်းလှသည်။
ချင်းချင်းနီနေသော သွေးများက သွေးမိုးရွာသွန်းသကဲ့သို့ ဖြန်းပက် နေ၏။
နတ်ဆိုးစိတ်ဝိညာဉ်များသည် အလွန်တရာမှကို ရက်စက်လွန်း လှသည်။ သူတို့ခန္ဓာကိုယ်ပေါ်မှ စိတ်ဝိညာဉ် ပျက်သုဉ်းခြင်း သံကြိုးများက သူတို့၏ စိတ်ဝိညာဉ်များကို လောင်မြှိုက်လျက် ရှိသည်။ သို့သော် နတ်ဆိုးစိတ်ဝိညာဉ်တိုင်း ရူးသွပ်စွာ ပြုမူနေကြသည်။
သူတို့ အသတ်ခံရလျင်တောင်မှ သူတို့သည် စိတ်ဝိညာဉ် ဆရာသခင်များ နှင့်အတူ ပျောက်ကွယ်သွားအောင် ပြုလုပ်ကြ ပေမည်။
“အား … အား …”
စိတ်ဝိညာဉ် ဆရာသခင်တစ်ယောက် ကိုယ်နှစ်ခြမ်း ကွဲထွက် သွားလေသည်။
*ဘယ်လို*
စိတ်ဝိညာဉ် ဆရာသခင်များ တစ်ယောက်ပြီးတစ်ယောက် သွေးပျက်နေကြသည်။
သူတို့သည် စိတ်ဝိညာဉ်များသာ ဖြစ်သော်လည်း အလွန်အမင်း ရက်စက်၍ ကြောက်မက်ဖွယ်ကောင်းလှသည်။
နာမည်ကြီး စိတ်ဝိညာဉ် ဆရာသခင်တစ်ယောက်သည် နတ်ဆိုး စိတ်ဝိညာဉ်၏ လက်အောက်သို့ သက်ဆင်းရလေသည်။
ရာနှင့်ချီသော နတ်ဆိုး စိတ်ဝိညာဉ်များသည် သေမင်းများလိုပင် အရာအားလုံးကို ဖျက်ဆီးနုတ်ယူကြလေ၏။
“သေစမ်း”
ထိုသို့သောအချိန်၌ နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိဖြစ်သူ ရိုဒါတစ်ယောက် အလွန်အမင်း သုန်မှုန်လို့ နေသည်။
ထိုမကောင်းဆိုးဝါးများက ဒီလောက် ရူးသွပ်ကြလိမ့်မည်ဟု သူ ထင်မထားမိပါ။
“ကောင်းပြီလေ၊ သိပ်ကောင်းတဲ့ နတ်ဆိုးအဖွဲ့တွေ”
ရိုဒါ၏ မျက်နှာထားသည် အလွန် ရက်စက် ကြမ်းကြုတ်လာပြီးနောက် ဟစ်အော်လိုက်သည်။
“ဂြိုဟ်ကမ္ဘာ အစောင့်အရှောက် ဘယ်မလဲ”
ထိုအော်သံအဆုံး၌ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။
စိတ်ဝိညာဉ် တိုက်ပွဲပြိုင်ကွင်း အပြင်ဘက်မှ ကြောက်မက်ဖွယ် ကောင်းသော ပုံရိပ်များ ရုတ်တရက် ရောက်ချ လာသည်။
မျက်တောင်တစ်ခတ်အတွင်း နတ်ဘုရား သေနာပတိအဆင့် ရှိသောသူများနှင့် ပြည့်နှက်လာသည်။ လေထဲ၌ အဖြူရောင်၊ အနက်ရောင်များနှင့် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။
သူတို့သည် နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါအား လှမ်းကြည့်၍ ပြိုင်တူ အရိုအသေပေးလာကြသည်။
“ကျွန်တော်မျိုးတို့ ဒီမှာပါ”
ဤဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များသည် တစ်ယောက်ချင်းစီက ရူးသွပ်နေသော သူများကဲ့သို့ တိုက်ခိုက်ကြပြီး ထိုစိတ်ဝိညာဉ် ဆရာသခင်များထက် ပို၍သန်မာကြလေသည်။
“သတ်ပစ်၊ အဲ့ဒီ အာဏာဖီဆန်တဲ့ နတ်ဆိုးအားလုံးကို ဖျက်ဆီးပစ်”
ရိုဒါ၏ မျက်လုံးတွင်း၌ သွေးဆာနေသော ရက်စက်မှုမျိုး ထင်ဟပ်နေသည်။ သူ့အမိန့်ကို ကြားပြီးနောက် ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ၏ မျက်နှာများ ဖွေးစုတ် လာသည်။
“ဟုတ်ကဲ့ပါ အရှင်”
ထို့နောက်တွင်မူ …
ရွှီး!
ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များက နတ်ဆိုး စိတ်ဝိညာဉ်များထံသို့ ပြေးဝင်သွားကြသည်။
ဝှစ်! ဝှစ်! ဝှစ်!
စိတ်ဝိညာဉ်များ အပိုင်းခံလိုက်ရသည့် အသံများ ထွက်ပေါ် လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဒါဇင်နှင့်ချီသော နတ်ဆိုး စိတ်ဝိညာဉ်များ အပြင်းအထန် ဒဏ်ရာရပြီး သေဆုံးသွားကြသည်။
“နောက်ဆုတ်ကြ၊ နောက်ဆုတ်ကြ၊ နောက်ဆုတ်”
ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များနှင့် စိတ်ဝိညာဉ် ပျက်သုဉ်းခြင်း သံကြိုးတို့၏ တိုက်ခိုက်မှုအောက်၌ နတ်ဆိုးများအားလုံး တစ်လှမ်းချင်း ဆုတ်ခွာကြရပြီး အားနည်း သထက် နည်းလာရ လေသည်။
မျက်စိတစ်မှိတ်အတွင်း၌ ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များက တစ်ရာကျော်နီးပါး ရှိသော နတ်ဆိုး စိတ်ဝိညာဉ်များကို ပြိုင်ကွင်းထဲရောက်လာအောင် ဖိအားပေး နိုင်ခဲ့ပြီး ရူးသွပ်စွာ ဝိုင်းအုံထားကြသည်။
ကြောက်မက်ဖွယ်ကောင်းလှပေ၏။
ထိုသို့သောအချိန်၌ နတ်ဆိုးစိတ်ဝိညာဉ်တိုင်း၏ ခန္ဓာကိုယ်ပေါ်၌ အမာရွတ်များနှင့် ပြည့်နှက်နေပြီး စိတ်ပျက်လုနီးပါး ဖြစ်နေ ကြသည်။
သူတို့၏ မျက်နှာပေါ်တွင် အလွန်အမင်း ဝမ်းနည်းမှုနှင့် အသေအကြေ စိတ်ပိုင်းဖြတ်ထားဟန်များ ပေါ်လွင်နေ၏။
ဤမြင်ကွင်းကို ကြည့်ပြီး နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါနှင့် သူ့ဘေးပတ်လည်မှ စိတ်ဝိညာဉ် ဆရာသခင်များအားလုံး အလွန် စိတ်လှုပ်ရှားလာကြသည်။
“ဟားဟားဟား … နိမ့်ကျတဲ့ နတ်ဆိုးတွေ၊ မင်းတို့ကများ ပုန်ကန်ရဲတယ်လား၊ မင်းတို့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
“သတ်ပစ်၊ အဲ့နတ်ဆိုးတွေရဲ့ ခေါင်းတွေကို ခုတ်ဖြတ်ပစ်၊ အားလုံးကို သေခိုင်းလိုက်တော့”
“ဟမ့်၊ နိမ့်ကျတဲ့ ပုရွက်ဆိတ်တစ်ဖွဲ့ကများ … အခု စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ရဲ့ သခင်က ဘယ်သူလဲ သိပြီမလား”
နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါနှင့် ဘေးပတ်လည်မှ စိတ်ဝိညာဉ် ဆရာသခင်များအားလုံး ပျော်မြူးနေကြသည်။
သူတို့အားလုံးသည် နတ်ဆိုးများ၏ သေဆုံးခြင်းကို မြင်ယောင်ထားပြီးသားပုံပေါက်နေ၏။ ယခုအခါတွင် တစ်ရာနီးပါးသော နတ်ဆိုးစိတ်ဝိညာဉ်များသည် စုစည်းနေရန် ဖိအားပေး ခံထားရသည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ဖေးမ၍ ဘေးချင်းကပ်၍ တိုက်ခိုက်နေကြသည်။
သို့သော်လည်း သေခြင်းတရားက နီးကပ်လို့လာလေသည်။ နတ်ဆိုးတိုင်း သေမင်းအရိပ်အငွေ့ကို ရနေကြသည်။
“ညီအစ်ကိုတို့ ဒီနေ့ ငါတို့ အတူတူ သေဆုံးကြမယ်၊ ငါ ကြံကြီးက သေရမှာကို နောင်တမရဘူး”
ကြံကြီးက ခက်ထန်သော လေသံဖြင့် ကြုံးဝါးလိုက်သည်။
သူသည် ကံဆိုးမိုးမှောင်ကျတော့မည့် ဘုရင်တစ်ပါးလိုပင်။
“ငါတို့တွေက ရှင်လည်း ညီအစ်ကိုတွေ၊ သေလည်း ညီအစ်ကိုတွေပဲ”
“သခင်ကြီးနဲ့ ညီအစ်ကိုတွေက ငါတို့ကို စောင့်နေပြီ၊ အိမ်ပြန်ကြစို့”
ထိုစကားက နတ်ဆိုးအားလုံးကို လုံးဝ မီးစာထိုး ပေးလိုက်သလိုပင်။ သူတို့၏ မျက်လုံးတွင်း၌ နှိုင်းယှဉ်မရနိုင်သည့် ရူးသွပ်မှုမျိုး ပေါ်လွင်လာ၏။
*အိမ်ပြန်မယ်*
နတ်ဆိုး စိတ်ဝိညာဉ်တိုင်း၏ မျက်နှာထက်၌ အပြုံးများ ဖြစ်ပေါ် လာသည်။
ဟဲဟွမ်!
*သေသွားရမှာ နှမြောဖို့ကောင်းလိုက်တာ*
ထိုသို့သောအချိန်၌ တစ်ရာနီးပါးရှိသော နတ်ဆိုး စိတ်ဝိညာဉ် များသည် ဆက်၍ မတိုက်ခိုက်တော့ဘဲ အတူတူ စုဝေး လိုက်ကြပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ကျန်လက်တစ်ဘက်ကို ရင်ဘတ်ပေါ် တင်လိုက်သည်။
သူတို့၏မျက်နှာထက်၌ ဝမ်းနည်းမှုနှင့် ရူးသွပ်မှုတို့ ဖုံးလွှမ်းနေ၏။
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော် ရာကျော် ရှည်ပါစေ”
“သခင်ကြီး ကျွန်တော်မျိုးတို့ အရောက် လာခဲ့ပါမယ်”
ထိုစကားသံများက နေရာအနှံ့သို့ ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ပျံ့နှံ့သွားလေသည်။ အကြီးအကျယ် ပျက်ဆီး စေနိုင်သော စွမ်းအင်တစ်ခုက တစ်ရာနီးပါးသော နတ်ဆိုးစိတ်ဝိညာဉ်များ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာလေသည်။
ဝုန်း!
ထိုစွမ်းအင်သည် ကောင်းကင်နှင့် မြေကြီးကိုတောင်မှ ဖျက်ဆီးနိုင် လေသည်။
လွင့်ထွက်သွားသော ဒါဇင်နှင့်ချီသည့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များသည် ခုခံချိန်မရလိုက်ဘဲ အမှုန့်အသွင် ပြောင်းလဲသွား လေတော့သည်။
ဤမြင်ကွင်းက နံပါတ်တစ် စိတ်ဝိညာဉ်သေနာပတိ ရိုဒါ၊ စိတ်ဝိညာဉ် ဆရာသခင်များနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက် များကို အကြီးအကျယ် မျက်နှာပျက်သွားစေသည်။
“သေစမ်း၊ ဒီနတ်ဆိုးတွေက သူတို့ကိုယ်သူတို့ ဖောက်ခွဲ ပစ်တော့မှာပဲ”
စိတ်ဝိညာဉ် ဖောက်ခွဲခြင်း!
ဤသည်ကား အရက်စက်ဆုံးနှင့် အရူးသွပ်ဆုံး သေကြောင်းကြံ သည့် နည်းလမ်းပင်။
စိတ်ဝိညာဉ်တစ်ခု ဖောက်ခွဲလိုက်သည်နှင့် နတ်ဘုရား စိတ်ဝိညာဉ် တစ်ခု ပျက်ဆီးသွားပြီး ဘယ်သောအခါမှ ပြန်လည်မွေးဖွား လာနိုင်မည် မဟုတ်ပါ။
ပြောရမည်ဆိုလျင် တစ်ရာနီးပါးသော နတ်ဆိုးစိတ်ဝိညာဉ်များ ပေါက်ကွဲသွားမည်ဆိုပါက စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်တစ်ခုလုံး လုံးဝ ပျက်ဆီးသွားပေလိမ့်မည်။
*ပြေးရမယ်*
မရေတွက်နိုင်သော စိတ်ဝိညာဉ် ဆရာသခင်များနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များသည် အရူးအမူး ထွက်ပြေးကြလေသည်။
သို့သော် အကြီးအကျယ် ပျက်ဆီးစေနိုင်သော စိတ်ဝိညာဉ် ဖောက်ခွဲခြင်း အင်အားစုက ဟာရီကိန်းမုန်တိုင်းကဲ့သို့ ပျံ့နှံ့သွား လေသည်။
“အား”
အဖျက် စွမ်းအင်အောက် ကျရောက်သွားသော စိတ်ဝိညာဉ် ဆရာသခင် တစ်ယောက်နှင့် ဂြိုဟ်ကမ္ဘာ အစောင့် အရှောက်တို့သည် ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
နတ်ဆိုး စိတ်ဝိညာဉ်တိုင်း၏ မျက်နှာထက်၌ ပြတ်သား၍ သေအံ့ဆဲဆဲ အပြုံးမျိုး ဆင်မြန်းထားကြသည်။
အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ စိတ်ဝိညာဉ် ဖောက်ခွဲခြင်း စတင်လေပြီ။
ဝုန်း!
တစ်ရာနီးပါးသော နတ်ဆိုးစိတ်ဝိညာဉ်များ၏ စွမ်းအင်က ချက်ချင်း ပျံ့နှံ့သွားပြီး ရာနှင့်ချီသော နတ်ဆိုးစိတ်ဝိညာဉ်များ ပျောက်ကွယ် တော့မည်ကို မြင်နေရသည်။
ထိုသို့သောအချိန်၌ ကောင်းကင်ထက်မှ ကြောက်မက်ဖွယ် ကောင်းသော ဆန်းကြယ်ရေခဲပန်းပွင့်များ ကျဆင်း လာပြီး စိတ်ဝိညာဉ် ဖောက်ခွဲခြင်း၏ စွမ်းအင်ကို ဖုံးအုပ်သွားသည်။
စိတ်ဝိညာဉ် ဖောက်ခွဲခြင်း စွမ်းအင်များအားလုံး ရုတ်ချည်း ရပ်တန့်သွား လေသည်။ ထိုစွမ်းအင်များက အေးခဲသွားသည့်ပုံပင်။
ထို့နောက် အားလုံး၏ စိုးထိတ်နေသော မျက်လုံးများအောက်၌ ဧရာမလက်ကြီး တစ်ဘက်က ကောင်းကင်ထက်မှ ဆင်းသက် လာသည်။
“ငါ့ကိုလွှဲထားလိုက်၊ ပြန်ကြတော့”
နတ်ဆိုးတစ်ကောင်၏ အသံထွက်ပေါ်လာလေသည်။
ရူးသွပ်ဖွယ်ကောင်းသော စိတ်ဝိညာဉ် ဖောက်ခွဲခြင်းစွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းသော ရေခဲဓာတ်အောက်၌ ဖိနှိပ်ခြင်း ခံထားရပြီး အဖြူရောင်အလင်းတန်းများ ကွယ်ပျောက်သွားသည်။
“ဒါက …”
စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်တစ်ခုလုံး သေဆုံးသွားသကဲ့သို့ တိတ်ဆိတ် သွားလေသည်။
နတ်ဆိုးများ၊ စိတ်ဝိညာဉ် ဆရာသခင်များ၊ ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များနှင့် ရိုဒါတို့အားလုံး မှင်တက်နေကြသည်။
ဤဆန်းကြယ်ရေခဲပန်းပွင့်က ရာချီသော နတ်ဆိုးများ၏ စိတ်ဝိညာဉ် ဖောက်ခွဲခြင်း စွမ်းအင်ကို ဖိနှိပ်သွားနိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
*အံ့ဩစရာကောင်းလိုက်တာ*
ထိုသည်သာမကသေး ပြိုင်ကွင်း၏ အလယ်ဗဟို၌ အမည်မသိ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို လူတိုင်း မြင်လိုက်ရသည်။
အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက် လေထဲ ပျံသန်းလို့နေ၏။ သူ၏ မျက်နှာသည် ဓားကဲ့သို့ ထက်ရှပြီး ငရဲမှ ထွက်ပေါ်လာသော နတ်ဆိုးတစ်ကောင်လိုပင်။
*မဖြစ်နိုင်လိုက်တာ*
နတ်ဆိုးခေါင်းဆောင် လေးယောက်နှင့် ရာချီသော နတ်ဆိုး စိတ်ဝိညာဉ်များသည် အလယ်ဗဟိုမှ အနက်ရောင်ပုံရိပ်ကို ကြည့်ရင်း ငေးကြောင်ကြောင် ဖြစ်နေကြသည်။
“ဒါ … ဒါ အိပ်မက်များလား”
နတ်ဆိုးအိုကြီး ဘက်ခါသည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေသည်။ ထို့အတူ ကြံကြီးနှင့် အခြားနတ်ဆိုး စိတ်ဝိညာဉ်များ အားလုံး မှင်တက်ကာ မယုံနိုင်ဖြစ်နေကြသည်။
“သခင်ကြီး … သခင်ကြီး၊ ဒါ အမှန်ပဲလား”
ထိုသို့သောအချိန်၌ နတ်ဆိုးများအားလုံးသည် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ခံစားမိနေကြသည်။
“ငါလား မင်းတို့ကို အသေခံခိုင်းမှာ”
ထိုသို့သောအချိန်၌ ယဲ့ဖန်ထံမှ မာကြောသောအသံ ထွက်ပေါ် လာပြီး ရာနှင့်ချီသော နတ်ဆိုးများအားလုံးကို တုန်ယင်သွား စေသည်။
*တကယ်ပဲကိုး*
*ဒါ တကယ် ဖြစ်နေတာကိုး*
*သူ မသေသေးဘူးပဲ*
*သူ ပြန်လာပြီ*
ထိုသို့သောအချိန်၌ ရာနှင့်ချီသော နတ်ဆိုးစိတ်ဝိညာဉ်များ ဒီ့ထက် ပို၍ စိတ်မလှုပ်ရှားနိုင်တော့ချေ။
“နတ်ဆိုးတွေက သခင်ကြီးကို အရိုအသေပေးပါတယ်”
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုး ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
ထိုအသံများက မပြတ်ထွက်ပေါ်လာပြီး ကောင်းကင်ကိုတုန်ခါ၍ ကမ္ဘာမြေကို တုန်လှုပ်သွားစေသည်။
ဒုန်း!
ဤသို့ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းက နံပါတ်တစ် စိတ်ဝိညာဉ်သေနာပတိ ရိုဒါ၊ စိတ်ဝိညာဉ် ဆရာသခင်များနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ ဖင်ထိုင်ရက်သား လဲကျ သွားလေသည်။
*ရာနဲ့ချီတဲ့ နတ်ဆိုးစိတ်ဝိညာဉ်တွေက ဒူးထောက်နေကြတယ်*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
Chapter 422
တိတ်ဆိတ်ခြင်း။
ထိုသို့သောအချိန်၌ စိတ်ဝိညာဉ် တိုက်ပွဲပြိုင်ကွင်းတစ်ခုလုံး တိတ်ဆိတ်လို့ နေ၏။
စိတ်ဝိညာဉ် ဆရာသခင်များအားလုံးနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက် အားလုံး စိတ်ဝိညာဉ် တိုက်ပွဲကွင်းပြင်သို့ ကြည့်ပြီး ဒူးထောက်နေကြသော နတ်ဆိုးစိတ်ဝိညာဉ်အဖွဲ့ကြောင်း ခေါင်းထဲ ပေါက်ကွဲမတတ် ဖြစ်လာလေသည်။
အံ့ဩဖွယ်ကောင်းလှပေ၏။
ထိုသူတို့သည် အညံ့ခံမည့်အစား အသေသာ ခံကြသည်၊ ဘယ်သောအခါမှ ဒူးမထောက်ကြ။
နတ်ဘုရား စိတ်ဝိညာဉ်များ ပျောက်ကွယ်သွားလျင်တောင်မှ သူတို့၏ မြင့်မြတ်သော ဦးခေါင်းကို အခြားသူထံသို့ ဦးညွှတ်ခဲ့ သည်ကို သူတို့ တစ်ခါမှမမြင်ခဲ့ဖူးချေ။
သို့သော် ယခုအခါတွင် သူတို့သည် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးကို သခင်ကြီးဟု ခေါ်ဝေါ်၍ ဒူးထောက်ကာ အရိုအသေ ပေးနေကြသည်။
*ဒါက … ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ*
သာမန်လူများ သာမက နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါတောင်မှ မျက်ခုံးလှုပ်နေသည်။ ယဲ့ဖန်အား ထိတ်လန့် တကြားနှင့် မော့ကြည့်နေမိသည်။
“နတ်ဆိုး၊ ဒီကောင်က တကယ့် နတ်ဆိုးပဲ”
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အန္တရာယ် အငွေ့အသက်ကို ရိုဒါ ခံစားမိနေသည်။ မှိုင်းညှို့၍ အေးစက်သော ဤအငွေ့အသက်သည် ငရဲမှထွက်ပေါ်လာပုံ ရသည်။
ထိုနေရာ၌ ရပ်နေရုံနှင့်တင် ကျောချမ်းစရာ ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်သည် ရိုဒါနှင့်အခြားသူများ၏ ထိတ်လန့်မှုကို လုံးဝဂရုမစိုက်ချေ။ သူသည် မြေကြီးပေါ်မှ ရာနှင့်ချီသော နတ်ဆိုးစိတ်ဝိညာဉ်များကို ငုံ့ကြည့်ရင်း သူ့မျက်ဝန်း ထဲ၌ ဒေါသနှင့် ဝမ်းနည်းမှုတို့ ရောပြွန်း ထင်ဟပ်နေ၏။
“ညီအစ်ကိုတို့ အိမ်ပြန်ကြမယ်”
*အိမ်ပြန်ကြမယ်တဲ့လား*
ထိုစကားကိုကြားပြီး နတ်ဆိုးခေါင်းဆောင် လေးယောက် ညည်းတွားမိသလို ရာနှင့်ချီသော နတ်ဆိုး စိတ်ဝိညာဉ်များ မျက်ရည်ကျ လာလေသည်။
သူတို့ နှစ်ပေါင်း ရာနှင့်ချီ၍ စောင့်မျှော်နေခဲ့ရသည်။ အရှက်ခွဲ ခံရခြင်းနှင့် နာကျင်မှုများကို ခံစားရပြီးနောက် ယခုအခါတွင် သူတို့ အိမ်သို့ ပြန်နိုင်လေပြီ။
“ဟုတ်ကဲ့ပါ သခင်ကြီး”
နတ်ဆိုးတို့၏ ကြုံးဝါးသံများက ကျယ်လောင်စွာ ထွက်ပေါ် လာလေသည်။
ထို့နောက် အနက်ရောင်မြူခိုးများက ချက်ချင်း ပျံ့နှံ့လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုမြူခိုးများက ရာနှင့်ချီသော နတ်ဆိုး စိတ်ဝိညာဉ်များ၏ သံခြေချင်းများကို ဖုံးအုပ်သွား လေသည်။
ဂျွတ်!
အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာလေသည်။
စိတ်ဝိညာဉ် ပျက်သုဉ်းခြင်း သံများဖြင့် ပြုလုပ်ထားသော လက်ထိပ်များနှင့် သံခြေချင်းများအားလုံး အက်ကွဲ ပျက်ဆီးသွား လေတော့သည်။
ထို့နောက် အားလုံး၏ မှင်တက်နေသော အကြည့်များအောက်တွင် နတ်ဆိုးခေါင်းဆောင် လေးယောက်နှင့် ရာနှင့်ချီသော နတ်ဆိုး စိတ်ဝိညာဉ်များသည် အနက်ရောင် မြူခိုးများအသွင် ပြောင်းလဲ သွားပြီး ယဲ့ဖန်၏ လက်မောင်းထံသို့ ရိပ်ခနဲ ဖြတ်သန်း သွားသည်။
မျက်တောင်တစ်ခက် အတွင်းမှာပင် ယဲ့ဖန်၏လက်မောင်း၌ အနက်ရောင် အစက်အပြောက်များစွာ ထွက်ပေါ်လာပြီး ထိုအနက်ရောင် အစက်အပြောက်များမှနေ၍ အနက်ရောင် နတ်ဆိုး ဦးခွံနှစ်ခုအသွင် ဖြစ်ပေါ်လာသည်။
ထို့နောက်တွင်မူ ယဲ့ဖန်သည် ဘေးပတ်လည်မှ နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါ၊ စိတ်ဝိညာဉ် ဆရာသခင်များနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များကို လှည့်ကြည့်လာသည်။
“မင်းတို့ … မင်းတို့အားလုံး သေသင့်တယ်”
နတ်ဆိုး၏ စကားသံမှ ပြင်းထန်သော မရဏအရိပ်အငွေ့များ ထုတ်လွှတ်နေသဖြင့် စိတ်ဝိညာဉ် ဆရာသခင်များနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ အားလုံး ကြက်သီးတဖြန်းဖြန်း ထလာ ကြသည်။
“အစ်ကိုကြီး”
ထိုသို့သောအချိန်၌ ထိတ်လန့်ဖွယ်ကောင်းသော အော်သံတစ်သံ ထွက်ပေါ်လာသည်။
အလင်းတန်းကဲ့သို့ ပုံရိပ်တစ်ခုက လှစ်ခနဲ ပေါ်လာသည်။ သူသည် အကြီးဆုံး တိုက်ပွဲဝင် စိတ်ဝိညာဉ် ရောင်းဝယ်ရေးဌာန၏ အကြီးအကဲ သော့ထိန်း တဆာပင် ဖြစ်လေတော့သည်။
သူ့ပုံစံက ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါရှေ့ ရောက်သည်နှင့် သူက တင်းမာသော မျက်နှာထားနှင့် အော်ပြောလေတော့သည်။
“အစ်ကိုကြီး တစ်ခုခုမှားနေပြီ၊ ကျွန်တော်တို့ရဲ့ ရောင်းဝယ်ရေး ဌာနကြီး ဖျက်ဆီးခံလိုက်ရပြီ”
*ဘာ*
ထိုစကားက ရိုဒါ၏ ရှုပ်ထွေးနေသောစိတ်ကို လုံးဝ ပြောင်းလဲသွားစေသည်။
စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်၏ ဒုတိယ အသန်မာဆုံးသူ ဖြစ်ပြီး မြင့်မြတ်သော နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိဖြစ်သည့်သူ၏ တိုက်ပွဲဝင် စိတ်ဝိညာဉ် ရောင်းဝယ်ရေးဌာနကို ဖျက်ဆီးရဲ သည်အထိ မည်သူက အတင့်ရဲနေရသနည်း။
“ဘယ်သူလဲ၊ ဘယ်သူလုပ်တာလဲ”
ရိုဒါ၏ မျက်လုံးအတွင်း၌ သတ်ဖြတ်လိုစိတ်များက တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ ထိုစကားကို ကြားပြီးနောက် တဆာသည် တိုက်ပွဲကွင်းပြင်၏ ထူးဆန်းသော မြင်ကွင်းကို သတိပြလုနီးပါး ဖြစ်သွားခဲ့သည်။
သို့သော် သူသည် ကွင်းပြင်ထဲမှ ယဲ့ဖန်ကို မြင်သွားသည်နှင့် သူ မျက်လုံးပြူးသွားသည်။
“သူပဲ၊ အဲ့လူပဲ၊ သူက တိုက်ပွဲဝင် စိတ်ဝိညာဉ် ရောင်းဝယ်ရေးဌာနကို ဖျက်ဆီးခဲ့ပြီးတော့ ကျွန်တော့်ကိုလည်း သတ်ခဲ့တယ်။ ကိုးသက်မန္တန်ကြောင့်သာ မဟုတ်ရင် ကျွန်တော် လည်း သေနေလောက်ပြီ”
ဒုန်း!
ဤစကားကြောင့် နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါ၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။
“ကောင်းတယ်၊ သိပ်တော်တဲ့ မျိုးမစစ်လေး”
ရိုဒါ မုန်းတီးစွာ အံကိုကြိတ်လာသည်။
“မင်းက ငါ့ရောင်းဝယ်ရေးဌာနကို ဖျက်ဆီးပြီးတော့ ငါ့ညီကို သတ်ခဲ့တယ်။ အခု မင်းကများ ဒီသောက်နတ်ဆိုးတွေကို ကယ်ရဲ သေးတာလား။ မင်း သေချင်နေပြီပဲ”
ထိုသို့ပြောပြီး ရိုဒါက ဘေးပတ်လည်မှ စိတ်ဝိညာဉ် ဆရာသခင်များနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များကို ပြော လိုက်သည်။
“အားလုံး နားထောင်ကြ၊ အဲ့လူက နတ်ဆိုးတစ်ကောင်ပဲ၊ မင်းတို့ သူ့ကို ဖမ်းနိုင်သရွေ့ မင်းတို့ကို နယ်မြေတစ်ခု အပိုင်စားပေးပြီး မင်းသားအဖြစ် ပစားပေးမယ်၊ အပိုဆုအနေနဲ့ ငါ ရိုဒါက စကြဝဠာသုံး ဒင်္ဂါး တစ်သိန်း ဆုချမယ်”
ထိုစကားနှင့် ရိုဒါက စိတ်ဝိညာဉ်ဆရာသခင်များနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ အားလုံးကို ရူးသွပ်သွားအောင် လုပ်လိုက်နိုင်၏။
*နယ်မြေတစ်ခု အပိုင်စားပေးမယ်*
*ဆုကြေးငွေ တစ်သိန်းတဲ့လား*
*ဒါ ... ဒါ ပွပေါက်ပဲ*
ယခုအချိန်၌ စိတ်ဝိညာဉ် ဆရာသခင်များနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ၏ မျက်ဝန်းတွင်းမှ ကြောက်စိတ်များ လုံးဝ ပျောက်ကွယ် သွားပြီး လောဘစိတ်နှင့် ရူးသွပ်မှုများသာ ဖုံးလွှမ်း လာ၏။
“ငါ့အပိုင်ပဲ၊ အဲ့နတ်ဆိုးက ငါ့အပိုင်ပဲ”
“သတ်မယ်၊ ငါ သူ့ကို ဖမ်းနိုင်သရွေ့ ငါက မင်းသားတစ်ပါး ဖြစ်လာ ပြီးတော့ ပိုင်စိုးနိုင်မှာ”
“သွားမယ်၊ ဒီသောက်နတ်ဆိုးကို ဖမ်းပစ်မယ်”
....
ထောင်နှင့်ချီသော စိတ်ဝိညာဉ် ဆရာသခင်များနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ အားလုံး ရူးသွပ်နေဟန်ပေါ်ပြီး ယဲ့ဖန်ထံသို့ ပြေးဝင်လာကြသည်။
ထောင်နှင့်ချီသော လူတို့၏ ဆူပူအုံကြွမှုက ဂြိုဟ်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ကြောက်မက်ဖွယ်ကောင်းလိုက်လေခြင်း။
ဤမြင်ကွင်းကိုကြည့်ပြီး တဆာတစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှား လာသည်။
“သူ့ကို သတ်ပစ်”
“အဲ့ကောင်စုတ်ကို နုတ်နုတ်စင်းပစ်”
တဆာ၏ မျက်နှာထက်၌ မချိုမချဉ်အပြုံးမျိုး ချိတ်ဆွဲ ထားလေသည်။
သူ ယဲ့ဖန်ကို အလွန်မုန်းသည်။ ယခုအချိန်၌ ထောင်နှင့်ချီသော လူများ ဆူပူနေသဖြင့် စိတ်ဝိညာဉ်သခင်တောင်မှ သေသွားနိုင် လောက်သည်။
သူသည် ထိုလူများကြောင့် ယဲ့ဖန် တစ်စစီဖြစ်သွားသည်ကို ကြိုမြင်နေသည့်ဟန်ဖြင့် လှောင်ပြုံးပြုံးနေ၏။
သို့သော် ယခုလိုအချိန်၌ ယဲ့ဖန်သည် အလွန်အမင်း အေးစက်လို့ နေသည်။
သူသည် အုံကြွနေသော စိတ်ဝိညာဉ်ဆရာသခင်များနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များအား ပုရွက်ဆိတ်အုံတစ်ခုကို ကြည့်သကဲ့သို့ ကြည့်ရှုနေသည်။
“ဒီနေ့ မင်းတို့ရဲ့ သွေးနဲ့ မင်းတို့ရဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ် ပစ်မယ်”
“မင်းတို့ရဲ့ အသက်ကိုသုံးပြီး ငါ့ကျေးကျွန်တွေ အရှက်ကွဲခဲ့ရတာကို ဆေးကြောပစ်မယ်”
ထိုသို့ပြောပြီး ယဲ့ဖန်က လက်နှစ်ဘက်ကို ဖျစ်ညှစ်လိုက်သည်။
ရွှီး!
ထူးဆန်းသော လေထုတစ်ခုနှင့် အဆိပ်ငွေ့များ ချက်ချင်း ထွက်ပေါ်လာ၏။ ထိုအငွေ့များက နဂါးနှစ်ကောင် အသက်ရှူ ထုတ်လိုက်သည်နှင့် ဆင်တူလှသည်။
တစ်ခုနှင့်တစ်ခု ရစ်ပတ်နေပြီးနောက် အဖြူနှင့်အနက်ရောင် ဘောလုံး တစ်လုံးအသွင် ပြောင်းလဲသွားသည်။
သေမင်းအရိပ်အငွေ့က အထက်မှ စိမ့်ဝင်ပျံ့နှံ့လာပြီး သေမင်း၏ တံစဉ်ကဲ့သို့ လူတိုင်း၏ ခြေလှမ်းကို တန့်သွားစေသည်။
ထိုစဉ် ….
“မင်းတို့အားလုံး သေကြတော့”
အဖြူနှင့် အနက်ရောင် ရောစပ်ထားသော အလုံးများက လူတိုင်းထံသို့ ပစ်ဝင်လာသည်။
ဝုန်း!!
ရုတ်တရက် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက်တွင်မူ ချက်ချင်းဆိုသလိုပင် အလောင်းလွင်ပြင်ကြီး တစ်ခု ထွက်ပေါ်လာသည်။
လွှမ်းမိုးချုပ်ကိုင်နိုင်သော သေမင်းနတ်ဆိုး ဆုဒြာက ကြောက်မက်ဖွယ် ကောင်းသော မြွေကိုးကောင်၏ အဆိပ်နှင့် ပေါင်းစပ်သွားပြီး စိတ်ဝိညာဉ် တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ဖုံးအု ပ်သွားသည်။
ယခုလေးတင် ချဉ်းကပ်လာသည့် ကျော်ကြားသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက် တစ်ယောက်သည် ဆန်းကြယ် ရေခဲ ချီဓာတ်ကြောင့် အေးခဲကာ ရေခဲပန်းပုအဖြစ် ပြောင်းလဲ သွားသည်။
ဂျွတ်!
ထို့နောက် ထိုဂြိုဟ်ကမ္ဘာ အစောင့်အရှောက်၏ ကိုယ်ပေါ်မှ ရေခဲများ အက်ကွဲကာ တစ်စစီ ပဲ့ကြွေသွား လေတော့သည်။
ဒါဇင်နှင့်ချီသော စိတ်ဝိညာဉ် ဆရာသခင်များသည် အနားသို့ မကပ်နိုင်သေးသော်လည်း သူတို့အား အနက်ရောင် အဆိပ်ကိုးမျိုး ဓာတ်ငွေ့က ချက်ချင်း ဖုံးလွှမ်းသွားသည်။
“အား”
ငယ်သံပါအောင် အော်ဟစ်သံများက အဆုံးအစမဲ့စွာ ထွက်ပေါ် လာလေတော့သည်။
ထိုသူများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာနှင့် ရင်ဆိုင်ရသကဲ့သို့ နားကွဲလုမတတ် အော်ဟစ် နေကြသည်။
အဆိပ်ကိုးမျိုး ဓာတ်ငွေ့ လွင့်ပြယ်သွားချိန်တွင် ဖွေးစွတ်နေသော အရိုးများသာ ကျန်ရစ်ခဲ့လေသည်။
ကြောက်မက်ဖွယ်ကောင်းလိုက်ပါဘိ။
ထိုသို့သောအချိန်၌ သေခြင်းတရားကသာ ပျံ့နှံ့လို့နေသည်။
လူဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်ငါးရာ။
….
စိတ်ဝိညာဉ် တိုက်ပွဲကွင်းပြင်တစ်ခုလုံး ငရဲခန်းကဲ့သို့ ဖြစ်လာ လေသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ အရိုးဖြူများက ခေါင်းမွေးထောင်သွားစေလောက်သည်။
ဆန်းကြယ် ရေခဲချီဓာတ်နှင့် ထိပ်တန်းအဆိပ်ငွေ့တို့ လွင့်ပျယ်သွားချိန်တွင် အစောပိုင်းက လူပေါင်းထောင်ကျော်၍ ရှိခဲ့သော စိတ်ဝိညာဉ်တိုက်ပွဲကွင်းပြင်၌ ရိုဒါ ညီအစ်ကို နှစ်ယောက်နှင့် ထွက်ပြေးနေသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက် အနည်းငယ်သာ ကျန်ရစ်ခဲ့တော့သည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် စိတ်ဝိညာဉ် တိုက်ပွဲ ကွင်းပြင်၏ အမြင့်ဆုံး ကြည့်စင်၌ ထိုင်နေသောကြောင့် ဆန်းကြယ် ရေခဲချီဓာတ်နှင့် ထိပ်တန်း အဆိပ်ငွေ့တို့၏ သက်ရောက်မှုကို မခံရဘဲ ကပ်ဘေးမှ လွတ်မြောက် သွားခဲ့ခြင်းပင်။
နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါသည် တစ်ကိုယ်လုံးမှ ခွန်အားများကို စုပ်ယူခံလိုက်ရသကဲ့သို့ ထိုင်ခုံ၌ ခြေပစ်လက်ပစ် လဲကျသွားသည်။
“သေကုန်ပြီ၊ အားလုံး သေကုန်ပြီ”
“ရာနဲ့ချီတဲ့ ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်တွေ၊ ရာနဲ့ချီတဲ့ စိတ်ဝိညာဉ် ဆရာသခင်တွေ တစ်ချက်တည်းနဲ့ သေကုန်ပြီ”
“ငါတို့ ညီအစ်ကိုနှစ်ယောက်နဲ့ လူတစ်ချို့ပဲ ကျန်တော့တယ်”
“အံ့ … အံ့ဩဖို့ကောင်းလိုက်တာ”
Chapter 423
*ဘယ်လိုလုပ်*
*ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ*
နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါသည် တံတွေးမျိုချ လိုက်ပြီးနောက် သူ၏ကမ္ဘာကြီး ပြောင်းပြန်လန် သွားသလို ခံစားလိုက်မိသည်။
ထောင်နှင့်ချီသောလူများကို တစ်ချက်တည်းနှင့် သတ်ပစ် လိုက်နိုင်သည်။ နတ်ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေသော စိတ်ဝိညာဉ် ဆရာသခင်တောင်မှ ဤသို့ပြုလုပ်နိုင်ရန် ခဲယဉ်း လှသည်။
ယခုအခါတွင် ထိုအရာအားလုံးကို နတ်ဘုရား ဆရာသခင် အဆင့်လေးက ပြုလုပ်သွားလေသည်။ ဤသည်ကား မိုးကောင်းကင်နှင့် မြေကြီးကို ပြောင်းပြန်လှန်လိုက်သလိုပင်။
သူသည်သာမက အနီးအနားမှ တဆာပါ ပစ်လဲကျလို့နေ၏။
“ဆန်းကြယ် ရေခဲခန္ဓာကိုယ်၊ ထိပ်တန်းအဆိပ်ခန္ဓာကိုယ်၊ မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ စကြဝဠာထဲက ပြိုင်ဘက်ကင်း ခန္ဓာကိုယ်တွေထဲက နှစ်ခုက ဘယ်လိုလုပ် လူတစ်ယောက်တည်း ဆီမှာ ရှိနေရတာလဲ”
“ဒါ … ဒါ လုံးဝ မဖြစ်နိုင်ဘူး”
တဆာ အခြေအနေမကောင်းချေ။ ယဲ့ဖန် သူ့ကိုပေးခဲ့သော ဆန်းကြယ်ရေခဲ ဘောလုံးများသည် သူ့ဘာသာသူ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ယခုအခါမှသာ တဆာတစ်ယောက် သိလိုက်ရ တော့သည်။
အရှေ့မှ သွေးများ၊ အရိုးများကိုကြည့်ရင်း တဆာ၏ ပေါင်ခြံမှ ကျင်ငယ်ရည်များ စီးကျလာလေသည်။ သူသည် နတ်ဘုရားများကို ဂုဏ်ဝင့်စေခဲ့သော်လည်း ယခုအခါတွင် ကြောက်လွန်း၍ ဆီးထွက် ကျနေ၏။
သူတို့ ညီအစ်ကိုနှစ်ယောက်သာမက သူတို့နှင့်အတူ ကျန်ရစ်ခဲ့သော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက် အချို့သည်လည်း အလွန် ကြောက်လန့်ကာ မြေကြီးပေါ် ဖင်ထိုင်ရက်လဲကျနေကြသည်။
ဤမျှသွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းမျိုး သူတို့တစ်ခါမှ မမြင်ခဲ့ဖူးပါ။ ကမ္ဘာပျက်ကပ်ဆိုက်နေသည့်အလား ထင်မှတ်မှား ရလေသည်။
ထိုစဉ် ယဲ့ဖန်၏ ခြေလှမ်းသံများ ထွက်ပေါ်လာသည်။ သူချင်း အရှေ့သို့ တစ်လှမ်းချင်းလှမ်း၍ ဖြည်းဖြည်းချင်း လျှောက် လာသည်။
သူ တစ်လှမ်းလှမ်းလိုက်တိုင်း ရိုဒါ၊ တဆာနှင့် အချို့သော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ၏ နဖူး၌ ချွေးများ စို့တက်လာသည်။
ယဲ့ဖန်၏ခြေလှမ်းသည် မြေကြီးပေါ် နင်းရုံသာမက သူတို့၏ စိတ်ဝိညာဉ်များကိုပါ နင်းချေနေလားဟုတောင် ထင်မှတ်မှားရပြီး လူတိုင်းကို တုန်ယင်စေသည်။
တဖြည်းဖြည်း နီးကပ်လာသော ယဲ့ဖန်ကိုကြည့်ရင်း နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါသည် တစ်ကိုယ်လုံး ထုံထိုင်းနေရုံ သာမက ပြန်တိုက်ရဲသည့် သတ္တိလည်း မရှိတော့ချေ။
ကြောက်မက်ဖွယ်ကောင်းလှသည်။
အကယ်၍ သူသာ တိုက်ခိုက်ပါက တစ်ဘက်ရှိ အဖြူနှင့် အနက်ရောင် အလုံးတစ်လုံးနှင့်တင် သူ့အား တစ်စစီ ဖြစ်သွားစေရန် လုံလောက်နေပြီဟု သူ ခံဏားမိသည်။
*ထွက်ပြေးရမယ်*
ထိုသို့သောအချိန်၌ လူတစ်ချို့သည် ကြောက်လန့်နေသော ယုန်များသဖွယ် ပြိုင်ကွင်းအပြင်ဘက်သို့ အလောတကြီး ထွက်ပြေး ကြလေသည်။
သူတို့၏အရှိန်သည် လျှပ်စီးကဲ့သို့ လျင်မြန်လှပြီး နတ်ဆိုး တစ်ကောင်၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသကဲ့သို့ ထွက်ပြေးနေကြသည်။
ထိုသို့သောအချိန်၌ လေတိုးသံ ထွက်ပေါ်လာသည်။ ထို့နောက် ခပ်လှမ်းလှမ်းမှနေ၍ ကြောက်မက်ဖွယ် ကောင်းသော သိုင်းပညာရှင် တစ်ဖွဲ့နှင့်အတူ အမျိုးသမီးတစ်ယောက်က ပျံသန်းလာနေသည်ကို သူတို့ ချက်ချင်း တွေ့မြင်လိုက်ရသည်။
ထိုသူများ၏အရှိန်က အလွန်အမင်းကိုမှ လျင်မြန်လွန်းလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် မျက်စိရှေ့သို့ ရောက်ချလာသည်။
“ဒါ ... ဒါ စိတ်ဝိညာဉ်သခင်ပဲ”
လှပသော အမျိုးသမီးတစ်ယောက်က သူတို့ထံ လှမ်းလာနေသည် ကိုမြင်ပြီး ရိုဒါနှင့်အခြားသူများ အလွန်အမင်း အားတက်သွား ကြသည်။
“စိတ်ဝိညာဉ်သခင် ကျွန်တော်တို့ကို ကယ်ပါဦး”
သူတို့သည် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ထိုသူတို့ကို အသည်းအသန် ကြိုဆိုကြလေသည်။
ထိုသို့သောအချိန်၌ ထိုသူများသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး စိတ်ဝိညာဉ် တိုက်ပွဲကွင်းပြင်သို့ ခြေချလာ ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရာနှင့်ချီသော ကြောက်မက်ဖွယ် ကောင်းသည့် သန်မာသောလူများက ယဲ့ဖန်နှင့် အခြားသူများကို ဝိုင်းထားကြသည်။
အထူးသဖြင့် စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီးပင်၊ သူမ၏ ခွန်အားက ပိုသာလွန်နေပုံရသည်။ သူမထံမှ ပျံ့လွင့်လာသော ကြောက်မက်ဖွယ် ကောင်းသည့် အရိပ်အငွေ့သည် ဂြိုဟ်တို့၏ အရှင်သခင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။
“ရိုဒါ ဘာဖြစ်တာလဲ၊ ရောင်းဝယ်ရေးဌာနကို ဖျက်ဆီးခဲ့တဲ့ လူသတ်သမားရော”
လှပသော အမျိုးသမီးသည် မြေကြီးပေါ် မဆင်းခင် ရိုဒါကို မေးလာသည်။ ရက်ရှာသည် စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ပေါ်မှ တိုက်ပွဲဝင် စိတ်ဝိညာဉ်ရောင်းဝယ်ရေး ဌာနအားလုံး ဖျက်ဆီးခံ လိုက် ရကြောင်း အစောပိုင်းကမှ သိခဲ့ရသည်။
ဤသည်ကြောင့် ကျန်ရှိနေသော စိတ်ဝိညာဉ် သေနာပတိ သုံးယောက်၊ ဗာဂျာ နတ်ဘုရား ရှစ်ယောက်နှင့်အတူ မရေတွက် နိုင်သော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များကိုပါ ခေါ်၍ အလျင်အမြန် ထွက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤသို့ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မထားမိပေ။
နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါသည် သရဲတစ္ဆေကို တွေ့လိုက်ရသကဲ့သို့ အလျင်အမြန် ပြေးလာသည်။
*လူသတ်သမားတဲ့လား*
ထိုစကားကို ကြားပြီးနောက် ရိုဒါက ကသိုက်ကရိုက် ပြောလိုက် သည်။
“စိတ်ဝိညာဉ်သခင် ခင်ဗျား ရောက်လာပြီပဲ၊ ရာနဲ့ချီတဲ့ ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်တွေ အသတ်ခံလိုက် ရပါတယ်၊ ရာနဲ့ချီတဲ့ စိတ်ဝိညာဉ် ဆရာသခင်တွေလည်း အသတ်ခံလိုက်ရပါပြီ”
“ဒါတွေအားလုံးကို အဲ့ကောင်လုပ်တာပါ”
ထိုသို့ပြောပြီး ရိုဒါက လူအုပ်ကြီးက ဝိုင်းထားသော ယဲ့ဖန်ကို လက်ညှိုးထိုး၍ မကျေမချမ်းနှင့် အော်ပြောလာသည်.
*ဘာ*
*ဒါတွေအားလုံးကို တစ်ယောက်တည်းက လုပ်သွားတာတဲ့လား*
ရက်ရှာ သူမနားနှင့် ကြားလိုက်ရသည့်စကားကို မယုံနိုင် လောက်အောင် ဖြစ်နေ၏။
*ဒါက တစ်နာရီလောက်တောင် မကြာလိုက်တာ*
*ရောင်းဝယ်ရေးဌာနလည်း ပျက်ဆီးသွားပြီ*
*ရာနဲ့ချီတဲ့ ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်တွေလည်း သေကုန်ပြီ*
*ရာနဲ့ချီတဲ့ စိတ်ဝိညာဉ် ဆရာသခင်တွေလည်း အသတ်ခံ လိုက်ရပြီ*
*ဒါတွေ အားလုံးကို တစ်ယောက်တည်းက ဘယ်လိုလုပ် လိုက်တာလဲ*
ထိုအခါတွင်မှ ရက်ရှာသည် လူအုပ်ကြားထဲမှ အနက်ရောင် ဝတ်စုံနှင့်လူကို လှမ်းကြည့်လိုက်သည်။ သို့သော် ထိုသို့ကြည့်လိုက် စဉ်မှာပင် သူမ၏ နှစ်လိုဖွယ်ကောင်းသော ခန္ဓာကိုယ်လေးက ပြင်းထန်စွာ တုန်ယင်သွားသည်။
“မဟုတ်ဘူး ... မဖြစ်နိုင်ဘူး”
ရက်ရှာ၏ လှပသောမျက်ဝန်းများသည် ယဲ့ဖန်ကို စိုက်ကြည့်ရင်း သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ပြူးကျယ်သွားလေသည်။
တူညီသော အနက်ရောင်ဝတ်စုံ၊ တူညီသော မျက်နှာကျ၊ တူညီသော နတ်ဆိုးဆန်နေမှု။
သူမမျက်စိရှေ့မှ ယဲ့ဖန်နှင့် ရက်ရှာ၏စိတ်ထဲမှ လူတို့၏ ပုံရိပ်က တဖြည်းဖြည်း ထပ်တူကျလာသည်။
ဤသည်က သူမအား တုန်လှုပ်ခြောက်ခြား၍ မျက်နှာပျက် သွားစေသည်။
ထို့နောက် ရက်ရှာသည် လူတိုင်းကို အသည်းအသန် လူစုခွဲ လိုက်သည်။ သူမ ယဲ့ဖန်ရှေ့သို့ ခပ်သွက်သွက် ပြေးလာသည်။
မယုံနိုင်စရာကောင်းသော အရာကို တွေ့နေရသကဲ့သို့ သူမက ယဲ့ဖန်ကို ငေးမောကြည့်နေသည်။
“စိတ်ဝိညာဉ်သခင် သူ့ကို သတ်ပစ်လိုက်ပါ၊ အဲ့မျိုးမစစ်ကောင်က ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ကြီးကို ဖျက်ဆီးပစ် တော့မှာ၊ သူ့ကို တစ်စစီဖြစ်အောင်လုပ်ပြီး သတ်ပစ်လိုက်ပါ”
တဆာ၏ မျက်နှာ၌ လှောင်ပြောင်သရော်ပြုံး ဆင်မြန်းလို့နေ၏။ သူသည် စိတ်ဝိညာဉ်သခင်၏ အစွမ်းကို မြင်ခဲ့ဖူးသည်။ သူမသည် နတ်ဧကရာဇ် တစ်ပိုင်းအဆင့်ဖြစ်သည်။ သူ၏ အစ်ကိုဖြစ်သူ နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါတောင်မှ မနိုင်နိုင်ပါ။
သူမနှင့်ဆိုလျင် ယဲ့ဖန်၌ အနက်နှင့်အဖြူရောင် အလုံးများရှိ လျင်တောင်မှ ရှောင်လွဲ၍ ရနိုင်တော့မည်မဟုတ်ပါ။
သို့သော် ရက်ရှာက တဆာ၏ စကားကို ကြားဟန်မတူပေ။ သူမသည် ယဲ့ဖန်ကို စိုက်ကြည့်နေရင်း ကတုန်ကယင် ဖြစ်နေ သည်။
တောက်! တောက်!
သလင်းကျောက်ကဲ့သို့ ကြည်လင်သော မျက်ရည်များက သူမမျက်ဝန်းထဲမှ စီးကျလာပြီး လှပသော မျက်နှာတစ်ပြင် လုံးအား ရွှဲရွှဲစိုသွားစေသည်။
*နှစ်ပေါင်း တစ်ထောင့်နှစ်ရာ၊ ငါ ဒီလောက် အကြာကြီး စောင့်ခဲ့ရပြီးနောက်မှာတော့ ဒီလိုအချိန်ကို ရောက်လာပြီပဲ*
ရက်ရှာသည် တွေဝေမနေဘဲ ချက်ချင်းပင် ယဲ့ဖန်ရှေ့၌ ဒူးထောက်ကာ အသည်းအသန် ငိုကြွေးလာသည်။
“သခင် ကျွန်မကို မှတ်မိရဲ့လား၊ ဒီယိုမင်ကလန်က ကလေးမ လေးကို မှတ်မိသေးရဲ့လား”
*ဘာ*
ထိုစဉ် လူတိုင်း မှင်တက်သွားကြသည်။ ရိုဒါနှင့် တဆာတို့၏ မျက်နှာပေါ်မှ လှောင်ရယ်ရိပ်များက ချက်ချင်း ပျောက်ကွယ် သွားလေသည်။
စိတ်ဝိညာဉ် သေနာပတိသုံးယောက်၊ ဗာဂျာနတ်ဘုရား ရှစ်ယောက်နှင့် ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ အားလုံး အေးခဲတောင့်တင်းသွားကြသည်။
*သ … သခင်*
*ကလေးမလေး*
*ဒါက …*
လူတိုင်း ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်မှတ်နေကြသည်။
*ဘယ်လိုလုပ် စိတ်ဝိညာဉ်သခင်က ဒူးထောက်နေရတာလဲ*
*အံ့ဩဖို့ကောင်းလိုက်တာ*
ယဲ့ဖန်တောင်မှ အနည်းငယ် အံ့အားသင့်သွားရသည်။
*ကလေးမလေးတဲ့လား*
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်၊ ထို့နောက် သူ့အတွေးထဲသို့ သွေးသံတရဲရဲနှင့် ကလေးမလေးတစ်ယောက် ရုတ်ချည်းဆိုသလို ဝင်ရောက်လာသည်။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ယိုမင်ကလန်၏ နောက်ဆုံး မျိုးဆက်ကို တွေ့ခဲ့သည်။ ထိုသို့သောအချိန်၌ သူသည် ယိုမင်ကလန် အပေါ် သနားခဲ့ပြီး ထိုကလေးမလေးနောက် လိုက်လာသော စိတ်ဝိညာဉ်ဆရာသခင်များကို သတ်ခဲ့ပြီး ကလေးမ လေးကို ကယ်တင်ခဲ့သည်။
သို့သော် ယခုအခါတွင် …
“မင်းက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က ကလေးမလေးလား”
ယဲ့ဖန် မယုံနိုင်သလို ဖြစ်နေသည်။ တကယ်တမ်းတွင် ထိုကိစ္စသည် နှစ်တစ်ထောင်ကျော်က ဖြစ်ပွားခဲ့သော ကိစ္စဖြစ်ပြီး သူသည်လည်း ထိုစဉ်အခါက သိပ်အလေးမထားခဲ့ချေ၊ ထို့အပြင် ထိုကလေးမ လေး၏ မျက်နှာတောင်မှ သူ ရေးတေးတေးသာ မြင်မိတော့သည်။
“မှတ်မိတယ်၊ သခင် ကျွန်မကို မှတ်မိနေတယ်”
ရက်ရှာသည် ထိုစကားကိုကြားသည်နှင့် ဝမ်းသာအားရ မျက်ရည်များကို သုတ်လိုက်သည်။ မျက်ရည်စများက သူမမျက်နှာ ထက်၌ ပေကျံလို့နေ၏။
သူမ တငိုငိုတရယ်ရယ်နှင့် ဖြစ်နေသည်။ နှစ်ပေါင်းထောင်နှင့် ချီအောင် စောင့်ခဲ့ရပြီးနောက် သူမ တောင့်တခဲ့ရသော ဆန္ဒက တကယ် ဖြစ်လာလေသည်။
“ဟုတ်ပါတယ်၊ ကျွန်မက အဲ့ကလေးမလေးပါ၊ ရှင် ကျွန်မကို ကယ်ခဲ့ပြီးတော့ လျို့ဝှက်သိုင်းကျမ်းတစ်ခု ပေးခဲ့တယ်လေ၊ ရှက်ရှာ ဒါကို ဘယ်တော့မှမမေ့ဘူး”
ထိုသို့ပြောပြီး ရက်ရှာက ယဲ့ဖန်ကို ငေးကြည့်နေ၏။
ဝုန်း!
ဤမြင်ကွင်းက ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ လူတိုင်းကို မှင်တက်သွား စေသည်။ အားလုံး၏အမြင်တွင် စိတ်ဝိညာဉ် သခင်သည် မြင့်မြတ်၍ တင့်တယ်လှသည်။ သူမသည် မည်သူ့ကိုမျှနှင့် မည်သည့်အရာကိုမျှ အရေးမစိုက်ချေ။
သူမသည် ဤစိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်၏ ဘုရင်မဖြစ်သည်။ သို့သော် ထိုမြင့်မြတ်သော ဘုရင်မက ယဲ့ဖန်ရှေ့၌ ဒူးထောက်ကာ ဝမ်းသာစိတ်ကြောင့် ငိုယိုလို့နေ၏။
ဤသည်က လူတိုင်းကို ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်စေပြီး ပုံရိပ်ယောင်တစ်ခုကို ထင်မြင်ခံစားနေမိသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*